← Chapters

ကောင်းကင်မျဉ်းဓား

Vol. 59 Ch. 805

ကောင်းကင်မျဉ်းဓား

Vol. 59 Ch. 805

"ဥပဒေသပြောင်းလဲခြင်းနယ်ပယ်လုံးဝပြီးပြည့်စုံခြင်းအဆင့်နဲ့အကြိုသူတော်စင်ကြား ခြားနားချက်က တကယ်ကို ကြီးမားတာပဲ"

သူ့ရဲ့အသားနဲ့သွေးထဲမှာ သွေးမျိုးဆက်တစ်ခုက ဖြစ်တည်နေတာကို လီဖူချန်းက ခံစားမိတယ်။

သွေးမျိုးဆက်က ခန္ဓာကိုယ်အပြင်အားသွေးမျိုးဆက် ဖြစ်တယ်။

အခုဆိုရင် သူ့ရဲ့ခန္ဓာကိုယ်မှာ သွေးမျိုးဆက်နှစ်ခု ရှိတယ်၊ တစ်ခုက ခန္ဓာကိုယ်အပြင်အားသွေးမျိုးဆက်၊ အခြားတစ်ခုက ဓားတာအိုသွေးမျိုးဆက် ဖြစ်တယ်။

ခန္ဓာကိုယ်အပြင်အားသွေးမျိုးဆက်မှာ နတ်ဘုရားလက်ရဲ့အနှစ်သာရ ပါရှိတယ်။

ဓားတာအိုသွေးမျိုးဆက်မှာ မူလအဆုံးစွန်းဓားနည်းလမ်း၊ မူလအဆုံးစွန်းဓားပညာနဲ့ ထွန်းတောက်ဓားပညာတို့ ပါရှိတယ်။

သွေးမျိုးဆက်တည်ရှိတာက အရမ်းကောင်းတယ်။ လီဖူချန်းက သူ့ရဲ့မှတ်ဉာဏ်ကို ဆုံးရှုံးပြီး ဘာတစ်ခုမှ မမှတ်မိနိုင်ရင်တောင် သူက သူအမြင့်ဆုံးကျွမ်းကျင်မှုအထိ သင်ယူခဲ့တဲ့အရာအားလုံးကို အသုံးပြုနိင်ပါသေးတယ်။

အနာဂတ်မှာ သူ့မှာ ကလေးတွေ ရှိလာရင် သူတို့က သူ့ရဲ့သွေးမျိုးဆက်ကို အမွေဆက်ခံနိုင်တယ်၊ အဲဒါက သူတို့အားထုတ်ရမယ့်ကြာချိန်ကို လျော့ချစေနိုင်ပါတယ်။

ရွှမ်း..........

ဟင်းလင်းပြင်ဇုန်က တွန့်လိမ့်သွားပြီး လီဖူချန်းရဲ့ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားတယ်။

အကြိုသူတော်စင်အဆင့်ရှိခန္ဓာကိုယ်အပြင်အားနဲ့အတူ လီဖူချန်းရဲ့အရှိန်က အဆင့်နိမ့်သူတော်စင်အများစုထက် ပိုမြန်တယ်။ သေးငယ်တဲ့လလက်ချီစွမ်းအားထုတ်လွှတ်ခြင်းက ကြောက်မက်ဖွယ်ရာကြယ်ဥပဒေသကို ပျံ့နှံ့သွားစေတယ်။ အဲဒါက ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို တွန့်လိမ်စေပြီး သူ့ကို ရှေ့သို့ တွန်းပို့နေလေတယ်။

…

လက်ရှိအချိန်မှာတော့ လင်းယုန်လက်သည်းသူတော်စင်က အလွန်စိတ်သောကရောက်နေရှာတယ်။

သူက အသန်မာဆုံးကြောင့် ဖြစ်နိုင်လောက်တယ်၊ ရွှေမျက်လုံးဘိုးဘေးက သူ့ကို အဓိကရန်သူအဖြစ် သတ်မှတ်ထားခဲ့တယ်လေ။

သူ့ရဲ့လွတ်မြောက်ရေးအသုံးအဆောင်ပစ္စည်းကြောင့်သာ မဟုတ်ရင် သူက နဂါးကြေးခွံတောအုပ်မှ အသက်ရှင်လျက် ထွက်လာနိုင်ဖို့က မဖြစ်နိုင်ပါဘူး။

"ဒီကောင်စုတ်လေး"

လင်းယုန်လက်သည်းသူတော်စင်က လီဖူချန်းအပေါ် အမုန်းကြီးမုန်းသွားတော့တယ်။ လီဖူချန်းကြောင့်သာ မဟုတ်ရင် သူက ဒီလိုအနေအထားအထိ ရောက်စရာမလိုပါဘူး။ ယခု သူ့ရဲ့အတွင်းဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် သူ့ခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးချနိုင်တော့တယ်။ သူက တစ်ဆယ်ရာခိုင်နှုန်းထက် ပိုသုံးရင် သူ့ရဲ့ဒဏ်ရာကို ပိုမိုဆိုးဝါးစေပါလိမ့်မယ်။

ရောဂါကုသဖို့ သီးသန့်နေရာတစ်ခုကို ရှာနေစဉ် သူက လီဖူချန်းကို ထပ်တွေ့လိုက်ရတယ်။

သူ့ရဲ့ခွန်အားက တစ်ဆယ်ရာခိုင်နှုန်းပဲ ရှိရင်တောင် သူက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို ရင်ဆိုင်နိုင်ပါသေးတယ်။

"ကောင်စုတ်လေး၊ သေစမ်း" လင်းယုန်လက်သည်းသူတော်စင်က လီဖူချန်းကို ထိုးလိုက်တယ်။

လီဖူချန်းက ထိတ်လန့်သွားရတယ်၊ လင်းယုန်လက်သည်းသူတော်စင်က ဒဏ်ရာပြင်းထန်နေတာကို မြင်ပြီးနောက် သူ့ရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ သူက လက်ဝါးတစ်ချက်ကို ထုတ်ဖော်လိုက်တယ်။

ဂျိန်း...........

ကြီးမားတဲ့အပေါက်ကြီးတစ်ခုက ဟင်းလင်းပြင်ဇုန်မှာ ပွင့်လာတယ်၊ လီဖူချန်းက နောက်ကို လွင့်ထွက်သွားရတယ်။

အလယ်ဆင့်သူတော်စင်တစ်ယောက်က ပြင်းထန်စွာ ဒဏ်ရာရထားရင်တောင် ခွန်အားက အဆင့်နိမ့်သူတော်စင်တစ်ယောက်ထက် ပိုပါသေးတယ်။

ဒါပေမယ့်.........

အခု သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက ခွန်အားသိသိသာသာ တိုးလာတယ်၊ လင်းယုန်လက်သည်းသူတော်စင်က အပြင်းအထန် ဒဏ်ရာရနေတယ်။ အဲဒီတော့ ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် လင်းယုန်လက်သည်းသူတော်စင်ရဲ့တိုက်ခိုက်မှုကို သူက အပြည့်အဝ ခုခံနိုင်လောက်ပါတယ်။

လက်သည်းတိုက်ခိုက်မှုက လီဖူချန်းကို ဒဏ်ရာမရစေတာကို မြင်ပြီး လင်းယုန်လက်သည်းသူတော်စင်က စိတ်လေးသွားတယ်။

"ကောင်းကင်ဆုတ်ဖြဲလက်သည်း" လင်းယုန်လက်သည်းသူတော်စင်က အော်လိုက်တယ်၊ လက်သည်းနှစ်ဖက်လုံးကို သုံးပြီး ကန့်လန့်ဖြတ်တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်လိုက်တယ်။

ဝုန်း.........

ဟင်းလင်းပြင်ဇုန်က မှန်တစ်ခုပမာ အပေါက်များစွာနဲ့ အက်ရာတွေ ဖြစ်သွားရတယ်။

"မူလဘူတဓား" ဓားတစ်သောင်းကို ဓားတစ်လက်အဖြစ် ပေါင်းစည်းပြီး လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တယ်။

သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက သူ့ရဲ့ဓားတာအိုခွန်အားနဲ့ နှိုင်းယှဉ်နိုင်တယ်ဆိုပေမယ့် အထွတ်အထိပ်ဓားပညာက ပိုတောင် ကြီးကျယ်လေးနက်တယ်။ အထွတ်အထိပ်ဓားပညာကို သုံးမှသာ သူက လင်းယုန်လက်သည်းသူတော်စင်ကို ဒဏ်ရာရစေနိုင်တယ်။

လီဖူချန်းနဲ့လင်းယုန်လက်သည်းသူတော်စင်တို့က တစ်ချိန်တည်းမှာ သွေးအန်သွားရတယ်။

လီဖူချန်းက သွေးအန်သွားတယ်၊ လင်းယုန်လက်သည်းသူတော်စင်က မယုံနိုင်လောက်အောင်အားကောင်းနေလို့ပဲ။ ခွန်အားတစ်ဆယ်ရာခိုင်နှုန်းဆိုရင်တောင် သူက လီဖူချန်းကို ဒဏ်ရာရစေနိုင်သေးတယ်။ လင်းယုန်လက်သည်းသူတော်စင်က သွေအန်သွားတယ်၊ သူတို့နှစ်ယောက်ရဲ့အားချင်းထိပ်တိုက်ဆုံရာမှ သူ့ရဲ့ဒဏ်ရာကို ပိုဆိုးဝါးစေလို့ပါပဲ။

ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် ဒီလောက်ဒဏ်ရာက လီဖူချန်အတွက် ဘာမှ မဟုတ်ပါဘူး။

"အကန့်အသတ်မဲ့အလင်းတောက်ပခြင်း" လီဖူချန်းက လင်းယုန်လက်သည်းသူတော်စင်ထံ နောက်ထပ်တိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်တယ်။

အလင်းတောက်ပမှုက မြင်ကွင်းနဲ့လိပ်ပြာအသိစိတ်အာရုံကို လွှမ်းမိုးသွားတယ်၊ လင်းယုန်လက်သည်းသူတော်စင်သိလိုက်ရချိန်မှာ ဓားက သူ့မျက်လုံး‌ရှေ့ကို ရောက်နေပြီဖြစ်တယ်။

ဂျိုင်း........

လက်သည်းတွန်းချက်တစ်ခုနဲ့အတူ လင်းယုန်လက်သည်းသူတော်စင်က လီဖူချန်းရဲ့ဓားကို တွန်းထုတ်လိုက်တယ်။ ဒါပေမယ့် ဓားချီက သူ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတစ်ခုကို ချန်ထားခဲ့တယ်။

"ကောင်လေး၊ မင်း များနေပြီး"

လင်းယုန်လက်သည်းသူတော်စင်က ဒေါသထွက်နေတယ်။ သူအရင်ကလိုမျိုးဆိုရင် လီဖူချန်းက မြေပြင်ပေါ်မှာ လှဲနေရပါပြီ။

သူ့ခွန်အားကို နှစ်ဆယ်ရာခိုင်နှုန်းအထိ အသုံးချလိုက်တယ်၊ လင်းယုန်လက်သည်းသူတော်စင်က လက်သည်းကို နှုတ်သီးအဖြစ် ပြောင်းတယ်၊ လီဖူချန်းကို ပြင်းထန်စွာ ထိုးဆိတ်လိုက်ချေတယ်။

သွေးပေါက်တစ်ခုက လီဖူချန်းရဲ့ရင်ဘက်ပေါ်မှာ ထွက်လာတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်က တွန့်လိမ်ပြီး လွင့်ထွက်သွားရတယ်။

ဒါပေမယ့် လင်းယုန်လက်သည်းသူတော်စင်က အံ့အားသင့်သွားရတယ်။ အသက်ရှုချိန်အနည်းငယ်အတွင်း လီဖူချန်းရဲ့ရင်ဘက်ပေါ်ရှိဒဏ်ရာက ပျောက်ကင်းသွားတယ်၊ ကြည့်ရတာ ဘာမှမဖြစ်ခဲ့သလိုမျိုးပါပဲ။

"သေစမ်း"

လင်းယုန်လက်သည်းသူတော်စင်က မယုံကြည်နိုင်ရှာဘူး၊ သူက လီဖူချန်းရဲ့ခန္ဓာ‌‌ကိုယ်ပေါ်မှာ သွေးပေါက်များစွာဖြစ်အောင် ထိုးဆိတ်ဖို့ သူက အဆုံးမဲ့လင်းယုန်လက်သည်းသူတော်စင်တွေကို ထုတ်ဖော်လိုက်တယ်။

ဒါပေမယ့် ‌တန်ဖိုးတစ်ခုရှိတယ်၊ သူလည်းပဲ လီဖူချန်ူရဲ့ဓားချက်တစ်ချက်ကို ခံလိုက်ရတယ်။ သူ့ဝမ်းဗိုက်က ထိုးဖောက်လုနီးပါးဖြစ်သွားတယ်။

အဆုံးမှာတော့ လီဖူချန်းရဲ့ဒဏ်ရာတွေက အသက်ရှုချိန်အနည်းငယ်အတွင်း ပျောက်ကင်းသွားတယ်၊ လင်းယုန်လက်သည်းသူတော်စင်ရဲ့ဒဏ်ရာတွကတော့ ပိုပိုဆိုးဝါးလာတယ်။

"ဒါက.........။ ဒီကောင်စုတ်လေးက အင်မော်တယ်လျှို့ဝှက်နည်းလမ်းတစ်ချို့ကို ကျင့်ထားတာပဲ ဖြစ်ရမယ်။ ငါက သူ့ရဲ့ခန္ဓာကိုယ်တစ်ဝက်ကို မဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် သု့ရဲ့ချီကို မကုန်ခမ်းစေနိုင်ရင် ငါက သူ့ကို ဒဏ်ရာရစေနိုင်မှာ မဟုတ်ဘူး"

ကောက်ချက်ချပြီးနောက် သူက ပြန်ဆုတ်ရမယ်ဆိုတာကို လင်းယုန်လက်သည်းသူတော်စင်က နားလည်တယ်။ သူ့ခွန်အားပြန်ကောင်းလာတာနဲ့ သူက လီဖူချန်းကို လက်စားပြန်ချေမှာပါ။

လင်းယုန်လက်သည်းသူတော်စင်က ထွက်သွားချင်တယ်၊ လီဖူချန်းက တားဆီးလိမ့်မှာ မဟုတ်ဘူး။ လင်းယုန်လက်သည်းသူတော်စင်ထွက်သွားတာကိုသာ သူက ကြည့်နေတယ်။

"ငါ့ရဲ့လက်ရှိခွန်အားအရ အလယ်ဆင့်သူတော်စင်တစ်ယောက်နဲ့ရင်ဆိုင်ဖို့ မလုံလာက်ဘူး။ ဒါပေမယ့် အလယ်ဆင့်သူတော်စင်တစ်ယောက်တောင် ငါ့ကို သတ်ဖို့ အားထုတ်မှုအချို့ကို လိုအပ်တယ်"

အကြိုသူတော်စင်အဆင့်ရှိ ခန္ဓာကိုယ်အပြင်အား၊ ကြယ်အင်မော်တယ်ခန္ဓာကိုယ်တို့နဲ့ဆိုရင် လီဖူချန်းရဲ့အသက်ရှင်နိုင်စွမ်းက အကြီးအကျယ် တိုးလာတယ်။ ပုံကြီးချဲ့တာ မဟုတ်ပါဘူး၊ သူ့ရဲ့လက်ရှိအသက်ရှင်သန်နိုင်စွမ်းက အလယ်ဆင့်သားရဲအရှင်သခင်တွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်။

ဦးတည်ဘက်တစ်ခုကို ရွေးချယ်ပြီးနောက် လီဖူချန်းက ဆက်လက်ပျံသန်းသွားတယ်။

"အမ်"

သိုလှောင်အိတ်ထဲရှိ တစ်ချိန်လုံးလှုပ်ရှားမှုမရှိတဲ့ ဓားစမ်းသပ်ကျောက်တုံးက ရုတ်တရက် ဓားသံတဝီဝီမြည်လာတယ်။

"ကောင်းကင်မျဉ်းဓားရဲ့တည်နေရာကို ရှာတွေ့ပြီးလား" လီဖူချန်းက ပျော်သွားတယ်။

ရှာတွေ့ရှိရာဦးတည်ဘက်ကို လိုက်လျက်  လီဖူချန်းက ကောင်းကင်မျဉ်းဓားနဲ့ ပိုပိုနီးကပ်လာနေတယ်။

…

တောင်တန်းတစ်ခုအပေါ်မှာ တစ္ဆေဓားသူတော်စင်က မီးမျောက်ဝံတွေရဲ့ပိုင်နက်ကို အဝေးမှ ကြည့်နေတယ်။

ဓားသမားတစ်ယောက်အနေနဲ့ ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်က ထုတ်လွှတ်နေတဲ့ တည်ရှိမှုအအရိပ်အငွေ့ကို သူက သတိပြုမိတယ်။

"ကောင်းကင်မျဉ်းဓားက မီးမျောက်ဝံတွေရဲ့ပိုင်နက်ထဲမှာ တကယ်ကို ရှိတာပဲ"

တစ္ဆေဓားသူတော်စင်ရဲ့ပုံရိပ်က လျှပ်တစ်ပျက်လက်သွားတယ်၊ သူက အရိပ်တစ်ခုအဖြစ်‌ ပြောင်းသွားပြီး မီးမျောက်ဝံတွေရဲ့ပိုင်နက်ထဲကို ဝင်ရောက်ခဲ့တယ်။

…

"ဒါက မီးမျောက်ဝံတွေရဲ့ပိုင်နက်လား"

လီဖူချန်းက မီးမျောက်ဝံတွေရဲ့ပိုင်နက်တည်နေရာကို မသိဘူး၊ ဒါပေမယ့် သူက မီးမျောက်ဝံတွေကို သိတယ်။ သူတို့ပိုင်နက်နယ်နိမိတ်မှာ လှုပ်ရှားနေတဲ့ မီးမျောက်ဝံတွေကို မြင်ပြီး ကောင်းကင်မျဉ်းဓားကို ရရှိဖို့သူ့မျှော်လင့်ချက်က ပျက်စီးသွားရတယ်။

သူ့မှာ ဘယ်လိုနည်းလမ်းတွေ ရှိရှိ ကိစ္စမရှိဘူး၊ မီးမျက်လုံးတိုင်ယန်မျောက်ဝံရဲ့မျက်လုံးထဲမှာ သူက ဖော်ပြဖို့ မထိုက်တန်ပါဘူးလေ။ မီးမျက်လုံးတိုင်ယန်မျောက်ဝံက မိုင်ထောင်ချီအဝေးကနေ တိုက်ခိုက်ရင်တောင် လီဖူချန်းကို အလွယ်တကူ သတ်နိုင်တယ်။

"မေ့လိုက်တော့။ ငါ အတင်းဖိအားပေးလုပ်လို့မရတဲ့အရာတွေ အများကြီးရှိတယ်" လီဖူချန်းက ခေါင်းခါတယ်၊ ထွက်ခွာဖို့ ပြင်လိုက်တယ်။

ဝီဝီဝီ.........

ဓားမြည်သံဖြစ်တယ်၊ အဖြူရောင်အလင်းတစ်ခုက ‌မီးမျောက်ဝံတွေရဲ့ပိုင်နက်မှ ပျံသန်းထွက်လာတယ်။

"ကောင်းကင်မျဉ်းဓားလား"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းဖြာသွားတယ်၊ သူက ကောင်းကင်မျဉ်းဓားနောက်ကို လိုက်သွားတယ်။

ကောင်းကင်မျဉ်းဓားက မီးမျောက်ဝံတွေရဲ့ပိုင်နက်မှ ဘာလို့ ပျံထွက်လာတာကို သူ မသိဘူး၊ ဒါပေမယ့် သူ ဂရုမစိုက်ဘူး၊ သူက ကောင်းကင်မျဉ်းဓားကို ရရှိသရွေ့ပေါ့။

လီဖူချန်းထွက်သွားပြီးမကြာမီ မီးမျောက်ဝံတွေအတွင်းမှာ ဟိန်းသံတစ်ခု ပဲ့တင်ထွက်လာတယ်။ ပြီးနောက် ချက်ချင်းပဲ မီးလက်သီးတစ်ခုက ပေါက်ကွဲထွက်လာပြီး မိုင်တစ်ရာအတွင်းရှိမြေပြင်က ချော်ရည်ဖြစ်သွားတယ်။

ဗွမ်း........

ချော်ရည်က ပွင့်ထွက်လာတယ်၊ မထင်မရှားပုံရိပ်တစ်ခုက ပျံထွက်လာတယ်။

သရဲဓားသူ‌‌တော်စင်ကတောင် အဆင့်မြင့်သားရဲအရှင်သခင်တစ်ကောင်အတွက် ဖော်ပြဖို့ မထိုက်တန်ပါဘူး။ မီးမျက်လုံးတိုင်ယန်မျောက်ဝံက သူ့ကို ဖိနှိပ်နိုင်တယ်။ ဒါပေမယ့် သူက တိုက်ကွက်တစ်ချက်ကို မရင်ဆိုင်နိုင်ဘူးလို့ မဆိုလိုပါဘူး။

"သေစမ်း"

ကြယ်ပျံတစ်ခုက မြေပြင်ပေါ်ကို ကျသွားပြီး ကြက်သွေးရောင်မီးလျှံတွေက ကောင်းကင်ကို မြင့်တက်သွားတယ်။

လောင်ကျွမ်းမီးလျှံတွေဖုံးလွှမ်းနေတဲ့ဧရာမမျောက်ဝံတစ်ကောင်က ထွက်ပေါ်လာတယ်။

ဧရာမမျောက်ဝံရဲ့မျက်လုံးတွေက မီးစက်လုံးနှစ်ခုပမာ မီးတောက်တွေနဲ့ တောက်လောင်နေတယ်။ သူက အမြင်အာရုံကို စုစည်းလိုက်တယ်၊ ထွက်ပြေးနေတဲ့လီဖူချန်းနဲ့ကောင်းကင်မျဉ်းဓားကို မြင်လိုက်ရတယ်။

မီးမျက်လုံးတိုင်ယန်မျောက်ဝံက ပြုံးလိုက်တယ်"ငါ့မီးမျောက်ဝံမျိုးနွယ်ရဲ့ပိုက်နက်မှာ ဒီလိုဓားတစ်လက်ရှိမယ်လို့ ငါ မထင်ထားဘူး။ ဘယ်လိုလုပ်ပြီး ငါက မင်းတို့ကို အလွယ်တကူ ရရှိဖို့ ခွင့်ပြုနိုင်မှာလဲ"

မီးမျောက်ဝံတွေရဲ့ပိုင်နက်က ကြီးမားတယ်၊ ကောင်းကင်မျဉ်းဓားမှာ သူ့ရဲ့ကိုယ်ပိုင်ဉာဏ်ရည်ရှိတယ်၊ သူ့ကိုယ်သူဘယ်လိုဖုံးကွယ်ရမလဲကို  သိတယ်။ ထိပ်တန်းအဆင့်ဓားတာအိုသူတော်စင်တစ်ယောက်သာ မဟုတ်ရင် ကောင်းကင်မျဉ်းဓားရဲ့တည်နေရာကို ရှာတွေ့ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် မီးမျက်လုံးတိုင်ယန်မျောက်ဝံက ကောင်းကင်မျဉ်းဓားကို အခုထိ ရှာမတွေ့ခြင်း ဖြစ်တယ်။

ဖျစ်........

မီးမျက်လုံးတိုင်ယန်မျောက်ဝံက လက်နှစ်ဖက်နဲ့ ဆုတ်ဖြဲလိုက်တယ်၊ ဟင်းလင်းပြင်မှာ အပေါက်တစ်ခု ရှိလာတယ်။ အပေါက်ရဲ့အခြားတစ်ဘက်မှာတော့ အရိပ်ရဲ့နောက်ကျောရှိတယ်။

အရိပ်က တစ္ဆေဓားသူတော်စင် ဖြစ်တယ်။ သူက နောက်ကို ကြည့်လိုက်တယ်၊ မီးမျက်လုံးတိုင်ယန်မျောက်ဝံက အပေါက်မှ ထွက်လာနေတာကို မြင်လိုက်တယ်။

"ကန့်လန့်ဖြတ်တစ္ဆေခုတ်ပိုင်းချက်"

အနက်ရောင်ဓားတစ်လက်က ကန့်လန့်ဖြတ်ခုတ်ပိုင်းချက်တစ်ခုကို မီးမျက်လုံးတိုင်ယန်‌မျောက်ဝံထံ ဖော်ထုတ်လိုက်တယ်။

ဖြောက်..........

နောက်ထပ်အပေါက်တစ်ခုက ပေါ်ထွက်လာတယ်၊ ဒီတစ်ကြိမ်မှာတော့ မီးလက်သီးတစ်ခုက ထွက်လာပြီး တစ္ဆေဓားသူတော်စင်ကို တိုက်ခိုက်လိုက်တယ်။

…

ကောင်းကင်မျဉ်းဓားက အလွန်အမင်းမြန်တယ်၊ တစ်ခဏအတွင်း လီဖူချန်းက ကောင်းကင်မျဉ်းဓားကို အာရုံမခံမိတော့ပါဘူး။ ကောင်းကင်မျဉ်းဓားက အလင်းရဲ့အရှိန်ရှိတယ် ဒါမှမဟုတ် အလင်းရဲ့အရှိန်နဲ့နီးကပ်တယ်လို့ လီဖူချန်းက ခံစားမိတယ်။ ဓားစမ်းသပ်ကျောက်တုံးသာ မရှိရင် လီဖူချန်းက ဘယ်ဘက်ကို လိုက်ရမလဲကို မသိပါဘူး။

မိုင်တစ်မီလီယံ၊ မိုင်ဆယ်မီလီယံ၊ မိုင်တစ်ရာမီလီယံ...........

မိုင်တစ်ရာမီလီယံကြာ လိုက်ဖမ်းပြီးနောက် လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ကောင်းကင်မျဉ်းဓားရဲ့တည်‌‌နေရာကို နောက်ဆုံးတော့ သတိပြုမိသွားတယ်။

၎င်းက မတ်စောက်တဲ့တောင်ထိပ်တစ်ခုပေါ်မှာ ထိုးစိုက်နေပြီး မှိန်ဖျဓားချီကို ထုတ်လွှတ်နေလျက် ရှိတယ်။

***

All Chapters