သားရဲအရှင်သခင်လေးယောက်နဲ့ တိုက်ခိုက်ခြင်း
Vol. 59 Ch. 809
တစ်နှစ်သဘောတူညီချက်ပြည့်ပြီးနောက် လီဖူချန်းက လီကလန်မှ ထွက်ခွာလာတယ်။
တစ်နှစ်အတွင်းမှာ လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာခြောက်ကွက်ကို ကျွမ်းကျင်ခဲ့တာကို လီကလန်ရဲ့အဖွဲ့ဝင်တွေက မသိသေးပါဘူး။
"ကောင်းကင်မြေကြီးလည်ပတ်ခြင်း"
သဲကန္တာရထဲမှာ လီဖူချန်းက ဓားနဲ့လူပေါင်းစပ်ခြင်း တည်ရှိနေတယ်။ သူက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး မြင့်မားတဲ့အရှိန်နဲ့ ခရီးသွားနေလေတယ်။
တူညီတဲ့ဓားနဲ့လူပေါင်းစပ်ခြင်းဆိုပေမယ့် ကောင်းကင်မြေကြီးလည်ပတ်ခြင်းက ကြယ်ပျံဓားကွက်ထက် ပိုမြန်ပါတယ်။
ညရောက်တိုင်း နတ်ဆိုးသားရဲတွေနဲ့နတ်ဆိုးတွေက လူသားတွေကို တိုက်ခိုက်နေလျက်ပါပဲ။ တစ်ညတည်းနဲ့ မြို့ဘယ်လောက်ဖျက်ဆီးခံလိုက်ရသလဲကို မသိနိုင်လောက်အောင်ပါပဲ။
ဒီလိုအနေအထားမျိုးနဲ့တွေ့တိုင်း လီဖူချန်းက ကြားဝင်စွက်ဖက်ဖို့ တွန့်ဆုတ်မနေဘူး။
သူ့ရဲ့လက်ရှိခွန်အားအရ ဘယ်နတ်ဆိုးသားရဲဒါမှမဟုတ်နတ်ဆိုးတွေမဆို ဓားကွက်တစ်ကွက်၊နှစ်ကွက်တည်းနဲ့ ဇီဝိန်ချုပ်ရစမြဲပါပဲ။
"သတ်"
နတ်ဆိုးသားရဲအဆုံးမဲ့လှိုင်းတစ်ခုက မြို့တစ်မြို့ဆီ တိုးဝင်နေတယ်၊ မြို့နေလူထုကတော့ ခိုကိုးရာမဲ့လျက်ပေါ့။ ခွန်အားရှိတဲ့သူတွေက လွတ်မြောက်သွားတာ ကြာပြီလေ။ အနည်းငယ်ကသာ လွတ်မြောက်နိုင်တာ စိတ်မကောင်းစရာတစ်ခုပါပဲ။
"သေကြစမ်း"
ကောင်းကင်ကနေ လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်တယ်။ ဓားအလင်းတစ်ခုက နေပမာ တောက်ပနေပြီး ညကိုတောင် ထင်ယောင်ထင်မှားဖြစ်စေတယ်။
ဓားအလင်းအတိုင်းအတာအတွင်းရှိ နတ်ဆိုးသားရဲအားလုံးက ပြာပုံဘဝရောက်သွားကြတော့တယ်။
"ဒါ လူသားသူတော်စင်တစ်ယောက်ပဲ။ သူတို့က စည်းမျဉ်းတွေကို တကယ် ချိုးဖျက်ရဲတယ်ပေါ့။ မြန်မြန် သားရဲအရှင်သခင်ကို အကြောင်းကြားကြ"
ဒီလိုစွမ်းအားမျိုးရှိတဲ့ဓားတစ်ချက်ကို ဓားတာအိုသူတော်စင်တစ်ယောက်က လွဲပြီး အခြားသူတွေ မလုပ်နိုင်ဘူးလေ။ အသက်ရှင်သန်ကျန်ရစ်နိုင်ခဲ့တဲ့နတ်ဆိုးသားရဲတွေက အနီးနားရှိသားရဲအရှင်သခင်တွေကို အကြောင်းကြားလိုက်ကြတယ်။
လူသားနဲ့နတ်ဆိုးသားရဲတွေမှာ သဘောတူညီချက်တစ်ခု ရှိတယ်။ သာမန်အနေအထားမှာ သားရဲအရှင်သခင်တွေနဲ့သူတော်စင်တွေက နိမ့်ကျသူတွေကို သတ်ဖြတ်ခြင်းမှာ မပါဝင်ရပါဘူး။ တစ်ဖက်ဖက်က သဘောတူညီချက်ကို ဖောက်ဖျက်ရင် ထိုဖက်က တန်ဖိုးတစ်ခု ပေးချေဖို့ လိုအပ်ပါတယ်။
အရင် လီဖူချန်း ကောင်းကင်ခြေနင်းမဟာမင်းကို သတ်ခဲ့တုန်းက ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့လက်စားချေမှုကို နှိုးဆော်ပေးခဲ့တယ်လေ။ မြို့များစွာက အဖျက်အဆီးခံလိုက်ရတယ်။ ပြီးနောက် လူသားတွေက ဒေါသထွက်ပြီး နတ်ဆိုးသားရဲမြောက်များစွာကို ပြန်သတ်ခဲ့တယ်။ နှစ်ဘက်လုံးရှိ အထက်အကြီးအကဲတွေကသာ မညှိနှိုင်းခဲ့ရင် ကိစ္စတွေက အဲလောက်နဲ့ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
"ဘာ။ သူတော်စင်တစ်ယောက်လား။ ဘယ်သူတော်စင်လဲ"
လူသားသူတော်စင်တွေထက် သားရဲအရှင်သခင်တွေက ပိုများပါတယ်။ အနီးအနားမှာ လေမီးခိုးလို့ခေါ်တဲ့သားရဲအရှင်သခင်တစ်ကောင်ရှိတယ်၊ ဒါပေမယ့် သူက အဆင့်နိမ့်သားရဲအရှင်သခင်ပါပဲ။ သူက ချက်ချင်းမပါဝင်ရဲပါဘူး၊ သူ့ခွန်အားကအားအနည်းဆုံးအဆင့်နိမ့်သူတော်စင်တစ်ယောက်ထက်တောင် နိမ့်ကျတာလေ။
မျက်မှောင်ကြုတ်လျက် လေမီးခိုးသားရဲအရှင်သခင်က အနီးနားရှိအလယ်ဆင့်သားရဲအရှင်သခင်တွေ၊ အခြားအဆင့်နိမ့်သားရဲအရှင်သခင်တွေကို အကြောင်းကြားလိုက်တယ်။
"လူသားဓားတာအိုသူတော်စင်တစ်ယောက်က ပြဿနာရှာနေတာလား" သတင်းကို ကြားပြီးနောက် ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့မျက်လုံးတွေက လူသတ်ချင်လိုစိတ် တဖျတ်ဖျတ်ထသွားလေတယ်။
ကောင်းကေင်ခြေနင်းမဟာမင်းက သူ့ရဲ့မျိုးဆက်တွေကြားမှာ အလားအလာအရှိဆုံးဖြစ်တယ်၊ ဒါပေမယ့် လူတစ်ယောက်က သတ်ဖြတ်ခဲ့တယ်။ သူက ဒေါသကို ထိန်းချုပ်ထားရပေမယ့် ထပ်မံသတ်ဖြတ်ချင်နေတုန်းပဲ။ သူက အစီအစဉ်မရှိဘဲ လက်စားချေရင် သူ့ကိုယ်သူသာ အန္တရာယ်ဖြစ်စေမှာကို သူသိတယ်။ ဒါကြောင့် သူက အခွင့်အရေးတစ်ခုကို စောင့်မျှော်နေတယ်။
အခွင့်အရေးက နောက်ဆုံးတော့ ရောက်လာပြီ၊ လူသားတွေက သဘောတူညီချက်ကို အရင်ချိုးဖျက်ခဲ့တာပဲလေ။ ဒီအခွင့်အရေးကို သုံးပြီး သူ ဆန္ဒရှိသလောက် သတ်ဖြတ်နိုင်ပြီးပေါ့။
ကောင်းကင်တုန်လှုပ်အရှင်သခင်က ရုတ်တရက် ပျောက်ကွယ်သွားတယ်။
"လူသားဓားတာအိုသူတော်စင်လား။ ဟီးဟီး၊ သူ့ရဲ့ချီသွေးအဆီအနှစ်ကို သုံးပြီးနောက် ထပ်မံတိုးတက်နိုင်မလားကို ငါ သိချင်တယ်" ရွှေအလင်းအရှင်သခင်က ပြုံးဖြဲပြီး သူ့ရဲ့ရွှေသွားတွေကို ဖွင့်လှစ်ပြသလိုက်တယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ သားရဲအရှင်သခင်တွေ များစွာ ရှိတယ်။ လေမီးခိုးအရှင်သခင်ထံမှ သတင်းအချက်အလက်ကို ရပြီးနောက် အနီးရှိသားရဲအရှင်သခင်သုံးလေးကောင်က တစ်ဟုန်ထိုးပြေးလာကြတာပေါ့။
"ငါ အရင်ဆုံး သူ့ကို အချိန်ဆွဲထားရမယ်"
အနီးနားရှိသားရဲအရှင်သခင်တွေကို ဆက်သွယ်ပြီးနောက် လေမီးခိုးအရှင်သခင်က မီးခိုးတစ်ခုအဖြစ် ပြောင်းသွားပြီး လီဖူချန်းရှိရာကို ပျံသန်းလာတယ် ။
"မင်းက ဘယ်လူသားသူတော်စင်လဲ။ မင်းက မျိုးနွယ်နှစ်ခုကြား သဘောတူညီချက်ကို ချိုးဖျက်ခဲ့တာကို မသိဘူးလား။ မြန်မြန် မင်းကိုယ်မင်း အညံခံလိုက်စမ်း"
မိုးကုတ်စက်ဝိုင်းမှ မီးခိုးတွေက ပျံ့နှံ့လာပြီး မြေပြင်ကို ဖုံးလွှမ်းသွားတယ်။
"သားရဲအရှင်သခင်လား" လီဖူချန်းက ခေါင်းမော့တယ်၊ မီးခိုးရှိရာကို ကြည့်လိုက်တယ်။
လီဖူချန်းက မလှုပ်ရှားတော့တာကို မြင်တဲ့အခါ လီဖူချန်းက စိုးရိမ်နေတယ်လို့ လေမီးခိုးအရှင်သခင်က တွေးလိုက်တယ်။ လေမီးခိုးအရှင်သခင်က မီးခိုးတွေကို ဖြန့်ထုတ်လိုက်တယ်၊ မိုင်တစ်ထောင်အတွင်းရှိ အရာတိုင်းက မီးခိုးအဖြစ် ပြောင်းလဲသွားတယ်။ မိမိရဲ့လက်ကိုတောင် မမြင်နိုင်လောက်အောင်ပါပဲ၊ စူးရှတဲ့အနံ့တစ်ခုက ရှိနေတယ်။
"သေစမ်း"
.
လီဖူချန်းက ဓားကို ကြုံသလို ဝှေ့ယမ်းလိုက်တယ်။ ထွန်းတောက်ဓားအလင်းတစ်ခုက မီးခိုးကို ထိုးဖောက်သွားတယ်။
အင့်ခနဲမြည်သံ ထွက်ပေါ်သွားတယ်၊ မီးခိုးက နောက်ဆုတ်သွားတယ်၊ မြင်ကွင်းက ပြန်လည်ရှင်းလင်းသွားတော့တယ်။
"ဒီလိုစွမ်းအား"
မိုင်တစ်ရာအကွာမှာ လေမီးခိုးအရှင်သခင်က အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားတယ်။
သူ သားရဲအရှင်သခင်အဖြစ် ဆင့်ကဲပြောင်းလဲတုန်းက မွေးရာပါစွမ်းအားတစ်ခုဖြစ်တဲ့လေမီးခိုးအင်မော်တယ်ခန္ဓာကိုယ်ကို နိုးထနိုင်ခဲ့တယ်။
(မြန်မာဘာသာပြန်စာရေးဆရာ၏မှတ်စု- မသေမျိုးနဲ့အင်မော်တယ် တူတူပါပဲ)
လေမီးခိုးအင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က အစစ်အမှန်နဲ့ပုံရိပ်ယောင်ကြား ကူးပြောင်းနိုင်တယ်၊ ဘယ်ရန်သူမှ သူ့ကို ဒဏ်ရာမရစေနိုင်ဘူး။ ရန်သူက သူ့ထက် အဆများစွာပိုမသန်မာရင် သူ့ရဲ့သွေးမျိုးဆက်အရင်းအမြစ်ကို ဒဏ်ရာရစေဖို့က မဖြစ်နိုင်ပါဘူး။
စောစောက လီဖူချန်းက သူ့ကို ဒဏ်ရာရစေခဲ့တယ်။
"ခန္ဓာကိုယ်ကို မီးခိုးအဖြစ် ပြောင်းလဲစေတာလား" သူက လေမီးခိုးအရှင်သခင်ကို တစ်ချက်တည်းနဲ့ မသတ်နိုင်တဲ့အတွက် အတော်လေးအံ့အားသင့်သွားတယ်။
ဒါက ကြုံရာခုတ်ပိုင်းချက်တစ်ခုဆိုပေမယ့် သူ့ရဲ့လက်ရှိခွန်အားက အဆင့်နိမ့်သားရဲအရှင်သခင်တစ်ကောင်ကို တစ်ချက်နဲ့ သတ်နိုင်နေပြီးလေ။
"မင်းက တိုက်ခိုက်ရဲသေးတာပေါ့လေ" လေမီးခိုးအရှင်သခင်က ဒေါသထွက်သွားတယ်။
အလယ်ဆင့်သားရဲအရှင်သခင်က ပြေးလာနေတာကို လေမီးခိုးအရှင်သခင်က ခံစားမိပြီး ဖြစ်တယ်။
"ငါ တိုက်တော့ရော ဘာဖြစ်ချင်လဲ။ ရော့ အဲ့မှာ နောက်တစ်ကွက်"
လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဓားအလင်းတစ်ခုက နေရာတစ်ခုလုံးကို နေမင်းကြီးပမာ ထွန်းလင်းသွားစေတယ်။
အား.......
လေမီးခိုးအရှင်သခင်က သနားစဖွယ် အော်လိုက်တယ်၊ တောက်ပဓားအလင်းအောက်မှာ မီးခိုးတွေက ဖြည်းဖြည်းချင်း အငွေ့ပျံနေတယ်။
"ရွှေအလင်းအရှင်သခင်၊ မြန်မြန် ငါ့ကို ကယ်"
လီဖူချန်းရဲ့ဓားကွက်က ဒီလောက်ကြောက်စရာကောင်းမယ်လို့ လေမီးခိုးအရှင်သခင်က မမျှော်လင့်ထားခဲ့ဘူး။
ရွှေရောင်အလင်းတစ်ခုက ကောင်းကင်ကို ထိုးဖောက်လာတယ်။
"ရွှေအလင်းမြားမိုး"
ရွှေရောင်မြားတွေက လီဖူချန်းကို တိုက်ခိုက်လာတယ်။
ပြင်းထန်တဲ့ချီတည်ရှိမှုက မြားထဲမှာ ပါရှိတယ်၊ သူတို့က စိတ်ဝိညာဉ်ကို ဒဏ်ရာရစေဖို့ အထူးပြုလုပ်ထားတာပဲ။
ရန်သူက အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်ဆိုတာကို လီဖူချန်းက ချက်ချင်း သိလိုက်တယ်။
ဒိန်း......ဂျိန်း.......
ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ရွှေရောင်မြားတွေက သူတို့ရဲ့လမ်းကြောင်းမှာ ရပ်သွားတယ်။
"ရွှေအလင်းကာကွယ်ခြင်း"
သူ့ရဲ့မွေးရာပါစွမ်းအားရွှေအလင်းမြားက လီဖူချန်းကို ဒဏ်ရာမရစေနိုင်တာကို မြင်ပြီး ရွှေအလင်းအရှင်သခင်က လီဖူချန်းဆီ မပြေးလာခင် သူ့ကိုယ်သူ ရွှေအလင်းတွေနဲ့ ကာကွယ်လိုက်တယ်။ သူက လီဖူချန်းက သေတဲ့အထိ ရိုက်နှက်ချင်နေတာပဲ ဖြစ်ရမယ်။
"သေချင်နေတာပဲ" လီဖူချန်းရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြစ်သွားတယ်၊ သူက ကောင်းကင်မျဉ်းဓားပညာရဲ့စတုတ္ထဓားကွက်ကောင်းကင်မိုးကြိုးအရိပ်အယောင်ဖျက်ဆီးခြင်းဓားကို ဖော်ထုတ်လိုက်တယ်။
အနီရောင်မိုးကြိုးတစ်ခု လင်းလက်သွားပြီး လီဖူချန်းက ရွှေအလင်းအရှင်သခင်အနောက်ကို ရောက်ရှိလာတယ်။
"မဖြစ်နိုင်ဘူး"
ရွှေအလင်းအရှင်သခင်က ကြည့်လိုက်တယ်၊ သူ့ရဲ့ရွှေရောင်အလင်းက ထိုးဖောက်ခံလိုက်ရပြီး သူ့လက်တစ်ဖက်က လွှင့်ထွက်သွားရတော့တယ်။
"ဘာ။ ရွှေအလင်းအရှင်သခင်ကတောင် မနိုင်ဘူးလား။ ရန်သူက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ထားတဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်များ ဖြစ်နေမလား"
အဝေးကနေ ကြည့်ရင်း လေမီးခိုးအရှင်သခင်က ထိတ်လန့်တုန်လှုပ်သွားရတယ်။
ရွှေအလင်းအရှင်သခင်က အလယ်ဆင့်သားရဲအရှင်သခင်ဖြစ်ပြီး သူ့ရဲ့မွေးရာပါစွမ်းအားဖြစ်တဲ့ရွှေအလင်းကာကွယ်ခြင်းကို အဆင့်နိမ့်သူတော်စင်တွေက မချိုးဖျက်နိုင်ဘူးလေ။
"ရွှေအလင်းအရှင်သခင်၊ ငါတို့ မင်းကို ကူညီဖို့ ရောက်လာပြီ"
မိုးကုတ်စက်ဝိုင်းမှ ကျောက်စိမ်းအလင်းတစ်ခုနဲ့အစိမ်းရောင်အလင်းတစ်ခုက ပျံသန်းလာတယ်။
"အဲဒါ ကျောက်စိမ်းနတ်ဆိုးအကြီးအကဲသားရဲနဲ့ ခြင်္သေ့စိမ်းအရှင်သခင်တို့ပဲ"
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု-အကြီးအကဲသားရဲကလည်း အရှင်သခင်ကို ဆိုလိုတာပါပဲ)
လေမီးခိုးသားရဲအရှင်သခင်က ယခုတော့ ယုံကြည်ချက် ပိုရှိလာပါပြီ။
ကျောက်စိမ်းနတ်ဆိုးအကြီးအကဲသားရဲနဲ့ခြင်္သေ့စိမ်းအရှင်သခင်တို့က အဆင့်နိမ့်သားရဲအရှင်သခင်တွေပဲ၊ လေမီးခိုးအရှင်သခင်နဲ့ရွှေအလင်းအရှင်သခင်တို့ပါ ပေါင်းလိုက်ရင်တော့ စုစုပေါင်းအလယ်ဆင့်သားရဲအရှင်သခင်တစ်ယောက်နဲ့အဆင့်နိမ့်သားရဲအရှင်သခင်သုံးယောက်ပေါ့။ ဒီလိုပေါင်းစပ်မှုက အလယ်ဆင့်သူတော်စင်တစ်ယောက်ကို ယှဉ်နိုင်ပါတယ်။
"သူ့ကို အတူသတ်ကြ"
ရွှေအလင်းအရှင်သခင်က ရွှေအလင်းမြားမိုးကို အသက်သွင်းလိုက်တယ်။
"သတ်စမ်း"
လေမီးခိုးအရှင်သခင်၊ ကျောက်စိမ်းနတ်ဆိုးအကြီးအကဲသားရဲနဲ့ ခြင်္သေ့စိမ်းအရှင်သခင်တို့လည်း သူတို့ရဲ့မွေးရာပါစွမ်းအားတွေကို အသက်သွင်းလိုက်ကြတယ်။
လေမီးခိုးအရှင်သခင်က ပါးစပ်မှ မီးခိုးတစ်ခုကို မှုတ်ထုတ်တယ်၊ လေဓားတစ်လက်ဖြစ်လာတယ်။
ကျောက်စိမ်းနတ်ဆိုးအကြီးအကဲသားရဲက ကျောက်စိမ်းလက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။
ခြင်္သေ့စိမ်းအရှင်သခင်က အစိမ်းရောင်ခြင်္သေ့ဦးခေါင်းတစ်ခုကို ဖြစ်တည်စေပြီး လီဖူချန်းကို ကိုက်လိုက်တယ်။
အချိန်ကျပြီ"
လီဖူချန်းရဲ့ခန္ဓာကိုယ်မှ မီးလျှံတွေက ဖြာထွက်တောက်ပသွားတယ်။ ပြီးနောက်ချက်ချင်းပဲ အဆုံးမဲ့တောက်ပဓားအလင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။ နေအသေးစားတစ်ခုက အဆုံးမဲ့တောက်ပအလင်းစက်လုံးတွေအဖြစ် အက်ကွဲသွားတာနဲ့ တူတယ်။
ကောင်းကင်မျဉ်းဓားပညာပဉ္စမဓားကွက်၊ ကောင်းကင်မီးနေအက်ကွဲဓား။
ရွှေအလင်းအရှင်သခင်က လွဲပြီး ကျန်တဲ့အဆင့်နိမ့်သားရဲအရှင်သခင်သုံးကောင်လုံးက လွင့်ထွက်ကာ သွေးတွေအန်ထွက်သွားရတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကို အပေါက်ရာပေါင်းများစွာက ထိုးဖောက်ထားတယ်၊ သူတို့အားလုံးက သေအံ့ဆဲဆဲဖြစ်နေရရှာတယ်။ ရွှေအလင်းအရှင်သခင်လည်း ဒဏ်ရာရထားတယ်၊ သူ့ခန္ဓာကိုယ်မှာ ကြီးမားတဲ့အပေါက်အနည်းငယ် ရှိတယ်။
"အမ်၊ သူက အားကောင်းလွန်းတယ်" ရွှေအလင်းအရှင်သခင်ရဲ့အမူအရာက မကျေမချမ်းဖြစ်နေတယ်။
သူက အလယ်ဆင့်သူတော်စင်တစ်ယောက်နဲ့ တစ်ကြိမ် ဖလှယ်ခဲ့ဖူးတယ်၊ ဒါပေမယ့် ထိုအလယ်ဆင့်သူတော်စင်က လီဖူချန်းလောက် အားမကောင်းပါဘူး။
"လူသားသူတော်စင်၊ သေစမ်း"
မိူကြိုးပမာ ပဲ့တင်သံတစ်ခုက ထွက်လာတယ်။ လွှမ်းမိုးထည်ဝါတဲ့လက်ဝါးတစ်ဖက်က အဝေးမှ ရွေ့လျားတိုက်ခိုက်လာတယ်။
"ကောင်းတယ်၊ အဲဒါ ကောင်းကင်တုန်လှုပ်အရှင်သခင်ပဲ" ခြင်္သေ့စိမ်းအရှင်သခင်က ပျော်ရွှင်ဝမ်းမြောက်သွားရတယ်။
ကောင်းကင်တုန်လှုပ်အရှင်သခင်လည်း အလယ်ဆင့်သားရဲအရှင်သခင်တစ်ယောက်ဖြစ်တယ်၊ ဒါပေမယ့် သူက ရွှေအလင်းအရှင်သခင်ထက် ပိုမြင့်တယ်။ ပြီးတော့ ကောင်းကင်တုန်လှုပ်အရှင်သခင်မှာ အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ရဲ့သွေးမျိုးဆက် ရှိတယ်။
နတ်ဆိုးသားရဲတွေကြားမှာ တိုင်ယန်သားရဲတွေက အမြဲတမ်းအာဏာအမြင့်ဆုံး ဖြစ်တယ်။
***