← Chapters

ယုယန်၏ ကံကြမ္မာ

Vol. 65 Ch. 904

ယုယန်၏ ကံကြမ္မာ

Vol. 65 Ch. 904

“အဖေရဲ့ ကျင့်ကြံရေးက ဘယ်လိုနေလဲ” ဝမ်ဝေ့က ဝက်သားနှပ်ကို တစ်ကိုက် စားပြီးသည့်နောက် မေးလိုက်သည်။

“အောင်မြင်တယ်” ဝမ်ထျန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ငါ လူဝင်စား သုံးယောက်ကို ဖန်တီးပြီးသွားပြီ”

“သူတို့တစ်ယောက်ချင်းစီကို ဓားတာအိုရဲ့ ပိုင်းဖြတ်ရေးကဏ္ဍကို လေ့ကျင့်ခိုင်းမှာလား”

“အရင်ကတော့ အဲ့လိုစဉ်းစားထားခဲ့တာ။ ဒါပေမဲ့ အခု စိတ်ပြောင်းသွားခဲ့ပြီ” ဝမ်ထျန်းက ခေါင်းခါလိုက်၏။

“သူတို့တစ်ယောက်ချင်းစီကို အခြေခံဓားရေးကဏ္ဍတစ်ခုချင်းစီကို အာရုံစိုက်စေပြီးတော့ နောက်ဆုံးပေါင်းစည်းမှုမတိုင်ခင် နောက်ဆုံးအဆင့်အထိ ရောက်စေချင်တယ်”

အခြေခံဓားရေးတွင် ဖြတ်တောက်ခြင်း၊ ထိုးစိုက်ခြင်း၊ ဝှေ့ယမ်းခြင်းနှင့် တခြားလှုပ်ရှားမှုများစွာ ပါဝင်နေသည်။ ကျိလန်ဖန်းနှင့် တိုက်ပွဲအပြီးတွင် ဝမ်ထျန်းက သူသည် တခြားသော နေရာများတွင်လည်း တိုးတက်အောင်လုပ်ပြီး သူတို့၏ အနှစ်သာရဖြင့် သူ့ပိုင်းဖြတ်ရေးတာအိုကို ပိုမိုပြီးပြည့်စုံအောင် လုပ်နိုင်ကြောင်း ခံစားမိခဲ့သည်။

“ကောင်းပြီလေ။ ဒါပေမဲ့ အဖေက တစ်ခုခုကို စိုးရိမ်နေတဲ့ပုံပဲ။ တကယ်လို့ အရင်းအမြစ်ပြဿနာဆိုရင် စိုးရိမ်နေဖို့မလိုပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့လိုမဟုတ်ဘူး။ သူတို့တွေက ငါ့ဘေးနားမှာနေရင် လေ့ကျင့်မှု များများစားစား မတွေ့ကြုံရမှာကို စိုးရိမ်နေတာ။ သူတို့တွေကို တခြားကမ္ဘာဆီ စေလွှတ်ရမလား တွေးနေပေမဲ့ နောက်ထပ် နည်းလမ်းကောင်းတစ်ခုရှိမယ်လို့ ခံစားမိနေတယ်”

“ပိုကောင်းတဲ့ နည်းလမ်းလား။ ဘယ်လိုဟာလဲ” ယုယန်က မေးလိုက်သည်။

“ဘယ်လိုရှင်းပြရမလဲ။ လူဝင်စားတွေကို စိန်ခေါ်မှုဖြစ်စေပြီးတော့ သူတို့ရဲ့ ဓားတာအိုကို လေ့ကျင့်ပေးနိုင်မဲ့ ငါ့အဆင့်နဲ့တူတဲ့ ဓားသမားတွေနဲ့ တွေ့ဆုံစေချင်တယ်” ဝမ်ထျန်းက ရှင်းပြလိုက်သည်။

“ဓားတာအိုကို အထွတ်အထိပ်ရှိတဲ့ ကမ္ဘာများ ရှိလား”

“ကျွန်တော် စစ်ကြည့်လိုက်မယ်”

ဝမ်ဝေ့၏ မျက်ဝန်းအထက် ကံကြမ္မာမြစ်ကြောင်း ပေါ်ထွက်လာကာ ဒိုင်မေးရှင်းအနိမ့်ရှိ လျှို့ဝှက်ချက်များစွာကို မြင်တွေ့လိုက်ရသည်။

“ဓားကျင့်ကြံသူတွေက အဓိကဖြစ်တဲ့ ဓားသခင်ကမ္ဘာတော့ ရှိတယ်။ ကံဆိုးတာက ဒီယခင်မျိုးဆက်လောက်ကတည်းက သူတို့က တဖြည်းဖြည်းနဲ့ နိမ့်ကျလာခဲ့တယ်။”

“နိမ့်ကျလာတာလား”

“ဟုတ်တယ်။ ကြည့်ရတာ တခြားလက်နက် တာအိုတွေက သဘောမကျကြတော့ ပုန်ကန်ဖို့ လုပ်ခဲ့ကြတဲ့ပုံပဲ။ ကံဆိုးတာက ဒီမျိုးဆက်ရဲ့ နောက်ဆုံးအနိုင်ရရှိတဲ့သူက ဓားဧကရာဇ် ဖြစ်မနေခဲ့ဘူး။ ကမ္ဘာရဲ့နာမည်လည်း မကြာခင် ပြောင်းရတော့မယ် ထင်တယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ဒိုင်မေးရှင်းအနိမ့်ကို ထပ်ပြီး စစ်ဆေးကြည့်လိုက်ဦးမယ်။”

သူက ခေတ္တမျှ ရပ်တန့်သွား၏။

“အဲဒီအသိုင်းအဝန်းရဲ့ ဒိုင်မေးရှင်းအနိမ့်မှာတောင်မှပဲ တူညီတဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်။ ကျွန်တော်တော့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို အနံ့ခံမိတယ်” ဝမ်ဝေ့က ဓားတာအိုသည် ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအနက် ဤသို့တန်ပြန်သက်ရောက်မှုမျိုး ကြုံတွေ့ရသည်မှာ တိုက်ဆိုင်မှုသက်သက်ဟု မထင်ပေ။

“အဲဒီကမ္ဘာကို လူဝင်စားတချို့ စေလွှတ်ပြီးတော့ ဓားတာအိုကို ပြန်လည်အသက်သွင်းလို့ ရတယ်”

“ဟုတ်တယ်။ အဲဒါက အကြံကောင်းပဲ။ ဒါပေမဲ့ အဖေ လိုချင်တဲ့ပုံတော့ ကွက်တိ မဟုတ်သေးဘူး” ဝမ်ထျန်းက ပြန်ဖြေလိုက်သည်။

“ရှင့်ရဲ့လူဝင်စားတွေကို ရှင်နဲ့ ကျိလန်ဖန်းလိုမျိုး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်စေချင်တာလား” ယုယန်က မေးလိုက်သည်။

“အခြေခံသဘောတရားအရပေါ့”

“အဲဒါဆိုရင် ဝေ့အာကို ရှင့်အတွက် ဓားသမားပညာရှင်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးခိုင်းလိုက်လေ။ ပြီးရင် ရှင့်ရဲ့ လူဝင်စားတွေအကုန်လုံးကို ဘာမှတ်ဉာဏ်မှ မရှိဘဲနဲ့ အဲဒီကို စေလွှတ်ပြီးတော့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲလိုမျိုး ယှဉ်ပြိုင်ခိုင်းလိုက်ပေါ့။”

ဝမ်ထျန်းက အကြည့်များ တောက်ပလာပြီးသည့်နောက်တွင် သူ့သားကို မေးလိုက်၏။

“လုပ်ပေးနိုင်လား”

“ကမ္ဘာတစ်ခုကို ဖန်တီးဖို့က လွယ်ပါတယ်။ ဒါပေမဲ့ ဒါက ပါရမီရှင်အမြောက်အများ လိုချင်ရင် အဲဒီကမ္ဘာအတွက် ဓားတာအိုကြမ္မာ စုစည်းရမှာက အချိန်တစ်ခုတော့ ကြာလိမ့်မယ်။ တကယ်လို့ သမိုင်းကြောင်း ရှည်လျားပြီးတော့ သေချာဖွံ့ဖြိုးတိုးတက်နေတဲ့ ဓားနည်းစနစ်တွေ၊ ဓားကျင့်စဉ်တွေ ရှိချင်တယ်ဆိုရင် ပိုပြီးတော့ အချိန်ကြာလိမ့်မယ်။ နောက်ဆုံးအနေနဲ့ အဲ့လိုကမ္ဘာမျိုးက အဖေ့ရဲ့ လူဝင်စားတွေ အတွက် မြင့်မားတဲ့ အရင်းအမြစ်တော့ ရှိမှာ မဟုတ်ဘူး”

“အချိန်က ပြဿနာ မဟုတ်ဘူး” ဝမ်ထျန်းက အလျင်လိုနေခြင်း မရှိဘဲ လိုအပ်သရွေ့ စောင့်ဆိုင်းဖို့ လိုလားလေသည်။

“အရင်းအမြစ်ကိစ္စကတော့ လူဝင်စားတွေက သူတို့ရဲ့ တာအိုနှလုံးသားနဲ့ ဓားတာအိုကို လေ့ကျင့်ပေးနိုင်တာကိုပဲ ဂရုစိုက်တယ်။ သူတို့ပြီးမြောက်သွားရင် ငါတို့က လိုအပ်တဲ့ အရင်းအမြစ်ကို ပေးပြီးတော့ နဝမအဆုံးစွန်အုတ်မြစ်ကို တက်လှမ်းခိုင်းလို့ ရတယ်”

“အဲဒါဆို ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“နောက်ဆုံးတစ်ခုက ငါ့အနေနဲ့ ဒဿမသာလွန်အုတ်မြစ်ကို ရဖို့ အခွင့်အရေးရှိလား”

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး “ကျွန်တော်လည်း တွက်ချက်ဖူးတယ်။ တကယ်လို့ အဖေက ကျွန်တော်ရဲ့ ထူးကဲတဲ့ ကမ္ဘာကို ဝင်မယ်ဆိုရင် သေသွားလိမ့်မယ်”

ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာကမ္ဘာဟု ပွင့်ပွင့်လင်းလင်း မပြောရဲပေ။ မည်သို့ပင်ဆိုစေကာမူ သူက အမှန်တိုင်း ပြောနေခြင်းသာ ဖြစ်၏။ သူ့ ဂမ္ဘီရနှင့် မြင်ထားသည့် အနာဂတ်အရ ဟုန်ကျွင်း၏ ကာကွယ်မှုသည် သူ့အပေါ်သာ တည်ရှိပြီး သူ့မိသားစုအထိ မပါဝင်ပေ။

“တိထျန်းရဲ့ အကန့်အသတ်ချိုးဖောက်ရေး ကိရိယာက အတော်လေးကို ရှားပါးတော့ ကံကောင်းမှုအပေါ်မှာ မူတည်တယ်။ ဒိုင်မေးရှင်းအနိမ့်မှာ ရှာတွေ့နိုင်ချေက မဖြစ်နိုင်သလောက်ပဲ။ ဒါပေမဲ့ နောက်ဆုံး နည်းလမ်းတစ်ခုတော့ ရှိတယ်။ အဲဒါက အလုပ်ဖြစ်ပါ့မလားတော့ မသိသေးဘူး”

ဝမ်ဝေ့က သူ့ပြီးပြည့်စုံသည့် အုတ်မြစ်ကို ဖွဲစည်းဖို့ နည်းလမ်းကို အမှတ်ရလိုက်သည်။ ဝူဟုန်၏ ခန့်မှန်းချက်အရ သူက လိုအပ်သည့်ပစ္စည်းများကို အလင်းမဲ့အမှန်တရားအတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သူက ထိုနေရာတွင် အကန့်အသတ် ချိုးဖောက်ရေးကိရိယာကို ရရှိနိုင်ချေလည်း ရှိ၏။

“အဲဒါက အန္တရာယ် များတယ်လား” ယုယန်က မေးလိုက်သည်။

“အန္တရာယ်များလောက်တယ်”

“ဒီလိုဆိုရင် စွန့်စားနေဖို့ မလိုပါဘူး” ဝမ်ထျန်းက အခိုင်အမာ ပြောလိုက်သည်။ နောက်ဆုံး သူ မလိုချင်ဆုံးအရာက သူ့ရည်မှန်းချက်ကြောင့် သူသား အန္တရာယ်ဖြစ်သွားစေမည်ကို ဖြစ်၏။

“တကယ်လို့ အဖေတို့ကြောင့် မဟုတ်ရင်တောင် ကျွန်တော်က အဲဒီနေရာကို သွားရဦးမှာ”

“အဲ့လို လိုလို့လား” သူ့အမေက မေးလာသည်။

“ဟုတ်တယ်။ အဲဒီနည်းလမ်းတွေက အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော်တို့တွေ တခြားနည်းလမ်းကို စဉ်းစားကြည့်ကြတာပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

ဝမ်ဝေ့က သူ့အဖေအတွက် မျှော်လင့်ချက် များများစားစား မရှိပေ။ ဒဿမသာလွန်အုတ်မြစ်က ပါရမီ၊ ကံကောင်းမှုနှင့် ကြမ္မာကို လိုအပ်ပေသည်။ သို့သော်လည်း သူ လေ့လာထားသလောက် သူ့အဖေတွင် ထိုသို့အောင်မြင်မှုမျိုး ရရှိဖို့အတွက် ကံကောင်းမှုနှင့် ကြမ္မာ မရှိပေ။

သူနှင့်တိထျန်းက အသင်္ချေအင်ပါယာကမ္ဘာရှိ နောက်မျိုးဆက်ထိ ကြာရှည်မည့် ဒဿမသာလွန်အုတ်မြစ်၏ ကြမ္မာ သို့မဟုတ် ကံကောင်းမှုကို ယူထားခဲ့လေသည်။

“အဲဒါဆိုတော့ ဒါကို အာရုံစိုက်နေဖို့ မလိုဘူး။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း မဖြစ်လို့ပေါ့”

ဝမ်ထျန်းက တချို့ကိစ္စများသည် လူတချို့အတွက်သာ ကံကြမ္မာဖန်လာကြောင်း နားလည်လေသည်။ နမူနာအားဖြင့် သူသည် သူ့သားကြောင့်သာ မဟုတ်ပါက ထာဝရဧကရာဇ်ကြမ္မာကို ရရှိမည် မဟုတ်ပေ။

ဝမ်ဝေ့က တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူက တွက်ချက်မှုနှင့် ဂမ္ဘီရများစွာကို ပြုလုပ်ခဲ့ပြီး အသင်္ချေအနာဂတ်များစွာကို မြင်တွေ့ခဲ့ရသည်။ သူက သူ့အဖေ၏ ကံကြမ္မာကို ဒဿမသာလွန်အုတ်မြစ် ရှိသူအဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ရလဒ်ကမူ အစစ်အမှန်ကောင်းကင်တာအိုက သတိပေးလာပြီး သူ့အပြုအမူများကို တားဆီးလာခဲ့သည်။ သူ့လှုံ့ဆော်မှုတစ်ခုတွင် ထိုသူက သူ လွန်လွန်းသွားသည့်အတွက် သူ့ကို ချက်ချင်း သုတ်သင်ပစ်ခဲ့၏။

ထို့ကြောင့် ဝမ်ဝေ့က ထိုအရာကို လုပ်ဆောင်နိုင်မည့် စွမ်းအားရှိကြောင်း ကောက်ချက်ချခဲ့သည်။ သို့သော်လည်း ကစားပွဲသဘောတရားအရ သူသည် ထိုအဆင့်များကို ထိတွေ့ဖို့ရာအတွက် လုံလောက်သည့် အာဏာမရှိသေးပေ။

“အမေရော ဘယ်လိုလဲ။ သီးသန့်ကျင့်ကြံရေးက အဆင်ပြေရဲ့လား”

“အမေလည်း တစ်ခုတော့ ရလိုက်တယ်။ ဒါပေမဲ့ လူဝင်စား ဖန်တီးဖို့တော့ မလုံလောက်သေးဘူး” ယုယန်က ဝမ်းနည်းစွာ ပြောလိုက်၏။ သူမ၏ ပါရမီက သူမ၏ ခင်ပွန်းနှင့် မယှဉ်နိုင်ကြောင်း သိထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ထိုအရူးလောက် မကောင်းသည့်အချက်ကို ဝန်ခံဖို့ ငြင်းဆန်နေခဲ့သည်။

“အမေ့ကို အမေ ဖိအားမပေးပါနဲ့။ ဒီနားလည်မှုအနည်းငယ်က အမေ့ရဲ့ ထာဝရဧကရာဇ်ဖြစ်လာနိုင်ချေကို တိုးမြှင့်ပေးလိမ့်မယ်” ဝမ်ဝေ့က ဖျောင်းဖျလိုက်သည်။

သူမက ပြုံးကာ ခေါင်းညိတ်လိုက်၏။

“အော် ငါ မမေ့ခင် ပြောရဦးမယ်။ မဟာတာအိုအရင်းအမြစ်နဲ့ ယုမျိုးနွယ်ကို ဆေးကြောပေးလို့ ရမလား”

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တူကို ချလိုက်သည်။

“ဘာဖြစ်လို့လဲ။ မင်းဆီမှာ အချိန်ရှိတယ်မလား”

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး “ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က အဲ့လိုလုပ်မပေးနိုင်ဘူး”

“ဘာလို့လဲ”

“ရှင်းပြလိုက်တာ ပိုကောင်းလိမ့်မယ်။” ဝမ်ထျန်းက အသံမြင့်ကာ ပြောလိုက်၏။ သူ့မျက်ဝန်းက သူ့သားအား ပထမဦးဆုံးအကြိမ် တင်ပါးကို ရိုက်နှက်မည့် အရိပ်အယောင်ကို ပြသနေသည်။ သူ့အဆင့်အတန်းအတွက်မူ အာရုံမစိုက်ပေ။

သူ့သားက မည်မျှပင် အားကောင်းပြီး မြင့်မြတ်စေကာမူ သူ့ဆီမှ ထွက်လာခြင်းဖြစ်ကာ သူက အမှားပြင်ပေးရမည်။

“စိတ်ငြိမ်ငြိမ်ထားပါ။ ကျွန်တော်က အဖိုးကြောင့် ဒီလိုပြောတာ မဟုတ်ပါဘူး” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“အဲ့လိုဆိုရင် မင်းအမေရဲ့ မျိုးနွယ်ကို မကူညီပေးတာ ဘာအကြောင်းအရင်းကြောင့်လဲ”

“မျှခြေညီ စက်ယန္တရားကြောင့်ပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါကရော ဘာကိုပြောတာလဲ”

“ဂိုဏ်းတစ်ခုက အားကောင်းလာရင် ကောင်းကင်တာအိုက အမေ တာအိုကို သက်သေပြတဲ့အခါမှာ ဝင်ရောက်စွက်ဖက်ပြီးတော့ ထာဝရဧကရာဇ် ဖြစ်လာတာကို တားဆီးမယ်လို့ ပြောချင်တာလား” ယုယန်က ကိစ္စများစွာကို စုစည်းနိုင်ခဲ့သည်။

ဝမ်ဝေ့က သူမကို တိတ်တဆိတ် လက်မထောင်ပြလိုက်၏။ သူတို့က မျှခြေညီ စက်ယန္တရားအကြောင်းကို အချိန်အတော်ကြာ စိုးရိမ်နေခဲ့သော်လည်း အာရုံစိုက်မှုက လီကျွင်းနှင့် ယန်းလီလင်းအပေါ်တွင် ဖြစ်၏။

“အတိအကျပဲ”

“ဒါပေမဲ့ မျိုးနွယ်ကို မကူညီတာနဲ့ ဘာဆိုင်လို့လဲ”

“အမေ တစ်ခုခုဖြစ်မသွားအောင် ကျွန်တော့်အနေနဲ့ လှည့်ကွက်တချို့ လုပ်ဖို့လိုတယ်လေ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ကျွန်တော့်အစီအစဉ်ရဲ့ ပထမအဆင့်က အမေက ဂိုဏ်းရဲ့ အထက်ပိုင်းနဲ့ အဆင်မပြေတော့တဲ့အကြောင်း သတင်းကို ထုတ်လွှတ်ရမယ်။ ပြီးတော့ အမေက ထွက်သွားပြီးတော့ ယုမျိုးနွယ်ဆီ ပြန်သွားလိမ့်မယ်။ အဖေက လာတွေ့နိုင်ပေမဲ့ အမေကတော့ ဂိုဏ်းဆီ အလွယ်တကူ ပြန်လာလို့ မရဘူး။

ကျွန်တော်က လှည့်ဖြားရေးတာအိုကို သုံးပြီးတော့ အစစ်အမှန် ကောင်းကင်တာအိုကို ဒီကောလဟာလတွေက အမှန်ဆိုပြီးတော့ လှည့်ဖျားပြီးတော့ အမေ့ရဲ့ အဆင့်တက်လှမ်းမှုကို ဝင်နှောင့်ယှက်တာကနေ တားဆီးပေးမယ်။ အဲဒါဆိုရင် အမေက ဒီဂိုဏ်းနဲ့ ဆက်နွယ်မှုမရှိတော့တဲ့အပြင် ရန်သူလို့တောင် သတ်မှတ်လို့ရတယ်”

ယုယန်က သေချာစဉ်းစားကြည့်လိုက်သည်။

“အဲဒါက အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အမေ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ဂယက်ရိုက်သွားမှာ မဟုတ်ဘူးလား”

“အဲ့လိုတော့ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အမေအနေနဲ့ ဒီမျိုးဆက်အတွင်းမှာ သိုသိုသိပ်သိပ်နေပြီးတော့ ဘယ်ကိစ္စကိုမှ ဝင်မစွက်ဖက်ဖို့ လိုတယ်။ အမေနဲ့ အဖေနဲ့က နောက်မျိုးဆက်မှာ ကြိုက်တာ လုပ်လို့ရပေမဲ့ အခုတော့ မဟုတ်ဘူး”

“သူမက နောက်မျိုးဆက်မှာ ဘာလို့လုပ်နိုင်တာလဲ”

“အဲဒီအချိန်ကျရင် ကျွန်တော်က တခြားအင်အားစုတွေနဲ့ ကမ္ဘာတွေကိုလည်း အားဖြည့်ပေးထားမှာဆိုတော့ ကောင်းကင်တာအိုက ကျွန်တော်တို့အပေါ်မှာ အတားအဆီးကို လျှော့ချပစ်လိမ့်မယ်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“အော် သိပြီ။ ဒါပေမဲ့ အဲ့လိုအစီအစဉ် အလုပ်ဖြစ်ဖို့ဆိုရင် ယန်အာက ယုမျိုးနွယ်ရဲ့ အထက်ပိုင်းကို ပြောလို့မရဘူး။ အဲဒါဆိုတော့ သူတို့က မင်းကို အကောင်းမမြင်တော့ဘူးမလား”

“ဒီလိုအရှက်ရဖွယ်မျိုးကို ကျွန်တော် တောင့်ခံရမှာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ထိုသို့အရေးမပါသည့် ကိစ္စမျိုးကို ဂရုမစိုက်ပေ။

“အမေတာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူတို့ကို တစ်ခုခုပြောတာက ပြဿနာမရှိဘူးမလား” ယုယန်က သူမမျိုးနွယ်ကို သူ့သားကို မုန်းတီးနေသည့် အတွေးကို မခံစားနိုင်ပေ။

“အမေ ကြိုက်သလိုလုပ်ပါ။ ဒါပေမဲ့ သူတို့ပါးစပ်ပိတ်ထားပြီး ဘာမှမဖျက်ဆီးပစ်အောင်တော့ သေချာဂရုစိုက်ရမယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။ သူက သူ ကောင်းမွန်စွာ ထုဆစ်ထားသည့် အစီအစဉ် ဖျက်ဆီးခံလိုက်ရမည်ကို မဖြစ်စေလိုပေ။

ယုယန်က ခေါင်းညိတ်လိုက်၏။

“အဲဒါဆို အမေ ဘ ယ်အချိန်ထွက်သွားသင့်လဲ”

“အလျင်လိုဖို့ မလိုပါဘူး။ ကျွန်တော်တို့ဆီမှာ အမေ့အတွက် ကုသိုလ်တွေ စပြီးမစုဆောင်းခင် အချိန်အများကြီး ရှိပါသေးတယ်”

All Chapters