သဘာဝစစ်မြေပြင်
Vol. 88 Ch. 1226
ကူယန်အာ၏စကားကို ကြားပြီးနောက် ကမ္ဘာမြေပေါ်ရှိကောင်းကင်တာအိုဉပဒေသက ဘယ်လောက်အားကောင်းသလဲဆိုသည်ကို သူက ချက်ချင်း အမှတ်ရကာ ပြောလိုက်သည် “ဒါဆို အလျင်လိုဖို့မလိုဘူး။ မင်းရဲ့စွမ်းအားက ကောင်းကင်ဘုံအင်မော်တယ်အဆင့်အထိ ပြန်ရောက်တဲ့အထိ ဒီနေရာမှာပဲ မင်း ဆက်ကျင့်ကြံနေ။ ဒါနဲ့ဒီအိတ်ဆောင်ကမ္ဘာက ငါတို့အတွက် ပြင်ဆင်ပေးထားတယ်လို့ ငါ ခံစားမိတယ်။ ဒီကမ္ဘာကို ပိုင်ဆိုင်ထားခြင်းက ငါတို့ထန်ဂိုဏ်းက နောက်နှစ်အနည်းငယ်မှာ အဆတစ်ရာပိုသန်မာလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်”
ကူယန်အာက တစ်ချက်ပတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမက ပြော၏ “ဆရာသခင်ပြောတာ မှန်တယ်။ ဒီနေရာက အင်မော်တယ်ကမ္ဘာထက် အနည်းငယ်ဆိုးရုံပဲ။ ဒီနေရာမှာ လေ့ကျင်ရင် ထန်ဂိုဏ်းရဲ့တပည့်တွေအားလုံးက တစ်ဟုန်ထိုးတိုးတက်လာလိမ့်မယ်။ ဒါ့အပြင် ဒီနေရာမှာ ငါ ရှာတွေ့ခဲ့တဲ့အခြားတစ်ခုရှိတယ်”
“ဘာလဲ”ထန်ရှုက မေးလိုက်သည်။
“ဒီနေရာမှာ နေတဲ့ သားရဲတွေရဲ့သွေးက အင်မော်တယ်နတ်သုဒ္ဓါနဲ့ ယှဉ်နိုင်တာပဲ။ အဲဒါက အံ့ဖွယ်ဆေးတစ်ခုနဲ့ တူတယ်”ကူယန်အာက ပြော၏ “သူတို့ရဲ့သွေးထဲမှာ ပါဝင်တဲ့စွမ်းအင်က ငါတို့ရဲ့စိတ်ကူးထားတာထက်ကို ကျော်လွန်တယ်”
ထန်ရှုက ခေါင်းညိတ်ပြကာ ပြောလိုက်၏ “ငါလဲ အဲဒါကို သတိပြုမိတယ်”
ထို့နောက် ကူယန်အာက ဆက်ပြော၏ “ပြီးတော့ ထန်ဂိုဏ်းရဲ့တပည့်တွေက ဒီနေရာမှာ လေ့ကျင့်ရင် သူတို့က ဒီနေရာကို သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းပကားကို ပျိုးထောင်ဖို့ သဘာဝစစ်မြေပြင်တစ်ခုအဖြစ် အသုံးပြုနိုင်တယ်။ အခြားတစ်ဖက်မှာ သူတို့ရဲ့ခွန်အားက ခုန်ပေါက်သလို တိုးတက်လာလိမ့်မယ်၊ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုပဲ”
“မှန်တယ်။ ဒါပြီးရင် လူတစ်သုတ်ကို နဂါးကိုးကောင်ကျွန်းမှာ နေဖို့ တာဝန်ပေးမယ်။ ဒါပေမယ့် လူတိုင်းကို ဒီနေရာကို ကျင့်ကြံဖို့ ငါ ခေါ်လာမယ်”ထန်ရှုက ပြန်ဖြေသည် “နောက်ကျရင် သူတို့က ဒီနေရာမှာ အလှည့်ကျကျင့်ကြံကြတာပေါ့”
“ဒီအိတ်ဆောင်ကမ္ဘာက အရမ်းကြီးပြီး တရုတ်ပိုင်နက်ထက် အနည်းဆုံးနှစ်ဆပိုကြီးတယ်”ကူယန်အာက ပြော၏ “နဂါးနက်နဲ့ခွန်အားချင်းညီမျှတဲ့သားရဲမရှိပေမယ့် ခန္ဓာကိုယ်ပေါင်းစည်းအခြင်းအဆင့်နဲ့ယှဉ်နိုင်တဲ့သားရဲအချို့ရှိတယ်၊ အချို့က အနည်းဆုံးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတယ်။ ဒါနဲ့ ထန်ဂိုဏ်းတပည့်တွေရဲ့အားနည်းတဲ့ခွန်အားအရ ဒီသားရဲတွေကို ငါ ကြိုတင်ရှင်းထားရမလား”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “မဟုတ်ဘူး။ မလိုဘူး။ ထန်ဂိုဏ်းရဲ့တပည့်အများစုက လက်ရှိအချိန်မှာ အလွန်အားနည်းနေပေမယ့် သူတို့က မကြာခင် အလွန်သန်မာလာလိမ့်မယ်။ ဒီသားရဲတွေကို အသက်ရှင်အောင် ထားထား၊ နောက်ကျရင် သူတို့ကို ထန်ဂိုဏ်းရဲ့တပည့်တွေကို ကျွေးရလိမ့်မယ်”
“ဒါဆို ကောင်းပါပြီ”ကူယန်အာက ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ ဒီနေရာမှာ နေနေမှာပဲလေ။ ငါ ဒီနေရာမှာ ရှိနေသရွေ့ ဒီသားရဲတွေက ဘာမှ လုပ်နိုင်လိမ့်မှာမဟုတ်ဘူး”
ထို့နောက် ထန်အန်းက ကြားဖြတ်မေး၏ “ဆရာအဘိုး၊ ဆရာ၊ ငါ ဒီနေရာမှာ ကျင့်ကြံနိုင်မှာလား”
“အများဆုံး ခြောက်လပဲ မင်း ဒီနေရာမှာ ကျင့်ကြံလို့ရမယ်”ထန်ရှုက ပြန်ဖြေသည် “ခြောက်လပြည့်ရင် မင်း အပြင်ထွက်ရမယ်။ ပြီးတော့ မင်းရဲ့လုပ်ကြံသတ်ဖြတ်သူခန်းမအတွက် လုပ်ကြံသတ်ဖြတ်သူတစ်ဖွဲ့ကို ဖွဲ့စည်းဖို့ လိုသေးတယ်။ မင်းရဲ့ခန်းမကို ထန်ဂိုဏ်းထဲကခန်းမတွေအားလုံးထဲမှာ အားအနည်းအဖြစ် မြင်ချင်တာလား”
ထန်အန်းက ခေါင်းညိတ်ကာ ပြန်ပြောသည် “ကောင်းပါပြီ။ ဒီနေရာမှာ ခြောက်လလေ့ကျင့်ပြီးရင် ထွက်သွားပြီး လုပ်ကြံသတ်ဖြတ်သူခန်းမကို တည်ဆောက်မယ်။ ပြီးရင် ငါလေ့ကျင့်ပေးထားတဲ့အဖွဲ့ဝင်တွေကို ဒီနေရာကို ကျင့်ကြံဖို့ ခေါ်လာမယ်”
“ပြဿနာမရှိဘူး”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
ရုတ်တရက် သူက တစ်ခုခုအား သတိရကာ ကူယန်အာဘက်သို့ လှည့်ကာ ပြောလိုက်သည် “ယန်အာ၊ သားရဲတော်တော်များများက အပြင်ဘက်ကို ထွက်သွားကြပြီ၊ အနည်းဆုံး သူတို့က တစ်ထောင်လောက် ရှိတယ်။ ချန်ရှောက်ဟွာတို့အဖွဲ့က သူတို့ကို သတ်ဖို့ လှုပ်ရှားနေပေမယ့် သားရဲအားလုံးကို သူတို့က သတ်နိုင်ဖို့ မျှော်လင့်ထားတာက လက်တွေ့မကျဘူး၊ ဒါကြောင့် ငါနဲ့ထန်အန်းက သားရဲတွေနဲ့ ရင်ဆိုင်ဖို့ ထွက်သွားမယ်၊ မင်းက ဒီနေရာမှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ စုဆောင်းနေပေါ့”
“ကောင်းပါပြီ…”ကူယန်အာက အပြင်ဘက်သို့ မထွက်ချင်သောကြောင့် ခေါင်းညိတ်လိုက်၏။
ထို့နောက် ထန်ရှုက ပြန်လှည့်လိုက်သည်။ သူက ထွက်သွားမည့်ဆဲဆဲတွင် သူက နောက်ထပ်ကိစ္စတစ်ခုအား အမှတ်ရကာ ပြောလိုက်၏ “ယန်အာ၊ ဒီနေရာမှာ ရောင်စုံလွမ် ဖီးနစ်ကျောက်တုံးရှိရမယ်။ အဲဒါက ငါတို့အတွက် အရမ်းအကျိုးများတာကြောင့် သေချာရှာဖွေပါ”
“ဒီနေရာက တောင်တန်းလေးတစ်ခုမှာ ငါလဲ ရောင်စုံလွမ် ဖီးနစ်ကျောက်တုံးသတ္တသိုက်တစ်ခုကို တွေ့ခဲ့တယ်။ ဆရာသခင်မပြန်လာခင် ဒီကျောက်တုံးတွေအားလုံးက တူးပြီးသားဖြစ်စေရမယ်လို့ ငါ အာမခံပါတယ်”ကူယန်အာက ယုံကြည်ချက်ရှိရှိနှင့် ပြန်ဖြေ၏။
အချက်တစ်ခုအနေနှင့် သူမက ဤအိတ်ဆောင်ကမ္ဘာထဲရှိအရာအားလုံးအား လျှပ်တစ်ပြက်အတွင်း စုဆောင်းနိုင်သောစွမ်းရည်ရှိသည်။ သို့သော် ဤနေရာက အနာဂတ်တွင် ထန်ဂိုဏ်းတပည့်များအတွက် လေ့ကျင့်ရေးနေရာတစ်ခုဖြစ်လာပေလိမ့်မည်၊ ထို့ကြောင့် သူမက ဤအတွေးအား လက်လျှော့ကာ ဖြည်းဖြည်းချင်းသာ ရိတ်သိမ်းလိုက်၏။
များမကြာမီ ထန်ရှုနှင့်ထန်အန်းတို့က အိတ်ဆောင်ကမ္ဘာမှ ထွက်သွား၏။ သူတို့က အပြင်ဘက်သို့ ရောက်လာသောအခါ ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသော ထန်ဂိုဏ်းတပည့်လေးယောက်က ထွက်ပေါ်လာပြီး အရိုအသေပေးလိုက်ကြသည်။
“လွတ်သွားတဲ့သားရဲတွေနဲ့အပြင်ဘက်ကအနေအထားက ဘယ်လိုရှိလဲ”ထန်ရှုက မေးလိုက်သည်။
တပည့်များထဲမှတစ်ယောက်က ပြန်ဖြေ၏ “ကျင်းရှီက ဒီနေရာကို ကိုယ်တိုင်ရောက်လာပါတယ်၊ ဂိုဏ်းချုပ်။ သူနဲ့ချန်ရှောက်ဟွာက ထန်ဂိုဏ်းတပည့်တွေကို ဉီးဆောင်ပြီး သားရဲတွေကို အမဲလိုက်နေပါတယ်။ ဒါပေမယ့် ဒီသားရဲတွေက လုံချွမ်တောင်တန်းအနီးဝန်းကျင်ကို ရောက်လာတဲ့အခါ သူတို့က မကြာခဏပြန်ဆုတ်သွားကြတယ်။ အကြောင်းရင်းကိုတော့ ငါတို့ မသိဘူး၊ ဒါပေမယ့် သူတို့က အပြင်ကမ္ဘာကို ကြောက်ရွံ့နေသလိုပဲ။ ဒါ့အပြင် ဒီနေရာမှာ အထူးစွမ်းရည်ဗျူရိုမှစွမ်းရည်အသုံးပြုသူအမြောက်အများရှိတယ်၊ နောက်ဆုံးဆယ်ရက်အတွင်းမှာ နှစ်ဖက်လုံးက သားရဲလေးရာကျော်ခန့်ကို သတ်ဖြတ်ခဲ့ကြတယ်”
သားရဲများက တောင်တန်းထဲမှ မထွက်မှန်း မမျှော်မှန်းထားသည့်အတွက် ထန်ရှုက အတော်လေးအံ့အားသင့်သွား၏။
မည်သို့ပင်ဆိုစေကာမူ ဒါက သတင်းကောင်းပင်ဖြစ်၏။
“မင်းတို့အားလုံး ဒီနေရာကို စောင့်ကြပ်နေ။ ထန်အန်း၊ ဒီသားရဲတွေကို အမဲလိုက်ကြရအောင်။ နှစ်ရက်ပြည့်ရင် ငါတို့ ဒီနေရာမှာ လာပြန်ဆုံမယ်၊ ဘယ်သူက ပိုသတ်နိုင်ခဲ့သလဲဆိုတာ ကြည့်ကြတာပေါ့”ထန်ရှုက ပျော်ရွှင်စွာ ပြုံးလျက် ပြောလိုက်၏။
ယှဉ်ပြိုင်လိုသောတိုက်ခိုက်ရေးစိတ်ဓာတ်တစ်ခုက ထန်အန်း၏မျက်လုံးများထဲ၌ လက်သွားပြီး သူမက ပြုံးလျက် ပြန်ဖြေ၏ “ငါ သေချာပေါက် အနိုင်ရလိမ့်မယ်၊ ဂိုဏ်းချုပ်”
ထန်ရှုက ရယ်လျက် တုံ့ပြန်လိုက်သည်။ ရုတ်တရက် သူ့ပုံရိပ်က အဝေးသို့ ရွေ့လျားသွား၏။ လမ်းတစ်လျှောက်တွင် သူက သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ တစ်ကီလိုမီတာပတ်လည်အား သူ၏ထိုးထွင်းသိမြင်မှုနှင့် လွှမ်းခြုံလိုက်သည်။ သူ၏ထိုးထွင်းသိမြင်မှုအတိုင်းအတာအတွင်း နတ်ဆိုးသားရဲများအား ရှာတွေ့ရန် လျှပ်တစ်ပြက်သာ ကြာ၏။
“သေကြစမ်း…”
ထန်ရှုက သူ၏နတ်ဘုရားဓားကို ပစ်ထုတ်လိုက်သည်။ ဓားက ရုတ်ချည်း ပျံသန်းသွားပြီး ဆယ်မီတာအကွာရှိချုံပင်များအား ပိုင်းဖြတ်သည်။ ဓားရောင်ခြည်တန်းတစ်ခုက လျင်မြန်စွာ ရွေ့လျားသွားပြီး ချီသန့်စင်ခြင်းအဆင့်နတ်ဆိုးသားရဲလေးကောင်အား တစ်ချက်တည်း သတ်ဖြတ်လိုက်သည်။
နေ့တစ်ဝက်က ကုန်ဆုံးသွားသည်။ ထန်ရှုက စွမ်းရည်အသုံးပြုသူအဖွဲ့အချို့နှင့် ဆုံတွေ့ခဲ့သည်။ တစ်ဖွဲ့ဆိုလျှင် သားရဲဆယ်ကောင်ကျော်က ဝိုင်းထား၏။ သူ ထွက်ပေါ်လာသည်နှင့် ထန်ရှုက သားရဲများအား တိုက်ရိုက်သတ်ဖြတ်ကာ သူတို့အား ကယ်ဆယ်လိုက်သည်။
နောက်တစ်နေ့တွင် ထန်ရှုက သားရဲ၂၇၀ကျော်အား တစ်ယောက်တည်း သတ်ဖြတ်ခဲ့ပြီးနောက် တောင်တန်းတစ်ခုတွင် သွေးများစိုရွှဲနေသောကျင်းရှီအား မြင်တွေ့လိုက်ရ၏။ လက်ရှိတွင် ကျင်းရှီက ဒဏ်ရာအပြင်းအထန်ရထားသော်လည်း ဒဏ်ရာများက မသေစေနိုင်ပေ။ ထန်ရှုက ရောက်ရှိလာချိန်တွင် ကျင်းရှီနှင့်ထန်ဂိုဏ်း၏အခြားတပည့်လေးယောက်က ရွှေအမြတေအဆင့်ရှိနတ်ဆိုးသားရဲနှစ်ကောင်အား သတ်ဖြတ်ခဲ့ပြီဖြစ်၏။
“ဒီကျောက်စိမ်းပုလင်းထဲက သားရဲသွေးတွေကို သောက်လိုက်ကြ”
ကျောက်စိမ်းပုလင်းငါးလုံးအား သူတို့ငါးယောက်ထံ ပစ်ပေးပြီးနောက် ထန်ရှုက အဝေးသို့ ရွေ့လျားသွားသည်။ သူ့ထိုးထွင်းသိမြင်မှုအတိုင်းအတာအတွင်းရှိ မီတာရှစ်ရာကျော်အကွာတွင် နောက်ထပ်နတ်ဆိုးသားရဲတစ်ကောင်ရှိ၏။
ကျင်းရှီနှင့်အခြားထန်ဂိုဏ်းသားလေးယောက်က တုံ့ဆိုင်းခြင်းမရှိဘဲ သွေးများအား သောက်လိုက်ကြသည်။ နောက်အခိုက်အတန့်တွင် ကျင်းရှီ၏မျက်လုံးများက မယုံကြည်နိုင်မှုနှင့်အတူ ပြူးကျယ်သွား၏။
“ကျင့်ကြံခြင်းအခြေအနေထဲကို မြန်မြန်ဝင်ရောက်ကြ…”
သူက အမိန့်ပေးပြီးနောက် ချက်ချင်းတင်ပျဉ်ခွေထိုင်ကာ သူ့ကျင့်ကြံခြင်းနည်းစနစ်အရ စွမ်းအင်အား လှည့်ပတ်လိုက်သည်။
ဆယ်ကီလိုမီတာအတိုင်းအတာအတွင်းရှိ သားရဲအားလုံးအား သတ်ဖြတ်ရန် ထန်ရှုအတွက် နာရီဝက်သာ ကြာ၏။ ကျင်းရှီနှင့်အခြားသူများရှိသောနေရာသို့ ပြန်ရောက်လာပြီးနောက် သူတို့၏အရှိန်အဝါက ပြောင်းလဲသွားသည်ကို သူက အာရုံခံနိုင်သည်။
အခြေတည်စိတ်ဝိညာဉ်စဉီးအဆင့်လား။
ကျင်းရှီထုတ်လွှတ်သောအရှိန်အဝါမှ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အား ထန်ရှုက အာရုံခံမိသည်။ အခြားလေးယောက်ကလည်း ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ ပြောင်းသွားသည်ကို အာရုံခံမိသောအခါ အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ရေးဆွဲသွား၏။
“ဂိုဏ်းချုပ်”
ကျင်းရှီက ကျင့်ကြံခြင်းမှ နိုးထလာသည်။ သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသောထန်ရှုအား မြင်သောအခါ သူက လျင်မြန်စွာ ခုန်ထလျက် အရိုအသေပေးလိုက်၏။
“အတော်လေးပြောင်မြောက်တဲ့တိုးတက်မှုတစ်ခုပဲ”ထန်ရှုက ရယ်၏ “ဒါနဲ့ ဒီတောင်တန်းအတွင်းမှာရှိတဲ့နတ်ဆိုးသားရဲအားလုံးကို အမဲလိုက်ပြီးရင် မင်းတို့အားလုံးကို အိတ်ဆောင်ကမ္ဘာထဲ ငါ ခေါ်သွားမယ်။ မင်းတို့က အဲနေရာမှာ လေ့ကျင့်ရင် ရလဒ်က နှစ်ဆဖြစ်လာလိမ့်မယ်။ နောက်ဆယ်နှစ်မှာ မင်းတို့က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားနိုင်တယ်”
အိတ်ဆောင်ကမ္ဘာတစ်ခုလား။ ကောင်းချီးနယ်မြေတစ်ခုလိုလား။
လူငါးယောက်က စိတ်လှုပ်ရှားစွာဖြင့် အကြည့်များ ဖလှယ်လိုက်ကြ၏။
ထို့နောက် ထန်ရှုက လက်ဝှေ့ယမ်းကာ ဆက်ပြော၏ “ကောင်းပြီလေ၊ ဒီသားရဲတွေကို ဆက်အမဲလိုက်နေ။ မင်းတို့က ဒီသားရဲတွေကို ရိတ်သိမ်းမှုပိုမြန်ဆန်လေ၊ ဒီအိတ်ဆောင်ကမ္ဘာထဲကို ဝင်ရောက်ကျင့်ကြံခွင့်ရဖို့က ပိုမြန်လေပဲ။ ဒါ ဟုတ်တယ်၊ ဒီနေရာမှာ ငါ ရက်အနည်းငယ်လောက် ပတ်နေတာ၊ စွမ်းရည်အသုံးပြုသူအဖွဲ့အချို့နဲ့တောင် ပက်ပင်ဆုံခဲ့တယ်၊ ဒါပေမယ့် ငါ သွမ်မုလင်ကို အခုထိ မတွေ့သေးဘူး။ ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု မင်းတို့သိလား”
“သွမ်မုလင်က ဒဏ်ရာရပြီး ကုသဖို့ ပြန်ဆုတ်သွားတယ်”ကင်းရှီက ပြန်ဖြေသည်။ “ဂိုဏ်းချုပ်က သူ့ကို တွေ့ချင်ရင် အခု သူက လုံချွမ်တောင်တန်းအနီးက ရှုယန်မြို့မှာ ရှိတယ်”
ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သွမ်မုလင်အား သွားရှာမည့်အစား သူက သားရဲများအား ဆက်လက်အမဲလိုက်၏။ သူက ထန်အန်းနှင့် လောင်းခဲ့သောကြောင့် အချိန်မဖြုန်းလိုပေ။
နောက်တစ်နေ့ညနေတွင်။
ထန်ရှုက အိတ်ဆောင်ကမ္ဘာ၏ဝင်ပေါက်သို့ ပြန်ရောက်လာသောအခါ ကျောက်တုံးကြီးပေါ်တွင် ပြုံးဖြဲဖြဲနှင့် ထိုင်ကာ သူ့ဉီးတည်ဘက်သို့ ကြည့်နေသော ထန်အန်းအား မြင်လိုက်ရ၏။
“မင်း ဘယ်လောက်ရခဲ့လဲ”ထန်ရှုက သူမထံ လာကာ မေးလိုက်သည်။
“သိပ်မများပါဘူး၊ ၁၈၈ကောင်ပါပဲ”ထန်အန်းက ပြန်ဖြေ၏။
ထန်ရှုက သူမအား လက်မထောင်ကာ ချီးကျူးလိုက်သည် “နှစ်ရက်တည်းနဲ့ ဒီလောက်အများကြီးရတာ အံ့အားသင့်စရာကောင်းတဲ့လုပ်ဆောင်ချက်ပဲ…”
ထန်အန်းက ရယ်ကာ ပြန်ဖြေသည် “ဒါပေမယ့် ဆရာအဖိုးသတ်ခဲ့တဲ့သားရဲအရေအတွက်က ငါ့ထက် ပိုများမှာ သေချာတယ်”
“အဟားဟား”ထန်ရှုက ရယ်ကာ ပြောလိုက်၏ “မင်းကို စိတ်ပျက်စေမိပြီ။ ငါက စုစုပေါင်း၄၀၆ကောင်ရတယ်၊ လေးကောင်က ရွှေအမြုတေအဆင့်တွေ”
ထန်အန်းမျက်နှာပေါ်ရှိအပြုံးက အေးခဲသွားပြီး သူမက မယုံကြည်နိုင်စွာ မေးလိုက်၏ “သူတို့အားလုံးကို ဆရာအဘိုးကိုယ်တိုင် သတ်ခဲ့တာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာ မင်း သိပါတယ်”ထန်ရှုက ရယ်ကာ ရှင်းပြ၏ “ငါ့ရဲ့စိတ်ဝိညာဉ်အာရုံလွှမ်းခြုံနိုင်သောဧရိယာအတိုင်းအတာက တစ်ကီလိုမီတာကျော်တယ်၊ အဲအတွင်းမှာရှိတဲ့ဘယ်သားရဲကမှ ငါ့လက်ထဲကနေ မလွတ်နိုင်ဘူး။ ပြီးတော့ အဲဒီသားရဲတွေက အရမ်းအားနည်းတယ်လေ။ အချိန်ဖြုန်းစရာမလိုတဲ့အတွက် ငါ သူတို့ကို အမြန်သတ်နိုင်ခဲ့တာပေါ့”
“ဒါက လှည့်စားတာပဲ၊ ဆရာအဘိုး…”ထန်အန်းက ရှုံ့မဲ့ပြုံး၏။
“ဟားဟားဟား”ထန်ရှုက အားပါတရရယ်ကာ ပြောလိုက်၏ “မင်း သိလား၊ စိတ်ဝိညာဉ်အာရုံက ခွန်အားပုံစံတစ်မျိုးပဲ။ မင်းက ငါအခုပိုင်ဆိုင်တဲ့ခွန်အားအဆင့်ကို ရောက်ရင် မင်းရဲ့စိတ်ဝိညာဉ်အာရုံနဲ့ထိုးထွင်းသိမြင်မှုက အလားတူဆိုးဝါးမှာမဟုတ်ဘူး။ ဒီကဏ္ဍမှာ သေချာကျင့်ကြံပါ၊ အနာဂတ်မှာ ပြောင်မြောက်တဲ့စိတ်ဝိညာဉ်အာရုံရှိခြင်းရဲ့အကျိုးအမြတ်တွေကို မင်း မြင်ရလိမ့်မယ်”
“ငါ နားလည်ပါပြီ၊ ဆရာအဘိုး”ထန်အန်းက ပြန်ဖြေ၏။