← Chapters

ပြန်ပြောလို့ရမလား

Vol. 43 Ch. 589

ပြန်ပြောလို့ရမလား

Vol. 43 Ch. 589

သားသတ်သမား၊ ရွှေအ၊ မျက်ကန်းနှင့် ကျန်ရှိသူများက နတ်ဘုရားစစ်တပ်နှင့်အတူ ဆုတ်ခွာသွားသော မိစ္ဆာနတ်ဆိုးဘိုးဘေးများနှင့် ယိုတုမကောင်းဆိုးဝါးများနောက် လိုက်သွားကြသည်။

မိုင်သုံးဆယ်၊ ငါးဆယ်ခန့် လိုက်ပြီးနောက်တွင် နတ်ဘုရားစစ်တပ်မှာ တုံ့ခနဲ ရပ်သွား၍ ထော့ကျိုးတစ်ယောက်တည်းသာ ဆေးဆရာကို ကျောပိုးလျက် ပြေးထွက်သွားသည်။ အနားပတ်ဝန်းကျင်၌ မည်သူမှမရှိကြောင်း သတိထားမိမှ နှစ်ယောက်သား ကြက်သီးဖြန်းဖြန်း ထသွားကြပြီး ပြန်လှည့်ပြေးလာကြ၏။ စစ်တပ်ထဲ ပြန်ရောက်သည့်အခါမှ စိတ်ဒုန်းဒုန်းချနိုင်ကြလေသည်။

“ဒါ နားကန်းရဲ့ အကန့်အသတ်ပဲ ... ရှေ့ဆက်သွားလို့မရတော့ဘူး... ဆက်လိုက်ရင် ရန်သူ အသာစီးရသွားလိမ့်မယ်” အဘွားစစ်က တိုးညှင်းစွာ ပြောလိုက်သည်။

“မင်းတို့ကွာ ငါတို့ကို ကြို‌တောင် သတိမပေးဘူး... နှစ်ယောက်သား ကံကောင်းလို့သာပေါ့.....” ထော့ကျိုးက ညည်းတွားသည်။

ဆေးဆရာမှာ ထော့ကျိုး၏ ကျောပေါ်မှ ဆင်းလိုက်ပြီး ဒူးများ တဆတ်ဆတ် တုန်နေ၏။ “သောက်ထော့ကျိုး... မင်းကြောင့် သေတော့မလို့”

အခြားတစ်ဖက်တွင် နားကန်းသည် စုတ်တံကို ဝှေ့ယမ်းလျက် ပန်းချီဆွဲနေဆဲ ရှိ‌‌သေး၏။ သူ့မျက်နှာတစ်ပြင်လုံး နီရဲနေသည်။ ချင်မူက တစ်ခုခု မူမမှန်ကြောင်း မြင်လျှင် နားကန်းဆီသို့ အလျင်အမြန် သွားလိုက်သည်။ သူ၏ကျယ်လောင်ပြတ်သားသော အသံက နားကန်း၏ နားဘေးတွင် နဂါးတွန်သံများလို ဟိန်းထွက်သွား၏။ “ဘိုးဘိုးနားကန်း၊ ရန်သူတွေ ဆုတ်သွားပြီ.... သတိပြန်ကပ်တော့”

နားကန်းက စုတ်တံကို တမုဟုတ်ချင်း ရပ်လိုက်ပြီး ငေးငေးငိုင်ငိုင် ဖြစ်သွားသည်။ ထို့နောက် သူ့လည်ချောင်းဝမှ ခပ်ချိုချိုအရသာ ဆို့တက်လာသည်ကို ခံစားလိုက်ရကာ သွေးတစ်လုပ် အန်လိုက်မိ၏။

ချင့်အမူအရာ ပြောင်းလဲသွားပြီး သူ့လက်က အဘိုးအို၏ လည်ပင်းနှင့် နှလုံးအပေါ် အလျင်အမြန် ထိ၍ ကမောက်ကမ ဖြစ်နေသည့် ချီနှင့်သွေးတို့အား ချုပ်လိုက်၏။ ထို့နောက် မျက်ခုံးနှစ်ဖက်ကြားသို့ ကမန်းကတန်း ဖိလိုက်ပြီး ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို ထုတ်လွှတ်ရင်း ခန္ဓာကိုယ်အား သွက်လက်စွာ ရွေ့လျားနေသည်။ သူ့လက်များက နားကန်း၏ခန္ဓာကိုယ်အနှံ့ ထိကာ စွမ်းအင်အား ထိန်းချုပ်‌နေ၏။

နားကန်းမှာ စွမ်းအင်အလုံးစုံ ထုတ်သုံးခဲ့မိသဖြင့် နှလုံးသားနှင့် မူလဝိညာဉ်တွင် ဒဏ်ဖြစ်လာခဲ့သည်။ နှလုံးသည် ချီနှင့်သွေးလှည့်ပတ်မှု၏ ဗဟိုချက် ဖြစ်၏။ ချီနှင့် သွေးများ ကမောက်ကမ ဖြစ်လာသည့်အခါ သွေးကြောများမှာ တောင့်မခံနိုင်တော့သလို၊ သူ့နှလုံးမှာလည်း ဝန်ပိသွားသည့်အတွက် သွေးတစ်လုပ် အန်ခဲ့ရခြင်းဖြစ်သည်။

ချင်မူက သူ့နှလုံးနှင့် လည်ချောင်းနေရာများကို ချုပ်ကာ သွေးအား နောက်ပြန်စီးဆင်းသွားစေသည်။

နားကန်း၏ မူလဝိညာဉ်မှာလည်း အလွန်အကျူး ပင်ပန်းနွမ်းနယ်သွား၍ ပြိုကွဲ‌တော့မည့် လက္ခဏာများ ပြသရင်း မငြိမ်မသက် ဖြစ်နေသည်။ သို့ဖြစ်၍ ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ ယန်ဝိညာဉ်သုံးခုနှင့် ယင်ဝိညာဉ်ခုနစ်ခု ထွက်မသွားအောင် ချုပ်ထားလိုက်၏။

ဤနည်းဖြင့် ပြဿနာကို အချိန်ဆွဲနိုင်ကာ ကုသရန် လွယ်ကူသွားသည်။

ချင်မူ ဆေးပင်များ ကမန်းကန်း ထုတ်၍ ဆေးလုံးများ ‌ဖော်လိုက်သည်။ တခဏကြာသော် ဆေးလုံးများ ဖော်စပ်ပြီးစီးသည်နှင့် နားကန်း၏ပါးစပ်ကို ဖွင့်ကာ ဆေးလုံးများ ထည့်ပေးလိုက်၏။ ထို့နောက် သူက လက်ဟန်နည်းစနစ်မျိုးစုံ သုံးကာ ဆေးစွမ်းအင်အား ချေဖျက်ပေးနေသည်။

အဘွားစစ်၊ မျက်ကန်းနှင့် ကျန်ရှိသူများ ပြန်ရောက်လာသည့်အခါ ဆေးဆရာက နားကန်းကို ဆက်ကုပေးပြီး ပြောလိုက်၏။ “မူအာ စောစော သတိထားမိခဲ့တာ ကံကောင်းတယ်... မဟုတ်လို့ကတော့ နားကန်း နာတာရှည်ရောဂါ ရသွားနိုင်တယ်... အခု သူ့ချီစွမ်းအင်တွေက အင်မတန် ခမ်းခြောက်နေပေမယ့် ငါရှိနေသရွေ့ ဒီနေ့ည ငုတ်တုတ်ပြန်ထိုင်ပြီး ဖလန်းဖလန်း ထခုန်နိုင်စေရမယ်”

နားကန်းက အေးစက်စက် နှာမှုတ်ကာ ပြောသည်။ “မခုန်ဘူး... စာပေသမားတစ်ယောက်က ဘယ်လိုလုပ် မျောက်တစ်ကောင်လို ထခုန်ရမှာလဲ”

အားလုံး စိတ်သက်သာရာရသွားကြပြီး အဘွားစစ်က မေးလာသည်။ “နားကန်း၊ နင့်ပန်းချီက ဘယ်လောက်ခံလဲ”

“ပန်းချီကားထဲက ကမ္ဘာ မပျက်စီးသွားသရွေ့ နတ်ဘုရားစစ်တပ်က ထာဝရတည်ရှိနေနိုင်တယ်”

နားကန်း ထိုင်လိုက်ပြီး ဆေးဆရာက သူ့ကို ဂရုတစိုက် ကုသပေးနေ၏။ ချင်မူ ဘေးမှ ကူညီပေးနေစဉ် ဟူလင်းအာက ချင်မူ အလွယ်တကူ ယူနိုင်အောင် အပ်ပန်းကန်အား ကိုင်ပေးထားသည်။ သုံးယောက်သား တစ်ယောက်နှင့်တစ်ယောက် တတွတ်တွတ် စကားပြောနေကြလေသည်။

“ဒါပေမဲ့ ပန်းချီကားထဲက ကမ္ဘာကို ဖျက်စီးဖို့က သိပ်ပြဿနာမရှိဘူး... မိစ္ဆာနတ်ဆိုးတွေ သတိလက်လွတ် ဖြစ်သွားပြီး ဘယ်ဟာ အတုမှန်း၊ အစစ်မှန်း မခွဲတတ်တော့လို့သာ ငါ သူတို့ကို ခြောက်လှန့်နိုင်ခဲ့တာ”

နားကန်း၏မျက်နှာတွင် ငွေအပ်များ ပြည့်နေပြီး တစ်ချက်တစ်ချက် သူ၏မျက်လုံးထောင့်စွန်းများ လှုပ်လှုပ်သွားတတ်သည်။ ဆေးဆရာက မျက်လုံးထောင့်စွန်း၌ အပ်တစ်ချောင်း စိုက်လိုက်သည့်အခါ မလှုပ်တော့ပေ။ သို့သော် နားကန်းမှာ မျက်နှာတစ်ခြမ်း လေဖြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နားကန်း၏မျက်လုံးများက တစ်ဖက်သို့ ရွဲ့စောင်းသွားသည်။ မျက်လုံးတစ်လုံးက အပေါ်နည်းနည်းတက် နေပြီး တစ်လုံးက အောက်နည်းနည်းကျနေသည်။ သူ့ပါးစပ်ထောင့်မှလည်း သွားရည်များ စီးကျလာ၏။ “ဒီ‌နေ့ည ငါ့ချီစွမ်းအင် ပြန်ပြည့်သွားရင် သူတို့ ပိုကြောက်သွားအောင် ပန်းချီနောက်တစ်ချပ် ဆွဲမယ်... ဆေးဆရာ၊ ငါ့ညက်နာက ငါ့ညက်နာ မဟုတ်သော့သလိုပဲ.... ငါ့လျှာလည်း....”

“ဒီအပ်က မင့်မူလဝိညာဉ်ကို ကုသပေးဖို့ သုံးတဲ့အပ်... မင့်မျက်နှာပေါ်က အာရုံကြောတွေကိုလည်း ထိနိုင်တယ်... ခဏတဖြုတ်တော့ အကြောတွေ အလုပ်လုပ်မှာမဟုတ်ဘူး.... မပူနဲ့... မူအာ၊ မင်းက သူ့ရဲ့ ယင်ဝိညာဉ်နဲ့ ယန်ဝိညာဉ်တွေကို ‌သေသေချာချာ ချုပ်ထားနိုင်ခဲ့တာပဲ.... ဒီအပ်ကို တစ်ချက်ကြည့်ပေးပါဦး.... ဘိုးဘိုး၊ ဘယ်နား စိုက်ရင် ကောင်းမလဲ”

ဆေးဆရာက နားကန်း၏ ကျောဆစ်ရိုးအနားရှိ နေရာတစ်နေရာဆီသို့ လက်ညှိုးထိုးပြရင်း အတန်ငယ် ချီတုံချတုံ ဖြစ်နေသည်။ “ဒီနား စိုက်ရမလား... ဟိုနား စိုက်ရမလား....” သူက ချင်မူ့ကို ကြည့်ရင်း ပြော၏။

ချင်မူ အသေးစိတ် ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။ “ဘိုးဘိုးဆေးဆရာက ကျွန်တော့်ကို စမ်းသပ်နေတာပဲ... ဒီနေရာကို ရွေးမယ်ဆိုရင် မြေဝိညာဉ်ကို ဖောက်ပြီး... မျိုးပွားအင်္ဂါစပ်ကို ထိသွားလိမ့်မယ်... အပ်က သူ့ရဲ့သေခြင်းရှင်ခြင်းကောင်းကင်ရတနာကိုလည်း ဖောက်သွားမှာဆိုတော့... ယိုတုရဲ့ မိစ္ဆာနတ်ဆိုးချီနဲ့ မိစ္ဆာသဘာဝလည်း ကျူးကျော်လာပြီး ချီဟွေ့ (အညစ်အကြေးစွန့်သော စအိုနား) နဲ့ မြေဝိညာဉ်ထဲ ကူးစက်လာလိမ့်မယ်... အဲဒါဆို သူ မြုံသွားနိုင်တယ်.... စိတ်အနေအထားတောင် ပြောင်းလဲသွားနိုင်တယ်”

ဆေးဆရာက ခပ်တည်တည်ဖြင့် ငွေအပ်ကို ပြန်ရုတ်၍ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ “ဘိုးဘိုး မင်းကို စမ်းသပ်နေတာပါ... မင်းက တကယ် တန်းမြင်နိုင်တာပဲ”

ချင်မူ သူ့အား ပြုံးပြလိုက်မိသည်။ “ဘိုးဘိုး စမ်းသပ်နေမှန်း သိသားပဲ.... ဘိုးဘိုးဆေးဆရာက ဒီအပ်နဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာနဲ့ ကောင်းကင်တံတားကောင်းကင်ရတနာကို စိုက်ပြီး... ဘိုးဘိုးနားကန်းရဲ့ ချီစွမ်းအင်တွေ ကောင်းကင်ရတနာနှစ်ခုကြား သွားလာနိုင်အောင် လုပ်ပေးဖို့ ပြင်နေတာမဟုတ်လား... အပ်က ကောင်းကင်တံတားအဆင့်ကို ဖောက်လိုက်ပြီး အဲဒီက ချီစွမ်းအင်ကို သေခြင်းရှင်ခြင်းအဆင့်ထဲ စီးဆင်းစေလိုက်ရင်... ဘိုးဘိုးနားကန်း မြုံစရာမလိုဘဲ သေခြင်းရှင်ခြင်းကောင်းကင်ရတနာရဲ့ မိစ္ဆာသဘာဝနဲ့ မိစ္ဆာနတ်ဆိုးချီကို ဖိနှိပ်နိုင်သွားလိမ့်မယ်”

သူက လက်ချောင်းဖြင့် ထောက်ပြကာ ဆေးဆရာအား မျှော်လင့်တကြီး ကြည့်လိုက်သည်။ “ဒါက ဘိုးဘိုးဆေးဆရာ တကယ် စိုက်မယ့်နေရာ မဟုတ်လား”

ဆေးဆရာက ခေါင်းညိတ်ပြသည်။ သူ့မျက်နှာသည် နီမနေသလို၊ ရင်ခုန်သံလည်း မြန်မနေသော်လည်း တစ်ယောက်တည်း တိတ်တိတ်ကလေး ရှက်နေ၏။ ‘မူအာ ... ဒီကောင်လေးကတော့ ကောင်းကင်တံတားအတွက် သင်္ချာညီမျှခြင်း တည်ဆောက်ခဲ့တဲ့ လူဆိုတဲ့ အတိုင်းပဲ... ကောင်းကင်တံတားအပေါ် သူ့ရဲ့နားလည်မှုက ငါ့ထက် နည်းနည်းလေး ပိုသာနေတယ်....’

နားကန်းမှာ သူတို့နှစ်ယောက် ပြောနေသည်ကို နားထောင်ရင်း ချွေးပြန်နေသည်။ ပဲစေ့လောက် ကြီးသော ချွေးပေါက်များက သူ့နဖူးမှ လိမ့်ဆင်းကျလာ၏။

“ဘိုးဘိုးနားကန်းရဲ့ ဒီနေရာကို စိုက်လိုက်ရင်ရော” ဟူလင်းအာက နားကန်း၏ ချီပင်လယ်နေရာသို့ လက်ညှိုးထိုးပြရင်း စိတ်လှုပ်တရှား မေးသည်။

ချင်မူနှင့် ဆေးဆရာက ပြိုင်တူ ပြောလိုက်သည်။ “အဲဒီနေရာကို စိုက်လို့မဖြစ်ဘူး... တစ်ခုခုလွဲချော်သွားရင် သူ သိုင်းမကျင့်နိုင်တော့ဘဲ နေလိမ့်မယ်”

နားကန်း၏မျက်နှာ ဖြူဖျော့သွားပြီး ကလေးမလေးအား မျက်လုံးများ မှေးကျဉ်းလျက် ကြည့်လိုက်၏။ “လင်းအာ၊ ငါ နင့်ကို စာရေးစာဖတ် သင်ပေးခဲ့တာ‌နော်”

ဆေးဆရာသည် ချင်မူ့ထက် သာနေသေး၏။ လူငယ်လေးမှာ ကောင်းကင်တံတားအဆင့် ကောင်းကင်ရတနာကိုသာ ပိုမိုနားလည်ထားခြင်းဖြစ်ပြီး ဆေးဆရာကမူ ကျန်ကောင်းကင်ရတနာများနှင့် ပိုမိုရင်းနှီးသဖြင့် ချင်မူမှာ ဘေးမှသာ ကြည့်နေရ၏။

နောက်ဆုံးတော့ နားကန်း၏မူလဝိညာဉ် တည်ငြိမ်သွားပြီး ဆေးဆရာက သူ၏ချီစွမ်းအင်ကို ပြန်ဖြည့်ပေးရန် ‌ဆေးလုံးများဖော်နေသည်။

ညရောက်သည့်အခါ အဝေးမှ ဆွဲဆွဲငင်ငင် အော်ဟစ်သံများ ပျံ့လွင့်လာသည်။ မိစ္ဆာနတ်ဆိုးများက တစ်ညလုံး သောင်းကျန်းနေပြီး တစ်ချက်တစ်ချက် တိုက်ခိုက်တော့မည့်အလား ဗုံများ ထ,ထ တီးတတ်သည်။ ချင်မူနှင့် ကျန်ရှိသူများ အနားမယူနိုင်အောင် နှောင့်ယှက်နေကြခြင်း ဖြစ်၏။

နောက်တစ်နေ့တွင် ကျန်ကောင်းကင်နတ်ဆိုးတပ်ဖွဲ့များလည်း ယာယီမြို့ဆီသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြသည်။ ကောင်းကင်နတ်ဆိုးများသည် စစ်တပ်အင်အား တောင့်တင်းသဖြင့် ယာယီမြို့ထဲတွင် သွားလာလှုပ်ရှားနေသော စစ်သည်များစွာ ပြည့်နေ၏။

မိစ္ဆာနတ်ဘုရားစစ်သူကြီးများက ရှေ့တန်းသို့ သွား၍ ဝူဝမ်မြို့၏တွင်းချိုင့်ကြီးအား အဝေးမှ လှမ်းကြည့်နေကြသည်။ လွန်ခဲ့သော ရက်ပိုင်းခန့်က မြို့ပျက်ကြီး ဖြစ်နေခဲ့သော ဝူဝမ်မြို့သည် ယခုတွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးကျယ်ခမ်းနားသည့် နတ်ဘုရားမြို့ဖြစ်နေကြောင်း မြင်တွေ့ရသဖြင့် သူတို့အားလုံး အံ့အားသင့်နေကြတော့သည်။

နတ်ဘုရားမြို့က ကိုက်သုံးရာအထိ မြင့်မားသည်။ မြို့တံတိုင်းများက ကောင်းကင်နှင့်မြေပြင်အကြား သွယ်တန်းနေသော တောင်တန်းကြီးများပမာ ထူမတ်နေ၏။ မြို့ထဲရှိ အ‌ဆောက်အအုံများကလည်း မြင့်မားလှပြီး အဝေးပစ်အမြှောက်များ တပ်ဆင်ထားကြသည်။ မျှော်စင်များ၏အထက်တွင်လည်း ဧရာမမျက်လုံးကြီးသဏ္ဍာန်ရှိသော နေသူရိန်ခွင်းကောင်းကင်အမြှောက်တစ်ရာခန့် ရှိနေ၏။

မရေမတွက်နိုင်သည့် နတ်စစ်သည်တော်များနှင့် နတ်စစ်သူကြီးများက ရွှေရောင်ချပ်ဝတ်များ ဆင်မြန်းလျက် မြို့တိုင်းအထက်၌ နေရာယူထားကြပြီး ကင်းစောင့်နေကြသည်။

နတ်ဘုရားမြို့၏အပေါ် ကောင်းကင်ယံတွင် မင်္ဂလာတိမ်တိုက်များက ခရုပတ်ကဲ့သို့ ဝေ့ဝဲမျောလွင့်နေကြပြီး နေအလင်းတန်းတစ်ရာကျော် ဖြာကျနေသည်။ ဤသည်မှာ နတ်ဘုရားအရှိန်အဝါ၊ အငွေ့အသက်တို့မှ ဖွဲ့တည်လာသော မြင်ကွင်းဖြစ်၏။

မိစ္ဆာနတ်ဘုရားစစ်သူကြီးအားလုံး စိတ်မသက်မသာ ဖြစ်လာကြပြီး တစ်ယောက်ကိုတစ်‌ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်မိကြသည်။

နေ့ချင်းညချင်း မြို့ပျက်ကြီး၏နေရာတွင် ကြီးကျယ်ခမ်းနားသော နတ်ဘုရားမြို့ကြီးတစ်မြို့ ဘွားခနဲ ပေါ်လာခဲ့သည့်အပြင် နတ်ဘုရားများစွာလည်း ကင်းစောင့်နေကြ၏။

မြို့တံတိုင်းထက်တွင် ပြည့်ကြပ်သပ်နေသော ကောင်းကင်အမြှောက်များကလည်း အလွန်ကြောက်စရာကောင်းလှ၏။ အမြှောက်တစ်လက်က နတ်ဆိုးစစ်တပ်တစ်တပ်စလုံး မှုန့်မှုန့်ညက်ညက် ကြေသွားအောင် ပစ်ချနိုင်ပုံရသည်။

အဝေးရှိ နေသူရိန်ခွင်းကောင်းကင်အမြှောက်များကို မြင်သည့်အခါ သူတို့မှာ ဆံပင်မွှေးများပင် ထောင်ကုန်ကြသည်။ နေသူရိန်ခွင်းကောင်းကင်အမြှောက် အလက်တစ်ရာတဲ့လော... ဤအရာက စစ်ပွဲပင် ဟုတ်ပါသေး၏လော... ထိုမျှများပြားလှသော အမြှောက်များက တစ်လောကလုံးကို ဖျက်စီးပစ်ရန် လုံလောက်လေသည်။

မိစ္ဆာနတ်ဘုရားများမှာ ကြည့်ရင်း ကြောက်လန့်တုန်လှုပ်လာကြပြီး တပ်ပြန်ခေါက်လိုက်ကြကာ ရန်သူ အရင်ဆုံး မတိုက်ခိုက်ပါစေရန် ဆုတောင်းနေကြသည်။

မိစ္ဆာနတ်ဘုရားတစ်ပါးက တောင်ပံဖြန့်ကာ ခပ်တိုးတိုး ဆို၏။ “ငါ ဒီကိစ္စကို နတ်ဆိုးဘုရင်ဖုရွေ့လော်ဆီ အရင်တင်ပြလိုက်ဦးမယ်... မင်းတို့တွေ သတိနဲ့နေကြ... သူတို့တွေ ပင်မစခန်းဆီ ရောက်မလာစေနဲ့”

သူက အတန်ကြာ ပျံသန်းသွားပြီး ပင်မစစ်တပ်ကို ဦးဆောင်လာနေသော ဖုရွေ့လော်အား ကြိုဆိုကာ အခြေအနေရှင်းပြလိုက်သည်။

ဖုရွေ့လော်က သူ့ကို တအံ့တဩ ကြည့်၏။ “ဒီလိုဟာမျိုး တကယ် ရှိတယ်လား... အရင်ဆုံး မတိုက်ခိုက်နဲ့... အစစ်လား အတုလား စစ်ဆေးဖို့ ကင်းထောက်တချို့ လွှတ်လိုက်... ငါ့စစ်တပ် ဒီည မင်းတို့ဆီ ရောက်မယ်”

မိစ္ဆာနတ်ဘုရားက အမိန့်နာခံကာ လှည့်ပြန်သွားကာ ကင်းထောက်တပ်ဖွဲ့တစ်ဖွဲ့အား သွားရောက်စစ်ဆေးခိုင်းလိုက်၏။

ကင်းထောက်တပ်ဖွဲ့ နတ်ဘုရားမြို့ဆီမှ မိုင်သုံးဆယ်အကွာသို့ ရောက်သည့်အခါ အမြှောက်များမှ အလင်းတန်းများ ပစ်လွှတ်လိုက်၍ တစ်ဖွဲ့လုံး ပြာကျကုန်သည်။

တောင်ပံများဖြင့် မိစ္ဆာနတ်ဘုရားက ကပျာကယာ ပြန်လှည့်ပြီး ဖုရွေ့လော်ဆီသို့ တင်ပြလိုက်၏။ “နတ်ဆိုးဘုရင်၊ ကျွန်တော် ကင်းထောက်တပ်ဖွဲ့ လွှတ်လိုက်ပေမယ့် မိုင်သုံးဆယ်အကွာရောက်တော့ အမြှောက်တွေနဲ့ ပစ်သတ်ခံလိုက်ရတယ်... အမြှောက်အားလုံးက အစစ်တွေပဲ”

ဖုရွေ့‌လော် ခေါင်းကျိန်းသွားပြီး အော်ဟစ်လိုက်သည်။ “ဘယ်လိုလုပ်ပြီး ဒီလိုနတ်ဘုရားမြို့မျိုး တကယ် ရှိနိုင်မှာလဲ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ဒီလိုနတ်ဘုရားမြို့ရှိရင် ငါတို့ကောင်းကင်နတ်ဆိုးမျိုးနွယ် အစအနတောင်မကျန် ဖယ်ရှားခံရတာ ကြာပြီပေါ့... ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ အခုလိုမြို့မျိုး ဘယ်တော့မှ မရှိနိုင်ဘူး.... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာလည်း မရှိနိုင်ဘူး.... ဒီမြို့က အစစ်မဟုတ်ဘူး”

တောင်ပံများဖြင့် မိစ္ဆာနတ်ဘုရားမှာ စကားတစ်ခွန်း မပြောဝံ့ပေ။

ဖုရွေ့လော်က အော်ဟစ်လိုက်သည်။ “ရှေ့တန်းကို အကြောင်းကြား.... ဘယ်သူမှ မဆုတ်နဲ့.... ဆုတ်ရဲတဲ့ကောင် ငါကိုယ်တိုင် ခေါင်းဖြတ်သတ်တာ ခံရမယ်.... ငါ့စစ်တပ်ရောက်တာနဲ့ အဲ့ဒီနေရာကို စိစိညက်ညက် ချေပစ်ကြစို့”

မိစ္ဆာနတ်ဘုရားက တုန်ရီစွာ နာခံရင်း‌‌ နောက်ပြန်လှည့်သွားသည်။

ညရောက်သည့်အခါ ဖုရွေ့လော်သည် ပင်မစစ်တပ်နှင့်အတူ ရှေ့တန်းဆီသို့ ရောက်လာ၏။ နတ်ဘုရားမြို့ကို အဝေးမှ လှမ်းကြည့်ရင်း သူလည်း အတုအစစ် မခွဲနိုင်ဖြစ်နေသည်။

နတ်ဘုရားမြို့က အစစ်ဆိုလျှင် မိစ္ဆာနတ်ဘုရားများပင် ဒဏ်ရာရသွားနိုင်သည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အနာဂတ်အား သူ လောင်းကြေးမထပ်ဝံ့ပေ။

မြို့ထဲတွင် ချင်မူနှင့် ကျန်ရှိသူများမှာ အထုပ်အပိုးများ သိမ်းဆည်း၍ ထွက်သွားရန် ပြင်နေကြ၏။

နတ်ဘုရားမြို့သည် အတုဖြစ်၏။ နားကန်းက ညတွင်းချင်း အပြီးဆွဲခဲ့၍ တစ်မြို့လုံးက အတုဖြစ်သော်လည်း မြို့တံတိုင်းများအပေါ်ရှိ အမြောက်များကတော့ အတုမဟုတ်ပေ။ ချင်မူက မူလဝိညာဉ်ညီလာခံဖြင့် စစ်ယွင်ရှန်းဆီသို့ အကြောင်းကြားကာ ညတွင်းချင်း လှမ်းပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်နတ်ဆိုးများ ကြောက်လန့်သွားခြင်းဖြစ်၏။ မိစ္ဆာနတ်ဘုရားများနှင့် ဖုရွေ့လော်မှာ မည်သည့်အရာက အစစ်မှန်း၊ မည်သည့်အရာက အတုမှန်း မပြောတတ်တော့ပေ။

သို့သော် ဖုရွေ့လော် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင် ပင်မတပ်ဖွဲ့ကိုပင် သုံးစရာမလိုပေ။ မိစ္ဆာနတ်ဆိုးဘိုးဘေးများနှင့် ယိုတုမကောင်းဆိုးဝါးများဖြင့်ပင် ဤမြို့ကို စိစိညက်ညက် ချေပစ်ရန် လုံလောက်၏။

သို့ဖြစ်၍ ချင်မူတို့အနေဖြင့် ထွက်ပြေးရုံသာ တတ်နိုင်သည်။ မဟုတ်လျှင် ဖုရွေ့လော် တိုက်ခိုက်ပါက ထွက်သွားနိုင်တော့မည်မဟုတ်ပေ။

ချင်မူတို့အားလုံး မြို့တံခါး၀မှ ထွက်ကာ လီမြို့ဆီသို့ ခပ်သုတ်သုတ် သွားနေကြသည်။ သို့ရာတွင် နေလုံးကြီးတစ်လုံးက ကောင်းကင်ယံ၌ ထွက်ပေါ်လာသဖြင့် ညအမှောင်မှာ နေ့အလား လင်းထိန်လာ၏။

စောစောက ညဖြစ်နေ‌ခဲ့သော်လည်း အဘယ်သို့ပြု၍ နေ့သို့ ရောက်သွားသနည်း။

“ဧကရာဇ်အတိုင်ပင်ခံ နေကို သွန်းလုပ်ခဲ့တုန်းက နာရီတွက်တာ မှားသွားတာများလား”

ချင်မူတို့ စဉ်းစားနေကြစဉ် မီးတောက်မီးလျှံများ လွှမ်းခြုံလျက်ရှိသည့် ခြေသုံးချောင်းနတ်ဘုရားတစ်ပါး သူတို့ဆီသို့ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူ ရွေ့လျားလာသည့်အခါ ကောင်းကင်ထက်ရှိ နေလုံးကြီးကလည်း သူ့နောက် လိုက်လာ၏။

“နေဧကရာဇ်၊ ဒါက မဟာမြို့ပျက်ထဲမှာ ဟိုကောင်လေးကို တွေ့ခဲ့တဲ့နေရာပဲ” ရှင်းလင်းပြတ်သားသော အသံတစ်သံ ထွက်လာသည်။ ခြေသုံးချောင်းနတ်ဘုရားအရှေ့တွင် ခန့်ညားချောမောသော လူငယ်တစ်ယောက် လမ်းလျှောက်နေ၏။ သူက ချင်မူနှင့် ကျန်ရှိသူများကို ကြည့်ကာ ပြုံးလိုက်သည်။ “ပြီးတော့ ပုပုညှက်ညှက် လူတစ်ယောက်လည်း ပါတယ်.... သူ့ကျောပေါ်မှာ လှံလို လက်နက်တစ်ခု ရှိနေတော့ ရှာရလွယ်မယ်ထင်တာပဲ....”

သူ့အကြည့်က မြို့ထဲမှ ထွက်လာသော မျက်ကန်းအပေါ် ကျရောက်သွား၏။ ထို့နောက် အားလုံးကို ဝေ့ဝဲကြည့်ရှူလိုက်ကာ နောက်ဆုံးတွင် ချင်မူ့ကို မြင်သွားသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ယိုတုရဲ့သားတော် ချင်မူ၊ ချင်ဖုန်းကျင့်ပါလား... မင်းက မဆိုးဘူးပဲ... မဟာမြို့ပျက်ထဲမှာ ငါ တွေ့ခဲ့တဲ့တစ်ယောက်က မင်း ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး... ထူးဆန်းတယ်လို့တော့ တွေးခဲ့မိတယ်....”

ချင်မူက သူ့ကို အဖက်မလုပ်ဘဲ တောင်ပံများဖြန့်ကားထားသည့် ခြေသုံးချောင်းနတ်ဘုရား၏ ညာလက်မောင်းဆီ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် လက်မရှိပေ။ “သူက ဘိုးဘိုးသားသတ်သမားကို နှစ်ပိုင်းဖြတ်ခဲ့တဲ့ နတ်ဘုရား.... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်အတုကို စောင့်ကြပ်နေတဲ့ နတ်ဘုရားပဲ”

သားသတ်သမားက လက်ပြတ်ကို ထုတ်ကာ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “အထက်ဘုံရဲ့နတ်ဘုရား၊ ဒီဟာရဲ့ အရှိန်အဝါအတိုင်း လိုက်လာခဲ့တာလား.... မင်းက လက်ပြတ်အတွက် ကလဲ့စားချေချင်တယ်ပေါ့လေ.... ငါလည်း မင်း ငါ့ကို လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ကလဲ့စားချေချင်တယ်... မင်းလက်က ငါနဲ့အတူ ရှိနေသေးပေမယ့် ငါ့ခန္ဓာကိုယ်ကတော့ အကောင်းအတိုင်းဖြစ်နေပြီဆိုတော့.... ငါ မင်းကို အခွင့်ကောင်းမယူပါဘူး”

သားသတ်သမား လက်အရိုးကို လှမ်းပစ်ပေးလိုက်သည့်အခါ လက်အရိုးသည် ကောင်းကင်ယံတစ်လျှောက် ဖြတ်သန်းသွားပြီး နေဧကရာဇ်၏ ညာလက်အပေါ် ကျရောက်ကာ အလိုအလျောက် ဆက်သွား၏။

နေဧကရာဇ်အကြည့်က သားသတ်သမား၏ ခန္ဓာကိုယ်အပေါ် ကျရောက်သွားပြီး သူ့လက်ကို လှုပ်လိုက်သည်။ “မင်းက ငါ့လက်အရိုးကို ပြန်ပေးတယ်ဆိုတော့ ဖြောင့်မတ်မှန်ကန်တဲ့လူဆိုတာ သိသာတယ်... ဒါပေမဲ့ ဘယ်မှာလဲ အသွေးအသားနဲ့ အရေပြားက”

“လိုလန်ရွှေနန်းတော်က မှော်ဆရာသခင် စားပစ်လိုက်ပြီ... မင်းရဲ့အရိုးကို မကိုက်နိုင်လို့သာ အရိုးပဲ ကျန်တာ” သားသတ်သမားက ဓားမမြှောက်ကာ မှင်သေသေ ပြောလိုက်သည်။ “ငါတို့ ဒီမှာ တိုက်ခိုက်မှာလား”

နေဧကရာဇ်က ချင်မူ့ဆီသို့ လှမ်းကြည့်ပြီး တွန့်ဆုတ်နေ၏။ ထို့နောက် သခင်လေးချီကျုံရီကို ကြည့်ကာ တွ့န်ဆုတ်နေပြန်သည်။

ချင်မူလည်း သခင်လေးချီကို ကြည့်ကာ သွေးတိုးစိမ်းလိုက်သည်။ ‌”နောင်တော် စောစောက ဘာပြောလိုက်တာလဲ” သူက သူ့ကို တောင်းလျှိုးပန်လျှိုး ကြည့်နေသည်။ “ပြန်ပြောလို့ရမလား ကျွန်တော် အာရုံမစိုက်မိလိုက်လို့”

၎

င

၎

၎

All Chapters