အကြိုသူတော်စင်
Vol. 59 Ch. 804
အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတွေမှာ အလွန်သန့်စင်တဲ့မီးတာအိုစွမ်းအင်ပါဝင်တယ်။ ဒီလိုမီးတာအိုစွမ်းအင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေမှာပါတဲ့ စိတ်ဝိညာဉ်ချီထက် ပိုအဆင့်မြင့်ပါတယ်။ မီးတာအိုပညာရှင်တစ်ယောက်အတွက် မီးစွမ်းအင်ပုံဆောင်ခဲမှ ကျင့်ကြံခြင်းအကျိုးသက်ရောက်မှုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေထက် အတိအကျ ပိုကောင်းတယ်။
အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲကို ထိန်းသိမ်းပြီးနောက် လီဖူချန်းက မီးနဂါးကျွန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ခရီးအပေါ် ကြီးမားတဲ့မျှော်လင့်ချက်တစ်ခု ရှိလာပါတယ်။
အကြိုသူတော်စင်တွေ ဒါမှမဟုတ် သူတော်စင်တွေ ဖြစ်လာဖို့က အခြားသူတွေအတွက်တော့ အလွန့်အလွန်ကြီးမားတဲ့အခက်အခဲပါပဲ။
ဒါပေမယ့် လီဖူချန်းကတော့ မတူပါဘူး၊ သူ့ရဲ့စိတ်ဝိညာဉ်က သူတော်စင်စိတ်ဝိညာဉ်တစ်ခုဖြစ်နေပြီး သူ့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်က သူတော်စင်လိပ်ပြာတစ်ခု ဖြစ်နေပြီးသားပါ။ ဒါကြောင့် လုံလောက်တဲ့အရင်းမြစ်နဲ့ဆိုရင် သူက အတားအဆီးမရှိချိုးဖျက်နိုင်မှာပါ။
((အပိုင်း၆၇၆ရှိ အရင်မြန်မာဘာသာပြန်စာရေးဆရာ၏ပြန်ဆိုချက်မှ ကောက်နုတ်ချက် -
သူတော်စင် လိပ်ပြာ ဆိုတာကတော့ သူတော်စင် နယ်ပယ်က ကျင့်ကြံသူ တစ်ဦးရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ခေါ်တာပါပဲ ။
သူတော်ဝိညာဉ် ကျင့်စဉ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆိုရင်တော့ ကျင့်စဉ်ရဲ့ စတုတ္ထအဆင့်ကို ကျင့်ကြံအောင်မြင်သွားပြီးပြီ ဆိုရင် အဲဒါက အစစ်အမှန် စိတ်ဝိညာဉ်ကို သူတော်စင် လိပ်ပြာ အဖြစ် ပြောင်းလဲပေးနိုင်ရုံမက စိတ်ဝိညာဉ်ကိုပါ မီးခိုးရောင် အဖြစ်ကနေ အစိမ်းရောင် ဖြစ်အောင် ဆင့်ကဲ ပြောင်းလဲပေးနိုင်ပါတယ်တဲ့ ။
သူတော်စင်လိပ်ပြာ ဖြစ်ပေါ်လာပြီ ဆိုရင်တော့ သူတော်စင် ဖြစ်ဖို့ဟာ သိပ်မခက်ခဲတော့ပါဘူး ။
သူတော်စင် နယ်ပယ်ဆိုတာက ချိုးဖောက် ဝင်ရောက်နိုင်ဖို့အတွက် အဲသည်လောက်ကို ခက်ခဲလွန်းလှတာပါ ။
သည်လိုဖြစ်ရတာရဲ့ အဓိက အကြောင်းအရင်းကတော့ သူတော်စင် စိတ်ဝိညာဉ် နဲ့ သူတော်စင် လိပ်ပြာတို့ကြောင့်ပါပဲ ။))
((လက်ရှိမြန်မာဘာသာပြန်စာရေးဆရာ၏ရှင်းလင်းချက် - စိတ်ဝိညာဉ်နဲ့ အစစ်အမှန်စိတ်ဝိညာဉ်ဆိုတာ ရှိပါတယ်။ သူတော်စင်အဆင့်မှာဆိုရင် စိတ်ဝိညာဉ်က သူတော်စင်စိတ်ဝိညာဉ်ဖြစ်ပြီး အစစ်အမှန်စိတ်ဝိညာဉ်က သူတော်စင်လိပ်ပြာဖြစ်ပါတယ်))
အရင်ခန့်မှန်းထားချက်အရ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးက လီဖူချန်းအနေနဲ့ အကြိုသူတော်စင်တစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ရာက သူ့အနေနဲ့ သူတော်စင်တစ်ယောက်ဖြစ်ဖို့ လုံလောက်သင့်ပါတယ်။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ရာက အဆင့်မြင့်မီးစွမ်းအင်ပုံဆောင်ခဲနှစ်ခုနဲ့ ညီမျှပါတယ်။
နောက်ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက သူ့ခါင်းကို ခါပြီး သူ့ရဲ့ယုံကြည်မှုအပေါ် မချိတင်ကဲပြုံးလိုက်မိတယ်။ မီးစွမ်းအင်ပုံဆောင်ခဲတွေက ဂေါ်ဖီထုတ်မဟုတ်သလို ဘယ်နေရာမှာမဆို တွေ့ဖို့က မဖြစ်နိုင်ပါဘူး။ တွေ့ဖို့က ကံအပေါ် လုံးဝမူတည်နေလျက်ပါပဲ။
"မီးမျောက်ဝံတွေရဲ့ပိုင်နက်မှာ သေးငယ်တဲ့မီးစွမ်းအင်သတ္တုကြောတစ်ခု ရှိတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်သလားကို ငါ သိချင်တယ်"
လီဖူချန်းရဲ့စိတ်ထဲမှာ ဒီသတင်းအချက်အလက်က လျှပ်ပြေးသွားတယ်။
ဒါပေမယ့် ဒီသတင်းအချက်အလက် မှန်မမှန် ကိစ္စမရှိပါဘူး။ လီဖူချန်းက မီးမျောက်ဝံတွေရဲ့ပိုင်နက်ကို ဦးတည်မှာ မဟုတ်ဘူးလေ။
မီးမျောက်ဝံတွေမှာ အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်တဲ့ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံရှိတယ်၊ ထိုအကောင်ရဲ့ခွန်အားက ထိပ်တန်းအဆင့်သူတော်စင်တစ်ယောက်နဲ့ နီးကပ်တယ်။ ထိပ်တန်းအဆင့်သူတော်စင်အများစုက နက်ပြာပလိန်းကို ထွက်ခွာသွားပြီဖြစ်တာကြောင့် ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံအတွက် ပြိုင်ဘက်တစ်ယောက်မှ မရှိပါဘူး။ ဒါ့ပြင် မီးမျောက်ဝံတွေမှာ အလယ်ဆင့်နဲ့အဆင့်မြင့်သားရဲအရှင်သခင်များစွာ ရှိပါတယ်။
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု - အခန်းများစွာ ပြန်ဆိုပြီးနောက် နတ်ဆိုးသားရဲအရှင်သခင်အစား သားရဲအရှင်သခင်လို့ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒါမှသာလျှင် နတ်ဆိုးအရှင်သခင်တွေနဲ့ ကွဲပြားခြားနားသွားမှာပါ)
လဝက်ခန့်က လျင်မြန်စွာ ကုန်ဆုံးသွားတယ်။ လီဖူချန်းက အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုနဲ့ အထွတ်အထိပ်လက်နက်အပိုင်းအစများစွာကို ရရှိထားပြီး ဖြစ်တယ်။
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု - အဆုံးစွန်းတာအိုလက်နက်တွေနဲ့အဆုံးစွန်းသိုင်းပညာတွေက အဆုံးစွန်းအဆင့်အစား ကောင်းကင်အဆင့်အထွတ်အထိပ်ဖြစ်သင့်ပါတယ်။ အခုကစပြီး ကောင်းကင်အဆင့်အထွတ်အထိပ်သိုင်းပညာကို အထွတ်အထိပ်သိုင်းပညာလို့ ခေါ်မယ်၊ ကောင်းကင်အဆင့်အထွတ်အထိပ်လက်နက်ကို အထွတ်အထိပ်လက်နက်လို့ခေါ်မယ်။ အတိုချုပ်အားဖြင့် အဆုံးစွန်းအဆင့်>>ကောင်းကင်အဆင့်အထွတ်အထိပ်=အထွတ်အထိပ်)
အနည်းဆုံး လီဖူချန်းရဲ့မျက်လုံးထဲမှာတော့ အထွတ်အထိပ်လက်နက်အပိုင်းအစတွေက အများကြီးတန်ဖိုးမရှိပါဘူး။ ဒါပေမယ့် အားကောင်းတဲ့စွမ်းအင်တွေ ပါရှိတဲ့ အထွတ်အထိပ်လက်နက်အပိုင်းအစအချို့ ရှိပါတယ်။ သူတို့က အနည်းဆုံး အဆင့်၃အထွတ်အထိပ်လက်နက်အပိုင်းအစတွေ ဖြစ်တယ်လို့ ယူဆထားတယ်၊ အဆင့်၂တောင် ဖြစ်နိုင်ပါတယ်။
ဝုန်း ဝုန်း ဝုန်း........
မီးနဂါးကျွန်းပေါ်မှာ တိုက်ပွဲတွေက မကြာခဏ ထွက်ပေါ်လာလေ့ရှိတယ်။ သာမန်အနေအထားမှာ လီဖူချန်းက သူတို့ကို ရှောင်မှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အရေးအခင်းက ကြီးမားပြီး အနည်းဆုံး သူတော်စင်ဒါမှမဟုတ် သားရဲအရှင်သခင်ဆယ်ယောက်လောက် ပါဝင်နိုင်တယ်။
“
"ရတနာတစ်ခု ထွက်ပေါ်လာတာပဲ ဖြစ်ရမယ်"
အတွေးတစ်ခုက သူ့ရဲ့စိတ်ထဲမှာ လင်းလက်သွားတယ်။ လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ပြီး တိတ်တိတ်လေး ကပ်သွားတယ်။
လိပ်ပြာအသိစိတ်အာရုံကို မသုံးဘဲ လီဖူချန်းက အဝေးမှ ကြည့်ရှုနေလိုက်တယ်။ အစိမ်းရောင်ချော်ရည်ကန်တစ်ခုရဲ့အလယ်မှာ နဂါးတစ်ကောင်ပုံသဏ္ဍာန်သွေးနီရောင်ဆေးပင်တစ်ခု ရှိတယ်။ အဲဒါက အစိမ်းရောင်ကျောက်တုံးတစ်ခုအပေါ်မှာ ကြီးထွားနေတယ်။
"ကောင်းကင်အဆင့်အထွတ်အထိပ်ဆေးပင်၊ မီးနဂါးဆေးပင်" လီဖူချန်းက အသက်ပြင်းပြင်းရှုသွင်းလိုက်ရတယ်။
ကောင်းကင်အဆင့်အထွတ်အထိပ်ဆေးပင်ကို အထွတ်အထိပ်ဆေးပင်လို့ ခေါ်ပြီး အဲဒါက အလွန်တန်ဖိုးရှိတယ်။ ဒါကြောင့် သူတော်စင်နဲ့အရှင်သခင်အားလုံးကို တိုက်ခိုက်နေကြရတာပေါ့။
မီးနဂါးဆေးပင်တစ်ပင်ရဲ့တန်ဖိုးက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးဆယ်ရှိတယ်လေ။
ဒါပေမယ့် မီးနဂါးဆေးပင်ကို ရရှိဖို့က မလွယ်ပါဘူး။ အစိမ်းရောင်ချော်ရည်ကန်ရဲ့အထက်နဲ့ပတ်ပတ်လည်မှာ သားရဲအရှင်ရှစ်ကောင်နဲ့သူတော်စင်ငါးယောက်က တိုက်ခိုက်နေတယ်။ လီဖူချန်းက မဆင်မခြင်ပြေးဝင်သွားရင်း လူတိုင်းရဲ့ပစ်မှတ်ဖြစ်လာမှာ အသေအချာပါပဲ။
"ချမ်းသားမှုကို အန္တရာယ်တွေထဲမှာပဲ ရှာနိုင်တာ"
လီဖူချန်းရဲ့ပုံရိပ်က မြေအောက်ထဲကို နစ်မြုပ်သွားပြီး သူက ချော်ရည်ကန်ရဲ့အလယ်ကို ရွေ့လျားသွားတယ်။ သူက ချော်ရည်ကန်ရဲ့အလယ်ထဲရှိ အစိမ်းရောင်ကျောက်တုံးနဲ့ တဖြည်းဖြည်း နီးကပ်လာတယ်။
ဒီအချိန်အတွင်း လီဖူချန်းက ချီတည်ရှိမှုတစ်ခုကိုမှ မဖော်ထုတ်ခဲ့ပါဘူး၊ အဲ့အတွက် သူ့ရဲ့စိတ်ဝိညာဉ်ပါရမီကို ကျေးဇူးတင်ရမှာပါ။
ရွှမ်း........
ချော်ရည်တွေက နေရာတိုင်းမှာ ပန်းထွက်နေပြီး ပုံရိပ်တစ်ခုက အစိမ်းရောင်ကျောက်တုံးပေါ်ရှိ မီးနဂါးဆေးပင်ကို ဆုပ်ကိုင်လိုက်ချေတယ်။
ရိုင်းစိုင်းနဂါးသူတော်စင်က အစစ်အမှန်နဂါးတစ်ကောင်ရဲ့သွေးမျိုးဆက် ရှိတယ်။ အခု သူက အလယ်ဆင့်သားရဲအရှင်သခင်ဖြစ်ပြီး အလယ်ဆင့်သူတော်စင်တစ်ယောက်နဲ့ထိပ်တိုက်တွေ့ရင်တောင် သူက ရင်ဆိုင်နိုင်ပါတယ်။ အခုလက်ရှိ သူ့ရဲ့ရန်သူက အလယ်ဆင့်သူတော်စင်တစ်ယောက်ဖြစ်တဲ့လင်းယုန်လက်သည်းအရှင်သခင်ပါ။
လင်းယုန်လက်သည်းသူတော်စင်က အလွန်အမင်းအားကောင်းတယ်၊ အကွက်အနည်းငယ်ဖလှယ်ပြီးနောက် ရိုင်းစိုင်းနဂါးအရှင်သခင်က လက်သည်းဒဏ်ရာတွေ ရရှိလာတယ်။ မသိစိတ်အရ ရိုင်းစိုင်းနဂါးအရှင်သခင်က အစိမ်းရောင်ကျောက်တုံးပေါ်ရှိမီးနဂါးပင်ကို တစ်ချက်ကြည့်လိုက်မိတယ်။
"အမ်" ရိုင်းစိုင်းနဂါးအရှင်သခင်ရဲ့မျက်လုံးတွေက ငြိမ်သက်သွားတယ်၊ မီးနဂါးပင်က ဘာလို့ ပျောက်ဆုံးနေရသလဲပေါ့။
မီးနဂါးပင်ပျောက်ဆုံးနေတာကို လင်းယုန်လက်သည်းသူတော်စင်က ပထမဆုံး ရှာတွေ့သွားတယ်၊ သူက ယူသွားတဲ့လီဖူချန်းကိုတောင် မြင်လိုက်ရတယ်။
"သေစမ်း"
ခန္ဓာကိုယ်တစ်ချက်လှုပ်ယမ်းလိုက်တယ်၊ လင်းယုန်လက်သည်းသူတော်စင်က လီဖူချန်းအပေါ်ကို ရောက်လာပြီး သူ့ရဲ့လက်သည်းနဲ့ ရိုက်ထည့်လိုက်တယ်။
လင်းယုန်လက်သည်းရိုက်ချက်က လီဖူချန်းရဲ့အရေပြားကို စပ်ဖျင်းဖျင်းခံစားစေတယ်၊ အဆုံးမဲ့အပ်တွေက ခန္ဓာကိုယ်ကို ထိုးဖောက်နေသလိုမျိုးနဲ့ တူတယ်။
ဝုန်း.........
ဟင်းလင်းပြင်ဇုန်က ပေါက်ကွဲထွက်ပြီး သွေးတစ်စက် ပန်းထွက်လာတယ်။ လီဖူချန်းက ပျောက်ကွယ်သွားတယ်။
"မင်း ပြေးလွတ်မယ်လို့ ထင်နေတာလား"
သူက မလိုက်ခင် လင်းယုန်လက်သည်းသူတော်စင်က လီဖူချန်းရဲ့ပုံရိပ်ကို ချက်ချင်း မှတ်သားထားလိုက်တယ်။
"မီးနဂါးပင်က ပါသွားပြီ။ လိုက်ကြ"
ကျန်ရှိနေတဲ့သူတော်စင်နဲ့သားရဲအရှင်သခင်တွေက တိုက်ခိုက်နေရာမှ ရပ်ပြီး လင်းယုန်လက်သည်းသူတော်စင်ထွက်သွားရာဦးတည်ဘက်ဆီ လိုက်သွားကြလေတယ်။
လီဖူချန်းက အလွန်မြန်တယ်။ ဒါပေမယ့် လင်းယုန်လက်သည်းသူတော်စင်က အလယ်ဆင့်သူတော်စင်တစ်ယောက်ဖြစ်ပြီး အသက်ရှုချိန်အနည်းငယ်အတွင်း သူက မီလာတယ်။ ကံကောင်းတာက လီဖူချန်းမှာ ဟင်းလင်းပြင်တာအိုနှလုံးသားရှိပြီး ဟင်းလင်းပြင်လှိုင်းတွေကို အာရုံခံနိုင်တယ်။ လင်းယုန်လက်သည်းသူတော်စင်တိုက်ခိုက်တဲ့အခါတိုင်း သူက ဦးတည်ဘက်ကို အမြဲတမ်း ပြောင်းလဲနိုင်တယ်။
မကြာမီမှာ လီဖူချန်းက အရှေ့မှာ တောအုပ်တစ်ခုကို မြင်လိုက်ရတယ်။
ဧရာမသစ်ပင်တွေ ရှိတဲ့တောအုပ်တစ်ခုဖြစ်တယ်၊သစ်ပင်အသီးသီးက အမြင့်အားဖြင့် အနည်းဆုံး ပေတစ်သောင်း ရှိပြီး အထူအားဖြင့် ပေတစ်ရာခန့် ရှိတယ်။ ပင်စည်ရဲ့မျက်နှာပြင်က သစ်ခေါက်မဟုတ်ဘဲ ရေအိုးလောက်ကြီးတဲ့အနီရင့်ရောင်အကြေးခွံတွေသာ ဖြစ်တယ်။ သစ်ပင်တစ်ပင်မဟုတ်ဘဲ ဧရာမစပါးအုံးတွေက မတ်တပ်ရပ်နေသလို ခံစားရတယ်။
နဂါးကြေးခွံသစ်ပင်၊ အလွန်အမင်းမာကျောတဲ့သစ်ပင်အမျိုးအစားတစ်ခုပဲ ဖြစ်တယ်။
မီးနဂါးတွေ ဒီနေရာမှာ နေထိုင်တုန်းက ပြောင်မြောက်တဲ့ရန်သူတစ်ယောက် ရောက်လာတယ်လို့ ပြောကြတယ်။ မီးနဂါးမျိုးနွယ်စုခေါင်းဆောင်က ကောင်းကင်ဘုရားသခင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တဲ့ ခွန်အား ရှိတယ်။ တိုက်ပွဲအတွင်း သူ့ရဲ့နဂါးသွေးက ပန်းထွက်ပြီး ဒီသစ်တောကို သန္ဓေပြောင်းသွားစေတယ်။
နဂါးကြေးခွံသစ်ပင်က ဒီနေရာက မထွက်ခွာမချင်း ၎င်းက ဖျက်ဆီးခံရရင်တောင် လျင်မြန်စွာ ပြန်ပေါက်လာလိမ့်မယ်။ နဂါးကြေးခွံသစ်ပင်ရဲ့မာကျောမှုအရ မဟာဧကရာဇ်တစ်ယောက်တောင် နဂါးကြေးခွံသစ်ပင်ကို တစ်ချက်တည်းနဲ့ မချိုးဖျက်နိုင်ပါဘူး။ အဆင့်နိမ့်သူတော်စင်တစ်ယောက်က တစ်ကြိမ်တည်းနဲ့ နဂါးကြွေးခွံသစ်ပင်အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်ပါလိမ့်မယ်။
နောက်ထပ်အံ့ဩစရာက နဂါးကြွေးခွံသစ်ပင်မှာ သဘာဝအစီအရင်တစ်ခု ရှိတယ်။ တစ်ယောက်ယောာက်က နဂါးကြေးခွံသစ်တောအုပ်ကို ဝင်ရောက်တာက အစီအရင်အတန်းတစ်ခုကို ဝင်တာနဲ့ တူတယ်။
ဒီနဂါးကြေးခွံတောအုပ်ကို ရှာတွေ့ခဲ့တာကြောင့် လီဖူချန်းက ကျားပါးစပ်ထဲမှ အစွယ်ကို ဆွဲရဲသွားတာပေါ့။ သူ အထဲကို လွတ်မြောက်တာနဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်တောင် သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။
"ဝင်ဖို့ မစဉ်းစားနဲ့"
ယခု လင်းယုန်လက်သည်းသူတော်စင်က စိုးရိမ်နေတယ်။ သူက နဂါးကြွေးခွံသစ်ပင်ရဲ့မာကျောမှုကို ကိုယ်တိုင် တွေ့ကြုံပြီးဖြစ်တယ်။ သူ့ရဲ့ခွန်အားအရ သူက တစ်ကြိမ်တည်းနဲ့ သေးငယ်တဲ့နဂါးကြေးခွံသစ်ပင်တစ်ကွက်ကိုသာ ဖျက်ဆီးနိုင်တယ်၊ ဒီသစ်တောထဲမှာ နဂါးကြေးခွံသစ်ပင်တွေက မရေမတွက်နိုင်လောက်အောင် ရှိတယ်လေ။
အရှိန်ကို အဆုံးစွန်းထိ တိုးလိုက်တယ်၊ လင်းယုန်လက်သည်းသူတော်စင်က လက်သည်းရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ အရိပ်ပမာလင်းယုန်လက်သည်းတစ်ခုက လီဖူချန်းရှိရာဟင်းလင်းပြင်ဇုန်ကို ဆုတ်ဖြဲလိုက်တယ်။
ဝုန်း.......
သွေးတွေ ထွက်လာတယ်၊ အရိုးကိုတောင် မြင်နိုင်တယ်၊ ဒါပေမယ့် လီဖူချန်းက နဂါးကြေးခွံတောအုပ်ကို ဝင်နိုင်ခဲ့ပါတယ်။
"တောက်ကွာ"
လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ထားတဲ့သူတော်စင်တစ်ယောက်ဆိုတာ လင်းယုန်လက်သည်းသူတော်စင်က သေချာတယ်၊ မဟုတ်ရင် လီဖူချန်းက သူ့ရဲ့လက်သည်းတိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ပါဘူး။ တုံ့ဆိုင်းမနေဘဲ လင်းယုန်လက်သည်းသူတော်စင်လည်း နဂါးကြေးခွံသစ်တောထဲကို တစ်ဟုန်ထိုး ပြေးဝင်သွားချေတယ်။
အနောက်ကနေ သားရဲအရှင်သခင်တွေနဲ့သူတော်စင်တွေက လိုက်လာတယ်၊ ဒါပေမယ့် သားရဲအရှင်သခင်နှစ်ယောက်က အပြင်မှာ ရပ်လျက် ကျန်နေလေတယ်။
သားရဲအရှင်သခင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တယ်"နဂါးကြေးခွံသစ်တောက ရွှေမျက်လုံးဘိုးဘေးရဲ့ပိုင်နက်ပဲ။ ရွှေမျက်လုံးဘိုးဘေးက စိတ်ကောင်းရှိတာမဟုတ်ဘူး။ ငါတို့မဝင်တာ အကောင်းဆုံးပဲ"
…
ဝုန်း ဝုန်း ဝုန်း.......
နဂါးကြေးခွံသစ်ပင်တွေက ပြိုလဲကျနေတယ်၊ လင်းယုန်လက်သည်းသူတော်စင်က လီဖူချန်းရဲ့ရိပ်အယောင်ကို ဆုံးရှုံးသွားရကြောင်း သိလိုက်ရတယ်။
အုံး..........
ထိုအချိန်မှာ အသံတစ်ခု ထွက်ပေါ်လာတယ်။ လင်းယုန်လက်သည်းသူတော်စင်နဲ့ရိုင်းစိုင်းနဂါးအရှင်သခင်တို့က လွဲပြီး ကျန်တဲ့သူတော်စင်တွေ၊ သားရဲတွေက သွေးအန်လိုက်ရတယ်။
အုံး..........
အသံက ထွက်လာပြန်တယ်၊ အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားလေတယ်။
"မြန်မြန် ပြေးကြတော့"
သူတို့က ကြောက်စရာကောင်းတဲ့ပညာရှင်တစ်ယောက်ရဲ့ပိုင်နက်ထဲမှာ ရောက်နေတာကို ဒီလူတွေက ဘယ်လိုလုပ်ပြီး မသိနိုင်ရမှာလဲ။ ထိုပညာရှင်က အဆင့်မြင့်သူတော်စင်တစ်ယောက်လို သန်မာတယ်။
"ဆုတ်တော့" လင်းယုန်လက်သည်းသူတော်စင်က နောက်လှည့်ကာ ပြန်ဆုတ်သွားလေတယ်။
သူက အလယ်ဆင့်သူတော်စင်တစ်ယောက်သာ ဖြစ်တယ်၊ အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့ ရင်ဆိုင်ရရင် သူက ဒူးထောက်ရုံသာ တတ်နိုင်ပါတယ်။
အုံး........
အုံး အုံး.........
အသံအရေအတွက်က တိုးတိုးလာနေတယ်။ ဧရာမသွေးရောင်ဖားပြုပ်တစ်ကောင်က လူတိုင်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။ သွေးရောင်ဖားပြုပ်မှာ ထည်ဝါရက်စက်သွေးအေးတဲ့ရွှေရောင်မျက်လုံးတစ်စုံ ရှိတယ်။
"ရွှေမျက်လုံးဖားပြုပ်" သားရဲအရှင်သခင်တစ်ကောင်က ရွှေမျက်လုံးဖားပြုပ်ကို သိတယ်၊ သူက ကြောက်လန့်တကြား ပြောလိုက်တယ်။
သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ပြီးနောက် လီဖူချန်းကို ရွှေမျက်လုံးဖားပြုပ်က ရှာမတွေ့ခဲ့ပါဘူး။ အနောက်မှပေါက်ကွဲသံတွေ၊ အော်သံတွေကို ကြားပြီးနောက် ချီတည်ရှိမှုကို ဖုံးကွယ်ဖို့ စိတ်ဝိညာဉ်စွမ်းရည် သူ့မှာ ရှိတဲ့အတွက် လီဖူချန်းက ဝမ်းမြောက်ဝမ််းသာနေလေတယ်။
…
နဂါးကြေးခွံသစ်တောမှ ထွက်လာပြီးနောက် လီဖူချန်းက အနားယူဖို့ သီးခြားနေရာတစ်ခုကို ရှာတွေ့ခဲ့တယ်။
"မီးနဂါးပင်ကို မီးတာအိုချီကို တိုးမြင့်ဖို့ သုံးနိုင်တယ်၊ ခန္ဓာကိုယ်ကို မွမ်းမံသန့်စင်ဖို့လည်း သုံးနိုင်တယ်။ မီးနဂါးပင်က ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားကို အကြိုသူတော်စင်အဖြစ်ကို ရောက်စေနိုင်လောက်မလား"
မီးနဂါးပင်ကို ထုတ်ပြီးနောက် လီဖူချန်းက အရွက်တစ်ရွက်ကို အရင်သုံးလိုက်တယ်။
မီးလျှံတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ လောင်ကျွမ်းနေတယ်။ သူ့ရဲ့ခန္ဓာကိုယ်အနက်ပိုင်းမှာရှိတဲ့မသန့်စင်မှုများစွာကို သန့်စင်ပြီးဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ မီးနဂါးပင်ရဲ့ဆေးအကျိုးသက်ရောက်မှုက လလက်ရဲ့ချီစွမ်းအားထဲကို လျင်မြန်စွာ ကူးပြောင်းသွားလေတယ်။
အရွက်တစ်ရွက်ရဲ့အကျိုးသက်ရောက်မှုကို အသုံးပြုပြီးဖြစ်တယ်၊ လီဖူချန်းက ကျန်ရှိနေတဲ့မီးနဂါးပင်ကို ချက်ချင်း သုံးစွဲလိုက်ချေတယ်။
ဝုန်း.........
မီးနဂါးတစ်ကောင်က ပေါက်ကွဲသံနဲ့အတူ မြင့်တက်လာတယ်။
ဥပဒေသနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်စဦးအခြေအနေ.......
ဥပဒေသနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်အလယ်အခြေအနေ........
ဥပဒေသနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်နှောင်းပိုင်းအခြေအနေ.........
ဥပဒေသနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်အထွတ်အထိပ်အခြေအနေ.......
ဘမ်း.........
လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အားက အကြိုသူတော်စင်အဖြစ် အခြေချသွားခဲ့တယ်။ မြေပြင်မှာ ဧရာမအပေါက်ကြီးတစ်ခု ရှိတယ်၊ အပေါက်အထက်မှာ သတ္တုစက်လုံးတစ်ခု ရှိတယ်။
ဖျစ်..........
သတ္တုစက်လုံးက အက်ကွဲသွားပြီး လီဖူချန်းက အတွင်းမှ ထွက်လာတယ်။
"ဒါက အကြိုသူတော်စင်အဆင့်လား"
လီဖူချန်းက သူ့လက်ထဲမှာ စုပ်အားတစ်ခုကို ထုတ်လိုက်တယ်၊ သူက တောင်တစ်ခုလုံးကို ဆွဲယူလိုက်တယ်။ ကမ္ဘာဆွဲအားက ဆယ်ဆထက်ကျော် ပိုသန်မာလာတယ်။
***