ထုံရို့ပင်း၏ ကံကြမ္မာ
Vol. 65 Ch. 897
အနောက်ပိုင်းကုန်းမြေ
မိုမျိုးနွယ် ခေါင်းဆောင်က ဖုန်းဟွမ်၏ တာအိုသက်သေပြသည့် ဖြစ်စဉ်ကို ကြည့်နေရင်း သူ့အတွက် ကိစ္စများစွာက အဓိပ္ပာယ်ရှိလာခဲ့သည်။ တွေ့ဆုံပွဲအတွင်း ကောင်းကင်ဧကရာဇ်၏ စကားများက မည်သည်ကို ဆိုလိုနေသနည်း။
ဗုဒ္ဓဘာသာက တိမျိုးနွယ်အစား အနောက်ပိုင်းကုန်းမြေကို အဘယ်ကြောင့် ထိန်းချုပ်ခွင့်ရသွားသနည်း။
အရာအားလုံးအရ ကောင်းကင်ဧကရာဇ်သည် ဖုန်းဟွမ်က ထိုအရာကို လုပ်ဆောင်မည့်အကြောင်း ကြိုတင်သိထားပြီး ပြင်ဆင်ထားခဲ့ကြောင်း ညွှန်ပြနေသည်။
ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမပါဘဲ တာအိုကိုသက်သေပြမဲ့ တခြားနည်းလမ်းတစ်ခု ရှိနေတာလား။ ကောင်းကင်ဧကရာဇ်က အဲဒီနည်းလမ်းကို သိထားတာလား…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသော်လည်း ထိုအရာက ယခုဖြေရှင်းရမည့် အရေးကြီးဆုံးကိစ္စ မဟုတ်သည့်အတွက် လက်လျှော့လိုက်သည်။
“အစည်းအဝေး ကျင်းပမယ်။ ငါတို့တေ မြန်မြန်သွက်သွက်လက်လက် လုပ်ဖို့လိုတယ်” မိုမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။ ယခင်က ထိုမိစ္ဆာကျင့်ကြံသူများသည် ဗုဒ္ဓဘာသာက သူတို့ကုန်းမြေအပေါ် ထိန်းချုပ်မည့်အကြောင်း ဂရုမစိုက်ခဲ့ကြပေ။
သူတို့ပြောစကားအရ ကောင်းကင်ဧကရာဇ်၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် သူတို့က အဖွဲ့ဖွဲ့ပြီး ထိုကတုံးများကို ဖျက်ဆီးပစ်လောက်လေပြီ။ သို့သော် ယခုတွင် ဖုန်းဟွမ်က ထာဝရဧကရာဇ်တစ်ပါး ဖြစ်သွားခဲ့သည်။
အကယ်၍ သူတို့သာ အချိန်မီ မတုံ့ပြန်ပါက သူတို့၏ အင်အားစုက ဒုက္ခခံစားရလိမ့်မည်။
ကျစ် ဒီခေတ်ကာလမှာ ဘာတွေဖြစ်နေတာလဲ…
မိုမျိုးနွယ် ခေါင်းဆောင်က ကျိန်ဆဲလိုက်သည်။
ထာဝရဧကရာဇ်များက ရှားပါးသည့် ပုဂ္ဂိုလ်များ ဖြစ်သင့်သော်လည်း ကောင်းကင်ဧကရာဇ်ခေတ်ကာလ စတင်သည့် နှစ်ရာချီအတွင်း နှစ်ယောက် ပေါ်ထွက်လာခဲ့သည်။
အဆိုးရွားဆုံး ကိစ္စမှာ သူ့အလိုလိုသိစိတ်သည် ထိုအရာက အစမျှသာ ဖြစ်ကြောင်း ပြောပြနေ၏။
မိုမျိုးနွယ် ခေါင်းဆောင်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူက သူ့လူများကို ဆင့်ခေါ်လိုက်၏။
“တိမျိုးနွယ်ကို ဆက်သွယ်ပြီးတော့ ငါတို့နဲ့ ပူးပေါင်းပြီး ဗုဒ္ဓဘာသာရဲ့ စွမ်းအားကို လျှော့ချမလားဆိုတာကို မေးလိုက်” သူက ပထမအဖွဲ့ကို အမိန့်ပေးလိုက်ပြီး သူ့မျိုးနွယ်မှ တည်ငြိမ်ကာ ဉာဏ်ရှိသူကို ရွေးချယ်ခဲ့သည်။
“မင်းတို့တွေကျတော့ မိုရှင်းယွင်ကိုရှာဖို့ အရင်းအမြစ်များများ သုံးကြ”
“ခေါင်းဆောင် သခင်မလေးကို ဘာလို့ ရုတ်တရက် စိတ်ဝင်စားလာတာလဲ။ သူမက ပြန်မလာဘူးဆိုရင်တော့ ကျုပ်တို့တွေ သူ့ကို ရှာတွေ့ပါ့မလား မသိဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် သူမကို ရအောင် ရှာရမယ်” မိုမျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။
“ဒီမျိုးဆက်ရဲ့ ကောင်းကင်ရွေးချယ်ခံတွေက ထူးကဲတဲ့ ကံကြမ္မာ ရှိထားကြပုံပဲ။ ဒါက မိုးမြေကြောင့်လား ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်ရဲ့ လွှမ်းမိုးမှုကြောင့်လားဆိုတာကို မသိရပေမဲ့ သူတို့ရဲ့ ကြမ္မာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။
သူမက ဘယ်လိုပဲဖြစ်ဖြစ် မျိုးနွယ်ဆီ ပြန်လာရမယ်။ တကယ်လို့ သူမကို ရှာတွေ့ရင် သူမဆီ အကြွင်းမဲ့ အာဏာအပ်ဖို့ ပြင်ဆင်ထားတယ်လို့သာ ပြောလိုက်။ ငါတို့တွေ အမြင့်ဆုံးကျမ်းသစ္စာအထိ ကျိန်ဆိုနိုင်တယ်”
“ခေါင်းဆောင်”
မိုမျိုးနွယ်ခေါင်းဆောင်က လက်မြှောက်ကာ “အချိန်က ပြောင်းလဲလာပြီ။ ငါတို့တွေ ရောက်ရှိလာမဲ့ ကပ်ဘေးအတွက် ရှင်သန်ဖို့ နေသားတကျ ဖြစ်ဖို့လိုတယ်”
မိုမျိုးနွယ် ခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ကိစ္စများသည် သူ့မိသားစုအတွက် ဆက်တိုက် မှားယွင်းနေသလို ခံစားနေရသည်။ သူ့မျိုးနွယ်သည် ထာဝရဧကရာဇ်ရှိသည့် မျိုးနွယ်တစ်ခု ဖြစ်ခဲ့သော်လည်း ထိုတစ်ကိုယ်ကောင်းဆန်သည့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူ့သွေးမျိုးဆက်မှလွဲ၍ မျိုးနွယ်အတွက် ဘာမှမချန်ထားခဲ့ပေ။
သူတို့မျိုးနွယ်ဝင် တစ်ယောက်အနေဖြင့် ဤသို့သော ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်ပေးရသည့် ကံကောင်းမှုက သူတို့ဆီ ရောက်ရှိလာသင့်သော်လည်း ထိုအရာနှင့် လိုက်နိုင်မည့် အစီအရင် သို့မဟုတ် အသုံးအဆောင်ပစ္စည်း မရှိထားပေ။
ထို့ကြောင့် သူတို့သည် သူ့၏ ခန္ဓာပူးကပ်ခြင်းကို အာရုံခံမိသည့်အခါ ပထမဦးဆုံး တုံ့ပြန်မှုက မိုရှင်းယွင်ကို သတ်ပစ်ဖို့ သို့မဟုတ် သူ့ကို စည်းပိတ်ပစ်ဖို့ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူ့ဧကရာဇ်ကျမ်းကို ပေးပြီး ဖျောင်းဖျလာခဲ့သည်။ သူက သူအသက်ပြန်ရှင်လာပြီးသည့်နောက်တွင် မိုမျိုးနွယ်အတွက် အခြေခံအုတ်မြစ်တစ်ခု ဖန်တီးပေးမည်ဟု ကတိစကားခံကာ ခေါင်းဆောင်နှင့် ဘိုးဘေးများစွာကို ဖျောင်းဖျနိုင်ခဲ့သည်။ သို့သော် ယခုတွင် သူတို့က နောက်ထပ် မှားယွင်းသည့် ရွေးချယ်မှုတစ်ခုကို ချမှတ်ခဲ့မိဟန်ပေါ်၏။
“မြန်မြန်လုပ်၊ ငါတို့မှာ အချိန် သိပ်မကျန်တော့ဘူး”
အဖွဲ့နှစ်ဖွဲ့က ဦးညွှတ်ကာ ပျောက်ကွယ်သွားကြသည်။
………………………
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က ဝိညာဉ်ဆေးပင် အမြောက်အများရှိသည့် လှပသော ဥယျာဉ်တစ်ခုအတွင်း ရပ်နေလေသည်။ သို့သော်လည်း သူက ဤဥယျာဉ်နှင့် ပတ်သက်ပြီး မကျေနပ်သေးပေ။ အင်မော်တယ်အဆင့်နှင့် ဧကရာဇ်အဆင့် အရင်းအမြစ်များက အားအနည်းဆုံး ဧကရာဇ်မျိုးနွယ်နှင့် ယှဉ်လိုက်လျှင်ပင် နည်းပါးနေသေးသည်။
သို့သော်လည်း ကောင်းကင်ခုံရုံးက ယခုမှ စတင်ကာစဖြစ်ရာ နက်နဲသည့် အုတ်မြစ်ရှိလာဖို့ အချိန်လိုကြောင်း သိထားသည်။
ဝမ်ဝေ့က ဖုန်းဟွမ်ကို ကြည့်ကာ ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း သူ့အကြည့်က အာရုံစိုက်ထားခြင်း မရှိပေ။ အကယ်၍ ယခု သူ့ကို မြင်ပါက သူ့မျက်ဝန်းတွင် စကြဝဠာ၏ လျှို့ဝှက်ချက်အားလုံး ပါဝင်နေသလိုမျိုး ဖြစ်နေသည်ကို အံ့အားသင့်သွားလိမ့်မည်။
“မျှခြေညီယန္တရားက ငါ ထင်ထားတာထက်ပိုပြီးတော့ တင်းကြပ်နေတာပဲ” သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ အစစ်အမှန် ကောင်းကင်တာအို၏ မျက်လုံး ရောက်ရှိသည့်အခါ သူသည် ပုံမှန်ထက် သတင်းအချက်အလက်ကို ကောက်ချက်ချနိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက သတင်းအချက်အလက်များစွာကို သင်ယူခဲ့ရ၏။
ငါတစ်ခုခုလုပ်ဖို့ လိုတယ်။ မဟုတ်ရင် ငါ့အဖေက ထာဝရဧကရာဇ်လမ်းစဉ်ကိုပဲ လျှောက်လှမ်းရလိမ့်မယ်…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ သူက အတိုင်းအတာမဲ့ ဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် သူ့အစီအစဉ်ကို သိသိသာသာ ပြောင်းလဲပစ်ခဲ့သည်။
သို့သော်လည်း သူက မှားယွင်းသွားခဲ့၏။ အချုပ်အားဖြင့် သူ့ဇစ်မြစ်သည် အခြေအနေကို ပို၍ ဆိုးရွားသွားစေသည်။ ဝမ်ဝေ့က အံ့ဖွယ်အသိစိတ်ဖြင့် တစ်စုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။ စက္ကန့်ပိုင်းမျှ ကြာမြင့်ပြီးသည့်နောက်တွင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ဦးက ဥယျာဉ်အတွင်း ရောက်ရှိလာလေ၏။
“ထုံရို့ပင်းက ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
သူမက ၉၀ ဒီဂရီဦးညွှတ်ကာ အရိုကျိုးဆုံး အနေအထားဖြင့် အရိုအသေပေးလိုက်သည်။
ထုံရို့ပင်းက မနေနိုင်ဘဲ တွေးမိသွားသည်။ သူတို့က တစ်ခါက လက်ရည်တူကာ တူညီသည့် မျိုးဆက်မှ ကောင်းကင်ရွေးချယ်ခံများ ဖြစ်ခဲ့သည်။ သို့သော်လည်း ရှုံးနိမ့်သူအနေဖြင့် သူမ၏ ကံကြမ္မာက အနိုင်ရရှိသူထံ ဦးညွှတ်ဖို့ ဖြစ်၏။
“စိတ်အေးအေးထားပါ” ဝမ်ဝေ့က ဖြည်းဖြည်းချင်း လှည့်ကာ သူမနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ရွှေရောင်ဖြင့် အလှဆင်ထားသည့် သူ့ခရမ်းရောင်ဝတ်ရုံက သူ့အဆင့်အတန်းအတွက် ပြီးပြည့်စုံနေပြီး ထိုအရောင်နှစ်ခုက သူ့စွမ်းအားနှင့် အာဏာအတွက် တမင်ဖန်တီးထားသည့်အလား ဖြစ်နေသည်။
သူ့သဘာဝဆွဲဆောင်မှုမျိုးနှင့် သူ ဝတ်ဆင်ထားသည့် အဝတ်အစားက ပိုမိုမြင့်မြတ်ကာ ကြီးကျယ်ခမ်းနားနေ၏။
“ကျွန်မတို့ မဟာအဆောင်မြို့တော်က ကောင်းကင်ဧကရာဇ်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုလက်ဆောင်လေး ပို့လိုက်ပါတယ်” ထုံရို့ပင်းက အရိုကျိုးဆုံး ပြောလိုက်သည်။ သူမ၏ အပြုအမူက ပြီးပြည့်စုံပြီး သူမ၏ မျက်နှာအမူအရာ၊ ဝိညာဉ် အတက်အကျ၊ အရှိန်အဝါ သို့မဟုတ် စိတ်ခံစားချက်များမှ အမှားကို မရှာနိုင်ပေ။
“အော် သိချင်မိသား” ဝမ်ဝေ့က သူ့စိတ်ခံစားချက်များကို ဖုံးကွယ်ထားခြင်းမရှိပေ။
ထုံရို့ပင်းက လက်ဝှေ့ကာ သေတ္တာသုံးခုကို ထုတ်ဖော်လာခဲ့သည်။
“ပထမတစ်ခုက သစ္စာဖောက် ယွီကျူးရဲ့ ဝိညာဉ်ပါ” သူမက ထိုလက်ဆောင်သည် အစစ်အမှန် မဟုတ်ကြောင်း သိသည့်အတွက် မရပ်တန့်ခဲ့သေးပေ။ သူမက သူ့ဝိညာဉ်ကို အသုံးပြုကာ မြို့၏ ရပ်တည်မှုကို ပြသခဲ့ပြီး သစ္စာဖောက်များဖြင့် ပိုင်းခြားထားခဲ့သည်။
“ဒုတိယမြောက် တစ်ခုကတော့ အရင်းအမြစ်တချို့ပါ” ထုံရို့ပင်းက ဒုတိယမြောက် သေတ္တာကို ဖွင့်လှစ်လိုက်သည်။ ဝမ်ဝေ့က အင်မော်တယ်နှင့် တာအိုဝိညာဉ်ဆေးပင်၊ သတ္တုနှင့် အဆောင်များစွာကို မြင်လိုက်ရသည်။ သူက ဧကရာဇ်အသုံးအဆောင်နှင့် ဧကရာဇ်အရင်းအမြစ်တချို့ကိုပင် မြင်လိုက်ရ၏။
မဟာအဆောင်မြို့တော်က သူ့ခွင့်လွှတ်မှုကို ရယူဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ…
“စိတ်ဝင်စားစရာပဲ။ ဒီလက်ဆောင်နှစ်ခုက အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်ဆုံးတစ်ခုကို ပိုပြီးတော့ သိချင်လာမိပြီ” ဝမ်ဝေ့က ပြောလိုက်သည်။
“အရှင် စိတ်ပျက်မှာ မဟုတ်ပါဘူး” ထုံရို့ပင်းက နောက်ဆုံးသေတ္တာကို ဖွင့်လှစ်လိုက်၏။
“မူလအဆောင်လား” ဝမ်ဝေ့က နောက်ဆုံးရတနာကို မြင်သည့်အခါ အံ့အားသင့်သွားလေ၏။
“ကျွန်မတို့ရဲ့ မြို့တော်က ဒီရတနာကို ကောင်းကင်ဧကရာဇ်ဆီ ငှားပေးမှာပါ”
“ဘယ်လောက်ကြာအောင်လဲ” ဝမ်ဝေ့က သူမစကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သိသည့်အတွက် မေးလိုက်သည်။ သူက လက်ဝှေ့ကာ အဆောင်စုတ်တံတစ်ခုနှင့်တူသည့် ဧကရာဇ်အသုံးအဆောင်ကို ယူဆောင်လိုက်သည်။ သူက ထိုအထဲတွင် မဟာတာအို အရင်းအမြစ်စွမ်းအားကို ခံစားမိလေ၏။
“အရှင် မတက်လှမ်းခင်အထိပါ”
“ဟား…ဟား…ဟား… အားလုံးက ငါ ထွက်သွားမှာကို မျှော်လင့်နေကြတဲ့ပုံပဲ”
ဝမ်ဝေ့က ပြောလိုက်သည့်အခါ ထုံရို့ပင်းက မျက်လုံးဝှေ့ပြီးတော့သာ ကြည့်ချင်တော့သည်။
သိသာနေတာ မဟုတ်ဘူးလား။ ရှင့်ရဲ့ တည်ရှိမှုက လူများစွာအတွက် လမ်းကြောင်းကို ပိတ်ဆို့ထားတာလေ။ သူတို့က ရှင့်ကိုမှ အနိုင်မယူနိုင်တာ။ ရှင် ထွက်သွားတဲ့အထိ စောင့်ရမှာပဲ…
“ဒီဟာနဲ့ ပတ်သက်ပြီး သေချာရဲ့လား။ ဒီအသုံးအဆောင်ပစ္စည်းက မင်းတို့မြို့တော်အတွက် အသုံးအဆောင်ပဲလေ။ ငါ့လက်ထဲမှာ ထားချင်တယ်ဆိုတာ သေချာရဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်မတို့ သေချာပါတယ်”
“ဒီလိုအမြင်ကျယ်ကျယ်ရှိတာ မင်းနဲ့ ထိုက်တန်တယ်” ဝမ်ဝေ့က ပြောလိုက်ပြီး ထိုလက်ဆောင် ပေးခြင်းမှာ ထုံရို့ပင်း၏ အစီအစဉ်ဖြစ်ကြောင်း ခံစားမိလိုက်သည်။
“တကယ်လို့ မင်းသာ လုံလောက်တဲ့ အင်အားရှိတယ်ဆိုရင် ဒီမျိုးဆက်မှာ ငါ့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်လာနိုင်တယ်”
ထုံရို့ပင်းက ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောပေ။ ယခုအခါ အားလုံးအဆုံးသတ်သွားပြီဖြစ်၍ ထိုစကားများက အဓိပ္ပာယ် မရှိတော့ပေ။
“မင်းရဲ့ လက်ဆောင်ကို အတော်လေး သဘောကျတယ်” ဝမ်ဝေ့က ရေရွတ်လိုက်၏။ သိပ်မကြာခင် သင်္ကေတနန်းဆောင်၏ ကံကောင်းမှုသည်လည်း သူ့လက်ထဲသို့ ရောက်ရှိလာလိမ့်မည်။ ယခုအခါ သူက မဟာအဆောင်မြို့တော်၏ ကံကောင်းမှုကောင်းချီးကိုလည်း ရောက်ရှိထားလေ၏။
အကယ်၍ ကိစ္စများစွာ ချောချောမွေ့မွေ့ဖြစ်ခဲ့လျှင် မူလဆေးလုံးတာအိုဂိုဏ်း၏ ကံကောင်းမှုကိုလည်း ထိန်းချုပ်နိုင်ကာ မူလလက်နက်တောင်နှင့် ခန္ဓာတာအိုချိုင့်ဝှမ်းတို့သာ ကျန်ရှိတော့မည်။
တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ထိုအင်အားစုများ၏ ကံကောင်းမှုဖြင့် သူသည် သူ့ကျင့်ကြံရေးနှုန်းကို အံ့မခန်း မြှင့်တင်နိုင်လိမ့်မည်။
ထိုအရာကို တွေးပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်အခြေအနေ ကောင်းလာမိသည်။
“ကောင်းပြီ။ ငါတို့နားလည်မှုလွဲတာတွေကို ဖြေရှင်းပြီးသွားပြီ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။
“အရှင့်ကို ကျေးဇူးတင်ပါတယ်” ထုံရို့ပင်းက စိတ်သက်သာရာရစွာ ဦးညွှတ်လိုက်သည်။
“မင်းကို တစ်ခု မေးပါရစေဦး” ဝမ်ဝေ့က ဆက်ပြောလိုက်သည့်အချိန် ထုံရို့ပင်းက နှလုံးခုန်တစ်ချက် မြန်သွားလေသည်။
“ကျွန်မ လုပ်ပေးစရာ တစ်ခုခုများ ရှိလို့လား” သူမက မေးလိုက်၏။
“မင်း ဧကရာဇ်ဖြစ်လာချင်လား”
ထုံရို့ပင်းက ထိုစကားဝိုင်းသည် ဤအခြေအနေသို့ ပြောင်းလဲသွားမည်ဟု ထင်မထားသည့်အတွက် ကြောင်အသွားလေ၏။ သူမက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။
“ဖုန်းဟွမ်ရဲ့ နည်းလမ်းကို ပြောနေတာပါလား”
“အတိအကျပဲ”
သူမ၏ အသက်ရှူနှုန်းက မြန်ဆန်လာကာ စိတ်တည်ငြိမ်အောင် မနည်းထိန်းထားရသည်။
“အရှင်က ဘာကို လိုချင်တာပါလဲ”
“ငါက မင်းကို သိတယ်” ဝမ်ဝေ့၏ အကြည့်များက ယခင်ထက်ပင် ပိုမိုနက်ရှိုင်းနေ၏။
“မင်းရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် မူလိန်ကို သူ့ကမ္ဘာမှာ ကောင်းကင်ခုံရုံး တည်ထောင်ခိုင်းဖို့ စဉ်းစားနေတယ်မလား။ ဒါပေမဲ့ ဘာအကျိုးဆက်မှ မရှိပဲနဲ့ ငါ့ရဲ့ အစီအစဉ်ကို အသုံးပြုနိုင်မယ်လို့ ထင်နေတာလား”
ဝမ်ဝေ့က အရှိန်အဝါ ထုတ်လွှတ်ထားခြင်း မရှိသော်လည်း ထုံရို့ပင်းက အကြောက်တရားကို ခံစားမိလိုက်သည်။
“အရှင်က ကျွန်မကို မှားယွင်းပြီး စွပ်စွဲနေတာပါ” ထုံရို့ပင်းက ချက်ချင်းဆိုသလို ဒူးထောက်လိုက်၏။
“ဟုတ်လား” ဝမ်ဝေ့က သူမဆီမှ အကြည့်လွှဲလိုက်သည့်အချိန် ထုံရို့ပင်းက စိတ်သက်ရာရမှုနှင့် ရှက်ရွံ့မှုတို့ကို ခံစားမိနေသည်။ သို့သော်လည်း သူမက အညံ့ခံရခြင်းထက် မည်သည့်အချိန်တွင် ဆန့်ကျင်ရမည်၊ မည်သည့်အချိန်တွင် လိုက်လျောရမည်ဆိုတာကို ကောင်းကောင်းသိထားလေသည်။
“ငါ့ရဲ့ အစီအစဉ်ကို သုံးတာက မဖြစ်နိုင်တာ မဟုတ်ဘူး။” ဝမ်ဝေ့က ပြောလိုက်၍ ထုံရို့ပင်း၏ စိတ်အခြေအနေက ပို၍ ဗြောင်းဆန်လာသည်။
“ကျွန်မရဲ့ ခင်ပွန်းကို အရှင့်ရဲ့ အစီအစဉ် သုံးဖို့အတွက် တန်ကြေးတစ်ခု ပေးခိုင်းလိုက်ပါ့မယ်” သူမက ချက်ချင်း ပြောလိုက်သည်။
“ဉာဏ်ကောင်းတဲ့သူတွေနဲ့ ဆက်ဆံရတာ တကယ်ကို ကောင်းတာပဲ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။
“ထပါ”
စွမ်းအားတစ်ခုက ထုံရို့ပင်းကို လွှမ်းခြုံသွားကာ သူမကို မတ်တတ်ဆွဲထူလိုက်သည်။
“ဒီဟာက ငါ့အစီအစဉ်ဆိုတော့ မင်းတို့က တစ်ခုခုပြန်ပေးဖို့တော့ လိုတယ်။ မူလိန်က ငါ့ကို လိုအပ်တဲ့ ကုသိုလ်နဲ့ ကံကောင်းမှု ပေးသရွေ့ ပြဿနာမရှိဘူး”
ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်သည်။
ဝမ်ဝေ့က အင်မော်တယ်အဆင့် အရင်းအမြစ်များကို တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့မိသော်လည်း ဝေစုတစ်ခု လိုချင်နေလိမ့်မည်ဟု မထင်ထားမိပေ။ သူမက တစ်စုံတစ်ခုကို တွေးကာ ပြောလိုက်၏။
“ကုသိုလ်နဲ့ ကံကောင်းမှုကို ပေးတာက ပြဿနာလို့တော့ မထင်ပါဘူး။ ဒါပေမဲ့ နတ်ဘုရား ရာထူးတော့ ပေးဖို့ မဖြစ်နိုင်လောက်ဘူး”
“ကိစ္စမရှိဘူး” ဝမ်ဝေ့က ကမ္ဘာအများစုသည် နယ်ခြားများကို အုပ်စိုးဖို့ ခွင့်မပြုကြောင်း သိလေသည်။
“ပြီးတော့ ငါတို့မှာ ညှိနှိုင်းစရာတွေ ရှိပါသေးတယ်”