← Chapters

ရက်စက်ခြင်း

Vol. 65 Ch. 903

ရက်စက်ခြင်း

Vol. 65 Ch. 903

ကမ္ဘာကြီးက တိုက်ပွဲကို ကြည့်ပြီးသည့်နောက်တွင် တုန်လှုပ်သွားကြသည်။ ကမ္ဘာရှိ ကျင့်ကြံသူများနှင့် အင်အားစုကြီးများတွင် အများစု သတိမမူမိကြသည့် မောက်မာမှုမျိုးရှိကြသည်။ ဇစ်မြစ်က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ထံ ဖြစ်ခဲ့သည့်အရာကြောင့် ဖြစ်၏။ သူတို့၏ စိတ်ထဲတွင် ထာဝရဧကရာဇ်များကို ဖြေရှင်းနိုင်သောကြောင့် ဘာမှပြဿနာ မရှိသင့်ပေ။

သူတို့၏ တွေးခေါ်မှုအရ ကိစ္စများက ဆိုးဆိုးရွားရွားအခြေအနေသို့ ရောက်ရှိသွားလျှင်ပင် ယခင်အတိုင်း တူညီသည့် နည်းလမ်းကို အသုံးပြုနိုင်သည်ဟူ၍ ဖြစ်သည်။

နောက်ဆုံး၌ ဤကမ္ဘာတွင် ထာဝရဧကရာဇ် နှစ်ယောက်အထက် ပေါ်ထွက်လာသည့်အတွက် ရှားပါးမှုကြောင့် ဖြစ်နေသည့် ထာဝရဧကရာဇ်များ၏ တန်ဖိုးကို လျှော့တွက်ခဲ့ကြသည်။

လူတချို့က ဤမျိုးဆက်ရှိ ယွမ်ထီနှစ်ယောက်အပေါ် အထင်သေးမှုမျိုး ရှိခဲ့ကြသည်။ သို့သော်လည်း အောင်းရှန်၏ တိုက်ပွဲကို မြင်တွေ့ပြီးသည့်နောက်တွင် သူတို့အသိပြန်ဝင်လာပြီး အမှားကို သဘောပေါက်သွားကြ၏။ သူတို့က ထာဝရဧကရာဇ်များသည် ဒိုင်မေးရှင်းအနိမ့်တွင် အကြောင်းအရင်းတစ်ခုကြောင့် တိုက်ပွဲစွမ်းအားအမြင့်ဆုံး ရှိထားကြောင်း သဘောပေါက်သွားကြ၏။ ထာဝရဦးသျှောင်များက ထာဝရဧကရာဇ်များကို ချုပ်နှောင်နိုင်သော်လည်း သူတို့က ထိုသူထက် သာလွန်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

အောင်းရှန်၏ တိုက်ပွဲက ထာဝရဧကရာဇ်များ၏ အံ့အားသင့်စရာကောင်းမှုကို ပြန်လည်ဖြစ်ပေါ်လာစေပြီး ရွေးချယ်ခံနတ်ဘုရား ဆယ်ယောက်နှင့် ရင်ဆိုင်သည့်အခါ ပိုမိုသတိကြီးကြီးထားလာကြ၏။

…………………………………..

အနောက်ပိုင်းကုန်းမြေ၊ မိုမျိုးနွယ်

“ကျရှုံးသွားပြီ” သူက စိတ်လွတ်စွာ ရေရွတ်လိုက်သည်။ သူက ထိုသူများသည် အနိုင်ရရှိပြီး အောင်းရှန်ကို ဖိအားပေးနိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ နှမြောစရာကောင်းလှသည်က ထိုအဆင့်ရှိ လူများ၏ ကြောက်စရာကောင်းမှုကို လျှော့တွက်ခဲ့မိ၏။

“နဂါးက ဒီလောက်တောင် စွမ်းအားရှိနေတယ်ဆိုရင် ကောင်းကင်ဧကရာဇ်ကရော”

မိုမျိုးနွယ်ခေါင်းဆောင်က ထိုအရာကို တွေးကာ တုန်ယင်သွားမိသည်။ သူက သူ့အတွေးများကို စုစည်းလျက် ဤသည်က အချိန် မဟုတ်ကြောင်း သိလိုက်သည်။ သူက ဟို့ချင်းဆီမှ သတင်းကို ရရှိပြီး ကောင်းကင်ဧကရာဇ်၏ စီစဉ်ထားမှုကို သိလိုက်ရသည်။ သို့သော်လည်း သူ သိနေလျှင်ပင် တတ်နိုင်သည့်အရာ မရှိပေ။ မိုမျိုးနွယ် ခေါင်းဆောင်က အသက်ပြင်းပြင်းရှူကာ သူ့အစေခံတစ်ဦးကို ဆက်သွယ်လိုက်၏။

“သူတို့ကို စဖို့ အမိန့်ပေးလိုက်”

သူ့မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေသည်။ သူတို့၏ မိုမျိုးနွယ်က ဤကပ်ဘေးတွင် ရှင်သန်ဖို့အတွက် တန်ကြေး ကြီးကြီးမားမား ပေးဆပ်ထားသည်။ သူက ဤအခြေအနေကို ဖြေရှင်းဖို့ သူတို့အချင်းချင်းစည်းလုံးစေဖို့ရာအတွက် ရက်စက်ကာ သောင်းကျန်းသည့် မိစ္ဆာများကြား ညှိနှိုင်းခဲ့ရသည်။

ယခု သူက သူ့အပြုအမူများ ထိုက်တန်ဖို့ရာသာ မျှော်လင့်နေမိ၏။

…………………………………….

အနောက်ပိုင်းကောင်းချီးဂိုဏ်း

ဖုန်းဟွမ်က တိုက်ပွဲကို ကြည့်နေရင်း အောင်းရှန်၏ စွမ်းအားသည် သူနှင့် ယှဉ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။ သူက ထိုရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩပေ။ ထို့ကြောင့် သူ့အဓိကအာရုံစိုက်မှုက သူတို့ရန်သူ ဖြစ်လာသည့်အခါ ထိုနဂါးကို မည်သို့ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည့် အချက်ပေါ် ဖြစ်၏။

“ဟမ်” ဖုန်းဟွမ်က တစ်စုံတစ်ခုကို သတိထားမိကာ ရေရွတ်လိုက်၏။ မိစ္ဆာကျင့်ကြံသူများစွာက နယ်မြေအသီးသီးမှ ပျံသန်းလာသည့်အတွက် သူတို့၏ လှုပ်ရှားမှုများသည် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့နောက် သူတို့က ထိုသူများသည် အဆင့်နိမ့် မိစ္ဆာကျင့်ကြံသူများကို စတင်သတ်ဖြတ်နေကြောင်း မြင်လိုက်ရ၏။ စက္ကန့်ပိုင်းလေးအတွင်း မိစ္ဆာကျင့်ကြံသူ သန်းချီက သူတို့မျိုးနွယ်စု လက်ထဲတွင် သေဆုံးသွားခဲ့သည်။

သူတို့က ဘာတွေလုပ်နေတာလဲ…

ဖုန်းဟွမ်က ရေရွတ်လိုက်သည်။ ထို့နောက် သူက သဲလွန်စကို မြင်လိုက်ရ၏။ ကုန်းမြေအထက်တွင် အနက်ရောင် မီးပြင်းဖိုတစ်ခု မြောလွင့်နေပြီး တစ်စုံတစ်ယောက် သေဆုံးသည့်အချိန်တိုင်း ရွှေရောင်အလင်းတန်းက ထိုမီးပြင်းဖိုအတွင်း ဝင်ရောက်သွားလေသည်။

သူတို့က သူတို့မျိုးနွယ်ကို သတ်ပြီးတော့ ကုသိုလ် စုဆောင်းနေတာလား။ ဘာတွေလုပ်နေပါလိမ့်…

သူ့မျက်ဝန်းအထက် ယင်ယန်သင်္ကေတ ဖျက်ခနဲ လက်သွားကာ မိုးမြေ၏ လျှို့ဝှက်ချက်များကို တွက်ချက်ကြည့်လိုက်သည်။

ငါ သိပြီ။ ကောင်းကင်ဧကရာဇ်က မိစ္ဆာကျင့်ကြံသူတွေကို ရှင်းထုတ်ချင်နေတာဆိုတော့ သူတို့က အသက်ရှင်ကျန်သူတချို့ချန်ထားပြီးတော့ သူတို့ကိုယ်သူတို့ လုပ်ဖို့ ရွေးချယ်ခဲ့တာပဲ…

ထိုနည်းလမ်းက တစ်စုံတစ်ယောက်သည် အသက်ကယ်တင်ဖို့အတွက် ခြေလက်များကို ဖြတ်တောက်လိုက်ခြင်းနှင့် တူညီပေသည်။ မိစ္ဆာကျင့်ကြံသူများ၏ အဆင့်မြင့် အင်အားစုများက အသက်ရှင်သန်ဖို့ရာအတွက် အားနည်းသူများကို စွန့်ပစ်ဖို့ ရွေးချယ်ခဲ့ကြသည်။

ကုသိုလ်က ကောင်းကင်ဧကရာဇ်ဆီကို ပေးတာဖြစ်လောက်တယ်။ သူတို့ရဲ့ အညံ့ခံမှုအနေနဲ့ပေါ့…

အမှန်တရားကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် ဖုန်းဟွမ်၏ ပထမဆုံး အလိုလိုသိစိတ်က အရာအားလုံးကို တားဆီးဖို့ ဖြစ်၏။ သို့သော်လည်း သူ့ဝင်ရောက်စွက်ဖက်မှုက ကောင်းကင်ဧကရာဇ်၏ အကျိုးအမြတ်ကို ဖျက်ဆီးလိုက်မည်ဖြစ်ကြောင်း သိသည့်အတွက် တခြားတစ်ခုကိုသာ ရွေးချယ်လိုက်သည်။

ငါလည်း ပါဝင်ဆင်နွှဲနိုင်တယ်။ နောက်ပိုင်းကောင်းချီးဂိုဏ်းက အဖွဲ့ဝင်များများစားစား မရှိသေးပေမဲ့ ငါသာ ကိုယ်တိုင်ဝင်ပါသရွေ့ သူတို့ကို လွှမ်းမိုးနိုင်တယ်…

ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။

တကယ်လို့ ငါ ဒီလမ်းစဉ်ကို ရွေးချယ်မယ်ဆိုရင် ကောင်းကင်ဧကရာဇ်ကို ကုသိုလ်ပေးလိုက်ရမှာပဲ…

သူက တခြားတစ်ယောက်၏ အစားအစာ ခွက်ထဲ နှိုက်သည်ထက် ပိုကောင်းကြောင်း သိထားလေသည်။

ဆက်တိုက်ဆိုသလို သူက အကျိုးအမြတ်မရှိဘဲ မပါဝင်လိုပေ။

ဖုန်းဟွမ်က ဆုံးဖြတ်ချက်ချဖို့ တုံ့ဆိုင်းနေလေ၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက သက်ပြင်းချလိုက်သည်။

“ဒီကိုယ်တော်ရဲ့ ကံကြမ္မာက ဗုဒ္ဓဘာသာကို အသက်ပြန်သွင်းပြီးတော့ အနောက်ပိုင်းကုန်းမြေကို သန့်စင်ပေးဖို့ပဲ။ အခု တစ်စုံတစ်ယောက်က ဒီဖြစ်စဉ်ကို ကူညီပေးပြီးတော့ ကိုယ်တော့်ကို အသက်တွေ အများကြီးမသတ်အောင် တားဆီးပေးနေတယ်ဆိုတော့ ကိုယ်တော် ဝမ်းသာသင့်တယ်။ အဲဒါဆိုတော့ အရှုံးနဲ့အမြတ် ချိန်တွယ်နေစရာ မလိုဘူး”

ဖုန်းဟွမ်၏ အရှိန်အဝါက ပိုမိုငြိမ်းအေးလာကာ ကျမ်းကို ရွတ်ဖတ်ရင်းဖြင့် တရားထိုင်လိုက်သည်။

…………………………………..

တိမျိုးနွယ်

“ခေါင်းဆောင် ကျုပ်တို့ ဘာလုပ်မှာလဲ”

“ဘာမှမလုပ်ဘူး”

“ဒါပေမဲ့ … ”

“ငါတို့တိမျိုးနွယ်က ဒီမျိုးဆက်အတွင်း တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေဖို့လိုတယ်”

အခန်းက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် တိခုံက ထိုသူများအထက် စိတ်ပျက်သည့် အမူအရာမျိုးကို မြင်လိုက်ရ၍ သက်ပြင်းချလိုက်သည်။

“ငါတို့ရဲ့ အဓိကရည်ရွယ်ချက်က ခေါင်းဆောင်ငယ်လေးရဲ့ ပြန်လည်ဝင်စားမှုကို ရှာပြီးတော့ သူ့မျိုးနွယ်ဆီ ပြန်လာချင်မလားဆိုတာကို စောင့်ကြည့်ရမယ်”

မျိုးနွယ်ဝင်များက အကြည့်များ လင်းလက်လာသည်။ သူတို့သာ တိထျန်းကို ရှာတွေ့သရွေ့ သူတို့၏ မျိုးနွယ်သည် ထိုမကောင်းဆိုးဝါးနှင့် ယှဉ်နိုင်သည့် ကောင်းကင်ဧကရာဇ် တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။

တိခုံက သူတို့၏ တုံ့ပြန်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် တိတ်တဆိတ် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။

………………………………………………..

ကောင်းကင်ခုံရုံး

ဝမ်ဝေ့က တိုက်ပွဲကို အာရုံစိုက်လျက် ကြည့်နေမိသည်။ သူ့မျက်ဝန်းက တခြားသူများ မမြင်တွေ့နိုင်သည့် အရာများကိုပင် မြင်တွေ့နေရသည်။

ကောင်းကင်တာအိုက အောင်းရှန်ရဲ့ ပင်ကိုစည်းမျဉ်းကို အားဖြည့်ပေးတာ မဟုတ်ဘူး။ အဲဒါဆိုတော့ ဒါက အစစ်အမှန် ကောင်းကင်တာအိုရဲ့ အခွဲအောက်မှာ ရှိရမယ်။ ဒါပေမဲ့ သူက ကြယ်လေးလုံးနဲ့အောက်ဆိုရင် ကောင်းကင်တာအိုရဲ့ တာဝန်များလား…

သူ့မျက်ဝန်းအထက် ကမ္ဘာ၏ လျှို့ဝှက်ချက်တချို့ ဖြတ်ပြေးသွားကာ ကံကြမ္မာ ချောင်းကြည့်လိုက်သည်။ အဖြေက မှန်ပေသည်။ ကောင်းကင်တာအိုက ကြယ်လေးလုံးယွမ်ထီနှင့် အောက်အတွက် တာဝန်ယူထားရ၏။

ထိုစဉ် ကြယ်ငါးလုံးနှင့် အထက်အတွက်မူ အစစ်အမှန်ကောင်းကင်တာအို၏ အကဲဖြတ်မှုအောက်တွင် ရှိလေသည်။

ငါ ဒီအားဖြည့်မှုကို ဝင်ရောက်စွက်ဖက်နိုင်မလား…

ထိုအားဖြည့်မှုဖြင့် ယွမ်ထီများသည် မဟာဧကရာဇ်၏ မဟာတာအို အရင်းအမြစ်အဆင့်လောက် မရောက်သေးပေ။

အဆိုးဘက်ကပဲ…

ဝမ်ဝေ့က တွေးလိုက်သည်။

ကောင်းကင်လမ်းစဉ်က ဧကရာဇ်လမ်းစဉ်ကို ပစ်မှတ်ထားတဲ့ ကမ္ဘာရဲ့ နောက်ထပ်မျှခြေညီ စက်ယန္တရားတစ်ခုပဲ။ အဲဒါဆိုတော့ ငါသာ အစစ်အမှန် ကောင်းကင်တာအိုနဲ့ မယှဉ်နိုင်သရွေ့ အသုံးမဝင်ဘူး…

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ပွဲအဆုံးသတ်သည်ကို ကြည့်နေလိုက်သည်။

သူက စိတ်စွမ်းအားသဏ္ဌာန် ပြဖို့ နီးနေပြီလား။ အင်း ဒါက အဓိပ္ပာယ်တော့ရှိပါတယ်…

အောင်းရှန်က သူ့ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်အတွင်း သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားသည့် သွေးမျိုးဆက် အမှတ်အသားများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုဖြစ်စဉ်အတွင်း သူက သူ့စိတ်စွမ်းအားကို မြင့်မားသည့် အနေအထားတစ်ခု ရောက်အောင် လေ့ကျင့်ပေးနိုင်ခဲ့၏။

ဝမ်ဝေ့၏ အကြည့်က အနောက်ပိုင်းကုန်းမြေဆီ ရောက်ရှိလာကာ မိစ္ဆာကျင့်ကြံသူများ၏ အစီအစဉ်ကို ကောက်ချက်ချလိုက်သည်။

“မိုမျိုးနွယ်ခေါင်းဆောင်က တကယ်ကို ထူးချွန်တာပဲ”

ဤသို့တွေးမိသည့် အချက်မှာ ထိုသူက သူ့စွမ်းဆောင်ရည်ကို အလျင်အမြန် သက်သေပြခဲ့သည်။

ငါက ဘာမှလုပ်စရာ မလိုပဲနဲ့ ကုသိုလ်ရတော့ ပျော်တာပေါ့…

ဝမ်ဝေ့က တွေးလိုက်သည်။

မင်းတို့ရဲ့ အစီအစဉ်က ကောင်းပေမဲ့ အနာဂတ်အကြောင်းတစ်ခုကို မေ့နေတယ်…

မိစ္ဆာကျင့်ကြံသူများက မတည်ငြိမ်သည့်အတွက် နောင်အနာဂတ်တွင် မြင့်တက်ဖို့ အုတ်မြစ် မချန်ထားလိုပေ။ ဝမ်ဝေ့က သူတို့ကို အကြွင်းမဲ့စတင်ခြင်းဧကရာဇ်၏ မှော်စွမ်းအားကဲ့သို့ အရာမျိုးကို မသုံးသရွေ့ အပြည့်အဝ သုတ်သင်ပစ်ဖို့ မဖြစ်နိုင်ကြောင်း သိထား၏။

သို့သော်လည်း သူက ကမ္ဘာကြီးသည် ယင်ယန်ကဲ့သို့ မျှခြေညီ လိုအပ်ကြောင်း နားလည်ထားသည်။

ထို့ကြောင့် မိစ္ဆာမျိုးနွယ်အပြီးတိုင် ပျက်သုဉ်းသွားမှုသည် ထိုမျှခြေကို ဖျက်ဆီးပစ်လိမ့်မည်။

သူက ထိုသို့လုပ်ဆောင်ခဲ့ပါက ဖုန်းဟွမ်၏ မိစ္ဆာကျင့်ကြံသူဗားရှင်း ပေါ်ထွက်လာဖို့ မကြာဘဲ မိစ္ဆာကျင့်ကြံသူများ၏ ကံကြမ္မာကို ပြန်လည်အသက်သွင်းဖို့ တာဝန်ပေးခံရသူ ထွက်လာလိမ့်မည်။

ထို့ကြောင့် သူ့ရည်ရွယ်ချက်က သူတို့ကို ရှင်းလင်းပြီး သူတို့၏ အင်အားစုကို တဖန် အစပြုဖို့ ဖိအားပေးခြင်း ဖြစ်သည်။

သူက မျိုးဆက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် မိစ္ဆာကျင့်ကြံသူများက ဧကရာဇ်တချို့ ရှိလာပြီး ပြန်လည်ရှင်သန်တော့မည့် အရိပ်အယောင် ပြလာသည့်အခါ သူ့ဆက်ခံသူက သူတို့ကို ပြန်လည်စတင်ဖို့ ဖိအားပေးနိုင်ဖို့ရာ မျှော်လင့်နေမိသည်။

ယခုမှစ၍ ထိုအရာသည် သူတို့ပြန်ရှင်လာသည့်အချိန်တိုင်း ရှင်းရမည့် တာဝန်တစ်ခု ဖြစ်လာလိမ့်မည်။

ဝမ်ဝေ့က အနောက်ပိုင်းကုန်းမြေ၏ ဖရိုဖရဲ ဖြစ်မှုကို ကြည့်နေလိုက်၏။ သူက ရပ်တန့်ဖို့ အတွေးမရှိပေ။ သူက ဗုဒ္ဓဘာသာ၏ တုံ့ပြန်မှုကို အာရုံစိုက်လိုက်သည်။

“လှုပ်ရှားမှု မရှိဘူးလား” သူက ရေရွတ်လိုက်၏။

“သူက တကယ့်ကို ဉာဏ်အလင်းပွင့်ထားတဲ့ ဘုန်းကြီးတစ်ပါးပဲ”

ဖုန်းဟွမ်က ဗုဒ္ဓဘာသာအပါ် သူ့တာဝန်ကြောင့် အစစ်အမှန် ဉာဏ်အလင်းပွင့်မှုကို မရရှိခဲ့ကြောင်း ပြသခဲ့သည်။

ဆွဲဆောင်မှုတွေ ရှိနေတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

တကယ်လို့ ဒါကို တောင့်ခံနိုင်ရင် တကယ် သိမ်မွေ့သွားလိမ့်မယ်။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ လောကီအညစ်အကြေးထဲမှာ ပျောက်ဆုံးသွားရလိမ့်မယ်…

ဖုန်းဟွမ်၏ အခြေအနေကို ကောက်ချက်ချပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အမြဲပြောင်းလဲ တာအိုနှလုံးသားကို ရုတ်ချည်းအမှတ်ရသွား၏။

ငါလည်း ကွဲပြားတဲ့ ဘဝတွေအနေနဲ့ ပြန်လည်ဝင်စားပြီးတော့ ဆက်လက် လေ့ကျင့်ပေးသင့်တယ်…

သူက ထိုအတွေးရှိလာသည်နှင့် မခုခံနိုင်တော့ပေ။ ထို့ကြောင့် ဝမ်ဝေ့က လက်ဝှေ့ကာ ကမ္ဘာကြီးထံ မမြင်နိုင်သည့် အလင်းပျောက်များစွာကို ပစ်လွှတ်လိုက်၏။ တာအိုကို သက်သေပြပြီးသည့်နောက်တွင် တာအိုနှလုံးသားက အသုံးမဝင်ဆုံး ကဏ္ဍတစ်ခု ဖြစ်လာဟန်ပေါ်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာသည် အမှန်တရားနှင့် ကင်းဝေးနေကြောင်း သိသည့်အတွက် အလေးအနက် မှတ်ယူခဲ့သည်။

ဝမ်ဝေ့က ကမ္ဘာကြီးကို အာရုံမစိုက်တော့ဘဲ အနားယူဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူက တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။

“အဖေက ထွက်လာပြီလား။ ထင်ထားတာထက် စောသားပဲ”

သူက ခုံရုံးမှ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဂိုဏ်းဆီ ပြန်ရောက်လာသည်။ ဂိုဏ်း၏ တပည့်အများစုသည် ပိုကောင်းသည့် ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူကာ ခုံရုံးသို့ ပြောင်းရွှေ့နေထိုင်ကြသည့်အတွက် ဂိုဏ်းတွင် ယခင်လောက် စည်ကားခြင်း မရှိပေ။

“သူ ချက်ချင်းပြန်လာမှာလို့ ရှင့်ကို ပြောသားပဲ” ယုယန်က သူမ ခင်ပွန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်။ ကိုယ့်ထက် မင်းက သူ့ကို ကောင်းကောင်းပိုသိပါတယ်” ဝမ်ထျန်းက ပြုံးကာ ပြောလိုက်၏။

“ဟုတ်တာပေါ့။ ရှင် ဒါကို မမေ့တာကောင်းလိမ့်မယ်” သူမက ထပ်ပြောလိုက်သည်။

“သား … သားကြိုက်တာ ချက်ထားတယ်”

All Chapters