ရှမ့်ကွမ်ယွီနဲ့ ထပ်တွေ့ခြင်း
Vol. 60 Ch. 814
ရေနက်တိုက်ကြီးက အရွယ်အစားကြီးမားတဲ့တိုက်ကြီးတစ်ခုပါပဲ။ ဂိုဏ်းအားလုံးကို ရေနက်သူတော်စင်နိုင်ငံက အုပ်ချုပ်တယ်။
ရေနက်သူတော်စင်နိုင်ငံမှာ သူတော်စင်နိုင်ငံဆိုတဲ့ အမည်နာမပါပေမယ့် သူတော်စင်တစ်ယောက်မှ မရှိပါဘူး။ ဒါပေမယ့် ရေနက်သူတော်စင်နိုင်ငံရဲ့ပထမဆုံးဧကရာဇ်မင်းက သူတော်စင်တစ်ယောက်ဖြစ်ခဲ့တယ်၊ ဒါ့ပြင် သူက အလွန်အားကောင်းတဲ့သူတော်စင်တစ်ယောက်လည်းဖြစ်တယ်။ ရေနက်သူတော်စင်နိုင်ငံက ရေနက်တိုက်ကြီးကို နှစ်ပေါင်းမရေတွက်များစွာ အုပ်ချုပ်နိုင်တာက ထိုသူတော်စင်တည်ဆောက်ပေးခဲ့တဲ့အခြေခံအုတ်မြစ်တွေကြောင့်ပါပဲ။ မဟုတ်ရင် ဟိုးအရင်ကတည်းက ဖြုတ်ချခံရလောက်ပါပြီ။
ရေနက်သူတော်စင်နိုင်ငံအပြင် ရေနက်တိုက်ကြီးမှာ အဓိကဂိုဏ်းလေးဂိုဏ်းနဲ့ကလန်လေးခု ရှိတယ်။ ဒီရှစ်ဖွဲ့ကနေ သူတော်စင်တစ်ယောက် တစ်ကြိမ်ထွက်ပေါ်ခဲ့ဖူးတယ်။ ကလန်တွေထဲမှာ ရှန့်ကွမ်ကလန်ကလည်း တစ်ခုအပါအဝင်ပါပဲ။
"ရှန့်ကွမ်ယွီလာခဲ့တဲ့ကလန်များ ဖြစ်နေမလား"
(အရင်ဘာသာပြန်သူက ရှန်ကောင်းယုလို့ ရေးခဲ့ပါတယ်၊ ကျွန်တော်က ရှန့်ကွမ်ယွိီလို့ ပြောင်းသုံးပါ့မယ်။ ပြီးတော့ ရှန့်ကွမ်ယွီက အခု အမျိုးသမီးဖြစ်နေတယ်။ အရှေ့အပိုင်းတွေမှာက ယောင်္ကျားကြိီးပါနော်။ ကျွန်တော်က အမျိုးသမီးအနေနဲ့ပဲ သုံးသွားပါ့မယ်။ မူရင်းအင်္ဂလိပ်ဘာသာပြန်မှာကိုက အဲလိုဖြစ်နေတာပါ)
ရှန့်ကွမ်ယွီက တစ်ကြိမ်ဖော်ပြခဲ့ဖူးတယ်၊ သူ့ရဲ့ဘိုးဘေးက သူတော်စင်တစ်ယောက်ဖြစ်ပြီး အနက်ရောင်သူတော်စင်လို့ ခေါ်တယ်။
အနက်ရောင်သူတော်စင်အသက်ရှိစဥ်အခါတုန်းက ရှန့်ကွမ်ကလန်က တိုက်ကြီးများစွာကို အုပ်စိုးခဲ့ပြီး ကမ္ဘာကြီးရဲ့ထိပ်တန်းအဆင့်ကလန်တွေထဲက တစ်ခုဖြစ်ခဲ့တယ်။
ဒါပေမယ့် ကြောက်စရာကောင်းတဲ့သူတော်စင်စစ်ပွဲတစ်ခုအတွင်း အနက်ရောင်သူတော်စင်က ပျောက်ဆုံးသွားပြီး ရှန့်ကွမ်ကလန်က တဖြည်းဖြည်း ကျဆင်းလာတယ်။
အနက်ရောင်ဧကရာဇ်အစည်းအရုံးက ရှန့်ကွမ်ကလန်ရဲ့အခွဲတစ်ခု ဖြစ်ခဲ့တယ်။
"တစ်ချက် သွားကြည့်တာပေါ့"
လီဖူချန်းက ရှန့်ကွမ်ကလန်ရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။
"ကလန်ခေါင်းဆောင်၊ ငါ သူတော်စင်နန်းတော်နဲ့ လက်မထပ်ချင်ဘူး" ရှန့်ကွမ်ကလန်ရဲ့ပင်မခန်းမထဲမှာ ရှန့်ကွမ်ယွီက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတယ်။
"စိတ်ကြီးဝင်နေတာပဲ။ မင်းက လက်ထပ်ဖို့အတွက် ဘယ်လိုလုပ် ဆုံးဖြတ်ချက်ချနိုင်မှာလဲ။ ဒီကမ္ဘာရဲ့မိန်းမပျိုဘယ်လောက်များများက သူတော်စင်နန်းတော်နဲ့ လက်ထပ်ချင်နေတာကို မင်းသိရဲ့လား" ရှန့်ကွမ်ကလန်ခေါင်းဆောင်က အပြစ်တင်လိုက်တယ်။
"အဲဒါ သူတိူ့ရဲ့ဆန္ဒပဲ၊ ငါ့ဆန္ဒမဟုတ်ဘူး"
သူမက သူတော်စင်သွေးမျိုးဆက်ပိုင်ဆိုင်မိတာကို ရှန့်ကွမ်ယွီက မုန်းတယ်။ သူမမှာသာ သူတော်စင်သွေးမျိုးဆက်မရှိရင် သူတော်စင်နန်းတော်နဲ့ လက်ထပ်စရာမလိုဘူးလေ။
ရှန့်ကွမ်လန်ခေါင်းဆောင်က တောင်တစ်လုံးပမာ မတုန်လှုပ်တတ်တဲ့ လူကြီးတစ်ယောက်ပါ။ သူက ဖြည်းဖြည်းလေး ပြောတယ်"ဒီကိစ္စက ဆုံးဖြတ်ထားပြီးပြီ။ နောက်ထပ် ဘာမှ ထပ်ပြောစရာမလိုတော့ဘူး။ ယွီအာ၊ သတိရပါ၊ မင်းရဲ့စကားတိုင်း၊ အပြုအမူတိုင်းက ရှန့်ကွမ်ကလန်ကို ကိုယ်စားပြုတာကို မမေ့ပါနဲ့။ ငါ့ကို စိတ်ပျက်စေမယ့်ဟာတွေ ဘာတစ်ခုမှ မလုပ်ပါနဲ့"
ရေနက်သူတော်စင်နိုင်ငံနဲ့ မဟာမိတ်ပြုလက်ထပ်တာကို ပြလုပ်ရပါမယ်။ ဂိုဏ်းရှစ်ဂိုဏ်းလုံးက ပြုလုပ်နေပြီ၊ ရှန့်ကွမ်ကလန်က ကျန်နေလို့ မရပါဘူး။
"အဖေ........."ရှန့်ကွန်ယွီက တိတ်ဆိတ်နေတဲ့အနက်ရောင်ဧကရာဇ်ကို ကြည့်လိုက်တယ်။
အနက်ရောင်ဧကရာဇ်က ခါးသီးစွာ ပြုံးကာ ခေါင်းခါလိုက်တယ်။
သူတို့က ဧကရာဇ်ကောင်းကင်တိုက်ကြီးမှ ထွက်လာတာကြောင့် အနက်ရောင်ဧကရာဇ်အစည်းအရုံးက နာမည်သာ ရှိတော့တယ်။ ရှန့်ကွမ်ကလန်ထဲမှာ ပြောဆိုဖို့ သူ့မှာ အာဏာမရှိဘူး၊ ဒါကြောင့် ရှန့်ကွန်ယွီက အိမ်ရှေ့မင်းသားကို လက်ထပ်ရပါလိမ့်မယ်။
ရေနက်သူတော်စင်နိုင်ငံဧကရာဇ်မင်းရဲ့နံပါတ်တစ်ဆက်ခံသူဖြစ်တဲ့အိမ်ရှေ့မင်းသားရဲ့အမိန့်ကို လွန်ဆန်လို့မရနိုင်ပါဘူး။ ဒါပေမယ့် အိမ်ရှေ့မင်းသားကလည်း သူတော်စင်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး အလွန်အားကောင်းတယ်။ ရေနက်တိုက်ကြီးတစ်ခုလုံးမှာ သူက ထိပ်တန်းအဆင့်ဝင်တယ်။
"ရှန့်ကွမ်ယွီ၊ မတွေ့ရတာ ကြာပြီ" အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာတယ်။ ပြီးနောက် ပုံရိပ်တစ်ခုက ရှန့်ကွမ်ကလန်ပင်မခန်းမရဲ့အလယ်ကို ရောက်ရှိလာတယ်။
"မင်း ဘယ်သူလဲ"
သူတို့က မဟာရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ရှန့်ကွမ်ကလန်ခေါင်းဆောင်နဲ့အကြီးအကဲတွေက လီဖူချန်းကို ဝန်းရံလိုက်တယ်။
"မင်း ဘယ်လို ဝင်လာတာလဲ။ ပြောစမ်း" အကြီးအကဲတစ်ယောက်က လီဖူချန်းကို လက်ညှိုးထိုးကာ အော်လိုက်တယ်။
"တိတ်တိတ်နေစမ်း"
လီဖူချန်းက သူ့ရဲ့ချီစွမ်းပကားကို ထုတ်ပြီး ပင်မခန်းမရဲ့ဟင်းလင်းပြင်ကို အေးခဲရပ်တန့်စေလိုက်တယ်။ လီဖူချန်း၊ အနက်ရောင်ဧကရာဇ်နဲ့ ရှန့်ကွမ်ယွီတို့သာ လှုပ်ရှားနိုင်တယ်။
"မင်းပဲ" အနက်ရောင်ဧကရာဇ်က လီဖူချန်းရဲ့တည်ရှိမှုကို သိတယ်၊ အထူးသဖြင့် သူက ထိတ်လန့်သွားရတယ်။
လီဖူချန်းက ပြောတယ်"အဖေတစ်ယောက်အနေနဲ့ မင်းက မင်းရဲ့တာဝန်ကို မကျေပွန်ဘူးပဲ"
ပင်မခန်းမထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို လီဖူချန်းက မြင်ခဲ့ရတယ်လေ။
"လီဖူချန်း.........."ရှန့်ကွမ်ယွီက ပျော်ရွှင်ဝမ်းသာသွားတယ်။
လီဖူချန်းနဲ့ရှန့်ကွမ်ယွီတို့က အမှတ်တရအဖြစ်အပျက်တွေကို အတူတကွ မခံစားရဘူးဆိုပေမယ့် လီဖူချန်းက ရှန့်ကွမ်ယွီတွေ့ဆုံခဲ့တဲ့သူတွေကြားမှာ အထူးခြားဆုံးဖြစ်တယ်။ အရင်ကတည်းက ရှန့်ကွမ်ယွီက လီဖူချန်းကအပေါ် အမြင်ကောင်းတွေ ရှိတယ်။ အခု လီဖူချန်းက ရုတ်တရက် ထွက်ပေါ်လာတာကြောင့် ခံစားချက်တွေ လှိုက်တက်လာရတာပေါ့။
"လီဖူချန်း၊ မင်းက မဆင်မခြင်လွန်းတယ်" အနက်ရောင်ဧကရာဇ်က ခေါင်းခါလိုက်တယ်။
ရှန့်ကွမ်ကလန်ထဲမှာအသန်မာဆုံးက ကလန်ခေါင်းဆောင် မဟုတ်ပါဘူး၊ အကြီးအကဲချုပ်ရှန့်ကွမ်ကဲဖြစ်တယ်။
ရှန့်ကွမ်ကဲက အကြိုသူတော်စင်တစ်ယောက်ဖြစ်ပြီး မဟာဧကရာဇ်တစ်ယောက်ကတောင် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပါဘူး။
"ဘယ်သူက ငါ့ရှန့်ကွမ်ကလန်မှာ ပြဿနာရှာရဲတာလဲ" အသံတစ်ခုက ခန်းမထဲမှာ ထွက်ပေါ်လာပြီး လီဖူချန်းရဲ့ချီအရှိန်အဝါကို ချိုးဖြတ်လိုက်တယ်။
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု - အရှိန်အဝါကို အသုံးပြုရတာ စွမ်းပကားထက် ပိုကောင်းတယ်လို့ ငါ ထင်တယ်။ ဒါကြောင့် ချီစွမ်းပကားကို ချီအရှိန်အဝါလို့ ပြောင်းလိုက်တယ်)
"အကြီးအကဲချုပ်"
"အကြီးအကဲချုပ်၊ ဒီလူကို မြန်မြန် ဖမ်းလိုက်"
ချီအရှိန်အဝါ ပြိုကွဲသွားပြီးနောက် ကန့်သတ်ခံထားရတဲ့သူတွေက သူတို့ရဲ့လွတ်လပ်မှုကို ရရှိသွားတယ်။ သူတို့က လီဖူချန်းရဲ့အဝေးကို ကမန်းကတန်း ဆုတ်သွားတယ်၊ သူတို့က ထိတ်လန့်သလို ဒေါသလည်း ထွက်သွားကြတယ်။
သူတို့က လီဖူချန်းရဲ့ခွန်အားအပေါ် ထိတ်လန့်သွားကြတယ်၊ သူ့ရဲ့ချီအရှိန်အဝါက သူတို့ကို ဖိနှိပ်နိုင်နေတယ်။ သူတို့က အရှက်ရသလို ခံစားရတာကြောင့် သူတို့က ဒေါသထွက်သွားကြတယ်။ ကံကောင်းသွားတာက ရေနက်တိုက်ကြီးရဲ့ထိပ်ဆုံးကျွမ်းကျင်သူဆယ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ သူတိူ့ရဲ့အကြီးအကဲချုပ်က ရောက်လာပါပြီ။ အကြီးအကဲချုပ်က လီဖူချန်းကို ဖမ်းမိတာနဲ့ သူတို့က လီဖူချန်းကို နှိပ်စက်နိုင်ပြီးလေ။
လေမတိုက်ဘဲ ခန်းမတံခါးက ပွင့်လာတယ်။ အားကောင်းတဲ့ချီအရှိန်အဝါတစ်ခုက ခန်းမတစ်ခုလုံးကို ပြည့်သွားတယ်။ လီဖူချန်းက လှည့်ကြည့်လိုက်တယ်၊ အဖြူရောင်ဆံပင်နဲ့လူကြီးတစ်ယောက်ကို မြင်လိုက်ရတယ်။ သူ့ခန္ဓာကိုယ်က အကြိုသူတော်စင်တစ်ယောက်ရဲ့ချီတည်ရှိမှုကို ထုတ်လွှတ်နေတယ်။
အကြိုသူတော်စင်တစ်ယောက်ရဲ့စွမ်းအားလား။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာတောင် အကြိုသူတော်စင်တစ်ယောက်က မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးတစ်ရာထဲ ဝင်နိုင်တယ်။
အားအနည်းဆုံးအကြိုသူတော်စင်တစ်ယောက်က သာမန်မဟာဧကရာဇ်တစ်ယောက်ရဲ့ဟိုးအထက်မှာ ရှိတယ်၊ အားနည်းတဲ့အကြိုသူတော်စင်တစ်ယောက်ဖြစ်ဖို့က မဖြစ်နိုင်ပါဘူး။
အကြိုသူတော်စင်ဖြစ်လာနိုင်တဲ့သူတွေအားလုံးက အံ့အားသင့်စရာပါရမီတွေ ရှိတယ်။
"မင်း ဘယ်သူလဲ။ မင်းက ငါတို့ရှန့်ကွမ်ကလန်ကို ဘာလာလုပ်တာလဲ။ မင်းက ကိစ္စတွေကို ရှင်းရှင်းလင်းလင်းမလုပ်ရင် ဒီတံခါးကနေ ထွက်ဖို့ မစဉ်းစားနဲ့" ရှန့်ကွမ်ကဲရဲ့ချီတည်ရှိမှုက လီဖူချန်းကို ချုပ်နှောင်လိုက်တယ်၊ သူ့မျက်လုံးတွေက တောက်ပနေတယ်။
လီဖူချန်းက သာမန်ဆန်စွာ ရယ်လိုက်တယ်"အလယ်ဆင့်တိုက်ကြီးတစ်ခုမှာ အကြိုသူတော်စင်တစ်ယောက်ဖြစ်ဖို့က တကယ်ကို မယုံနိုင်စရာပဲ"
အကြိုသူတော်စင်အဆင့်ကို ရောက်ပြီးနောက် သူတော်စင်အဆင့်ကို ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။ အချိန်အတိုင်းအတာတစ်ခုသာ လိုပေမယ်။
ဧကရာဇ်တိုက်ကြီးမှာဆိုရင် အကြိုသူတော်စင်တစ်ယောက်တောင် မရှိဘူး။
"မင်းကို သင်ခန်းစာမပေးရင် မင်းက ကြောက်မှာ မဟုတ်ဘူးနဲ့ တူတယ်" ရှန့်ကွမ်ကဲက လီဖူချန်းကို လက်ဝါးတစ်ချက် ခုတ်ချလိုက်တယ်။
လက်ဝါးက ကြီးမားတဲ့အားတစ်ခုကို မထုတ်ဖော်နိုင်သလို ခန်းမရဲ့ထောင့်တိုင်းကို မရောက်ရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီလက်ဝါးရဲ့ချီအရှိန်အဝါက ကြီးမားကျယ်ပြန့်လွန်းပြီး ရန်သူတွေခမျာ ခုခံဖို့ စိတ်တန်ခိုးစွမ်းအားတစ်ခုတောင် ရှိနိုင်မှာ မဟုတ်ပါဘူး။
ကံမကောင်းတာက သူ့ရန်သူက လီဖူချန်းဖြစ်နေတာပဲ။
ပင်လယ်ထဲကို ရွှံ့နွားတစ်ကောင်ကို တွန်းပို့လိုက်သလို လီဖူချန်းရဲ့ပေသုံးဆယ်ပတ်လည်ကို ရောက်ပြီးနောက် ရှန့်ကွမ်ကဲရဲ့လက်ဝါးအားက ပျောက်ကွယ်သွားလေတယ်။
"ဘယ်လိုလဲဟ" ရှန့်ကွမ်ကဲက အမူအရာပြောင်းသွားတယ်၊ သူက လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။
အနေအထားက ဒီအတိုင်းပါပဲ၊ လက်ဝါးအားက လီဖူချန်းကို မထိခိုက်စေနိုင်ပါဘူး။
လီဖူချန်းက သူ့အပြုံးကို ရုတ်သိမ်းပြီး သူ့လက်ချောင်းကို ဆတ်ခနဲတောက်လိုက်တယ်။ ရှန့်ကွမ်ကဲက လွင့်ထွက်ပြီး ခန်းမနံရံနဲ့ မိတ်ဆက်သွားတယ်"ငါက မင်းတို့လို့လူတွေနဲ့ အချိန်ဖြုန်းစရာ မရှိဘူး။ ရှန့်ကွမ်ယွီက ငါ့ရဲ့သူငယ်ချင်းပဲ။ မင်းက သူမရဲ့ကလန်သားဆိုရင်တောင် မင်းမှာ သူမကို ဖိအားပေးဖို့ ဘာအမိန့်အာဏာမှ မရှိဘူး"
အနက်ရောင်ဧကရာဇ်အပါအဝင် ရှန့်ကွမ်ကလန်ရဲ့လူတိုင်းက အံ့ဩမှင်တက်သွားကြတယ်။
သူတို့ရဲ့အကြီးအကဲချုပ်ရှန့်ကွမ်ကဲက အကြိုသူတော်စင်တစ်ယောက်ပဲ။ အားကောင်းတဲ့အကြိုသူတော်စင်တစ်ယောက်က သူ့ရဲ့ခွန်အားအပြည့်ကို ထုတ်သုံးတောင်မှ လီဖူချန်းကို ဒဏ်ရာမရစေခဲ့ဘူး။ တစ်ဘက်မှာတော့ လီဖူချန်းက လက်တောက်တစ်ချက်နဲ့ ရှန့်ကွမ်ကဲကို လွင့်ထွက်သွားစေတယ်။
သူတို့က ဘယ်လိုကြည့်ကြည့် ကိစ္စမရှိဘူး၊ ဒါက ညီမျှတဲ့ပြိုင်ဘက်တွေကြား တိုက်ပွဲတစ်ခုမဟုတ်ပါဘူး။
"သူက သူတော်စင်တစ်ယောက်များလား" ရှန့်ကွမ်ကလန်အကြီးအကဲတစ်ယောက်က တုန်လှုပ်ချောက်ခြားသွားတယ်။
အကြီးအကဲရဲ့အမြင်အရ သူတော်စင်တစ်ယောက်မှသာ အကြိုသူတော်စင်ကို အလွယ်တကူ ဖိနှိပ်နိုင်မှာပါ။
လူတိုင်းက သူတော်စင်ဝိညာဉ်တိုက်ကြီးကို မရောက်ဖူးသလို ပြောင်မြောက်တဲ့မဟာဧကရာဇ်တို့ကိုလည်း မမြင်ဖူးပါဘူး။
"လီဖူချန်း၊ နင်က သူတော်စင်တောင် ဖြစ်သွားပြီးလား" ရှန့်ကွမ်ယွီက မေးလိုက်တယ်။
လီဖူချန်းက ခေါင်းခါလိုက်တယ်"ငါက သူတော်စင်တစ်ယောက်တော့ မဟုတ်သေးဘူး။ ဒါပေမယ့် မင်း ငါ့ကို သူတော်စင်တစ်ယောက်လို့ သတ်မှတ်လို့ရတယ်"
"သူတော်စင်တစ်ယောက်ရဲ့တိုက်ခိုက်ရေးခွန်အားမျိုး" လူတိုင်းက အသက်ရှုလိုက်ရတယ်။
လီဖူချန်းရဲ့အဖြေမှာ ထင်ရှားတဲ့အဓိပ္ပါယ် ရှိတယ်။ သူက သူတော်စင်မဖြစ်သေးဘူး၊ ဒါပေမယ့် သူတော်စင်တစ်ယောက်ရဲ့တိုက်ခိုက်ရေးခွန်အား ရှိတယ်။ ပုံကြီးချဲ့တယ်ဆိုရင်တောင် တကယ်လည်း ကြောက်စရာကောင်းလွန်းပါတယ်လေ။
"စောစောက ဒီလူကြီးက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိပါတယ်။ ငါက သခင်လေးရဲ့ခွင့်လွှတ်မှုကို တောင်းခံပါတယ်။ သခင်လေးက ဒီငမိုက်သားကို အာဃာတမထားဖို့ မျှော်လင့်တယ်"
ရှန့်ကွမ်ကဲက ပထမဆုံးတုံ့ပြန်တယ်။ သူက လျင်မြန်စွာ တောင်းပန်လိုက်ချေတယ်။
လီဖူချန်းက သူ့ကို လက်တောက်တစ်ချက်နဲ့ လွင့်ထွက်စေနိုင်ရင် လီဖူချန်းက ရှန့်ကွမ်ကလန်တစ်ခုလုံးကို လက်တောက်တစ်ချက်နဲ့ ဖျက်ဆီးနိုင်တယ်လို့ ဆိုလိုတယ်။ ဒီလိုခွန်အားက ရေနက်တိုက်ကြီးတစ်ခုလုံးကို နှိမ့်ချဖို့ လုံလောက်တယ်။
သူတို့ရဲ့အကြီးအကဲချုပ်က တောင်းပန်နေတာကို မြင်ပြီး ရှန့်ကွမ်ကလန်ရဲ့တစ်ယောက်ကမှ လေပေါ်မှာ မနေရဲတော့ပါဘူး။ အားလုံးက လျင်မြန်စွာ တောင်းပန်လိုက်ကြတယ်၊ အသက်တောင် ကျယ်ကျယ် မရှုရဲတော့ပါဘူး။
လီဖူချန်းက လက်ခါကာ ပြောလိုက်တယ်"ငါက ရှန့်ကွမ်ကလန်ကို ဒုက္ခပေးဖို့ လာတာမဟုတ်ဘူး။ မင်းတို့တွေ ငါ့ကို ကြောက်စရာမလိုဘူး။ ရှန့်ကွမ်ယွီ၊ မင်းရဲ့ခြံဝင်းကို သွားရအောင်"
"ကောင်းပြီ" ရှန့်ကွမ်ယွီက လူတိုင်းကို လစ်လျူရှုပြီး လီဖူချန်းကို သူမနေထိုင်ရာဆီ ခေါ်ဆောင်သွားတယ်။
သူတို့နှစ်ယောက်ထွက်သွားတာနဲ့ ခန်းမထဲရှိလူတိုင်းက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ခြားစွာ ကြည့်လိုက်ကြတယ်၊ သူတို့က အိမ်မက်နေသည့်အလား ခံစားရတယ်။
အချိန်အတော်ကြာပြီးမှ ရှန့်ကွမ်ကဲက ပြောလိုက်တယ်"ဒီလူကို စော်ကားလို့မရဘူး။ ငါတို့က သူ့ရဲ့တောင်းဆိုချက်မှန်သမျှကို အကောင်းဆုံးလုပ်ဆောင်ပေးရမယ်။ သူ့ကို ဒေါသထွက်အောင် မလုပ်ကြနဲ့"
"အိမ်ရှေ့မင်းသားကိုကျ ဘယ်လိုလုပ်မလဲ" အကြီးအကဲတစ်ယောက်က ချီတုံချတုံနဲ့ မေးလိုက်တယ်။
ရှန့်ကွမ်ကဲက အကြီးအကဲကို စိုက်ကြည့်လိုက်တယ်"အခုက အိမ်ရှေ့မင်းသားကို ဂစိုက်ဖို့ အချိန်မဟုတ်ဘူး။ ငါ မင်းတို့ကို သေချာပေါက် ပြောနိုင်တာက ဧကရာဇ်မင်းအပါအဝင် ရေနက်တိုက်ကြီးပေါ်ရှိဘယ်သူကမှ သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး"
ဧကရာဇ်မင်းက အကြိုသူတော်စင်တစ်ယောက်သာ ဖြစ်ပြီး သူရဲ့ခွန်အားက ရှန့်ကွမ်ကဲထက်သာရင် နည်းနည်းလေးပဲပေါ့။ ဒါပေမယ့် လီဖူချန်းက ရှန့်ကွမ်ကဲထက် အများကြီးပိုသန်မာပါတယ်။
"ရေနက်တိုက်ကြီးမှာ ပြိုင်ဘက်ကင်းတဲ့လား" အနက်ရောင်ဧကရာဇ်က အသက်ပြင်းပြင်းရှုလိုက်တယ်။
…
ကျောက်စိမ်းရောင်ရေပြင်ရဲ့အပေါ်မှာ အဆောက်အအုံတစ်ခုရှိတယ်။
ဒုတိယအထပ်မှာ လီဖူချန်းနဲ့ရှန့်ကွမ်ယွီက လက်ဖက်ရည်သောက်ရင်း စကားပြောနေတယ်။
"နင်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက လာတာလား" လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက လာတာကို သိပြီးနောက် ရှန့်ကွမ်ယွီက အံ့အားသင့်သွားပြီး မျှော်လင့်တောင့်တတဲ့အမူအရာတစ်ခု ဖြစ်လာတယ်။
အဆင့်မြင့်တိုက်ကြီးက သိုင်းပညာရှင်အားလုံးရဲ့နှလုံးသားထဲမှာ မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်တယ်။ သူမရဲ့ဘိုးဘေးအနက်ရောင်သူတော်စင်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို တစ်ကြိမ် ရောက်ဖူးတယ်။ ပြီးနောက် သူက ရှန့်ကွမ်ကလန်ကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့တယ်၊ ဒါပေမယ့် သူ မအောင်မြင်ခင် သူတော်စင်စစ်ပွဲက မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတယ်။ ပြီးနောက် အနက်ရောင်သူတော်စင်က ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့တယ်။ အနက်ရောင်သူတော်စင်ရေးသားခဲ့တဲ့ကိုယ်ရေးမှတ်တမ်းအရ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေ တစ်ရာမီလီယံလောက် ရှိတယ်။ သူတော်စင်တွေလည်း များစွာ ရှိတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးနဲ့ နှိုင်းယှဉ်ရင် ရေနက်တိုက်ကြီးက မဖြစ်ထွန်းတဲ့ကျွန်းတစ်ခုသာသာပါပဲ။
လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"မင်းက ဆန္ဒရှိရင် ငါ မင်းကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ခေါ်သွားပေးမယ်"
လီဖူချန်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် လူတစ်ယောက်ကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ခေါ်သွားဖို့က သူ့အတွက် အလွယ်လေးပါပဲ။
"ငါ ဆန္ဒရှိတာပေါ့" ရှန့်ကွမ်ယွီရဲ့မျက်လုံးတွေက အရောင်လက်သွားတယ်။
သူတို့နှစ်ယောက်က ဆက်လက်စကားပြောနေကြတယ်။
ရှန့်ကွမ်ယွီရဲ့ပြောစကားအရ ရေနက်သူတော်စင်နိုင်ငံရဲ့ပထမဆုံးဧကရာဇ်မင်းက အနက်ရောင်သူတော်စင်ရဲ့လက်အောက်ငယ်သား ဖြစ်တယ်။ အနက်ရောင်သူတော်စင် ပျောက်ဆုံးသွားပြီးနောက် ရေနက်သူတော်စင်နိုင်ငံကို တည်ထောင်ခဲ့တယ်။ အနက်ရောင်သူတော်စင်ပျောက်ဆုံးသွားတာက ကျွန်းတစ်ကျွန်းနဲ့ ဆက်စပ်နေတယ်။ ကျွန်းထွက်ပေါ်လာမှုက သူတော်စင်များစွာကို ဆွဲဆောင်ခဲ့တယ်၊ အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိခဲ့ကြပုံပေါ်တယ်။ ဒါကြောင့် သူတော်စင်တွေကြား စစ်ပွဲတစ်ခုကို ဖြစ်စေပြီး သူတော်စင်များစွာက ကျွန်းပေါ်မှာ သေဆုံးသွားခဲ့ကြရတယ်။
"သူတော်စင်စစ်ပွဲလား။ ကျွန်းတစ်ကျွန်းလား"
ကျွန်းက ရေဝဲနက်ကျွန်း ဖြစ်လောက်တယ်လို့ လီဖူချန်းက သိတယ်။
"ကျွန်းရဲ့တည်နေရာကို မင်း သိလား" လီဖူချန်းက အမြန် မေးလိုက်တယ်။
ရှန့်ကွမ်ယွီက ခေါင်းခါလိုက်တယ်"နှစ်ပေါင်းများစွာ ကြာပြီး၊ဒါပေမယ့် တစ်ယောက်မှ အဲ့ကျွန်းကို ရှာမတွေ့ခဲ့ဘူး။ ငါတို့ရှန့်ကွမ်ကလန်က ပင်လယ်ထဲကို အကြိမ်များစွာ စွန့်စားရှာဖွေခဲ့ပေမယ့် ဘာတစ်ခုမှ မတွေ့နိုင်ဘူး။ ရေနက်သူတော်စင်နန်းတော်မှာတော့ ပိုမိုစုံလင်တဲ့အချက်အလက်တွေ ရှိလောက်မယ်"
***