← Chapters

မီးစွမ်းအင်ပုံဆောင်ခဲ

Vol. 59 Ch. 803

မီးစွမ်းအင်ပုံဆောင်ခဲ

Vol. 59 Ch. 803

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို မထုတ်လွှတ်ထားဘူးလေ၊ နီးကပ်လာမှသာ သူက သေမင်းနက်သူတော်စင်ကို သတိပြုမိတယ်။

"အဆငိ့နိမ့်သူတော်စင်နှစ်ယောက်လား" လီဖူချန်းရဲ့အမူအရာက လေးပင်သွားတယ်။

လီဖူချန်းက ကြက်သွေရောင်စပါးအုံးသူတော်စင်ကို အနိုင်ယူနိုင်တယ်တိုပေမယ့် သူက အဆင့်နိမ့်သူတော်စင်နှစ်ယောက်ကို လျော့တွက်နိုင်တယ်လို့ မဆိုလိုပါဘူး။

ကြက်သွေးရောင်စပါးအုံးသူ‌တော်စင်မှာ အဆုံးစွန်းအဆင့်လက်နက်၊ အသုံးအဆောင်ပစ္စည်း ဒါမှမဟုတ် အဆုံးစွန်းအဆင့်သိုင်းပညာတွေ မရှိပါဘူး။ သူ့ကို အဓိကစွမ်းရည်သုံးမျိုးမရှိတဲ့အဆင့်နိမ့်သူတော်စင်တစ်ယောက်လို့ ယူဆလိူ့ရပါတယ်။ ဒါကြောင့် အဲဒီလိုလိုသူတော်စင်မျိုးကို အနိုင်ယူနိုင်တာက ချီးကျူးဖို့ မထိုက်တန်လှပါဘူး။ အဲဒီလိုသုတော်စင်မျိုးနဲ့ပဲ အမြင်တမ်းရင်ဆိုင်ရမယ်လို့လည်း မျှော်မှန်းလို့မရပါဘူး။

(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: အဆုံးစွန်းတာအိုလက်နက်၊ အသုံးအဆောင်ပစ္စည်း၊ သိုင်းပညာတို့မှာ ပါတဲ့ အဆုံးစွန်းတာအိုအစား အဆုံးစွန်းအဆင့်လို့ ပြောင်းလဲသုံးနှုန်းခဲ့ပါတယ်)

လီဖူချန်းကို မြင်ပြီးနောက် သေမင်းနက်သူတော်စင်က အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားကို သုံးဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး။

အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားက အဆုံးစွန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်သလို ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ခုခံဖို့က အလွန်ခက်ခဲတယ်။ အတိတ်မှာတုန်းက သေမင်းနက်သူတော်စင်က အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားကို အမြဲတမ်း မှီခိုခဲ့ရတယ်။ သူက အဲဒါကို သုံးပြီး အလယ်ဆင့်သူတော်စင်တစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်နိုင်ခဲ့ပြီး အလယ်ဆင့်သူတော်စင်၏ဝိညာဉ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွားစေခဲ့တယ်။ အလယ်ဆင့်သူတော်စင်က ထွက်ပြေးလွတ်မြောက်သွားပေမယ့် နှစ်ပေါင်းများစွာ ကြာပြီးတောင်မှ မသက်သာနိုင်သေးပါဘူး။

သူက လီဖူချန်းကို မသတ်ချင်ပါဘူး၊ သူက လီဖူချန်းကို ထိန်းချုပ်ချင်ခဲ့တာပါ။

မြားက ဖောက်ဝင်သွားပြီးနောက် အသုံးပြုသူက ပစ်မှတ်ရဲ့စိတ်ဝိညာဉ်ကို အသုံးပြုနိုင်တယ်လေ။

"ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းလား"

အရိပ်ပမာအနက်ရောင်အေးစက်အလင်းက သူ့ရဲ့စိတ်ကို ဝင်ရောက်လာတာကို မြင်ချင်းချင်း လီဖူချန်းက ဝိညာဉ်တာအိုလျှို့ဝှက်နည်းလမ်းစိတ်ဝိညာဉ်သံကြိုးကို ဖော်ထုတ်လိုက်တယ်။

ဂျိုင်း...........

အရိပ်ပမာအ‌နက်ရောင်အေးစက်အလင်းက ဖယ်ရှားခံလိုက်ရတယ်။

"ဘာလဲ" သေမင်းနက်သူတော်စင်က မျက်လုံးပြူးသွားရတယ်။

ဝိညာဉ်တာအိုကျွမ်းကျင်သူတစ်ယောက်ကို တွေ့ရတဲ့အထိ ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ။

ဒါ့ပြင် ဝိညာဉ်တာအိုကျွမ်းကျင်သူက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိပြီး အဆုံးစွန်အဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို ခုခံနိုင်တယ်။ ဒါက တကယ်ကိုပဲ ချဲ့ကားလွန်းပါတယ်လေ။

လီဖူချန်းရဲ့စိတ်ဝိညာဉ်သံကြိုးမှာ ကျွမ်းကျင်မြင့်မားမှုမရှိသလို အားကောင်းခြင်းလည်း မရှိပါဘူး။ ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်က ကြမ်းတမ်းလွန်းတာကြောင့် စိတ်ဝိညာဉ်သံကြိုးကို မဖျက်ဆီးနိုင်ပါဘူး။ အဲဒါက အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့ပါတယ်။

"သွားစမ်း"

သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးအချို့ ရှိသေးတယ်၊ သေမင်းနက်သူတော်စင်က အကြွင်းမဲ့ဝိညာဉ်ခိုးယူခြင်းမြားကို ထိန်းချုပ်ပြီး လီဖူချန်းကို အဆက်မပြတ် တိုက်ခိုက်လိုက်တယ်။

ဂျိုင်း......ဂျိန်း.......ဒေါင်.........

လီဖူချန်းက အရိပ်ပမာအနက်ရောင်အေးစက်အလင်းကို ထပ်ခါတလဲလဲ ဖယ်ရှားနိုင်ခဲ့တယ်။

လီဖူချန်းက ဒုတိယမြောက် စိတ်ဝိညာဉ်သံကြိုးကို ဖြစ်ပေါ်ပြီး သေမင်းနက်သူတော်စင်ကို ရိုက်နှက်လိုက်တယ်။

စိတ်ထဲမှာ ရိုက်နှက်ခံရပြီးနောက် မူးဝေတာအပြင် သေမင်းနက်သူတော်စင်က မူမမှန်တာတစ်ခုမှ မခံစားရပါဘူး။

"စွမ်းအားက မကြီးမားဘူး။ ထူးဆန်းတာက......."

သူက အနည်းငယ် ထိခိုက်ခံစားနေရတာလို့ တွေးမိသွားတယ်၊ တိုက်ခိုက်မှုက မိုးစက်ပမာ ဖြစ်နေမယ်လို့ သူက မမျှော်လင့်ထားခဲ့ပါဘူး။

နှစ်ယောက်ကြားအကွာအဝေးက အလွန်နီးကပ်တယ်။ သေမင်းနက်သူတော်စင်က သူ့လက်ချောင်းနဲ့ ထိုးဖောက်လိုက်တယ်၊ မီးတောက်နက်အစက်တစ်စက်က ချဲ့ထွင်ကြီးထွားလာပြီး မီးတောက်နက်စက်လုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။

"အကန့်အသတ်မဲ့အလင်းတောက်ပခြင်း"

အလင်းတောက်ပမှုက ကုန်းမြေတစ်ခုလုံးကို ပြည့်သွားတယ်။ သေမင်းနက်သူတော်စင်ရဲ့အမူအရာက ပြောင်းသွားပြီး ဓားအလင်းကြောင့် လွင့်ထွက်သွားတယ်။ သူက လေဝါသူတော်စင်ဆီ အလိုအလျောက် လွင့်သွားရတယ်၊ ဒါပေမယ့် လေဝါသူတော်စင်ကိုလည်း အကန့်အသတ်မဲ့အလင်းတောက်ပမှုက သက်ရောက်သွားခဲ့တယ်။ အမြင်အာရုံဖြစ်စေ၊ လိပ်ပြာအသိစိတ်အာရုံဖြစ်စေ သူတို့က ယာယီမျက်စိကန်းသလို ဖြစ်သွားကြတယ်။ ရလာဒ်အနေနဲ့ လေဝါသူတော်စင်က အချိန်မီမတုံ့ပြန်နိုင်ဘဲ သေမင်းနက်သူတော်စင်ကို သတ်ဖို့ အခွင့်အရေးကို လွတ်သွားခဲ့‌တယ်။

တုံ့ဆိုင်းမှုမရှိဘဲ လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဖုန်းကွယ်ကာ ချက်ချင်းပျောက်ကွယ်သွားခဲ့တယ်။

တစ်ယောက်ချင်းတိုက်ခိုက်ရတာကို လီဖူချန်းက မကြောက်ပါဘူး၊ ဒါပေမယ့် နှစ်ယောက်ကို တိုက်ခိုက်ရတာကတော့ အန္တရာယ်များနေသေးတယ်။ သူတော်စင်နှစ်ယောက်မှာ ဘယ်လိုဝှက်ဖဲတွေ ရှိသလားကို မသိနိုင်ဘူးလေ။

"တောက်" သေမင်းနက်သူတော်စင်က ထွက်ပြေးဖို့ အသည်းအသန်ကြိုးစားလိုက်တယ်။

အစကတော့ လေဝါသူတော်စင်ကို အချိန်ဆွဲဖို့ လီဖူချန်းကို သူက ထိန်းချုပ်ချင်ခဲ့တာလေ။ ဒါပေမယ့် ကံဆိုးတာက သူက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နေဘူးလေ။

လေဝါသူတော်စင်က လီဖူချန်းထွက်သွားရာဘက်ကို ကြည့်လိုက်တယ်၊ သူက သေမင်းနက်သူတော်စင်နောက်ကို ဆက်လိုက်သွားတယ်။ သူက ဒီတစ်ကြိမ်မှာ သေမင်းနက်သူတော်စင်ကို မသတ်ရင် သေမင်းနက်သူတော်စင်ကို သတ်ဖို့ နောက်ထပ်အခွင့်အရေးတွေရှာတွေ့ဖို့က ခက်ခဲပါတယ်။

…

“

မီးနဂါးကျွန်းက ကျယ်ပြန့်ပြီး ပျံသန်းငွေကျွန်းထက် အဆများစွာ ပိုကြီးတယ်။ လိပ်ပြာအသိစိတ်အာရုံကို မိုင်အနည်းငယ်ထိ ချဲ့ထုတ်ထားလျက် လီဖူချန်းက အဆက်မပြတ် ရွေ့လျားနေလေတယ်။

ခဏကြာ ပျံသန်းပြီးနောက် ဒီနေရာရဲ့အပူအချိန်က ပိုမြင့်မားလာတာကို လီဖူချန်းက ခံစားမိလာတယ်။

"မီးစွမ်းအင်ပုံဆောင်ခဲတစ်ခု ရှိနေတာများလား"

မီးစွမ်းအင်ပုံဆောင်ခဲက မီနးဂါးကျွန်းရဲ့တန်ဖိုးအရှိဆုံးအရင်းမြစ်တွေထဲက တစ်ခုဖြစ်တယ်။ အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးခန့် တန်ဖိုးရှိတယ်။ အလယ်ဆင့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးခန့် တန်ဖိုးရှိတယ်။ အဆင့်မြင့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာခန့် တန်ဖိုးရှိတယ်။ သူတော်စင်နဲ့သားရဲအရှင်သခင်အများစုက မီးစွမ်းအင်ပုံဆောင်ခဲကို ရှာဖို့ ဒီနေရာမှာ ရှိနေခြင်း ဖြစ်တယ်။

အပူချိန်ခြားနားချက်ကို အသုံးပြုလျက် လီဖူချန်းက အပူချိန်ပိုမြင့်မားတဲ့တည်နေရာဆီ ပျံသန်းသွားလိုက်တယ်။

နောက်တစ်နာရီခန့်ကြာပြီးနောက် အပူချိန်က အလွန်မြင့်မားပြီး နေရာတစ်ခုလုံးက သန့်စင်တဲ့အနီရောင်အလင်းတွေနဲ့ ပြည့်နေတယ်။

လိပ်ပြာအသိစိတ်အာရုံကို ချဲ့ထွင်လျက် လီဖူချန်းက မီးလောင်ကျွမ်းနေတဲ့တွင်းတစ်ခုကို တွေ့လိုက်ရတယ်။ တွင်းရဲ့အလယ်မှာ မသန့်စင်မှုတစ်ခုမှမရှိတဲ့အနီရောင်ပုံဆောင်ခဲတစ်ခု ရှိတယ်။ ပြင်းထန်တဲ့မီးတာအိုဥပဒေသက ပတ်ဝန်းကျင်မှာ စုစည်းနေပြီး မီးဖြစ်စဉ်မျိုးစုံ ဖြစ်ပေါ်နေလေတယ်။

"အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲ" လီဖူချန်းက ပျော်ရွှင်သွားတယ်။

အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲက အနီရောင်ရှိပြီး မသန့်စင်မှုအရိပ်အယောင်တစ်ခုမှ မရှိပါဘူး။ အလယ်ဆင့်မီးစွမ်းအင်ပုံဆောင်ခဲက အနီရောင်အတွင်းမှာ ခရမ်းရောင်ရှိတယ်။ အဆင့်မြင့်မီးစွမ်းအင်ပုံဆောင်ခဲက သန့်စင်တဲ့ခရမ်းရောင်ရှိတယ်။

ဆွစ်.......

လီဖူချန်းက တွင်းအနားကို လျှပ်တပြက်အတွင်း ရောက်ရှိသွားတယ်။ စုပ်အားနဲ့အတူ လီဖူချန်းက မီးစွမ်းအင်ပုံဆောင်ခဲကို သူ့လက်ဆီ ဆွဲယူလိုက်တယ်။

"သွားစို့"

မိုးကုတ်စက်ဝိုင်းမှ အနီရောင်စီးကြောင်းတစ်ခုက အံ့ဩတုန်လှုပ်စရာအရှိန်နဲ့အတူ ရိုက်ခတ်လာတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်က လှုပ်ယမ်းပြီး သူက တိုက်ခိုက်မှုကို ရှောင်လိုက်တယ်။

ဂျိန်း.........

အနီးနားရှိတောင်‌ကလေးတစ်ခုက တစ်ဝက်ခန့် ထိမှန်လောင်ကျွမ်းသွားတယ်။

တိုက်ခိုက်သူက အဝါရောင်ဝတ်စုံနဲ့ အဆင့်နိမ့်သူတော်စင်တစ်ယောက်ပါ။ ချီတည်ရှိမှုမှာ ပူပြင်းတဲ့အရှိန်အဝါတစ်ခု ရှိတယ်၊ သူက မီးတာအိုသူတော်စင်တစ်ယောက်ဆိုတာ သိသာပါတယ်။

"မီးစွမ်းအင်ပုံဆောင်ခဲက မင်းနဲ့ထိုက်တန်တဲ့အရာ မဟုတ်ဘူး။ အခု လွှဲပေးပြီး ထွက်စမ်း"

လီဖူချန်းက သူ့ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်တဲ့အတွက် ဝတ်ရုံဝါသူတော်စင်က အတော်လေးအံ့အားသင့်သွားတယ်။ ဒါက သူဘာကြောင့်လီဖူချန်းကို ထွက်ခွာခွင့်ပြုရတဲ့အကြောင်းတစ်ချက် ဖြစ်တယ်။ သူက တတ်နိုင်ရင် သူက လီဖူချန်းကို သတ်ပြီး စကားပြောပြီးအချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး။

"ဘာလဲ။ မီးနဂါးကျွန်းကို မင်းပိုင်တာလား"

လီဖူချန်းက လက်လွှတ်မှာမဟုတ်ပါဘူး၊ ရန်သူက သူလက်လွှတ်ရလောက်တဲ့အထိ အရည်အချင်း မရှိပါဘူး။

"မင်း သေချင်နေတာပဲ"

ဒေါသနဲ့အတူ ဝတ်ရုံဝါသူတော်စင်က နောက်ထပ်သတ်ဖြတ်ကွက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။ သူက လက်နှစ်ဖက်နဲ့အတူ ချိတ်ပိတ်တစ်ခုကို ဖြစ်စေပြီး အရွယ်အစားအားဖြင့် မိုင်အနည်းငယ်ရှိတဲ့မီးစက်လုံးတစ်လုံးက လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။

မီးစက်လုံးက လီဖူချန်းဆီ မရောက်ခင် ပေါက်ကွဲသွားတယ်။ လီဖူချန်းက သူ့ဓားနဲ့ ဝတ်ရုံဝါသူတော်စင်ကို ထိုးဖောက်လိုက်တယ်။

"မင်းက ဒီလောက်စိတ်ကြီးဝင်နေတာ အံ့ဩစရာမရှိဘူးပဲ။ မင်းက အတော်လေး စွမ်းဆောင်နိုင်သား။ စိတ်မကောင်းစရာတစ်ခုက မင်းရဲ့အစစ်အမှန်ချီတည်ရှိမှုကို မထုတ်ဖော်ဘဲနဲ့ မင်းက ငါ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

စင်ရဲ့အမြင်အရ လီဖူချန်းက အဆင့်နိမ့်သူတော်စင်တစ်ယောက် ဖြစ်လောက်တယ်၊ သူက နည်းလမ်းအချို့ကို သုံးပြီး သူ့ရဲ့ချီတည်ရှိမှုကို ဖိနှိပ်ထားတယ်ပေါ့။ သည်နည်းလမ်းအားဖြင့် တစ်ယောက်ကမှ သူ့ရဲ့အစစ်အမှန်ခွန်အားကို မမြင်နိုင်တော့ဘူးလေ။

မရှောင်ဘဲ ဝတ်ရုံဝါသူတော်စင်ရဲ့အဝါရောင်ဝတ်စုံက အဆုံးမဲ့မီးအင်းကွက်နဲ့အတူ ရုတ်တရက် လင်းလက်သွားတယ်။ မီးစက်ဝန်းတစ်ခုကို ထုတ်လွှတ်ပြီး အဲဒါက ဓားအလင်းကို ဖျက်ဆီးလိုက်တယ်။

"အဆုံးစွန်းအဆင့်ချပ်ဝတ်လား"

လီဖူချန်းက ငတုံးမဟုတ်ပါဘူး၊ ဝတ်ရုံဝါသူတော်စင်မှာ အဆုံးစွန်းအဆင့်ချပ်ဝတ်တစ်ခုရှိတာကို ချက်ချင်း သိတယ်။

အဆုံးစွန်းအဆင့်ချပ်ဝတ်က အဆုံးစွန်းသိုင်းပညာတစ်ခုရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တယ်။ အဆုံးစွန်းသိုင်းပညာက လုံလောက်တဲ့စွမ်းအားတစ်ခု မရှိရင် ဒါမှမဟုတ် အသုံးပြုသူက စွမ်းအားလုံလုံလောက်လောက်မရှိရင် အဆုံးစွန်းအဆင့်ချပ်ဝတ်ရဲ့ခံစစ်ကို ချိုးဖျက်ဖို့က မဖြစ်နိုင်ပါဘူး။

လီဖူချန်းက အခုမှ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာပဲ ရှိသေးတာလေ၊ သူက အဆုံးစွန်းအဆင့်ဓားပညာကိုသာ အသုံးပြုရင် သူက ဝတ်ရုံဝါသူတော်စင်ရဲ့အဆုံးစွန်းချပ်ဝတ်ကို မရင်ဆိုင်နိုင်တာ သဘာဝပါပဲလေ။

"မီးနတ်ဘုရားလက်သီး"

ဓားအလင်းဖျက်ဆီးခံရတဲ့အခိုက်မှာ ဝတ်ရုံဝါသူတော်စင်က လက်သီးတစ်ချက်ကို ဖော်ထုတ်လိုက်တယ်။ မီးတာအိုဥပဒေသက လက်သီးမှာ စုစည်းနေပြီး လီဖူချန်းထံ ထုတ်လွှတ်လိုက်တယ်။

ဂျုံး.......

ကြောက်စရာကောင်းတဲ့မီးလက်သီးက ဖြစ်တည်လာပြီး မသန့်စင်ခြင်းလုံးဝမရှိတဲ့ချော်ရည်လက်သီးတစ်ခုပမာ ခံစားရတယ်။ အဲဒါက ဟင်းလင်းပြင်ကိုတောင် အရည်ပျော်သွားစေတယ်။

"ကျူးကလန်"

မီးနတ်ဘုရားလက်သီးကို မြင်တဲ့အခါ တစ်ဘက်လူက အကြိုနတ်ဘုရားကလန်ဖြစ်တဲ့ကျူးကလန်ဆိုတာကို သူက သိလိုက်တယ်။

(မြန်မာဘာသာပြန်သူ၏မှတ်စု : အရင်တုန်းက နတ်ဘုရားတစ်ဝက်ကလန်လို့ ရေးခဲ့ဖူးပါတယ်၊ အခု အကြိုနတ်ဘုရားကလန်လို့ ပြောင်းသုံးထားပါတယ်)

ကျူးကလန်ရဲ့ဘိုးဘေးက မီးနတ်ဘုရားလို့ အမည်တွင်ပြီး မီးနတ်ဘုရားလက်သီးက သူ့ရဲ့မကြွင်းမဲ့ပညာရပ်တွေထဲက တစ်ခုဖြစ်တယ်။ လက်သီးတစ်ချက်က အရာအားလုံးကို အရည်ပျော်နိုင်တယ်လို့ ပြောကြတယ်။

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်၊ သူက ကျူးကလန်နဲ့ရန်သူ မဖြစ်ချင်ပါဘူး၊ ဒါပေမယ့် သူက ကျူးကလန်နဲ့ရန်သူဖြစ်ရမှာကို ကြောက်နေတယ်လို့လည်း မဆိုလိုပါဘူး။

"မူလဘူတဓား"

လီဖူချန်းက မလှုပ်ရှားရင်တော့ အဆင်ပြေပါတယ်၊ သူ တစ်ကြိမ် လှုပ်ရှားတာနဲ့ သူက သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ကွက်ကို အသုံးပြုလိုက်တယ်။

နေရာတစ်ခုလုံးကို ဓားအလင်းတွေနဲ့ လွှမ်းခြုံသွားပြိး ဓားတစ်သောင်းက ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားတယ်။

အရာအားလုံးကို အရည်ပျော်နိုင်တဲ့ ကျူးကလန်ရဲ့လက်သီးက ဖျက်ဆီးခံလိုက်ရတယ်။ ထက်ရှတဲ့ဓားအလင်းက မပျောက်သွားပါဘူး၊ ဝတ်ရုံဝါသူတော်စင်ဆီ ဆက်လက်လွှမ်းခြုံသွားနေတယ်။

ဝတ်ရုံဝါသူတော်စင်ရဲ့အဝါရောင်ဝတ်စုံက မီးအလင်းတွေနဲ့ တဖျတ်ဖျတ်ခပ်နေတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ‌တော့ မီးအလင်းတွေမှာ အပေါက်သေးလေးတွေ ရှိလာတယ်။ အဲဒါက ပြဿနာတစ်ခုတစ်ခုမဟုတ်ပေမယ့် သူ့ကို ထိတ်လန့်တုန်လှုပ်စေတယ်။  လီဖူချန်းရဲ့ဓားကွက်က ကြောက်စရာကောင်းလွန်းပြီး လှိုင်းဂယက်မီးသူတော်စင်ဝတ်စုံတောင် အပြည့်အဝ မတားဆီးနိုင်ပါဘူး။

"သေစမ်း"

ဝတ်ရုံဝါသူတော်စင်မှာ အဆုံးစွန်းအဆင့်လက်နက်တစ်ခု မရှိပေမယ့် အဆုံးစွန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခု ရှိတယ်။ သူ့ရဲ့လက်မှာ သတ္တုစက်လုံးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး လီဖူချန်းထံ ပစ်လွှတ်လိုက်တယ်။

"မီးလျှံတွေ"

ပစ်ခတ်မှုအတွင်း သတ္တုစက်လုံးက အနည်းဆုံးတစ်မီလီယံအဆအထိ ချဲ့ထွင်သွားတယ်။ စက်လုံးရဲ့မျက်နှာပြင်မှာ စူးရှတောက်ပတဲ့မီးလျှံတွေ ရှိပြီး နေလုံးအသေးစား‌တစ်ခုနဲ့တောင် တူတယ်။

"မကောင်းတော့ဘူး" လီဖူချန်းက လျင်မြန်စွာ နောက်ဆုတ်သွားတယ်။

ပြီးနောက် ချက်ချင်းပဲ မြေပြင်က တုန်ခါသွားပြီး မီးတောက်တွေက ကောင်းကင်ကို တိုးဝင်လာတယ်။ အပူလှိုင်းတွေက မိုင်အနည်းငယ်အတွင်းရှိ အရာအားလုံးကို ချော်ရည်အဖြစ် ပြောင်းလဲသွားစေခဲ့တယ်။

အဝေးရှိမိုင်တစ်ရာအကွာမှာ လီဖူချန်းက သူ့ခန္ဓာကိုယ်ပေါ်ရှိမီးလျှံကို ငြိမ်းသတ်နိုင်ခဲ့ပေမယ့် ကြောက်ရွံ့မှုက စွဲကျန်နေတုန်းပါပဲ။

ဒီအဆုံးစွန်းအဆင့်အသုံးအဆောင်ပစ္စည်းက ထိတ်လန့်တုန်လှုပ်စရာစွမ်းအား ရှိတယ်။ သူက ထိမှန်သွားတာနဲ့ သေချာပေါက် ဒဏ်ရာရပါလိမ့်မယ်။

သာမန်သူတော်စင်တစ်ယောက်သာ ဆိုရင် ဒီတိုက်ခိုက်မှုအတွင်းမှာ သူက ပျောက်ကွယ်သွားနိုင်လောက်တယ်။

ပြီးတော့ သူ့ရဲ့ခံစစ်က အဆင့်နိမ့်သူတော်စင်တစ်ယောက်ထက် အားမနည်းပါဘူး၊ လီဖူချန်းမှာ ကြယ်အင်မော်တယ်ခန္ဓာကိုယ် ရှိနေသေးပါတယ်။

လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ပြီး ဝတ်ရုံဝါသူတော်စင်ရဲ့မြင်ကွင်းမှ လျင်မြန်စွာ ထွက်ခွာလာတယ်။

ခဏကြာအထိ လိုက်ဖမ်းပြီးနောက် ဝတ်ရုံဝါသူတော်စင်ရဲ့မျက်နှာက မည်းမှောင်သွားပြီး သူက ရပ်တန့်လိုက်ရတယ်။

လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ရာမှာ ကျွမ်းကျင်တာ သိသာတယ်၊ ဝတ်ရုံဝါသူတော်စင်ရဲ့လိပ်ပြာအသိစိတ်အာရုံက လီဖူချန်းကို ရှာဖွေရာမှာ ခက်ခဲနေလေတယ်။

"မင်း ကံကောင်းသွားတယ် မှတ်ပါ"

အရာအားလုံးကို စွန့်စားပြီး လီဖူချန်းကို လိုက်ဖမ်းဖို့ အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက ဝတ်ရုံဝါသူတော်စင်အတွက် မလုံလောက်ပါဘူး။ ဒါပေမယ့် သူက လီဖူချန်းနဲ့ ထပ်တွေ့ရင် သူက သူ့ကို ထွက်ပြေးနိုင်ခွင့် လုံးဝပေးတော့မှာမဟုတ်ပါဘူး။

***

All Chapters