← Chapters

မီးနဂါးကျွန်း

Vol. 59 Ch. 802

မီးနဂါးကျွန်း

Vol. 59 Ch. 802

သုံးလကျော်ပြီးနောက် လီဖူချန်းက မီးနဂါးကျွန်းဆီ စတင်ခရီးနှင်လိုက်တယ်။

ယခု သူ့ခွန်အားက ဒီအဆင့်အထိ ရောက်လာပြီးဆိုတော့ နောက်ထပ်တိုးတက်ဖို့က တကယ်ကို ခက်ခဲလွန်းတယ်လေ။

ပြီးတော့ သူ့ရဲ့လက်ရှိအစည်းအရုံးမှတ်နဲ့ စာကြည့်တိုက်ထဲမှာ ဘာမှလုပ်လို့မရပါဘူး။ ထွန်းတောက်ဓားပညာဒါမှမဟုတ်မူလအဆုံးစွန်းဓားပညာတို့ရဲ့တတိယဓားကွက်ကို ဖန်တီးဖို့က မလွယ်ကူပါဘူး၊ ပြီးတော့ သူ့ရဲ့ကျန်ရှိနေတဲ့အစည်းအရုံးမှတ်တွေကလည်း အခြေခံအားဖြင့် မလုံလောက်ဘူးလေ။

…

ကျယ်ပြန့်တဲ့ပင်လယ်ပြင်ပေါ်မှာ  ဓားအလင်းတွေက အလွန့်အလွန်အရှိန်တစ်ခုနဲ့ ပျံသန်းနေလေတယ်။

ပင်လယ်အထက်ရာသီဥတုက ဘယ်အချိန်မဆို ပြောင်းလဲနိုင်ပါတယ်။ ကောင်းကင်ရှိ ရာသီဥတုက ရှင်းနေတာလဲ ရှိတယ်၊ နောက်တစ်ခုကျတော့ တိမ်မည်းညိုတွေက ပျံ့နှံ့နေတာမျိုးပေါ့။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး တိမ်မည်းညိုတွေကနေ မိုးခြိမ်းသံတွေကို ကြားရနိုင်တယ်။ တိမ်မည်းညိုတွေအောက်မှာ ရေဆင်နှာမောင်းတွေ ရှိပြီး သူတို့က တိမ်မည်းညိုတွေနဲ့ ပေါင်းစပ်ကာ ‌ရစ်‌ခွေနေတဲ့ရေတိုင်လုံးတွေ ဖြစ်လာတယ်။ ရေတိုင်လုံးအချို့က အထူအားဖြင့် မိုင်အနည်းငယ်သာ ရှိတယ်၊ ဒါပေမယ့် အချို့က အထူအားဖြင့် မိုင်ရာခန့်ရှိတယ်။ ရေတိုင်လုံးက ပိုထူလေလေ ရစ်ခွေနေတဲ့အရှိန်က ပိုမြန်လေလေပါပဲ၊ ပြီးတော့ သူတို့မှာ ကြမ်းတမ်းတဲ့ရေတာအိုဥပဒေသနဲ့လေတာအိုဥပဒေသတွေ ပါဝင်တယ်။

"မဟာဧကရာဇ်တစ်ယောက် ဝင်လာရင်တောင် သေဘေးအန္တာရယ်နဲ့ ကြုံတွေရလောက်တယ်"

လီဖူချန်းရဲ့လက်ရှိခွန်အားအရ သူက ရေတိုင်လုံးတွေနဲ့ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူး။ ဓားအလင်းတစ်လျှပ်နဲ့အတူ သူက  ရေတိုင်လုံးတွေကို အတားအဆီးမရှိ ဖြတ်ကာ သွားတယ်၊ လမ်းကြောင်းကို တည့်မတ်စွာ ခရီးနှင်လေတယ်။

"ဘယ်သူက ငါ၊ ကန့်လန့်သွားဧကရာဇ်ကို နှောက်ယှက်ရဲတာလဲ" ကိုယ်ထည်ကြီးမားတဲ့ငွေရောင်ဂဏန်းတစ်ကောင်က ပင်လယ်မှ ထွက်လာတယ်။

ဒီငွေရောင်ဂဏန်းတစ်ကောင်ကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့စိတ်တန်ခိုးစွမ်းအားက ဖိနှိပ်ထားတာကြောင့် သူ့ရဲ့အရွယ်အစားက နတ်ဆိုးသားရဲမင်းတွေထက်တောင် ပိုသေးငယ်ပါတယ်။ သူ့ရဲ့ဧရာမလက်မရဲ့ကြုံသလိုဝှေ့ယမ်းမှုက မိုင်အနည်းငယ်ခန့်အထူရှိတဲ့ ရေတိုင်လုံးတစ်ခုကို ပေါက်ကွဲထွက်သွားစေတယ်။

"အဆင့်နိမ့်တိုင်ယန်သားရဲ" လီဖူချန်းက အတော်လေး အံ့အားသင့်သွားတယ်။

စောစောပိုင်းတုန်းက ပင်လယ်ပြင်ပေါ်က မုန်တိုင်းကို ဖြစ်စေတာ နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ဆိုတာကို လီဖူချန်းက သိပြီးသားပါ၊ ဒါပေမယ့် သူက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ မစစ်ဆေးခဲ့ပါဘူး။ ပြီးတော့ သူက သူ့ရဲ့လိပ်ပြာသိစိတ်အာရုံကို သုံးတဲ့အခါ တစ်ဘက်က သူ့ကို သေချာပေါက် သတိပြုမိသွားပါလိမ့်မယ်။

"ဟမ်၊ လူသားကောင်လေး၊ မင်းက သူတော်စင်တစ်ယောက်တောင် မဟုတ်သေးဘဲနဲ့ ငါ၊ ကန့်လန့်သွားအရှင်သခင်ကို နှောက်ယှက်ရဲတယ်ပေါ့လေ။ မင်းရဲ့အသက်ကို မြန်မြန်ပေးစမ်း"

ငွေရောင်ဂဏန်းက ဒီပင်လယ်ပိုင်နက်မှာ ကျော်ကြားတဲ့ ကန့်လန့်သွားအရှင်သခင်ပါပဲ။ သူက အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်တဲ့ဖရိုဖရဲမူလငွေဂဏန်းပဲ ဖြစ်တယ်။ သူက အမြဲတမ်း မာနကြီးပြီး လီဖူချန်းကို သူ့စိတ်ထဲတောင် မထည့်ပါဘူး။ လီဖူချန်းအသာထား၊ အဆင့်နိမ့်သူတော်စင်တစ်ယောက်ဆိုရင်တောင် သူက ထိုသူတော်စင်ကို သင်ခန်းစာ ပေးရပါလိမ့်မယ်။

"ငါက ဖြတ်သွားရုံပါပဲ၊ ငါ့အသက်ကို ပေးရလောက်တဲ့ထိ လိုတယ်လို့တော့ ငါ မထင်ဘူး" လီဖူချန်းက သူ့ရဲ့အရှိန်ကို မလျော့ပါဘူး။

"မင်း နေရလိမ့်မယ်"

ကန့်လန့်သွားအရှင်သခင်ရဲ့ခြေရှစ်ချောင်းက လျင်မြန်စွာ ရွေ့လျားနေတယ်။ သူ့ရဲ့အရှိန်က မြန်လွန်းတာကြောင့် ရုတ်ချည်းနေရာရွှေ့ပြောင်းခြင်းနဲ့တောင် တူတယ်။ သူက လီဖူချန်းအောက်ကို ရောက်ရှိလာပြီး သူ့ရဲ့ဧရာမလက်မတွေနဲ့ အပေါ်ကို ညှပ်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။

ဖြောက်........

ကြီးမားတဲ့ငွေရောင်လက်မတစ်ချောင်းက ဟင်းလင်းပြင်မှာ အပေါက်တစ်ခုကို ဖြတ်တောက်လိုက်တယ်။

"အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်က တကယ်ကို မယုံနိုင်စရာပဲ"

အရွယ်ရောက်အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်က အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်ထက် ပိုသန်မာတယ်။ သူက အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်နဲ့တောင် ခွန်အားချင်း နီးကပ်နေတယ်။

"ကြယ်ပျံကြွေဓားကွက်"

ထွန်းတောက်ဓားအလင်းက ကောင်းကင်မှ ဆင်းသက်လာတယ်၊ ကန့်လန့်ဖြတ်အရှင်သခင်ကို တိုးဝင်လာပြီး ပင်လယ်ထဲကို လွင့်ထွက်သွားစေတယ်။

ကန့်လန့်သွားအရှင်သခင်က ထပ်မံမပေါ်ထွက်ခင် လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်လိုက်တယ်၊ ပြီးနောက် သူက အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတယ်။

ဗွမ်း..........

လှိုင်းကြီးတစ်ခု ဖြစ်သွားတယ်၊ ကန့်လန့်သွားအရှင်သခင်က ပငမလယ်ရဲ့မျက်နှာပြင်မှ ထွက်ပေါ်လာတယ်။

သူ့ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေတော့ မရှိပါဘူး၊ ငွေရောင်အခွံက တောက်ပနေလျက်ပါပဲ။

"ဒီလူသား ဘယ်ရောက်သွားတာလဲ" ကန့်လန့်သွားအရှင်သခင်က သူ့ရဲ့လိပ်ပြာသိစိတ်အာရုံကို သုံးပြီး ရှာဖွေဖို့ ကြိုးစားလိုက်တယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ချီတည်ရှိမှုနဲ့တည်နေရာကို တွေ့ဖို့က မဖြစ်နိုင်ပါဘူး။

…

မီးနဂါးကျွန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့တောင်ဘက်မိုင်ဘီလီယံအကျော်မှာ တည်ရှိတာပါ။  ဒီနေရာကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ပိုင်ဆိုင်သေးတယ်ဆိုပေမယ့် သူတော်စင်တွေလွဲပြီး တစ်ယောက်ကမှ ဒီနေရာမှာ မနေရဲပါဘူး။

"အသင်္ချေအဆိပ်သူတော်စင်၊ ဓားဘုရားသခင်ရဲ့ကောင်းကင်မျဉ်းဓားက မီးနဂါးကျွန်းပေါ်မှာ ရှိတာ မင်း သေချာလို့လား"

မီးနဂါးကျွန်းရဲ့မနီးမဝေးကျွန်းတစ်ခုပေါ်မှာ ပုံရိပ်နှစ်ခုက လေထဲမှာ ရပ်နေတယ်။ စကားပြောနေတဲ့သူက တစ္ဆေမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မကောင်းတဲ့ချီတည်ရှိမှုတစ်ခု ရှိတယ်။

"တစ္ဆေဓားသူတော်စင်၊ ငါ၊ အသင်္ချေအဆိပ်သူတော်စင်က မင်းတစ်ယောက်ကိုတော့ မလိမ်ရဲပါဘူး။ ကောင်းကင်မျဉ်းဓားက ထိပ်တန်းအဆင့်အဆုံးစွန်းတာအိုဓားတစ်လက်ဖြစ်တယ်။ အဲဓားက လက်ရှိမှာ မီးနဂါးကျွန်းရဲ့မီးမျောက်ဝံပိုင်နက်ထဲမှာ ရှိတယ်။ အလယ်ဆင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အား မရှိရင် ကောင်းကင်မျဉ်းဓားကို ယူဖို့မပြောနဲ့ မီးမျောက်ဝံရဲ့ပိုင်နက်ကို ဝင်ဖို့တောင် ခက်ခဲတယ်"

အသင်္ချေအဆိပ်သူတော်စင်က ခရမ်းနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူအိုကြီးတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့မျက်လုံးတွေမှာ စိမ်းဖန့်ဖန့်ဖြစ်ပြီး သူ့ရဲ့အရေပြားက ခရမ်းရောင်အနေအထား ရှိတယ်။ တစ္ဆေဓားသူတော်စင်ကတော့ ကောင်းကင်‌ဖောက်အဖွဲ့ရဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်ဖြစ်ပြီး အလွန်အားကောင်းတယ်။ အဆင့်မြင့်သူတော်စင်တစ်ယောက်တောင် သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။

"မီးမျောက်ဝံတွေလား"  တစ္ဆေဓားသူတော်စင်က အတွေးနက်သွားတယ်။

မီးမျောက်ဝံတွေက တိုင်ယန်သားရဲတွေ မဟုတ်သလို မီးနဂါးတွေလို ကြောက်စရာကောင်းတဲ့ခွန်အားလည်း မရှိပါဘူး၊ ဒါပေမယ့် မီးမျောက်ဝံတွေမှာ အားကောင်းတဲ့သူတွေ မရှိဘူးလို့လည်း မဆိုလိုပါဘူး။ မီးနဂါးတွေက အထွတ်အထိပ်အဆင့်တိုင်ယန်သားရဲမီးမျက်လုံးတိုင်ယန်မျောက်ဝံတွေရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြတယ်။ မီးမျက်လုံးတိုင်ယန်မျောက်ဝံရဲ့သွေးမျိုးဆက်ကို အသက်သွင်းတာနဲ့ မီးမျောက်ဝံတွေက အလယ်ဆင့်တိုင်ယန်သားရဲဖြစ်တဲ့ ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံအဖြစ်သို့ ပြောင်းလဲနိုင်ပါတယ်။ လက်ရှိအချိန်မှာ မီးမျောက်ဝံတွေက ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံတစ်ကောင်ကိုသာ ပိုင်ဆိုင်ပေမယ့် အဲတစ်ကောင်က ထိပ်တန်းအဆင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားကို ပိုင်ဆိုင်ထားပါတယ်။

ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံအပြင် မီးမျောက်ဝံတွေကြားမှာ နတ်ဆိုးသားရဲအရှင်သခင်တွေများစွာ ရှိပါတယ်။ သူတို့အများစုက အဆင့်နိမ့်အရှင်သခင်တွေ ဖြစ်ကြပေမယ့် သူတို့အတူတကွပေါင်းစည်းချိန်မှာ‌တော့ ဘယ်သူ့ကိုမဆို ခြိမ်းခြောက်ဖို့လုံလောက်ပါတယ်။

"တစ္ဆေဓားသူတော်စင်၊ ငါက ကောင်းကင်မျဉ်းဓားရဲ့သတင်းအချက်အလက်ကိုတော့ မင်းကို ပြောပြီးပြီ။ သွားမသွားကတော့ မင်းရဲ့သဘောပဲ" အသင်္ချေအဆိပ်သူတော်စင်က ပြောတယ်။

တစ္ဆေဓားသူတော်စင်က ပြတ်သားစွာ ပြောလိုက်တယ်"မီးမျောက်‌ဝံတွေနဲ့ တိုက်ခိုက်ရမယ်ဆိုရင် ငါက ချက်ချင်း ထွက်လာရလိမ့်မယ်။ ဒါပေမယ့် ခိုးဝင်ပြီး ကောင်းကင်မျဉ်းဓားကို ယူဖို့ဆိုရင်တော့ ငါက ယုံကြည်ချက်ရှိတယ်။ မစိုးရိမ်ပါနဲ့၊ မင်းရဲ့သတင်းက တိကျရင် ကောင်းကင်ဖောက်အဖွဲ့နဲ့ ပူးပေါင်းဖို့ ငါ မင်းကို ထောက်ခံပေးမယ်။ အကြီးအကဲခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အထိ ငါ မင်းကို ထောက်ခံချက်တစ်ခု ပေးမယ်"

ဒီဓားက ထိပ်တန်းအဆင့်အဆုံးစွန်းတာအိုဓားဖြစ်တယ်။  အလယ်ဆင့်သူတော်စင်တစ်ယောက်အနေနဲ့ တစ္ဆေဓားသူ‌တော်စင်ရဲ့ဓားက တတိယအဆင့်အဆုံးစွန်းတာအိုဓားဖြစ်ပြီး နှိုင်းယှဉ်ဖို့က မဖြစ်နိုင်ပါဘူး။

တစ္ဆေဓားသူ‌တော်စင်က ကောင်းကင်မျဉ်းဓားကို ရယ်ဆိုရင် ထိပ်တန်းအဆင့်သူတော်စင်တွေကြားမှာ သူ့အတွက် ပြိုင်ဘက်အနည်းငယ်သာ ရှိပါတော့မယ်။

"‌ဒါကို သဘောတူတယ်" အသင်္ချေအဆိပ်သူတော်စင်က ပြုံးလိုက်တယ်။

ကောင်းကင်ဖောက်အဖွဲ့နဲ့ ဆက်သွယ်ဖို့က လွယ်တယ်၊ အကြီးအကဲခေါင်းဆောင်ဖြစ်ဖို့က မလွယ်ပါဘူး။

"ဒါက မီးနဂါးကျွန်းလား"

မီးနဂါးကျွန်းကို ရောက်ရှိလာပြီးနောက် အလွန်ပူပြင်းတဲ့ချီတစ်ခုက သူ့မျက်နှာဆီ လာဟပ်နေတာကို လီဖူချန်းက ခံစားနေရတယ်။

မီးနဂါးကျွန်းရဲ့အဓိကဥပဒေသက မီးဥပဒေသဆိုတာ သိသာပါတယ်။ မီးနဂါးနဲ့မီးမျောက်ဝံတွေက ဒီနေရာမှာ အသိုက်ချတာ အံ့ဩစရာမရှိပါဘူးလေ။

မီးနဂါးကျွန်းက အလွန်ကြီးပြီး မီးမျောက်ဝံတွေအပြင် အခြားနတ်ဆိုးသားရဲအရှင်သခင်များစွာကလည်း ထိုနေရာမှာ နေထိုင်ကြ‌တယ်။

မီးနဂါးကျွန်းပေါ်မှာ ဓားတစ်လက်ကို ရှာရတာ ကောက်ရိုးပုံမှာ အပ်တစ်ချောင်းကို ရှာရသလိုပါပဲ။

ကံကောင်းတာက လီကျန့်ဟွေက လီဖူချန်းကို ဓားစမ်းသပ်ကျောက်တုံးကို ပေးထားခဲ့လို့ပဲ။ ဒီဓားစမ်းသပ်ကျောက်တုံးမှာ ကောင်းကင်မျဉ်းဓားရဲ့ချီတည်ရှိမှုရှိပြီး နီးကပ်တဲ့အခါကျရင် ဓားစွမ်းသပ်ကျောက်တုံးက ကောင်းကင်မျဉ်းဓားကို သတိပြုမိပါလိမ့်မယ်။ ပြီးနောက် လီဖူချန်းက ကောင်းကင်မျဉ်းဓားရဲ့‌တည်နေရာကို အလိုအလျောက် သိသွားပါလိမ့်မယ်။

ဝုန်း ဝုန်း ဝုန်း.........

လီဖူချန်းက မီးနဂါးကျွန်းပေါ်ကို ရောက်ရှိပြီး မကြာမီမှာ မိုင်ထောင်အနည်းငယ်အကွာရှိ တိုက်ခိုက်သံတွေကို ကြားလိုက်ရပါတယ်။

သူတော်စင်နှစ်ယောက်ကြားတိုက်ပွဲဆိုတာ သံသယရှိစရာ မလိုပါဘူး။

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို သုံးပြီး မစစ်ဆေးခဲ့ပါဘူး။ အတိတ်မှာတုန်းက တစ်ဖက်လူရဲ့လိပ်ပြာအသိစိတ်အာရုံက သူ့ထက် နိမ့်ကျတာကြောင့် သူက လိပ်ပြာအသိစိတ်အာရုံကို အကြောက်အလန့်မရှိသုံးပြီး စစ်ဆေးရဲတယ်။ အခု တစ်ဖက်လူတွေက နတ်ဆိုးအရှင်သခင်တွေ ဒါမှမဟုတ် သူ‌‌တော်စင်တွေ ဖြစ်နိုင်တယ်လေ။ တကယ်လို့ သူက စစ်ဆေးမိရင် သူ့ကိုယ်သူ ထုတ်ဖော်ပြသလို ဖြစ်သွားမှာပေါ့။

မိုင်ထောင်အနည်းငယ်မှာ လူသားသူတော်စင်နှစ်ယောက်က တိုက်ခိုက်နေတယ်။ တစ်ယောက်က ဒဏ်ရာရထားပြီး သူ့ရဲ့ချီတည်ရှိမှုက ယဲ့ယဲ့သာ ကျန်တော့တယ်။

"လေဝါသူတော်စင်၊ ငါမင်းကို ညီအကိုတစ်ယောက်လိုဆက်ဆံခဲ့တယ်၊ မင်းကတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးတာပေါ့လေ" ဒဏ်ရာရထားတဲ့သူတော်စင်က အော်လိုက်တယ်။

လေဝါသူတော်စင်က အဝါရောင်မျက်နှာနဲ့ လူလတ်ပိုင်းတစ်ယောက် ဖြစ်တယ်" ညီအကိုလား။ သေမင်းနက်သူတော်စင်၊ မင်း ငါ့ကို အရူးလို့ ထင်နေတာလား။ ငါသာ အရင်မလှုပ်ရှားရင် အခု မြေပေါ်မှာ လဲနေတဲ့သူက ငါပဲ ဖြစ်လိမ့်မယ်။ ငါ့ကို တိုက်ခိုက်ဖို့ မင်းရဲ့အင်္ကျီလက်ထဲမှာ အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားကို ဖွက်ထားတယ်မလား"

"သေစမ်း" ‌အနက်ရောင်ဝတ်စုံနဲ့ သေမင်းနက်သူတော်စင်က သူ့ရဲ့လက်ကောက်ဝတ်ကို လှုပ်ခါပြီး လေဝါသူတော်စင်ထံ အနက်ရောင်အေးစက်အလင်းတစ်ခုပါရှိတဲ့တစ်စုံတစ်ခုကို ပစ်လွှတ်လိုက်တယ်။

ဗဟုသုတကြွယ်ဝတဲ့တစ်ယောက်ယောက်က ဒီမှာ ရှိရင် အနက်ရောင်အေးစက်အလင်းက အဆုံးစွန်တာအိုပစ္စည်းတစ်ခုဖြစ်တဲ့ အကြွင်းမဲ့ဝိညာဉ်ဖမ်းယူခြင်းမြားဆိုတာကို သူက သိနိုင်မှာပါ။ အကြွင်းမဲ့ဝိညာဉ်ဖမ်းယူခြင်းမြားက စိတ်ဝိညာဉ်တည်ရှိမှုကို ပိတ်လှောင်လိုက်တာနဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့က မဖြစ်နိုင်ပါဘူး။ ပစ်မှတ်က တိုက်ခိုက်မှုကို လက်ခံရုံသာ တတ်နိုင်တယ်၊ ဒါပေမယ့် ၎င်းက အရိပ်ပမာဖြစ်တာကြောင့် အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားကို သာမန်နည်းလမ်းတွေနဲ့ မတားဆီးနိုင်ပါဘူး။

ချွမ်း.........

အနက်ရောင်အေးစက်အလင်းက တားဆီးခံလိုက်ရတယ်၊ လေဝါသူတော်စင်က နှာခေါင်းရှုံ့လိုက်လေတယ်"သေမင်းနက်သူတော်စင်၊ ငါ မင်းနဲ့ပူးပေါင်းရဲ့တဲ့အကြောင်းရင်းက ငါ့ရဲ့သားရဲဝိညာဉ်ချပ်ပြားက မင်းရဲ့အကြွင်းမဲ့ဝိညာဉ်ဖမ်းယူခြင်းမြားကို မကြောက်လို့ပဲ"

"ပြေးတော့"

သေမင်းနက်သူတော်စင်က လှည့်ကာ ထွက်ပြေးတယ်။ သူက ပြင်းထန်စွာ ဒဏ်ရာရထားပြီး လေဝါသူတော်စင်အတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်တော့ပါဘူး။

လမ်းတစ်လျှောက်မှာ သူက လိပ်ပြာအသိစိတ်အာရုံကို ဝှေ့ယမ်းရင်း လီဖူချန်းကို တွေ့လိုက်ရတယ်။ သူ့မျက်လုံးက ပြောင်းလဲသွားပြီး သူက ဦးတည်ဘက်ကို ပြောင်းလိုက်တယ်၊ သူက လီဖူချန်းရှိရာဆီ တစ်ဟုန်ထိုး ပြေးလာတယ်။

***

All Chapters