← Chapters

သခင်လေး ချီကျုံရီ

Vol. 43 Ch. 590

သခင်လေး ချီကျုံရီ

Vol. 43 Ch. 590

ချီကျုံရံက မျက်ခုံးများ ပင့်တက်သွားပြီး ချင်မူ တောင်းဆိုသည့်အတိုင်း ထပ်မပြောပေ။ ပါးနပ်ထက်မြက်သူပီပီ လူငယ်လေး၏ စကားထဲ၌ ထက်နေသော ဓားသွားတစ်လက် ပုန်းကွယ်နေကြောင်း သတိထားမိလိုက်၏။

ချင်မူသည် စိတ်တိုက်ပွဲများတွင် ဆရာတစ်ဆူဖြစ်သည့်အလျောက် ပြိုင်ဘက်၏ စိတ်အခြေအနေအ‌ပေါ် ဖိအားကောင်းကောင်း ပေးတတ်သည်။ အဆင့်မြင့်သိုင်းပညာရှင်များ တွေ့လျှင် အခြေအနေနှင့် အချိန်အခါကို ကြည့်၍ ထွက်ပြေးတတ်သော်လည်း အဆင့်တူချင်း တွေ့ပါက မျက်လုံးချင်းဆုံလိုက်သည်နှင့် တစ်ဖက်လူ၏ စိတ်အခြေအနေအပေါ် ဖိအားပေးတတ်လေသည်။

သူက ပြိုင်ဘက်၏ စိတ်ကို ဦးစွာ တိုက်ခိုက်ပြီး ရိုက်ချိုးတတ်၏။ သာမန်ဟုသာ ထင်ရသော အပြုအမူဖြင့်သော်လည်းကောင်း၊ စကားတစ်လုံးဖြင့်သော်လည်း တစ်ဖက်လူ၏ အားနည်းချက်များ ထွက်ပေါ်လာအောင် လုပ်တတ်သည်။ တစ်နည်းပြောရလျှင် ပြိုင်ဘက်၏အရှိန်အဝါမှာ သူ့အရှိန်အဝါ၏ ဖိနှိပ်ခြင်း ခံရသည်။

ထိုအခါ ပြိုင်ဘက်မှာ သူ၏စည်းချက်အတိုင်း စတင်လှုပ်ရှားရပြီး တိုက်ခိုက်ကြသည့်အချိန်တွင် ဟာကွက်များ ပေါ်လာလိမ့်မည်။

မပြောပလောက်သော ကွာဟမှုက တဖြည်းဖြည်း ကြီးမားလာကာ အနိုင်၊ အရှုံး ဆုံးဖြတ်ပေးမည့် အဓိကအချက် ဖြစ်လာသည်။

ပန်ကုန်းစုန်ဖြစ်စေ၊ ရှုရှန်းဟွာဖြစ်စေ ချင်မူ၏ ဤတိုက်ကွက်အား ကြုံတွေ့ခဲ့ဖူး၏။

သူ၏တိုက်ကွက်ကို ရင်ဆိုင်ရပြီးနောက်တွင် လူတချို့၏ခေါင်းထဲတွင် စိတ်နံရံတံတိုင်းများ ဖွဲ့တည်လာလိမ့်မည်။ ချင်မူက သူတို့တာအိုနှလုံးသားအပေါ်တွင် အရိပ်ဖြစ်လာလိမ့်မည်။ တချို့ကမူ သူ့ကို စိတ်ခွန်အားယူစရာအဖြစ် သတ်မှတ်ကာ တောင်တစ်လုံးပြီး တစ်လုံးကျော်၍ ပြင်းပြင်းထန်ထန် ကြိုးစားတတ်သည်။

ပထမလူအမျိုးအစားသည် ပန်ကုန်းစုန်ကို ကိုယ်စားပြုပြီး နောက်အမျိုးအစားက ရှုရှန်းဟွာနှင့် ကျဲ့ဟွလီကို ကိုယ်စားပြု၏။

ပန်ကုန်းစုန်မှာ ချင်မူ့အား ထပ်ခါတလဲလဲ ရှုံးနိမ့်ပြီးနောက် မျက်နှာချင်းဆိုင် တိုက်ခိုက်ရဲသော သတ္တိမရှိတော့ပေ။ နှစ်ယောက်ဆုံတိုင်း သူ့ကိုယ်သူ အရှုံးသမားအဖြစ် သတ်မှတ်ကာ တိုက်ပွဲပင် မစခင် ထွက်ပြေးသွားတတ်သည်။

အခြားတစ်ဖက်တွင် ရှုရှန်းဟွာသည် ချင်မူ့အား ရှုံးနိမ့်ပြီးနောက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး အရပ်ခြောက်မျက်နှာကောင်းကင်ရတနာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို ပေါင်းစည်းနိုင်သည့် နည်းလမ်းတစ်ခုကိုပင် ဖန်တီးနိုင်ခဲ့၏။ ချင်မူ့ပင် သူ့ဆီမှ သင်ယူခဲ့ရသဖြင့် ရှုရှန်းဟွာက သူ့ထက်သာသွားခဲ့သည်။

ကျဲ့ဟွလီသည်လည်း ချင်မူ့အား အရှုံးပေးပြီးနောက် ဓားမလမ်းစဉ်တွင် ရှေ့ရောက်သွားပြီး ချင်မူ အန္တရာယ်ထဲ ကျရောက်နေသည့်အချိန်၌ပင် ကယ်တင်ပေးခဲ့သည်။ သူ၏တာအိုနှလုံးသား ကြံ့ခိုင်တိုးတက်လာမှုကိုလည်း ရှင်းလင်းပြတ်သားစွာ မြင်ရ၍ ချင်မူမှာ စိတ်ဖိစီးခဲ့ရ၏။ ထို့နောက် သူက ထိုဖိအားကို အသုံးချကာ ကျင့်စဉ်အား လမ်းစဉ်အဆင့်သို့ တွန်းပို့နိုင်ခဲ့သည်။

စိတ်တိုက်ပွဲများက သိပ်မခမ်းနားသော်လည်း တာအိုနှလုံးသားအတွက် စမ်းသပ်မှုတစ်ခု ဖြစ်၏။

‘သူက ဒီဓားမသိုင်းပညာရှင်ဆီက စိတ်တိုက်ကွက်ကို သင်ထားတာပဲဖြစ်မယ်’ ချီကျုံရီက သားသတ်သမားကို ကြည့်လိုက်သည်။ ‘ဒီဓားမနတ်ဘုရားနဲ့ နေဧကရာဇ်တိုက်ပွဲက ရှောင်လွှဲလို့မရပေမယ့် သူက နေဧကရာဇ်ရဲ့လက်အရိုးကို အရင်ပြန်ပေးခဲ့တယ်... ဒါက တစ်ဖက်ရဲ့ တာအိုနှလုံးသားကို နင်းခြေလိုက်တဲ့ တိုက်ကွက်ပဲ.. လက်ပြန်ပေးနေတာလို့ ထင်ရပေမယ့် တကယ်က တစ်ဖက်လူရဲ့ တာအိုနှလုံးသားကို ခုတ်ပိုင်းပစ်နေတာ... နေဧကရာဇ်က လက်ရဲ့အသွေးအသားတွေ ဘယ်ရောက်သွားလဲ ‌မေးနေတဲ့ပုံပေါ်မယ့် တိုက်ကွက်ကို ဖြိုခွင်းနေတာပဲ... ဒီချင်မူကလည်း အဲဒီလိုတိုက်ခိုက်တတ်အောင် သင်ပေးထားခံရတာဖြစ်မယ်”

အတတ်ပညာ၏ နောက်ဆုံးအဆင့်က ရရှိထားသည့် အသိအမြင်ကို လက်တွေ့အသုံးချခြင်း ဖြစ်သည်။ ချင်မူကား လက်တွေ့အသုံးချပြီးချေပြီ။

ချီကျုံရီ သူ့ကို ပြုံးပြလိုက်သည်။ “ဒီနေရာက တိုက်ခိုက်ဖို့ အသင့်တော်ဆုံးနေရာ မဟုတ်ဘူး... မိစ္ဆာနတ်ဆိုးစစ်တပ်က အရှေ့တည့်တည့်မှာ ရှိနေတော့ မင်းရဲ့နတ်ဘုရားမြို့ကို အလွယ်တကူ ဖျက်စီးပစ်နိုင်တယ်... မိစ္ဆာနတ်ဆိုးစစ်တပ် ဒီကို ဝင်လာနိုင်တာနဲ့ အားလုံးကို သုတ်သင်ဖို့ မခက်တော့ဘူး... နေဧကရာဇ်ကလည်း မင်းတို့အားလုံး သူနဲ့ ငါ့ကို အတူပေါင်းသတ်ကြမှာ စိုးရိမ်နေတယ်

“မင်းတို့က မင်းတို့အသက်အတွက် စိုးရိမ်နေသလို၊ သူကလည်း ငါ့ရဲ့ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်နေတယ်... ဒီတော့ တိုက်ပွဲကွင်းပြင် ပြောင်းတာ မကောင်းဘူးလား”

သူ ထိုသို့ပြောလိုက်သည်နှင့် မျက်ကန်း၊ ရွှေအနှင့် ကျန်ရှိသူများ သူ့အား လှမ်းကြည့်မိကြသည်။ ချင်မူလည်း သူ့ကို လေးစားစွာ ပြန်ကြည့်လိုက်မိ၏။ ဤလူငယ်လေးက နေဧကရာဇ်၏ တပည့်ဟု သူ ထင်ခဲ့သော်လည်း သာမန်လူဟုတ်ပုံမရပေ။ ထူးခြားသောနောက်ခံတစ်ခု ရှိနေသည်။

ထို့အပြင် သူ၏စကားလုံးများသည် ချင်မူ စောစောက မေးလိုက်သည့် မေးခွန်းကို ရှင်းပြီးသားဖြစ်သွား၍ သူ၏တာအိုနှလုံးသားက ခိုင်မာကြောင်း သက်သေထူနေသည်။

ထိုကဲ့သို့ တာအိုနှလုံးသားက ရှုရှန်းဟွာထက်ပင် အဆင့်မြင့်၏။ ရှုရှန်းဟွာသည် ချင်မူနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တုန်းက ချင်မူ့ကြောင့် တာအိုနှလုံးသားတစ်ခုလုံး ပျက်စီးတော့မည့်အလား ဖြစ်ခဲ့ရ၏။

“မူအာ၊ ဒီလူက မင့်အတွက် အင်အားကြီးတဲ့ ပြိုင်ဘက်ပဲ” မျက်ကန်းက ခပ်တိုးတိုး ပြောသည်။ “နားကန်း ဆွဲခဲ့တဲ့ နတ်ဘုရားမြို့က အတုဆိုတာလည်း မြင်နိုင်နေတယ်.... ဖုရွေ့လော်နဲ့ မိစ္ဆာနတ်ဘုရားတွေတောင် မြင်နိုင်တာ မဟုတ်ဘူး... ဒီတော့ ဒီလူငယ်ရဲ့ ကောင်းကင်မျက်လုံးတွေက အင်မတန် အဆင့်မြင့်နေလိမ့်မယ်”

ချင်မူ ခေါင်းညိတ်လိုက်သည်။ ဤလူငယ်သည် နားကန်း၏ပန်းချီကိုပင် မြင်နိုင်သည့်အတွက် တော်ရုံတန်ရုံမဟုတ်ပေ။ သူက အလျင်အမြန် မေးလိုက်သည်။ “နောင်တော်ကို ဘယ်လိုခေါ်ရမလဲ”

ချီကျုံရီက အနည်းငယ် ပြုံးလိုက်ပြီး နေဧကရာဇ်က ပြောသည်။ “ဒီသခင်လေးက ချီကျုံရီပါ”

ချင်မူ တအံ့တဩဖြင့် ပြောလိုက်၏။ “ရီက ငယ်ရွယ်စဉ်ကတည်းက ထူးချွန်ထက်မြက်တယ်လို့ ဆိုလိုတယ်....ဒီတော့ နောင်တော်က တော်ဝင်သွေး ဖြစ်လိမ့်မယ်... ကျုံရီလို့ ပေါင်းလိုက်ရင် ဉာဏ်အသိအမြင် ကြွယ်ဝလွန်းလို့ ခေါင်းတစ်လုံးတည်းနဲ့ မလုံလောက်တာကြောင့် ခေါင်းကိုးလုံး လိုအပ်တယ်ဆိုတဲ့ သဘောပဲ.... ကျုံရီက မီးငှက်တစ်ကောင် နားနေတဲ့ ရှေးဟောင်းသစ်ပင်ကို ရည်ညွှန်းတဲ့အကြောင်းလည်း ကျွန်တော် ကြားဖူးတယ်....  တစ်နည်းပြောရရင် မီးငှက် စံမြန်းတဲ့နေရာပဲ... တစ်ခါတလေ မီးငှက်လို့လည်း အဓိပ္ပါယ်ရတယ်... သခင်လေးချီ၊ မင်းက လူမဟုတ်ဘူးမလား”

ချီကျုံရီက သူ့ကို တအံ့တဩ ကြည့်လိုက်သည်။ “နောင်တော်ချင်က အင်မတန် ဗဟုသုတ ကြွယ်ဝတာပဲ... ဘယ်သူ့ဆီက သင်ခဲ့ရတာလဲ မေးခွင့်ရှိမလား”

ချင်မူက နားကန်းကို လက်ယပ်ခေါ်ကာ အလေးအနက် ပြော၏။ “ကျွန်တော့်ဆရာ ပန်းချီနတ်ဘုရား နားကန်းပါ”

ချီကျုံရီက နားကန်းကို နှုတ်ဆက်၍ ချီးကျူးလိုက်သည်။ “ပန်းချီနတ်ဘုရားဆိုတော့ ဒီမြို့ကလည်း ပန်းချီနတ်ဘုရားရဲ့ လက်ရာပဲ ဖြစ်မယ်... တကယ် ကြီးကျယ်ခမ်းနားလှပါပေတယ်.... ကျွန်တော် အမှန်တကယ် လေးစားမိတယ်”

နားကန်းက မာနတစ်ခွဲသားဖြင့် သူ နှုတ်ဆက်သည်ကို လက်ခံသည်။

ချင်မူ ပြုံးလိုက်၏။ “သခင်လေးချီက ဒီနေရာက တိုက်ခိုက်ဖို့ မသင့်တော်ဘူး ပြောခဲ့တာဆိုတော့ ကျွန်တော်တို့ ဘယ်မှာ တိုက်ခိုက်ကြရင် ကောင်းမလဲ”

“နောင်တော်ချင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်လို့ ကြားတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တိုက်ခိုက်ကြရင် မကောင်းဘူးလား... နောင်တော်ချင်ရဲ့ ပိုင်နက်ဆိုတော့ ပိုပြီး စိတ်အေးလက်အေး ရှိတာပေါ့” ချီကျုံရီက အေးအေးလူလူ ပြောလာသည်။

ချင်မူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ “နောင်တော်ချီ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်နေရင် ရက်ပိုင်းလောက် ကြာပါလိမ့်မယ်... အခု ကောင်းကင်နတ်ဆိုးတွေက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ခိုက်နေတာဆိုတော့ ကြာကြာထွက်သွားလို့ မရဘူး... ကျွန်တော်ပဲ တိုက်ခိုက်သင့်တဲ့နေရာ ရွေးလိုက်တာ မကောင်းဘူးလား”

ချီကျုံရီ မျက်မှောင်ကြုတ်သွား၏။ “ဒါဆို နောင်တော်ချင်က ဘယ်နေရာကို ရွေးမှာလဲ”

ချင်မူက သူ့အနောက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ချီကျုံရီက ရယ်လိုက်ပြီး အနိမ့်အမြင့်မရှိသောအသံဖြင့် ပြောလေသည်။ “ဒီမြို့လား... ဒါကို ပန်းချီနတ်ဘုရား ဆွဲထားတာဆိုတော့ ပျက်စီးသွားမှာ မကြောက်ဘူးလား”

ချင်မူ ခေါင်းယမ်းလိုက်၏။ “မြို့ကို ပြောတာ မဟုတ်ပါဘူး... စစ်တပ်နှစ်တပ်အကြားကို ပြောချင်တာပါ... နောင်တော်ချီက ကျွန်‌တော့်ဆီ လာတာမဟုတ်လား.. ဒီတော့ ကျွန်တော့်အနေနဲ့ တိုက်ပွဲကွင်းပြင် ရွေးသင့်တာပေါ့.... ဒီနတ်ဘုရားမြို့နဲ့ ကောင်းကင်နတ်ဆိုးစစ်တပ်အကြားမှာ တိုက်ခိုက်ကြရအောင်... နောင်တော်ချီ လက်ခံရဲလား”

ချီကျုံရီ၏ မျက်ခုံးများ ပင့်တက်သွားသည်။

ရွှေအ၊ မျက်ကန်းနှင့် ကျန်ရှိသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်ထဲ လေးလံလာကြ၏။

ချင်မူက စစ်တပ်နှစ်တပ်၏ အရှေ့တွင် တိုက်ခိုက်မည်ဟု ပြောခဲ့သော်လည်း အမှန်တွင် မိစ္ဆာနတ်ဆိုးစစ်တပ်၏ အရှေ့တွင်သာ ဖြစ်သည်။ နတ်ဘုရားမြို့က ပန်းချီတစ်ခုသာ မဟုတ်ပါလော။ အမြှောက်အများစုနှင့် နတ်ဘုရားအားလုံး အတုများဖြစ်သည်။ အဝေးပစ်အမြှောက်များဖြစ်စေ၊ နေသူရိန်ခွင်းအမြှောက်များဖြစ်စေ ဟန်ပြသာ ဖြစ်၍ စွမ်းအားသိပ်မရှိကြပေ။

ဆိုလိုသည်က ကောင်းကင်နတ်ဆိုးများ တိုက်ခိုက်လျှင် သူတို့အားလုံး ဖွတ်ဖွတ်ညက်ညက် ကြေသွားလိမ့်မည်။

သားသတ်သမားက ကျယ်လောင်စွာ ရယ်ကာ ပြောလိုက်သည်။ “မူအာက တကယ် သတ္တိအကောင်းဆုံးပဲ... ကောင်းတယ်... ငါလည်း စစ်တပ်နှစ်တပ်အရှေ့မှာ တိုက်ခိုက်မယ်... ငှက်နတ်ဘုရား၊ မင်း တိုက်ခိုက်ရဲလား”

နေဧကရာဇ်က အတန်ကြာ တွန့်ဆုတ်နေပြီးနောက် ချီကျုံရီဆီသို့ လှမ်းကြည့်၏။ လူငယ်က တစ်ယောက်တည်း ရေရွတ်နေပြီးသောအခါ ရုတ်တရက် ထရယ်သည်။ “နောင်တော်ချင်တောင် တိုက်ခိုက်ရဲရင် ကျွန်တော်က ဘာလို့မတိုက်ခိုက်ရဲရမှာလဲ... နေဧကရာဇ်၊ ခင်ဗျား စိတ်ပူတာ များနေပြီ... ကျွန်တော့်ကို အလေးထားတာလည်း များလွန်းတယ်... အဲဒီလိုစိတ်အခြေအနေနဲ့ တိုက်ခိုက်ရင် ခင်ဗျား အလွယ်တကူ ရှုံးမှာပဲ... ခင်ဗျားရဲ့ စိတ်အခြေအနေကို မပြင်ဆင်တော့ဘူးလား”

နေဧကရာဇ် အံ့အားသင့်သွားသည်။

ချီကျုံရီက ပြုံးလိုက်၏။ “နောင်တော်ချင်က ဖိတ်ခေါ်မှတော့... ကြွပါ”

ချင်မူ နောက်ပြန်လှည့်၍ လေးစားမှုအပြည့်ဖြင့် နတ်ဘုရားမြို့ဆီသို့ ပြန်လျှောက်သွားလိုက်သည်။ “ဒီချီကျုံရီက တကယ် ထူးခြားတာပဲ... တာအိုနှလုံးသားကို ငါ့လောက်နီးနီး ကျင့်ကြံထားနိုင်တယ်ဆိုတော့ ဘယ်က လာတာပါလိမ့်’

သားသတ်သမားက ခြေလှမ်းကြဲကြဲများဖြင့် သူ့ဆီ လျှောက်လာသည်။ အဘွားစစ်၊ ရွှေအနှင့် ကျန်ရှိသူများလည်း တစ်ယောက်ကိုတစ်ယောက် မျက်မှောင်ကြုတ်လျက် ကြည့်ကာ နောက်မှလိုက်လာကြ၏။ မျက်ကန်းက ခပ်တိုးတိုး ပြောသည်။ “ငါတို့အတူ ပေါင်းပြီး ဒီနေဧကရာဇ်နဲ့ ခေါင်းကိုးလုံးငှက်ကို သတ်ကြမလား..... ငါတို့အတူ လှုပ်ရှားရင် သူတို့ကို ရှင်းပစ်ဖို့ မခက်ဘူး... ဆယ့်ငါးမိနစ်အတွင်း သတ်ပစ်နိုင်တယ်”

“ငါတို့ ဒီမှာ တိုက်ခိုက်ရင် ကောင်းကင်နတ်ဆိုးတွေ အတုအစစ် ခွဲနိုင်သွားလိမ့်မယ်” နားကန်း ခေါင်းယမ်းကာ ပြောပြလိုက်သည်။ “ဒီနေဧကရာဇ်ကလည်း နယ်နယ်ရရ မဟုတ်ဘူး... နေလုံးကြီးတစ်လုံးက သူ့နောက် လိုက်လာတော့ ကောင်းကင်နတ်ဆိုးတွေ သတိထားမိတာ ကြာလောက်ပြီ.... ရောက်လာတဲ့သူတွေက ရန်သူလား၊ မိတ်ဆွေလား မသိလို့သာ စောင့်နေကြတာ... ငါတို့ သူ့ကို တိုက်ခိုက်လိုက်ရင် ရန်သူကို ရင်ဆိုင်နေရမှန်း ကောင်းကင်နတ်ဆိုးတွေ မြင်သွားကြလိမ့်မယ်”

အားလုံး၏အမူအရာများ လေးနက်သွားကြသည်။ နေဧကရာဇ်ကို အမြန်ဆုံး မရှင်းပစ်နိုင်လျှင် ဖုရွေ့လော်က သူတို့အကြံအစည်ကို သိသွားပြီး တစ်မြို့လုံးအား စိစိညက်ညက် ခြေပစ်လိမ့်မည်။

ထို့အပြင် တိုက်ပွဲအတွင်း နတ်ဘုရားမြို့ကို နေဧကရာဇ် ဖျက်စီးမိလျှင်လည်း ဖုရွေ့လော်က အတုမှန်း မြင်သွားလိမ့်မည်။

အကောင်းဆုံးနည်းလမ်းက ချင်မူ အဆိုပြုခဲ့သည့်အတိုင်း ကောင်းကင်နတ်ဆိုးများအရှေ့တွင် နေဧကရာဇ်နှင့် ချီကျုံရီအား ပွင့်လင်းမြင်သာစွာ စိန်ခေါ်ခြင်းပင် ဖြစ်သည်။

အန္တရာယ်များသော်လည်း အသက်ရှင်နိုင်ခြေအမြင့်ဆုံး နည်းလမ်းဖြစ်၏။

ကောင်းကင်နတ်ဆိုး၏ ပင်မစစ်တပ်ထဲတွင် မိစ္ဆာနတ်ဘုရားများသည် မိစ္ဆာမျက်လုံးများဖြင့် နတ်ဘုရားမြို့အား ထောက်လှမ်းကြည့်နေ၏။

ဖုရွေ့လော်မှာ မချုပ်တည်းနိုင်တော့၍ နတ်ဘုရားမြို့ကို သိမ်းရန် အမိန့်ပေးတော့မည့်အချိန် မြို့တံခါးက ဗြုန်းခနဲ ပွင့်လာသည်။ ဖုရွေ့လော် အံ့အားသင့်သွားပြီး ပြောတော့မည့်စကားများအား မြိုသိပ်လိုက်၏။ သူက တိုက်ခိုက်တော့မည့် မိစ္ဆာနတ်ဆိုးစစ်တပ်အား လက်ကာပြလိုက်သည်။

ချင်မူ၊ ချီကျံရီနှင့် နေဧကရာဇ်တို့ လမ်းလျှောက်ထွက်လာသည်။ သူတို့က မိစ္ဆာနတ်ဆိုးတို့၏ ပင်မတပ်စခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်ဝင်လာတော့မည့်နှယ် ရှိနေသည်။

‘ဒီလူတွေပဲ မြို့ထဲက ထွက်လာတာလား... အစစ်အမှန်နတ်ဘုရားပန်ယု ဘာတွေကြံစည်နေတာပါလိမ့်’ ဖုရွေ့လော် သရော်တော်တော် ပြောလိုက်သည်။ “မဖြစ်စလောက် နတ်ဘုရားလေးတွေများ... သူတို့ကို သတ်ဖို့  ဘယ်သူ ငါနဲ့ လိုက်ခဲ့မလဲ”

“ခဏ” လုလီက ချီကျုံရီနှင့် နေဧကရာဇ်ကို မြင်လျှင် မျက်နှာအမူအရာအကြီးအကျယ် ပြောင်းလဲသွား၏။ သူမက အလျင်အမြန် လက်မြှောက်ကာ အလေးအနက် ပြောလိုက်သည်။ “ကောင်းကင်နတ်ဘုံက တော်ဝင်သွေးတစ်ယောက်ပဲ... ဖုရွေ့လော်၊ မင်း တော်ဝင်သွေးကို ထိပါးလို့ မဖြစ်ဘူး...”

ဖုရွေ့လော် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ “တော်ဝင်သွေးတဲ့လား .... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....”

လုလီက အသံထွက်သည်အထိ အံတင်းတင်းကြိတ်ကာ သရော်သလို ပြောလိုက်၏။ “တကယ် တော်ဝင်သွေးတစ်ယောက် ဆင်းသက်လာတာပဲ ... ဒီတော်ဝင်သွေးက အောက်ဘုံကို ဘာလို့ဆင်းလာတာပါလိမ့်... ချင်မိသားစုရဲ့ ကောင်လေးအကြောင်း သိထားလို့ အကျိုးအမြတ်သိမ်းဖို့ လာတာများလား... ယိုတုထဲက ကောင်တွေ ငါ့ကို သစ္စာဖောက်တာပဲ ဖြစ်မယ်... သေစမ်း၊ ဟန်လဲ့လား ရွှမ့်မင်လား... ကျွယ်ဟွမ်လား... နောက်ကျောတော့ ဓားနဲ့ ထိုးတတ်တယ်... အကူအညီတောင်းတုန်းကတော့ ဖင်တောင်မကြွဘူး”

“တာအိုမိတ်ဆွေလု၊ ‌တော်ဝင်သွေးရဲ့ ဘေးက မင်းပြောတဲ့ ချင်မျိုးရိုးကောင်လေးပဲ” ဖုရွေ့လော် တင်းမာသော အမူအရာဖြင့် ပြောလိုက်သည်။

လုလီ၏အကြည့် ချင်မူ့အပေါ် ကျရောက်သွားသည့်အခါ ချင်မူကလည်း ခံစားလိုက်ရ၍ ‌ခေါင်းမော့လိုက်သည်။ အကြည့် မည်သည့်နေရာမှလာမှန်း သူ မသိသော်လည်း တောက်ပစွာ ပြုံးပြလိုက်သေး၏။

လုလီ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ဒီကောင်လေး ချောလာတာပဲ.... ငယ်ငယ်တုန်းကတော့ သရဲတောင် သူ့ပြန်ကြောက်ရတဲ့အထိ ရုပ်ဆိုးတယ်”

ချင်မူက မိစ္ဆာနတ်ဆိုးပင်မစခန်းအရှေ့ မိုင်တစ်ရာအကွာတွင် ရပ်လိုက်ပြီး ကျယ်လောင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ချင်မူ၊ ကောင်းကင်နတ်ဆိုးမျိုးနွယ် သူရဲကောင်းတွေနဲ့ ကောင်းကင်နတ်ဘုံက သူရဲကောင်းတွေကို နှုတ်ဆက်ပါတယ်.... ကောင်းကင်နတ်ဆိုးမျိုးနွယ်ထဲမှာ ကျွန်တော့်ကို လာဆုံးမပေးချင်တဲ့ ပါရမီရှင်တွေ ရှိသလား မေးခွင့်ရမလားဗျ”

သူ့အသံက တခဏကြာမှ မိစ္ဆာနတ်ဆိုးပင်မစခန်းဆီသို့ ရောက်သွားသည်။ အသံက တိုးသော်လည်း မိစ္ဆာနတ်ဘုရားများ၏ နားထဲသို့ ဝင်လာသေး၏။

သူတို့အမူအရာများ ပြောင်းလဲကုန်ကြသည်။ မိစ္ဆာနတ်ဘုရားတို့၏တပည့်များအနက် ချင်မူနှင့်အဆင့်တူ လူငယ်သိုင်းပညာရှင်အားလုံး အသတ်ခံခဲ့ရသည် မဟုတ်ပါ၏လော။

“ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နဲ့ ကောင်းကင်တံတားအဆင့် သိုင်းသမားတွေလည်း ကျွန်တော့်ကို လာဆုံးမပေးလို့ရပါတယ်” ချင်မူ့အသံက ကျယ်လောင်စွာ ထွက်လာသည်။ “အဆင့်နိမ့်‌တွေလည်း လာလို့ရပါတယ်... ကျွန်တော် ကောင်းကင်ရတနာတွေကို ပိတ်ပြီး မျှတစွာ တိုက်ခိုက်ပေးပါ့မယ်... ကျွန်တော်နဲ့ တိုက်ခိုက်ရဲတဲ့လူတွေရှိသလား”

တခဏကြာ၍ တုံ့ပြန်သံမကြားရလျှင် သူ့အသံက ပင်မစခန်းထဲသို့ ထပ်မံပျံ့နှံ့လာပြန်သည်။ “မိစ္ဆာနတ်ဆိုးတွေဖြစ်ပြီး ကြောက်တတ်လိုက်တာ လွန်ရော.... နောင်တော်ချီ၊ ကြည့်ရတာ ကျွန်တော်တို့နှစ်ယောက်ပဲ တိုက်ခိုက်ရတော့မယ်ထင်တယ်”

ရုတ်တရက် မိစ္ဆာနတ်ဆိုးပင်မစခန်း၏ တံခါး၀က ဝုန်းခနဲ ပွင့်လာပြီး ဒေါသထွက်နေသော ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်များ ထွက်လာကြကာ ဒေါသတကြီး အော်ဟစ်နေကြသည်။ “လူသားလေး..... မင်းကများ ငါတို့လို မိစ္ဆာနတ်ဆိုးတွေကို ရှုံ့ချရဲတယ်ပေါ့”

ချင်မူက လှစ်ခနဲ ပြုံးကာ ချီကျုံရီအား ပြောလိုက်သည်။ “အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလေး စလုပ်ကြတာ မကောင်းဘူးလား”

All Chapters