စမ်းသပ်ချက်၏ လျှို့ဝှက်ချက်
Vol. 65 Ch. 907
ဝမ်ဝေ့က လက်သီးကျစ်ကျစ် ဆုပ်ကာ သွေးကြောများမှ စီးဆင်းနေသည့် စွမ်းအားကို ခံစားလိုက်သည်။ သူ့အင်အားက များများစားစား ပြောင်းလဲသွားခြင်း မရှိသော်လည်း အတားအဆီး မရှိဘဲ ပြီးမြောက်သွားသလို ခံစားလိုက်ရသည်။
တာအိုကို သက်သေပြပြီးသည့်နောက်တွင် ချီသန့်စင်ရေးနှင့် ခန္ဓာကိုယ်လေ့ကျင့်ရေးကို ကျင့်ကြံသည့်သူများက မူမမှန်မှုတစ်ခု ဖြစ်၏။ မဟာဧကရာဇ်များက အယူအဆသက်ရှိများ ဖြစ်သည့်အတွက် သူတို့၏ ခန္ဓာကိုယ်တွင် သူတို့ကျင့်ကြံသည့် အယူအဆများဖြင့် ဖွဲ့စည်းထားသည်။
သူတို့၏ ခန္ဓာကိုယ်နှင့် သွေးက သာမန်လူများနှင့် တူညီသော်လည်း တကယ်တော့ မဟုတ်ခဲ့ပေ။ သို့သော်လည်း ခန္ဓာကိုယ်လေ့ကျင့်သူများက ခန္ဓာကိုယ်နှင့် အသွေးအသားသက်ရှိ ဖြစ်သည့်အတွက် သူတို့၏ ခန္ဓာကိုယ်က ထင်မှတ်မထားသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေရုံမျှသာ ဖြစ်၏။
လမ်းစဉ်နှစ်ခုလုံးကို လျှောက်လှမ်းသူအနေဖြင့် ဝမ်ဝေ့က အသွေးအသား သက်ရှိဖြစ်သလို အယူအဆ သက်ရှိပုံစံလည်း ဖြစ်ပေသည်။
ထိုဝိရောဓိဖြစ်မှုက သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိခဲ့၏။ သို့သော်လည်း စမ်းသပ်ချက်ကို ခံယူပြီးသည့်နောက်တွင် အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားသည်။
သူ့အယူအဆက ခန္ဓာကိုယ်တွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်မနေဘဲ ပြီးပြည့်စုံစွာ မျှခြေညီနေသည်။ အယူအဆနှင့် အသွေးအသားက သဟဇာတဖြစ်နေသည့်အတွက် နှစ်ခုလုံး၏ အရေးသာချက်ကို ပေးအပ်ကာ တခြားတစ်ခုဆီမှ ဟာကွက်ကို ဖယ်ရှားပေးခဲ့သည်။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်တွင် အဝတ်များကို ဝတ်ဆင်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
“ဒီစမ်းသပ်ချက်က ဘာလို့ ထူးဆန်းနေတယ်လို့ ခံစားမိနေပါလိမ့်” စမ်းသပ်ချက်ကို တွေ့ကြုံခံစားပြီးသည့်နောက်တွင် ဤသို့ဖြစ်ရသည့် အကြောင်းအရင်းအတွက် လျှို့ဝှက်ချက်တစ်ခု ရှိနေလိမ့်မည်ဟု ခံစားချက်ရနေသည်။
ထို့ကြောင့် သူက သူ့အတွေးများကို စုစည်းကာ အမှန်တရားကို ကောက်ချက်ချလိုက်၏။ အဖြေရဖို့ သိပ်မကြာမြင့်လိုက်ပေ။
သက်တမ်းရင့် နတ်ဘုရား…
ဝမ်ဝေ့က ရှင်းလင်းရေးအတွင်း ခူထူလူနှင့် တွေ့ခဲ့သည့်အချိန်ကို ပြန်လည်တွေးမိသွားသည်။ သက်တမ်းရင့်နတ်ဘုရားများ၏ ဒဏ္ဍာရီအရ လူများစွာသည် သူတို့ကို တွေ့ဆုံပြီးသည့်နောက်တွင် အသိစိတ်ပျောက်ဆုံးသွားကြလိမ့်မည်။
ထိုစမ်းသပ်ချက်၏ သဘောတရားက စိတ်ထဲရှိ သူတို့၏ လွှမ်းမိုးမှုကို ခုခံဖို့ ပစ်မှတ်ထားဟန်ပေါ်သည်။
ထို့အပြင် တချို့သော အကြိမ်ရေတွင် လူများက စက်ဆုပ်ဖွယ်ကောင်းသည့် သက်ရှိအဖြစ် ပြောင်းလဲသွားလိမ့်မည်။ မဟာတာအိုက သက်တမ်းရင့် နတ်ဘုရားများ၏ လွှမ်းမိုးမှုကို တောင့်ခံနိုင်ဖို့ ပုံဖော်ထားသည်လား။
သူက ထိုအတွေးကို ဆက်လက် စဉ်းစားနေရင်း သူ့ခေါင်းထဲ အတွေးများစွာ ပေါ်ထွက်လာမိသည်။
ငါ့ရဲ့ သီအိုရီအရ ခန္ဓာကိုယ်လေ့ကျင့်ရေးက စံပြအဆင့်ကို ဦးတည်နေတဲ့ စကြဝဠာရဲ့ ပထမဆုံးကျင့်ကြံရေး လမ်းကြောင်းပဲ။ တကယ်လို့ ခူထူလူကသာ ဒီခေတ်ကာလအတွင်းမှာ ပေါ်ထွက်လာခဲ့ရင် မဟာတာအိုက သက်တမ်းရင့်နတ်ဘုရားရဲ့ စွမ်းအားကို တိုက်ခိုက်ရင်ဆိုင်ဖို့ စမ်းသပ်ချက်ကို ပြောင်းလဲခဲ့တယ်ဆိုတာကို လက်ခံလို့ ရတယ်။
ရုတ်ချည်းဆိုသလို ဝမ်ဝေ့က အမှန်တရားနှင့် နီးကပ်လာသလို ခံစားလိုက်ရသည်။ သူက အဖြစ်အပျက်များကို ဆက်နွယ်ကြည့်လိုက်၏။ ခန္ဓာကိုယ်လေ့ကျင့်ရေး လမ်းစဉ်က ကြွယ်ဝလာပြီး ခူထူလူက ပေါ်ထွက်လာခဲ့သည်။ မဟာတာအိုက ထိုစမ်းသပ်ချက်ကို သူ့ပြဿနာ ဖြေရှင်းဖို့ ပြောင်းလဲခဲ့၏။ နောက်ဆုံးတွင် ခူထူလူကို စည်းပိတ်ကာ စမ်းသပ်ချက်က ယခုမျက်မှောက်အထိ ကျန်ရှိနေခဲ့သည်။
ခူထူလူက ပထမဂိတ်ပေါက် ပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းများလား…
ဒါမှမဟုတ် တခြားတစ်ခုခု ပါဝင်နေလား။
ဝမ်ဝေ့က အဖြေမရသေးသော်လည်း ထိုအဖြေအတွက် ဖြစ်နိုင်ချေများစွာ ရှိနေလေသည်။ သူက သတင်းအချက်အလက် သိပ်မရှိပေ။
အခု ဒီကိစ္စကို အာရုံမစိုက်ဘဲ နေကြစို့…
ထိုကောက်ချက်ချမှုအရ အမှန်တကယ် အဖိုးတန်သည့် သတင်းအချက်အလက်က ခူထူလူသည် ဘယ်နေရာမှ စတင်ထွက်ပေါ်လာလဲဆိုသည့် အကြောင်း ဖြစ်၏။ ထိုသက်ရှိက ဤဟွင်သွမ်းစကြဝဠာမှ စတင်ထွက်ပေါ်လာခြင်းတော့ မဖြစ်နိုင်ပေ။
ထိုအရာက သမိုင်းမတိုင်မီကမ္ဘာက လွတ်မြောက်လာတာ မဟုတ်သရွေ့ပေါ့…
အဲဒါဆိုတော့ အဖြေက တစ်ခုပဲရှိတယ်…
ဟုန်မုန့်
ဒီကောက်ချက်ချမှုက ဝမ်ဝေ့၏ အရေးကြီးဆုံး သီအိုရီတစ်ခုနှင့် ကိုက်ညီနေသည်။
တခြားသော ဟွင်သွမ်းစကြဝဠာများလည်း ရှိလေသည်။ ထူးကဲသာလွန်မှုကို ရယူပြီးသည့်နောက်တွင် ကျင့်ကြံသူများက ဟွင်သွမ်းစကြဝဠာမှ လွတ်မြောက်ကာ ဟုန်မုန့်အတွင်း ဝင်ရောက်နိုင်လိမ့်မည်။
ဟုန်မုန့်တွင် တခြားသော ဟွင်သွမ်းစကြဝဠာနှင့် တခြားသော ကျင့်ကြံသူများရှိပြီး ထိုမှ မွေးဖွားလာသည့် သက်ရှိများလည်း ရှိလိမ့်မည်။ ခူထူလူက ထိုသက်ရှိများထဲမှ တစ်ယောက် ဖြစ်၏။ သို့သော် မတော်တဆ ဤဟွင်သွမ်းစကြဝဠာကို ရှာဖွေတွေ့ရှိကာ လာကြည့်ခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း ရလဒ်ကမူ သူက ရှုံးနိမ့်သွားပြီး စည်းပိတ်ခံလိုက်ရ၏။
မဟုတ်သေးဘူး။ ကိစ္စတွေက ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး။ တကယ်လို့ သက်တမ်းရင့် နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီကသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ခူထူလူက ဒီလောက်အားနည်းပြီးတော့ အလွယ်တကူ ဖမ်းဆီးခံရမှာ မဟုတ်ဘူး…
ထို့ကြောင့် ထိုသို့ကံကြမ္မာက ဆိုလိုရင်း သုံးခုသာ ရှိလေသည်။ ပထမတစ်ခုအနေဖြင့် ဤဟွင်သွမ်းစကြဝဠာသည် အကောင်းဆုံးထဲမှ တစ်ခုဖြစ်သည့်အတွက် စွမ်းအင်ကန့်သတ်ချက်က အတော်လေး မြင့်မားပေသည်။ သို့သော်လည်း ထိုသီအိုရီက မမှန်ပေ။
စွမ်းအားက မည်မျှပင် မြင့်မားစေကာမူ ထူးကဲသာလွန်သည့် သက်ရှိနှင့် မည်သို့ယှဉ်နိုင်မည်နည်း။
ဝမ်ဝေ့က ခေါင်းခါကာ သူ သိထားသည့် သတင်းအချက်အလက်များအရ မဟာတာအိုနှင့် စကြဝဠာအားလုံး၏ နေထိုင်သူများသည် ထူးကဲသာလွန်မှုအဆင့်နှင့် ရင်ဆိုင်ဖို့ရာ မဖြစ်နိုင်ကြောင်း ခံစားမိ၏။
ဒုတိယဖြစ်နိုင်ချေကား ဤစကြဝဠာသည် ထူးကဲသာလွန်မှု တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့၏။ ထို့ကြောင့် ထိုအရာကို သူတို့ပိုင်နက်ထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားလိမ့်မည်။ ထို့ကြောင့် ခူထူလူက ဤဟွင်သွမ်းစကြဝဠာကို ချိုးဖောက်လာပြီးသည့်နောက်တွင် နောက်ထပ် ထူးကဲသာလွန်မှုအဆင့် တစ်ယောက်က ရင်ဆိုင်ခဲ့ခြင်း ဖြစ်၏။
ဝမ်ဝေ့က ထိုသီအိုရီသည် အကြောင်းအရင်းများစွာကြောင့် ပိုမိုဖြစ်နိုင်ကြောင်း ခံစားမိလိုက်သည်။
ပထမတစ်ခုက ထူးကဲသာလွန်မှုဆီ ရောက်ရှိနိုင်သည့် နည်းလမ်းများကြောင့် ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်က ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့က မသေနိုင်စွမ်းနှင့် ထာဝရနေနိုင်စွမ်းကို အစစ်အမှန် ရရှိသွားမည်ဖြစ်ကာ မည်သည့်အရာကမှ သူတို့ကို သတ်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း သူတို့ကို စည်းပိတ်ခြင်းကမူ ကွဲပြားပေသည်။ ထူးကဲသာလွန်မှုအဆင့် တစ်ယောက်ချင်းစီကြားတွင်လည်း ကွာဟချက် ရှိသင့်၏။ ထို့ကြောင့် မည်သူ့ကိုမှ မသတ်နိုင်သည့် တိုက်ပွဲတစ်ခုတွင် စည်းပိတ်ခြင်းနှင့် သူတို့ကို အရှက်ခွဲခြင်းကသာ အနိုင်ရရှိသူကို ဆုံးဖြတ်ပေးပြီး ပဋိပက္ခကို ဖြေရှင်းနိုင်လိမ့်မည်။
ဝမ်ဝေ့က ထူးကဲသာလွန်မှုအဆင့်များသည် လောကီဆန္ဒနှင့် လွှမ်းမိုးမှုအောက်များမှ လွတ်မြောက်သွားသည့်သူများဟု မထင်ပေ။ အများစုက ထိုသို့ဖြစ်နိုင်သော်လည်း တချို့သူများကမူ သူတို့လုပ်ချင်တာကို လုပ်ဖို့အတွက် ထူးကဲသာလွန်မှုကို ရယူခဲ့ခြင်း ဖြစ်နေနိုင်သည်ဟု ယုံကြည်သည်။
ထိုဆန့်ကျင်ဘက် စိတ်သဘောထားနှစ်ခုဖြင့် သူက ဟုန်မုန့်ထဲတွင် ပဋိပက္ခဖြစ်လိမ့်မည်ကို သံသယဖြစ်ဖွယ် မလိုပေ။
သူ့သီအိုရီကို ယုံကြည်ရသည့် နောက်ထပ် အကြောင်းပြချက်တစ်ခုကမူ အကြွင်းမဲ့တားမြစ်ချက် ဖြစ်၏။ သူက ဤဖြစ်ရပ်သည် ထူးကဲသာလွန်ကို ရရှိဖို့ ပါဝင်နေကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သို့သော်လည်း မည်သူကမှ ထူးကဲသာလွန်မှုကို မရရှိဘဲ ထိုအရာက စကြဝဠာအတွင်း မည်သို့ပေါ်ထွက်လာမည်နည်း။
မဟာတာအိုက ထူးကဲသာလွန်မှုလမ်းစဉ်ဆီ အဖြေထုတ်ပေးခဲ့သည့် ဖြစ်နိုင်ချေလည်း ရှိပေသည်။ ထို့ကြောင့် ထိုအရာက ထိုနည်းလမ်းများကို ခွင့်ပြုကာ ကမ္ဘာ၏ စွမ်းအားကန့်သတ်ချက်ကို မြှင့်တင်ဖို့ ထိုသို့ဖြစ်ရပ်မျိုးကို အသုံးပြုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ဝမ်ဝေ့၏ အလိုလိုသိစိတ်က အကြွင်းမဲ့တားမြစ်ချက် ဖြစ်ရပ်သည် ဟွင်သွမ်းစကြဝဠာ၏ ထူးကဲသာလွန်မှုအဆင့်နှင့် မဟာတာအို၏ လှည့်ကွက် ပါဝင်ပတ်သက်နေကြောင်း ပြောပြနေ၏။ သူ့
ဘိုးဘေး ချီယွမ်က အခြေအနေကို အခွင့်ကောင်းယူကာ ဤဟွင်သွမ်းစကြဝဠာအတွင်းရှိ သက်ရှိအားလုံးအတွက် ထူးကဲသာလွန်မှု လမ်းစဉ်ကို ဖွင့်လှစ်ပေးခဲ့တာလား ဒါမှမဟုတ် မဟာတာအိုက သူ့ကို နယ်ရုပ်အဖြစ် အသုံးချခဲ့တာလား။
ကိစ္စများက ပိုမိုရှုပ်ထွေးလာမိသည်။ ထိုသူက ရှေ့ဆက်ရမည့် လမ်းစဉ်ကို မြင်ဖို့ရာအတွက်ဖြင့် လိုလိုလားလား နယ်ရုပ် ဖြစ်လာလိုခဲ့သည်လား။ အထွတ်အထိပ် စံပြအများစုက ရှေ့ဆက်ရမည့် လမ်းစဉ်ရှိနိုင်ချေသိဖို့ရာ သေဆုံးဖို့ပင် လိုလားကြသည်။
ထိုသူများအတွက် သေဆုံးမှုက ဘာမှမဟုတ်ပေ။ တကယ်ကြောက်ဖို့အကောင်းဆုံးအရာက ရှေ့ဆက်ရမည့် လမ်းစဉ်ကို မသိရခြင်း ဖြစ်၏။
တတိယမြောက် ရှင်းပြချက်ကမူ ခူထူလူသည် ကိုယ်ပွားတစ်ခုဖြစ်နေခြင်း ဖြစ်၏။ ဒဏ္ဍာရီအရ သက်တမ်းရင့်နတ်ဘုရားများတွင် အဆုံးမဲ့ကိုယ်ပွားများ ရှိကြသည်။ တချို့သော နာမည်ကျော် သက်တမ်းရင့် နတ်ဘုရားများက ပိုအားကောင်းနေသည့် တခြားတစ်ခု၏ ကိုယ်ပွားကလွဲ၍ ဘာမှမဟုတ်ကြပေ။
ဤဟွင်သွမ်းစကြဝဠာအတွင်း ဖမ်းဆီးခံထားရသည့် ခူထူလူက တကယ့်ခူထူလူ၏ ဟုန်မုန့်တစ်လျှောက် ပြန့်ကျဲနေသည့် အားနည်းလှစွာသော ကိုယ်ပွားထဲမှ တစ်ခုဖြစ်နေနိုင်ကာ ဟွင်သွမ်းစကြဝဠာကို အုပ်ချုပ်ကာ ဖျက်ဆီးဖို့ အမဲလိုက်ထွက်လာခြင်း ဖြစ်နိုင်သည်။
ဒီသီအိုရီက ဖြစ်နိုင်ချေရှိတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
ဒါပေမဲ့ ဒီဟာက အမှန်ဖြစ်နေတယ်ဆိုရင်တောင် ဒီကမ္ဘာက အတော်လေးကို အန္တရာယ်များတယ်…
ဝမ်ဝေ့၏ ကိုယ်ပိုင်သီအိုရီက သူ့ကို ကြောက်လန့်သွားစေသည်။ သူက ဧကရာဇ်အဆင့်သာ ရှိနေသေး၏။ သူက ကောင်းကင်ဘုံအဆင့်၏ တိုက်ခိုက်စွမ်းရည်ကို ရရှိလုနီးပါး ဖြစ်နေသော်လည်း ထိုအချက်က များများစားစား အပြောင်းအလဲ မရှိပေ။
သူက စံပြရှေ့တွင် ပုရွက်ဆိတ်မျှသာ ဖြစ်ပြီး စံပြများက ထူးကဲသာလွန်မှုတစ်ပိုင်း အဆင့်တွင် ပုရွက်ဆိတ်မျှသာ ဖြစ်လေသည်။ ထိုသူများကမူ ကာဒီနယ် ၆ ယောက်ရှေ့တွင် ပုရွက်ဆိတ်မျှသာ ဖြစ်၏။ သို့သော် ကာဒီနယ်များကပင် မဟာတာအိုအဆင့်အထိ မရောက်ကြပေ။
သို့သော် မဟာတာအိုက သက်တမ်းရင့် နတ်ဘုရားများလိုမျိုး ထူးကဲသာလွန်မှုအဆင့် ပုဂ္ဂိုလ်များကို ဖြေရှင်းနိုင်မည်လား။ သက်သေများအရ လုပ်နိုင်ကြောင်း မပြခဲ့ပေ။ စည်းပိတ်ခံထားရသော်လည်း ခူထူလူက နောက်လိုက်များကို ဖန်တီးခြင်း သို့မဟုတ် ချောက်နက်ကြီးကဲ့သို့အရာများကို ဖန်ဆင်းခြင်းဖြင့် လွှမ်းမိုးမှုရရှိနေဆဲ ဖြစ်၏။
ဤကောက်ချက်ချမှု၏ သက်သေများက မဟာတာအိုသည် စည်းပိတ်ခံထားရသည့် ခူထူလူကို ဟုန်မုန့်အတွင်း ပြန်မပို့နိုင်ကြောင်း ပြသနေသည်။ တကယ် လုပ်ဆောင်ရမည့် သဘောတရားအရ အာလူးပူ တစ်လုံးကို ရှင်းထုတ်ပစ်သင့်သော်လည်း မဟာတာအိုကမူ မလုပ်ဆောင်ခဲ့ပေ။ ထို့ကြောင့် သူသည် ခူထူလူ၏ ပင်မခန္ဓာကိုယ်ထံမှ ဤကမ္ဘာကို ဖုံးကွယ်ထားဖို့ ယုံကြည်ချက် မရှိကြောင်း ပြသနေလေ၏။
ထို့ကြောင့် မဟာတာအိုက ကိုယ်ပွားကို စည်းပိတ်ကာ ပင်မခန္ဓာ ဝင်ရောက်မစွက်ဖက်ဖို့ကိုသာ မျှော်လင့်ထားခဲ့သည်။ ဤသို့သော အခြေအနေမျိုးက ဤဟွင်သွမ်းစကြဝဠာ၏ ထူးကဲသာလွန်မှုအဆင့်သည် ခူထူလူနှင့် မယှဉ်နိုင်ကြောင်း ပြသနေ၏။
ကျစ် ဉာဏ်ကောင်းတာလည်း သိပ်ကောင်းတာတော့ မဟုတ်ဘူးပဲ…
ဝမ်ဝေ့က သူ့စိတ်ကို ထိန်းချုပ်မှု မလွတ်ကင်းအောင် ထိန်းချုပ်လိုက်ရသည်။ သူက သူ့ထိန်းချုပ်အောက်တွင် မရှိသည့်အရာများ ပေါ်ထွက်လာသည်ထက် မုန်းတီးသည့်အရာ မရှိပေ။ သူက တန်ပြန်လုပ်ဆောင်ဖို့ရာအတွက် အင်အားကင်းမဲ့နေ၏။
ကံဆိုးစွာဖြင့် သူက ထူးကဲသာလွန်မှုအဆင့်ရှေ့တွင် ပုရွက်ဆိတ်ထက်ပင် ဆိုးရွားနေသည်။
ငါ့ကိုယ်ငါ ဘာမှကြောက်ဖို့ မလိုဘူး။ ခူထူလူရဲ့ ကိုယ်ပွားက စည်းပိတ်ခံထားရတာ ဘယ်လောက်ကြာပြီဆိုတာ ဘယ်သူကများ သိမှာလဲ။ ဟွင်သွမ်းစကြဝဠာကြီးက အဆင်ပြေနေသေးတယ်…
ထို့ကြောင့် အခြေအနေက သူ ထင်ထားသလောက် မဆိုးရွားလောက်ပေ။
ငါ လုပ်ဖို့လိုတာက တကယ့်အစစ်အမှန် ကစားသူ ဖြစ်လာဖို့ပဲ…
သူက သူ့တာအိုနှလုံးသားကို သုံးကာ စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး သူ့ရှေ့ရှိ လမ်းစဉ်ကိုသာ ဆက်လက် လျှောက်လှမ်းဖို့ ပြင်ဆင်လိုက်သည်။ ထို့အပြင် သူ့လက်ရှိကောက်ချက်ချမှုက နောင်အနာဂတ်တွင် သူ့အတွက် အင်မတန် အရေးကြီးလာနိုင်၏။
ထို့အပြင် သူက ဤကမ္ဘာ၏ တားမြစ်ချက် ၁၃ ခု၏ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေတွေ့ရှိနိုင်လောက်ပြီး ဤသို့သော သတင်းအချက်အလက်မျိုးက အတော်လေး အဖိုးတန်ကာ သူ့အတွက် ဖြစ်စေ သို့မဟုတ် တခြားသော စိတ်ဝင်စားသည့်သူများနှင့် လဲလှယ်၍ ဖြစ်စေ အသုံးပြုနိုင်လိမ့်မည်။
ကောင်းပြီ။ အရင်ဆုံး ကျင့်ကြံရအောင်။ တကယ့်စွမ်းအားကပဲ ငါ့ကို စိတ်သက်သာရာရစေမှာ…
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ဆက်လက် ကျင့်ကြံလိုက်သည်။