အနက်ရောင်နဂါး
Vol. 88 Ch. 1224
လမ်းကြောင်းက လူလုပ်ထားသည်မဟုတ်ဘဲ သဘာဝအလျောက်ဖြစ်ပေါ်သောလမ်းကြောင်းပင်။ ၎င်းက အလွန်ကျယ်ပြီး လေထုက လတ်ဆတ်သည်။
ရွှမ်း…
ဓားအလင်းတန်းတစ်ခု လက်သွားပြီး သားရဲနှစ်ကောင်အား ခုတ်ပိုင်းလိုက်သည်။
မျက်လုံးက အေးစက်စက်လင်းလက်လျက် ထန်ရှုက သားရဲအကြွင်းအကျန်များထံသို့ လျှောက်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒါ ထူးဆန်းတယ်။ လမ်းကြောင်းထဲကနေရာလပ်က တည်ငြိမ်လွန်းတယ်၊ ဒါက ငါ့ကို သတိကြီးစေတယ်။ ဒီသားရဲတွေက ကမ္ဘာမြေပေါ်မှာ မတည်ရှိတာကို ဖော်ပြဖို့တောင် မလိုဘူး။ နောက်ထပ်သတိပြုစရာတစ်ခုလဲ ရှိတယ်…”
“မင်း ဘာကို ရှာတွေ့ခဲ့တာလဲ၊ ဆရာအဘိုး”ထန်အန်းက သိလိုစိတ်နှင့် မေးလိုက်သည်။
“ငါ ထင်တာ မှန်ရင် ဒီလမ်းကြောင်းထဲကို ခြေချပြီးကတည်းက ငါတို့က အခြားနေရာလပ်ထဲကို တိုက်ရိုက်ဝင်ရောက်လာခဲ့တာပဲ။ နံရံကို အနီးကပ်တစ်ချက်ကြည့်လိုက်။ ခြားနားချက်ကို မင်း တွေ့လိမ့်မယ်”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
နံရံလား။
ထန်အန်က နံရံသို့ ချဉ်းကပ်ကာ တစ်ခဏလေ့လာလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “နံရံနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုရှိတယ်၊ ဆရာအဖိုး။ နံရံက မြေကြီးဒါမှမဟုတ်ကျောက်သားတွေနဲ့ ပြုလုပ်ထားတာ မဟုတ်ဘဲ နောက်ထပ်နေရာလပ်ပစ္စည်းတစ်ခုနဲ့ ပြုလုပ်ထားတာပဲ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဲဒါက ဘိလပ်မြေနဲ့ အရမ်းဆင်တူတယ်”
“နံရံကို မင်းရဲ့လက်နက်နဲ့ ရိုက်ကြည့်စမ်း၊ ဒါပေမယ့် မင်းရဲ့ခွန်အားအပြည့်ကို မသုံးနဲ့”ထန်ရှုက အမိန့်ပေးလိုက်သည်။
ထန်အန်းက ခဏတုံ့ဆိုင်းသွားသည်၊ ထို့နောက် သူမက ဓားမြှောင်တစ်လက်ကိုင်က သူမအရှေ့ရှိ နံရံအား အားပြင်းပြင်းနှင့် ထိုးလိုက်သည်။ သူမ၏ဓားမြှောင်က ပြိုင်ဘက်ကောင်းလှအောင် ထက်ရှလှသည့် မှော်လက်နက်တစ်ခုဖြစ်ပြီး သံကိုတောင် ဖြတ်တောက်နိုင်သည်။ သို့သော် နံရံအား လက်မဝက်လောက် ထိုးဖောက်သွားပြီးနောက် ဓားမြှောင်က တစ်သွားခဲ့သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”ထန်အန်းက အံအားသင့်စွာ ပြောလိုက်သည်။
သူမ၏ဓားမြှောင်က နံရံကို အလွယ်တကူ ထိုးဖောက်နိုင်မည်ဟု သူမက အစက တွေးခဲ့သည်။ သို့သော် သူမအရှေ့ရှိနံရံက စိန်ပမာ မာကျောလွန်းသည်။ အတိအကျပြောရလျှင် ၎င်းက စိန်ထက်ပင် မာကျောသည်။ သို့သော် အပင်အချို့က ဤနံရံပေါ်ရှိ အက်ကြောင်းအချို့တွင် ပေါက်ရောက်နေသည်ကို မြင်နိုင်၏။
ထန်ရှုက သားရဲရိုင်းနှစ်ကောင်၏အကြွင်းအကျန်များအား သိုလှောင်လက်စွပ်ထဲသို့ ထည့်ပြီးနောက် ပြောလိုက်၏ “အထဲမှာ ပိုစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို တွေ့နိုင်လိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမယ့် တစ်ခုခုမှားယွင်းတာနဲ့ မင်းရဲ့ကိုယ်ပျောက်အစွမ်းကို အသက်သွင်းပြီး နေရာလပ်အတားအဆီးအနောက်မှာ ပုန်းဖို့ မမေ့နဲ့”
ထန်အန်းက ပြန်ဖြေမည့်ဆဲဆဲတွင် သူမ၏အမူအရာက ပြောင်းလဲသွားပြီး သူမက ကြောက်လန့်တကြား ပြော၏ “ဆရာအဘိုး၊ အပြင်ဘက်နဲ့ ယှဉ်ရင် ဒီနေရာမှာ ငါ့နေရာလပ်စွမ်းရည်ရဲ့ဆယ်ပုံပုံတစ်ပုံကိုပဲ ထုတ်ဖော်နိုင်တော့တယ်။ ဒီနေရာက နေရာလပ်အတားအဆီးက တကယ်ခိုင်မာလွန်းတယ်။ အက်ကြောင်းတစ်ခုဆုတ်ဖြဲဖို့တောင် ငါ့အနေနဲ့ စွမ်းအားအများကြီး သုံးရလိမ့်မယ်။ အများဆုံး ငါ့ကိုယ်ငါပဲ ပုန်းလို့ရမယ်၊ ဒါပေမယ့် ဆရာအဖိုးကို နေရာလပ်အတားအဆီးထဲကို ခေါ်ဖို့ ငါ မလုပ်နိုင်ဘူး”
ထန်ရှုက ထပ်မပြောတော့ဘဲ လမ်းကြောင်းအဆုံးသို့ လျင်မြန်စွာ ရှေ့တိုးသွားသည်။ နှစ်ကီလိုမီတာခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် လမ်းဆုံး၌ အလင်းကို မြင်လိုက်ရ၏။
“ဒီနေရာက…”
ထန်အန်းက ထန်ရှုဘေးနားတွင် ရပ်နေပြီး သူမအရှေ့ရှိ ပတ်ဝန်းကျင်အား ပတ်ကြည့်လိုက်သည်။ ၎င်းက ကျယ်ပြောကာအဆုံးမရှိသည့်မြက်ခင်းပြင်တစ်ခုဖြစ်ပြီး သားရဲအုပ်များစွာနှင့် ပြည့်နေ၏။ တောင်တစ်လုံးနီးပါးအရွယ်အစားရှိသည့်သားရဲအနည်းငယ်ကိုပင် သူမက မြင်လိုက်ရ၏။
ထန်ရှုက ခေါင်းမော့ကာ ကောင်းကင်ရှိ နေမင်းကြီးအား ကြည့်လိုက်သည်။ အလင်းစက်က ခရမ်းရောင်ရှိပြီး သူ့နှလုံးသားက ခုန်ပေါက်လာသည်။ ထိုကဲ့သို့သောခရမ်းရောင်နေနှင့် ပတ်သက်၍ အင်မော်တယ်ကမ္ဘာရှိ မှတ်တမ်းတစ်ခုအား သူက တစ်ခါဖတ်ဖူးသောကြောင့်ပင်။
အရှေ့ပိုင်းခရမ်းရောင်ချီက နိမိတ်ကောင်းရှိသည်ဟု ပြောကြသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကြားရှိ အသန့်စင်ဆုံးစွမ်းအင်အဆီအနှစ်ဟုလည်း ပြောကြပြီး ဤခရမ်းရောင်စွမ်းအင်အား စုပ်ယူသောဘယ်ကျင့်ကြံသူမဆို ကောင်းကင်မှ ကြီးကျယ်ခမ်းနားသောအကျိုးအမြတ်ကို ရရှိနိုင်သည်။ ထို့ကြောင့် နေရာတိုင်းတွင် ခရမ်းရောင်ချီပြည့်နေသောကမ္ဘာတစ်ခုအား ရှာတွေ့ခြင်းက ထန်ရှုအတွက် မမျှော်လင့်ထားသောအရာပင်။ လေတစ်ရှိုက်ရှုလိုက်ခြင်းကပင် သူ့အား ငြိမ်းအေးသောအထိအတွေ့တစ်ခုအား ပေးစွမ်းနေလေသည်။
“ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်ရဲ့သိပ်သည်းဆက အပြင်ကမ္ဘာထက် အနည်းဆုံးဆယ်ဆပိုတယ်”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ထန်ဂိုဏ်း၏ဌာနချုပ်အား နဂါးကိုးကောင်းကျွန်းမှ ဤနေရာသို့ ပြောင်းရွေ့ချင်သောဆန္ဒပင် ရုတ်တရက် ထွက်ပေါ်လာသည်။ ဤနေရာတွင် ကျင့်ကြံခြင်းက ထိုနေရာထက် သေချာပေါက်ပိုကောင်းသည်ကို သူ သိ၏။
ဟိန်းသံ…
ကြမ်းတမ်းသောဟိန်းသံတစ်ခုက ဝေးကွာလှသောကောင်းကင်မှ ထွက်ပေါ်လာပြီး ရွှေရောင်ပင်ဂွင်းငှက်တစ်ကောင်က ကောင်းကင်မှ ထိုးဆင်းလာပြီး မြေပြင်ပေါ်ရှိ သားရဲအား ထိုးသုတ်ကာ ကောင်းကင်သို့ ပျံဝဲတက်သွား၏။ ထိုးတက်နေရင်း ၎င်း၏ထက်ရှသောခြေသည်းများက ဆင်သားရဲ၏ခန္ဓာကိုယ်အား အလွယ်တကူ ဆုတ်ဖြဲလိုက်သည်၊ ခရမ်းရောင်သွေးများက သားရဲ၏ခန္ဓာကိုယ်မှ ကျဆင်းလာသည်မှာ ခရမ်းရောင်မိုများ ရွာသွန်းနေသလိုပင်။
ထန်ရှု၏မျက်ခုံးများက လှုပ်ရှားသွားပြီး သူ့ပုံရိပ်က လျှပ်တစ်ပြက်အတွင်း ရှေ့သို့ ရုတ်တရက် ပြေးတက်သွား၏။ သူက အရှိန်အကန့်အသတ်ထိ ရောက်ရှိသွားသည်၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်သော သားရဲများက ကောင်းကင်သို့ ရုတ်တရက် တက်လာပြီး သူ့ထံ ပြေးဝင်လာကြသည်။
“ထွက်သွားကြစမ်း…”
ထန်ရှုက ဟိန်းလိုက်ပြီး နတ်ဘုရားဓားအား ရုတ်ချည်းထုတ်လွှတ်လိုက်သည်။ ဓားရောင်ခြည်တန်းက လှိုင်းများပမာ ပေါက်ကွဲထွက်သွားပြီး သူ့လမ်းကြောင်းအား တားဆီးသည့် သားရဲများအား တိုက်ရိုက်ခုတ်ပိုင်းချ၏။ နောက်စက္ကန့်အနည်းငယ်တွင် သူက ရှေ့သို့ ဆယ်မီတာကျော် တက်ကာ ကောင်းကင်မှကျဆင်းလာသောခရမ်းရောင်သွေးအား သိမ်းရန် သိုလှောင်လက်စွပ်မှ ကျောက်စိမ်းပုလင်းများအား အတန်းလိုက်ပစ်ထုတ်လိုက်သည်။ ပုလင်းနှစ်ရာကျော်ဖြည့်ပြီးနောက် သူက တစ်ပုလင်းအား သူ့ပါးစပ်ထဲသို့ လျင်မြန်စွာ လောင်းထည့်လိုက်၏။
ဝီ…
စွမ်းအင်က သူ့ဗိုက်ထဲ၌ လိမ့်တက်ပေါက်ကွဲထွက်လာပြီး အပူလှိုင်းတစ်ခုအလား သူ့ခန္ဓာကိုယ်ပေါ်ရှိအမွေးအားလုံးအား လောင်ကျွမ်းလာစေ၏။
“သန့်စင်စမ်း…”
ထန်ရှုက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစကြာဝဠာပညာရပ်အား ချက်ချင်း လှည့်ပတ်လိုက်သည်။ သူ့ခန္ဓာကိုယ်၏မရီးဒျာန်များထဲတွင် လှည့်ပတ်ရန် မူလဖရိုဖရဲစွမ်းအားလိမ့်တက်လာသည်နှင့်အတူ သူက သူ့အရှိန်အဝါအား ပေါက်ကွဲထွက်လိုက်၏၊ ပတ်ဝန်းကျင်ရှိ သားရဲထောင်ချီက ကြောက်လန့်တကြား ဟိန်းလျက် ဉီးတည်ဘက်တိုင်းသို့ ပျံသန်းသွားသည်။
အပူလှိုင်းနှင့်ကြီးမားသောခရမ်းရောင်ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ခြေလက်နှင့်အရိုးများတစ်လျှောက် လျင်မြန်စွာ စီးဆင်းလာသည်။ သူက မီးလျှံလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ထန်ရှုက ခံစားမိ၏။ ၎င်းက သူ့အား ကြောက်ရွံ့စေသော်လည်း ခရမ်းရောင်ချီမှ ကြီးမားသောစွမ်းအင်အား သန့်စင်ရင်း သူ့ခန္ဓာကိုယ်ထဲရှိ စကြာဝဠာက တုန်ခါနေသည်ကို သူက ခံစားမိသည်၊ ထိုစွမ်းအင်က မူလဖရိုဖရဲစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲရှိ ဂြိုလ်များထဲသို့ လျင်မြန်စွာ စီးဝင်လာသည်။
ဂြိုလ်တစ်လုံး…
ဂြိုလ်နှစ်လုံး…
ဂြိုလ်ဆယ်လုံး…
ဂြိုလ်ကိုးဆယ့်ကိုးလုံး…
ဂြိုလ်ကိုးဆယ့်ကိုးလုံးက စတင်ကြီးမားလာသည်၊ ထန်ရှု၏ကျင့်ကြံခြင်းအရှိန်အရ ထိုဂြိုလ်ကိုးဆယ့်ကိုးလုံးအား ဆယ်မီတာကျော်အရွယ်အစားအထိ ကြီးမားလာစေရန် အနည်းဆုံးနှစ်ရာချီ လိုအပ်သည်။ သူ့၏ကျင့်ကြံခြင်းအရှိန်က ပုံမှန်ထက် ပိုမြန်ဆန်သည်ကိုလည်း သိထားရန် လိုအပ်၏။
သို့သော် ယခု ထိုဂြိုလ်ကိုးဆယ့်ကိုးလုံးက ချက်ချင်းနီးပါး ပိုကြီးမားလာနေသည်။ ခရမ်းရောင်သွေးမိုးများက ပေးသော အကျိုးအမြတ်ကို သိရှိပြီးနောက် ထန်ရှုက ကျန်ရှိသောခရမ်းရောင်သွေးပုလင်းနှစ်ရာအား လျင်မြန်စွာ မျိုချလိုက်၏။
ခုနှစ်ရက်ကြာသွား၏၊ ထန်ရှုက နတ်ဆိုးနတ်ဘုရားတစ်ယောက်ပမာ ပြောင်းလဲသွားသလိုပင်၊ လေထဲရှိ မီတာတစ်ရာတွင် ရပ်နေရင်း ကြီးမားသောအရှိန်အဝါတစ်ခုက သူ့ထံမှ ပြည့်လျှံလာ၏။ ဤအချိန်တွင် အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့်ယှဉ်နိုင်သောကျင့်ကြံသူများပင် ထန်ရှု၏ကြီးမားသောဖိနှိပ်ခြင်းအရှိန်အဝါအား ခံစားမိပြီး အားလုံးက ကြောက်လန့်တကြား တိတ်တဆိတ်နောက်ဆုတ်သွားကြသည်။
ဟိန်းသံ…
ပြင်းထန်ကြမ်းတမ်းသောနဂါးဟိန်းသံက ဝေးကွာသောကောင်းကင်မှ ထွက်ပေါ်လာ၏။ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသော ထန်ရှုပင် ဤနဂါးဟိန်းသံကြောင့် ရုတ်ချည်းနိုးထလာသည်။
ငါ့ရဲ့စွမ်းအားက…
သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို ခံစားမိပြီး မယုံကြည်နိုင်မှုက ထန်ရှု၏မျက်လုံးများထဲ၌ စီးဆင်းလာသည်။ ကြယ်ကောင်းကင်ဘုံအဆီအနှစ်အပိုင်း၏နောက်ဆုံးအဆင့်ဖြစ်သည့်အဆင့်ကိုးအား ချိုးဖြတ်သွားလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။
အဆင့်ကိုးလား။
ကြယ်ကောင်းကင်ဘုံအဆီအနှစ်၏အဆင့်ကိုးသို့ ချိုးဖြတ်ခြင်းက သူ့အနေနှင့် ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်ဟု ဆိုလိုသည်ကို ထန်ရှုက ရုတ်တရက် အမှတ်ရလာသည်။ သို့သော် သူက ဆက်လက်ကျင့်ကြံပြီး ပိုသန်မာလာလျှင် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကျွမ်းကျင်သူများကိုပင် ယှဉ်ပြိုင်နိုင်ပေမည်။
ထို့ပြင် သူက တတိယအပိုင်းဖြစ်သည့်ကြယ်အဆီအနှစ်ပေါင်းစည်းခြင်းအဆင့်အား ချိုးဖြတ်ပြီးသည်နှင့် သာမန်အင်မော်တယ်များနှင့် ယှဉ်နိုင်သောခွန်အားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
အဲဒါ လာနေပြီပဲ…
အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ လက်သွား၏။ စောစောက နဂါးဟိန်းသံအား သူက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ချက်ချင်းလျှင်ပင် တစ်ရာမီတာမြင့်သည့်အနက်ရောင်နဂါးတစ်ကောင်က သူ့မျက်လုံးများအရှေ့တွင် ထွက်ပေါ်လာပြီး သူ့ဆီသို့ ခြိမ်းခြောက်လျက် ရွေ့လျားလာသည်။ ထပ်ဆိုရလျှင် ဤနဂါးမှ ထုတ်လွှတ်နေသောအရှိန်အဝါက တကယ်ကြောက်စရာကောင်းလှ၏။
တစ်ချန်တည်းတွင် ၎င်းက မီတာတစ်ရာဧရိယာရှိသားရဲများအား ခြိမ်းခြောက်ခဲ့ပြီး ၎င်းတို့က ဉီးတည်ဘက်တိုင်းသို့ ထွက်ပြေးသွားကြသည်။
“လူသားတစ်ယောက်လား။ လူသားတစ်ယောက်က ဒီနေရာကို ဝင်လာတာလား”
မီတာတစ်ရာရှည်သောအနက်ရောင်နဂါးက ထန်ရှုအား စိုက်ကြည့်လိုက်သည်။ ရုတ်တရက် ၎င်းက ပြော၏ “မင်းက ဒီကမ္ဘာကမဟုတ်သလို အပြင်ဘက်ကမ္ဘာကလဲ မဟုတ်ဘူးပဲ။ မင်းရဲ့စိတ်ဝိညာဉ်အမှတ်အသားက…ထူးဆန်းတယ်…မင်း ဘယ်နေရာက လာတာလဲ”
“ခင်ဗျားက ကျုပ်ရဲ့စိတ်ဝိညာဉ်အမှတ်အသားကို ဖြတ်မြင်နိုင်တာလား”ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
“ဟားဟားဟား”အနက်ရောင်နဂါးက ရယ်လိုက်သည် “ဒီမြင့်မြတ်တဲ့သက်ရှိက မင်းရဲ့စိတ်ဝိညာဉ်အမှတ်အသားကို မြင်နိုင်ရုံတင်မက မင်းရဲ့စွမ်းအားကိုလဲ ဖြတ်မြင်နိုင်တယ်။ ဒါပေမယ့် တကယ်ထူးဆန်းတယ်။ မင်းက လူသားတစ်ယောက်ဖြစ်ပေမယ့် နတ်ဆိုးမျိုးနွယ်ပိုင်ဆိုင်တဲ့ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ကျင့်ကြံထားတယ်။ ဒါ စိတ်ဝင်စားစရာပဲ…တကယ်ကို စိတ်ဝင်စားစရာပဲ။ မင်းလေ့ကျင့်နေတဲ့နတ်ဆိုးမျိုးနွယ်ကျင့်ကြံခြင်းပညာရပ်က အလွန်ထူးခြားတယ်၊ ဒါပေမယ့် အဲဒါက ရုပ်ပိုင်းဆိုင်ရာသန့်စင်ခြင်းကို အလေးပေးတဲ့အကိုင်းအခက်တစ်ခုပဲ။ လူသားလေ၊ မင်းက တကယ်ပဲ မင်းကိုယ်မင်း ဒီလောက်တောင် သတ်ချင်နေတာလား”
ထန်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မဝင်စားစွာ ပြန်ဖြေသည် “ကျုပ်က မသေချင်ပါဘူး၊ ဒါကြောင့် ကောင်းကောင်းကျင့်ကြံနေခဲ့တာပေါ့။ နဂါးနက်၊ ခင်ဗျားက ဒီအိတ်ဆောင်ကမ္ဘာမှာမွေးဖွားတဲ့သတ္တဝါတစ်ကောင်ဖြစ်စရာအကြောင်းမရှိဘူး။ မဟုတ်ရင်ခင်ဗျားက လူသားဘာသာစကားကို ပြောနိုင်မှာမဟုတ်ဘူး၊ အထူးသဖြင့် တရုတ်ဘာသာစကားကိုပေါ့။ ဒါ့အပြင် ခင်ဗျားက နတ်ဆိုးမျိုးနွယ်နဲ့သူတို့ရဲ့ကျင့်ကြံခြင်းစနစ်ကို သိတယ်လေ”
နဂါးနက်က နဂါးချီမှုတ်ထုတ်ကာ ခေါင်းခါယမ်းလျက် ပြောလိုက်၏ “ဒီမြင့်မြတ်တဲ့သက်ရှိက ဒီအိတ်ဆောင်ကမ္ဘာရဲ့သက်ရှိမဟုတ်ဘူး။ ဒီအိတ်ဆောင်ကမ္ဘာက ငါ့လိုမြင့်မြတ်တဲ့သက်ရှိတစ်ကောင်ကို မွေးဖွားနိုင်စရာအကြောင်းရင်းမရှိဘူး။ ငါ့ခန္ဓာကိုယ်အပြည့်အဝသက်သာဖို့ နှစ်တစ်သိန်းကြာခဲ့တယ်၊ အခုတော့ ငါ ဒီထောင်ချောက်ကနေ လွတ်မြောက်နိုင်တော့မယ်”
“ခင်ဗျားက ဘယ်နေရာကလာတာလဲ”ထန်ရှုက မေးလိုက်သည်။
“နဂါးကမ္ဘာက”နဂါးနက်က ပြန်ဖြေ၏။
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “နဂါးကမ္ဘာရဲ့ဉပဒေကို ချိုးဖောက်ခဲ့တာကြောင့် နဂါးနက်ကလန်ကို လက်သည်းငါးခုနတ်ဘုရားနဂါးက အသူရာကမ္ဘာကို နှင်ထုတ်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး ခင်ဗျားက ဒီနေရာကို ရောက်လာတာလဲ။ ခင်ဗျားပြောပုံအရဆို ခင်ဗျားက ဒီနေရာမှာ နှစ်တစ်သိန်းကြာတောင် နေခဲ့တာပဲ”
ရက်စက်သောအရှိန်အဝါတစ်ခုက နဂါးနက်ထံမှ ပေါက်ကွဲထွက်လာပြီး သူက ဒေါသတကြီး အော်ပြော၏ “ပါးစပ်ပိတ်ထားစမ်း…ငါတို့နဂါးနက်ကလန်တွေရဲ့ဘိုးဘေးတွေက ဘိုးဘေးတွေရဲ့စည်းမျဉ်းကို ချိုးဖောက်ချင်ချိုးဖောက်ခဲ့ပေမယ့် ဒါတွေအားလုံးက ငါတို့နဂါးနက်ကလန်ရဲ့ခွန်အားနဲ့ပါရမီကို အဲဒီနဂါးစုတ်တွေက ကြောက်ရွံ့တဲ့အတွက်ကြောင့်ပဲ။ သူတို့က ငါတို့ကို နဂါးကမ္ဘာကနေ မောင်းထုတ်ဖို့ အကွက်ချကြံစည်ခဲ့တယ်။ ဘယ်လိုလုပ်ပြီး မင်းလိုလူတစ်ယောက်က နဂါးမျိုးနွယ်ရဲ့လျှို့ဝှက်သမိုင်းကို သိရတာလဲ။ မင်းရဲ့ဇာစ်မြစ်က ဘာလဲ”
“ကျုပ်က အင်မော်တယ်ကမ္ဘာကပဲ။ ကျုပ်က ဒီနေရာမှာ ပြန်မွေးဖွားလာတာလို့ ပြောနိုင်တယ်”ထန်ရှုက ပြော၏။
“ဟမ့်”နဂါးနက်က နှာခေါင်းရှုံ့လိုက်သည် “မင်းက အခြားနဂါးတွေကို လှည့်စားလို့ရနိုင်ပေမယ့် ဒီနဂါးကိုတော့ လာမလှည့်စားနဲ့။ မင်းက ပြန်ဝင်စားတယ်ဆိုရင် နတ်ဆိုးမျိုးနွယ်က ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံမယ့်အစား အင်မော်တယ်ကမ္ဘာက မင်းရဲ့ကျင့်ကြံခြင်းပညာရပ်ကို ပြန်ရအောင် လုပ်မှာပေါ့။ ဘယ်လိုတောင်ကြီးမားတဲ့ဟာသတစ်ခုလဲ။ ထားလိုက်ပါ။ ဒီမြင့်မြတ်တဲ့သက်ရှိက ဒီထောင်ချောက်ကနေ လွတ်မြောက်တော့မယ်၊ မင်းလိုပိုးမွှားတစ်ကောင်ကို ငါ ဂရုမစိုက်ချင်တော့ဘူး။ လူသားသွေးတွေကို ငါ အရသာမခံရတာ နှစ်တစ်သိန်းရှိပြီ၊ ဒီအတွက် မင်းကို ငါ အရင်ဆုံးသတ်မယ်”