← Chapters

ဆယ်ဆ တိုက်ခိုက်ရေးအဆင့်

Vol. 65 Ch. 908

ဆယ်ဆ တိုက်ခိုက်ရေးအဆင့်

Vol. 65 Ch. 908

ဝမ်ဝေ့က မျက်လုံးမှိတ်ကာ အခြေအနေကို ထိန်းညှိလိုက်သည်။ သူက အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီအကြောင်း အသိပညာများကို ပြန်လည်ကြည့်ရှုခဲ့ပြီး သူတို့အားလုံးကို ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း၏ အင်မော်တယ်ကဏ္ဍဖြင့် ပေါင်းစပ်ခဲ့သည်။ အချိန်တိုလေးအတွင်း သူက စိတ်ဝိညာဉ်ကို အဆီအနှစ်ဖြင့် ဖွဲ့စည်းသည့် နည်းလမ်းကို ဖန်တီးခဲ့၏။

သူက ချီကို အဆီအနှစ်အဖြစ် ပြောင်းလဲသည့် နည်းလမ်းတစ်ခုကိုပင် ဖန်တီးခဲ့သည်။ ကံဆိုးစွာဖြင့် သူ့လက်ရှိခန္ဓာကိုယ်က သက်ရောက်မှုအနည်းငယ် ရှိဖို့ရာအတွက် အင်မတန် အဆင့်မြင့်မားသည့် ချီ သို့မဟုတ် စွမ်းအား လိုအပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ဝိညာဉ်ချီ အရင်းအမြစ်နေရာလွတ်သို့ သွားဖို့ရာ စီစဉ်ထားပြီးသားဖြစ်၍ သူက သူ့အတွက် အသုံးဝင်သည့် အရာတစ်ခုကို ရှာဖွေလိုသည်။

သူ‌ အောင်မြင်ပြီးသည့်နောက်တွင် ဝိညာဉ်စွမ်းအား ပမာဏအမြောက်အများကို စုစည်းပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်မည့် စွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြားရှိ ဆက်သွယ်မှုကို မြှင့်တင်ခဲ့၏။

ယခင်က သူ့တွင် စိတ်ဝိညာဉ်အမှုန်ပေါင်း ၁.၂၆၉ ထရီလီယံသာ ရှိထားသော်လည်း သူ့ခန္ဓာကိုယ်က ထိုအရာထက် ပိုများသည့် ဆဲလ်များ ပါဝင်နေသည်။ ယခုအခါ သူက ဆဲလ်အားလုံးကို သူ့ဝိညာဉ်စွမ်းအား ထည့်သွင်းပေးနိုင်ခဲ့၏။

အချိန်ကုန်ဆုံးလာသည့်အခါ ဝမ်ဝေ့က ကျင့်ကြံရေးကို ဆက်လက် လုပ်ဆောင်လိုက်သည်။

ဝုန်း

ထိုစဉ် အခန်းအတွင်း အရိုးကျိုးသံနှင့် ကြွက်သား စုတ်ပြဲသံများက ပဲ့တင်ထွက်လာ၏။

“နောက်ဆုံးတော့ မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၀ ခွန်အားကို ရောက်သွားပြီ” ဝမ်ဝေ့က မှတ်ချက် ပေးလိုက်သည်။

“ဒီစွမ်းအားပမာဏက ထိုက်တန်တယ်လို့ မထင်ရဘူး”

ဝမ်ဝေ့က ဝိညာဉ်စွမ်းအားသည် မည်မျှအဖိုးတန်ကြောင်း သိထားလေ၏။ လူများစွာသည် စံပြဖြစ်လာဖို့ တားဆီးနေသည့် အကြီးမားဆုံး အတားအဆီးများထဲမှ တစ်ခုကား သူတို့၏ ဝိညာဉ်သည် လိုအပ်သည့် အရည်အသွေးနှင့် ပမာဏကို မရောက်ရှိခြင်း ဖြစ်သည်။

သို့သော်လည်း သူက ထိုပြဿနာ မရှိပေ။ ထိပ်သီး ကောင်းကင်ဘုံအဆင့်သို့ မရောက်ရှိခင် သူ့ဝိညာဉ်နှင့် ကံကောင်းမှု အနေအထားက လိုအပ်ချက် ပြည့်မှီသွားပြီ ဖြစ်၏။

သူက မဟာတာအို အရင်းအမြစ် လိုအပ်ချက်ကို ရောက်ရှိပြီး ကောင်းကင်ဘုံအဆင့်တွင် ရှိနေစဉ် တခြားလိုအပ်ချက်များကို သင်ယူကာ ဖြည့်စည်းနိုင်ဖို့ ပြင်ဆင်ထားသည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့ဝိညာဉ်စွမ်းအားကို မသုံးစွဲလိုပေ။

သူ့တွက်ဆထားမှုအရ ထိပ်သီးစံပြအဆင့်ကို ရောက်ဖို့ရာ လုံလုံလောက်လောက် ရှိလေသည်။ ထို့ကြောင့် သူ့တောက်ပနေသည့် အနာဂတ်ကို ခွန်အားအစစ်အမှန် တာအိုနယ်ပယ်တွင် အလျင်အမြန် တိုးတက်လာမှုတစ်ခုအတွက် စတေးဖို့ရာ မထိုက်တန်ပေ။ အထူးသဖြင့် သူ့တွင် တခြားရွေးချယ်စရာများ ရှိနေသည့်အခါတွင် ဖြစ်၏။

ငါ့ရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်အတွက် အထောက်အပံ့အနေနဲ့ တိုက်ရိုက်တော့ တိုးတက်လာမှာ မဟုတ်ဘူး…

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ ဝမ်ဝေ့က ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးသည့်နောက်တွင် အချိန်မဖြုန်းတော့ပဲ သူ့ပထမဦးဆုံး ကမ္ဘာဦးနတ်ဘုရား သွေးကြောကို ဖွဲ့စည်းလိုက်၏။

ထိုဖြစ်စဉ်က ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် အချိန်တစ်ခု ကြာမြင့်ခဲ့သည်။ သို့သော် သိပ်မကြာခင် ထူးကဲသည့် သွေးကြောတစ်ခုကို ဖွဲ့စည်းခြင်းဖြင့် သူ့ခန္ဓာကိုယ်ထဲ စွမ်းအင်နည်းစနစ် အသစ်တစ်ခု ထပ်ရောက်လာခဲ့သည်။

ဝမ်ဝေ့က လက်သီးဆုပ်ကာ စွမ်းအားတိုးတက်လာမှုကို ခံစားလိုက်၏။ သူက မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၀ ခွန်အားသာ ရှိနေသေးသော်လည်း တိုးတက်လာခဲ့သည်။

“ဒီသွေးကြောတွေက ခွန်အား၊ ခုခံအား၊ အရှိန်၊ သက်လုံနဲ့ တခြားအနေအထားတွေကို တိုးမြှင့်နိုင်တယ်။ သူတို့က အလားအလာရှိတယ်။ ဒါပေမဲ့ သူတို့ကို ဖွဲ့စည်းရတဲ့ နည်းလမ်းကတော့ အတော်လေးကို ကန့်သတ်ချက်များတယ်”

ဝမ်ဝေ့က ကမ္ဘာဦးနတ်ဘုရား သွေးကြောကို ဖွဲ့စည်းခြင်းက ထူးချွန်ပြောင်မြောက်ကြောင်း တွေးမိကာ သူ့ဘိုးဘေးသည် ထိုက်တန်သည့် ချီးကျူးမှုမျိုးကို ရရှိသွားသည်ဟု တွေးလိုက်မိသည်။ သို့သော်လည်း သူတို့ဖွဲ့စည်းဖို့ အသုံးပြုရသည့် နည်းလမ်းကိုမူ သဘောမကျပေ။

ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ် စံပြဖြစ်လာပြီးတဲ့နောက်မှာ ဒီကျမ်းကို အဆင့်မြှင့်ထားတဲ့ ပုံစံ မြင်ချင်မိတယ်။ သူက တခြားနည်းစနစ်တော့ ပြောင်းမကျင့်လောက်ပါဘူး…

ဝမ်ဝေ့က ရှေးဟောင်းဖျက်ဆီးခြင်းသည် ခန္ဓာကိုယ်လေ့ကျင့်ရေးကျမ်းကို သူ့ဧကရာဇ်ကျမ်းအဖြစ် ထားရှိခဲ့သည့်အတွက် ထိုသို့မဖြစ်နိုင်ကြောင်း ခံစားမိသည်။

ငါလည်း ရာသီခွင်နည်းစနစ်ကို ငါ့လက်ရှိအနေအထားအဆင့်နဲ့ ကိုက်ညီအောင် အဆင့်မြှင့်ဖို့ စဉ်းစားထားမယ်။ သူတို့တွေကို ထူးခြားတဲ့ ကမ္ဘာဦးနတ်ဘုရား သွေးကြောတွေအဖြစ် ဖွဲ့စည်းပြီးတော့ စွမ်းအားကို မြှင့်တင်ပေးရမယ်…

ပြီးတော့ ငါ အဲဒီသွေးကြောတွေကို မကောင်းဆိုးဝါး နတ်ဘုရားသွေးကြောအဖြစ် ပြောင်းလဲတဲ့အခါ သူတို့တွေက ဒုတိယမြောက်သန့်စင်မှုကို တွေ့ကြုံခံစားရပြီးတော့ ပိုပြီးတော့ အားကောင်းလာလိမ့်မယ်…

ဝမ်ဝေ့က ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို အဆင့်မြှင့်တင်ပြီး ထူးကဲသည့် သွေးကြောများကို ဖွဲ့စည်းဖို့ နည်းလမ်းတစ်ခုကို စဉ်းစားမိသွား၍ အကြည့်များ လင်းလက်လာသည်။

ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်က ဒီနည်းစနစ်ရဲ့ ဖျက်ဆီးခြင်း ကဏ္ဍကို အာရုံစိုက်လွန်းတဲ့ပုံပဲ။ အဲဒါဆိုတော့ သူက ကမ္ဘာဦးနတ်ဘုရားသွေးကြော ဒါမှမဟုတ် ဖျက်ဆီးခြင်း ဧကရာဇ်ဝိညာဉ်ကို ဖွဲ့စည်းဖို့ ဖျက်ဆီးခြင်း စွမ်းအားကို လိုအပ်နေတယ်…

ဒါပေမဲ့ ငါက ဒီနည်းစနစ်ထဲ အပြောင်းအလဲတွေ ထပ်ထည့်လို့ ရတယ်။ ကြယ်တာရာတွေက အစိတ်အပိုင်းတစ်ခုဆိုတော့ ရာသီခွင်နဲ့ ကြယ်တာရာတွေအရ နတ်ဘုရားသွေးကြောကို ဖွဲ့စည်းနိုင်တယ်…

ပင်ကိုနတ်ဆိုး နတ်ဘုရားကနေလည်း နတ်ဘုရားသွေးကြောကို ဖွဲ့စည်းနိုင်လိမ့်မယ် …

နမူနာအနေနဲ့ဆိုရင် ငါသာ အောင်းရှန်ရဲ့ သွေးကို ရရင် ဟွင်သွမ်းနဂါးသွေးကြောကို ဖွဲ့စည်းနိုင်လိမ့်မယ်။ ရှုရှစ်ဆီက ကမ္ဘာဦးစွမ်းအားတချို့ကို ရယူနိုင်မယ်ဆိုရင် ကမ္ဘာဦးသွေးကြောကို ဖွဲ့စည်းနိုင်ပြီးတော့ ဖုန်းဟွမ်ဆီက ရွှေရောင်ဗုဒ္ဓသွေးကြော၊ ဟို့ဖုန်းဟွမ်ဆီက အထွတ်အထိပ် သားရဲငါးကောင် သွေးကြော…

ထိုနည်းစနစ်အတွက် ဖြစ်နိုင်ချေက အဆုံးမဲ့ရှိလာသည်။

ဟား…ဟား…ဒါက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ…

ဝမ်ဝေ့က အားပါးတရ ရယ်မောလိုက်သည်။

အခု အဲဒီလူတွေဆီကနေ အဲဒါတွေကိုရအောင် ဘယ်လိုလုပ်ရမလဲ…

သူက သူ့စွမ်းရည်ဖြင့် တိတ်တဆိတ် ခိုးယူနိုင်ပြီး မည်သူကမှ သတိထားမိမည် မဟုတ်ပေ။ သူက တိုက်ရိုက်တောင်းဆိုလျှင် လူတချို့က ငြင်းဆန်နိုင်သည်။

မဟုတ်သေးဘူး။ ဒီအရာတွေကို ငါတို့အားလုံးအတွက် မျှတတဲ့ အလဲအလှယ်နဲ့ တိုးတက်မှုဖြစ်အောင် နောက်ခုံရုံးအစည်းအဝေးမှာ ပြောသင့်တယ်…

ဝမ်ဝေ့က သူသည် စိတ်နှစ်ထားသည့် ကောင်းကင်ဧကရာဇ် တစ်ယောက်ဖြစ်ကြောင်း တွေးကာ သူ့ကိုယ်သူ အားပေးလိုက်သည်။ သူ လုပ်သမျှအရာအားလုံးက ကမ္ဘာတွက် ပိုမိုကောင်းမွန်မှုအတွက်နှင့် သူ့ခေတ်သစ်အတွက် စည်ပင်ကြွယ်ဝမှုအတွက်သာ ဖြစ်သည်။

ကောင်းပြီ။ ငါ့ဆီမှာ အရင်းအမြစ်တချို့တော့ လိုအပ်နေသေးတယ်…

ဝမ်ဝေ့က သူ့အခန်းမှ ပျောက်ကွယ်သွားကာ တားမြစ်နယ်မြေတစ်ခု ဖြစ်သည့် သွေးမြေ အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အထဲသို့ ဝင်ရောက်သွား၏။

သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာတစ်ခုလုံးက ပြောင်းလဲသွားပြီး ကောင်းကင်က မှုန်မှိုင်းလာကာ မြေကြီးက သွေးနီရောင် ဖြစ်နေသည်။

သူက သွေးဖြင့် ဖွဲ့စည်းထားဟန်ပေါ်သည့် သက်ရှိမြောက်များစွာကိုပင် မြင်လိုက်ရ၏။

ဒါက သွေးအသူရာလား…

တစ်ချက်ကြည့်ရုံဖြင့် ထိုသက်ရှိများသည် အသူရာမျိုးနွယ်နှင့် ဘာမှမဆိုင်ကြောင်း သိလေသည်။ လူတချို့က ဤနေရာ၏ အစွန်အဖျားတွင် ရှိနေပြီး ထိုသက်ရှိများအတွက် အခွင့်အရေးအတွက် တိုက်ခိုက်နေသည်ကို ကြုံနေလိုက်၏။

ကျင့်ကြံသူများက သွေးနှင့် သက်ဆိုင်သည့် နည်းစနစ်တချို့ကို ကျင့်ကြံထားပြီး ထိုသက်ရှိများကို စုပ်ယူကြလေသည်။ ဆက်တိုက်ဆိုသလို ထိုကျင့်ကြံသူများက သူတို့အသတ်ခံရသည်နှင့် သွေးအသူရာများ၏ အာဟာရ ဖြစ်လာသည်။

ငါ့အမေနဲ့ အဖေလည်း ဒီနေရာမှာ အပိတ်ခံပြီး သေလုနီးပါးဖြစ်ခဲ့တာပဲ။ ငါ့အဖေစွမ်းအားနဲ့ဆိုရင် ဒီနေရာက သူ့ကျင့်ကြံရေးအစောပိုင်း မဟုတ်သရွေ့ ခြိမ်းခြောက်မှုတော့ မဟုတ်ဘူး…

တစ်စုံတစ်ယောက်က သူတို့ကို အကွက်ကျကျက စီစဉ်ခဲ့တာပဲ ဖြစ်ရမယ်…

ဝမ်ဝေ့က သူ့အချိန်တာအိုကို အသုံးပြုကာ ယခင်ဖြစ်ရပ်များကို ကြည့်ရှုလိုက်သည်။ ထင်ထားသည့်အတိုင်း မူမမှန်မှုတစ်ခုကို တွေ့ခဲ့ရ၏။ ဤနေရာက ဝမ်မျိုးနွယ် သွေးမျိုးဆက်များကို မကြိုဆိုပေ။ ထို့ကြောင့် ထိုသက်ရှိများက သူ့ကို မြင်သည်နှင့် အရူးအမူး ဖြစ်ကာ အရေအတွက် အားသာချက်ဖြင့် လွှမ်းမိုးဖို့ ကြိုးစားခဲ့ကြသည်။

အရာအားလုံးက ဆက်နွယ်နေတာပဲ…

ဝမ်ဝေ့က သက်ပြင်းချကာ တွေးလိုက်မိ၏။ သူ့ဘိုးဘေးက ဤနေရာမှ ပစ္စည်းတစ်ခုကို ခိုးယူခဲ့လေသည်။ နှစ်သန်းထောင်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူ့အဖေနှင့် အမေတို့က ဤနေရာတွင် စွန့်စွန့်စားစား တိုက်ခိုက်ရင်းဖြင့် ချစ်ကျွမ်းဝင်သွားခဲ့ကြသည်။

အကယ်၍ ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ် လုပ်ခဲ့သည့်အရာကြောင့်သာ မဟုတ်လျှင် သူက ယနေ့မွေးဖွားလာမည် မဟုတ်ပေ။

ကံကြမ္မာက တကယ့်ကို အံ့ဩဖို့ကောင်းပေမဲ့ ကြောက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ…

ဝမ်ဝေ့က ခေါင်းအသာယမ်းကာ တားမြစ်နယ်မြေ၏ ဗဟိုချက်ဆီ ဝင်ရောက်သွားလိုက်သည်။ သူက နောက်ထပ် ဒိုင်မေးရှင်းတစ်ခုအတွင်း ဝင်ရောက်သွားပြီးသည့်နောက်တွင် ခန်းမကျယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ သူ ပထမဆုံး သတိထားမိသည်က နံရံနှင့် မျက်နှာကျက်ပေါ်တွင် ရေးထွင်းထားသည့် သင်္ကေတအရိပ်အမြွက်များ ဖြစ်၏။ သို့သော်လည်း မှတ်တမ်း တင်ထားသည့်အရာကို တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက ဖယ်ရှားခဲ့ဟန်ပေါ်သည်။

သူ သတိထားမိသည့် ဒုတိယအရာက ခန်းမ၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် ကြီးမားသည့် သွေးကန်များ ရှိနေသည်။ သူတို့၏ တည်ရှိမှုကြောင့် သူက အံ့အားသင့်သွားခြင်း မရှိပေ။ သွေးအသူရာများသည် သွေး၊ ဝိညာဉ်နှင့် စွမ်းအားများကို ဤနေရာ၏ ပိုင်ရှင်အတွက် စုစည်းနေကြောင်း သိထားပြီးသား ဖြစ်၏။

ဒါက အပြင်ဘက်ပိုင်းက ဒီဗဟိုချက်လောက် အန္တရာယ်မများဘဲ ခဏလောက် ဖွင့်ပေးထားရတဲ့ အကြောင်းပဲ … ဒီနေရာမှာ ကျင့်ကြံသူတွေအတွက် ရှားပါးတဲ့ အရင်းအမြစ်တွေ အများကြီးရှိနေပေမဲ့ ဧကရာဇ်မျိုးနွယ်အများစုကတော့ ဒီနေရာကို လျှို့ဝှက်နယ်မြေတစ်ခုအဖြစ်နဲ့ သတ်မှတ်ကြတယ်…

ဝမ်ဝေ့က ခန်းမအဆုံးအထိ ဝင်ရောက်သွားလိုက်စဉ် ပလ္လင်ပေါ်တွင် ဧရာမသက်ရှိကြီးက ထိုင်နေပြီး သူ့ခန္ဓာကိုယ်ထဲ စွမ်းအားများ ထုတ်လွှတ်ပေးနေသည့် ပုတီးစေ့ငယ်တစ်ခု ရှိနေသည်။

ထိုဧရာမသက်ရှိကြီးက သူ့အနီရောင် အရေပြားနှင့် ကြယ်တာရာ၊ လက်သည်းနှင့် ဦးချိုတို့နှင့် ဆင်တူနေသည့် သူ့ရင်ဘတ်ရှိ တောက်ပနေသည့် အလင်းရောင်မှလွဲ၍ လူသားတစ်ယောက်နှင့် တူလေသည်။

ကမ္ဘာဦးနတ်ဘုရားက သူ့ပါးစပ်ကြီးကို ဖွင့်ဟလာကာ ထိုပုတီးစေ့ကို ဝါးမျိုလိုက်သည်။ သူက မျက်လုံးဖွင့်ကာ ဝမ်ဝေ့အား သူခိုး၏ မျိုးဆက်ဟု ခေါ်ဆိုဖို့ရာ ကြည့်လိုက်သည်။

သို့သော်လည်း သူက သူ့မျက်နှာအထက် အကြောက်တရားတစ်ခု ပေါ်ထွက်လာလေ၏။

“မင်းက ဒဏ္ဍာရီလာ ဆယ်ဆတို က်ခိုက်ရေးအဆင့်ကို ရောက်ရှိသွားတာပဲ”

“ဆယ်ဆ တိုက်ခိုက်ရေးအဆင့်လား”

ကမ္ဘာဦးနတ်ဘုရားက စဉ်းစားနေသည့် အမူအရာမျိုး ဖြစ်နေသည်။ သူ့အမူအရာက ဝမ်ဝေ့သည် စိတ်ကြီးဝင်နေသည့်သူဖြစ်ကြောင်း ပြောနေလေ၏။ သို့သော်လည်း ထိုသူက ဂရုမစိုက်ပေ။

ထိုသူက ဆယ်ဆ တိုက်ခိုက်ရေးအဆင့်ဟု ပြောစဉ်အခါက ထိုလျှို့ဝှက်ချက်ကို ကောက်ချက်ချထားပြီးသားဖြစ်၏။ ပြောရလျှင် သူက အချိန်တာအိုကို အသုံးပြုကာ အနာဂတ်၏ အဆုံးမဲ့ဖြစ်နိုင်ချေကို မြင်တွေ့ခဲ့ပြီး ဤစကားဝိုင်းက မည်သို့ဆက်သွားမည်ကို သိထားခဲ့သည်။ ပြောရလျှင် သူက ကံကြမ္မာတာအိုကို အသုံးပြု၍ ထိုသူက ဘာဆက်ပြောမည်ကို အတိအကျ သိထားလေသည်။

သူ့အင်အားနှင့် ကံကြမ္မာတာအို ကျွမ်းကျင်မှုတို့ဖြင့် ဤစကားဝိုင်းက ဤသို့သာ ဆက်ဖြစ်နေလိမ့်မည်။ အကြောင်းအရင်းမှာ ဒိုင်မေးရှင်းအနိမ့်ရှိ လူတချို့ကသာ သူ့စွမ်းအားကို တားဆီးနိုင်ကြ၏။

သို့သော်လည်း ဝမ်ဝေ့က ဤသို့သော အရာမျိုးသည် သူ့စိတ်အခြေအနေကို ပြောင်းလဲပစ်နိုင်ကြောင်း သိထားလေ၏။ သူ့မိသားစု၊ မိတ်ဆွေတို့နှင့် စကားဝိုင်းကပင် သူက နောက်ဆုံးရလဒ်ကို သိထားပြီးသားဖြစ်သည့်အတွက် အသုံးမဝင်ပေ။

အချိန်အတော်ကြာ အသက်ရှင်လာပြီးသည့်နောက်တွင် သူ့စိတ်အနေအထားက ပြောင်းလဲသွားပြီး ပို၍ တည်ငြိမ်လာကာ မထူးမခြားနားဖြစ်လာလိမ့်မည်။ သူက သက်ရှိအားလုံးသည် ကံကြမ္မာ၏ အနှောင်အဖွဲ့ဖြင့် ချုပ်နှောင်ခံထားရသည့် သနားစဖွယ်သက်ရှိများဖြစ်သည်ဟု ယုံကြည်လာလိမ့်မည်။

ထို့ကြောင့် သူသည် ထိုစွမ်းရည်ကို မလိုအပ်လာသရွေ့ ဘယ်သောအခါမှ အသုံးမပြုခဲ့ပေ။

ကမ္ဘာဦးနတ်ဘုရားက သူ ဘယ်သူနှင့် ပြောနေကြောင်း သိသည့်အတွက် သဘောထားကို ပြောင်းကာ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။

“ထာဝရဧကရာဇ်နဲ့ ကောင်းကင်ဘုံအဆင့်ကြားမှာ ကွာဟချက် ၅၀ ရာခိုင်နှုန်းရှိတယ်။ ၅ ရာခိုင်နှုန်းဆီက တစ်ဆပဲ” ကမ္ဘာဦးနတ်ဘုရားက ရှင်းပြလိုက်သည်။

“အဲဒါဆိုတော့ ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းရည်က သူ့ထက်မြင့်တဲ့ အဆင့်ကို တိုက်ခိုက်နိုင်မလားဆိုတာ ဆုံးဖြတ်ပေးတဲ့ နည်းလမ်းပေါ့”

“ဟုတ်တယ်” ဧရာမသက်ရှိကြီးက ခေါင်းညိတ်လိုက်သည်။

“ဒီခေတ်ကာလမှာ တစ်ဆ တိုက်ခိုက်ရေးအဆင့်ကို ထာဝရအထွတ်အထိပ်လို့ မှတ်ယူနိုင်တယ်”

“ခင်ဗျားရဲ့ ခေတ်ကာလနဲ့ ကွာဟချက် ရှိလို့လား” ဝမ်ဝေ့က ထိုသက်ရှိဆီမှ လှောင်ပြောင်မှုကို ခံစားမိလိုက်၍ မေးလိုက်သည်။

“ရှိတာပေါ့။ ငါ့ခေတ်အချိန်တုန်းက ဒီဂုဏ်ပုဒ်ကို ရဖို့ သုံးဆလိုတယ်”

“သုံးဆက မဟာတာအိုအရင်းအမြစ် ၃၅ ရာခိုင်နှုန်းနဲ့ တူညီတယ်။ လိုအပ်ချက်က လက်ရှိ ၂၅ ရာခိုင်နှုန်းထက်တော့ အတော်လေး မြင့်မားတာပဲ။ ခင်ဗျားတို့ခေတ်ကာလတုန်းက အမြင့်ဆုံး စံနှုန်းက ဘယ်လောက်လဲ”

“ခြောက်ဆ” ကမ္ဘာဦးနတ်ဘုရားက မှတ်ဉာဏ်များထဲ နစ်မြောသွားဟန်ပေါ်သည်။

“ပိုမြင့်မားတဲ့အဆင့်ကို ရရှိနိုင်မယ်လို့ ဘယ်သူကမှ မယုံကြဘူး။ ဒီလိုရလဒ်ကို အောင်မြင်ထားတဲ့ ရာခိုင်နှုန်းကတောင် အတော်လေးကို အခြေအနေ လျှော့ပေါ့ပေးထားလို့ပဲ”

“ကျုပ် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“ခင်ဗျားတို့ ခေတ်ကာလတုန်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဆက်တိုက်ရှိနေပေမဲ့ အတော်လေးကို စည်ပင်ကြွယ်ဝခဲ့တာပဲ။ ဒါပေမဲ့ ကျုပ် ခေတ်ကာလနဲ့ယှဉ်လိုက်ရင်တော့ မှေးမှိန်နေသေးတယ်”

ကမ္ဘာဦးနတ်ဘုရားက ထိုစကားနဲ့ပတ်သက်ပြီး ဘာမှမပြောပေ။ သူ ဂရုစိုက်သည်က ဤလက်ရှိအခြေအနေကို မည်သို့ဖြေရှင်းရမလဲဟူ၍ ဖြစ်သည်။ သူ့ယခင်အစီအစဉ်က ဆယ်ဆတိုက်ခိုက်ရေးအဆင့်ရှေ့တွင် အသုံးမဝင်တော့ပေ။

သူ့တာဝန်က အောင်မြင်လုနီးပါးဖြစ်နေသည့်အတွက် မသေဆုံးချင်သေးပေ။

All Chapters