← Chapters

ဓားစွမ်းအား

Vol. 59 Ch. 806

ဓားစွမ်းအား

Vol. 59 Ch. 806

လီဖူချန်းက ကောင်းကင်မျဉ်းဓားဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားတယ်။

ကောင်းကင်မျဉ်းဓားက တုံ့ပြန်မှုတစ်ခုမှ မရှိတာကို သူ သိပြီးနောက် လီဖူချန်းက တောင်ထိပ်ပေါ်ကို ရောက်ရှိသွားပြီဖြစ်တယ်။

"မင်းရဲ့ဓားက ချိတ်ပိတ်ခံထားရပေမယ့် အဲဒါက ငါ့ထက်တောင် ပိုသန်မာတယ်လို့ ငါ ခံစားမိတယ်။ ဘာလို့ မင်းက ငါ့ကို လိုက်ဖမ်းနေတာလဲ" အေးစက်ပြီးဂုဏ်ယူတဲ့အသံတစ်သံက ကောင်းကင်မျဉ်းဓားမှ ထွက်ပေါ်လာတယ်။

ကောင်းကင်မျဉ်းဓားက ကောင်းကင်ဆက်ဓားကို အာရုံခံမိတဲ့အတွက် လီဖူချန်းက အံ့ဩထိတ်လန့်သွားရတယ်။

ဒါပေမယ့် မကြာမီ သူ့ကို သတိဝင်လာစေတယ်၊ ဓား‌‌တွေက အချင်းချင်းတိုက်ရိုက်ချိတ်ဆက်မှု ပိုပြီးတော့ ရှိနေမှာပဲလေ။

အခုဆိုရင် ကောင်းကင်ဆက်ဓားမှာ မဖယ်ရှားရသေးတဲ့ချိတ်ပိတ်အလွှာတစ်ခု ရှိနေတုန်းပါပဲ။ ဓားစိတ်ဝိညာဉ်အရ လုံးဝချိတ်ပိတ်မထားတဲ့ကောင်းကင်ဆက်ဓားက ‌ရှေးခေတ်ရှိမဟာနတ်ဘုရားဓားသုံးလက်ရဲ့ထိပ်မှာ ရပ်တည်နေတယ်။ နတ်ဘုရားဓားတစ်လက်ဆိုတဲ့ခေါင်းစဉ်ပေးထားတာကြောင့် အဲဒါက အနည်းဆုံး အဆုံးစွန်းအဆင့်အထွတ်အထိပ်ဓားတစ်လက် ဖြစ်နိုင်ပေတယ်။

"ငါ့ကို ဓားဘုရားသခင်ရဲ့မျိုးဆက်တွေက ယူခိုင်းလိုက်တာ" လီဖူချန်းက ပြောတယ်။

"ဓားဘုရားသခင်ရဲ့မျိုးဆက်တွေလား"

ကောင်းကင်မျဉ်းဓားက ပြောလိုက်တယ်"ငါက ပြန်ချင်ရင် ဘယ်အချိန်မဆို ပြန်နိုင်တယ်။ ဒါပေမယ့် လီကလန်မှာ ငါ့ကို အသုံးပြုဖို့ အရည်အချင်းပြည့်မှီတဲ့သူ မရှိဘူး"

ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်အနေနဲ့ သူ့ကို မထိန်းချုပ်ထားသရွေ့ သူက ဘယ်နေရာကိုမဆို သွားနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းအားကို ကန့်သတ်ထားတယ်။ သူက ပုံမှန်အားဖြင့် ခိုအောင်းနေပြီး နှစ်ရှစ်ရာက သူ့အတွက် တစ်ညအိပ်သာ ရှိတယ်။

"လီကလန်မှာ အခု မယုံနိုင်စရာကောင်းလှတဲ့ မျိုးဆက်တစ်ယောက် ရှိလာပြီ၊ သူက ဓားနှလုံးသားကို ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ်သည်းနိုင်ခဲ့တယ်" လီဖူချန်းက လီကျန့်ရှင်းနဲ့ ပတ်သက်ပြီး ပြောနေတယ်။

"သူတို့ထဲက ဘယ်သူမဆို ကောင်းကင်မျဉ်းဓားပညာရဲ့အထွတ်အထိပ်ကို ရောက်ရှိတာနဲ့ ငါက အာရုံခံနိုင်လိမ့်မယ်"

ကောင်းကင်မျဉ်းဓားက ပြန်ဖို့ အစီအစဉ်မရှိပါဘူး။ တစ္ဆေဓားသူတော်စင်က သူ့ကို ရှာမတွေ့ခဲ့ရင် လီကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်က ကောင်းကင်မျဉ်းဓားပညာရဲ့အထွတ်အထိပ်ကို မရောက်သရွေ့ သူက မီးမျောက်ဝံတွေရဲ့ပိုင်နက်မှာပဲ ဆက်ခိုအောင်းနေပါလိမ့်မယ်။

လီဖူချန်းက ကောင်းကင်မျဉ်းဓားကို ဆက်လက်ဖြောင်းဖျနေစဉ်မှာ သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံထဲမှာ အရိပ်တစ်ခုက မှင်တက်စရာအရှိန်တစ်ခုနဲ့ ပြေးလာနေတယ်။

ထိုလူက တစ္တေဓားသူတော်စင်က လွဲပြီး အခြားမဟုတ်ပါဘူး။

ကောင်းကင်မျဉ်းဓားကို ရှာတွေ့တဲ့အခိုက်မှာ တစ္ဆေဓားသူတော်စင်က ဓားအပေါ်မှာ အမှတ်အသားတစ်ခုကို ချန်ထားခဲ့တယ်။ ကောင်းကင်မျဉ်းဓားဘယ်သွားသွား၊ သူက အဲဒါကို ရှာတွေ့နိုင်ပါတယ်။ ဒါကြောင့် ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံကို ပထုတ်ပြီးတာနဲ့ သူက ချက်ချင်း တစ်ဟုန်ထိုးပြေးလာခဲ့တယ်။

"ငါ အရင်ဆုံး လှုပ်ရှားရလိမ့်မယ်"

ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်က ဓားစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်ပြီး သူ့ရဲ့အလွန့်အလွန်ထူးကဲတဲ့မြန်နှုန်းက လွဲပြီး သူ့ရဲ့စွမ်းအားက သန်မာတယ်လို့ မယူဆနိုင်ပါဘူး၊ အလယ်ဆင့်သူတော်စင်တစ်ယောက်ရဲ့အဆင့်သာ ရှိတယ်။ ဒါပေမယ့် သူက ထိုစွမ်းအားကို အချိန်အကြာကြီး အသုံးမပြုနိုင်ပါဘူး။ သူ့စွမ်းအားက ကုန်ဆုံးသွားတာနဲ့ သူက ထပ်မံအိပ်စက်ရပြီး နှစ်တစ်သောင်းပြည့်တောင်မှ နိုးထနိုင်လိမ့်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူက တစ္ဆေဓားသူတော်စင်ရဲ့လက်မှ ထွက်ပြေးရုံသာ တတ်နိုင်တယ်။

”

မင်း လွတ်မြောက်နိုင်လိမ့်မယ်လို့ ထင်နေတာလား"

အစောပိုင်းတုန်းက ကောင်းကင်မျဉ်းဓားက ဒီလောက်မြန်မယ်လို့ တစ္ဆေဓားသူတော်စင်က မမျှော်လင့်ထားခဲ့ဘူး၊ ဒါကြောင့် သူက သတိပေါ့လျော့ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူက ဂရုမစိုက်ဘဲ မနေပါဘူး။ သူ့ရဲ့ဓားပညာကို လည်ပတ်ပြီးနောက် မမြင်နိုင်တဲ့စွမ်းအားတစ်ခုက ကောင်းကင်မျဉ်းဓားကို ကန့်သတ်လိုက်ချေတယ်။

ကောင်းကင်မျဉ်းဓားက ဘယ်ရိုက်တယ်၊ညထုတယ်၊ မမြင်နိုင်တဲ့စွမ်းအားကို ထိုးဖောက်တယ် ဒါပေမယ့် မထွက်နိုင်ပါဘူး။ အချိန်တိုအတွင်း ကောင်းကင်မျဉ်းဓားရဲ့ဓားချီက စတင်ညှိုးနွမ်းလာတယ်။

"မိတ်‌ဆွေလေး၊ ငါ့ကို ကူညီပါ"

ကောင်းကင်မျဉ်းဓားက ‌တစ္ဆေဓားသူတော်စင်ရဲ့ထိန်းချုပ်မှုကို မခံချင်ပါဘူး။ သူက တစ္ဆေဓားသူတော်စင်ရဲ့လက်ထဲကို ရောက်သွားတာနဲ့ သန့်စင်ခံရမှာ အသေအချာပါပဲ။

"ဒါဆိုရင် မင်း ငါနဲ့အတူ လီကလန်ကို ပြန်လိုက်ဖို့ ဆန္ဒရှိလား" လီဖူချန်းက မေးလိုက်တယ်။

"ရတယ်"

ယခင်က သူက လွတ်လပ်နေတာကြောင့် ကောင်းကင်မျဉ်းဓားက ဆန္ဒမရှိဘူး။ အခု သူက သူ့ရဲ့လွတ်လပ်မှုကို ဆုံးရှုံးခါနီးဖြစ်နေပြီးလေ။

"ကောင်းပြီ၊ မင်း ကတိတည်မယ်လို့ ငါ ယုံကြည်တယ်"

လီဖူချန်းက ကောင်းကင်မျဉ်းဓားကို ဆုပ်ကိုင်လိုက်တယ်။

ကောင်းကင်မျဉ်းဓားက မခုခံပါဘူး။

"မင်းက ဒီစွမ်းအားလောက်နဲ့ ကောင်းကင်မျဉ်းဓားကို လိုချင်တာလား။ ကန့်လန့်ဖြတ်တစ္ဆေခုတ်ပိုင်းချက်" တစ္ဆေဓားသူတော်စင်က အေးစက်တဲ့လေသံနဲ့ ပြောလိုက်တယ်၊ သူက သူ့ရဲ့အနက်ရောင်ဓားကို သုံးပြီး လီဖူချန်းထံ ကန့်လန့်ဖြတ်ခုတ်ပိုင်းချက်တစ်ချက်ကို ပို့လွှတ်လိုက်တယ်။

"အထွတ်အထိပ်ဓားပညာ"

လီဖူချန်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ တစ္ဆေဓားသူတော်စင်မှာ အထွတ်အထိပ်ဓားပညာတစ်ခု ရှိနေတာပဲ။

အလယ်ဆင့်သူတော်စင်တစ်ယောက်က အလွန့်အလွန်အားကောင်းတယ်။ အထွတ်အထိပ်ဓားပညာတစ်ခုကို ပိုင်ဆိုင်တဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်က ကြောက်မက်ဖွယ်ရာ၊ ထိတ်လန့်ဖွယ်ရာလို့သာ ဖော်ပြနိုင်တယ်။

အရာအားလုံးကို လစ်လျူရှူလျက် လီဖူချန်းက သူ့ရဲ့ဓားစွမ်းအင်ကို ကောင်းကင်မျဉ်းဓားထဲသို့ ထည့်သွင်းကာ ဝှေ့ယမ်းလိုက်တယ်။

လီဖူချန်းရဲ့ဓားက ဘယ်လောက်မြန်သလဲကို မဖော်ပြနိုင်ပါဘူး။ ဓားက အလင်းရဲ့မြန်နှုန်းနဲ့ နီးကပ်နေတယ်။

အနက်ရောင်ကန့်လန့်ဖြတ်ခုတ်ပိုင်းချက်အလင်းက ပြန့်ကျဲသွားပြီး တစ္ဆေဓားသူတော်စင်က နောက်ဆုတ်လိုက်ရတယ်။ သူ့ရဲ့မျက်လုံးတွေက မည်းမှောင်သွားပြီး ထိတ်လန့်တုန်လှုပ်တဲ့အရိပ်အယောင်တစ်ခု ရှိလာတယ်။

"ဒါက ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်ရဲ့စွမ်းအားလား"

တစ္ဆေဓားသူတော်စင်ရဲ့အမြင်အရ လီဖူချန်းရဲ့ခွန်အားက အဆင့်နိမ့်သူတော်စင်အဆင့်မှာ အကောင်းဆုံးဖြစ်တယ်။ ကောင်းကင်မျဉ်းဓားပညာမရှိရင် လီဖူချန်းဆယ်ယောက်တောင်မှ သူ့အတွက် ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် ကောင်းကင်မျဉ်းဓားနဲ့ လီဖူချန်းက ကန့်လန့်ဖြတ်တစ္တေခုတ်ပိုင်းချက်ကို ဆန့်ကျင်နိုင်ခဲ့တယ်။

"ငါ့မှသာ ကောင်းကင်မျဉ်းဓားရှိရင် ငါက အထွတ်အထိပ်သူ‌တော်စင်တစ်ယောက်ကိုတောင် ယှဉ်ပြိုင်နိုင်လိမ့်မယ်"

ထိတ်လန့်တုန်လှုပ်မှုပြီးနောက် လိုအင်ဆန္ဒက ရောက်ရှိလာတယ်။ လက်ရှိအချိန်မှာ တစ္ဆေဓားသူတော်စင်က အဆင့်မြင့်သူတော်စင်တစ်ယောက်ကို ယှဉ်ပြိုင်နိုင်တယ်။ ကောင်းကင်မျဉ်းဓားသာ ရှိရင် သူက အထွတ်အထိပ်သူတော်စင်တစ်ယောက်ကို ကြောက်စရာမလိုပါဘူး။

"အဇူရာ-တစ္ဆေခုတ်ပိုင်းချက်"

တစ္ဆေဓားသူတော်စင်မှာ နတ်ဆိုးနတ်ဘုရားနဲ့တူတဲ့အနက်ရောင်အရိပ်တစ်ခု ရှိတယ်။ မျက်လုံးရဲရဲနီနဲ့ ဓားကို ဝှေ့ယမ်းမှုနဲ့အတူ အနက်ရောင်ဓားအလင်းတစ်ခုက ထွက်လာတယ်။ အဲဒါက လီဖူချန်းဆီ တိုးဝင်သွားပြီး နေရာတစ်ခုလုံးကို လွှမ်းမိုးသွားသလို ခံစားရတယ်။

လီဖူချန်းက ကောင်းကင်မျဉ်းဓားကို ပထမအကြိမ် ဝှေ့ယမ်းချိန်က ကောင်းကင်မျဉ်းဓားရဲ့လက္ခဏာက မြန်နှုန်းဆိုတာကို သူ သိလိုက်တယ်။ မြန်လွန်းတာကြောင့် သူက မထိန်းချုပ်နိုင်တော့ပါဘူး။ သူလုပ်နိုင်တဲ့အရာက ထောင့်တည်နေရာကို ရွေးချယ်ပြီး ဓားကို ဝှေ့ယမ်းရန်သာ ဖြစ်တယ်။ ကျန်တာတွေက သူနဲ့ မသက်ဆိုင်တော့ပါဘူး။

"အကန့်အသတ်မဲ့အလင်းတောက်ပခြင်း"

တစ္ဆေဓားသူတော်စင်ရဲ့အမှတ်သင်္ကေတဓားကွက်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းကလည်း သူ့ရဲ့ကိုယ်ပိုင်အမှတ်သင်္ကေတဓားကွက်ကို သုံးလိုက်တယ်။

အလင်းတောက်ပမှုက နေရာတစ်ခုလုံးကို ပြည့်သွားတယ်။ တ‌စ္ဆေဓားသူတော်စင်ရဲ့အမှတ်သင်္ကေတဓားကွက်က ညအမှောင်ဆိုရင် လီဖူချန်းရဲ့အမှတ်သင်္ကေတဓားကွက်က အမှောင်ထုအားလုံးကို ပပျောက်စေတဲ့ နေ့အလင်းဖြစ်တယ်။

ဝုန်း.........

မြေပြင်က အက်ကွဲသွားတယ်။ အလင်းနဲ့အမှောင်နှစ်ခုလုံးက ခွဲဖြန့်သွားတယ်။

မူလက လီဖူချန်းက တစ္ဆေဓားသူတော်စင်ရဲ့အမှတ်သင်္ကေတဓားကွက်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ကောင်းကင်မျဉ်းဓားရဲ့ဓားပညာအပေါ်တိုးမြှင့်စေမှုက ကြီးကျယ်ခမ်းနားလွန်းတယ်လေ။

ထွန်းတောက်ဓားပညာရဲ့အလားအလာအကန့်အသတ်က ထိပ်တန်းအဆင့်ဆိုတာ သေချာပေမယ့် လက်ရှိထွန်းတောက်ဓားပညာက အဆင့်မသတ်မှတ်ထားပါဘူး။  ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်နဲ့ သုံးတဲ့အခါ ခွန်အားက အနည်းဆုံးသုံးဆင့်ဒါမှမဟုတ်နှစ်ဆင့် တိုးလာချေတယ်။

ဒုတိယအဆင့်အထွတ်အထိပ်ဓားပညာရဲ့စွမ်းအားကို သာမန်လူတွေက မတားဆီးနိုင်ပါဘူး။ ရန်သူက တစ္ဆေဓားသူတော်စင်မဟုတ်ဘဲ လင်းယုန်လက်သည်းသူတော်စင်သာဆိုရင် သူက မသေရင်တောင် ဒဏ်ရာပြင်းထန်စွာ ရသွားပေလိမ့်မယ်။

"အမှိုက်ပဲ" တစ္ဆေဓားသူတော်စင်က ဒေါသထွက်သွားတယ်။

သူ့ရဲ့တစ္ဆေဓားက ဓားပညာကို တစ်ဆ၊နှစ်ဆသာ တိုးမြှင့်ပေးနိုင်တယ်။ ကောင်းကင်မျဉ်းဓားက လီဖူချန်းရဲ့ဓားပညာကို အဆတစ်ရာထိတောင် တိုးမြှင့်ပေးနိုင်တယ်။ အဲထက်တောင် ပိုချင်ပိုနိုင်ပြီး တကယ်ကို မတရားလွန်တာပဲ။

"ထိပ်တန်းအဆင့်ဓားတစ်လက်က ဒီလောက်တောင် စွမ်းဆောင်နိုင်တာလား" လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားရတယ်။

အထွတ်အထိပ်ဓားပညာကို ပိုင်ဆိုင်ထားတဲ့တစ္ဆေဓားသူတော်စင်က ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။  ဆန်းကြယ်နက်နဲဓားသူတော်စင်ကို သာမန်အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားရှိတဲ့သူလို့ သတ်မှတ်ထားကြပါတယ်။

ဆိုလိုတာက လီဖူချန်းက ကောင်းကင်မျဉ်းကို ကိုင်ဆောင်တဲ့အချိန်မှာ သူ့ခွန်အားက အဆင့်မြင့်သူတော်စင်ကို ရောက်ရှိသွားတယ်ပေါ့။ ဒါက စောက်ရမ်းကြမ်းလွန်းပါတယ်လေ။

အထွတ်အထိပ်ဓားတွေမှာ အထွတ်အထိပ်ဓားဆန္ဒ ပါရှိတာကို လီဖူချန်းက မသိပါဘူး။ ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားမှာ ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားဆန္ဒ ရှိတယ်၊ ဒါကြောင့် ဓားကိုင်ဆောင်သူက အဆင့်ကိုကျော်ပြီးတိုက်ခိုက်နိုင်တာ သဘာဝပါပဲ။

"ဒီကလေးမှာ အထွတ်အထိပ်ဓားပညာတစ်ခု တကယ် ရှိတာပဲ" ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်က အတော်လေး အံ့အားသင့်သွားတယ်။

လီဖူချန်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်သာ ဖြစ်ပြီး အထွတ်အထိပ်ဓားပညာတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်။ လီဖူချန်းက သူတော်စင်တစ်ယောက်ဖြစ်လာတာနဲ့ သူ့ရဲ့ဓားပညာကျွမ်းကျင်မှုက အလွန့်အလွန်တုန်လှုပ်စရာကြီးတစ်ခု ဖြစ်လာပေလိမ့်မယ်။

"ဘာလို့ လီကလန်က ဒီလိုအကြွင်းမဲ့ပါရမီရှင်တစ်ယောက်ကို မမွေးထုတ်နိုင်ရတာလဲ........"

***

All Chapters