← Chapters

ဓားစိတ်ဝိညာဉ်တွေကြား စကားပြောခြင်း

Vol. 59 Ch. 807

ဓားစိတ်ဝိညာဉ်တွေကြား စကားပြောခြင်း

Vol. 59 Ch. 807

ဆယ်ကွက်.....အကွက်နှစ်ဆယ်......အကွက်သုံးဆယ်.......

ကောင်းကင်မျဉ်းဓားနဲ့ဆိုရင် လီဖူချန်းရဲ့ခွန်အားက ကြောက်စရာကောင်းလွန်းနေတယ်။

ဓားကွက်တော်တော်များများဖလှယ်ပြီးတာတောင်မှ တစ္ဆေဓားဧကရာဇ်က အသာစီးမရနိုင်‌သေးပါဘူး။

တစ္ဆေဓားဧကရာဇ်က လီဖူချန်းကို လေးနက်တဲ့အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်။

ကောင်းကင်မျဉ်းဓားကြောင့်သာ လီဖူချန်းကို သူ့ကို ယှဉ်ပြိုင်နိုင်တယ်လို့ သူက ထင်မြင်နေရရင်တော့ သူက ခေါင်းမာတဲ့အရူးတစ်ယောက်သာ ဖြစ်ပေမယ်။

ကလေးတစ်ယောက်ကို ထက်ရှတဲ့ဓားတစ်လက်ပေးလိုက်ပါ၊ သူက လူကြီးတစ်ယောက်ကို တိုက်ခိုက်နိုင်မှာလား။

ဒါက စိတ်ကူးယဉ်အိမ်မက်ဆိုတာ ရှင်းပါတယ်။

တူညီတဲ့အကြောင်းပြချက်အတိုင်းပါပဲ၊ တစ်ယောက်ယောက်က ကောင်းကင်မျဉ်းဓားကို ရရှိရင်တောင် သူတိူ့က ဒီလိုခွန်အားမျိုးကို ဖော်ထုတ်နိုင်လိမ့်မှာ မဟုတ်ဘူး။

တိုက်ခိုက်ရေးစွမ်းအားကို တိုးမြင့်နိုင်တယ်၊ ဒါပေမယ့် တိုက်ပွဲဝင်အသိ၊ တုံ့ပြန်မှုအရှိန်နဲ့ စွမ်းအားကိုကောင်းမွန်စွာထိန်းချုပ်ခြင်းတို့ကို ပြင်ပအရာတစ်ခုခုနဲ့ မတိုးမြှင့်နိုင်ပါဘူး။

ခွန်အားက လွဲပြီး  လီဖူချန်းက အခြားကဏ္ဍအားလုံးမှာ တစ္ဆေဓားသူတော်စင်ထက် မနိမ့်ကျပါပါဘူး။  လီဖူချန်းက ဘယ်လိုတောင်ကျင့်ကြံခဲ့သလဲကို တစ္ဆေဓားသူတော်စင်က နားမလည်နိုင်ဖြစ်နေတယ်။

တစ္ဆေဓားသူတော်စင်က ကျူးကလန်က မဟုတ်ပါဘူး။ ကျူးကလန်က အကြိုနတ်ဘုရားကလန်ဖြစ်ပြီး နက်နဲတဲ့အခြေခံအုတ်မြစ်ရှိတယ်။ သူတို့မှာ အထွတ်အထိပ်လက်နက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေများစွာ ရှိတယ်၊ ဒါပေမယ့် တစ္ဆေဓားသူတော်စင်မှာတော့ အဆင့်မသတ်မှတ်ထားတဲ့အထွတ်အထိပ်ဓားတ‌စ္ဆေဓားတစ်လက်နဲ့ အဆင့်မသတ်မှတ်ထားတဲ့အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုသာ ရှိတယ်။ အ‌နောက်ကဟာက အသုံးမဝင်တာများပါတယ်။ အရေးကြီးတဲ့အချိန်မှာ အဲဒါက သူ့အသက်ကို ကယ်ဆယ်နိုင်တယ်၊ အဲရည်ရွယ်ချက်တစ်ခုလေးသာ ရှိတယ်။

ဒါကြောင့် အခုအချိန်မှာ သူက လီဖူချန်းကို မရင်ဆိုင်နိုင်ပါဘူး။

ဒါပေမယ့် တစ္ဆေဓားသူတော်စင်က အရှုံးပေးရမယ်လို့ မဆိုလိုပါဘူး။

ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်ကို ကိုင်ဆွဲရတာ မလွယ်ပါဘူး။ လီဖူချန်းက ကြာရှည်မကိုင်နိုင်ဘူးလို့ တစ္ဆေဓားသူတော်စင်က ယုံကြည်တယ်။

တစ္ဆေဓားသူတော်စင်ရဲ့ကောက်နုတ်ချက်က မှန်ပါတယ်၊ လီဖူချန်းက ကြာရှည် မကိုင်ဆွဲနိုင်ပါဘူး။ ဒီအချိန်တိုလေးအတွင်းမှာ သူ့ရဲ့ချီသုံးဆယ်ရာခိုင်နှုန်းက ကုန်ဆုံးသွားပြီဖြစ်တယ်။ ကောင်းကင်မျဉ်းဓားက သူ့ရဲ့ဓားစွမ်းအင်ကို အဆက်မပြတ်ဝါးမျိုတဲ့ တွင်းနက်တစ်ခုနဲ့တောင် တူတယ်။

"မင်း ဓားနဲ့လူပေါင်းစပ်ခြင်းကို အောင်မြင်နိုင်လား" လီဖူချန်းရဲ့အခြေအနေက မကောင်းဘူးဆိုတာကို ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်က သိတယ်။

"အခြားနည်းလမ်းမရှိတော့ဘူး" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

အသက်တစ်ချက်ရှုသွင်းပြီးနောက် လီဖူချန်းက ကြယ်ပျံကြွေဓားကွက်ကို ရုတ်တရက် ဖော်ထုတ်လိုက်တယ်။

သူက အဲဒါကို တစ္ဆေဓားသူတော်စင်ထံ မဖော်ထုတ်ပါဘူး၊ အဲအစား သူက နောက်ဘက်ကို ဖော်ထုတ်လိုက်တာပါ။

"ပြေးဖို့ မကြိုးစားနဲ့" တစ္ဆေဓားသူတော်စင်က အော်လိုက်တယ်၊ သူက လီဖူချန်းကို ရပ်တန့်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် သူက တစ်ခဏတာနောက်ကျသွားခဲ့တယ်။

လီဖူချန်းနဲ့ကောင်းကင်မျဉ်းဓားက ဓားတစ်လက်အဖြစ် ပေါင်းစပ်သွားပြီး ခြေရာလက်ရာတစ်ခုမှမကျန်ဘဲ ပျောက်ကွယ်သွားလေတယ်။

ကြယ်ပျံကြွေဓားကွက်က ဓားနဲ့လူပေါင်းစပ်ခြင်းကို အသုံးချတဲ့ဓားကွက်တစ်ခု ဖြစ်တယ်။ အဲလိုလုပ်ဖို့က ဖြစ်နိုင်တုန်းပဲ၊ အခုဆိုရင် အထွတ်အထိပ်အခြေအနေမှာ ရှိနေတာလေ။ ဆကာင်းကင်မျဉ်းဓားရဲ့ဖြည့်စွက်ပေးမှုနဲ့အတူ လီဖူချန်းရဲ့ပျံသန်းအရှိန်က အဆများစွာ တိုးလာတယ်။ အဲဒါက လီဖူချန်း ရန်သူကို တိုက်ခိုက်တုန်းကလောက် မမြန်ဘူး၊ ဒါပေမယ့် အဲဒါက တစ္ဆေဓားသူတော်စင်ကို နောက်မှာ ချန်ထားဖို့ လုံလောက်ပါတယ်။

"ငါ မင်းကို ကမ္ဘာအဆုံးထိ လိုက်မယ်"

ကောင်းကင်မျဉ်းဓားပေါ်ရှိသူ့ရဲ့အမှတ်အသားကို ခြေရာခံလျက် တစ္ဆေဓားသူတော်စင်က လိုက်သွားတယ်။

…

"ဒီလိုအမြန်နှုန်း"

သူ့ရဲ့အချိန်နဲ့ဟင်းလင်းပြင်အာရုံခံစားမှုကတောင် ရပ်တန့်သွားသလို လီဖူချန်းက ခံစားရတယ်။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံထဲမှာ အချိန်က ရပ်တန့်သွားပုံရပြီး သူတစ်ယောက်တည်းကသာ အဆက်မပြတ်ရွေ့လျားနေတယ်။

နောက်တစ်ခဏမှာ လူနဲ့ဓားက မီးနဂါးကျွန်းမှ ပျံသန်းထွက်သွားလေတယ်။

"ငါ့အပေါ်ကအမှတ်အသားကို ဖယ်ရှားရမယ်၊ မဟုတ်ရင် ငါတို့စွမ်းအင်တွေက ကြာရှည်ခံနိုင်မှာ မဟုတ်ဘူး" ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်က ပြောလိုက်တယ်။

"ငါ တစ်ချက်ကြည့်ရအောင်" လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ကောင်းကင်မျဉ်းဓားထဲကို ဝင်စေလိုက်တယ်။

ပိုင်ရှင်အသိအမှတ်ပြုခြင်းမရှိဘဲ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ကောင်းကင်မျဉ်းဓားထဲကို မဝင်နိုင်ပါဘူး။ ဓားစိတ်ဝိညာဉ်က မခုခံရင်တော့ ချွင်းချွက်ပေါ့။

လိပြာအသိစိတ်အာရုံက ကောင်းကင်မျဉ်းဓားထဲကို ဝင်ရောက်ပြီးနောက် လီဖူချန်းက တစ္ဆေဓားသူတော်စင်ချမှတ်ခဲ့တဲ့အမှတ်အသားကို တွေ့လိုက်ရတယ်။

အမှတ်အသားက နက်မှောင်အေးစက်ပြီးသေးငယ်တဲ့ ဓားသေးတစ်လက် ဖြစ်တယ်။ ဒီဓားသေးကို ချဲ့ကားကြည့်ရင်တောင်မှ အဲဒါက အလွန်ဆန်းပြားနေတုန်းပဲ။ ကောင်းကင်မျဉ်းဓားက အချိန်တိုအတွင်းမှာ အမှတ်အသားကို မဖျက်နိုင်တာ အံ့ဩစရာမရှိပါဘူး။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို အသုံးပြုရုံနဲ့ လီဖူချန်းက အမှတ်အသားကို မဖျက်နိုင်ပါဘူး၊ ဒါပေမယ့် သူ့မှာ စိတ်ဝိညာဉ်စွမ်းအား ရှိပါတယ်။

စိတ်ဝိညာဉ်စွမ်းအားနဲ့စစ်ဆေးပြီးနောက် အမှတ်အသားရဲ့အသေးစိတ်တိုင်းက ထင်ရှားလာတယ်။

အချိန်တိုအတွင်း လီဖူချန်းက အမှတ်အသားကို ဖျက်ဆီးနိုင်ခဲ့တယ်။

အဝေးရှိမိုင်ဆယ်မီလီယံအကွာမှာ တစ္ဆေဓားသူတော်စင်က သွေးတစ်ပွက်အန်လိုက်ရတယ်။

ကြက်သွေးရောင်မီးတိုင်ယန်မျောက်ဝံထံမှ ထွက်ခွာနိုင်ဖို့ တ‌စ္ဆေဓားသူတော်စင်က အတွင်းဒဏ်ရာများစွာကို ခံစားခဲ့ရတယ်။ အစောပိုင်းတွေတုန်းက  သူက သူ့ရဲ့ဖိနှိပ်ထားနိုင်ရုံမျှသာပဲ၊ ဒါပေမယ့် အခု ကောင်းကင်မျဉ်းဓားပေါ်ကအမှတ်အသားကို ဖျက်ဆီးလိုက်တာကြောင့် သူ့ရဲ့ဒဏ်ရာတွေကို နောက်ထပ် မဖိနှိပ်နိုင်တော့ပါဘူး။

"ငါ့ရဲ့ဆန်းကြယ်ယင်ဓားအမှတ်အသားက အမှန်တကယ် ချိုးဖြတ်ခံလိုက်ရတယ်" တစ္ဆေဓားသူတော်စင်က ရှက်ရွံ့တဲ့အမူအရာ ဖြစ်သွားရတယ်။

ဆန်းကြယ်ယင်ဓားအမှတ်အသားက ကြယ်ကိုးပွင့်လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းတစ်ခု ဖြစ်တယ်။ သာမန်အနေအထားမှာ ပစ်မှန်ရဲ့လိပ်ပြာအသိစိတ်အာရုံက အလွန်အမင်းအားမကောင်းရင် ဆန်းကြယ်ယင်ဓားအမှတ်အသားကို အချိန်တိုအတွင်း ချိုးဖျက်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။

"ဒါ ကောင်းကင်မျဉ်းဓားလား၊ ဟိုကောင်လေးလား"

တစ္ဆေဓားသူတော်စင်က ဒီလိုဆုံးရှုံးမှုမျိုးကို မခံစားရတာ တော်တော်ကြာပါပြီ။ နက်ပြာပလိန်းမှာ အနည်းငယ်ကသာ သူ့ကို ဒီအခြေအနေရောက်အောင် လုပ်နိုင်တာပါ။

အမှတ်အသားကို ဖျက်ဆီးပြီးနောက် လီဖူချန်းက ဓားနဲ့လူပေါင်းစပ်ခြင်းမှ ထွက်လိုက်တယ်။

ကောင်းကင်မျဉ်းဓားနဲ့အတူ ဓားနဲ့လူပေါင်းစပ်ခြင်းက ဓားစွမ်းအင်များစွာကို အသုံးပြုရတယ်။ အခုဆိုရင် လီဖူချန်းက ဓားစွမ်းအင်သုံးဆယ်ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့တယ်။

ဦးတည်ချက်ကို ချိန်းပြီးနောက် လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိရာ ပျံသန်းသွားလေတယ်။

…

"မင်းက ကောင်းကင်ဆက်ဓားလား"

ဓားနှစ်လက်အတူရှိနေချိန်မှာ စကားပြောမှုရှိနေမှာ မလွဲဧကန်ပါပဲ။

လီဖူချန်းက ကောင်းကင်ဆက်ဓားကို ပိုင်ဆိုင်တာကို သိပြီးနောက် ကောင်းကင်ဓားစိတ်ဝိညာဉ်က အံ့ဩထိတ်လန့်သွားရတယ်။

ကောင်းကင်ဆက်ဓားနဲ့ နှိုင်းယှဉ်ရင် ကောင်းကင်မျဉ်းဓားက ဂျူနီယာအဆင့်သာ ရှိတယ်။ သူ အသိဉာဏ်ရလာချိန်မှာ ကောင်းကင်ဆက်ဓားက စကြာဝဠာတစ်ခုလုံးမှာ လူသိများ‌နေပြီးဖြစ်တယ်။ အဲဒါက ရှေးခေတ်ကတည်းက နတ်ဘုရားဓားသုံးလက်ရဲ့ထိပ်မှာ ရပ်တည်နေတာလေ။

ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်သိထားတာအရ တစ်ယောက်မှ ကောင်းကင်ဆက်ဓားကို ကိုင်ဆောင်ခြင်းမရှိရင်တောင် ၎င်းက အဆင့်မြင့်သူတော်စင်တွေကို သတ်ဖြတ်နိုင်တယ်။ ဒါကြောင့် ကောင်းကင်ဆက်ဓားက လုံးဝမတူခြားနားတဲ့အဆင့်တစ်ခုမှာ ရှိနေတာပါပဲ။

"ဟုတ်တယ်" ကောင်းကင်ဆက်ဓားစိတ်ဝိညာဥ်က ဂုဏ်ယူတဲ့လေသံနဲ့ ပြောလိုက်တယ်။

"စီနီယာ၊ ဒီဂျူနီယာက သင့်ရဲ့အောင်မြင်မှုကို ဟိုးအရင်ကတည်းက ကြားဖူးတယ်။ ဒီနေ့ သင်နဲ့တွေ့ရတာ တကယ်ကို ဂုဏ်ယူစရာပဲ" ကောင်းကင်ဆက်ဓားရဲ့‌ရှေ့မှာ ကောင်းကင်မျဉ်းဓားဝိညာဉ်ကို မာနကို ခဝါချထားရတယ်။

ကောင်းကင်ဆက်ဓားက ပြောလိုက်တယ်"မင်းလည်း မဆိုးပါဘူး။ ရှေးခေတ်ကတည်းက အနည်းငယ်ကသာ မင်းရဲ့အမြန်နှုန်းမျိုးကို အောင်မြင်နိုင်တာ"

ဓားတိုင်းမှာ ကိုယ်ပိုင်လက္ခဏာရှိပြီး ကောင်းကင်မျဉ်းဓားရဲ့လက္ခဏာက မြန်နှုန်း ဖြစ်တယ်။

ဓားတစ်လက်က လုံ‌လုံလောက်လောက်မြန်ရင် ခွန်အားကွာခြားချက်ကို သေချာတဲ့အတိုင်းအတာတစ်ခုအထိ ငြင်းပယ်နိုင်လိမ့်မယ်။

ရန်သူက ဘယ်လောက်အားကောင်းကောင်း ကိစ္စမရှိဘူး၊ ခံစစ်ကို ချိုးဖောက်နိုင်သရွေ့ ဒဏ်ရာရဖို့ သတ်ဖို့ လုံလောက်ပါတယ်။

ကောင်းကင်မျဉ်းဓားက အလင်းရဲ့မြန်နှုန်းကို ချိုးဖျက်နိုင်တာကို ကောင်းကင်ဆက်ဓားက မြင်နိုင်တယ်။

အလင်းရဲ့မြန်နှုန်းကို ချိုးဖျက်နိုင်တာက တကယ်ကို အံ့လောက်စရာပါပဲလေ။ ဟင်းလင်းပြင်တာအိုဓားတွေနဲ့ အန္တိမဓားတွေအပြင် ကောင်းကင်မျဉ်းဓားက အမြန်ဆုံးတွေထဲက တစ်ခုပါပဲ။

ဒါပေမယ့် အလင်းမြန်နှုန်းကို ချိုးဖျက်ဖို့ဆိုရင် ကောင်းကင်မျဉ်းဓားတစ်ခုတည်းကို မှီခိုဖို့က မဖြစ်နိုင်ပါဘူး။ ပြောင်‌မြောက်တဲ့ဓားသမားတစ်ယောက်က ၎င်းကို ကိုင်ဆောင်ဖို့ လိုအပ်တယ်။

"စိနီယာ၊ သင်က ရှေးခေတ်ကတည်းကဆိုတော့ အန္တိမဓားတွေ၊ ထိပ်တန်းအဆင့်ဓားတွေအကုန်လုံးကို မြင်ဖူး၊ ကြားဖူးမှာပါ။ ဟင်းလင်းပြင်တာအိုဓားတွေအပြင် ဘယ်ဓားတွေက ငါ့ထက် ပိုမြန်လဲ" ကောင်းကင်မျဉ်းဓားက မေးလိုက်တယ်။

ကောင်းကင်မျဉ်းဓားရဲ့ခေတ်မှာ သူ့ထက်ပိုမြန်တဲ့ဓားရှိတာကို သူ တစ်ခါမှ မကြားဖူးဘူး။ အန္တိမဓားတစ်လက်ကတောင် အနည်းငယ်ပိုနှေးတယ်။

ကောင်းကင်ဆက်ဓားက မေးခွန်းကို ကြားတဲ့အခါ ကောင်းကင်မျဉ်းဓားက သူ့ကိုယ်သူ အတော်လေးဂုဏ်ယူနေမှန်း သိလိုက်ရတယ်။

"မင်းထက်မြန်တဲ့ဓားတွေက အများကြီးမရှိဘူး၊ အနည်းငယ်ပဲ ရှိတယ်။ ထိပ်တန်းအဆင့်ဓားဖြစ်တဲ့ဖီကာစပ်ဓားမျိုးပေါ့။ ကိုင်ဆောင်လိုက်တာနဲ့ အဲဒါက ဖီကာစပ်တစ်ကောင်ပမာ ကောင်းကင်ကို ဖြတ်သန်းပြီး ခြေရာတောင်ခံလို့မရနိုင်ဘူး"

(မြန်မာဘာသာပြန်သူ၏မှတ်စု-ဖီကာစပ်= ဂရိဒဏ္ဍာရီလာတောင်ပံပါနတ်မြင်း)

"အန္တိမအဆင့်ဓားဖြစ်တဲ့ယင်ရောင်ခြည်ဓားလဲ ရှိတယ်။ ထိုဓားမှာ အချိန်နဲ့ဟင်းလင်းပြင်စွမ်းအား ပါရှိတယ်။ အန္တိမအဆင့်ဓားဖြစ်တဲ့................"

ကောင်းကင်ဆင်ဓားက ဓားအမျိုးအစားများစွာကို ပြောပြခဲ့တယ်၊ ကောင်းကင်မျဉ်းဓားက ငြိမ်သက်စွာ ကျန်ခဲ့ရတယ်။

ကောင်းကင်ဆက်ဓားက ကောင်းကင်မျဉ်းဓားစိတ်ဝိညာဉ်ကို စိတ်ဓာတ်ကျအောင် ပြောတာ မဟုတ်ဘူး။ ထိပ်တန်းအဆင့်ရောက်ရုံမျှဓားတစ်လက်က စကြာဝဠာတစ်ခုလုံးမှာ ဘာမှမဟုတ်ပါဘူး။  ကောင်းကင်ဆက်ဓားက နတ်ဘုရားဓားသုံးလက်ထဲက တစ်လက်ဖြစ်ပေမယ့် စကြာဝဠာရဲ့အတွင်းပိုင်းတွေမှာ ပိုအားကောင်းတဲ့ဓားတွေ ရှိတာကို သူက ရှင်းရှင်းလင်းလင်း သိတယ်။ နတ်ဘုရားဓားသုံးလက်ဆိုတာက ဒီကြယ်ပိုင်နက်အတွက် ဂုဏ်ပုဒ်တစ်ခုသာပါပဲ။

ဓားနှစ်လက်က စကားပြောနေတာကို လီဖူချန်းက မသိဘူး။ လက်ရှိအချိန်မှာ သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဖြစ်နိုင်သမျှ အမြန်ပြန်ဖို့ ကြိုးစားနေရင်း သူ့ရဲ့ဓားစွမ်းအင်ကို ပြန်လည်ဖြည့်တင်းနေလေတယ်။

မီးနဂါးကျွန်းသို့ခရီးက သူက ချီကျင့်ကြံမှုကို တိုးမြင့်ဖို့လိုတာကို လီဖူချန်းကို သိစေခဲ့တယ်။

အဆင့်နိမ့်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်က လီဖူချန်းလောက် အားမကောင်းဘူး၊ ဒါပေမယ့် ကြီးမားတဲ့ချီပမာဏနဲ့အတူ အဆင့်နိမ့်သူတော်စင်က ထိပ်တန်းအဆင့်ဓားတစ်လက်ကို အချိန်အကြာကြီး ကိုင်ဆောင်နိုင်တယ်လေ။

ကောင်းကင်ဆက်ဓားရဲ့နောက်ဆုံးချိတ်ပိတ်ကို ဖြေနိုင်မယ့် တစ်နေ့တော့ ရောက်လာမှပါ။ အဲ့အခါကျရင် သူက ဥပဒေပြောင်းလဲခြင်းနယ်ပယ်အဆင့်၉အထွတ်အထိပ်မှာသာ ရှိနေရင် သူက ကောင်းကင်ဆက်ဓားကို အကြိမ်အနည်းငယ်သာ ဝှေ့ယမ်းနိုင်ပါလိမ့်မယ်။

***

All Chapters