← Chapters

နဂါးသတ်ဖြတ်ခြင်း

Vol. 88 Ch. 1225

နဂါးသတ်ဖြတ်ခြင်း

Vol. 88 Ch. 1225

ဖုံးကွယ်ထားသောသတ်ဖြတ်လိုစိတ်က ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူက မီတာတစ်ရာရှည်သောအနက်ရောင်နဂါးအား ကြည့်ကာ ပြင်းထန်စွာ ပြောလိုက်၏ “ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိတာတောင် မင်းက ငါ့ကို သတ်ချင်တာလား။ ကြည့်ရတာ ဒဏ္ဍာရီထဲမှာ ပြောခဲ့တာက မှန်ပုံပဲ၊ နဂါးနက်ကလန်က နဂါးမျိုးနွယ်စုထဲမှာ တကယ်ကို ဆိုးယုတ်တဲ့ကလန်တစ်ခုဖြစ်ပြီး သူတို့က အသတ်ခံရဖို့ ထိုက်တန်တယ်”

နဂါးနက်က နဂါးဟိန်းသံတစ်ချက်ပေးလိုက်ပြီးနောက် အရူးအမူး ရယ်မောလိုက်သည် “ဟားဟားဟား။ ငါ့ရဲ့နဂါးနက်ကလန်ကို လူသားတွေနဲ့အင်မော်တယ်တွေက ဆိုးယုတ်တယ်လို့ သတ်မှတ်ထားမှတော့ ဘာလို့ ငါက သဘောကောင်းတဲ့နဂါးနက်တစ်ကောင်လုပ်နေရမှာလဲ။ ပေါက်ကရတွေ ပြောတာ ရပ်လိုက်တော့…ဒီမြင့်မြတ်တဲ့သက်ရှိက မင်းလို ပိုးမွှားနဲ့ စကားအပိုတွေပြောဖို့ စိတ်မဝင်စားဘူး”

ထိုသို့ ပြောပြီးနောက် ၎င်းက ပါးစပ်ဟကာ ဧရာမအနက်ရောင်မီးတောက်တစ်ခုအား မှုတ်ထုတ်လိုက်သည်၊ မီးတောက်က လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏။

“အရိုင်းအစိုင်းသားရဲစုတ်…သေဖို့သာ ပြင်ထား…”

အေးစက်သောအသံတစ်ခုက ပြင်းထန်သောအအေးစီးကြောင်းနှင့်အတူ အိတ်ဆောင်ကမ္ဘာသို့လာရာလမ်းကြောင်းမှ ထွက်ပေါ်လာသည်။ အဖြူရောင်ဝတ်စုံနှင့်ကူယန်အာက ထိပ်တန်းအဆင့်အင်မော်တယ်ဓားကို ထိန်းချုပ်ရင်း ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏။ ဓားက မီတာတစ်သောင်းရှည်သောဓားရောင်ခြည်တန်းတစ်ခုအား ထုတ်လွှတ်လိုက်ကာ ကောင်းကင်သို့ ခုတ်ပိုင်းပြီး အနက်ရောင်မီးတောက်အား ပိုင်းချလိုက်သည်။

“အင်မော်တယ်တစ်ယောက်လား”

အနက်ရောင်နဂါးက တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုအနည်းငယ်က ၎င်း၏ကြီးမားသောမျက်လုံးများထဲ၌ ထွက်ပေါ်လာသည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်သိန်းက သူက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နှစ်သန်းတစ်ရာအချိန်ပေးကုသပြီးမှ သူ့ခွန်အားအချို့အား ပြန်လည်ရရှိခဲ့သည်။ သို့သော် သူ၏လက်ရှိခွန်အားက အထွတ်အထိပ်၏တစ်ရာခိုင်နှုန်းအောက်သာရှိပြီး အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းကာစသာမန်အင်မော်တယ်တစ်ယောက်နှင့်သာ ယှဉ်နိုင်သည်။ ရုတ်တရက်ထွက်ပေါ်လာသည့်အင်မော်တယ်က သာမန်အင်မော်တယ်တစ်ယောက်ထက် သေချာပေါက်ပိုသည်ကို သူက အာရုံခံနိုင်၏။

မီတာတစ်ရာရှည်သောဓားရောင်ခြည်တန်းက မီးလျှံပင်လယ်အား နှစ်ပိုင်းခြမ်းပြီးနောက် အနက်ရောင်နဂါး၏နဖူးအား တိုက်ခိုက်လိုက်သည်။ ထို့နောက် ကူယန်အာက ဝမ်းသာအားရရယ်လိုက်၏ “ဟားဟားဟား၊ ဒီကမ္ဘာငယ်က တကယ်မိုက်တာပဲ။ ငါ့ရဲ့လက်ရှိစွမ်းအားက အထွတ်အထိပ်ရဲ့တစ်သောင်းပုံတစ်ပုံပဲ ရှိပေမယ့် အပြင်မှာလို ကောင်းကင်တာအိုဉပဒေသရဲ့ကန့်သတ်ခြင်းမရှိဘဲ ငါ့စွမ်းအားအကုန်လုံးကို ဖော်ထုတ်နိင်တယ်”

ဓားချက်ထိမှန်ပြီးနောက် အနက်ရောင်နဂါး၏ကြီးမားသောခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွား၏။ သို့သော် ကူယန်အာ၏စကားများက သူ့နှလုံးသားအား အောက်ခြေထိတိုင် နစ်မြုပ်သွားစေသည်။

တစ်သောင်းပုံတစ်ပုံလား။ သူမရဲ့လက်ရှိစွမ်းအားက အထွတ်အထိပ်ရဲ့တစ်သောင်းပုံတစ်ပုံပဲ ရှိတာလား။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဖြစ်နိုင်တာက။

အနက်ရောင်နဂါးက သတ္တိကို ဆွဲထုတ်လျက် ဟိန်းလိုက်သည် “လေးစားရပါသောအင်မော်တယ်၊ မင်းက အင်မော်တယ်ကမ္ဘာက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့တာလား”

ကူယန်အာက ဓားကို ထပ်ဝှေ့ယမ်းကာ နှာခေါင်းရှုံ့လိုက်သည် “ပြီးပြည့််စုံခြင်းရွှေရောင်အင်မော်တယ်လား၊ ဟမ့်။ မင်း ပြောတာ မှန်ပါတယ်၊ တစ်ချိန်က ငါက ပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်ဆယ်ယောက်ကျော်ကို ခုတ်ပိုင်းခဲ့ပြီး ရွှေအင်မော်တယ်တစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့တယ်။ မင်းက တကယ်တော့ အားမနည်းပါဘူး၊ နဂါးနက်စုတ်လေ။ မင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်အမှတ်အသားအရ အရင်က မင်းမှာ ရွှေအင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားရှိခဲ့တာပဲ။ ဒါပေမယ့် မင်းက ငါ့မျက်လုံးထဲမှာ ပိုးမွှားတစ်ကောင်ပဲဖြစ်နေတာ သနားစရာပဲ”

အနက်ရောင်နဂါးက သေမတတ်ကြောက်ရွံ့သွားပြီး သူ၏မွေးရာပါမှော်စွမ်းအားက ဤအမျိုးသမီး၏စွမ်းအားကို ရင်ဆိုင်ရာ၌ အသုံးမဝင်သည်ကို နောက်ဆုံးတွင် နားလည်သွား၏။

“ဒါ မဖြစ်နိုင်ဘူး။ ဒီလူသားက…”

“ဟမ့်”ကူယန်အာက နှာခေါင်းရှုံ့လိုက်သည် “နင် ဘာပြောချင်တယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါ့ဆရာသခင်က တစ်ချိန်က အင်မော်တယ်ကမ္ဘာမှာ အန္တိမအရှင်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမယ့် မင်းလိုသားရဲတစ်ကောင်က ငါ့ဆရာသခင်ကို သတ်ချင်နေတာလား။ မင်းက သေဖို့ မေးနေတာပဲ”

ထန်ရှုက လေထဲတွင် ရပ်ရင်း ကြည့်နေသည်၊ ကူယန်အာ၏ကြိမ်းမောင်းသံက သူ့စိတ်ထဲ၌ ခါးသီးစွာ ခံစားမိစေသည်။ အင်မော်တယ်ကမ္ဘာတွင် သူက အသက်အသင်္ချေအထက်တွင် လျှောက်လှမ်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။ ဒီလိုသေးနုပ်သောနဂါးနက်တစ်ကောင်က သူ့အား အနိုင်ကျင့်လိမ့်မည်ဟု အတိတ်တွင် သူ မတွေးမိခဲ့ပေ။

သေချာသည်ကတော့ သူ့တွင် ဤနဂါးနက်အား အနိုင်ယူရန် ယုံကြည်ချက်မရှိရင်တောင် လွတ်မြောက်နိုင်စွမ်းရှိသေးသည်။ သို့သော် သူက ထိုသို့လုပ်ခဲ့လျှင် ဤနဂါးနက်က သူ့နောက်သို့ လိုက်လာပေလိမ့်မည်၊ ၎င်းက ကမ္ဘာမြေထံ ကပ်ဘေးများ ဖြစ်ပေါ်လာစေမည်မှာ သေချာ၏။

“ယန်အာ၊ အဲကောင်ကို သတ်။ ကျင့်ကြံဖို့အတွက် သူ့ရဲ့အကြွင်းအကျန်တွေကို ငါ လိုအပ်တယ်”ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ကျယ်လောင်စွာ အော်ပြော၏။

“မစိုးရိမ်ပါနဲ့၊ ဆရာသခင်”ကူယန်အာက ရယ်လိုက်သည် “ဒင်းက ဆရာသခင်ကို သတ်ချင်မှတော့ ငါ ဒီပိုးကောင်ကို သေချာပေါက် သတ်ရမှာပေါ့”

ဤအချိန်တွင် အနက်ရောင်နဂါးက သေမတတ်ကြောက်ရွံ့သွားတော့သည်။ သူ၏စွမ်းအားအား ပြန်ရလာပြီးနောက် အသူရာကမ္ဘာသို့ ပြန်ကာ ရန်သူအားလုံးအား သတ်ဖြတ်ရန် တွေးထားခဲ့သည်။ သို့သော် သူ့ခွန်အားအား အပြည့်အဝပင် မရသေးခင် သို့မဟုတ် ဤအိတ်ဆောင်ကမ္ဘာက မထွက်ခွာခင် ကြောက်စရာကောင်းသောရန်သူတစ်ယောက်အား ရင်ဆိုင်ရလိမ့်မည်ဟု သူက ဘယ်တော့မှ မထင်ခဲ့ပေ။

ငါ ဒီလို အဆုံးသတ်လို့မရဘူး…

သူ၏ယခင်အပြုအမူကြောင့် နောင်တက သူ့စိတ်ထဲ၌ လောင်မြိုက်လာသည်။ ဤအားနည်းပုံရသောလူသားအား မခြိမ်းခြောက်ခဲ့သင့်ဟု သူက ခံစားမိလာ၏၊ သို့မဟုတ်လျှင် သူက ဒီလိုကြောက်စရာကောင်းသောရန်သူတစ်ယောက်အား အနှောင့်အယှက်ပေးမိမည်မဟုတ်ပေ။

“အချိန်ကုန်လွန်ခြင်း- နေရာလပ်ထပ်ခြင်း…”

ကူယန်အာက အေးစက်စွာ ရေရွတ်လိုက်သည်၊ မထင်မရှားဓားပုံရိပ်တစ်ခုက ချက်ချင်း နှစ်ပိုင်းခြမ်းလိုက်၏။ လှိုင်းဂယက်များက ပေါက်ကွဲထွက်လာပြီး လေထဲတွင် သွယ်ဖြာဆင်းသွား၏ သို့သော် သူ့ခန္ဓာကိုယ်က မြူထဲတွင် ပိတ်မိနေသလို ဖြစ်နေသည်ကို နဂါးနက်က ရှာတွေ့လိုက်သည်၊ ဘယ်လောက်ပင် ကြိုးစားရုန်းကန်နေသော်လည်း သူ့ခန္ဓာကိုယ်အား နေရာလပ်စွမ်းအားဖြင့် ပိတ်ကာထားသလိုပင်။

“ခုတ်ချက်…”

အနက်ရောင်နဂါးအလွန်ယုံကြည်ချက်ရှိသည့်အရာတစ်ခုက သူ၏လက်ရှိခွန်အားမဟုတ်ဘဲ သူ၏ပြောင်မြောက်သောခန္ဓာကိုယ်ဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်အား နှစ်ပိုင်းခွဲပြီး နောက်ဆုံးအသိမျှင်က လွင့်မျောသွားသောအခါတွင်မှ မောက်မာမှုအတွက် နောင်တတရားက သူ့တစ်ကိုယ်လုံးပြည့်နှက်သွားလေတော့၏။

ဝှစ်…

ထန်ရှု၏ပုံရိပ်က ရှေ့သို့ ရွေ့၏။ သူက လျှို့ဝှက်နည်းစနစ်တစ်ခု ထုတ်ဖော်လိုက်ပြီး နဂါးသွေးအား ထည့်ရန် သိုလှောင်လက်စွပ်မှ ထည့်စရာပစ္စည်းများအား ယူထုတ်လိုက်၏။

“ချိတ်ပိတ်…”

ထန်ရှုက နောက်ထပ်နည်းစနစ်တစ်ခုထုတ်ဖော်ကာ နဂါးနက်၏အကြွင်းအကျန်များအား စုဆောင်းလိုက်ပြီးနောက် ၎င်း၏သွေးများစီးထွက်ခြင်းမှ ကာကွယ်ရန် ချိတ်ပိတ်လိုက်သည်။

“ဒီနဂါးစိတ်ဝိညာဉ်ကို ဝါးမျိုလိုက်၊ ယန်အာ…”

ထန်ရှုက နဂါးသွေးထည့်ထားသည့်ပစ္စည်းများအား သိမ်းဆည်းလိုက်သည်။ သူက ထွက်ပြေးရန် ကြိုးစားနေသည့် နဂါးစိတ်ဝိညာဉ်အား လျင်မြန်စွာ ချိတ်ပိတ်လိုက်ပြီးနောက် ကူယန်အာထံ ပစ်ပေးလိုက်၏။

ကူယန်အာက နဂါးစိတ်ဝိညာဉ်ကို ဖမ်းကာ ကမန်းကတန်း ပြောလိုက်၏ “ဆရာသခင်ရဲ့စွမ်းအားကို ပြန်ရဖို့လဲ လိုတယ်။ ကျေးဇူးပြုပြီး ဒီနဂါးစိတ်ဝိညာဉ်ကို တိုက်ရိုက်ဝါးမျိုလိုက်ပါ။ ဆရာသခင်က အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို အချိန်တိုအတွင်း ရောက်ရှိနိုင်တယ်။ ပြီးရင် ဆရာသခင်ရဲ့စွမ်းအားကို ခိုင်မာအောင် လုပ်ပြီးရင် တက်လှမ်းဖို့အတွက် စတင်ပြင်ဆင်လို့ရပြီပေါ့”

“မလိုဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ဒီကမ္ဘာကို ရောက်လာပြီးနောက် အခွင့်အလမ်းတွေအများကြီး ငါ ရထားပြီးပြှီ၊ အခု ငါ့ရဲ့လက်ရှိစွမ်းအားက ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်မှာ ရှိတယ်။ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ထပ်ချိုးဖြတ်ဖို့က အနည်းငယ်များလွန်းတယ်။ ယန်အာ၊ အခု ငါ လိုတာက ငါ့ရဲ့အခြေခံအုတ်မြစ်ကို အရင်ခိုင်မာအောင် လုပ်ရဖို့ပဲ။ ပြီးတော့ မင်းက ဒဏ်ရာတွေကုသဖို့ ကျန်သေးတယ်၊ နဂါးနက်ကို သတ်ဖြတ်ဖို့ မင်းရဲ့စွမ်းအားကို ထုတ်ဖော်ခဲ့ရတယ်။ ဒါကြောင့် မင်းရဲ့ဒဏ်ရာကို ပိုကောင်းစေဖို့ မင်းအနေနဲ့ ဝါးမျိုတာ အကောင်းဆုံးပဲ”

“ဒါဆို ဒီနဂါးစိတ်ဝိညာဉ်ကို ငါ သိမ်းထားပါ့မယ်။ ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်ကျင့်ကြံခြင်းကို ဆရာသခင် တည်ငြိမ်အောင် လုပ်ပြီးရင် ဒီနဂါးစိတ်ဝိညာဉ်ကို ဝါးမျိုလို့ရတာပေါ့”ကူယန်အာက ပြန်ပြော၏။

ထန်ရှုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ငါ ပြောတာ နားထောင်ပြီး ဒါကို ချက်ချင်းဝါးမျိုလိုက်၊ ယန်အာ”

ထန်ရှု၏တည်ကြည်သောအမူအရာကို မြင်ပြီး သူမက စိတ်ထဲ၌ နက်ရှိုင်းစွာ ခံစားရသည်။ သူမက တုံ့ဆိုင်းမနေတော့ဘဲ နဂါးစိတ်ဝိညာဉ်အား တိုက်ရိုက်ဝါးမျိုလိုက်၏။ သူမရဲ့စွမ်းအားကို လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် သူမက ရုန်းကန်နေသောနဂါးစိတ်ဝိညာဉ်အား ဖိနှိပ်ခဲ့ပြီး အဆက်မပြတ်သန့်စင်လိုက်သည်။ တဖြည်းဖြည်းနှင့် နဂါးစိတ်ဝိညာဉ်မှ စွမ်းအားက သူမ၏ဒဏ်ရာကို ကုသပေးလာပြီး သူမ၏အင်မော်တယ်ခန္ဓာကိုယ်အား အားဖြည့်ကာ သူမ၏စွမ်းအားအား ပြန်ရလာစေသည်။

နှစ်ရက်ကြာပြီးနောက်။

ထန်ရှုနှင့်ထန်အန်းတို့က ဤအိတ်ဆောင်ကမ္ဘာထဲရှိ နေရာများစွာအား ရှာဖွေဖော်ထုတ်ခဲ့သည်၊ သို့သော် သူတို့က ၎င်း၏နယ်နိမိတ်အား ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ဤအိတ်ဆောင်ကမ္ဘာက အတော်လေးကြီးပြီး သူ၏ယခင်မှန်းဆချက်ထက် ကျော်လွန်သည်ဟု ထန်ရှုက ယူဆလိုက်၏။ ဤနှစ်ရက်အတွင်း ဆေးပင်များ၊ တန်ဖိုးကြီးသတ္တုများနှင့်အခြားအဖိုးတန်ရတနာများအပါအဝင် ကျင့်ကြံခြင်းအရင်းအမြစ်ကြီးမားသောပမာဏတစ်ခုအား သူက ရရှိခဲ့၏။

“ဒီနေရာရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေက ထန်ဂိုဏ်းကတပည့်တွေအားလုံးအတွက် နောက်နှစ်တစ်ရာအထိ လုံလောက်တယ်။ ငါတို့က ဒီအိတ်ဆောင်ကမ္ဘာထဲက အရင်းအမြစ်တွေအားလုံးကို ရနိုင်မယ်ဆိုရင် ထန်ဂိုဏ်းကို နှစ်ထောင်ချီထောက်ပံ့ပေးဖို့တောင် လုံလောက်မယ်လို့ ငါ ထင်တယ်”ထန်ရှုက အလွန်အမင်း ကျေနပ်သွား၏။

ထန်အန်းလည်း အလွန်စိတ်လှုပ်ရှားနေသည်။ ထန်ရှုက သူမအား ခရမ်းရောင်သွေးပုလင်းအနည်းငယ် ပေးခဲ့သည်။ တစ်ပုလင်းသောက်ပြီးနောက် သူမ၏ခွန်အားက အကြီးအကျယ်တိုးလာပြီး ရှစ်ရက်ကျော်ကျင့်ကြံပြီးနောက် အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်ခဲ့၏။

ကျန်ရှိသောခရမ်းရောင်သွေးပုလင်းအနည်းငယ်အား သုံးပြီးနောက် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖြတ်နိုင်လိမ့်မည်ဟုပင် သူမက ထင်မိသည်။ ထို့ပြင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းကို ရောက်ရှိခြင်းက လာမည့်ဆယ်စုနှစ်အတွင်း သူမ၏အကြီးမားဆုံးရည်မှန်းချက်ပင်…

ဝှစ်…

ပုံရိပ်တစ်ခုက ထန်ရှုနှင့်ထန်အန်းတို့၏အရှေ့၌ ထွက်ပေါ်လာသည်။ ကူယန်အာပင်။ သူမက ထန်အန်းအား ကျေနပ်စွာ တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ထန်ရှုထံ အကြည့်ပြောင်းကာ ပြံးလျက် ပြောလိုက်သည် “နဂါးစိတ်ဝိညာဉ်ကို ဝါးမျိုပြီးနောက် ငါ့ရဲ့ဒဏ်ရာအများစုကို ကုသပြီးပြီ၊ ဆရာသခင်။ ငါ့ရဲ့ဆုံးရှုံးသွားတဲ့စွမ်းအားကို အချိန်တိုအတွင်း မရနိုင်ဘူးဆိုပေမယ့် နှစ်ဝက်အတွင်းမှာ ငါ အပြည့်အဝပြန်ကောင်းလိမ့်မယ်။ ငါ့ရဲ့လက်ရှိစွမ်းအားက မြေကမ္ဘာအင်မော်တယ်အထွတ်အထိပ်အဆင့်မှာ ရှိတယ်၊ ဒါပေမယ့် ငါ့ရဲ့စွမ်းအားကို ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကို ပြန်ရဖို့က အချိန်အကြာကြီး ကြာလိမ့်မယ်”

သူမ၏တင်ပြမှုက ထန်ရှုအား ပျော်ရွှင်သွားစေပြီး သူက ပြောလိုက်၏ “ဒီနေရာမှာ အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအင်မရှိဘူး။ အဲဒါမရှိဘဲနဲ့ မင်းရဲ့စွမ်းအားကို ကောင်းကင်ဘုံအင်မော်တယ်အဆင့်ထိ ပြန်ရဖို့က ခက်ခဲလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ ဒီနေရာမှာ ကျင့်ကြံတာက မင်းကို အကြီးအကျယ်အကျိုးရှိစေမှာပါ၊ ပြီးတော့ ဆယ်နှစ်အတွင်းမှာ မင်းရဲ့စွမ်းအားကို ကောင်းကင်ဘုံအင်မော်တယ်အဆင့်အထိ ပြန်ရနိုင်လိမ့်မယ်လို့ ငါ ထင်တယ်”

ကူယန်အာက ပြုံးလိုက်သည်။ သူမက ခေါင်းညိတ်ပြကာ ပြော၏ “ဒီအိတ်ဆောင်ကမ္ဘာရဲ့နေရာလပ်အတားအဆီးက အရမ်းခိုင်မာပြီး အပြင်ကမ္ဘာက ပျက်ဆီးသွားရင်တောင် ၎င်းက ပျက်ဆီးမှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီနေရာက ခရမ်းရောင်ချီက ကြွယ်ဝပြီး ကျင့်ကြံသူတွေနဲ့အင်မော်တယ်တွေအတွက် အရမ်းအကျိုးရှိတယ်။ ဆယ်စုနှစ်အတွင်းမှာ ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကို ပြန်ရနိုင်မယ်လို့ ငါ ယုံကြည်တယ်၊ ဆရာသခင်”

“မင်း ဆက်လုပ်ပါ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းရဲ့ခွန်အားကို ပြန်ရလာလေလေ၊ အနာဂတ်မှာ ငါတို့က ပိုဘေးကင်းလာလေလေပဲ။ ပြီးတော့ ဒီအိတ်ဆောင်ကမ္ဘာကနေ ငါ ထွက်သွားတဲ့အခါ မင်း ငါနဲ့ လိုက်လာပါ။ မင်းရဲ့စိတ်ဝိညာဉ်အာရုံကို သုံးပြီး ကျန်တဲ့ဆယ့်နှစ်ရာသီကျောက်စိမ်းရုပ်တုတွေကို ငါတို့ ရှာရမယ်။ ဆယ့်နှစ်ရာသီကျောက်စိမ်းရုပ်တုဆယ့်နှစ်ခုလုံးကို ရှာတွေ့တာနဲ့ မင်းတို့အားလုံးကို အင်မော်တယ်ကမ္ဘာကို ပြန်ပို့ဖို့ ကြီးမားတဲ့နေရာလပ်အစီအရင်တစ်ခုကို ငါ ခင်းကျင်းနိုင်မယ်”

ကူယန်အာက တုံ့ဆိုင်းသွား၏။ “ငါ့ရဲ့စွမ်းအားကို ကောင်းကင်ဘုံအင်မော်တယ်အဆင့်ထိ ပြန်ရဖို့က ပြဿနာတစ်ခုမဟုတ်ဘူး၊ ဆရာသခင်။ ဒါပေမယ့် ငါ အပြင်ထွက်တာနဲ့ ငါ့ကို ကောင်းကင်တာအိုဉပဒေသက ဖိနှိပ်လိမ့်မယ်။ အချိန်တိုအတွင်းမှာ ကျန်ရှိတဲ့ဆယ့်နှစ်ရာသီကျောက်စိမ်းရုပ်တုတွေကို ရှာတွေ့ရင်တောင် ငါလဲ ဒဏ်ရာရလိမ့်မယ်”

All Chapters