← Chapters

ဝမ်ကျူ၏ ကံကြမ္မာ

Vol. 65 Ch. 910

ဝမ်ကျူ၏ ကံကြမ္မာ

Vol. 65 Ch. 910

ကမ္ဘာဦးဖျက်ဆီးခြင်းက သက်ပြင်းချကာ သူ့ကံကြမ္မာကို လက်ခံလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဘယ်ဖက်လက်ကို သူ့ရင်ဘတ်အတွင်း ထိုးစိုက်ကာ ထုတ်ယူလိုက်သည်။ သူက သူ့နှလုံးအတွင်း သွေးအဆီအနှစ်တချို့ကိုပါ ချန်ထားခဲ့ပြီးသည့်နောက် ဝမ်ဝေ့ဆီ ပေးလာ၏။

သူ့အရှိန်အဝါက သိသိသာသာ မှေးမှိန်သွားပြီး သူ့အနီရောင်မျက်နှာက ခရမ်းရောင် ဖြစ်လာ၏။ သူ့ရင်ဘတ်ရှိ တောက်ပနေသည့် ကြယ်များကလည်း အသက်ဝင်မှု ပျောက်ဆုံးသွားသည့်အလား မှေးမှိန်သွားသည်။

ဝမ်ဝေ့က လက်ထဲတွင် နှလုံးသားကို ကိုင်ကာ အထဲမှ စွမ်းအားကို ခံစားလိုက်သည်။ ထို့နောက် သူက ပျင်းရိလာမိ၏။ တစ်ခါက ကြောက်ရွံ့ခဲ့ရဖူးသည့် တားမြစ်နယ်မြေများနှင့် နာမည်ကျော်နေရာများသည် မဟာဧကရာဇ်များအတွက်ပင် သတိကြီးကြီးထားရသည့် ဇာတ်ကြောင်းများအဖြစ် အသုံးပြုခံခဲ့ရသည်။

သူက ကျင့်ကြံရေးခရီးလမ်း စတင်သည့်အခါ သူ့အဓိက ရည်ရွယ်ချက်တစ်ခုက ထိုအရာများနှင့် ဖြေရှင်းဖို့ ဖြစ်၏။ သို့သော်လည်း ကမ္ဘာဦးဖျက်ဆီးခြင်းကို အနိုင်ကျင့်ပြီးသည့်နောက်တွင် ကိစ္စများက ငြီးငွေ့ဖွယ်ကောင်းကြောင်း ခံစားမိလိုက်သည်။

ဒီကမ္ဘာဦးနတ်ဘုရားရဲ့ စွမ်းအားက ဒီမဟာတာအိုအရင်းအမြစ် ၄၀ ကနေ ၄၅ ရာခိုင်နှုန်းအတွင်း ရှိသင့်ပြီးတော့ စိန်ခေါ်မှုကောင်းတစ်ခု ဖြစ်သင့်တယ်…

ကံဆိုးစွာဖြင့် သူက ထိုသူက ထိုသူကို လက်ချောင်းတစ်ချောင်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။

ဒီလိုခံစားနေလို့ အကျိုးမရှိဘူး။ ဒီနေ့ရဲ့ အောင်မြင်မှုက ပင်ကိုစွမ်းရည်ကြောင့် မဟုတ်ဘဲနဲ့ နှစ်များစွာ ကြိုးစားအားထုတ်လာရပြီး စီစဉ်လာရတဲ့ ရလဒ်ပဲ။ ပြီးတော့ ကံကောင်းမှု အနည်းငယ်လည်း ပါဝင်တာပေါ့…

ဝမ်ဝေ့က ထိုအတွေးအပေါ် အာရုံမစိုက်တော့ပေ။ ထို့နောက် သူက နှလုံးသားကို သိမ်းဆည်းလိုက်ပြီး ကမ္ဘာဦးဖျက်ဆီးခြင်းကို ကြည့်လိုက်၏။ သူက ခုံရုံးတွင် ထိုသူကို မည်သည့်နေရာတွင် ချပေးရမလဲဟု စဉ်းစားနေမိသည်။

သူ့ပထမဆုံးအတွေးက နတ်စစ်သူကြီးအဖြစ် ခန့်အပ်ဖို့ ဖြစ်၏။ သို့သော်လည်း ထိုသူတွင် တပ်ဖွဲ့ မရှိသေးသည့်အတွက် ထိုအတွေးကို လက်လျှော့လိုက်သည်။

ထို့အပြင် အသက်ပြန်ရှင်လာသည့် ပင်ကိုနတ်ဆိုးနတ်ဘုရားများကို ခုံရုံးအတွင်း တာဝန်ထမ်းဆောင်ဖို့ ချက်ချင်း ဖိအားပေးသည်က ဉာဏ်မရှိရာကျ၏။ သူက သူတို့ကို နေသားကျပြီး အခြေအနေသင်ယူဖို့အတွက် အချိန်တချို့ပေးသင့်သည်။ ထို့နောက် သူက ခုံရုံးနည်းစနစ်အတွင်း သူတို့ကို ထည့်သွင်းဖို့ ကြိုးစားရမည်။

ဘာပဲဖြစ်ဖြစ် ငါက ကမ္ဘာဦးဖျက်ဆီးခြင်းကို လူရမ်းကားအနေနဲ့တော့ သုံးလို့ရသေးတယ်။ ဒီလိုဆိုရင် သူ့ကို နတ်ဘုရားတုရာထူးတစ်ခုကို ပေးသင့်တယ်…

ဝမ်ဝေ့က ကမ္ဘာမြေမှ အနောက်ပိုင်းဒဏ္ဍာရီများကို အခြေခံ၍ နတ်ဘုရားတု ရာထူးကို ဖန်တီးဖို့ ကြိုးစားခဲ့ခြင်း ဖြစ်၏။ ပြောရလျှင် ပန်းပဲနတ်ဘုရား ဖြစ်သည်။

ပန်းပဲထုခြင်း၏ သဘောတရား၌ ကောင်းကင်တာအို ပါဝင်နေခြင်း မရှိသလို ကမ္ဘာ့အရင်းအမြစ်လည်း ပါဝင်မနေပေ။ ပန်းပဲပညာရပ်က မြေနတ်ဘုရားနှင့် သတ္တုနတ်ဘုရား ကဏ္ဍတွင် တည်ရှိနေလေ၏။ နောက်ဆုံးတွင် မီးတောက်နတ်ဘုရားပါ ပါဝင်လာသည်။

သို့သော်လည်း ဝမ်ဝေ့က ပန်းပဲနတ်ဘုရား ရာထူးကို ဖန်တီးခြင်းဖြင့် အသစ်တစ်ခုကို ကြိုးစားချင်မိသည်။ သူ့အစီအစဉ်က ထိုအရာ၏ စွမ်းအားကို အသုံးပြုကာ ကျွမ်းကျင်ပန်းပဲဆရာတစ်ယောက်ကို လေ့ကျင့်ပေးဖို့ လိုအပ်သည့် အရင်းအမြစ်များကို လျှော့ချဖို့ ဖြစ်၏။

သေမျိုး၏ ပန်းပဲ ပြုလုပ်ခြင်းဖြစ်စေ သို့မဟုတ် ကျင့်ကြံသူ၏ လက်နက်သန့်စင်ခြင်း ဖြစ်စေ အရည်အချင်း ပြည့်မှီသည့် လက်နက်ပြုလုပ်သူ တစ်ယောက်ကို လေ့ကျင့်ပေးဖို့အတွက် အရင်းအမြစ် မြောက်များစွာ အသုံးပြုရသည်။ အကယ်၍ ပန်းပဲနတ်ဘုရားကသာ ထိုလူများ၏ သန့်စင်ရေးဖြစ်စဉ်ကို ကောင်းချီးပေးပြီး လိုအပ်သည့် အရင်းအမြစ်ကို လျှော့ချနိုင်ပါက ကောင်းကင်တာအိုသည် ကမ္ဘာ့အရင်းအမြစ် မြောက်များစွာကို ချွေတာနိုင်လိမ့်မည်။

ထို့အပြင် ထိုခေတ်ကာလ၏ ကံကောင်းမှုက လူမှုအဖွဲ့အစည်း တိုးတက်မှုကိုပါ မြှင့်တင်ပေးလိမ့်မည်။ ပန်းပဲနတ်ဘုရားကဲ့သို့သော ရာထူးမျိုးက သေမျိုးများ၏ သတ္တုဗေဒနှင့် နည်းပညာများကိုပါ ဖွံ့ဖြိုးတိုးတက်အောင် ခွင့်ပြုပေးနိုင်သည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံး၏ ကြမ္မာနှင့် စည်ပင်ကြွယ်ဝမှုကို တိုးမြှင့်ပေးနိုင်လိမ့်မည်။

တကယ်လို့ ဒီအစီအစဉ်သာ အလုပ်ဖြစ်မယ်ဆိုရင် ငါက ဆေးဝါးနတ်ဘုရား၊ အစီအရင်နတ်ဘုရား၊ အဆောင်နတ်ဘုရားနဲ့ လက်နက်သန့်စင်ရေး နတ်ဘုရားတွေကိုလည်း ဖန်တီးနိုင်လိမ့်မယ်…

ထိုကျွမ်းကျင်အတတ်ပညာများ၏ လေ့ကျင့်မှုသည် အရင်းအမြစ် မြောက်များစွာ လိုအပ်လေ၏။ သို့သော်လည်း ထိုရာထူးများဖြင့် ဝမ်ဝေ့သည် အရင်းအမြစ် ချွေတာပြီး စီမံခန့်ခွဲနိုင်သည့် လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်လိမ့်မည်။

သူက ပတ်ဝန်းကျင်ကို ပင်ကိုအဖြစ် ပြန်လည်ပြောင်းလဲပြီးသည့်နောက်တွင် ကမ္ဘာကြီးက အရင်းအမြစ် ပြတ်လပ်နေတော့မည် မဟုတ်သော်လည်း ကောင်းမွန်စွာ စီမံထားပြီး အလကား မဖြစ်အောင် တားဆီးခြင်းက ထိုက်တန်ပေသည်။

ဒီအစီအစဉ်သာ အဆင်သင့်ဖြစ်ရင် စမ်းကြည့်ရမယ်…

သူ့လက်ထဲ ရွေးချယ်ခံ နတ်ဘုရားစာရင်းပေါ်ထွက်လာကာ သူ့စွမ်းအားကို အသုံးပြု၍ ထိုစာရင်းကို ဆင့်ကဲပြောင်းလဲလိုက်သည်။

“အခုကစပြီးတော့ ခင်ဗျားက ပန်းပဲနတ်ဘုရားပဲ” ဝမ်ဝေ့က ကြေညာလိုက်သည်။

သို့သော်လည်း ကမ္ဘာဦးဖျက်ဆီးခြင်းက ထိုထူးထူးဆန်းဆန်း ရာထူးကို နားမလည်သည့်အတွက် စိတ်ရှုပ်ထွေးနေမိသည်။ သူက ခုံရုံးနှင့် နတ်ဘုရား ရာထူးများအကြောင်း ကြားခဲ့ဖူးသည်။ သူက တွေ့ဆုံပွဲအတွင်း မရှိသည့်အတွက် အသေးစိတ်ကို မရှင်းလင်းသော်လည်း အကြောင်းအရာကိုမူ သိရှိနေဆဲသာ ဖြစ်၏။ သို့သော်လည်း သူက ဤထူးထူးဆန်းဆန်း ရာထူးနှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေမိသည်။

သို့သော် ဝမ်ဝေ့က သူ့ကို ရှင်းမပြဘဲ လက်ဝှေ့လိုက်ပြီး သူ မြန်မြန်ဆန်ဆန် အားဖြည့်နိုင်ဖို့အတွက် ခုံရုံးထဲမှာ တစ်နေရာဆီ ပို့ဆောင်လိုက်၏။ သူက ထိုသူအား မြန်မြန်ဆန်ဆန် ကောင်းမွန်နိုင်ဖို့အတွက် အကောင်းဆုံးနေရာထဲမှ တစ်ခုကို ပေးအပ်ထားလေသည်။ ဤသို့သော အဆင့်မြင့် ရှားပါးသည့် အရင်းအမြစ်မျိုးကို သေချာဂရုတစိုက် ဆက်ဆံသင့်၏။

ဆက်တိုက်ဆိုသလို သူက သွေးမြေကို အာရုံစိုက်လိုက်ပြီး မည်သို့ဖြေရှင်းရမည်ကို စဉ်းစားလိုက်သည်။

ဒီနေရာက ဂိုဏ်းအတွက် စစ်ဆေးမှုကောင်း တစ်ခုတော့ ဖြစ်မှာသေချာတယ်…

သူက တွေးလိုက်မိ၏။ သူသာ ကမ္ဘာဦးဖျက်ဆီးခြင်း၏ နှလုံးသားကို ထိုနေရာအတွင်း စည်းပိတ်ကာ စွမ်းအား ထောက်ပံ့ပေးထားသည့် အစီအရင်တစ်ခုဖြင့် ဝန်းရံထားပါက သွေးအသူရာများသည် ဆက်တိုက်မွေးဖွားလာလိမ့်မည်။

ထို့နောက် ဂိုဏ်း၏ တပည့်များက ထိုသက်ရှိများကို သတ်ကာ သူတို့ထုတ်လွှတ်သည့် စွမ်းအားများကို စုပ်ယူပြီး သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနိုင်လိမ့်မည်။ ဤနေရာက ခန္ဓာကိုယ်လေ့ကျင့်သူများအတွက် ကောင်းကင်ဘုံ ဖြစ်လာကာ ပုံမှန်တပည့်များအတွက်လည်း ခန္ဓာကိုယ်လေ့ကျင့်ရေးနှင့် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အသုံးပြုနိုင်လိမ့်မည်။

ဒီနေရာက အင်မော်တယ်အဆင့် သွေးအသူရာကိုတောင် မွေးထုတ်ပေးနိုင်ရင် ဘိုးဘေးတွေအတွက်လည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်လို့ရမှာပဲ…

ဆန့်ကျင်ကျင့်ကြံသူတချို့ပင် မွေးဖွားလာနိုင်၏။

သူက ထိုအတွေးဖြင့် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် သူက အာကာပြင် မဟာတာအိုအရင်းအမြစ်ကို အသက်သွင်းကာ သွေးမြေတစ်ခုလုံးကို ဂိုဏ်း၏အနောက်ဖက်သို့ ရွှေ့လိုက်သည်။

ယခုမှစ၍ အသင်္ချေအင်ပါယာကမ္ဘာတွင် အနောက်ပိုင်းကောင်းချီးသန့်စင် ကုန်းမြေအပြင် ဒုတိယမြောက် တားမြစ်နယ်မြေသည်လည်း ပျောက်ဆုံးသွားခဲ့သည်။

ကမ္ဘာကြီးက ထိုအပြောင်းအလဲကို သတိထားမိကာ ဘယ်သူလှုပ်ရှားလိုက်တာလဲဟု သိရှိဖို့ သိပ်မကြာမြင့်ခဲ့ပေ။ ထာဝရဧကရာဇ်ရှိထားသည့် အင်အားစုများက သူတို့၏ ကိုယ်စားလှယ်များကို မေးကာ ထိုအထဲတွင် ရှိနေသည့်အရာဖြင့် ဖြေရှင်းနိုင်လားဟု မေးခဲ့ကြသည်။ သူတို့က အဖြေအမျိုးမျိုးရခဲ့ကြပြီး ထိုအဖြေများအပေါ် မူတည်၍ လှုပ်ရှားခဲ့ကြ၏။

သို့သော်လည်း ကျင့်ကြံရေးထံ ဝင်ရောက်သွားသည့် ဝမ်ဝေ့အတွက် မည်သည့်အရာကမှ အရေးမပါပေ။ သူက ကမ္ဘာဦးနတ်ဘုရား၏ နှလုံးသားကို စုပ်ယူပြီး သွေးကြောများကို ဖန်တီးကာ သူ့ခန္ဓာကိုယ်ကို တိုးမြှင့်ပေးခဲ့သည်။

“မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၄၇ ခွန်အား” ဝမ်ဝေ့က လက်သီးဆုပ်ကာ ရေရွတ်လိုက်၏။

“ငါ ထင်ထားတာထက်ပိုပြီး ကောင်းနေတာပဲ”

သူက ဤသီးသန့်ကျင့်ကြံရေးကို ကျေနပ်နေမိသည်။ ထိုနှလုံးသားက သူ့အပေါ် သက်ရောက်မှု မရှိသလောက် ဖြစ်လာသော်လည်း တခြားသော အရင်းအမြစ်များဖြင့် နှလုံးသားကို ပင်မ ပါဝင်ပစ္စည်းအဖြစ် သုံးကာ ဆေးလုံးအဖြစ် ဖော်စပ်နိုင်သည်။ ထိုအခါ သူက ထိုအကျိုးကျေးဇူးများကို ဆက်လက် ခံစားနိုင်လိမ့်မည်။

ဝမ်ဝေ့က အပြင်ဘက်ကို စစ်ဆေးကြည့်လိုက်၏။

“ဒုတိယတွေ့ဆုံပွဲစဖို့ ဆယ်နှစ်ပဲ လိုတော့တာပဲ။ ဟင် ဝမ်ကျူထွက်လာပြီလား”

သူက အစီအရင်ကို ဖွင့်ကာ သူမကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက ဒူးတစ်ဖက်ထောက်လျက် အခန်းအတွင်း ပေါ်ထွက်လာသည်။

“ဂိုဏ်းချုပ်”

“ထပါ။ ရလဒ်က ဘယ်လိုနေလဲ” ဝမ်ဝေ့က မေးလိုက်၏။

“ဂိုဏ်းချုပ် ထင်ထားတဲ့အတိုင်း ကျွန်မရဲ့ အခြေခံအင်အားက ထာဝရဧကရာဇ်နဲ့ ယှဉ်နိုင်တယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ စွမ်းအားကို ငှားယူနိုင်တဲ့ ကံကြမ္မာတိုက်ပွဲအခြေအနေကို ဝင်ရောက်နိုင်တယ်”

“မင်းက ဘယ်လောက်ထိ အားကောင်းနိုင်လဲ”

“အချိန်တိုအတွက်ဆိုရင် မဟာတာအိုအရင်းအမြစ် ၃၅ ရာခိုင်နှုန်း၊ ပြင်းပြင်းထန်ထန် တန်ပြန်သက်ရောက်မှုကို ခံစားရမယ်ဆိုရင် ၄၀ ရာခိုင်နှုန်းနဲ့ ကျွန်မ အသက်ကို စတေးမယ်ဆိုရင် ၅၀ရာခိုင်နှုန်းအထိပါ”

ဝမ်ကျူက ထိုစကားများကို ပြောလိုက်သည့်အခါ သူမ၏ နှလုံးသားထဲမှ အံ့အားသင့်မှုကို ဖော်မပြနိုင်ပေ။ သူမက ဂိုဏ်းချုပ်၏ စွမ်းအားအပြည့်အဝကို အမွေဆက်ခံမရကြောင်း သိထားသော်လည်း သူမက အရမ်းအားကောင်းလွန်းနေပြီ ဖြစ်၏။

ဒီအင်အားက မဆိုးဘူးပဲ…

သူက သူမ၏ အတွင်းကမ္ဘာကို ကြည့်လိုက်၏။

ထိုနေရာတွင် သူ့ကံကြမ္မာစွမ်းအား ထုတ်လွှတ်နေသည့် အမြုတေတစ်ခုရှိသည့် ထူးကဲသည့် မျိုးစေ့တစ်ခု ပါဝင်နေသည်။ ထိုစွမ်းအားက ဝမ်ကျူ၏ အရိပ်တာအိုဖြင့် ပြီးပြည့်စုံစွာ သဟဇာတ ဖြစ်နေလေ၏။

“အခုကစပြီးတော့ မင်းက ဂိုဏ်းရဲ့ အစောင့်အရှောက် ဖြစ်လာလိမ့်မယ်”

“ဟုတ် … ဟုတ်ကဲ့”

“မင်းက တုံ့ဆိုင်းနေတဲ့ပုံပဲ။ ဘာလဲ မဖြစ်ချင်ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

“အဲ့လိုမဟုတ်ပါဘူး။ ဒိုင်းမေးရှင်းအမြင့်ဆီကို ဆက်လက် လိုက်လာရဖို့ မျှော်လင့်နေမိလို့ပါ” ဝမ်ကျူက ပြန်ပြောလိုက်၏။

ဝမ်ဝေ့က သူမကို ကြည့်ကာ “ဒီလိုပြောရတာတော့ ဝမ်းနည်းစရာကောင်းပေမဲ့ မင်းက ငါ့ခြေလှမ်းနဲ့ အမှီမလိုက်နိုင်တော့ဘူး”

ဝမ်ကျူ၏ အကြည့်များက မှေးမှိန်သွားသည်။

“နောင်အနာဂတ်မှာ အုတ်မြစ်တစ်ခုတည်ထောင်ပြီးတော့ ကန့်သတ်ချက်တွေ နည်းပါးလာတဲ့ အနေအထားတစ်ခုကို ရောက်တဲ့အခါမှာ ငါ့ဘေးနားမှာ ခစားဖို့ မင်းကို ဆင့်ခေါ်လိုက်မယ်။ ဒါပေမဲ့ အခု မင်းက ငါ့အတွက် ဂိုဏ်းကို ကာကွယ်ပေးရမယ်”

ဝမ်ဝေ့က ထိုစကားများကို သူမကို ကျေနပ်ဖို့ရာအတွက် ပြောလိုက်ခြင်း မဟုတ်ပေ။ သူ ယုံကြည်ရမည့်လူများက နောင်အနာဂတ်အတွင်း အင်မတန် အရေးပါလာလိမ့်မည်ဟု ခံစားချက်ရနေမိသည်။ ထို့ကြောင့် သူက ဝမ်ကျူသည် အားနည်းရုံမျှဖြင့် စွန့်ပစ်မည် မဟုတ်ပေ။

သို့သော်လည်း သူ တက်လှမ်းသွားပြီးသည့်နောက်တွင် သူတို့ပြန်လည်ဆုံစည်းဖို့ရာအတွက် အချိန်တစ်ခုမျှ ကြာမြင့်လိမ့်မည်။

“မင်းက အရိပ်(၃)ဆိုတဲ့ နာမည်ကို မကြိုက်ဘူးဆိုတာ သိတယ်။ အဲဒါကြောင့် မင်းအတွက် ကံကြမ္မာအရိပ်(၁)လို့ ခေါ်မယ်”

“ကျေးဇူးတင်ပါတယ်”

“မင်းရဲ့ နောက်တာဝန်ကို သိတယ်မလား”

“ဟုတ်ကဲ့။ ကျွန်မက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေကို ကမ္ဘာ့အသိုက်အဝန်းအသီးသီးမှာ တတ်နိုင်သမျှ မြန်မြန် ဖြန့်ဝေဖို့ပါ”

“မင်းရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင် ပြဿနာရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ ပြဿနာရှိခဲ့တယ်ဆိုရင် ငါ့ရဲ့နာမည်ကို ရေရွတ်လိုက်ရုံပဲ။ ငါ လာပြီး ကူပေးမယ်”

ဝမ်ဝေ့၏ သတိပေးမှုက မလိုပေ။ သူတို့က နက်ရှိုင်းသည့် ကံဆက်နွယ်မှုရှိနေသည့်အတွက် သူမသာ အန္တရာယ် ကျရောက်နေပါက ချက်ချင်း သိလိမ့်မည်။

“ကျွန်မ မှတ်သားထားလိုက်ပါ့မယ်” ဝမ်ကျူက ထိုစကားများကို ကြားပြီးသည့်နောက်တွင် စိတ်သက်သာရာရသွားမိ၏။ သူမက အဆောင်တစ်ခုကို ထုတ်ကာ ဝမ်ဝေ့ဆီ ပေးလိုက်သည်။

“ဒါက ကျွန်မ အဝေးရောက်နေတုန်းက ကျွန်မအစား တာဝန်ယူထားတဲ့သူပါ။ ဂိုဏ်းချုပ်က ဘာမဆို သူ့ဆီ တောင်းလို့ရပါတယ်။ သူက အတော်လေး အရည်အချင်း ပြည့်မှီတယ်”

ဝမ်ဝေ့က သတင်းအချက်အလက်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် အနည်းငယ် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားလေ၏။ သူက ထိုသူကို သိထားလေသည်။ ပင်ကို အာကာပြင်နည်းစနစ်ရှိထားသည့် လုပ်ကြံသတ်ဖြတ်သူ ဖြစ်၏။ အကယ်၍ သူသာ မှန်မှန်ကန်ကန် မှတ်မိပါက သူ့နာမည်သည် ကျန်းကျင်းသာ ဖြစ်ရမည်။

ထိုသူက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များကို ပိုမိုကောင်းမွန်အောင် ကျူးကျော်ဖို့ ကူညီပေးပြီးသည့်နောက်တွင် အရိပ်သတ်ဖြတ်ရေးနန်းဆောင်မှ ထွက်လာခဲ့လေသည်။ ထို့နောက် သူက ဌာနချုပ်အတွင်း ဝင်ရောက်ကာ ဝမ်ကျူက သူ့ပါရမီနှင့် စွမ်းဆောင်ရည်ကို သတိမထားမိခင်အထိ အလျင်အမြန် မြင့်တက်လာခဲ့သည်။

နှမြောစရာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ အကယ်၍ ထိုလုပ်ကြံသတ်ဖြတ်သူလေးတွင် ဇာတ်လိုက် ပုံရိပ် သို့မဟုတ် ကံကြမ္မာရှိပြီး သူ့ညီမငယ်လေးက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်နေပါက ပို၍ကောင်းသွားလိမ့်မည်ဟု ခံစားနေရသည်။

“ကောင်းပြီလေ။ မင်းရဲ့ အကဲဖြတ်မှုကို ယုံတယ်”

All Chapters