ကောင်းကင်ဆက်ဓားချိတ်ပိတ်ကို ဖယ်ရှားခြင်း
Vol. 59 Ch. 810
"ဒါက ပြီးဆုံးတော့မှာ မဟုတ်ဘူး"
ဒီလိုအချိန်တိုအတွင်းမှာ ဒီလောက်များတဲ့သားရဲအရှင်သခင်တွေ ထွက်ပေါ်လာမယ်လို့ လီဖူချန်းက မမျှော်လင့်ထားပါဘူး။
သားရဲအရှင်သခင်တွေရဲ့အရေအတွက်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပေါ်ရှိ သူတော််စင်တွေထက် ဆယ်ဆပိုများတယ်လို့ ပြောကြတာ အံ့ဩစရာမရှိပါဘူး။
သူတော်စင်တွေရဲ့ခွန်အားက သားရဲအရှင်သခင်တွေထက် ပိုမြင့်မားတာ မဟုတ်ရင် လူသားတွေက နတ်ဆိုးသားရဲတွေကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။
ဒါပေမယ့် သားရဲအရှင်သခင်တွေအားလုံးက သူတော်စင်တွေအောက် နိမ့်မကျပါဘူး။ တိုင်ယန်သွေးမျိုးဆက်ရှိတဲ့သားရဲအရှင်သခင်တွေက သူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ ဒါ့ပြင် တိုင်ယန်သားရဲတွေမှာလည်း သူတို့ရဲ့ကိုယ်ပိုင်အဆင့် ရှိပါတယ်။
အဆင့်နိမ့်တိုင်ယန်သားရဲအရှင်သခင်တစ်ကောင်က သာမန်သူတော်စင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ အလယ်ဆင့်တိုင်ယန်သားရဲအရှင်သခင်တစ်ကောင်က ပါရမီရှင်သူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ အဆင့်မြင့်တိုင်ယန်သားရဲအရှင်သခင်တစ်ကောင်က ကောင်းကင်ဆန့်ကျင်သူတော်စင်တွေနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ အထွတ်အထိပ်အဆင့်တိုင်ယန်သားရဲအရှင်သခင်တစ်ကောင်အတွက်ကတော့ စကြာဝဠာရဲ့အုပ်ချုပ်သူအာဏာရှင်ဖြစ်ပြီး အားလုံးရဲ့ထိပ်မှာ ရပ်တည်နေပါတယ်။ သူတို့က လူသားတွေရဲ့အထွတ်အထိပ်မှာရပ်တည်နေတဲ့သူတော်စင်တွေနဲ့ ညီမျှပါတယ်။
ကောင်းကင်တုန်လှုပ်အရှင်သခင်က အလယ်ဆင့်တိုင်ယန်သားရဲအရှင်သခင်တစ်ကောင်ဖြစ်တယ်။ သူက အလယ်ဆင့်ပါရမီရှင်သူတော်စင်တွေနဲ့ လုံးဝယှဉ်ပြိုင်နိုင်ပါတယ်။ ဆန်းကြယ်နက်နဲဓားသူတော်စင်က အလယ်ဆင့်ပါရမီရှင်သူတော်စင်တစ်ယောက်ဖြစ်ပြီး အဆင့်မြင့်သာမန်သူတော်စင်တစ်ယောက်လို့ ယူဆလို့ရပါတယ်။
"ထွက်ခွာဖို့အချိန်တန်ပြီ"
သူက အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ လီဖူချန်းက မထင်ထားပါဘူး၊ ဒါကြောင့်၊ သူက လျင်မြန်စွာ ပြန်ဆုတ်ခွာလိုက်တယ်။
"မင်း ပြေးလွတ်မယ်လို့ ထင်နေတာလား"
ကောင်းကင်တုန်လှုပ်အရှင်သခင်ဖော်ထုတ်ခဲ့တဲ့လက်ဝါးက ကောင်းကင်ကို ဖုံးလွှမ်းပြီး မြေပြင်ကို တုန်ခါသွားစေတယ်။ လက်ဝါးနဲ့နှိုင်းယှဉ်ရင် လီဖူချန်းက ဖုန်မှုန့်တစ်ခုသာသာပါပဲ။
လက်ဝါးက နီးကပ်ခါနီးမှာ မရပ်တန့်နိုင်တဲ့ဓားအလင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။
"ကောင်းကင်မျဉ်းဓားပထမကွက်၊ ကောင်းကင်မြေကြီးလည်ပတ်ခြင်း"
ကောင်းကင်မျဉ်းဓားပညာကို အကြိမ်တစ်ရာဖတ်ပြီးနောက် လီဖူချန်းက ဆဌမဓားကွက်ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်ကို ကျွမ်းကျင်ရုံသာမက ပထမဓားကွက်ကောင်းကင်မြေကြီးလည်ပတ်ခြင်းအပေါ် နားလည်မှုအသစ်တစ်ခု ရှိလာပါတယ်။
ကောင်းကင်မျဉ်းဓားပညာခြောက်ကွက်ထဲမှာ ပထမဓားကွက်နဲ့ဆဌမဓားကွက်က ကျွမ်းကျင်မှုအမြင့်ဆုံးမှာ ရှိတယ်။
"အတော်လေး စွမ်းဆောင်နိုင်သားပဲ၊ ဒါပေမယ့် ဒီလောက်နဲ့မလုံလောက်သေးဘူး"
ကောင်းကင်တုန်လှုပ်အရှင်သခင်က အတော်လေး အံ့အားသင့်သွားပုံပေါ်တယ်။ သူက အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်ပြီး သူ့ရဲ့တိုက်ခိုက်မှုအသီးသီးမှာ ကောင်းကင်မြေကြီးမဟာတာအို ပါဝင်တယ်။ လက်ဝါးက ရိုးရှင်းတဲ့လက်ဝါးတိုက်ခိုက်မှုတစ်ခုလို့ ထင်ရပေမယ့် အလယ်ဆင့်သူတော်စင်တစ်ယောက်ကတောင် မတားဆီးနိုင်ပါဘူး။
သူ့ရဲ့လက်ဝါးတိုက်ခိုက်မှုအလုပ်မလုပ်တာကို မြင်ပြီး ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့ခန္ဓာကိုယ်က လှုပ်ခါပြီး ကြောက်မက်ဖွယ်ရာဂယက်လှိုင်းပြင်းအားတစ်ခုနဲ့အတူ ရုတ်တရက် ပေါက်ကွဲထွက်သွားတယ်။ ဂယက်လှိုင်းပြင်းအားက အဝေးကို ရောက်ရှိသွားတယ်။
မြို့တွေ၊ တောင်တွေ၊ မြို့တွေအားလုံးက ဂယက်လှိုင်းပြင်းအားကြောင့် ဖုန်မှုန့်ဖြစ်သွားကြရတယ်။
ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့သွေးမျိူဆက်က ကောင်းကင်တုန်လှုပ်တိုင်ယန်ဆင်ဖြစ်တယ်။ သူက ဂယက်လှိုင်းပြင်းအားကို မွေးရာပါ အသုံးပြုနိုင်တယ်။ ဂယက်လှိုင်းပြင်းအား သက်ရောက်သွားရင် အားနည်းတဲ့ရန်သူတွေက ချက်ချင်း ကြေမွသွားရမယ်။
ဂယက်လှိုင်းပြင်းအားက ဟင်းလင်းပြင်ထဲကို ရောက်ရှိပြီး မယုံနိုင်လောက်အောင် မြန်တယ်။ ကြောက်မက်ဖွယ်ရာဂယက်လှိုင်းပြင်းအားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လီဖူချန်းက ဓားအလင်းအဖြစ် ပြောင်းသွားတယ်။ ဒါပေမယ့် ဓားအလင်းက ချက်ချင်း ပျက်စီးသွားတယ်။ သူက သွေးအန်ပြီး သူ့ခန္ဓာကိုယ်က အက်ရာတွေနဲ့ ပြည့်နှက်နေတယ်။
"ဒါက ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့ခွန်အားလား"
သူ့မှာ ကြယ်အင်မော်တယ်ခန္ဓာကိုယ်မရှိရင် သူက ဒီတိုက်ခိုက်မှုကို မရင်ဆိုင်နိုင်ဘူးလို့ လီဖူချန်းက ယုံကြည်တယ်။
"ဒီတိုက်ခိုက်မှုပြီးတောင်မှ သူက မသေဘူးလား" ကောင်းကင်တုန်လှုပ်အရှင်သခင်က ပိုအံ့အားသင့်သွားတယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ ငါ ဒုက္ခရောက်နေပြီ။ အမြန် ကူညီပေးပါ"
ရွေးချယ်စရာမရှိဘဲ လီဖူချန်းက ဆန်းကြယ်နက်နဲဓားသူတော်စင်ထံမှ အကူအညီကို တောင်းလိုက်ရတယ်။
…
ဓားသမားအစည်းအရုံးဌာနချုပ်မှာ.........
ဆန်းကြယ်နက်နဲဓားသူတော်စင်က လူသူဝေးရာမှာ ရှိနေတယ်။
ရုတ်တရက် သူ့သိုလှောင်အိတ်ရှိအကြီးအကဲတုံကင်က တုန်ခါသွားတယ်။ သူက ယူထုတ်တယ်၊ အသံတစ်သံကို ကြားလိုက်ရတယ်"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ ငါ ဒုက္ခရောက်နေပြီ။ အမြန် ကူညီပေးပါ"
"အကြီးအကဲလီဖူချန်း"
ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့မျက်လုံးတွေက သတ်ဖြတ်ခြင်းဆန္ဒတွေ လင်းလက်သွားတယ်။ လျှပ်တပြက်အလင်းနဲ့အတူ သူက ရုတ်တရက် ပျောက်ကွယ်သွားတယ်။
နောက်အခိုက်မှာ လေတိမ်မြို့အပြင်ဘက်၊ တည်နေရာရွှေ့ပြောင်းရေးရင်ပြင်ရှိ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို အသက်သွင်းပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က လီဖူချန်းတည်နေရာနဲ့အနီးကပ်ဆုံးရှိ အဆင့်မြင့်မြို့ဆီ တည်နေရာရွှေ့ပြောင်းလိုက်တယ်။
ထွင်းဖောက်ဓားအလင်းတစ်ခုက တောက်ပသွားပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က ဟင်းလင်းပြင်ထဲကို ကူးပြောင်းသွားတယ်။ သူက လီဖူချန်းရှိရာဆီ အရှိန်တစ်ဟုန်ထိုးတင်ကာ ပြေးနေတယ်။
"လီဖူချန်း၊ မင်းရဲ့ခွန်အားအရ တိုက်ခိုက်မှုကို နောက်တစ်ကြိမ်ရင်ဆိုင်ရရင် မင်းက သေချာပေါက် သေလိမ့်မယ်။ အခု မင်းက ကောင်းကင်ဆက်ဓားကို ယာယီချိတ်ပိတ်ဖွင့်မှသာ အသက်ရှင်နိုင်လိမ့်မယ်"
သေရေးရှင်ရေးအခိုက်အတန့်မှာ ကောင်းကင်ဆက်ဓားက နိုးထလာတယ်။
"ကောင်းကင်ဆက်ဓားကို ငါ ဘယ်လို ချိတ်ပိတ်ဖွင့်ရမှာလဲ"
ကောင်းကင်ဆက်ဓားဝိညာဉ်က ဖြေလိုက်တယ်"ဒီနှစ်တွေမှာ မင်းက စွမ်းအင်များစွာကို ငါ့အတွက် ထောက်ပံ့ပေးထားတယ်။ ဒါကြောင့် ဒီချိတ်ပိတ်ဖွင့်ဖို့အတွက် မင်းကိုယ်မင်းကာကွယ်ရမယ်၊ ကောင်းကင်ဆက်ဓားဆန္ဒကြောင့် ဒဏ်ရာရစေလို့မရဘူး"
"ကောင်းပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
"ချိတ်ပိတ်ဖွင့်ခြင်း"
ကောင်းကင်ဆက်ဓားစိတ်ဝိညာဉ်က အော်လိုက်တယ်၊ ကြောက်စရာကောင်းတဲ့ဓားတာအိုစွမ်းအင်တစ်ခုက အုံကြွလာတယ်။ အဲဒါက ကောင်းကင်ဆက်ဓားအတွင်းရှိဓားအင်းကွက်ထဲကို ကျဆင်းသွားတယ်"
ဝီဝီဝီ.........
ပြီးနောက်ချက်ချင်းပဲ ဓားသံကို ကြားရတယ်။ ထိုအခိုက်မှာ ဟင်းလင်းပြင်က ဖြတ်တောက်ခံလိုက်ရတယ်။
လီဖူချန်းက ကောင်းကင်ဆက်ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတယ်၊ သူ့လက်ဖဝါးမှာ သွေးတွေ ယိုစီးကျနေတယ်။
ပုံမှန်အတိုင်း ကောင်းကင်ဆက်ဓားကို ချိတ်ပိတ်ဖွင့်ဖို့ဆိုရင် ဓားအင်းကွက်တွေကို နားလည်ဖို့ လိုအပ်တယ်။
ပြီးတော့ ကိုင်ဆောင်သူက ကောင်းကင်ဆက်ဓားရဲ့အစစ်အမှန်စွမ်းအားကို အသုံးချနိုင်ဖို့ လိုတယ်။
ယခုဖြစ်စဉ်အတွက် တန်ဖိုးက ကောင်းကင်ဆက်ဓားမှငြင်းပယ်ခြင်း ဖြစ်တယ်။
ငြင်းပယ်ခြင်းက အားနည်းနိုင်တယ်၊ ဒါပေမယ့် ချိတ်ပိတ်မထားတဲ့ကောင်းကင်ဆက်ဓားက အန္တိမအဆင့်ဓားတစ်လက် ဖြစ်တယ်။ သူ့ထံမှအားနည်းတဲ့ငြင်းပယ်မှုကို လူအများစုက မခုခံနိုင်ပါဘူး။
ဝုန်း.......
ကောင်းကင်ဆက်ဓားထဲရှိ ဓားအင်းကွက်အားလုံးက ချိတ်ဆက်ပြီး အရောင်တောက်နေတယ်။
ကောင်းကင်ဆက်ဓားသူတော်စင်က ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်တယ်"ဒီဓားအင်းကွက်တွေက ယာယီချတ်ဆက်သွားပြီ။ သူတို့ကို အချိန်တိုလေးတစ်ခုအထိသာ ထိန်းထားနိုင်တယ်။ သတိရှိပါ"
ပြောပြီးနောက် ဓားစိတ်ဝိညာဉ်က အိပ်စက်သွားတော့တယ်။
"သေလိုက်တော့"
ကောင်းကင်တုန်လှုပ်အရှင်သခင်က ဒုတိယမြောက်ဓားကွက်ဂယက်လှိုင်းပြင်းအားကို ထုတ်ဖော်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ဓားအလင်းစက်ဝိုင်းတစ်ခုက ကာကွယ်ထားတယ်။
ဓားအလင်းစက်ဝိုင်းကို ကောင်းကင်ဆက်ဓားက အလိုအလျောက်ထုတ်ဖော်ထားခြင်း ဖြစ်တယ်။
"ဘာလဲ"
"ဒီလိုချီတည်ရှိမှု.......ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားတစ်လက်များလား။ မဟုတ်ဘူး၊ ကြည့်ရတာ အန္တိမအဆင့်ဓားတစ်လက်ဖြစ်ပုံပဲ"
ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်၊ ပြီးနောက် လောဘမျက်လုံးတွေအဖြစ် ပြောင်းလဲသွားတော့တယ်။
အန္တိမအဆင့်ဓားတစ်လက်ကို အရင်းအမြစ်တွေနဲ့ ဖလှယ်နိုင်ရင် သူ့အတွက် အားထုတ်ရမယ့်အချိန်မြောက်များစွာကို လျော့ချပေးနိုင်မှာပါ။
လီဖူချန်းက အန္တိမအဆင့်ဓားကို ဘယ်နေရာမှ ရသလဲကို သူ မသိဘူး။ နက်ပြာပလိန်းမှာ အန္တိမအဆင့်လက်နက်တွေ အနည်းငယ်သာ ရှိတာကတော့ လူတိုင်းသိတဲ့အချက်အလက်တစ်ခုပဲလေ။
ဒါပေမယ့် ကိစ္စမရှိဘူး။ မကြာမီ အန္တိမအဆင့်ဓားက သူ့လက်ထဲကို ရောက်လာတော့မှာပါ။
ကောင်ူကင်တုန်လှုပ်အရှင်သခင်က လက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။ ဂယက်လှိုင်းပြင်းအားက လက်ဝါးမှ ပေါက်ထွက်လာနေတယ်။
"ထွက်သွားစမ်း"
လီဖူချန်းက ကောင်းကင်ဆက်ဓားကို အားကုန်မပြီး ဝှေ့ယမ်းလိုက်တယ်။
ဝုန်း.........ဂျိန်း..........
ဟင်းလင်းကို ထိုးဖောက်ပြီး ကြေမွသွားစေတယ်။ သေးငယ်တဲ့ဓားချီနဲ့အတူ ဖြစ်တည်လာတဲ့ ဓားချီမုန်တိုင်းတစ်ခုက ကောင်းကင်တုန်လှုပ်အရှင်သခင်ကို ဝါးမျိုသွားတယ်။
နာကျင်စဖွယ်အော်သံနဲ့အတူ သွေးအရိပ်တစ်ခုက ဓားချီမုန်တိုင်းမှ ထွက်ပေါ်လာတယ်။
သွေးအရိပ်က ကောင်းကင်တုန်လှုပ်ဧကရာဇ်ကလွဲပြီး တစ်ခြားသူမဟုတ်ပါဘူး။
သူက လီဖူချန်းရဲ့ဓားကို ကြောက်ရွံတုန်လှုပ်ခြင်းများစွာနဲ့ ကြည့်လိုက်တယ်။
အတိတ်မှာတုန်းက အန္တိမအဆင့်လက်နက်တွေက မယုံနိုင်စရာကောင်းလှတယ်လို့ပဲ သူ သိထားတာ၊ ဘယ်အတိုင်းအတာပမာဏအထိလဲကိုတော့ သူ မသိဘူး။
ယနေ့ သူက အန္တိမအဆင့်လက်နက်တစ်ခုရဲ့ခွန်အားကို တွေ့မြင့်လိုက်ရချေပြီ။
"ကောင်းကင်မျဉ်းဓားဧကရာဇ်က ထိပ်တန်းအဆင့်ဓားတစ်လက်သာ ဖြစ်ပြီး ကောင်းကင်ဆက်ဓားက အန္တိမအဆင့်ဓားတစ်လက်ဖြစ်တယ်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
လီဖူချန်းက ထိတ်လန့်သွားတယ်။ ကောင်းကင်မျဉ်းဓားကို ကိုင်ဆောင်တုန်းက သူက သူ့ဓားကွက်ကို ဖော်ထုတ်နိုင်ရုံမျှသာပဲ။
ကောင်းကင်ဆက်ဓားကို ကိုင်ဆောင်ချိန်မှာတော့ သူက ရိုးရှင်းတဲ့ဝှေ့ယမ်းမှုတွေကိုသာ ပြုလုပ်နိုင်တယ်။
ပထမဆုံးအနေနဲ့ ကောင်းကင်ဆက်ဓားကို ထိန်းချုပ်ဖို့က အားအင်ကုန်ခန်းလွန်းတယ်။
ဒုတိယအနေနဲ့ ကောင်းကင်ဆက်ဓားမှာ အလွန်ကြီးကျယ်နက်နဲတဲ့ဓားဆန္ဒတစ်ခု ပါရှိတယ်။ လီဖူချန်းရဲ့ဓားဆန္ဒကို အပြည့်အဝ အသုံးမချနိုင်ဘူးပေါ့။
ဒါကြောင့် လက်ရှိလီဖူချန်းက ကောင်းကင်မျဉ်းဓားကို ကိုင်ဆောင်ချိန်တုန်းကထက် တစ်ဆဒါမှမဟုတ်နှစ်ဆပိုသန်မာလာတယ်။
ဓားစိတ်ဝိညာဉ်က ကောင်းကင်ဆက်ဓားကို ထိန်းချုပ်နေတာသာ မဟုတ်ရင် အဆင့်မြင့်သူတော်စင်တွေကိုတောင် သတ်ဖြတ်နိုင်ပါတယ်။
"သေစမ်း"
လီဖူချန်းက ကောင်းကင်တုန်လှုပ်အရှင်သခင်ကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်တယ်။ ဓားချီမုန်တိုင်ူက အကွာအဝေးကို ငြင်းပယ်ပြီး ကောင်းကင်တုန်လှုပ်အရှင်သခင်အပေါ်ကို ချက်ချင်း ကျရောက်လာတယ်။
အား.......
ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့ခန္ဓာကိုယ်ပေါ်ရှိ အသားလွှာတွေကို လှီးဖြတ်လိုက်တယ်။
သူက အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်မဟုတ်ဘဲ သာမန်အလယ်ဆင့်သားရဲအရှင်သခင်တွေထက် အဆတစ်ရာပိုမာမကျောရင် သူက သေသွားလောက်ပါပြီ။
"မင်း၊ သွေးအရိပ်တုန်လှုပ်ခြင်း"
ကောင်းကင်တုန်လှုပ်အရှင်သခင်က သူ့လက်ဝါးကို ဝှေ့ယမ်းပြီး ပတ်ဝန်းကျင်ရှိ သွေးအားလုံးကို စုဆောင်းလိုက်တယ်။ သူတို့က သွေးစက်လုံးတစ်ခုအဖြစ် စုဆုံပြီး လီဖူချန်းအနီးနားမှာ ပေါက်ကွဲထွက်သွားတယ်။
ကောင်းကင်ဆက်ဓားရဲ့ဓားအလင်းအကာအကွယ်နဲ့ဆိုရင် သွေးစက်လုံးက လီဖူချန်းရဲ့အမွေးတစ်ပင်ကိုတောင် ဒဏ်ရာမရစေနိုင်တာက စိတ်မကောင်းစရာလေးတစ်ခုပါပဲ။
***