← Chapters

ကောင်းကင်မျဉ်းဓားပညာကျင့်ကြံခြင်း

Vol. 59 Ch. 808

ကောင်းကင်မျဉ်းဓားပညာကျင့်ကြံခြင်း

Vol. 59 Ch. 808

အရိုးသားဆုံးပြောရရင် လီကျန့်ဟွေက လီဖူချန်းအပေါ် အများကြီးမမျှော်လင့်ထားပါဘူး။ မီးနဂါးကျွန်းက ရှုပ်ထွေးတဲ့နေရာတစ်ခုဖြစ်တယ်။ လီဖူချန်းက သူတော်စင်တစ်ယောက်မဟုတ်တာကို အသာထား၊ သူက သူတော်စင်တစ်ယောက်ဆိုရင်တောင် သူက မီးနဂါးကျွန်းမှာ သတိကြီးကြီးထားဖို့ လိုအပ်တယ်။

သူက လီဖူချန်းနဲ့ အပေးအယူလုပ်ရတဲ့အကြောင်းရင်းက လီကလန်မှာ ရွေးချယ်စရာမရှိလို့ပါပဲ။ အဆင့်နိမ့်သူတော်စင်တွေအောက်မှာ လီဖူချန်းကသာ ကောင်းကင်မျဉ်းဓားကို ရရှိဖို့ အကောင်းဆုံးအခွင့်အရေး ရှိတယ်။ ဒါ့ပြင် သူတို့က သူတော်စင်တွေ မယုံကြည်သလို ငွေကြေးအကုန်အကျလည်းမတတ်နိုင်ပါဘူး။

လီကျန့်ဟွေရဲ့အမြင်အရ လီဖူချန်းက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁ဖြစ်တယ်၊ ဒါကြောင့် အံ့ဩတုန်လှုပ်စရာကံကြမ္မာကောင်းတွေ ရှိနိုင်ပြီး ကောင်းကင်မျဉ်းဓားကို ပြန်ယူနိုင်လောက်တယ်။

‌ဒါကြောင့် လီဖူချန်း ကောင်းကင်မျဉ်းဓားကို ပြန်ယူလာတဲ့အခါ လီကျန့်ဟွေက အလွန်အမင်းအံ့ဩပျော်ရွှင်နေတယ်။

ကောင်းကင်မျဉ်းဓားက အတုမဟုတ်ပါဘူး၊ လီကျန့်‌ဟွေက ချက်ချင်း ခွဲခြားနိုင်တယ်။

"ဒါက ငါ့လီကလန်ရဲ့အဓိကနေရာပဲ၊ ကောင်းကင်မျဉ်းဓားရွာလို့ ခေါ်တယ်"

လီကျန့်ဟွေက လီဖူချန်းကို လီကလန်ရဲ့အတွင်းနက်ပိုင်းမှာရှိတဲ့ရွာတစ်ရွာရှေ့ကို ခေါ်ဆောင်သွားတယ်။

"ဒီလိုပြင်းထန်တဲ့ဓားဆန္ဒ"

ဓားရွာအပြင်ဘက်မှာ လီဖူချန်းက သူ့မျက်နှာပေါ်ရှိဓားဆန္ဒလှိုင်းကို ခံစားရတယ်။

လီကျန့်ဟွေက ပြောတယ်"ကောင်းကင်မျဉ်းဓားပညာကို ဓားရွာရဲ့ကျောက်နံရံတွေပေါ်မှာ ထွင်းထုထားတယ်။ မင်းက ဓားရွာအတွင်းမှာသာ ဓားပညာကို ကြည့်ရှုနိုင်ပြီး အပြင်ကို ယူထုတ်လို့မရဘူး"

"ကောင်းပြီ"

လီဖူချန်းက ခေါင်းညိတ်ကာ ဓားရွာထဲကို ဝင်သွားတယ်။

…

ကောင်းကင်မျဉ်းဓားရွာက မကြီးမားပါဘူး၊ ရွာလေးတစ်ခုလို့သာ စဉ်းစားနိုင်တယ်။

ပြင်းပြတဲ့ဓားဆန္ဒက ဓားရွာအတွင်းမှာ ပျံ့နှံ့နေတယ်။ သူက စကြာဝဠာထဲမှာ ရှိသလို လီဖူချန်းက ခံစားရတယ်။

" စကြာဝဠာကို နှစ်ထောင်‌ပေါင်းများစွာ ခရီးသွားပြီးနောက် ကောင်းကင်မျဉ်းဓားပညာကို ငါ ထွင်ခဲ့တယ်။ အဲဒါက စကြာဝဠာရှိအမြဲတမ်းလည်ပတ်နေတဲ့ကံကြမ္မာကို အကိုးအကားယူထားတယ်။ လူတစ်ယောက်က အသန်မာဆုံးဖြစ်လိုတဲ့ရည်ရွယ်ချက် ရှိရမယ်။ ဂျူနီယာတစ်ယောက်က ကောင်းကင်မျဉ်းဓားပညာကို နားလည်ချင်ရင် သူ့မှာ ထိပ်ဆုံးကို‌ရောက်ချင်တဲ့နှလုံးသားတစ်ခု ရှိရမယ်"

ဓားရွာရဲ့ဝင်ပေါက်မှာ လီဖူချန်းက စာလုံးကြီးတွေနဲ့ပြဌာန်းထားတဲ့စာပိုဒ်တစ်ပိုဒ်ကို မြင်လိုက်တယ်။ စာလုံးတစ်လုံးစီက ဓားပညာစုတ်ချက်တစ်ခုနဲ့ တူတယ်။ အဲဒါက စိတ်ဝိညာဉ်ထဲကို ရောက်ရှိလာပြီး မေ့ပျောက်ဖို့ ခက်ခဲတယ်။

"ဓားဘုရားသခင်က တကယ်ကို မယုံနိုင်စရာပဲ"

လီဖူချန်းက ခန့်မှန်းထားတယ်၊ စာလုံးတွေကို ဓားဘုရားသခင်က ထွင်းထုထားတယ်၊ သူ့ရဲ့မျိုးဆက်အတွက် လမ်းညွှန်တစ်ခုအနေနဲ့ပေါ့။

လီဖူချန်းက ရှေ့ကို ဆက်သွားနေတာကြောင့် ဓားကွက်တစ်ခုက ကျောက်တုံးနံရံမှ မျက်လုံးထဲကို ဝင်လာတယ်။

ပထမဓားကွက်၊ ကောင်းကင်မြေကြီးလှည့်လည်ခြင်း"

လီဖူချန်းက ထိုစာလုံးတွေကို ထိတွေ့ဖို့ ကြိုးစားလိုက်တယ်။

ဝုန်း.........

စကြာဝဠာထဲမှာ ပြိုးပြိုးပြက်ပြက်လက်နေတဲ့ ဓားအလင်းတစ်ခု ရှိတယ်။ အဲဒါက ကြယ်ကောင်းကင်ရဲ့အနက်ပိုင်းထဲမှာ ရှိတယ်၊ ဒါပေမယ့် ချက်ချင်း မျက်လုံးတွေရှေ့ကို ရောက်လာယ်။ ကမ္ဘာတစ်ခုလုံးမှာ ဒီဓားအလင်းက အတောက်ပဆုံးနဲ့မရပ်တန့်နိုင်ဆုံး ဖြစ်တယ်။

"ဒီလိုမြန်ပြီးပြင်းထန်တဲ့ဓားကွက်"

စစ်မှန်တဲ့ကောင်းကင်မြေကြီးတုန်လှုပ်ခြင်းနဲ့ နှိုင်းယှဉ်ရင် လီကျန့်ရှင်းရဲ့ဓားကွက်က မပြည့်စုံသေးပါဘူး။ သူက ဓားဆန္ဒရဲ့အဓိကဗဟိုချက်ကိုတောင် နားမလည်နိုင်သေးပါဘူး။

အစစ်အမှန်ကောင်းကင်မြေကြီးတုန်လှုပ်ခြင်းက မြန်ရုံတင်မကပါဘူး၊ တောင်‌တစ်သောင်းကတောင် မရပ်တန့်နိုင်တဲ့ဓားဆန္ဒတစ်ခု ရှိတယ်။ ဒီဆန္ဒကို ပိုင်ဆိုင်ပြီးမှသာ ကောင်းကင်မြေကြီးတုန်လှုပ်ခြင်းက သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိပေလိမ့်မယ်။

ဓားဆန္ဒဇုန်မှ ဆုတ်ခွာပြီးနောက် လီဖူချန်းက ရှေ့ကို ဆက်သွားတယ်။

ဒုတိယဓားကွက်"ကောင်းကင်အလင်းပျံဓား"

နက်မှောင်တဲ့စကြာဝဠာထဲမှာ အဆုံးမဲ့ဓားအလင်းတွေက အလင်းမြစ်တစ်စင်းအဖြစ် စုဆုံကြတယ်။ အလင်းမြစ်က ကောင်းကင်မြေကြီးစွမ်းပကားကို စုစည်းထားတယ်။ ရိုက်ချက်တစ်ချက်က ကြယ်များစွာကို ဖျက်ဆီးနိုင်တယ်။ အရှိန်က ကောင်းကင်မြေကြီးတုန်လှုပ်ခြင်းလောက်တော့ မမြန်ဘူး၊ ဒါပေမယ့် ဆယ်ဆပိုမိုပြင်းထန်တယ်။

တတိယဓားကွက်၊ ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်။

စကြာဝဠာထဲမှာ လေပြင်းတစ်ခုက လျင်မြန်စွာ တိုက်ခတ်နေတယ်။ လေတိုက်တဲ့အခါ ကြယ်တွေက ပျောက်ကွယ်သွားပြီး အများစုက ခွဲဖြတ်ခံလိုက်ရတယ်။

စတုတ္ထဓားကွက်၊ ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓား။

စကြာဝဠာထဲမှာ အနီရောင်မိုးကြိုးအလင်းတစ်ခုက အရိပ်အယောင်တစ်ခုပမာ တဖျတ်ဖျတ်လက်နေတယ်။ ပတ်ဝန်းကျင်ရှိ ကြယ်အားလုံးက ပေါက်ကွဲသွားရတယ်။

"လီကျန့်ရှင်းရဲ့စတုတ္ထဓားကွက်က ဒီဆန္ဒရဲ့အကြိမ်တစ်ရာလောက် ရှိရင် ငါနှစ်ယောက်‌ပေါင်းတောင်မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး" လီဖူချန်းရဲ့နှလုံးသားထဲမှာ အတွေးဝင်သွားတယ်။

ကောင်းကင်မျဉ်းဓားပညာက အားကောင်းလွန်းတယ်။ အဲဒါက သူမြင်ဖူးသမျှထဲမှာ အသန်မာတုံးဓားပညာဖြစ်တယ်။

ကောင်းကင်အလင်းပျံဓားဖြစ်စေ၊ ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်ဖြစ်စေ၊ ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓားဖြစ်စေ သူတို့တွေက အလင်း၊ လေ၊ မိုးကြိုးတို့နဲ့ မဆက်စပ်ပါဘူး။ သူတို့က ဆင်တူရုံမျှသာပါပဲ။ ကောင်းကင်မျဉ်းဓားပညာက အလင်း၊ လေနဲ့ မိုးကြိုးတို့ရဲ့အကျိုးသက်ရောက်မှုတွေကို အတုယူဖော်ထုတ်နိုင်ဖို့ သန့်စင်တဲ့ဓားတာအိုဥပဒေသကို အသုံးပြုနိုင်တယ်။ ဒါက သူ့ရဲ့ကြောက်မက်ဖွယ်ရာကို သက်သေပြဖို့ လုံလောက်တယ်။

ရှေ့သို့ ဆက်သွားနေတယ်။

ပဉ္စမဓားကွက်က ကောင်းကင်မီးနေအက်ကွဲဓား။

ဆဌမဓားကွက်က ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်။

…

အကွက်အသီးသီးရဲ့ကြောက်မက်ဖွယ်ရာက တိုးတိုးလာတယ်၊ အဲဒါက ဓားတာအိုရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့ ပိုနီးကပ်လာနေတယ်။

ကောင်းကင်မျဉ်းဓားပညာရဲ့ဓားကွက်အားလုံးကို ဖတ်ပြီးနောက် လီဖူချန်းရဲ့စိတ်မှာ ကောင်းကင်မျဉ်းဓားပညာရဲ့ဓားတာအိုတည်ရှိမှုနဲ့သူ့ကိုယ်ပိုင်ဓားတာအိုနားလည်မှုတွေနဲ့ ပြည့်နှက်နေတယ်။

"ငါ အရင်ဆုံး ကျေညက်‌အောင် လုပ်ရမယ်"

လီဖူချန်းက တင်ပျဉ်ခွေထိုင်ပြီး သူ့ရဲ့ဓားတာအိုနားလည်မှုကို စတင်ချေဖျက်လိုက်တယ်။

သုံးရက်ကြာပြီးနောက် လီဖူချန်းက မျက်လုံးဖွင့်လိုက်တယ်၊ အံ့ဩထိတ်လန့်မှုအပြည့်နဲ့ပေါ့။

"ကောင်းကင်မျဉ်းဓားပညာကို တစ်ကြိမ်ဖတ်ရုံနဲ့ ငါ့ရဲ့တိုးတက်မှုက နတ်သက်တံဓားပညာကို အကြိမ်များစွာ ဖတ်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ငါက ကောင်းကင်မျဉ်းဓားပညာကို ဆယ်ကြိမ်ဒါမှမဟုတ် အကြိမ်တစ်ရာ ဖတ်နိုင်ရင် မူလအဆုံးစွန်းဓားပညာရဲ့တတိယကွက်ကို ဖန်တီးနိုင်လောက်တယ်"

လီဖူချန်းက ဓားရွာရဲ့ဝင်ပေါက်ကို ပြန်သွားပြီး ကောင်းကင်မျဉ်းဓားပညာရဲ့ပထမဓားကွက်ကို နောက်ထပ်တစ်ကြိမ် ဖတ်လိုက်ပြန်တယ်။

တစ်လ၊ နှစ်လ.........

မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်က ကုန်ဆုံးသွားခဲ့တယ်။

လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာကို နက်နက်ရှိုင်းရှိုင်းနားလည်သွားပြီဖြစ်တယ်။

သူက ကောင်းကင်မျဉ်းဓားပညာကို တမင်သက်သက် မကျင့်ကြံခဲ့ပေမယ့် ဓားငါးကွက်ကို မရည်ရွယ်ဘဲ ကျွမ်းကျင်သွားခဲ့တယ်။

သူတို့က ကောင်းကင်မြေကြီးလည်ပတ်ခြင်း၊ ကောင်းကင်အလင်းပျံဓား၊ ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်၊ ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓားနဲ့ ကောင်းကင်မီးနေအက်ကွဲဓားတို့ပဲ ဖြစ်တယ်။

သူတို့ကြားမှာ ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓားနဲ့ကောင်းကင်မီးနေအက်ကွဲဓားတို့က အထွတ်အထိပ်အခြေအနေကို ရောက်ရှိသွားပြီဖြစ်တယ်။ စွမ်းအားအရ ပဉ္စမဓားကွက်ကောင်းကင်မီးနေအက်ကွဲဓားက မူလဘူတဓားကို ကျော်ဖြတ်သွားတယ်၊ စတုတ္ထဓားကွက်ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓားက မူလဘူတဓားနဲ့ ညီမျှတယ်။

"အချိန်ဖြုန်းလို့မရဘူး"

လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာကို ဆက်ဖတ်နေတယ်။ မူလအဆုံးစွန်းဓားကွက်ရဲ့တတိယဓားကွက်ကို ဖန်တီးဖို့အတွက် ငါက တစ်နှစ်ပြီးမှ လုပ်နိုင်လောက်မယ်"

ခုနှစ်လ........ကိုးလ.........ဆယ့်တစ်လ.........

"မတူတော့ဘူး။ ဒါကမှ စစ်မှန်တဲ့ကောင်းကင်မြေကြီးလည်ပတ်ခြင်းပဲ"

"စာအုပ်တစ်အုပ်ကို အကြိမ်တစ်ထောင်ဖတ်ပြီး‌မှ စစ်မှန်တဲ့အဓိပ္ပါယ်က ထွက်ပေါ်လာလိမ့်မယ်"လို့ ပြောကြတာ အံ့ဩစရာမရှိဘူးပဲ။

စအုပ်တစ်အုပ်ကို အကြိမ်အရေအတွက် လုံလုံလောက်လောက်ဖတ်ပြီးနောက် အတုံးဆုံးပုဂ္ဂိုလ်တောင် စာအုပ်ရဲ့အဓိပ္ပါယ်ကို နားလည်နိုင်လိမ့်မယ်။

လီဖူချန်းက ငတုံးမဟုတ်ဘူး။ ထိုးထွင်းသိမြင်မှုအရ သူတော်စင်တစ်ယောက်ကတောင် သူ့ကို ရှုံးလိမ့်မယ်။ ဒါကြောင့် ကောင်းကင်မျဉ်းဓားကို အကြိမ်တစ်ရာနီးပါးဖတ်ပြီးနောက် မျက်နှာလွှာဇာကို မတင်လိုက်သလို လီဖူချန်းက ခံစားမိပြီး ကောင်းကင်မျဉ်းဓားပညာရဲ့စစ်မှန်တဲ့အသွင်အပြင်ကို မြင်လိုက်ရတယ်။

အခုဆိုရင် လီဖူချန်းက ပထမငါးကွက်စလုံးရဲ့အထွတ်အထိပ်အခြေအနေကို ရောက်ရှိပြီဖြစ်တယ်။

သူက ခြောက်ကွက်မြောက်ဖြစ်တဲ့ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်ကိုပင် သင်ယူနိုင်ခဲ့တယ်။

အရင်တုန်းကဆိုရင် စတုတ္ထဓားကွက်က မူလဘူတဓားနဲ့ နှိုင်းယှဉ်နိုင်ခဲ့တယ်၊ အခု တတိယဓားကွက်ကောင်းကင်လေနတ်ဘုရားအမြန်ခုတ်ပိုင်းချက်ကတောင် မူလဘူတဓားနဲ့ နှိုင်းယှဉ်နိုင်နေပြီဖြစ်တယ်။ စတုတ္ထဓားကွက်က မူလဘူတဓားကို ဖြတ်ကျော်သွားခဲ့ပါပြီ။

လီဖူချန်းရဲ့‌နားလည်မှုအရ မူလဘူတဓားက တတိယအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုရဲ့ခွန်အားရှိရင် ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထဓားကွက်က ထိပ်ဆုံးတတိယအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုရဲ့ခွန်အား ရှိတယ်။ ပဉ္စမနဲ့ဆဌမဓားကွက်တို့က ဒုတိယအဆင့်အထွတ်အထိပ်ဓားပညာတစ်ခုရဲ့အဆင့်မှာ ရှိတယ်။

လီဖူချန်းက ခါးသက်စွာ ရယ်လိုက်ချေတယ်။ တစ်နှစ်တောင်မပြည့်ဘဲနဲ့ သူ့ရဲ့အသန်မာဆုံးဓားပညာက ပြောင်းလဲသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။ ဒါ့ပြင် အချိန်အတော်ကြာတဲ့အထိ သူ့ရဲ့အသန်မာဆုံးဓားပညာက ကောင်းကင်မျဉ်းဓားပညာသာ ဖြစ်ပေလိမ့်မယ်။ မူလအဆုံးစွန်းဓားပညာက လိုက်မီဖို့ဆိုရင် စတုတ္ထဓားကွက်ကို ဖန်တီးဖို့ လိုပါလိမ့်မယ်၊ တတိယဓားကွက်ကတောင် ကောင်းကောင်းမလုံလောက်ပါဘူး။

"အဲဒါက ကောင်းကင်မျဉ်းဓားရွာနဲ့ ဆက်စပ်လောက်တယ်"

ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့စာကြည့်တိုက်မှာတုန်းက လီဖူချန်းက နတ်သက်တံဓားပညာစာအုပ်ကို ဆယ့်နှစ်ကြိမ်မျှသာ ဖတ်ခဲ့ရတယ်။

ကောင်းကင်မျဉ်းဓားရွာကစာအုပ်တစ်အုပ်မဟုတ်ဘူး၊ လီကလန်အတွက် အရေးကြီးဆုံးနေရာဖြစ်တယ်။ ကောင်းကင်မျဉ်းဓားဆန္ဒက လေ့ကျင့်သူကို ကောင်းကင်မျဉ်းဓားကို ကျင့်ကြံရာမှာ လွယ်ကူစေတယ်။ ဒါ့ပြင် လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာကို အကြိမ်တစ်ရာဖတ်ခဲ့တယ်။ အရအတွက်အရဖြစ်စေ၊ အရည်အသွေးအရဖြစ်စေ၊ အဲဒါက လီဖူချန်းနတ်သက်တံဓားပညာစာအုပ်ကို ဖတ်တုန်းကထက် ပိုမြင့်ပါတယ်။

***

All Chapters