← Chapters

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ရဲ့ လုံးဝပြီးပြည့်စုံခြင်းအဆင့်

Vol. 59 Ch. 801

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ရဲ့ လုံးဝပြီးပြည့်စုံခြင်းအဆင့်

Vol. 59 Ch. 801

သူ့ရဲ့အိမ်ယာကို ပြန်ရောက်ပြီးနောက် လီဖူချန်းက သီးသန့်နေရာကို ချက်ချင်းသွားပြီး ထွန်းတောက်ဓားပညာရဲ့ဒုတိယဓားကွက်ကို နားလည်စေလိုက်တယ်။

နောက်ထပ် ရက်များစွာ .............

အိမ်ယာထဲမှာ ထွန်းတောက်ဓားအလင်းတစ်ခုက ကောင်းကင်ကို ထိုးတက်သွားတယ်။ ကြီးမားတဲ့အလင်းတောက်ပမှုတစ်ခုကို လေတိမ်မြို့အထက်မှာ မြင်နိုင်တယ်။

"ဒီဓားကွက်ကို အကန့်အသတ်မဲ့အလင်းတောက်ပခြင်းလို့ ခေါ်မယ်"

လီဖူချန်းက သူ့ဓားကို ဓားအိမ်ထဲ ထည့်လိုက်တယ်။ သူက အိမ်ယာအထက်မှာ ရပ်နေလေတယ်။

ရက်များစွာ ကျင့်ကြံပြီးနောက် နောက်ဆုံးတော့ သူက အံ့ဖွယ်သက်တံဓားပညာနဲ့ပတ်သက်ပြီးသူ့ရဲ့နားလည်မှုကို ထွန်းတောက်ဓားပညာထဲသို့ ပေါင်းစပ်နိုင်ခဲ့တယ်၊ အဲဒါက သူ့ကို ဒုတိယဓားကွက် အကန့်အသတ်မဲ့အလင်းတောက်ပခြင်းကို ဖန်တီးစေခဲ့တယ်။

ဒီဓားကွက်က ကြယ်ပျံကြွေဓားကွက်ထက် အဆများစွာ ပိုသန်မာပြီး မူလဘူတဓားထက်သာ နိမ့်ကျတယ်။

"သခင်လေး၊ တစ်ယောက်ယောက်က သခင်လေးကို မေးနေတယ်"

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်အပါအဝင် သူ့လက်အောက်ရှိငယ်သားတွေက လီဖူချန်းအတွက် အစေခံတွေ ဖြစ်လာကြတယ်။ လီဖူချန်းက သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်၊ သူက သူတို့ကို အချိန်နဲ့အမျှ လမ်းညွှန်မှုတွေ ပေးတယ်။

ဒီနေ့မှာတော့ သူတို့ထဲရှိတစ်ယောက်က သတင်းပို့လာတယ်။

"တစ်‌ယောက်ယောက်က ငါ့ကို တွေ့ချင်နေတာလား" လီဖူချန်းက သူ့ရဲ့လိပ်ပြာသိစိတ်အာရုံကို ထုတ်လွှတ်လိုက်တယ်။

မကြာခင်မှာပဲ သူက အိပ်ယာအပြင်ဘက်မှာ ဧည့်သည်ကို မြင်လိုက်ရတယ်။

ထူးခြားတဲ့အရှိန်အဝါနဲ့အတူ လူလတ်ပိုင်းတစ်ယောက်ဖြစ်တယ်။ လီကျန့်ရှင်းက ဒီလူနဲ့ အတော်လေးဆင်တယ်။

“

"လီကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်လား" လီဖူချန်းက ပြုံးလိုက်မိတယ်။

ဓားနတ်ဘုရားရဲ့သွေးမျိုးဆက်ကို လီကလန်ရဲ့အပြင်ဘက်မှာ အမွေဆက်ခံထားသလားကို လီကလန်က သံသယဖြစ်နေပုံရတယ်။

"သူ့ကို သွားတွေ့တာပေါ့လေ"

ဒါက နားလည်မှုလွဲမှားနေတာကို လီဖူချန်းက သိတယ်၊ သူက မဖြေရှင်းရင် ဒုက္ခကိုသာ ပိုဖြစ်စေလိမ့်မယ်။

"သူ့ကို ဧည့်ခန်းထဲကို ခေါ်လာပါ" လီဖူချန်းက ပြောလိုက်တယ်။

"နားလည်ပါပြီ" အစောင့်က ထွက်ခွာသွားတယ်။

ဧည့်ခန်းထဲမှာ လီကျန့်ဟွေက စိုးရိမ်တကြီး စောင့်နေတယ်။

လီကလန်က ကျဆင်းနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ၊ အခုထိတိုင် သူတော်စင်တစ်ယောက်မှ မရှိသေးပါဘူး။

လီကျန်ရှင်းတစ်ယောက်တည်းက လီကလန်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ဖော်ထုတ်နိုင်လိမ့်မယ်၊ ဒါပေမယ့် နောက်ထပ်လီဖူချန်းလည်း ရှိ‌နေရင် လီကလန်ရဲ့အဆင့်အတန်းက အရင်ကထက်တောင် ပိုမြင့်မားလာလိမ့်မယ်။ ဒါပေမယ့် လီဖူချန်းမှာ လီကလန်ရဲ့သွေးမျိုးဆက်ရှိဖို့တော့ လိုအပ်တာပေါ့။

မကြာခင်မှာ လီဖူချန်းက ဧည့်ခန်းမကို ရောက်ရှိလာတယ်။

"မင်း ဘယ်သူလဲကို ငါ သိလို့ရမလား" လီဖူချန်းက မေးလိုက်တယ်။

လီကျန့်ဟွေက ပြောလိုက်တယ်"ငါ့နာမည်က လီကျန့်ဟွေပါ၊ ငါက လီကလန်ရဲ့လက်ရှိခေါင်းဆောင် ဖြစ်တယ်။ အနေအထားအချို့ကို ရှင်းလင်းစေဖို့ ငါက ဒီကို လာတာပါ"

"ငါ့မှာ လီကလန်ရဲ့သွေးမျိုးဆက် ရှိမရှိကို သိချင်တာမလား" လီဖူချန်းရဲ့အမူအရာက ပြုံးနေသလို ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ ပြုံးနေတာ မဟုတ်ပြန်ရော။

လီကျန့်ရှင်းက အတော်လေး ရှက်ရွံ့နေပုံ ပေါ်တယ် ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ မီးတောက်တစ်ခုရှိနေတယ်"ငါတို့ရဲ့လီကလန်က ကျဆင်းနေတယ်ဆိုပေမယ့် သူတော်စင်ပညာရပ်တွေ များစွာ ကျန်ရှိသေးတယ်။ သခင်လေးဖူချန်းမှာ လီကလန်သွေးမျိုးဆက်ရှိရင် ထိုသူတော်စင်ပညာရပ်တွေက သခင်လေးအတွက် လုံးဝကို ဖွင့်ထားပေးပါ့မယ်။ သူတို့ကြားထဲမှာ ထိပ်တန်းအဆင့်ကောင်းကင်မျဉ်းဓားပညာလည်း ပါဝင်တယ်"

ကောင်းကင်မျဉ်းဓားပညာက နက်ပြာပလိန်းမှာ အလွန်အမင်းကျော်ကြားတဲ့ဓားပညာတစ်ခု ဖြစ်ပြီး အချုပ်အချယ်မဲ့ဓားပညာနဲ့အခြားဓားပညာအနည်းငယ်ထက်သာ နိမ့်ကျတယ်။

"သွေးမျိုးဆက်ကို စမ်းသပ်ဖို့ နည်းလမ်းတစ်ခုခုရှိလား" လီဖူချန်းက မေးမြန်းလိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ လီကျန့်ဟွေက သွေးကျောက်စိမ်းတစ်ခုကို ထုတ်လိုက်တယ်။ ဒါက လီကလန်ရဲ့ သွေးမျိုးဆက်ကျောက်တုံးပဲဖြစ်တယ်။ မင်းမှာ လီကလန်ရဲ့သွေးမျိုးဆက်ရှိရင် မင်းရဲ့သွေးစက် ဒီအပေါ်ကျတာနဲ့ သွေးမျိုးဆက်ကျောက်တုံးက တောက်ပပါလိမ့်မယ်"

" ကောင်းပြီလေ"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ သွေးတစ်စက်က သွေးမျိုးဆက်ကျောက်တုံးပေါ်ကို ကျသွားတယ်။

သွေးမျိုးဆက်ကျောက်တုံးမှ ဘာတုံ့ပြန်မှုတစ်ခုမှ မရှိပါဘူး။

"ကြည့်ရတာ ငါ့မှာ လီကလန်ရဲ့သွေးမျိုးဆက် မရှိဘူးပဲ" လီဖူချန်းက ဆိုတယ်။

လီကျန့်ဟွေ့က ဝမ်းနည်းစွာ ပြောလိုက်တယ်"ဟုတ်တယ်၊ မင်းမှာ လီကလန်ရဲ့သွေးမျိုးဆက် မရှိဘူး"

တုံ့ဆိုင်းမှုအချို့ရှိပြီးနောက် လီကျန့်ဟွေက ခေါင်းမော့ကာ ပြောလိုက်တယ်"လီကလန်က သခင်လေးဖူချန်းနဲ့ အပေးအယူတစ်ခုလုပ်ဖို့ ဆန္ဒရှိတယ်၊သခင်လေးဖူချန်းကရော ကြားချင်သလားပေါ့"

"ပြောကြည့်လေ"လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

"ဓားနတ်ဘုရားက လီကလန်ရဲ့သမိုင်းမှာ အသန်မာဆုံးဆိုတာကို သခင်လေးဖူချန်းလည်း သိမှာပါ။ သူက သူတော်စင်ပညာရပ်တွေများစွာ ချန်ထားခဲ့ပြီး အကောင်းဆုံးကတော့ ကောင်းကင်မျဉ်းဓားပညာပဲ ဖြစ်တယ်။ ဒါပေမယ့် အဆုံးစွန်းတာအိုဓားဖြစ်တဲ့ကောင်းကင်မျဉ်းဓားကို သုံးမှသာ ကောင်းကင်မျဉ်းဓားပညာက သူ့ရဲ့အသန်မာဆုံးစွမ်းအားကို ဖော်ထုတ်နိုင်တာကို လူအနည်းငယ်ကသာ သိတယ်"

"အထူးသဖြင့် ကောင်းကင်မျဉ်းဓားက ကောင်းကင်မျဉ်းဓားပညာကျင့်ကြံခြင်းရဲ့အခက်အခဲတွေကို လျော့ကျစေဖို့ ဂျူနီယာတွေကို ကူညီပေးနိုင်တယ်။ ဒါပေမယ့် လီကလန်ရဲ့အရင်မျိုးဆက်က အရည်အချင်းမရှိဘူး။ လွန်ခဲ့တဲ့နှစ်ရှစ်ရာခန့်က ကောင်းကင်မျဉ်းဓားကို မီးနဂါးကျွန်းပေါ်မှာ ဆုံးရှုံး စေခဲ့ပြီး အဲကတည်းက ဘာသတင်းမှ မကြားရတော့ဘူး။ သခင်လေးဖူချန်းက မီးနဂါးကျွန်းကို သွားပြီး ကောင်းကင်မျဉ်းဓားကို ရှာဖွေပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ့လီကလန်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးကို အရင်ပေးဖို့ ဆန္ဒရှိပါတယ်။ သ‌ခင်လေးဖူချန်းက ကောင်းကင်မျဉ်းဓားကို တွေ့ပြီး ပြန်ယူလာပေးနိုင်ရင် ငါ့လီကလန်က သခင်လေးကို ကောင်းကင်မျဉ်းဓားပညာစာအုပ်ကို တစ်နှစ်ငှားရမ်းပေးနိုင်ပြီး နောက်ထပ်အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးကိုလည်း ပေးမှာပါ"

လီကျန့်ဟွေက အပေးအယူနဲ့ပတ်သက်ပြီး အသေးစိတ်ပြောလိုက်တယ်။

"အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးလား။ ကောင်းကင်မျဉ်းဓားပညာလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်၊ ဒီဆုက အတော်လေးများပြားလှပါတယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေက သူတော်စင်တွေကတောင် အကြီးအကျယ်လိုအပ်တဲ့အရာတွေ ဖြစ်တယ်။ ပြီးတော့ ကောင်းကင်မျဉ်းဓားပညာက လီကလန်ရဲ့အရေးကြီးဆုံးပစ္စည်းဖြစ်တယ်။ သူတို့က အဲဒါကို တစ်ယောက်ကိုမှ ငှားရမ်းခွင့်ပြုခဲ့တာ မဟုတ်ပါဘူး။

"ဘာလို့ မင်းက ငါနဲ့ အပေးအယူ လုပ်ချင်ရတာလဲ။ ငါ့ထက်သန်မာတဲ့အခြားသူတွေ အများကြီး ရှိပါတယ်" လီဖူချန်းက မေးလိုက်တယ်။

လီကျန့်ဟွေက ပြုံးက ပြောလိုက်တယ်"ငါတို့က သူတော်စင်တစ်ယောက်ကို ဖိတ်ခေါ်ရင် တန်ဖိုးက ကြီးမားလိမ့်မယ်။ ဒါ့ပြင် ကောင်းကင်မျဥ်းဓားမှာ စိတ်ဝိညာဉ်တစ်ခုရှိပြီး သာမန်လူတစ်ယောက်ကို ထိတွေ့ခွင့် မပြုဘူး။ ပြီးတော့ သူ‌တော်စင်က ကောင်းကင်မျဉ်းဓားကို လိုချင်တပ်မက်မှာကို ငါတို့က စိုးရိမ်တယ်"

ကောင်းကင်မျဉ်းဓားက သာမန်အဆုံးစွန်းတာအိုဓားတစ်လက်မဟုတ်ပါဘူး။ အဲဒါက ထိပ်တန်းအဆင့်အဆုံးစွန်းတာအိုဓားတစ်လက်ဖြစ်ပြီး အဖိုးမဖြတ်နိုင်ပါဘူး။

"ငါရော လိုချင်မှာကို မင်းတို့က မစိုးရိမ်ဘူးလား" လီဖူချန်းက ရယ်လိုက်တယ်။

လီကျန့်ဟွေက ‌လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်" ငါ သူတော်စင်တစ်ယောက်ကို မယုံကြည်ဘူး၊ ဒါပေမယ့် သခင်လေးဖူချန်းကို ယုံတယ်။ သခင်လေးဖူချန်းက သူ့စကားကိုသူ မလိုက်နာတဲ့ သူမျိုးဆိုရင် ဒီအဆင့်ထိ ရောက်ရှိလာနိုင်မှာ မဟုတ်ဘူးလေ"

"ကောင်းပြီ၊ လီကလန်က ငါ့ကို ယုံကြည်မှတော့ ငါ လီဖူချန်းက မီးနဂါးကျွန်းကို ခရီးထွက်ရတော့မှာပေါ့"

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးက သူ့အနေနဲ့ အကြိုသူတော်စင်အဆင့်ကို ရောက်ရှိစေဖို့ လုံ‌လောက်တယ်။ လီဖူချန်းက နှေးနှေးလေး ကျင့်ကြံနေရင် အကြိုသူတော်စင်တစ်ယောက်ဖြစ်လာဖို့ သူ အချိန်ဘယ်လောက်တောင် လိုသလဲကို မသိနိုင်ပါဘူး။

"ဒါဆိုရင် လီကလန်က သခင်လေးဖူချန်းကို အရင်ဦးဆုံး ကျေးဇူးတင်ပါတယ်။ ဒါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးပါ"

လီကျန့်ဟွေက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးကို ထုတ်ကာ လီဖူချန်းကို ကမ်းပေးလိုက်တယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို လက်ခံပြီးနောက် လီဖူချန်းက ဘာမှမလုပ်မှာကို သူက မစိုးရိမ်ပါဘူး။

သိုင်းတာအိုကို အမြဲမပြတ် လျှောက်လမ်းနေတဲ့ လူတစ်ယောက်အနေနဲ့ သူတို့က ကတိကို အရေးကြီးဆုံးလို့ ရှုမြင်ထားတယ်။ တစ်ယောက်ယောက်က ကတိ‌ကို ဖောက်ဖျက်ခဲ့ရင် သူ့ရဲ့သိုင်းတာအိုရဲ့တိုးတက်မှုကို အကြိီးအကျယ် အကျိုးသက်ရောက်ပါလိမ့်မယ်။

လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးကြောင့် ကတိကို ချိုး‌ဖျက်ခဲ့ရင် သူက ခန့်မှန်းမှုမှားယွင်းခဲ့တယ်လို့ပဲ ဆုံးဖြတ်ရမှာပါ။

အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို လက်ခံပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"နှစ်ဝက်ကျရင် ငါက မီးနဂါးကျွန်းကို သွားမယ်"

လီဖူချန်းက သူ့ကတိကို မချိုးဖျက်ဘူးဆိုတာ သိသာတယ်။ သူက တစ်ဘက်လူရဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို လက်ခံထားမှတော့ ကံကြမ္မာကို လက်ခံထားတာနဲ့ တူတူပါပဲ။ ကံကြမ္မာက ပြောင်းပြန်ဖြစ်သွားရင် အဲဒါက သူ့ရဲ့ဓားတာအိုတိုးတက်မှုကို ဆိတ်သုန်းသွားစေပါလိမ့်မယ်။

လီကျန့်ဟွေထွက်သွားပြီးနောက် လီဖူချန်းက အိမ်ယာထဲကို ပြန်လာတယ်။ သူ့စိတ်ထဲကနေ သူက ပြောလိုက်တယ်"မီးနဂါးကျွန်းက ပျော်စရာကောင်းတဲ့နေရာတစ်ခု မဟုတ်ဘူး။ တစ်ချိန်က တိုင်ယန်သားရဲမီးနဂါးမျိုးနွယ်စုရဲ့ပိုင်နက်ဖြစ်ခဲ့တယ်။ မီးနဂါးမျိုးနွယ်စု အဲ့နေရာမှ ပြောင်းရွှေ့ပြီးနောက်မှသာ နတ်ဆိုးသားရဲအရှင်သခင်တွေနဲ့လူသားသူတော်စင်တွေက အမြဲလိုလို စူးစမ်းရှာဖွေ‌လာကြတာ။ စူးစမ်းရှာဖွေနေစဥ်အတွင်း သတ်ဖြတ်ခြင်းတွေ ဖြစ်တာက ပုံမှန်ပဲ။ ငါက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တွေနဲ့အဆင့်နိမ့်သူတော်စင်တွေကို ကြောက်စရာမလိုဘူး၊ အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်တွေနဲ့ ရင်ဆိုင်ရရင်တောင် ငါက ဒဏ်ရာမရဘဲ လွတ်‌မြောက်ဖို့ ယုံကြည်တယ်၊ ဒါပေမယ့် အဲဒါက အလွန်အန္တရာယ်များနေတုန်းပဲ"

ဒါက သူဘာကြောင့် မီးနဂါးကျွန်းကို ချက်ချင်း မသွားရတဲ့အကြောင်းပဲ ဖြစ်တယ်။သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို သုံးပြီး သူ့ရဲ့ကျင့်ကြံခြင်းကို တိုးတက်စေချင်သေးတယ်။

"ငါက ငါ့ရဲ့ချီကျင့်ကြံမှုကို ဘေးမှာထားပြီး ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားကို အရင် တိုးမြှင့်ရမယ်"

လီဖူချန်းက သူ့ရဲ့ချီကျင့်ကြံခြင်းကို တိုးမြင့်ဖို့ အစီအစဉ်မရှိပါဘူး၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေက မလုံလောက်ဘူးကို သူ သိနေတယ်လေ။

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အဆင့်၉အထွတ်အထိပ်အခြေအနေမှ အကြိုသူတော်စင်အထိ တိုးတက်ဖို့က တစ်ဆင့်သာ ရှိတယ်ဆိုပေမယ့် လိုအပ်တဲ့စွမ်းအင်ပမာဏကတော့ အလွန်အံ့သြမှင်တက်စရာတွေကြီးပါပဲ။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အဆင့်၉အထွတ်အထိပ်အခြေအနေရဲ့ချီပမာဏက ရေတစ်ခွက်ဆိုရင် အကြိုသူတော်စင်ရဲ့ချီပမာဏက ရေတစ်အိုးပါပဲ။ ပမာဏဖြစ်ဖြစ်၊ အရည်အသွေးဖြစ်ဖြစ် သူတို့က ခြားနားတဲ့အဆင့်မှာ ရှိနေတယ်။

လီဖူချန်းရဲ့လက်ရှိခန္ဓာကိုယ်အပြင်အားအဆင့်က ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်အလယ်အခြေအနေကို ရောက်နေတာကြောင့် နှိုင်းဆရင်တော့ ခန္ဓာကိုယ်အပြင်အားအဆင့်ကို တိုးမြှင့်ဖို့ အခက်အခဲက ပိုသေးငယ်တာပေါ့။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်နဲ့ သိပ်မဝေးဘူးလေ။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးက လုံလောက်ပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်အပြင်အားအကြိုသူတော်စင်တစ်ယောက်ဖြစ်ဖို့က ဝေးကွာလွန်းနေတယ်လေ။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးဆယ်တောင် လုံလောက်မှာ မဟုတ်ပါဘူး။

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်၊ အလယ်အခြေအနေအထွတ်အထိပ်။

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်၊ နှောင်းပိုင်းအခြေအနေ။

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်၊ နှောင်းပိုင်းအခြေအနေအထွတ်အထိပ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးကို သုံးပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားအဆင့်က ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်နှောင်းပိုင်းအခြေအနေအထွတ်အထိပ်ကို ရောက်ရှိလာပါတယ်။ သူက ဥပဒေသနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်မှ တစ်ဆင့်သာ ကွာဝေးတော့တယ်။

လီဖူချန်းက ခါးသီးစွာ ရယ်လိုက်တယ်"နတ်ဘုရားလက်မှာ ကြောက်စ‌ရာကောင်းတဲ့ချီစွမ်းအား ရှိတယ်၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးက အဆင့်တစ်ဝက်လောက်ကို ဖြတ်ကျော်ဖို့ မလုံလောက်ပါဘူး။ ဒါတောင် လလက်မှာပဲ ရှိသေးတာ။ ကြယ်လက်သာဆိုရင် လိုအပ်တဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးပမာဏက နှစ်ဆဖြစ်လာလိမ့်မယ်"

သူ့ရဲ့ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်မှုတစ်ခုမှ မရှိဘူးဆိုရင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါက လီဖူချန်း မြင်ချင်တဲ့ဟာမျိုး မဟုတ်ပါဘူး။

ကောင်းကင်သို့ ပျံသန်းပြီးနောက် လီဖူချန်းက မိုးကြိုးအလွှာနဲ့အပူအလွှာကို ထပ်မံရောက်သွားတယ်။

လာမဲ့အချိန်အပိုင်းအခြားအတွက် သူ့ရဲ့ချီစွမ်းအားကို ဒီနေရာမှာ နေ့တိုင်း ခိုင်မာတိုးတက်စေဖို့ သူက စီစဉ်ထားတယ်။

လဝက်ခန့်........

တစ်လ........

နှစ်လ.........

နှစ်လကြာပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားတယ်။

သူ့ရဲ့အသားက ပြန်လည်ဖွဲ့စည်းနေပြီး သူ့ရဲ့ခန္ဓာကိုယ်ခိုင်မာကြမ်းတမ်းမှုက ချက်ချင်း တိုးလာတာကို လီဖူချန်းက ခံစားရတယ်။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိဥပဒေသစက်ကွင်းက အကြီးအကျယ် တိုးမြင့်လာတယ်။ ကြယ်အင်မော်တယ်ခန္ဓာကိုယ်က အလယ်အလတ်အခြေအနေမှာ ရှိသေးတယ်၊ ဒါပေမယ့် အလယ်အလတ်အခြေအနေအထွတ်အထိပ်မှာပါ။ သူ့ရဲ့ခန္ဓာကိုယ်က သံမဏိအလား ဖြစ်ပြီး သူ့ရဲ့ဆံပင်က‌တောင် အလွန်ခံနိုင်ရည်ရှိတယ်။ လက်နက်တွေက သူ့ကို မနာကျင်နိုင်ဘူး၊ အခု အလယ်ဆင့်နတ်ဆိုးသားရဲအရှင်တစ်ကောင်နဲ့တောင် ယှဉ်ပြိုင်နိုင်ဖို့ သူက ယုံကြည်ချက်ရှိတယ်။ အနည်းဆုံးတော့ သူ့ကို တစ်ချက်တည်းနဲ့ မဖျက်ဆီးနိုင်ပါဘူး။

"စိတ်မကောင်းစရာတစ်ခုက အခုထိ ငါက နေလက်ကို မရောက်နိုင်သေးတာပဲ။ ငါသာ နေလက်ကို ရောက်ရှိရင် အလယ်ဆင့်နတ်ဆိုးသားရဲတွေက ဘာမှမဟုတ်တော့ဘူး"

နတ်ဘုရားလက်က စကြာဝဠာရဲ့အသန်မာဆုံးနဲ့ကြောက်စရာအကောင်းဆုံးနည်းစနစ်တစ်ခုဆိုတာ သေချာပါတယ်။ ကြယ်လက်၊ လလက်နဲ့ နေလက်တို့က ကောင်းကင်အဆင့်မြင့်သာ ဖြစ်နိုင်ပေမယ့် စွမ်းအားအားဖြင့် ကြယ်လက်က အဆုံးစွန်းနဲ့နီးကပ်တဲ့ချီသိုင်းပညာတစ်ခုနဲ့ တူတယ်။ လလက်ကတော့ အဆုံးစွန်းနဲ့ အကန့်အသတ်မရှိနီးကပ်နေတဲ့ ချီသိုင်းပညာတစ်ခု ဖြစ်လောက်တယ်။ နေလက်ကတော့ သာမန်အဆုံးစွန်းသိုင်းပညာတစ်ခု ဖြစ်သင့်တယ်။

နတ်ဘုရားလက်က ခန္ဓာကိုယ်အပြင်အားနည်းစနစ်တစ်ခု ဖြစ်တာကြာင့် အဲဒါက တိုက်ခိုက်ရေးစွမ်းအားကို တိုးစေသလို ချီစွမ်းအားကိုလည်း တိုးစေတယ်။ လီဖူချန်းက နေလက်ကို ရောက်ရှိသွားတာနဲ့ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားက သူ့ရဲ့ဓားတာအိုခွန်အားကို သေချာပေါက် ဖြတ်ကျော်သွားပါလိမ့်မယ်။

***

All Chapters