← Chapters

ဒုတိယအကြိမ် ခန္ဓာကိုယ် စမ်းသပ်ချက်ခံယူခြင်း

Vol. 65 Ch. 906

ဒုတိယအကြိမ် ခန္ဓာကိုယ် စမ်းသပ်ချက်ခံယူခြင်း

Vol. 65 Ch. 906

ဝမ်ဝေ့က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကိုင်ထားပြီး အင်မော်တယ်ကဏ္ဍကို ဖတ်ရှုလိုက်သည်။ သူက ထိုအရာကို အကြိမ်များစွာ ဖတ်ရှုခဲ့ဖူးသော်လည်း လက်ရှိအင်အားကို ရယူပြီးသည့်နောက်မှ ထိုနည်းစနစ်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။

“ဖျက်ဆီးခြင်း(၁)က အမြင့်ဆုံးအဆင့်ထိ ရောက်အောင် မကျင့်ကြံနိုင်တာ မဆန်းတော့ပါဘူး”

သူက မှတ်ချက် ပေးလိုက်သည်။ သူ့တွက်ဆထားမှုအရ ထိုနည်းစနစ်သည် မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၇၀ ခွန်အားအရ ကြယ် ၆ လုံး ယွမ်ထီအဆင့် သို့မဟုတ် ထာဝရဧကရာဇ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်သည်။ သို့သော်လည်း ထိုနည်းစနစ်၏ နောက်ပိုင်းအဆင့်က အရင်းအမြစ်မြောက်များစွာ လိုအပ်ပြီး တချို့ကဏ္ဍများက သီအိုရီသာရှိပြီး လက်တွေ့မကျပေ။

ငါ ဒီဟာကို မကောင်းဆိုးဝါး နတ်ဘုရားဆင့်ကဲခြင်း ၁၂မျိုးကိုပဲ ကျင့်ကြံရမလား…

ဝမ်ဝေ့က ထိုနည်းစနစ်၏ နောက်ထပ် ဟာကွက်တစ်ခုက ပြီးပြည့်စုံစွာ သင့်တော်မှု မရှိကြောင်း သိလိုက်၍ တွေးလိုက်သည်။

အင်မော်တယ်ကဏ္ဍတွင် အပိုင်းနှစ်ခုပါရှိပြီး ဝိညာဉ် ပြုပြင်မွမ်းမံခြင်းနှင့် ကမ္ဘာဦးနတ်ဘုရားသွေးကြောတို့ ဖြစ်၏။ ဝိညာဉ်ပြုပြင်မွမ်းမံခြင်းက ဖျက်ဆီးခြင်းဝိညာဉ်ဟု ခေါ်ဆိုသည့် ထူးကဲဧကရာဇ် ဝိညာဉ်အဖြစ် သန့်စင်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပေါင်းစပ်ပြီး မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိစေရန် ဖြစ်၏။

သို့သော်လည်း ဝမ်ဝေ့က ဖျက်ဆီးခြင်း ဧကရာဇ်ဝိညာဉ်ကို မလိုအပ်ပေ။ သူ့ပင်ကိုစံပြ ဝိညာဉ်က ပိုမိုအရည်အသွေး မြင့်မား၏။ နောက်ဆုံးတွင် သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်က သူ့စိတ်ဝိညာဉ် အမှုန်အမွှားများမှတဆင့် ဆက်နွယ်ပြီးသား ဖြစ်နေလေပြီ။

ငါက ဒီဝိညာဉ် ပြုပြင်မွမ်းမံခြင်းကို သုံးလို့မရဘူးဆိုပေမဲ့ သင်ယူလို့တော့ ရသေးတယ်…

ဝမ်ဝေ့က တွေးလိုက်မိ၏။

ငါ စိတ်ဝိညာဉ်ကို အဆီအနှစ်အဖြစ် ပြောင်းလဲတဲ့ နည်းလမ်းကို ဖန်တီးပြီးတော့ ငါ့ဝိညာဉ်ကို သုံးပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးရမယ်…

ထိုနည်းလမ်းက သူ့အတွက် အလားအလာကောင်းသည့် ဝိညာဉ်စွမ်းအားများကို သူ့ခန္ဓာကိုယ်လေ့ကျင့်ဖို့ အသုံးပြုနိုင်ပါက အကောင်းဆုံး လမ်းစဉ်တစ်ခု ဖြစ်ပေသည်။

ကမ္ဘာဦးနတ်ဘုရား သွေးကြောအတွက်ကတော့ သူတို့က ကျင့်ကြံဖို့ ထိုက်တန်တယ် …

ဝမ်ဝေ့က တွေးလိုက်သည်။ ထိုနည်းစနစ်က ခန္ဓာကိုယ်အတွင်း ခွန်အားသွေးကြော သို့မဟုတ် ထူးကဲသည့် စွမ်းအားဖွဲ့စည်းဖို့ လိုအပ်ပြီး ခန္ဓာကိုယ်ကို အရှိန်၊ ခုခံအား၊ ခွန်အား၊ ခံနိုင်ရည်နှင့် အံ့ဖွယ်စွမ်းရည်များကို ပေးစွမ်းလိမ့်မည်။

တစ်ခုတည်းသော ဆိုးကျိုးက သွေးကြောတစ်ခုချင်းစီကို ဖွဲ့စည်းဖို့ လိုအပ်နေသည့် အရင်းအမြစ်ပမာဏ ဖြစ်၏။ ထို့အပြင် သွေးကြောပမာဏက အတော်အတန် များပြားလိမ့်မည်။

ငါ လူသား မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ရတာနဲ့ ဒီကမ္ဘာဦးနတ်ဘုရား သွေးကြောတွေကို မကောင်းဆိုးဝါးနတ်ဘုရား သွေးကြောအဖြစ် ပြောင်းလဲပြီးတော့ ပိုအားကောင်းလာစေနိုင်တယ်…

ဝမ်ဝေ့က အကြည့်များ တောက်ပလျက် ရေရွတ်လိုက်သည်။

သူက ထိုနည်းစနစ်ကို ပြန်လည်ပြုပြင်ဖို့ အစီအစဉ် ရှိထားပြီး ဒိုင်မေးရှင်းအနိမ့်၏ အခြေအနေနှင့် ယှဉ်နိုင်အောင် ပြုပြင်လိုသည်။ ဝမ်ဝေ့က ယင်ကန်း၏ အကောင်းဆုံးခန္ဓာ လေ့ကျင့်ရေးနည်းစနစ်ကို ရှိလိုသည့် စွဲလမ်းမှုကို အမှတ်ရသွား၏။

ဝမ်ဝေ့က ထိုအရာကို သိပ်အာရုံမစိုက်သော်လည်း သူ့ဂိုဏ်းကို အရေးသာချက် ရှိစေလိုသည်။

သူက သေမျိုးအဆင့်တွင် တွင်းနက်ကြီးများ ဖွဲ့စည်းသည့်ကဏ္ဍကို ထည့်ပေါင်းခဲ့ပြီး ကျင့်စဉ်ကို ပြုပြင်ခဲ့ပြီးသားဖြစ်သည့်အတွက် အင်မော်တယ်အဆင့်တွင်လည်း တူညီစွာ လုပ်ဆောင်နိုင်သည်။

ငါက မကျင့်ကြံခင် ထူးကဲတဲ့ အရင်းအမြစ်တချို့ ရဖို့လိုတယ်။ အဲဒီမတိုင်ခင် ဒုတိယမြောက် ခန္ဓာကိုယ်စမ်းသပ်ချက်ကို ကျော်လွှားလိုက်ရအောင်…

သူက စာအုပ်ကို ပိတ်ကာ အဝတ်အစားများကို ဖယ်ရှားလိုက်သည်။ သူ့ဘိုးဘေး ရှေးဟောင်းဖျက်ဆီးခြင်းက ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့်၏ စမ်းသပ်ချက်များနှင့် ပတ်သက်ပြီး များများစားစား ပြောမပြခဲ့ပေ။ သို့သော်လည်း သူ့ကို အကြံဉာဏ်တချို့တော့ ပေးခဲ့၏။

ထိုသူက သူ့အား ဒုတိယမြောက် စမ်းသပ်ချက်ကို ခံယူသည့်အခါ အဝတ်အစားနှင့် အသုံးအဆောင်များကို ဖယ်ရှားဖို့ သတိပေးခဲ့သည်။ ဝမ်ဝေ့က ထိုစကားကို ပြောသည့်အခါက ထိုသူ၏ အကြည့်များမှ အကြောက်တရားကို မှတ်မိနေဆဲ ဖြစ်၏။

ထိုစဉ် သူက စံပြတစ်ယောက်ကိုပင် ဤသို့တုံ့ပြန်နိုင်လောက်အောင် ဘယ်အရာက လုပ်ဆောင်နိုင်တာလဲဟု စဉ်းစားမိသွားသည်။ ထို့ကြောင့် သူ့ဇနီးကို မေးခဲ့ဖူးသည်။ သူမက သူ့ကို ပြောပြသည့် အကြီးအကဲများ ရှိသည်က ကံကောင်းကြောင်း ပြောခဲ့သည်။ ထို့အပြင် သူမသည်လည်း မျက်ဝန်းအထက် တူညီသည့် အကြောက်တရားမျိုး ရှိနေခဲ့သည်။

ထိုစဉ်အချိန်ကစ၍ ဝမ်ဝေ့သည် ပိုမိုသိချင်လာမိပြီး မဟာတာအို၏ မည်သည့် စစ်ဆေးမှုမျိုးက ထိုစံပြများကိုပင် စိတ်ဒဏ်ရာဖြစ်သွားစေသနည်း။

ယနေ့တွင် သူက အဖြေကို သိတော့မည်။

သူက အဝတ်အစား၊ သိုလှောင်လက်စွပ်နှင့် ဆံပင်တန်ဆာများကိုပါ ဖယ်ရှားလိုက်သည်။ ထို့နောက် သူ့ဘိုးဘေး၏ အကြံပြုချက်အတိုင်း ကြမ်းပြင်ပေါ် လဲလျောင်းလိုက်၏။ ထိုသူ၏ ပြောစကားအရ ထိုအနေအထားသည် တင်ပျဉ်ခွေထိုင်သည်ထက် ပိုမိုသင့်တော်လေသည်။

နောက်ဆုံးတွင် ဝမ်ဝေ့က စမ်းသပ်ချက်ကို ဆင့်ခေါ်လိုက်သည်။ သူက ကြောက်မက်ဖွယ် ဆန္ဒ သို့မဟုတ် စွမ်းအားတစ်ခုက သူ့အပေါ် ကျရောက်လာသည်ကို ခံစားမိလိုက်၍ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ကို သတ္တုအဖြစ် ပြောင်းလဲလိုက်၏။

သူ့ခေါင်းထဲမှ သတင်းအချက်အလက်များအရ ဤဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားဖို့သာ လိုအပ်သည်။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အပေါ် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်၏။ ထို့ကြောင့် ဤသို့သော စမ်းသပ်မှုမျိုးက သူ့အပေါ် သက်ရောက်မှု များများစားစား မရှိသင့်ပေ။ သူ့ခန္ဓာကိုယ်ကို သတ္တုအဖြစ် ပြောင်းလဲပေးထားသည့် အမည်မသိ စွမ်းအားက ခုခံခဲ့သော်လည်း အသုံးမဝင်ပေ။

ထို့ကြောင့် တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် သူက စမ်းသပ်ချက်၏ ပထမအပိုင်းကို အောင်မြင်သွားလေ၏။ ထို့နောက် သူက ဒုတိယတစ်ခုကို ဆက်လုပ်မှာလား၊ ရပ်ဆိုင်းထားမှာလားဟူသော အတည်ပြုချက် ရွေးချယ်မှုကို ရရှိလိုက်သည်။

ရှေးဟောင်းဖျက်ဆီးခြင်းက စမ်းသပ်ချက်များကို အတူတကွကျော်လွှားခြင်းအတွက် ဆုလာဘ် မရှိကြောင်း ပြောခဲ့ဖူး၏။ သို့သော်လည်း သူက အခက်ဆုံးအပိုင်းမှာ တတိယပိုင်း ဖြစ်သော်လည်း ကြောက်စရာအကောင်းဆုံးအပိုင်းက ဒုတိယအပိုင်းဖြစ်ကြောင်း ပြောခဲ့ဖူးသည်။ သူက ဝမ်ဝေ့ကို ဒုတိယပိုင်းအတွက် အချိန်တချို့ယူကာ ပြင်ဆင်သင့်ကြောင်း ပြောခဲ့၏။

ဝမ်ဝေ့က ဆက်လက် လုပ်ဆောင်ဖို့ တုံ့ဆိုင်းမနေပေ။ ထို့နောက် ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့၏။ သူ့နဖူးအထက် စင်တီမီတာ ၄၀ ရှိသည့် လျှာကြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်၏။

သူ့ဆံပင်များကလည်း လျှာရာချီအဖြစ် ပြောင်းလဲသွား၏။ ဝမ်ဝေ့၏ စိတ်ထဲ သူ့ခန္ဓာကိုယ်မှ မူမမှန်မှုကို သတိထားမိလိုက်သည့်အတွက် အကြောက်တရား ကြီးစိုးလာသည်။

ထိုအပြောင်းအလဲများက ပုံရိပ်ယောင် မဟုတ်ဘဲ သူ့ခန္ဓာကိုယ်က ဆင့်ကဲပြောင်းလဲနေကြောင်း သိလိုက်သည်။

သူက တစ်စုံတစ်ခုသာ မလုပ်ပါက ထိုပုံမှန် မဟုတ်ဘဲ ရွံရှာဖွယ် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ဝမ်ဝေ့က ပျာယာမခတ်ဖို့ ကြိုးစားသော်လည်း သူ့စိတ်ထဲမှ အကြောက်တရားကို အမည်မသိစွမ်းအားက တိုးမြှင့်ပေးလိုက်ဟန်ပေါ်သည်။

ထို့ကြောင့် စက္ကန့်ပိုင်းကုန်ဆုံးလာသည်နှင့် မမှတ်မိနိုင်လောက်ဖွယ် မကောင်းဆိုးဝါးဖြစ်လာသည့် အကြောက်တရားက သူ့စိတ်ဝိညာဉ်ကို လွှမ်းမိုးသွားခဲ့၏။

ထို့ကြောင့် သူက စိတ်စွမ်းအားကို လှုံ့ဆော်ကာ အကြောက်တရားကို ကျော်လွှားခဲ့သည်။ ထို့နောက် သူက အာရုံစိုက်လိုက်၏။

ဒီစမ်းသပ်ချက်က အကြောက်တရားကို ထိန်းချုပ်ပြီး ကျော်လွှားဖို့ပဲ။ ငါက ငါ့ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီးတော့ ဆဲလ်တွေ ဆင့်ကဲပြောင်းလဲမသွားအောင် တားဆီးဖို့ လိုတယ်…

ထိန်းချုပ်ရေးက သူ့ကျွမ်းကျင်မှု ဖြစ်၏။ ထို့ကြောင့် အကြောက်တရားကို ကျော်လွှားပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး သူ့ခန္ဓာကိုယ်မှ လျှာများကို နဂိုအနေအထားသို့ ပြောင်းလဲပစ်ခဲ့သည်။

ထို့နောက် သူက သူ့ခန္ဓာကိုယ်တွင် ဒုတိယမြောက် ဆင့်ကဲပြောင်းလဲမှုကို သတိထားမိလိုက်၏။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးအနှံ့ မျက်လုံးပေါင်း ထောင်ချီ ထွက်ပေါ်လာသည်။ တချို့က မရှိသင့်သည့် နေရာမျိုးတွင် ထွက်ပေါ်လာကြ၏။

သူက ခန္ဓာကိုယ်ကို လှုံ့ဆော်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

သို့သော်လည်း သူက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို သာမန်ဖြစ်အောင် ပြောင်းလဲလိုက်သည်နှင့် နောက်ထပ် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် မျက်လုံးများ ထွက်လာသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့အရှိန်အဝါကို မြင်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်၏။

ဝမ်ဝေ့က စိတ်ဝိညာဉ်အမှုန်များကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် ဆက်သွယ်ကာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို မဖြစ်အောင် တားဆီးခဲ့သည်။ သို့သော် သူ့နည်းလမ်းက အသုံးမဝင်ခဲ့ပေ။ ဤစမ်းသပ်မှုကို ထိန်းချုပ်နေသည့် မြင့်မားသည့် စွမ်းအားက ထိုအရာသည် မပြီးဆုံးသေးကြောင်း ပြောပြနေ၏။

သူ့နားရွက်နှင့် နှာခေါင်းမှ ထူးထူးဆန်းဆန်း အရည်များ စတင်စီးကျလာသည်။ ထိုအရာသည် သည်းခြေရည်လား၊ သွေးလား၊ ခန္ဓာကိုယ်မှ အမည်မသိ အရည်လား သို့မဟုတ် အားလုံးကို ပေါင်းစည်းထားခြင်းလား မသိရပေ။

သူက ထိုအရည်မှ အနံ့သည် အတော်လေးကို ပြင်းထန်လွန်းသည့်အတွက် သူ့စိတ်ထဲ အကြောက်တရား ပိုမိုတိုးမြင့်လာ၏။ ကံကောင်းစွာဖြင့် သူက ပါးစပ်ကို အလျင်အမြန် ထိန်းချုပ်ထားနိုင်လိုက်သည်။ မဟုတ်ပါက ထိုစမ်းသပ်ချက်သည် သူ့အတွက် အတော်လေးကို အော်ဂလီဆန်စရာ ကောင်းနေလိမ့်မည်။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွက် ဤသို့ဆင့်ကဲပြောင်းလဲမှု ဖြစ်လာဖို့အတွက် အတွင်းပိုင်းက တစ်စုံတစ်ခု အနှောင့်အယှက်ဖြစ်နေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ထိုအရာကို ရှာဖွေကာ ပြဿနာကို ဖြေရှင်းလိုက်၏။

သို့သော် အကြောက်တရားက အဆုံးသတ် မသွားသေးပေ။ တစ်စုံတစ်ယောက်က စတီးရွုက် ပေးလိုက်သလိုမျိုး ဆင့်ကဲပြောင်းလဲမှုက ရုတ်ချည်း တိုးမြင့်လာခဲ့သည်။ စက္ကန့်ပိုင်းလေးအတွင်း သူက အသားစိုင် မကောင်းဆိုးဝါး ပြောင်းလဲသွားခဲ့သည်။

သူ့ခန္ဓာကိုယ်က ငါးမီတာမြင့်မားပြီး အလေးချိန်က ငါးရာကီလိုဂရမ်လောက် ရှိနေသည်။ သူ့အတွင်းအင်္ဂါများက ရှိသင့်သည့်နေရာတွင် မရှိတော့ပဲ တချို့အရိုးများက ပိုမိုကြီးထွားလာကာ သူ့အရေပြားကို ထိုးဖောက်ထွက်လာကြသည်။ သူ့မျက်ဝန်းက ခန္ဓာကိုယ်ထိပ်တွင် ရှိရမည့်အစား အောက်ဆုံးသို့ ရောက်ရှိနေဟန်ပေါ်၏။ သူ့ကြွက်သားများကလည်း ပြားချပ်သွားသည်။ သူ့သွေးကြောများကလည်း အပြင်ဘက်တွင် ရှိနေသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးက နီရဲနေလေသည်။

ယခင် ချောမောလှသည့် ကောင်းကင်ဧကရာဇ်က ပျောက်ဆုံးသွားပြီး ကြောက်မက်ဖွယ် အသားသတ္တဝါဖြင့် အစားထိုးခံလိုက်ရသည်။ ဝမ်ဝေ့၏ အကြည့်ထဲ အကြောက်တရား ရှိနေလေ၏။

သူက လျှာကို ကိုက်ကာ နာကျင်မှုဖြင့် အကြောက်တရားကို တွန်းလှန်လိုသည်။ သို့သော်လည်း သူ့တွင် လျှာ သို့မဟုတ် သွား ရှိသေးရဲ့လား မသိရပေ။

ဝမ်ဝေ့၏ အာရုံစိုက်မှုက အထွတ်အထိပ်သို့ ရောက်ရှိလာပြီး အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို ကန့်သတ်ချက်ထိ ရောက်အောင် သုံးလိုက်သည်။ သူက ဖြည်းဖြည်းချင်းဖြင့် ခန္ဓာကိုယ်ကို ယခင်အနေအထားရောက်အောင် ပြောင်းလဲပစ်ခဲ့နိုင်၏။

ထို့နောက် ချက်ချင်းဆိုသလို သူက ကြေးမုံကို ထုတ်ကာ သူ့ခန့်ညားလှသည့် ရုပ်ရည်ကို ပြန်လည်ကြည့်လိုက်သည်။ ဝမ်ဝေ့က ချောမောလွန်းလှသော်လည်း သူ့ကိုယ်သူ အတ္တလွန်ကဲ ဝါဒီသမား တစ်ယောက်အဖြစ် မှတ်ယူမထားပေ။

သို့သော်လည်း သူ့ယခင်ခန္ဓာကိုယ်၏ အကြောက်တရားက အတော်လေး ပြင်းထန်လွန်းလှသည်။

“ငါ ဆက်လုပ်ချင်သေးလား” ပထမဦးဆုံးအကြိမ်အနေဖြင့် သူက တုံ့ဆိုင်းနေမိသည်။

“ငါက ဘယ်တုန်းက ဒီလောက်တောင် ကြောက်တတ်သွားတာလဲ။”

သူက ဆက်မလုပ်ခင် နှာခေါင်းရှုံ့တွေးလိုက်သည်။

စမ်းသပ်ချက်၏ နောက်အဆင့်က သူ့အတွက် လွယ်ကူသည်။ သူ့ခန္ဓာကိုယ်က နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူက လူသားအသွင်အဖြစ် ပြန်လည်ပြောင်းရသည်။ အကယ်၍ ယခင်စမ်းသပ်ချက်က ဆဲလ်များကို ထိန်းချုပ်သည့် ကန့်သတ်ချက်သို့ ရောက်ရှိသည်ဆိုလျှင် ယခုတစ်ခုက မျိုးရိုး သို့မဟုတ် သွေးမျိုးဆက်ကို ထိန်းချုပ်ဖို့ရာ ဖြစ်၏။

ထို့ကြောင့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီးသည့်နောက်တွင် သူက နဂါးတစ်ကောင် ဖြစ်သည့်အတွက် ဤပုံစံအတိုင်းသာ နေသင့်ကြောင်း ပြောဆိုနေသည့်အသံကို လျစ်လျူရှုထားပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ယခင်ပုံစံအဖြစ် ပြောင်းလဲပစ်ခဲ့၏။

အဲဒါဆိုတော့ ဒါက “ကိုယ်” စမ်းသပ်ချက်ပဲ…

ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ အကယ်၍ သူသာ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့ပါက သူသည် နဂါးတစ်ကောင်ဟု ယုံကြည်ထားလိုက်လျှင် စမ်းသပ်ချက် ကျရှုံးပြီး သေဆုံးသွားလိမ့်မည်။

အောင်မြင်သည့် သူ့အသွင်ပြောင်းမှုအပြီးတွင် စမ်းသပ်ချက်၏ တတိယမြောက်အပိုင်းက မပြီးဆုံးသေးပေ။ ဝမ်ဝေ့၏ ခန္ဓာကိုယ်က အက်တမ် သို့မဟုတ် အမှုန်အမွှား သန်းပေါင်းထောင်ချီအဖြစ် ကွဲကြေသွားသည်။

သူ့ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သေခြင်းတရားအပေါ် ကြောက်ရွံ့မှုက သူ့ကို လွှမ်းမိုးလာခဲ့၏။ ဝမ်ဝေ့က သူသာ စမ်းသပ်ချက်ကို ကျရှုံးလျှင် “တည်ရှိမှု” အပေါ် ထိန်းချုပ်နိုင်စွမ်းကလည်း မကူညီနိုင်ကြောင်း သိထားလေသည်။

ထို့ကြောင့် သူက ထိုအက်တမ်များကို အလျင်အမြန် ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီး တစ်ခုနှင့်တစ်ခု ပြန်လည်ဆက်သွယ်ပေးခဲ့သည်။ ထိုစမ်းသပ်ချက်၏ ကဏ္ဍက သူ့အတွက် လွယ်ကူနေသည်မှာ အစွမ်းထိန်းချုပ်ရေး ပညာရပ်ကြောင့် ဖြစ်၏။ ထို့ကြောင့် သူက ခက်ခဲသည့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ကဏ္ဍကို ကျော်ဖြတ်ဖို့ရာ လိုအပ်၏။

စမ်းသပ်ချက် တစ်ခုချင်းစီက လူတစ်ယောက်၏ စိတ်စွမ်းအားအပေါ် အခြေခံ၍ ပြုလုပ်ထားလေရာ ဝမ်ဝေ့၏ စမ်းသပ်ချက်က တခြားသူများအတွက် အိပ်မက်ဆိုးအဆင့် ခက်ခဲမှုဟုပင် ခေါ်ဆိုနိုင်သည်။

ဤစမ်းသပ်ချက်က ခန္ဓာကိုယ်လေ့ကျင့်သူ အားလုံးကို သူတို့ကန့်သတ်ချက်ထက် ကျော်လွန်အောင် တွန်းပို့ပြီး ခန္ဓာကိုယ်၊ စိတ်စွမ်းအား၊ ထိန်းချုပ်နိုင်စွမ်းနှင့် စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးဖို့ ဖြစ်သည်။ ထိုလိုအပ်ချက်များနှင့် ပြည့်မှီပြီးသည့်နောက် သူတို့က မဟာတာအို အရင်းအမြစ်ကို ထိန်းချုပ်သည့် စံပြများနှင့် ယှဉ်နိုင်သည့်သူများ ဖြစ်လာလိမ့်မည်။

“ဟူး အိပ်မက်ဆိုးတော့ ပြီးသွားပြီ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး ရှေးဟောင်းဖျက်ဆီးခြင်းက သူ့ကို အဝတ်အစားများနှင့် အသုံးအဆောင်များကို အဘယ်ကြောင့် ဖယ်ရှားခိုင်းခဲ့ကြောင်း နားလည်သွားခဲ့သည်။ အကယ်၍ ထိုပစ္စည်းများသာ ရှိနေပါက သူတို့သည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားမည် ဖြစ်ကာ ဆင့်ကဲပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။

သူတို့နှစ်ယောက်က ဒီလောက်ကြောက်နေတာ မထူးဆန်းတော့ပါဘူး။ ဒီစမ်းသပ်ချက်က တကယ်ကို စိတ်ဒဏ်ရာရနိုင်တယ်…

All Chapters