ကတိတစ်ခု
Vol. 88 Ch. 1228
ဝင်ပေါက်ပတ်လည်မိုင်တစ်ထောင်အတွင်းရှိ ကျယ်ပြန့်သော မြက်ခင်းပြင်အပြင် အိတ်ဆောင်ကမ္ဘာတွင် တောင်တန်းများ၊ ရေကန်များ၊ ချိုင့်ဝှမ်းများနှင့် ကုန်းပြင်မြေမြင့်များရှိသည်။ ဤအိတ်ဆောင်ကမ္ဘာတွင် အမြင့်ဆုံးက နှစ်ထောင်မီတာခန့််မြင့်သည့် တောင်ထွတ်တစ်ခုဖြစ်ပြီး တက်ရန် အချွန်အတက်များသောကျောက်ဆောင်းများ၊ မတ်စောက်သောချောက်ကမ်းပါးများနှင့် တက်ရန် မဖြစ်နိုင်လုနီးပါးပင်။
သို့သော် ခမ်းနားသောအဆောက်အဉီးတစ်ခုက မြင့်မားလှသောတောင်ထွတ်ပေါ်တွင် တည်ရှိနေသည်။ ရှေးကျသောစံအိမ်တစ်ခုအရှေ့ရှိ ကွက်လပ်ငယ်တစ်ခုတွင် ကူယန်အာက ရပ်နေ၏။ ထို့နောက် သူမက တခစ်ခစ်ရယ်ကာ ပြောလိုက်သည် “ဒီနေရာမှာ စံအိမ်တစ်ခုတစ်ခုတည်ဆောက်ဖို့ အချိန်နှစ်ရက်ယူခဲ့တယ်။ အဲဒါက အတော်လေးအံ့အားသင့်စရာကောင်းတယ်မလား”
ထန်ရှု၏နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်တစ်ခုက မြင့်တက်လာသည်။ ဤစံအိမ်က အင်မော်တယ်ကမ္ဘာရှိ သူ့နေအိမ်၏အသေးစားဗားရှင်းဖြစ်သည်။ ထို့ကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သူက မှတ်မိနိုင်ခြင်းဖြစ်၏။ “ဒါ ကြောက်စရာကောင်းတယ်။ မင်းမှာ ဒီပါရမီရှိတယ်ဆိုတာ ငါ မသိခဲ့ဘူး၊ ယန်အာ”
သို့သော် ကူယန်အာ၏မျက်နှာပေါ်ရှိအပြုံးက ပြေလျော့သွားပြီး သူမက ဝမ်းနည်းသောလေသံနှင့် ပြောလိုက်၏ “ဒီစံအိမ်ရဲ့မှတ်ဉာဏ်တွေ ငါ့မှာ ထင်ထင်ရှားရှားရှိနေတုန်းပဲ၊ နေရာတွေ၊ မြင်ကွင်းတွေ၊ ပစ္စည်းနှစ်ခုကြား အကွာအဝေးတွေအကုန်လုံးပါပဲ။ ငါ့ရဲ့စံအိမ်အဖြစ် အသုံးပြုလို့ရတဲ့ အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် ငါ ထုလုပ်ခဲ့တယ်။ ကံမကောင်းစွာနဲ့ အဲဒီအသုံးအဆောင်ပစ္စည်းကို ကျူးဝူရှို့က ဖျက်ဆီးခဲ့တာပဲ၊ မဟုတ်ရင် အခုချိန်မှာ ငါတို့မှာ နေစရာရှိနေပြီ”
ထန်ရှုက သူမပခုံးကို ကိုင်ကာ ညင်သာစွာ ပုတ်လျက် ပြောလိုက်၏ “အင်မော်တယ်ကမ္ဘာကို ငါတို့ ပြန်ရောက်ပြီး ငါ့ရဲ့ကျင့်ကြံခြင်းကို အန္တိမအဆင့်အထိ ပြန်ရတဲ့အထိ စောင့်နေ။ မင်းအတွက် ငါကိုယ်တိုင် နန်းတော်တစ်ခု သန့်စင်ပေးမယ်။ အဲဒါက သေချာပေါက် ငါတို့နေခဲ့တဲ့နေရာနဲ့ တူစေရမယ်လို့ အာမခံတယ်”
“ကောင်းပါပြီ…”
ကူယန်အာက ဝမ်းသာပီတိဖြစ်လျက် ခေါင်းညိတ်လိုက်သည်။
“ရှောင်ရွှယ်လာနေတယ်”ကူယန်အာက ရုတ်တရက် ပြော၏။
ထန်ရှုက သူမအကြည့်နောက်သို့ လိုက်သွား၏။ ကျီချီမိန်နှင့်ကူရှောင်ရွှယ်တို့က သူတို့ရှိရာသို့ ရွေ့လျားလာနေသည်ကို မြင်လိုက်ရသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူတို့နှစ်ယောက်က သူ့အရှေ့တွင် ရပ်လိုက်ကြ၏။
“နှုတ်ဆက်ပါတယ်၊ အရှင်”
“ဆရာအဘိုး”
ကျီချီမိန်နှင့်ကူရှောက်ရွှယ်တို့က အရိုအသေပေးလိုက်သည်။
“ငါတို့ဂိုဏ်းက လူဘယ်လောက်ထိ လာမှာလဲ”ထန်ရှုက မေး၏။
“စုစုပေါင်းလူရှစ်ဆယ်။ အခု သူတို့က ဒီအိတ်ဆောင်ကမ္ဘာရဲ့ရတနာတွေကို စုဆောင်းနေတယ်။ နှစ်ရက်အတွင်း သူတို့ ဒီနေရာကို ရောက်လာလိမ့်မယ်”ကူရှောင်ရွှယ်က ပြန်ဖြေသည်။
ထန်ရှုက ခေါင်းညိတ်ပြကာ ပြောလိုက်၏ “သူတို့ရောက်လာတဲ့အခါ အနီးနားကတောင်တစ်ခုမှာ နေအိမ်အချို့ တည်ဆောက်ပါ။ ပြီးတော့ ယန်အာက ရှိနေတာကြောင့် သူမက သူတို့ရဲ့ကျင့်ကြံခြင်းကို ညွှန်ကြားပေးနိုင်တယ်။ သူတို့ရဲ့ကျင့်ကြံခြင်းက ရုတ်ချည်းတိုးတက်လာဖို့ ငါ မျှော်လင့်တယ်။ တစ်နှစ်နဲ့ခြောက်လအတွင်းမှာ ငါတို့ဂိုဏ်းကနေ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတော်တော်များများ ထွက်ပေါ်လာမှာကို ငါ မြင်ချင်တယ်”
“အခြေတည်စိတ်ဝိညာဉ်အဆင့်လား”ကူရှောက်ရွှယ်က အံ့အားသင့်သွားသည် “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဆရာအဘိုး။ ဒီနေရာကို ရောက်လာမယ့် ဂိုဏ်းရဲ့တပည့်ရှစ်ဆယ်ထဲမှာ သုံးပုံတစ်ပုံလောက်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်မှာပဲ ရှိတယ်။ သူတို့က ရွှေအမြုတေအဆင့်တောင် မရောက်သေးဘူး”
“ဒါနဲ့ ပတ်သက်ပြီး အများကြီး ငါ မရှင်းပြတော့ဘူး။ မင်းက ဒီနေရာကို အခုမှရောက်လာတာဆိုတော့ ဒီဆန်းကြယ်တဲ့အိတ်ဆောင်ကမ္ဘာနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်၏ “ကောင်းပြီလေ၊ ရတနာတွေကို ဆက်ရှာပါ။ ပြီးတော့ သူတို့တွေ စုဆောင်းထားတဲ့ရတနာတွေအားလုံးကို မင်းဆီကို လက်လွှဲပေးရမယ်ဆိုတာ ဂိုဏ်းသားတွေကို အသိပေးထား”
“သူတို့အားလုံးက စည်းမျဉ်းကို သိပါတယ်၊ ဘာတစ်ခုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး၊ ဆရာအဘိုး”ကူရှောက်ရွှယ်က ရိုသေလေးစားစွာ ပြန်ဖြေသည်။
ထိုသို့ ပြောပြီးနောက် တုံ့ဆိုင်းမှုက သူမ၏လှပသောမျက်နှာပေါ်တွင် ထင်ဟပ်လာပြီး သူမက ထန်ရှု၏ အမူအရာအား ကြည့်ကာ အသံနှိမ့်လျက် ပြော၏ “ဆရာအဘိုး၊ လုံချွမ်တောင်တန်းအနီးနားကို ငါတို့ ရောက်လာတုန်းက ထူးခြားတဲ့အထောက်အထားတွေရှိတဲ့လူအချို့ကို တွေ့ခဲ့တယ်။ သူတို့ထဲက တစ်ယောက်ကို ငါတို့ဖမ်းပြီး စစ်ဆေးမေးမြန်းလိုက်တယ်။ သူတို့က တရုတ်အစိုးရရဲ့ထောက်လှမ်းရေးတွေဖြစ်ပြီး ဒီနေရာမှာ သူတို့ရဲ့ရည်ရွယ်ချက်က လုံချွမ်တောင်တန်းကို စောင့်ကြည့်ဖို့တယ်ဆိုတာ သိလိုက်ရတယ်။ ဒါ့အပြင်သူတို့လူတွေက တစ်ရာခန့်ရှိတယ်”
ထန်ရှုက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏ “ကြည့်ရတာ သွမ်မုလင်က ငါ့ကို စိတ်မချသေးပုံပဲ။ သူက ဒီလောက်များတဲ့ထောက်လှမ်းရေးတွေကို လွှတ်ပြီး ငါတို့ကို စောင့်ကြည့်ခိုင်းထားတယ်”
“ဒီထောက်လှမ်းရေးတွေကို မောင်းထုတ်စေချင်လား၊ ဆရာအဘိုး”ကူရှောက်ရွှယ်က မေး၏။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြန်ဖြေ၏ “မလိုဘူး။ ဒီကိစ္စကို ငါ့ဟာငါပဲ ဖြေရှင်းလိုက်မယ်။ ပြီးတော့ လူတိုင်း ရောက်လာပြီးရင် ဒီနေရာမှာ ငါ အချိန်အချို့ နေအုံးမယ်။ ငါ သူတို့ကို ဆယ်ရက်လောက် လေ့ကျင်ပေးဖို့ စဉ်းစားထားတယ်”
“နားလည်ပါပြီ…”ကူရှောက်ရွှယ်က ခေါင်းညိတ်လိုက်သည်။
ဤဆယ်ရက်အတွင်း ကျင့်ကြံခြင်းအဆင့်တည်ငြိမ်စေရန် ကျင့်ကြံခြင်း၌ နစ်မြုပ်သည့်အပြင် ထန်ရှုက ထန်ဂိုဏ်းတပည့်အယောက်ရှစ်ဆယ်အား လေ့ကျင်ပေးခဲ့သည်။ ဆေးလုံးများ၊ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်နှင့် သားရဲသွေးများ၏အဆက်မပြတ်ထောက်ပံ့မှုနှင့်အတူ သူတို့၏ကျင့်ကြံခြင်းက လျင်မြန်စွာ ရုတ်ချည်း တိုးတက်လာ၏။
အားအနည်းဆုံးသူများလျှင်ပင် အခြေတည်စိတ်ဝိညာဉ်အစောပိုင်းအဆင့်သို့ ချိုးဖြတ်ခဲ့ကြပြီး အကောင်းဆုံးသူများက အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်ခဲ့ကြသည်။
သို့သော် ထန်ရှုက အိတ်ဆောင်ကမ္ဘာမှ ထွက်လာချိန်တွင် သွမ်မုလင်က ဖုန်းခေါ်လာပြီး အစိုးရမှစီနီယာအနည်းငယ်က သူ့အား ရှန်းဟိုင်တွင် တွေ့ချင်သည်ကို သိလိုက်ရ၏။ သို့သော် တွေ့ဆုံမည့်အချိန်အား ညှိနှိုင်းပြီး ထွက်ခွာမည့်ဆဲဆဲတွင် ချန်ရှောက်ဟွာက အိတ်ဆောင်ကမ္ဘာမှ ထွက်ကာ သူ့အား လာရှာသည်။
“ဘာကိစ္စရှိလို့လဲ”
ချန်ရှောက်ဟွာက ဉီးစွာ တုံ့ဆိုင်းသွား၏။ ထို့နောက် သူက ပြန်ဖြေ၏ “ငါ မင်းနောက်လိုက်ချင်တယ်၊ ဆရာအဘိုး”
ထန်ရှု၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုက ထွက်ပေါ်လာပြီး သူက ချန်ရှောက်ဟွာအား ခဏလေ့လာလိုက်၏။ ထို့နောက် သူက မေးလိုက်သည် “ဘာလို့ မင်းက ငါ့နောက်လိုက်ချင်ရတာလဲ။ မင်းအနေနဲ့ အိတ်ဆောင်ကမ္ဘာမှာပဲ ကျင့်ကြံနေတာ မကောင်းဘူးလား။ ပြီးတော့ မင်းက အခြေတည်စိတ်ဝိညာဉ်အလယ်ဆင့်ကို ရောက်ရှိထားပြီးပြီ၊ ခြောက်လအတွင်းမှာ မင်းက နှောင်းပိုင်းအဆင့်ကိုတောင် ရောက်ရှိနိုင်တယ်။ ဆယ်နှစ်အောက်နဲ့ မင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်ချေရှိတယ်”
ချန်ရှောက်ဟွာက သူ့ရင်ဘက်အား လက်ညှိုးထိုးကာ အားတင်းပြုံးလိုက်သည် “အခုချိန်မှာ ငါ့ရဲ့ကျင့်ကြံခြင်းက အရမ်းအားကောင်းတယ်ဆိုတာ ငါ သိပါတယ်၊ ဂိုဏ်းချုပ်။ ဒါပေမယ့် တိုးတက်မှုမြန်လွန်းတာကြောင့် ငါ့ရဲ့အခြေခံအုတ်မြစ်က မတည်မငြိမ်ဖြစ်နေတာကို သတိပြုမိတယ်။ ဒါကြောင့် ငါ့ရဲ့စိတ်အခြေအနေကို ပြီးပြည့်စုံအောင်လုပ်ရင်း ဂိုဏ်းချုပ်နောက်လိုက်ချင်တာ။ အချိန်တန်ပြီလို့ ထင်တဲ့အခါ ဒီနေရာကို ပြန်လာမှာပါ”
စိတ်အခြေအနေလား။
ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်၏ “လက်ရှိအချိန်မှာ စိတ်အခြေအနေနဲ့ပတ်သက်တဲ့ပြဿနာတွေကို မင်းက အာရုံခံနိုင်တာလား”
“မှန်ပါတယ်…”ချန်ရှောက်ဟွာက ခေါင်းညိတ်ကာ ပြောလိုက်၏ “လေ့ကျင့်နေတဲ့အချိန်မှာ ငါ အမြဲတမ်း ကမောက်ကမဖြစ်သလို ခံစားရတယ်။ ငါ့ရဲ့စိတ်အခြေအနေအတက်အကျက များလွန်းတယ်၊ ကျင့်ကြံခြင်းမှာ အပြည့်အဝမနစ်မြုပ်နိုင်ဘူး။ ငါ လုပ်ချင်ရင်တောင် အခြေတည်စိတ်ဝိညာဉ်အလယ်ဆင့်စွမ်းအားကို အပြည့်အဝမဖော်ထုတ်နိုင်ဘူး”
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “ငါ သိပြီ။ အိတ်ဆောင်ကမ္ဘာကို ပြန်သွားပြီး နှစ်လပြည့်ရင် အခြားအသုတ်နဲ့ ချိန်းဖို့ နဂါးကိုးကောင်ကျွန်းကို ပြန်ဖို့ အခုရောက်လာတဲ့တပည့်ရှစ်ဆယ်ကျော်ကို အသိပေးလိုက်ပါ။ လူတိုင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မသွားဘဲ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာပဲ နေရမယ်လို့ သူတို့ကို ပြောပါ။ သူတို့တွေ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မချိုးဖြတ်ခင် ငါ သူတို့ကို စမ်းသပ်စစ်ဆေးမှုတစ်ခု ပေးမယ်”
“ဒါဆို ငါကရော၊ ဂိုဏ်းချုပ်”ချန်ရှောက်ဟွာက ထပ်မေးလိုက်၏။
ထန်ရှုက ရယ်ကာ ပြောလိုက်သည် “ကောင်းပါပြီ၊ ငါ့နောက်ကို လိုက်ရင်း လေ့ကျင့်နိုင်တယ်လို့ မင်း ထင်မှတော့ မင်း လိုက်လာနိုင်ပါတယ်။ ငါ မင်းကို ရှန်းဟိုင်မှာ စောင့်နေမယ်”
“နားလည်ပါပြီ…”ချန်ရှောက်ဟွာက အလွန်ဝမ်းသာသွား၏။ ထန်ရှုအား အရိုအသေပေးပြီးနောက် သူက အိတ်ဆောင်ကမ္ဘာဝင်ပေါက်သို့ ပြေးသွား၏။
ဤအချိန်တွင် ထန်ရှုက ဘယ်သူ့ကိုမှ မခေါ်လာပေ။ ထန်အန်းကိုပင် ထိုနေရာ၌ ကျင့်ကြံရန် ချန်ထားခဲ့သည်။
****
ရှုယန်မြို့၊ ဝမ်ရှင်းဟိုတယ်။
ဟိုတယ်ဝင်ပေါက်သို့ ရောက်လာပြီးနောက် လူများစွာက သူ့အား အာရုံစိုက်နေသည်ကို ထန်ရှုက အာရုံခံမိသည်။ သူ၏ထက်ရှသောအာရုံအရ သူတို့က တိုင်းပြည်သတင်းအချက်အလက်ဌာန၏အဖွဲ့ဝင်များဖြစ်ကြသည်ကို သူက ပြောနိုင်၏။
“ဟေး၊ မင်းတို့။ ဒီနေရာကို လာ”
မီတာအနည်းငယ်အကွာရှိ စုံတွဲတစ်တွဲပမာ ဟန်ဆောင်ထားသော အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်အား ထန်ရှုက လက်ဝှေ့ယမ်းပြလိုက်သည်။ ထိုနှစ်ယောက်က တုံ့ဆိုင်းသွားပြီးနောက် ထန်ရှုထံ လျှောက်လာ၏။
“ဘာကိစ္စရှိလို့လဲ”လူငယ်က မေး၏။
“သွမ်မုလင်ကို ဆက်သွယ်ဖို့ ငါ့ကို ကူညီပေးပါ”ထန်ရှုက ပြောလိုက်သည် “ငါ သူနဲ့ ဆွေးနွေးစရာရှိတယ်၊ ငါ့ကို ရှန်းဟိုင်က ထာဝရခန်းမမှာ စောင့်နေဖို့ သူ့ကို ပြော”
လူငယ်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ သူက ပြန်ပြောသည် “မင်း ဘာပြောနေတာနဲ့ ပတ်သက်ပြီး ငါ နားမလည်ဘူး၊ ဆရာ”
ထန်ရှုက သူ့သိုလှောင်လက်စွပ်မှ အစိမ်းရောင်စာအုပ်ငယ်အား တန်းထုတ်လိုက်သည်။ သူက ၎င်းအား ထိုလူနှစ်ယောက်ထံ ပြကာ မေး၏ “အခု ငါ ဘာပြောခဲ့တယ်ဆိုတာ မင်း သိပြီးလား”
“နားလည်ပါပြီ…”
စုံတွဲအဖြစ်ဟန်ဆောင်ထားသောအမျိုးသားနှင့်အမျိုးသမီးတို့က ကမန်းကတန်းခေါင်းညိတ်ကာ အရိုအသေပေးလိုက်၏။
ထန်ရှုက ခေါင်းခါယမ်းလိုက်ပြီး ဝမ်ရှင်းဟိုတယ်ထဲသို့ ဝင်ပြီးနောက် ပထမထပ်ရှိ ဧည့်ခန်းသို့ လျှောက်လာသည်။ ထိုနေရာရှိ ပင်ပန်းနွမ်းနွယ်နေသော အမျိုးသမီးအား ကြည့်ပြီးနောက် သူက ပြောလိုက်၏ “ငါ့ကို ကားသော့တစ်ခုပေးပါ”
ထန်ရှုအား မြင်သောအခါ အမျိုးသမီးက ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး လေးစားစွာ ပြန်ပြော၏ “ဘယ်ကားကို စီးချင်လဲ၊ သူဌေး။ ကားတွေအကုန်လုံးက နောက်ဖေးမှာ ရှိပါတယ်၊ ကြိုက်ရာကားသော့ကို သူဌေး ရွေးချယ်လို့ရပါတယ်”
“အနေခက်စရာမလိုဘူး။ နံရံတွေမှာ နားတွေရှိတာကြောင့် ဂရုစိုက်ပါ”ထန်ရှုက ပြောလိုက်၏။
“နားလည်ပါပြီ…”ဤသည်ကို ကြားပြီးနောက် အမျိုးသမီးက ပို၍ခွန်အားပြည့်ဝသွားပုံပေါ်သည်။
ထန်ဂိုဏ်းမှတစ်စုံတစ်ယောက်က ဝမ်ရှင်းဟိုတယ်ကို ဝယ်ခဲ့ပြီး ဤဟိုတယ်၏ယခင်ပိုင်ရှင်ပင် ဂိုဏ်း၏ထောက်လှမ်းရေးတစ်ယောက်ဖြစ်လာခဲ့သည်။ ထို့ပြင် လုံချွမ်မြို့ထဲရှိ ဖြစ်ရပ်ကြောင့် သူမက ထန်ရှု၏သရုပ်မှန်ကိုလည်း သိခဲ့ရ၏။
ထန်ရှုက ကြုံရာသော့တစ်ချောင်းကို ရွေးချယ်ကာ နောက်ဖေးကွက်လပ်သို့ လျှောက်သွား၏။ နောက်ဖေးတွင် အမှတ်တံဆိပ်အမျိုးမျိုးနှင့်ကားဒါဇင်ကျော်အား ပါကင်ထိုးထားသည်။ သူက သော့ပေါ်ရှိ ခလုတ်အား ဖိနှိပ်လိုက်သောအခါ မာစီးဒီးဘင့်ကားတစ်စီး၏အရှေ့မီးက လက်သွား၏။
“ရှန်းဟိုင်ကို တန်းသွားကြတာပေါ့”
မီးရထားသို့မဟုတ်လေယာဉ်ဖြင့်သွားရန် သူ့တွင် အစီအစဉ်မရှိပေ။ မကြာသေးခင်က ဂိုဏ်းသားများအား လေ့ကျင့်ရင်း သူက ကျင့်ကြံခြင်း၌ နစ်မြုပ်ခဲ့သည်။ ကျင့်ကြံခြင်းတွင် တိုးတက်မှုကြီးမားခဲ့သော်လည်း အနားယူရန် အလှည့်ကျသည်ကို သူက ကောင်းကောင်းသိ၏။ ထို့ကြောင့် ကားကို ကိုယ်တိုင်မောင်းရင်း ကိုယ့်ကိုယ်ကိုယ်အနားပေးရန် သူက တွေးထားခဲ့သည်။
အနောက်ပိုင်းဒေသက လှပသောရှုခင်းများရှိသော်လည်း လမ်းများက အဖုအထစ်များသည်။ သို့သော် မာစီးဒီးဘင့်ကား၏ကောင်းမွန်သောလက္ခဏာများကြောင့် သက်သောင့်သက်သာရှိသောခရီးတစ်ခုဖြစ်ခဲ့လေ၏။
“ဓာတ်ဆီဆိုင်တစ်ခုက်ု အမြန်ဆုံးရှာရမယ်…”
ဟာလာဂူမြို့သို့ သူ ရောက်လာချိန်တွင် ဒါက ထန်ရှုပထမဆုံးလုပ်သည့်အရာဖြစ်၏။