သုံးယောက်တစ်ယောက်
Vol. 59 Ch. 812
"ဟေ့ဟေ့၊ အမှောင်နဂါးသားရဲအရှင်သခင်နဲ့အံဖွယ်သဘာဝသူတော်စင်တို့ တကယ်တိုက်ခိုက်နေကြပြီ"
"ဒီလိုဆို ငါတို့တွေ သူတို့ရဲ့ခွန်အားကို လေ့လာစောင့်ကြည့်ခွင့်ရပြီးပေါ့"
အမှောင်နဂါးသားရဲအရှင်သခင်ဖြစ်စေ၊ အံ့ဖွယ်သဘာဝဓားသူတော်စင်ဖြစ်စေ၊ သူတို့နှစ်ယောက်လုံးက အထွတ်အထိပ်တည်ရှိမှုတွေ ဖြစ်ကြတယ်။ သူတို့ တိုက်ခိုက်တာကို မြင်ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ပါဘူး။ အခုလိုလေ့လာဖို့အခွင့်အရေးကြီးတစ်ခုရှိလာမှတော့ အားလုံးက သတင်းကြားတာနဲ့ အပြေးအလွှားလာကြနေတယ်။
"အမှောင်နဂါးလက်သီး"
"အလုံးစုံခြုံငုံအံ့ဖွယ်သဘာဝဖြစ်စဉ်"
ဟင်းလင်းပြင်ထဲမှာ အနက်ရောင်နဂါးလက်သည်းတစ်ခုနဲ့အရောင်မျိုးစုံဓားအလင်းတစ်ခုက တိုက်ခိုက်နေတယ်။ ကောင်းကင်နဲ့မြေကြီးဥပဒေသကတောင် စတင်ပေါက်ကွဲလာတယ်။
"အံ့ဖွယ်သဘာဝ၊ တိုက်ခိုက်ဖို့ မလောပါနဲ့။ မျိုးနွယ်စုနှစ်ခုကြား ကိစ္စတွေကို ဖြေရှင်းပြီးမှ တိုက်ခိုက်ကြတာပေါ့" အမှောင်နဂါးသားရဲအရှင်သခင်က ပြောလိုက်တယ်။
"ဟုတ်တယ်၊ အံ့ဖွယ်သဘာဝ၊ မင်းက တိုက်ခိုက်ချင်ရင် နတ်ဆိုးသားရဲတွေက လူသားတွေနဲ့ စစ်ပွဲတစ်ခုကို စတင်လာနိုင်တယ်။ အဲ့အချိန်ကျရင် စစ်ပွဲက မင်းမတတ်နိုင်တဲ့အကျိုးဆက်တွေကို ဖြစ်ပေါ်စေမယ်နော်" အမှောင်နဂါးသူတော်စင်ဘေးနားမှာ ကျောက်စိမ်းမျက်လုံး၊အဖြူရောင်အသားအရေနဲ့ အမျိုးသမီးတစ်ယောက်က ထွက်ပေါ်လာတယ်။
"ဝိညာဉ်စိမ်း၊ မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား" အံ့ဖွယ်သဘာဝသူတော်စင်ရဲ့မျက်လုံးတွေက အလင်းဖြာထွက်သွားလေတယ်။
ဖော်ပြခဲ့တဲ့ဝိညာဉ်စိမ်းက အမှောင်နဂါးအရှင်သခင်နဲ့ ခွန်အားချင်းတူတဲ့ ဝိညာဉ်စိမ်းသားရဲအရှင်သခင်ဖြစ်တယ်။ သူမက ဝိညာဉ်တာအိုမွေးရာပါစွမ်းရည်မျိုးစုံကို ကျွမ်းကျွင်တယ်။
"ခြိမ်းခြောက်တော့ရော ဘာဖြစ်လဲ။ နတ်ဆိုးသားရဲတွေနဲ့လူသားတွေက စစ်ပွဲစရင် နတ်ဆိုးတွေက ဘယ်လိုလုပ်ပြီး ကျန်ရစ်နေရမှာလဲ" အမှောင်နဂါးသားရဲအရှင်သခင်ရဲ့အခြားတစ်ဘက်မှာ မီးလျှံတစ်ခုက ထွက်ပေါ်လာတယ်။ နွားထီးဦးချိုနဲ့ခမ်းနားတဲ့ပုံရိပ်တစ်ခုက မီးလျှံထဲမှ ထွက်ပေါ်လာတယ်။
"အဲဒါ:မီးလျှံနတ်ဆိုးအရှင်သခင်မလား"
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု : နတ်ဆိုးသားရဲနဲ့ နတ်ဆိုးတို့က ဆင်တူသလိုဖြစ်နေတာကြောင့် နတ်ဆိုးသားရဲတွေအတွက် သားရဲအရှင်သခင်လို့ သုံးနှုန်းမယ်၊ နတ်ဆိုးတွေအတွက် နတ်ဆိုးအရှင်သခင်လို့သုံးနှုန်းမယ်)
"အဲဒါ မီးလျှံနတ်ဆိုးအရှင်သခင်မလား"
"မီးလျှံနတ်ဆိုးအရှင်သခင်တောင် ရောက်လာမှတော့ ဒီအရေးကိစ္စက ထိန်းချုပ်မနိုင်တေ့ဘူးပဲ"
အားလုံးက ထိတ်လန့်သွားကြတယ်။
မီးလျှံနတ်ဆိုးအရှင်သခင်က နတ်ဆိုးအရှင်သခင်တစ်ယောက်ဖြစ်ပြီး အားအနည်းဆုံးနတ်ဆိုးအရှင်သခင်တစ်ယောက်ကတောင် အဆင့်မြင့်သူတော်စင်တစ်ယောက်ရဲ့ခွန်အား ရှိတယ်။
လူသားတွေကြားမှာလည်း အဆင့်မြင့်သူတော်စင်အနည်းငယ်ရှိတယ်၊ ဒါပေမယ့် သူတို့က ဓားသမားအစည်းအရုံးက မဟုတ်ဘူး။ ဒါကြောင့် အံ့ဖွယ်သဘာဝဓားသူတော်စင်အတွက် သူတို့က ရပ်တည်ပေးလိမ့်မှာမဟုတ်လောက်ဘူး၊ သူတို့က ဘေးကနေသာ စောင့်ကြည့်နေမှာပါ။
"ဓားသမားအစည်းအရုံးကို မျက်စိစူးနေတာ ကြာပြီ။ သူတို့က သင်ခန်းစာတစ်ခု ရသင့်တယ်"
ဟင်းလင်းပြင်အနက်ထဲမှာ မီးသင်္ကေတပါရှိတဲ့ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းတစ်ယောက် ရှိတယ်။
သူတော်စင်တစ်ယောက်က ဒီနေရာမှာရှိရင် ဒီလူကို သေချာပေါက် သိပါလိမ့်မယ်၊ အကြိုနတ်ဘုရားကလန်ကျူးကလန်ရဲ့အဆင့်မြင့်သူတော်စင်တစ်ယောက်ဆိုတာကိုပေါ့။
"ကိစ္စတွေက မကောင်းတော့ဘူး" ဆန်းကြယ်နက်နဲဓားသူတော်စင်က မျက်မှောင်ကြုတ်လိုက်တယ်။
"တကယ်ကို မကောင်းတော့ဘူး"
နတ်ဆိုးသားရဲတွေနဲ့နတ်ဆိုးတွေက တစ်ဘက်ထဲမှာ ရှိတာကို လီဖူချန်းက မြင်နိုင်တယ်။ ဒါပေမယ့် လူသားတွေက မညီညွတ်ဘူး၊ အခြားဂိုဏ်းတွေက ဓားသမားအစည်းအရုံးအလှောင်ခံရမှာကို စောင့်မျှော်နေကြတယ်။
"ဟားဟား၊ ငါ အံ့ဖွယ်သဘာဝဓားသူတော်စင်က သူတော်စင်တစ်ယောက်ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။ ငါ ဘယ်သူ့ကိုမှ မကြောက်ဘူး။ မင်းတို့သုံးယောက်လုံး အတူတိုက်ခိုက်လို့ရတယ်"
အံ့ဖွယ်သဘာဝဓားသူတော်စင်က မဟာအရှိန်အဝါတစ်ခု ရှိပြီး တိုက်ခိုက်ရေးဆန္ဒတွေ ပြည့်လျှံလာတယ်။
"ဟဲဟဲ၊ မင်းက သေချင်နေမှတော့ ငါတို့ကို အပြစ်မတင်နဲ့"
အမှောင်နဂါးသားရဲအရှင်သခင်၊ ဝိညာဉ်စိမ်းသားရဲအရှင်သခင်နဲ့ မီးလျှံနတ်ဆိုးအရှင်သခင်တို့က အတူတိုက်ခိုက်လာကြတယ်။ မသိရင် သူတို့က အရင်ကတည်းက ကြိုတင်တိုင်ပင်ထားသလိုမျိူးပဲ။
ဝုန်း..........
သူတို့လေးယောက် တိုက်ခိုက်လိုက်တဲ့အခါ နေရာတစ်ခုလုံးက တုန်ခါသွားပြီး ချီက ကောင်းကင်ထိတိုင် ထိုးတက်သွားတယ်။
"ဝိညာဉ်စုပ်နည်းလမ်း"
ဆယ်ကွက်ထိဖလှယ်ပြီးနောက် ဝိညာဉ်စိမ်းသားရဲအရှင်သခင်က သူမရဲ့မွေးရာပါစွမ်းအားဖြစ်တဲ့ဝိညာဉ်စုပ်နည်းလမ်းကို သုံးလိုက်တယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့စိတ်ဝိညာဉ်က အလွန်ခိုင်မာတယ်၊ စုပ်ယူခံရမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူက တစ်ခဏ ရပ်တန့်သွားသေးတယ်။
"အမှောင်ချည်ကြိုး"
အမှောင်နဂါးသားရဲအရှင်သခင်ကလည်း သူ့ရဲ့မွေးရာပါစွမ်းအားကို သုံးလိုက်တယ်။ နဂါးလက်သည်းတစ်ခုက အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့ခန္ဓာကိုယ်ကို ကန့်သတ်လိုက်တယ်။
"ကမ္ဘာပျက်မီး"
မီးလျှံနတ်ဆိုးအရှင်သခင်က အံ့ဖွယ်သဘာဝဓားသူတော်စင်ထံ အဖြူရောင်မီးလျှံဘောလုံးတစ်ခုကို မှုတ်ထုတ်လိုက်တယ်။
အစ်..........
သွေးအန်ထုတ်လိုက်ရပြီး အံ့ဖွယ်သဘာဝဓားသူတော်စင်က ပြင်းထန်စွာ ဒဏ်ရာရသွားတယ်။
သူက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်မဟုတ်ဘူး၊ မီးလျှံနတ်ဆိုးအရှင်သခင်ထံမှ တိုက်ခိုက်မှုကို မခုခံနိုင်ဘူး။ သူက ဒုတိယအဆင့်အထွတ်အထိပ်ချပ်ဝတ်တစ်ခုကို မဝတ်ဆင်ထားရင် သူက စောစောကတိုက်ခိုက်မှုတွေကြောင့် မသေရင်တောင်မှ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားတစ်ဝက်လောက်ကို ဆုံးရှုံးသွားရပါလိမ့်မယ်။
"စီနီယာအံ့ဖွယ်သဘာဝ၊ ဒီဓားကို ယူပါ"
အေးစက်အလင်းတစ်ခု တိုးဝှေ့လာတယ်၊ အံ့ဖွယ်သဘာဝဓားသူတော်စင်က အေးစက်အလင်းကို လက်ခံလိုက်တယ်။
ကြောက်စရာကောင်းတဲ့ဓားတစ်လက်ပဲ။ ဓားချီက အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့အရေပြားပေါ်မှာ စပ်ဖျင်းဖျင်းနာကျင်မှုတစ်ခုကို ဖြစ်စေခဲ့တယ်။
"အန္တိမအဆင့်ဓားပဲ" အံ့ဖွယ်သဘာဝဓားသူတော်စင်က ထိတ်လန့်သွားပြီး လီဖူချန်းကို ကြည့်လိုက်တယ်။
"စီနီယာအံ့ဖွယ်သဘာဝ၊ ဒီအန္တိမအဆင့်ဓားကို ယာယီပဲ ချိတ်ပိတ်ဖွင့်ထားတာ။ မြန်မြန်တိုက်" ဒီပြဿနာက သူ့ကြောင့် ဖြစ်တာကြောင့် အံ့ဖွယ်သဘာဝဓားသူတော်စင် ဒဏ်ရာရတာကို လီဖူချန်းက မမြင်ချင်ပါဘူး။
"ကောင်းပြီ"
အံ့ဖွယ်သဘာဝဓားသူတော်စင်က တိုက်ခိုက်ချင်စိတ်တွေ ထပ်မံလောင်ကျွမ်းလာတယ်။ အန္တိမအဆင့်ဓားနဲ့ဆိုရင် သူက အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်လိမ့်မယ်။
"အံ့ဖွယ်သဘာဝ၊ သေဖို့ ပြင်ထားတော့" အမှောင်နဂါးသားရဲအရှင်သခင်က သူ့ရဲ့လက်သည်းနဲ့ တိုက်ခိုက်လိုက်တယ်။
"မင်းသာ သေရမှာ"
အေးစက်တဲ့ဓားအလင်းတစ်ခုက ကမ္ဘာတစ်ခုလုံးကို ထိုးဖောက်သွားသလိုပါပဲ။
အမှောင်နဂါးသားရဲအရှင်သခင်ရဲ့ဖျက်ဆီးမရနဂါးလက်သည်းက ဒဏ်ရာရသွားပြီး သွေးတွေ ပန်းထွက်သွားလေတယ်။
"မဖြစ်နိုင်ဘူး" အမှောင်နဂါးသားရဲအရှင်သခင်က အသည်းအသန် နောက်ဆုတ်လိုက်ရတယ်၊ သူ့မျက်လုံးတွေက ပြူးကျယ်နေတယ်။
သူ့ရဲ့နဂါးလက်သည်းကို တစ်ချက်တည်းနဲ့ ဒဏ်ရာရစေဖို့က အနည်းဆုံး အထွတ်အထိပ်သူတော်စင်တစ်ယောက်ဖြစ်ဖို့ လိုတယ်။
"အဲဒီဓားပဲ" အမှောင်နဂါးသားရဲအရှင်သခင်ရဲ့မျက်လုံးတွေက ကောင်းကင်ဆက်ဓားအပေါ် ကျရောက်သွားတယ်။
အမှောင်နဂါးသားရဲအရှင်သခင်ရဲ့နဂါးလက်သည်းကို ဖြေရှင်းပြီးနောက် အံ့ဖွယ်သဘာဝဓားသူတော်စင်က မီးလျှံနတ်ဆိုးအရှင်သခင်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်တယ်။ နောက်ဆုံးမှာ သူက ဝိညာဉ်စိမ်းသားရဲအရှင်သခင်ကို နှစ်ပိုင်းခွဲဖို့ ကြိုးစားလိုက်တယ်။
သူ့ရဲ့ဓားက ဒုတိယအဆင့်အထွတ်အထိပ်ဓားတစ်လက်ဖြစ်ပြီး အန္တိမအဆင့်ဓားထက် သုံးဆင့်နိမ့်ကျတယ်။ အန္တိမအဆင့်ဓားက သူ့လက်ထဲမှာ ရှိလာတော့ သူ့ရဲ့ခွန်အားက ဆယ်ဆကျော်တိုးလာပြီးပေါ့။
ပြီးတော့ သူက ကောင်းကင်ဆက်ဓားနဲ့ ကျွမ်းဝင်မှုမရှိသေးဘူးလေ။ မဟုတ်ရင် သူ့ခွန်အားက အဲ့ထက်တောင် ပိုသန်မာနေမှာပါ။
"အဲဒါ အန္တိမအဆင့်ဓားပဲ၊ သူက အန္တိမအဆင့်ဓားတစ်လက်ကို ကိုင်စွဲထားတာ" တစ်ယောက်ယောက်က ရှင်းပြလိုက်တယ်။
နက်ပြာပလိန်းမှာ အန္တိမအဆင့်လက်နက်တွေအနည်းငယ်သာ ရှိတယ်၊ အံ့ဖွယ်သဘာဝဓားသူတော်စင်မှာက တစ်ခုရှိနေတယ်။ ဒါက လူတိုင်းရဲ့လိုချင်တပ်မက်စိတ်ကို တားဆီးဖို့ ခက်ခဲစေတယ်။
နောက်ဆုံးမှာတော့ လူတိုင်းက လီဖူချန်းကို ကြည့်လိုက်ကြတယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်ရဲ့လက်ထဲရှိအန္တိမအဆင့်ဓားက လီဖူချန်းထံမှဆိုတာ သိသာပါတယ်။
"အံ့ဖွယ်သဘာဝဓားသူတော်စင်က အန္တိမအဆင့်ဓားကို ထိုလူထံ ပြန်ပေးမလားကို ငါ သိချင်တယ်"
"သူက သေချာပေါက် ပြန်ပေးမှာ။ အံ့ဖွယ်သဘာဝဓားသူတော်စင်က လူကောင်းတစ်ယောက်ဆိုတာကို ငါ သိတယ်"
အန္တိမအဆင့်ဓားက အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့အတူ ရှိနေရင် သူတို့က အခွင်အရေးတစ်ခုရဖို့ မဖြစ်နိုင်လောက်ဘူးလေ။ ဓားက လီဖူချန်းဆီ ပြန်ရောက်မှသာ သူတို့က အခွင့်အရေးရှိလာလိမ့်မယ်။
"အံ့ဖွယ်သဘာဝ၊ မင်း ဒီတစ်ကြိမ် ကံကောင်းသွားတယ်။ သွားကြစို့"
အမှောင်နဂါးသားရဲအရှင်သခင်နဲ့အခြားနှစ်ယောက်ရဲ့အမြင်မှာ သူတို့လိုခွန်အားမျိုးငါး ယောက်မရှိဘဲနဲ့ အံ့ဖွယ်သဘာဝဓားသူတော်စင်ကို ရင်ဆိုင်ဖို့က မဖြစ်နိုင်ပါဘူး။ အဆင့်မြင့်သူတော်စင်တစ်ယောက်နဲ့အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ကြားခြားနားချက်က သိသာလွန်းပါတယ်။
.
အံ့ဖွယ်သဘာဝဓားသူတော်စင်က မလိုက်သွားပါဘူး။ သားရဲအရှင်သခင်တွေ ထွက်သွားတာနဲ့ သူက ကောင်းကင်ဆက်ဓားကို နောက်ပြန်ပေးလိုက်တယ်။ ကောင်းကင်ဆက်ဓားက အေးစက်အလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး လီဖူချန်းရဲ့ခါးရှိဓားအိမ်ထဲကို ပြန်ရောက်သွားတယ်။
ကောင်းကင်ဆက်ဓားပေါ်ရှိဓားအင်းကွက်တွေက စတင်ပိတ်ဆို့လာတာကို လီဖူချန်းက ခံစားနိုင်တယ်။ အချိန်တိုလေးအတွင်းမှာ အဲဒါက နောက်တစ်ကြိမ်ချိတ်ပိတ်သွားလိမ့်မယ်။
"လီဖူချန်း၊ အခုကစပြီး မင်းက ဂရုစိုက်ဖို့ လိုမယ်။ အရေးတကြီးမရှိရင် မင်းအနေနဲ့ ဓားသမားအစည်းအရုံးမှာ နေတာက အကောင်းဆုံးဖြစ်တယ်" အံ့ဖွယ်သဘာဝဓားသူတော်စင်က လီဖူချန်းကို သတိပေးလိုက်တယ်။
"ငါ နားလည်ပါတယ်" သူ့မှာ အန္တိမအဆင့်ဓားတစ်လက်ရှိတာကို သိပြီးနောက် တော်တော်များများက သူ့ကို ပစ်မှတ်ထားမှာကို လီဖူချန်းက သိနေတယ်လေ။
လက်ရှိအချိန်မှာ သူလုပ်နိုင်တဲ့တစ်ခုက သူတော်စင်အဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်ဖို့ပါပဲ။
သူတော်စင်တစ်ယောက်ဖြစ်လာမှသာ သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပေါ်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပါလိမ့်မယ်။
မဟုတ်ရင် သူက ဓားသမားအစည်းအရုံးထဲမှာသာ အမြဲပုန်းနေရလိမ့်မယ်။ ဒါက သူမလိုချင်တဲ့ဘဝတစ်ခုပါပဲ။
"လီဖူချန်း၊ ဟုတ်တယ်မလား။ ငါ့ရဲ့ကျူးကလန်က အန္တိမအဆင့်ဓားတစ်လက်ကို လိုချင်တယ်၊ မင်းကြိုက်တဲ့ဈေးပြောပါ" ကြီးစိုးတဲ့အသံတစ်ခုက လီဖူချန်းရဲ့နားထဲကို ကူးပြောင်းသွားတယ်။
လီဖူချန်းက ကြည့်လိုက်တယ်၊ ဟင်းလင်းပြင်ရဲ့အနက်ထဲမှာ ပုံရိပ်တစ်ခုကို ဝိုးတိုးဝိုးတား မြင်လိုက်ရတယ်။
"တောင်းပန်ပါတယ်၊ ဒါက ရောင်းဖို့မဟုတ်ဘူး" လီဖူချန်းက ချက်ချင်း တုံ့ပြန်လိုက်တယ်။
"ငါတို့ကျူးကလန်လိုချင်တာမှန်သမျှက နောက်ဆုံးမှာ ငါတို့လက်ထဲကို ရောက်လာမှာပဲ။ မင်း နောင်တမရဖို့ မျှော်လင့်တယ်"
ပုံရိပ်က ပျောက်သွားတယ်။
"မစိုးရိမ်နဲ့၊ မင်း ဓားသမားအစည်းအရုံးဌာနချုပ်မှာ နေသရွေ့ ကျူးကလန်ကတောင် ဘာမှမလုပ်နိုင်ဘူး" ဆန်းကြယ်နက်နဲဓားသူတော်စင်က လီဖူချန်းကို ပြောလိုက်တယ်၊ သူက ကျူးကလန်ရဲ့အဆင့်မြင့်သူတော်စင်ပျောက်သွားတဲ့နေရာကို ကြည့်လိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်တယ်၊ သူ့မျက်ခွံအောက်မှာတော့ ကြောက်မက်ဖွယ်ရာ တဖျတ်ဖျတ်လက်နေတယ်။
ကျူးကလန်ဆိုတော့ရော ဘာအရေးလဲ။ သူတို့က သူ့ကို လာရန်စရင် သူတို့က တန်ဖိုးတစ်ခုကို ပေးချေရမှာပဲ။
ဒါပေမယ့် အဲဒါက သူ့ရဲ့အကြွင်းမဲ့ခွန်အားအပေါ်မှာ မူတည်တာကို လီဖူချန်းက ရှင်းလင်းစွာ သိတယ်။ ခွန်အားမရှိရင် ပြောသမျှအရာအားလုံးက ဗလာသာဖြစ်ပေလိမ့်မယ်။
အခန်း ၈၁၃ : ရေနက်တိုက်ကြီး
"အကြိုသူတော်စင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ငါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံး အနည်းဆုံးလိုအပ်တယ်။ သူတော်စင်အဆင့်ကို ရောက်ဖို့ဆိုရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဘယ်လောက်တောင် လိုမလဲကို ငါ မသိနိုင်ဘူး။ ငါ့ကိုယ်ငါ အားကိုးပြီးသာ ကျင့်ကြံနေရင် နှစ်ဒါဇင်အနည်းငယ်မကြာဘဲ သူတော်စင်အဆင့်ရောက်ဖို့က မဖြစ်နိုင်ဘူး"
အရင်အဖြစ်အပျက်ပြီးနောက် တစ်လကျော်ပြိီးဖြစ်တယ်။ လီဖူချန်းက သက်ပြင်းချတယ်၊ သီးသန့်နေရာမှ ထွက်လာတယ်။
လီကလန်မှ ရရှိတဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးတုံးကို သုံးပြီးတောင်မှ လီဖူချန်းရဲ့ချီကျင့်ကြံခြင်းက အကြိုသူတော်စင်အဆင့်ကို ခြေမချနိုင်ခဲ့ဘူး။
"ဒီလိုဖြစ်နေမလား........" လီဖူချန်းရဲ့မျက်လုံးတွေက အလွန်တောက်ပသွားတယ်။
သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အဆုံးစွန်းအခြေအနေကို မရောက်ရှိသေးလို့များလား။
"ငါ မူလအဆုံးစွန်းဓားပညာရဲ့တတိယဓားကွက်ကို ဖန်တီးပြီးပြီ။ တစ်ချိန်တည်းမှာ မူလအဆုံးစွန်းဓားတာအိုက သိသိသာသာ တိုးတက်လာတယ်။ မူလအဆုံးစွန်းဓားနည်းလမ်းကို အထွတ်အထိပ်အခြေအနေကို ရောက်ရှိအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ ဒါပေမယ့် လိုအပ်ချက်တစ်ခုက နောက်ထပ်ဓားတာအိုစာအုပ်တွေကို ဖတ်ဖို့ပဲ"
ကျင့်ကြံခြင်းနည်းလမ်းတစ်ခု အထွတ်အထိပ်အခြေအနေကို ရောက်ဖို့အတွက် အခက်အခဲက ဓားပညာတစ်ခု အထွတ်အထိပ်ကို ရောက်ရှိဖို့ထက် ဆယ်ဆ ဒါမှမဟုတ် အဆများစွာ ပိုခက်ခဲတယ်။
"ငါ့မှာ အစည်းအရုံးမှတ်၈မီလီယံ ကျန်သေးတယ်။ စာကြည့်တိုက်ကို တစ်ချက်သွားကြည့်ရတာပေါ့"
စာကြည့်တိုက်မှာ လီဖူချန်းက ယင်ယန်လေပြေဓားပညာစာအုပ်ကို ဖတ်ဖို့ ရွေးချယ်လိုက်တယ်။
ဒီစာအုပ်ကို တစ်ကြိမ်ဖတ်ဖို့က အစည်းအရုံးမှတ်ငါးသိန်း ကုန်ကျတယ်။ တစ်နှစ်ငှားဖို့ဆိုရင် အစည်းအရုံးမှတ်၂၅၀မီလီယံ ပေးချေရပါလိမ့်မယ်။
"ယင်ယန်လေပြေဓားပညာရဲ့ပထမကွက်၊ နှစ်မြွှာလေ"
"ယင်ယန်လေပြေဓားပညာရဲ့ဒုတိယကွက်၊ လေမျက်စိပဲ့ကိုင်ခြင်း"
"ယင်ယန်လေပြေဓားပညာရဲ့တတိယကွက်၊ လေအလင်းညှို့ဓာတ်"
"ယင်ယန်လေပြေဓားပညာရဲ့စတုတ္ထကွက်၊ လေတိမ်နယ်နိမိတ်တွေ့ဆုံခြင်း"
…
ယင်ယန်လေပြေဓားပညာက လေတာအိုဓားပညာတစ်ခုဖြစ်တယ်၊ ဒါပေမယ့် ထိုက်ချိဓားတာအိုက နည်းနည်းပါဝင်တယ်။ ဒါကြောင့် အဲဒါက သန့်စင်တဲ့လေတာအိုဓားပညာတစ်ခုထက် ပိုသန်မာတယ်။
တစ်ကြိမ်ဖတ်ပြီးနောက် လီဖူချန်းရဲ့စိတ်ထဲမှာ ဓားတာအိုနားလည်မှုတွေ များစွာရှိလာတယ်။
ဒါပေမယ့် ဓားတာအိုနားလည်မှုက ကောင်းကင်မျဉ်းဓားရွာမှာ သူသုံးစွဲခဲ့တဲ့အချိန်နဲ့ မယှဉ်နိုင်ပါဘူး။
ကောင်းကင်မျဉ်းဓားရွာထဲမှာ သူက ကောင်းကင်မျဉ်းဓားပညာကို အကြိမ်တစ်ရာသာ ဖတ်ခဲ့ပြီး ခြောက်ကွက်သင်ယူခဲ့တယ်။
ကောင်းကင်မျဉ်းဓားပညာက စာအုပ်တစ်အုပ်သာဆိုရင် လီဖူချန်းက အကြိမ်တစ်ထောင်ဖတ်ရင်တောင် တူညီတဲ့ရလာဒ်မျိုး ရှိလာမှာ မဟုတ်ပါဘူး။
ပြီးတော့ ကောင်းကင်မျဉ်းဓားပညာက ထိပ်တန်းအဆင့်ဓားပညာတစ်ခု ဖြစ်တယ်။
တစ်ကြိမ်၊နှစ်ကြိမ်........
ယင်ယန်လေပြေဓားပညာကို ဆယ့်ခြောက်ကြိမ်ဖတ်ပြီးနောက် လီဖူချန်းက သူ့ရဲ့အစည်းရုံးမှတ်အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်တယ်။
"ငါက မူလအဆုံးစွန်းဓားနည်းလမ်းကို အထွတ်အထိပ်ကို တွန်းပို့နိုင်လောက်မလား"
လီဖူချန်းက စာကြည့်တိုက်မှ ထွက်လာပြီး သီးသန့်နေရာကို ချက်ချင်း သွားခဲ့တယ်။
လဝက်ခန့်ကြာပြီးနောက် လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်တယ်။ သူက အနည်းငယ်ကင်းမဲ့နေသေးတာဖြစ်ပြီး နောက်ထပ်အစည်းအရုံးမှတ်ဆယ့်နှစ်မီလီယံကို လိုအပ်တယ်။
ဒါပေမယ့် အစည်းအရုံးမှတ်ဆယ့်နှစ်မီလီယံကို ရရှိဖို့ သူ ဘယ်နေရာကို သွားရမလဲ။
"မင်းရဲ့ပါရမီအရ ဓားသမားအစည်းအရုံးမှာ နှစ်တစ်ရာလောက် တိတ်တဆိတ်ကျင့်ကြံခဲ့ရင် မင်းက သူတော်စင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးတစ်ခု ရှိလာမှာပါ။ မင်းက ဘာလို့ အပြင်ကို သွားပြီး စွန့်စားချင်နေရတာလဲ" အစည်းအရုံးမှတ်ကို ရရှိဖို့ လီဖူချန်းရဲ့အလိုဆန္ဒကို ဆန်းကြယ်နက်နဲဓားသူတော်စင်က နားမလည်နိုင်ပါဘူး။
သူ့ရဲ့အမြင်အရ လီဖူချန်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်မှာ ရှိပေမယ့် သူ့ရဲ့သက်တမ်းက နှစ်နှစ်ထောင်ထက် ပိုပါတယ်။ နှစ်တစ်ရာလောက်က သာမန်လူတစ်ယောက်ရဲ့အသက်နဲ့တောင် ညီမျှနေတာပဲ။
လီဖူချန်းက ခေါင်းခါလိုက်တယ်"ငါ့ရဲ့ဓားတာအိုက ငါ့ကို အဲလိုလုပ်ဖို့ ခွင့်မပြုဘူး"
သူက အစည်းအရုံးမှာ နေပြီး သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်လောက်ပေမယ့် သူက အဲလိုလုပ်ရင် အနာဂတ်မှာသူ့ဓားတာအိုရဲ့တိုးတက်မှုကို သက်ရောက်ပါလိမ့်မယ်။
"မင်းက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါ မင်းကို နောက်ထပ်မဖျောင်းဖျတော့ပါဘူး" ဆန်းကြယ်နက်နဲဓားသူတော်စင်က တစ်ချက် စဉ်းစားပြီးနောက် ဆက်ပြောလိုက်တယ်"ပင်မအကြီးအကဲတွေရဲ့မစ်ရှင်တွေက ပုံမှန်အားဖြင့် အန္တရာယ်များတယ်။ ဒီနေရာမှာ မစ်ရှင်တစ်ခု ရှိတယ်၊ တစ်ချက်ကြည့်ကြည့်ပေါ့"
ဆန်းကြယ်နက်နဲဓားသူတော်စင်က ကျောက်စိမ်းစာလိပ်တစ်ခုကို လီဖူချန်းထံ ကမ်းပေးလိုက်တယ်။
ကျောက်စိမ်းစာလိပ်ကို လက်ခံပြီးနောက် လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အထဲကို ရှာဖွေလိုက်တယ်။
ကျောက်စိမ်းစာလိပ်ပါ အကြောင်းအရာအရ ရေဝဲနက်ကျွန်းကို ရှာဖွေဖို့ အနောက်ပင်လယ်နက်ကို ဦးတည်ရမယ်။ ပြီးရင် ဓားသမားအစည်းအရုံးရဲ့ဓားတာအိုသူတော်စင်တစ်ယောက်က အသက်ရှင်နေသလားကို စုံစမ်းစစ်ဆေးရမယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"ရေဝဲနက်ကျွန်းက နက်ပြာပလိန်းမှာ ရှိတယ်လို့ ကောလာဟလရှိခဲ့တဲ့ ကျွန်းတစ်ကျွန်းပဲ။ ကျွန်းပေါ်မှာ ရေဝဲနက်ပင်တွေက ပေါက်ရောက်ကြီးထွားနေတယ်။ ရေဝဲနက်ပင်က နှစ်ငါးထောင်ပြည့်တိုင်း ပန်းပွင့်တွေ ဖူးပွင့်ပြီး သစ်သီးတွေ သီးတယ်။ သစ်သီးတစ်လုံးက လူတစ်ယောက်ရဲ့ထိုးထွင်းသိမြင်မှုကို ဆယ်ဆတိုးလာစေပြီး သုံးရက်ကြာ ခံတယ်။ မင်းက ရေဝဲနက်ကျွန်းနဲ့ပတ်သက်ပြီး သဲလွန်စတစ်ခုခုကို ရှာတွေ့ခဲ့ရင် ဆုလာဒ်အနေနဲ့ အစည်းအရုံးအမှတ်ဆယ်မီလီယံကို ရရှိမယ်။ မင်းက ရေဝဲနက်ကျွန်းကို ရှာတွေ့ရင် ဆုက အစည်းအရုံးအမှတ်၁၀၀မီလီယံကို ရရှိမယ်။ မင်းက ဓားသမားအစည်းအရုံးရဲ့ဓားတာအိုသူတော်စင်ရဲ့အခြေအနေကို ရှာတွေ့ရင် နောက်ထပ်အစည်းအရုံးမှတ်၂၀မီလီယံကို ရရှိမယ်"
ဒီမစ်ရှင်ရဲ့ဆုလာဒ်က တကယ်ကို ဆွဲဆောင်နိုင်တယ်လို့ ပြောရမှာပဲ။
နှိုင်းယှဉ်ရရင် ရေဝဲနက်ကျွန်းနဲ့ရေဝဲနက်သစ်သီးက ပိုပြီးတော့ မက်မောစရာကောင်းတယ်။
ထိုးထွင်းသိမြင်မှုကို ဆယ်ဆတိုးလာစေနိုင်တာကတော့...........
လူတစ်ယောက်ရဲ့ထိုးထွင်းသိမြင်မှုက နှစ်ဆဖြစ်လာရင် အတိတ်တုန်းက သူ့မှာရှိခဲ့တဲ့ သံသယတွေကို ရှင်းလင်းလာနိုင်မယ်။ ထိုးထွင်းသိမြင်မှုက ဆယ်ဆတိုးလာရင် အရာအားလုံးကို စဉ်းစားနိုင်မယ်လို့ မဆိုလိုပေမယ့် အဲလိုလုပ်နိုင်လုနီးပါးပါပဲ။
ဥပမာအားဖြင့် လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ဆယ်ဆတိုးလာရင် သူက မျက်စိတစ်မှိတ်အတွင်း မူလအဆုံးစွန်းဓားပညာကို အထွတ်အထိပ်ကို တွန်းပို့နိုင်လိမ့်မယ်။ မူလအဆုံးစွန်းဓားပညာရဲ့စတုတ္ထကွက်ကို ဖန်တီးဖို့ကလည်း လွယ်ကူလာလိမ့်မယ်။
သူက ပုံမှန်အတိုင်း ကျင့်ကြံရင် အချိန်ကို အဆတစ်ရာ၊အဆတစ်ထောင်အထိ အသုံးချရင်တောင် သူက တူညီတဲ့အရာကို အောင်မြင်နိုင်မှာ မဟုတ်ဘူး။
တုံ့ဆိုင်းမှုမရှိဘဲ လီဖူချန်းက လေဝဲနက်ကျွန်းမစ်ရှင်ကို ယူလိုက်တယ်။
မျက်လုံးများစွာက လီဖူချန်းကို စောင့်ကြည့်နေတယ်ဆိုပေမယ့် သူက သူ့ရဲ့ချီတည်ရှိမှုကို အပြည့်အဝ ဖုံးကွယ်နိုင်ပါတယ်လေ။
***
အချိန်က ကုန်ဆုံးနေတယ်၊ လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အနီးနားရှိပင်လယ်ပိုင်နက်ကို ရောက်လာတယ်။
အရှေ့မှာတော့ မမြင်နိုင်တဲ့အတားအဆီးတစ်ခု ရှိတယ်။ အတားအဆီးကို ချိုးဖျက်နိုင်တဲ့မည်သူမဆို ဥပဒေသတုံ့ပြန်မှုကို ခံစားရလိမ့်မယ်။
ရေဝဲနက်ကျွန်းကို သွားဖို့ သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ထွက်ခွာဖို့ လိုတယ်။
သူတော်စင်အောက်မည်သူအတွက်မဆို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ကျင့်ကြံခြင်းကောင်းကင်ဘုံတစ်ခု ဖြစ်တယ်။ ဒါပေမယ့် အဲဒါက ထောင်တစ်ခုလည်း ဖြစ်တယ်။ ဝိညာဉ်ပေါင်းစပ်ခြင်းသူတော်စင်တစ်ယောက်မဖြစ်သေးဘဲနဲ့ ထွက်ခွာဖို့က မဖြစ်နိုင်ပါဘူး။
ကံကောင်းတာက လီဖူချန်းက သာမန်ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက် မဟုတ်ပါဘူး။ သူက ဓားတစ်ချက်သာ သုံးပြီး အတားအဆီးကို ခုတ်ပိုင်းကာ ဖွင့်လိုက်တယ်၊ ပြီးနောက် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှ ထွက်ခွာလာတယ်။
ကျယ်ပြန့်တဲ့ပင်လယ်ပေါ်မှာ လီဖူချန်းရဲ့မြန်နှုန်းက အဆုံးစွန်းအကန့်အသတ်ကို ရောက်ရှိနေတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှ ထွက်လာပြီးနောက် လီဖူချန်းရဲ့မြန်နှုန်းက အဆများစွာ တိုးလာတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပေါ်မှာ ခရီးနှင်တဲ့အခါ လေစီးကြောင်းကို ဆန့်ကျင့်ရတာနဲ့ တူတယ်၊ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အပြင်ဘက်ကို ခရီးသွားတဲ့အခါ လေထဲမှာ ပျံသန်းနေရတာနဲ့ တူတယ်။ကောင်းကင်မြေကြီးဖိနှိပ်မှုက လစ်လျူရှူနိုင်နီးပါးပါပဲ။
ရက်အနည်းငယ်အတွင်း လီဖူချန်းက အနောက်ပင်လယ်နက်ကို ရောက်ရှိလာတယ်။
နက်ပြာပလိန်းကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး လေးပိုင်းခွဲခြားထားတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးနဲ့ပင်လယ်နက်က နက်ပြာပလိန်းရဲ့အနောက်ပိုင်းမှာ တည်ရှိတယ်။
"ပင်လယ်နက်က ကြီးမားကျယ်ပြန့်တယ်။ ကျွန်းတစ်ကျွန်းကို ရှာတွေ့ဖို့က မလွယ်ဘူး။ ငါက ကံကိုသာ အားကိုးရမယ်"
သူက ရေဝဲနက်ကျွန်းကို ရှာတွေ့ဖို့ မျှော်လင့်ထားတယ်။ သူ့ရဲ့ရည်ရွယ်ချက်က ရေဝဲနက်ကျွန်းရဲ့သဲလွန်စအချို့ကို ရှာတွေ့ပြီး အစည်းအရုံးမှတ်တစ်ဆယ်မီလီယံကို ရဖို့ပေါ့။ သူက ဓားတာအိုသူတော်စင်သေသလားရှင်သလားကို ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပေါ့။
"အမ်။ အရှေ့မှာ တိုက်ကြီးတစ်ခုပဲ၊ ကြည့်ရတာ အလယ်ဆင့်တိုက်ကြီးပဲဖြစ်မယ်"
အခုဆိုရင် လီဖူချန်းရဲ့မြန်နှုန်းက သူတော်စင်တစ်ယောက်ထက် မနိမ့်ကျပါဘူး။ ရက်အနည်းငယ်အတွင်း သူက ပင်လယ်နက်ထဲမှာ တိုက်ကြိီးတစ်ခုကို ရှာတွေ့ခဲ့တယ်။
တိုက်ကြီးထဲကို ဝင်လာပြီးနောက် လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ချဲ့ထုတ်လိုက်တယ်။ အသံမျိုးစုံက သူ့ရဲ့နားထဲကို ဝင်လာတယ်။
"ဒီတိုက်ကြီးကို ရေနက်တိုက်ကြီးလို့ ခေါ်တာပဲ"
အချိန်တိုအတွင်း လီဖူချန်းက ရေနက်တိုက်ကြီးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များစွာကို စုဆောင်းနိုင်ခဲ့တယ်။
***