အပြစ်ခံယူခြင်း
Vol. 76 Ch. 1058
" နင်က တော်တော် ဆိုးတာပဲ "
" အဲတာ ငါ့ သခင်မလေးရဲ့ အကြိုက်ဆုံး စကားပေါ့ "
" ဒါပေမဲ့ ငါ့ရဲ့ဘဝက သူတို့နဲ့ မတူတာမလို့ ငါကတော့ ငါ့ကိုယ််ငါ အပြစ်ကင်းတယ်လို့ ခံစားနေရတုန်းပါပဲ။ ငါက လက်နက်တစ်ခု ဖြစ်နေတာမလို့ ငါ့ရဲ့ ကံကြမ္မာက အလှဆင်ပစ္စည်းတစ်ခု ဖြစ်နေစရာအကြောင်း မရှိဘူးလေ "
" ဒါပေမဲ့ ငါ့ရဲ့ သခင်မလေးကတော့ ငါက စကားကို ကတ်တီးကတ်ဖဲ့ပြောနေတာဆိုပြီး ပြန်ပြောခဲ့တာပါပဲ "
" ဒါပေမဲ့လည်း ကိစ္စမရှိပါဘူးလေ။ ငါက အသက်ကြီးနေပြီဆိုတော့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ဂရုစိုက်နေစရာမလိုပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့မသိဘူး။ သူ ငါ့ကို ဆိုးတယ်လို့ ပြောခဲ့တုန်းက ငါ ဝမ်းနည်းသွားခဲ့ရတာ။ အဲတာကြောင့်မလို့... ငါ သူ့ကို မစားသေးဘဲ သူ ငါတဲ့အတူတူ ဒုစရိုက်လမ်းပေါ်မှာ လျှောက်တဲ့အချိန်အထိ စောင့်ကြည့်မယ်ဆိုပြီး ဆိုပြီး တွေးခဲ့တာပေါ့ "
" ငါ သေချာပေါက်အောင်မြင်ရမယ် "
" ဒါပေမဲ့... သူ ငါ့ကို ဆိုးတယ်လို့ ပြောတဲ့စကားထက် သူ့ရဲ့ မျက်ဝန်းတွေထဲက အကြည့်ကို ငါ ပိုပြီးတော့မုန်းတယ်။ သူ့ရဲ့ မျက်ဝန်းတွေက အရမ်းကို ဖြူစင်ပြီး မှန်တစ်ချပ်လို ဖြစ်နေတာမလို ငါ့ကိုယ်ငါတောင် ပြန်မြင်နေရတဲ့အထိပဲ။ ပြီးတော့ သူ့ရဲ့မျက်ဝန်းတွေထဲမှာ ကရုဏာစိတ်တွေလည်း ရှိနေသေးတာ။ ငါက ကရုဏာစိတ်တွေ၊ ဖြူစင်မှုတွေကို အရမ်းမုန်းတာ။ အဲတာမလို့ ငါ သူ့ကို ဝါးမျိုပစ်ချင်စိတ်တွေ ပေါ်လာတာ ခဏခဏပဲ "
" ဒါပေမယ့်လည်း ငါ အောင့်အည်းသည်းခံခဲ့ပါတယ်။ သူ ငါ့လိုမျိုး ဖြစ်လာမယ့်နေ့ကို ငါ မြင်ချင်လွန်းလို့။ အဲဒီနေ့ရောက်ရင် သူ့ရဲ့မျက်ဝန်းတွေထဲမှာ အခုလို ကရုဏာစိတ်တွေ ရှိနေဦးမလား။ သူ့ရဲ့ အကြည့်တွေ အခုလို အပြစ်ကင်းစင်ပြီး ဖြူစင်နေဦးမလား "
" ပထမနှစ်မှာ ငါ မအောင်မြင်ခဲ့ဘူး "
" သူ ငါ့ရဲ့သခင် ဖြစ်လာခဲ့ပြီးတဲ့နောက် ပထမဆုံးနှစ်မှာပဲ အခက်အခဲတွေနဲ့ ကြုံခဲ့ရတာတောင် ငါ့ရဲ့ စွမ်းအားတွေကို ထုတ်မသုံးခဲ့တဲ့အပြင် လူတစ်ယောက်ကိုမှလည်း မသတ်ဘဲ နေနိုင်ခဲ့လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး "
" ဒုတိယနှစ်ရောက်တော့လည်း အတူတူပဲ။ ပဉ္စမနှစ်ရောက်တော့လည်း အတူတူဘဲ။ ငါလည်း အစာမစားဘဲ နေရတဲ့ဘဝကို သည်းမခံနိုင်တော့ဘူး။ ငါ သွေးဆာတဲ့စိတ်နဲ့ ဆာလောင်မွတ်သိပ်မှုတွေကြောင့် အရူးတစ်ပိုင်းဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်ချင်စိတ်တွေ ပေါက်လာရတဲ့အထိပဲ။ ဒါပေမဲ့ သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့ ဖြူစင်မှုအရိပ်အယောင်တွေနဲ့ ကရုဏာစိတ်တွေ ရှိနေတုန်းပဲ။ ပြီးတော့ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတွေကို ငါ အခုထိ မေ့လို့မရသေးဘူး "
" နင် မဖြစ်မနေ လူသတ်မှ ရမှာလား "
" ငါ ဗိုက်ဆာတယ် "
" နားလည်ပါပြီ "
" ငါတို့နှစ်ယောက် အဲဒီလိုလည်း စကားပြောပြီးရော သခင်မလေးက သူ့ရဲ့ လက်ကောက်ဝတ်ကို လှီးပြီး သူ့ရဲ့သွေးတွေနဲ့ ငါ့ရဲ့တစ်ကိုယ်လုံးကို အနီရောင်ပြောင်းသွားအောင် လူးပေးခဲ့တာပဲ။ ငါလည်း သူ့ရဲ့သွေးတွေကို အငမ်းမရ သောက်ခဲ့တာပေါ့။ ချိုလွန်းလို့ တန်းတန်းစွဲခဲ့ရတဲ့အထိပဲ။ ဒါပေမဲ့ သူ့ရဲ့မျက်နှာ တဖြည်းဖြည်းနဲ့ ဖြူဖပ်ဖြူရော် ဖြစ်လာတာတောင် သူ့ရဲ့အကြည့်တွေ လုံးဝပြောင်းလဲမသွားတာကို မြင်လိုက်ရတော့ ငါ ရုတ်တရက်ဆိုသလို ကြောက်သွားခဲ့တာ "
" ငါ ဘာကို ကြောက်သွားတာလဲဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ အဲဒီတုန်းက ငါ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ငါ့ရဲ့ စိတ်ဆန္ဒတွေကို ချုပ်တည်းခဲ့တာပဲ။ ငါ အဲဒီလို ဖြူစင်မှုမျိုးကို ပိုပြီးတော့တောင် မုန်းသေးတယ်။ အဲတာကြောင့်မလို့ သူ့ရဲ့အကြည့်တွေ ပြောင်းလဲသွားတဲ့နေ့အထိ မရောက်ရောက်အောင် စောင့်မယ်ဆိုပြီး ငါ သန္နိဋ္ဌာန်ချခဲ့တာ "
" အစတုန်းကတော့ အဲဒီနေ့ကို မြန်မြန်ပဲရောက်သွားလိမ့်မယ်လို့ ငါ ထင်မိခဲ့တာပေါ့။ ဒါပေမဲ့ သူ ငါ့သခင်ဖြစ်လာခဲ့ပြီး ကိုးနှစ်ကြာတဲ့အချိန်မှာ သူ့ရဲ့ဂိုဏ်းကို နတ်ဆိုးကျင့်ကြံသူတွေ ဝင်ရောက်ကျူးကျော်လာခဲ့ပြီးတော့ တစ်ဂိုဏ်းလုံးကို သတ်ဖြတ်သွားခဲ့တာ "
" သူ ငါနဲ့အတူ အဲဒီဂိုဏ်းဆီကို ပြန်ရောက်သွားတုန်းက အဆောက်အဦ အပျက်အစီးတွေနဲ့ သူ့ မိတ်ဆွေတွေရဲ့ ရုပ်အလောင်းတွေကို ကတုန်ကယင်နဲ့ ကြည့်နေခဲ့တာ ငါ မှတ်မိနေသေးတယ်။ အဲဒီတုန်းက ငါ သူ့အတွက် လက်စားချေပေးမယ်ဆိုပြီး ပြောခဲ့တာ။ သူ ငါ့ရဲ့အစွမ်းတွေကို ထုတ်သုံးခွင့်ပြုမယ်ဆိုရင် ဘယ်သူ့ကိုမဆို သတ်ဖြတ်နိုင်အောင် ကူညီပေးမယ်လို့ ပြောခဲ့တာ။ သူ့ ရန်သူတွေရဲ့ ကမ္ဘာငယ်လေးထဲအထိ ဝင်ပြီးတော့ သူနဲ့အတူ သက်ရှိတွေအကုန်လုံးကို ချေမှုန်းပေးမယ်လို့ပါ ပြောခဲ့တာ "
" ငါ အဲဒီလို သွေးဆောင်ဖြားယောင်းခဲ့တာတောင် မအောင်မြင်ဘဲ ကျရှုံးသွားခဲ့ရတာကို အခုထိ နားမလည်နိုင်သေးဘူး "
" သူက ငါ့ကို အသုံးမပြုခဲ့တဲ့အပြင် စကားတစ်ခွန်းမှမပြောဘဲ ဂိုဏ်းထဲကနေ ထွက်ခွာသွားခဲ့တာလေ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အားကောင်းတဲ့ စိတ်ခံစားချက်အငွေ့အသက်တွေ ခဏလေး ထွက်လာတာကိုတော့ ငါ အာရုံခံမိလိုက်တယ် "
" သူ့ရဲ့ လက်ကျန်ဘဝတစ်ခုလုံးလည်း အဲဒီအတိုင်းပဲ။ သုံးဆယ့်ခုနစ်နှစ်မှာ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတုန်းကလည်း သူက နှုတ်ဆိတ်နေခဲ့တာ။ ခြောက်ဆယ့်ငါးနှစ်မှာ သူ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက် ဆုံးသွားခဲ့တုန်းကလည်း အဲဒီအတိုင်းပဲ "
" လောကဓံတရားကြီးက သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် အလဲထိုးဖို့ ကြိုးစားခဲ့တာတောင် သူ့ရဲ့ မျက်ဝန်းတွေထဲက အကြည့်ကတော့ လုံးဝပြောင်းလဲမသွားခဲ့ဘူး "
" တကယ်လို့ ငါသာ ငါ့ရဲ့ စွမ်းအင်စက်ကွင်းကို ဖြန့်ကြက်ထားခဲ့ပြီး သူ့ကို ဘေးအန္တရာယ်တွေဆီကနေ ကယ်တင်ပေးခဲ့တာမျိုး မရှိခဲ့ဘူးဆိုရင် သူ သေရင်တောင် သေသွားလောက်ပြီ "
" နောက်ဆုံးတော့ ငါလည်း ဘယ်လိုမှ နားမလည်နိုင်တာနဲ့ သူ့ကို မေးလိုက်တော့တာပဲ "
" နင် ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ။
" ဘာလို့လဲဆိုတော့ ငါ နင့်အပေါ် အကြွေးတင်နေလို့ပါ။ အဲတာမလို့ နင် လူသတ်တာကို ငါ ထပ်မမြင်ချင်တော့ဘူး။ ငါ ဝမ်းနည်းနေရင်တောင်၊ ငါ လက်တုံ့ပြန်ချင်ရင်တောင်၊ ငါ့ရဲ့ဘဝကြီးက ဝဋ်ကြွေးတစ်ခုလို့ ခံစားနေရရင်တောင် ငါ့အတွက် အရေးကြီးဆုံးက... နင်ပါပဲ "
" ငါ သူ့ရဲ့ စကားတွေကို မယုံခဲ့ဘူး "
" ဒါပေမဲ့ သူ့ရဲ့အကြည့်တွေ ပြောင်းလဲသွားတာကို မြင်ချင်တဲ့စိတ်က ငါ့ရဲ့ နှလုံးသားထဲမှာ ပိုပြီးတော့ အားကောင်းလာခဲ့တာ။ အဲတာမလို့ ငါ ငါ့ရဲ့ ဆာလောင်မွတ်သိပ်မှုတွေကို ဆက်ပြီး ချုပ်တည်းခဲ့တာပေါ့။ သူကတော့ ဆယ်နှစ်တစ်ကြိမ် သူ့ရဲ့ သွေးတွေနဲ့ ငါ့ကို ရဲရဲနီနေအောင် လူးပေးပါတယ်။ အဲလိုနဲ့ ငါလည်း စိတ်ထဲမှာ သန္နိဋ္ဌာန်ချပြီး သူနဲ့အတူ စကြဝဠာကြီးကို ပတ်ခဲ့တာပေါ့ "
" မတော်တဆမှုတွေကြောင့်ပဲလား၊ ငါ့ရဲ့ လမ်းပြမှုတွေကြောင့်ပဲလား ဒါမှမဟုတ် သူ့ရဲ့ ကံကြမ္မာကြောင့်ပဲလားတော့ မသိဘူး။ နောက်ပိုင်းနှစ်တွေမှာ သူ့ရဲ့ဘဝကြီးက တော်တော်လေးကို သနားဖို့ကောင်းခဲ့တာ။ သူ တစ်ကြိမ်ပြီးတစ်ကြိမ် လမ်းပျောက်၊ တစ်ကြိမ်ပြီးတစ်ကြိမ် ခိုကိုးရာမဲ့ခဲ့ရတာ။ အဲဒီ အချိန်တိုင်းလည်း ငါက ငါ့ကိုသာ ခွင့်ပြုမယ်ဆိုရင် သူ့အတွက် အရာအားလုံးကို ပြောင်းလဲပေးပါ့မယ်ဆိုပြီး ပြောခဲ့တာပဲ "
" ဒါပေမဲ့လည်း သူ ဆံပင်တွေဖြူသွားတဲ့ အချိန်အထိတောင် ငါ့ရဲ့ဆန္ဒ ပြည့်မလာခဲ့ပါဘူး "
" အဲဒီလိုနဲ့ တစ်ရက်ရောက်တော့ သူ သေသွားရော "
" တကယ်တမ်းဆို သူ့ရဲ့ ရုပ်အလောင်းကို ကြည့်နေတုန်းက ငါ လွတ်လပ်သွားပြီဆိုတဲ့စိတ်နဲ့ ပျော်နေခဲ့ရမှာလေ။ ငါ သတ်ချင်တိုင်းသတ်၊ ဝါးမျိုချင်တိုင်း ဝါးမျိုခွင့် ရှိသွားပြီလေ။ ဘယ်သူကမှ ငါ့ကို ထိန်းချုပ်ထားမှာမဟုတ်တော့သလို အော့နှလုံးနာပြီး ကရုဏာသက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်တဲ့ သူ့ရဲ့ အကြည့်ကိုလည်း မြင်ရတော့မှာမဟုတ်ဘူး "
" ဒါပေမဲ့... ငါ အဲဒီနေ့တုန်းက မှတ်ဉာဏ်တွေကို ဘာလို့ မေ့ပျောက်ပစ်ခဲ့ရတာလဲ "
" ဘာကြောင့်မှန်းမသိပေမယ့် သူ သေသွားခဲ့ပြီးတဲ့နောက် ငါလည်း စကားမပြောတော့ဘူး။ ငါ့ရဲ့ နှလုံးသားထဲမှာ မေ့ပျောက်ပစ်လို့ မရနိုင်တဲ့ ခံစားချက်ကြီးတစ်ခု ရှိနေတဲ့အတိုင်းပဲ။ အဲဒီ ခံစားချက်ကြီးက တဖြည်းဖြည်းနဲ့ လေးလံလာခဲ့တာ "
" အဲဒီခံစားချက်ကြောင့်လည်း ငါ လူသတ်ရတာ သိပ်ပြီးတော့ စိတ်မပါတော့ဘူး။ ငါ ဝန်မခံချင်ပေမဲ့ အဲဒီ မိန်းမငယ်လေး ငါ့ကို အဖော်ပြုပေးခဲ့တဲ့ နှစ်ပေါင်း ရာဂဏန်းအနည်းငယ်အတွင်းမှာ သူ ငါ့အပေါ် အများကြီး လွှမ်းမိုးနိုင်ခဲ့တာပါ။ ငါ နောက်ပိုင်း သခင်အသစ်တွေနဲ့ ထပ်ပြီးတော့ ကြုံခဲ့ရပေမဲ့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ငါ့ကို စွန့်ပစ်သွားခဲ့ကြတာပါပဲ "
" ငါ လူမသတ်တော့လို့၊ ငါ့ရဲ့ဓားသွားတွေ တုံးနေလို့၊ ငါ့ရဲ့သတ်ဖြတ်လိုစိတ်တွေ မပြင်းထန်တော့လို့၊ ငါ့ရဲ့ စွမ်းအားတွေ လျော့နည်းလာလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပေါ့ "
" အဲဒီလိုနဲ့ နှစ်ပေါင်းတစ်သောင်းတိတိ ကုန်သွားတဲ့အချိန်မှာ ငါက နတ်ဆိုးလက်နက်တစ်ခု မဟုတ်တော့ဘဲ သာမန် သံချောင်းတစ်ချောင်းအဖြစ်ကို ရောက်သွားခဲ့တာပေါ့ကွာ "
" ငါ့ရဲ့ ကိုယ်ထည်ပေါ်မှာလည်း သံချေးတွေ တက်နေပြီ။ ငါ့ဆီမှာရှိခဲ့တဲ့ နတ်ဆိုးအငွေ့အသက်တွေကလည်း အတိတ်မှာ ကျန်ခဲ့ပါပြီ။ ငါ့ရဲ့ ခန္ဓာကိုယ်ကြီးလည်း ယိုယွင်းလာပြီးတော့ ငါလည်း တဖြည်ဖြည်းနဲ့ အသက်ပျောက်သွားတော့မယ့် ပုံပါပဲ "
" ဒီလိုတွေ ဖြစ်သွားရတဲ့ အကြောင်းရင်းကို ငါ အခုထိ နားမလည်နိုင်သေးဘူး။ ငါ အသက်ပျောက်ခါနီး အချိန်မှပဲ ငါ့ရဲ့ ခေါင်းထဲကနေ အတင်းအကျပ် ဖယ်ထုတ်ပြီး မေ့ပျောက်ပစ်ခဲ့တဲ့ နေ့ရက်တုန်းက မှတ်ဉာဏ်တွေ ငါ့ရဲ့ရှေ့မှာ ပြန်ပြီးတော့ ပေါ်လာခဲ့တာ "
" အနီရောင်တောင်ကြီးပေါ်မှာ သူက လဲလျောင်းနေပြီး စကြဝဠာကြီးကိုကြည့်ရင်း ငါ့ကို ပွတ်သပ်ပေးနေခဲ့တာပေါ့။ သူ့ရဲ့ ဆံပင်တွေဖြူနေပြီး သူ့ရဲ့မျက်နှာပေါ်မှာ အရေးကြောင်းတွေနဲ့ ပြည့်နှက်နေတာတောင်မှ သူ့ရဲ့မျက်ဝန်းတွေကတော့ ဖြူစင်နေတုန်းပါပဲ "
" နင် ဘာကိုကြည့်နေတာလဲဆိုပြီး ငါ မေးလိုက်တာပေါ့ "
" စကြဝဠာကြီး "
" ဒီလောက် မှောင်မည်းနေတာကို ဘာမြင်ရလို့လဲ "
" ငါ့ရဲ့ နှလုံးသားထဲမှာတော့ ဒီကမ္ဘာကြီးက မှောင်မည်းနေပြီး စကြဝဠာကြီးက အတောက်ပဆုံး ဖြစ်နေတာ "
" ငါ နားမလည်ဘူး "
" အဲတာဆို ဆက်ကြည့်နေ။ နှစ်ပေါင်းတစ်ရာ၊ နှစ်ပေါင်းတစ်ထောင်အထိ ဆက်ကြည့်နေ... တကယ်လို့ ဒီဘဝမှာ နားမလည်နိုင်ခဲ့ဘူးဆိုရင် နောက်ဘဝရောက်ရင် ဆက်ကြည့်နေ။ တစ်ရက်ရက်ကျရင် နင် နားလည်လာပါလိမ့်မယ် "
" ငါ့မှာ နောက်ဘဝတစ်ခု ရှိတယ်ပေါ့။ အဲဒီ ဘဝကျရင် ငါ ပိုပြီးတော့အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖြစ်နေမလားမသိဘူး "
" နင် ဖုတ်ကောင်တွေကို သိတယ်မလား... သူတို့က မကျေနပ်ချက်တွေကြောင့် ဖွားမြင်လာခဲ့ပြီးတော့ အမှောင်ထုထဲမှာ ထာဝရ နေနေရတာလေ။ ငါ နင့်ကို အဖော်ပြုပေးပါ့မယ်။ အဲဒါငါ့ရဲ့ အပြစ်ခံယူခြင်းပဲ "
" အပြစ်ခံယူခြင်း ဟုတ်လား... နင် ဘာလို့ ငါ့အပေါ် အကြွေးတင်နေတယ်လို့ အမြဲတမ်း ပြောခဲ့ရတာလဲ .... "
" ငါလည်း သူ့ကို အဲဒီမေးခွန်းမေးပြီး အချိန်အကြာကြီး နှုတ်ဆိတ်သွားခဲ့တာ "
" ဒါပေမဲ့ သူ ပြန်မဖြေခဲ့ပါဘူး။ သူ့ရဲ့သွေးတွေကတော့ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရဲရဲနီလို့ပေါ့။ ဒီတစ်ခေါက်တော့ သူ သူကိုယ့်သူ မထိန်းချုပ်နိုင်ခဲ့တဲ့ပုံပါပဲ။ ဒါမှမဟုတ်... ငါပဲ ငါ့ကိုယ်ငါ ထိန်းချုပ်ဖို့ မေ့သွားခဲ့တာလား "
" ဒါမှမဟုတ်... မဟုတ်သေးဘူး... "
" သူ့ကို သတ်ခဲ့တာ ငါပဲ "
" ငါ သူ့ရဲ့ ရုပ်အလောင်းကို ကြည့်ပြီး အချိန်အကြာကြီး နှုတ်ဆိတ်နေခဲ့တာ... ငါ မေ့ပျောက်ပစ်ခဲ့တဲ့အရာက သူမဟုတ်ဘဲ သူပြောခဲ့တဲ့စကားတွေဆိုတာ အခု ငါ နားလည်သွားပါပြီ "
" ' ငါ့ကို အဖော်ပြုပေးပါ့မယ် ' ဆိုတဲ့ စကားတွေပေါ့ "
" ငါ အမြဲတမ်း အထီးကျန်ဆန်နေခဲ့ရမှန်း နောက်ဆုံးတော့ ငါ နားလည်သွားပါပြီ။ ငါ ဖွားမြင်လာခဲ့တဲ့ အချိန်ကတည်းက အခုချိန်အထိ ငါတစ်ယောက်တည်း အထီးကျန်နေခဲ့ရတာ "
" သူက ငါစောင့်နေခဲ့တဲ့ လူဆိုတာလည်း ငါ သိသွားပါပြီ။ ငါ သူ့ကို သတ်မိလိုက်တဲ့ အချိန်ကတည်းက ငါ့ရဲ့ဘဝကြီးလည်း ပြီးဆုံးသွားခဲ့တာပဲ "
" အဲဒီမှတ်ဉာဏ်တွေ ပြန်ပေါ်လာတော့ ငါလည်း ယိုယွင်းပျက်စီးနေတဲ့ ဓားလေးကို မြှောက်ပြီး စကြဝဠာကြီးကို မော့ကြည့်နိုင်ဖို့ အစွမ်းကုန် ကြိုးစားလိုက်တာပေါ့... "
ထိုအချိန်တွင် မျက်ရည်များ စီးကျလာ၏။ သို့သော် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်ထဲရှိ နတ်ဆိုးဓားပေါ်မှ စီးကျလာခဲ့ခြင်း မဟုတ်ဘဲ သူ၏ မျက်လုံးများထဲမှ စီးကျလာခြင်းဖြစ်သည်။ သူ တရားထိုင်နေစဉ် အတောအတွင်း သူ၏ မျက်လုံးများမှာ မည်သည့်အချိန်တုန်းကမှန်းမသိ ပွင့်လာခဲ့ခြင်းဖြစ်၏။
သူ ထိုကဲ့သို့ မျက်လုံးများပွင့်လာသည်နှင့် သူ၏ ဝိညာဉ်ထဲမှ အဆုံးအစမရှိလောက်အောင် များပြားသည့် ဝါးမျိုခြင်းစွမ်းအားများ ထွက်ပေါ်လာ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ပင်လျှင် ဖိနှိပ်ချုပ်တည်းခံလိုက်ရသည်။ သူ၏ ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ တာအိုကိုးခုထဲမှ ဝါးမျိုခြင်းတာအို၏ ထပ်တူကျနိုင်စွမ်းမှာမူ အလင်းတာအိုကဲ့သို့ ကိုးဆယ့်ရှစ်ရာခိုင်နှုန်းအထိ ရောက်သွားပြီဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထို တိုးတက်မှုများကို ဂရုမစိုက်နိုင်ပေ။ ယခုတွင် သူသည် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ခေါင်းငုံ့ကာ သူ၏ လက်နှစ်ဖက်အား စိုက်ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
" ငါ့ရဲ့ အတိတ်ဘဝ... အဲဒီ ဖြစ်ရပ်တွေအကုန်လုံးက တကယ်ဖြစ်ခဲ့တာလား။ ငါ့ရဲ့ အတိတ်ဘဝထဲမှာ ဘာလို့ ကံအငွေ့အသက်တွေနဲ့ အဲဒီမိန်းကလေး အမြဲတမ်း ရှိနေရတာလဲ "
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီး ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ညာဘက်လက်ပေါ်၌ မှုန်ဝါးဝါးအရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူ၏ အတိတ်ဘဝထဲမှ နတ်ဆိုးဓားကို မသဲမကွဲ မြင်နေရပြီ ဖြစ်သည်။