သူက သူတော်စင်တစ်ယောက်မဟုတ်ဘူး
Vol. 59 Ch. 811
"ဓားစွမ်းအင်များစွာ ကုန်ခန်းသွားပြီး၊ ငါ အခု ထွက်သွားဖို့ လိုတယ်"
ဓားကို နှစ်ကြိမ်ဝှေ့ယမ်းပြီးနောက် လီဖူချန်းမှာ ဓားစွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့တယ်။
ဝှေ့ယမ်းမှုတစ်ခုစီက ဓားစွမ်းအင်တစ်ဆယ်ရာခိုင်နှုန်းကို သုံးစွဲတယ်လို့ ဆိုလိုတာပေါ့။
"သေစမ်း"
မထွက်သွားခင် လီဖူချန်းက လပြည့်ဓားချီတစ်ခုကို ထုတ်လွှတ်ပြီး ကောင်းကင်းကင်တုန်လှုပ်အရှင်သခင်ကို လွင့်ထွက်သွားစေတယ်။
"ထွက်ပြေးဖို့ စဉ်းစားနေတာလား"
လီဖူချန်းက ထွက်ပြေးချင်နေတာကို ကောင်းကင်တုန်လှုပ်အရှင်သခင်က ချက်ချင်း သိလိုက်တယ်။ သူက သူ့ခန္ဓာကိုယ်လွင့်မျောနေရာမှ ဖိအားပေးရပ်တန့်စေပြီး လျင်မြန်စွာ လိုက်ဖမ်းလိုက်တယ်။
လီဖူချန်းရဲ့ခွန်အားနဲ့ဆိုရင် အန္တိမအဆင့်ဓားတစ်လက်ရှိရင်တောင် ကောင်းကင်တုန်လှုပ်အရှင်သခင်ကို သတ်ဖြတ်ဖို့ ဓားအချက်တစ်ရာလိုတယ်။ လီဖူချန်းက ဓားအချက်တစ်ရာထိ ခုတ်ပိုင်းနိုင်မယ်လို့ ကောင်းကင်တုန်လှုပ်အရှင်သခင်က မယုံကြည်ဘူး။
ဝုန်း.........
ကောင်းကင်တုန်လှုပ်အရှင်သခင်က လိုက်ဖမ်းနေစဉ် လီဖူချန်းက ပြန်လှည့်ကာ ခုတ်ပိုင်းလိုက်တယ်။
ခုနှစ်ဆယ်ရာခိုင်နှုန်း........ခြောက်ဆယ်ရာခိုင်နှုန်း.....
သုံးဆယ်ရာခိုင်နှုန်း........
မကြာမီ လီဖူချန်းက ဓားစွမ်းအင်သုံးဆယ်ရာခိုင်နှုန်းသာ ကျန်တော့တယ်။
လီဖူချန်းက အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးအတွင်းရှိ ဓားချီကို အဆက်မပြတ် စုပ်ယူနေရတယ်၊ မဟုတ်ရင် သူ့ရဲ့ဓားစွမ်းအင်က အချိန်အတော်ကြာကတည်းက ကင်းမဲ့သွားတာ ကြာပါပြီ။
ဒါပေမယ့် အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးအတွင်းရှိ ဓားချီကို စုပ်ယူဖို့ အချိန်လိုတယ်။ ဒါ့ပြင် သူက တစ်ချိန်တည်းမှာ လွတ်မြောက်ဖို့ ကြိုးစားနေရတာကြောင့် စုပ်ယူခြင်းအရှိန်က အကြီးအကျယ်လျော့ကျနေတယ်။
နှစ်ဆယ်ရာခိုင်နှုန်း.......တစ်ဆယ်ရာခိုင်နှုန်း........
ဓားစွမ်းအင်က တစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတဲ့အခါ သူ့ရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်နဲ့သွေးကြောတွေက ဗလာဟင်းလင်းဖြစ်သလို ခံစားရတယ်။ သူက မကြုံစဖူးအားနည်းနေတယ်။ ဓားကို ဝှေယမ်းဖို့ မပြောနဲ့၊ ကိုင်ဖို့တောင် သူ့အတွက် မလွယ်ကူတော့ပါဘူး။
ချီစွမ်းအားက အလုပ်လုပ်လောက်မလား"
လီဖူချန်းက လလက်ရဲ့ချီစွမ်းအားကို ကောင်းကင်ဆက်ဓားထဲသို့ ထည့်သွင်းလိုက်တယ်။
နောက်အခိုက်မှာတော့ လီဖူချန်းကို အံ့အားသင့်သွားစေတယ်။
လလက်ရဲ့ချီစွမ်းအားကို ထည့်သွင်းပြီးနောက် ကောင်းကင်ဆက်ဓားက စွမ်းအားအားဖြင့် မလျော့ကျသွားပါဘူး။ အဲအစား ပိုတောင် ပေါ့လာပြီး ကိုင်ရတာ ပိုလွယ်ကူလာတယ်။
လီဖူချန်းက ဓားသုံးကွက်ကို တစ်ချိန်တည်း ဖော်ထုတ်တယ်။ ဓားချီမုန်တိုင်းသုံးခုက အတူတကွ ဆင့်ပုံပြီး ကောင်းကင်တုန်လှုပ်အရှင်သခင်အပေါ်ကို ကျရောက်လာတယ်။
ကောင်းကင်တုန်လှုပ်အရှင်သခင်က သွေးအန်တယ်၊ လွင့်ထွက်တယ်။ သူ့ရဲ့အရိုးတွေက ကျိုးပဲ့သလို ခံစားရတယ်။
"ဘာဖြစ်နေတာလဲ" ကောင်းကင်တုန်လှုပ်အရှင်သခင်က စိတ်ရှုပ်သွားတယ်။
လီဖူချန်းအားနည်းနေတာကို သူ မြင်ခဲ့ပါတယ်၊ ဒါပေမယ့် လီဖူချန်းက ပိုသန်မာလာပြန်တယ်။ လီဖူချန်းက အကွက်ချနေသလားလို့တောင် သူက သံသယဖြစ်မိတယ်။
"ဓားတစ်လက်က အန္တိမအဆင့်မှာ ရှိနေတာနဲ့ စွမ်းအင်အရင်းအမြစ်က ချီဒါမှမဟုတ်ချီစွမ်းအားပဲဖြစ်ဖြစ် ကိစ္စမရှိဘူး"
ကောင်းကင်ဆက်ဓားက ကြယ်ဥပဒေသကြောင့် ပိုပေါ့ပါးလာရခြင်း ဖြစ်တယ်။ လလက်မှာ ကြယ်ဥပဒေသပါဝင်တယ်၊ ကြယ်ဥပဒေသမှာ ကမ္ဘာ့ဆွဲအားဥပဒေသ ပါဝင်တယ်။ ဒါကြောင့် ကောင်းကင်ဆက်ဓားကို ထိန်းချုပ်ဖို့က ပိုလွယ်ကူလာတာပေါ့။
အချိန်တွေ ကုန်ဆုံးနေတယ်၊ လီဖူချန်းရဲ့ချီစွမ်းအားက တစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ဓားစွမ်းအင်က သုံးဆယ်ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်တင်းလာပြီဖြစ်တယ်။
ဆန့်ကျင့်ဘက်အနေနဲ့ ကောင်းကင်တုန်လှုပ်ဧကရာဇ်က အားအင်ကုန်ခန်နေပြီး သူ့ရဲ့အရှိန်အဝါက အားနည်းလာနေတယ်။
သူက အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်ပြီး ခံနိုင်ရည်စွမ်းက ကြောက်စရာကောင်းလှပေမယ့် အန္တိမအဆင့်ဓားရဲ့ထပ်ခါတဲလဲလဲတိုက်ခိုက်မှုကြောင့် သူ့ရဲ့အရင်းအမြစ်က ပြင်းပြင်းထန်ထန်ဒဏ်ရာရနေတုန်းပါပဲ။
"မင်းက အချိန်အကြာကြီး ရပ်တည်နိုင်လိမ့်မယ်လို့ ငါ မယုံဘူး"
ကောင်းကင်တုန်လှုပ်အရှင်သခင်က အရှုံးမပေးပါဘူး။
အခုဆိုရင် သူက လီဖူချန်းကို အရေခွံနွှာချင်နေတယ်။
လီဖူချန်းရဲ့ဓားစွမ်းအင်က တစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တဲ့အချိန်မှာ သူ့ရဲ့လလက်ချီစွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်း ပြန်ဖြစ်လာတယ်။
လလက်ချီစွမ်းအားက တစ်ဆယ်ရာခိုင်နှုန်း ကျန်တဲ့အချိန်မှာ ဓားစွမ်းအင်က ဆယ့်ငါးရာခိုင်နှုန်း ပြန်ဖြစ်လာတယ်။
လီဖူချန်းရဲ့အခြေအနေက မျှော်လင့်ဖွယ်ရာမရှိတော့ပါဘူး။
ဆယ်မိနစ်ကြာပြီးနောက် လီဖူချန်းရဲ့ဓားစွမ်းအင်က ကုန်သွားပြီး ချီစွမ်းအားက တစ်ခါတိုက်ခိုက်ဖို့အတွက်သာ ကျန်တော့တယ်။
အရာအားလုံးက အဆုံးသတ်ခါနီးချိန်မှာ လီဖူချန်းက ရုတ်တရက် စိတ်သက်သာရာရသွားလေတယ်။
"ကောင်းကင်တန်လှုပ်အရှင်သခင်၊ မင်းက ငါတို့ဓားသမားအစည်းအရုံးရဲ့ပင်မအကြီးအကဲတစ်ယောက်ကို သတ်ဖို့ သတ္တိသိပ်ကောင်းနေတာပေါ့"
ပြတ်သားအေးစက်တဲ့အသံတစ်ခုက ဟင်းလင်းပြင်မှ ပဲ့တင်ထွက်လာတယ်။ ကြည်လင်ထွင်းဖောက်ဓားအလင်းတစ်ခုက ဟင်းလင်းပြင်ကိုသာမက ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့ခန္ဓာကိုယ်ကိုပါ အေးခဲရပ်တန့်သွားစေတယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်"
ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်က တုန်လှုပ်ပြီး အေးခဲဟင်းလင်းပြင်ကို ချိုးဖျက်လိုက်တယ်။
သူ့ရဲ့အထွတ်အထိပ်မှာတုန်းကတောင် ကောင်းကင်တုန်လှုပ်အရှင်သခင်က ဆန်ကြယ်နက်နဲဓားသူတော်စင်အတွက် ပြိုင်ဘက်မဟုတ်ဘူး၊ အခုဆိုရင် ပိုဆိုးပေါ့။
"မင်းက ဒီနေရာမှာ ရှိနေမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့" ဆန်းကြယ်နက်နဲဓားသူတော်စင်က ဟင်းလင်းပြင်မှ ထွက်လာပြီး သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်။
ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့ခန္ဓာကိုယ်က ထပ်မံအေးခဲရပ်တန့်သွားပြန်တယ်၊ သူက သွေးအန်ထုတ်လိုက်ရတယ်။ ဟင်းလင်းပြင်ကို ချေမွပြီးနောက် သူက အော်လိုက်တယ် "ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းတို့လူသားတွေက စည်းမျဉ်းကို အရင်ချိုးဖောက်ခဲ့တာပဲ။ မင်းက စစ်ပွဲတစ်ခု စချင်နေတာလား"
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြုံးဖြဲလိုက်တယ်"စည်းမျဉ်းကို ချိုးဖောက်တယ်တဲ့လား"
ကောင်းကင်တုန်လှုပ်အရှင်သခင်က လီဖူချန်းကို လက်ညှိုးထိုးလိုက်တယ်"သူတော်စင်တစ်ယောက်အနေနဲ့ သူက မျိုးနွယ်စုနှစ်စုရဲ့အဆင့်နိမ့်တွေကြားတိုက်ပွဲကို ကြားဝင်စွက်ဖက်လို့မရဘူး။ အဲဒါ စည်းမျဉ်းမဟုတ်ဘူးလား"
"ဟုတ်တယ်၊ အဲဒါ စည်းမျဉ်းပဲ"
"ဒါဆိုရင် မင်းက ဘာလို့ သူ့ကို ကာကွယ်ပေးနေတာလဲ"
ဆန်းကြယ်နက်နဲဓားသူတော်စင်က နှာခေါင်းရှုံ့လိုက်တယ်"သူက သူတော်စင်လို့ မင်းကို ဘယ်သူက ပြောလဲ"
"ငါ့ကို သုံးနှစ်ကလေးလို့ မင်း ထင်နေတာလား။ သူတော်စင်တစ်ယောက်မဟုတ်ရင် အဆင့်နိမ့်သားရဲသခင်တွေနဲ့ အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်ကို သူက ဒဏ်ရာရစေနိုင်မှာလား"
အစောပိုင်းတုန်းက လီဖူချန်းက အန္တိမအဆင့်ဓားတစ်လက်အပေါ်မမှီခိုဘဲနဲ့ သားရဲအရှင်သခင်လေးကောင်ကို ဒဏ်ရာပြင်းထန်စွာ ရသွားစေတယ်။ သူ့ရဲ့ခွန်အားက အလယ်ဆင့်သူတော်စင်တစ်ယောက်နဲ့ နီးကပ်တယ်လို့ ဆိုလိုတယ်။ တစ်ယောက်ယောက်က လီဖူချန်းက သူတော်စင်တစ်ယောက်မဟုတ်ဘူးလို့ ပြောရင် ကောင်းကင်တုန်လှုပ်အရှင်သခင်က ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။
"အဲဒါက မင်းတို့နတ်ဆ်ိုးသားရဲတွေက ပိုအားနည်းတယ်လို့ ဆိုလိုတယ်။ သူက တကယ်ကို သူတော်စင်တစ်ယောက် မဟုတ်ဘူး"
လီဖူချန်းရဲ့ခွန်အားအပေါ် ဆန်းကြယ်နက်နဲဓားသူတော်စင်ကလည်း အံ့အားသင့်နေတယ်။ ဒါပေမယ့် လီဖူချန်းက သူတော်စင်မဖြစ်သေးဘူးကို သူက သေချာတယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းက သူ့ကို ကာကွယ်ဖို့ ကြိုးစားနေတာပဲ။ ငါ ပြောစရာစကားမရှိဘူး၊ ဒါပေမယ့် မင်းက အကျိုးဆက်တွေကို လက်ခံနိုင်ဖို့ ငါ မျှော်လင့်တယ်" ကောင်းကင်တုန်လှုပ်အရှင်သခင်က ခြိမ်းခြောက်လိုက်တယ်။
"မင်းကိုယ်မင်း အရင်ဆုံးစဉ်းစား........ ဆန်းကြယ်နက်နဲသတ်ဖြတ်ခြင်းဆန္ဒ"
ဆန်းကြယ်နက်နဲဓားသူတော်စင်က ကောင်းကင်တုန်လှုပ်အရှင်သခင်ထံ ဓားတစ်ကွက် ဖော်ထုတ်လိုက်တယ်။
"မင်း......."
သူက ပြေးချင်ရင်တောင် ကောင်းကင်တုန်လှုပ်အရှင်သခင်က မပြေးနိုင်ပါဘူး။ ပတ်ဝန်းကျင်ဟင်းလင်းပြင်က ချက်ချင်း အေးခဲရပ်တန့်သွားတယ်။ ကြည်လင်ထွင်းဖောက်ဓားဒဏ်ရာတွေက သူ့ခန္ဓာကိုယ်မှာ ထွင်းထုသွားတယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းက စည်းမျဉ်းကို ချိုးဖောက်နေတာပဲ"
ထိုအခိုက်မှာ ကြီးမားတဲ့အနက်ရောင်နဂါးလက်သည်းတစ်ခုက တိုက်ခိုက်လာတယ်။ အဲဒါက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့ဓားစွမ်းပကားကို ဖျက်ဆီးလိုက်တယ်။
"အမှောင်နဂါးအရှင်သခင်" ဆန်းကြယ်နက်နဲဓားသူတော်စင်က စိုးရိမ်သွားတယ်။
အမှောင်နဂါးအရှင်သခင်က အလယ်ဆင့်တိုင်ယန်သားရဲဖြစ်တဲ့နဂါးနက်ရဲ့သွေးမျိုးဆက်ရှိတယ်။ အရေးကြီးဆုံးအချက်က အမှောင်နဂါးအရှင်သခင်က ကောင်းကင်တုန်လှုပ်အရှင်သခင်ထက် ပိုမြင့်တယ်။ သူက အဆင့်မြင့်သားရဲအရှင်သခင်တစ်ကောင်လောက် အားကောင်းတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်ကတောင် ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။ အထွတ်အထိပ်သူတော်စင်တစ်ယောက်သာ သူ့ကို တိုက်ခိုက်နိုင်ပေမယ်။
"လက်တစ်ဖက်ချန်ထားပြီး မင်း ထွက်သွားတော့"
ဟင်းလင်းပြင်က အနက်ရောင်ပြောင်းသွားတယ်။ ကြီးမားတဲ့အနက်ရောင်နဂါးဦးခေါင်းတစ်ခုက အနက်ရောင်ရေဝဲတစ်ခုထဲမှ ထွက်ပေါ်လာတယ်။
"အမှောင်နဂါးအရှင်သခင်၊ မင်းက ငါတို့ဓားသမားအည်းအရုံးကို ရန်စနေတာလား" ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်။
"ငါ ရန်စတော့ရော ဘာဖြစ်လဲ။ စည်းမျဉ်းကို ချိုးဖောက်တဲ့သူက တန်ဖိုးတစ်ခုပေးဆပ်ရမှာပဲ"
"သူက သူတော်စင်တစ်ယောက်မဟုတ်ဘူးလို့ ငါ ပြောရင်ရော"
"သူက သူတော်စင်တစ်ယောက်လို့ ငါပြောရင် သူက သူတော်စင်ပဲ။ နောက်ထပ်အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့၊ မင်း အသက်ကို ဒီနေရာမှာ ချန်ထားတော့" အမှောင်နဂါးအရှင်သခင်က ပေါက်ကွဲသွားတယ်။
"ဒီလိုခွန်အားနဲ့ အမှောင်နဂါးအရှင်သခင်က တကယ်ကို မယုံနိုင်စရာပါပဲလား။ လာပါ၊ လာစမ်းပါ၊ ငါ ၊ အံ့ဖွယ်သဘာဝဓားသူတော်စင်က မင်း ဘယ်လောက်အားကောင်းသလဲကို သိချင်တယ်" လှောင်ပြောင်တဲ့အသံတစ်ခုက အဝေးမှ ပဲ့တင်ထပ်လာတယ်။
လီဖူချန်းကကြည့်လိုက်တယ်၊ အံ့ဖွယ်သဘာဝဖြစ်စဉ်ပုံရိပ်တစ်ခုကို ဟင်းလင်းပြင်မှာ မြင်လိုက်ရတယ်။ မုတ်ဆိတ်ဓားသမားတစ်ယောက်က ထွက်လာတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က လီဖူချန်းကို မိတ်ဆက်ပေးလိုက်တယ်"လီဖူချန်း၊ အံဖွယ်သဘာဝဓားသူတော်စင်က ငါတို့ဓားသမားအစည်းအရုံးဌာနချုပ်ရဲ့ကာကွယ်သူအကြီးအကဲပဲ။ သူ့ကျင့်ကြံခြင်းအဆင့်က အဆင့်မြင့်သူတော်စင်မှာ ရှိတယ်"
နက်ပြားပလိန်းမှာ ဓားသမားအစည်းအရုံးဌာနချုပ်ခုနှစ်ခုရှိတယ်။ ဌာနချုပ်အသီးသီးမှာ ကာကွယ်သူအကြီးအကဲတစ်ယောက် ရှိတယ်။ သူတို့အောက်မှာ ဆန်းကြယ်နက်နဲဓားသူတော်စင်လို အဆင့်မြင့်အကြီးအကဲတွေ၊ ပြီးရင် သာမန်အကြီးအကဲတွေပေါ့။
"အံ့ဖွယ်သဘာဝ၊ မင်းတို့လူသားတွေက စည်းမျဉ်းကို အရင် ချိုးဖောက်ခဲ့တာ၊ မင်းက ငါ့ကို အပြစ်တင်လို့မရဘူး" အမှောင်နဂါးသူတော်စင်က မျက်စိစွေကြည့်လိုက်တယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်က အမှောင်နဂါးသူတော်စင်ကို လက်ညှိုးထိုးလိုက်တယ်" မင်းတို့နတ်ဆိုးသားရဲတွေကသာ လိမ်လည်လှည့်ဖြားနေတာ။ သူက သူတော်စင်တစ်ယောက်လို့ မင်းတို့ရဲ့ဘယ်မျက်လုံးတွေက ပြောပြနေတာလဲ"
"သူ့ရဲ့ခွန်အားအရ သူ့ကို သူတော်စင်တစ်ယောက်လို့ ခေါ်တာ မလွန်ပါဘူး"
"သူက မဟုတ်ဘူးဆိုရင် မဟုတ်ဘူးလို့ ဆိုလိုတယ်။ သူက ဟုတ်တယ်ဆိုရင် ဟုတ်တယ်လို့ ဆိုလိုတယ်။ ဒီအဓိပ္ပါယ်မရှိတဲ့စကားတွေ ဘယ်က လာတာလဲ။ လာပါ၊ လာစမ်းပါ။ နှစ်ပေါင်းများစွာအတွင်း မင်း ဘယ်လောက်တိုးတက်လာခဲ့သလဲကို ကြည့်ရတာပေါ့"
အံ့ဖွယ်သဘာဝသူတော်စင်က သူ့ရဲ့ဓားရှည်ကို မြှောက်လိုက်တယ်။ အဆုံးမဲ့ဓားအလင်းတွေက ဟင်းလင်းပြင်ထဲကို ထိုးဆင်းပြီး အမှောင်နဂါးအရှင်သခင်ကို တိုက်ခိုက်လိုက်တယ်။
"မင်း အရူးပဲ" အမှောင်နဂါးအရှင်သခင်က ဒေါသထွက်သွားပြီး လက်သည်းတိုက်ကွက်တစ်ခုကို ဖော်ထုတ်လိုက်တယ်။
သူတို့နှစ်ယောက်ကြား ပြင်းထန်တဲ့တိုက်ပွဲအတွင်း နောက်ထပ်သားရဲအရှင်သခင်တွေနဲ့လူသားသူတော်စင်တွေက ပြေးလာနေကြတယ်။
ပြီးတော့ ဒီလိုတိုက်ပွဲအဆင့်မျိုးက ရုတ်ရုတ်သဲသဲဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ဝက်လောက်ကို ပျံ့နှံ့သွားစေတယ်။
***