ပင်လယ်မြေပုံ
Vol. 60 Ch. 815
"လာ၊ ရေနက်သူတော်စင်နန်းတော်ကို သွားဖို့ ငါ့နောက်က လိုက်ခဲ့"
လီဖူချန်းက ရေနက်တိုက်ကြီးပေါ်မှာ အချိန်ကို မဖြုန်းလိုပါဘူး။ ဒီမစ်ရှင်ပြီးသွားတာနဲ့ သူက ကောင်းကင်ဧကရာဇ်တိုက်ကြီးဆီ ပြန်ပြီး သူ့ကလန်ကို သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ခေါ်လာဖို့ စီစဉ်ထားတယ်။
ဟင်းလင်းပြင်ဇုန်မှာ ပြောင်းလဲမှုတစ်ခု ရှိလာတယ်၊ သူတို့နှစ်ယောက်က ရေနက်သူတော်စင်နန်းတော်အထက် ကောင်းကင်ကို ရောက်ရှိသွားတယ်။
ရေနက်သူတော်စင်နန်းတော်တစ်ခုလုံးကို အဆင့်၉အစီအရင်တစ်ခုနဲ့ ဝန်းရံထားတယ်။ အဲဒါက ရေနက်သူတော်စင်နန်းတော်က ရေနက်တိုက်ကြီးကို နှစ်ပေါင်းမရေမတွက်နိုင်စွာ အုပ်ချုပ်နိုင်ခြင်းရဲ့ အကြောင်းပြချက်ပါပဲ။ ပြီးတော့ သူတော်စင်အောက်တစ်ယောက်ကမှ အစီအရင်ကို မချိုးဖျက်နိုင်သလို သူတော်စင်နန်းတော်ထဲမှာ သတ်ဖြတ်ခြင်းလည်း မပြုနိုင်ပါဘူး။
သူတို့နှစ်ယောက်ထွက်ပေါ်လာမှုက ရေနက်သူတော်စင်နန်းတော်ရဲ့ကျွမ်းကျင်သူတွေကို နှိုးဆော်လိုက်တယ်။
"ရှန့်ကွမ်ယွီ၊ မင်းဘေးနားကလူက ဘယ်သူလဲ။ သူတော်စင်နန်းတော်ထဲကို အတင်းဝင်လာတဲ့ဘယ်သူမဆို သေဒဏ်ဆိုတာ မင်း မသိဘူးလား" ဂုဏ်ယူပလွှားတဲ့အရှိန်အဝါနဲ့ လူငယ်တစ်ယောက်က လီဖူချန်းနဲ့ရှန့်ကွမ်ယွီကို ကြည့်လိုက်တယ်။
အိမ်ရှေ့မင်းသားစစ်ထူပါက ရေနက်တိုက်ကြီးတစ်ခုလုံးမှာ အာဏာအရှိဆုံးသူတွေထဲကတစ်ယောက် ဖြစ်တယ်။
"သူက အိမ်ရှေ့မင်းသားစစ်ထူပါ" ရှန့်ကွမ်ယွီက လီဖူချန်းကို တီးတိုးပြောလိုက်တယ်။
"ဒါဆို မင်းက အိမ်ရှေ့မင်းသားပေါ့" လီဖူချန်းက သူ့ရဲ့ဘယ်ဘက်လက်နဲ့ လှမ်းဆွဲလိုက်တယ်။ ဓားစွမ်းအင်လက်တစ်ဖက်က လေကိုဖြတ်ကာ စစ်ထူပါကို ဖမ်းကိုင်ထားတယ်။
"အိမ်ရှေ့မင်းသားကို အောက်ချလိုက်ပါ" လီဖူချန်းက အစီအရင်ကို ဖြတ်သန်းကာ စစ်ထူပါအား ထိန်းချုပ်ထားတာကို မြင်ပြီး သူတော်စင်နန်းတော်အတွင်းရှိမဟာဧကရာဇ်တွေက လေထဲကို သတ်ဖြတ်ခြင်းဆန္ဒအပြည့်နဲ့ တစ်ဟုန်ထိုးပြေးလာကြတယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း...........
ချီအားတစ်ခုက လီဖူချန်းထံမှ ထွက်လာတယ်။ ပြေးဝင်လာသူတိုင်းက သွေးအန်လွင့်ထွက်သွားတယ်။
"ရေနက်ဧကရာဇ်က ဘယ်မှာလဲ" လီဖူချန်းရဲ့အသံက သူတော်စင်နန်းတော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားတယ်။
ရေဝဲနက်ကျွန်းကို ရှာဖို့ဆိုရင် လီဖူချန်းက ရေနက်သူတော်စင်နိုင်ငံမှ သတင်းအချက်အလက်ကို လိုအပ်တယ်။ သတင်းအချက်အလက်ကို ရဖို့က ချိုသာတဲ့နည်းလမ်းတွေနဲ့ မဖြစ်နိုင်ပါဘူး။
လီဖူချန်းက သတင်းအချက်အလက်ကို ချက်ချင်း တောင်းဆိုရင် တစ်ဖက်က သူ့ကို အရူးတစ်ယောက်လိုသာ ဆက်ဆံပေလိမ့်မယ်။ အဆုံးမှာတော့ သူက သူ့ရဲ့သိုင်းအားကို ပြသဖို့ လိုအပ်တယ်၊ ဒါကြောင့် ခွန်အားနဲ့စကားပြောတာက အရှင်းဆုံးပါပဲ။
အချိန်က ပြဿနာမရှိဘူး၊ သိုင်းအားက ဘယ်အရာကိုမဆို ဖြေရှင်းဖို့ အမြန်ဆုံးနည်းလမ်း ဖြစ်တယ်။
"မင်းက နည်းနည်း ဗိုလ်ကျလွန်းတယ်လို့ မထင်ဘူးလား။ ငါ့ရဲ့ရေနက်သူတော်စင်နိုင်ငံကို အနိုင်ယူဖို့ လွယ်ကူမယ်လို့ မင်း ထင်နေတာလား" အသံတစ်ခုက ပဲ့တင်ထပ်လာတယ်။
ရေနက်သူတော်စင်နန်းတော်ရဲ့အလယ်မှာ ရေနက်သူတော်စင်ခန်းမရှိတယ်။ အနက်ရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းတစ်ယောက်က ရေနက်သူတော်စင်ခန်းမရဲ့ထိပ်မှာ ထွက်ပေါ်လာတယ်။
လီဖူချန်းက ခန့်မှန်းစရာမလိုပါဘူး၊ ထိုလူက ရေနက်သူတော်စင်နိုင်ငံရဲ့ဧကရာဇ်စစ်ထူထျန်းချီဆိုတာကို သိနေပါပြီ။
"ငါက တကယ်ဗိုလ်ကျလွန်းရင် ဒီအစီအရင်ကို ဖျက်ဆီးပြီးလောက်ပြီ။ မစိုးရိမ်ပါနဲ့၊ ငါက ဒီနေရာကို တောင်းဆိုစရာတစ်ခုရှိလို့ လာတာပါ။ ငါ ကိစ္စပြီးတာနဲ့ မင်းတို့ကို လျော်ကြေးပေးမှာပါ" လီဖူချန်းက စစ်ထူပါကို သွားခွင့်ပေးရင်း ပြောလိုက်တယ်။
"တောင်းဆိုစရာတစ်ခုလား။ ရော့၊ ငါ့လက်သီးကို အရင်မြည်းကြည့်အုံး"
စစ်ထူပါက လေကို ဖြတ်ကာ လက်သီးတစ်ချက်ကို ဖော်ထုတ်လိုက်တယ်။ လက်သီးအားက ရှန့်ကွမ်ကဲရဲ့လက်သီးထက် အဆများစွာ ပိုသန်မာတယ်။
ဝုန်း........
လီဖူချန်းက သူ့ရဲ့ဓားစွမ်းအင်အကာအကွယ်ကို သုံးကာ လက်သီးချက်ကို လက်ခံလိုက်တယ်။
"ဘာ" စစ်ထူထျန်းချီရဲ့အမူအရာက ပြောင်းသွားတယ်။
လီဖူချန်းက အတော်လေးပြောင်မြောက်တဲ့အကြိုသူတော်စင်တစ်ယောက်လို့သာ စစ်ထူထျန်းချီက အစက တွေးထားခဲ့တာ။ လီဖူချန်းက ပိုသန်မာရင်တောင် အကန့်အသတ်တစ်ခု ရှိမယ်ပေါ့။
"ချိတ်ပိတ်ခြင်း" စစ်ထူထျန်းချီက အော်လိုက်တယ်၊ ကြောက်စရာကောင်းတဲ့အစီအရင်စွမ်းအားတစ်ခုက လီဖူချန်းကို ဝန်းရံလာတယ်။
နောက်အခိုက်အတန့်မှာတော့ ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို မမြင်နိုင်တဲ့စွမ်းအင်တစ်ခုက ချိတ်ပတ်ထားတာကို လီဖူချန်းက ခံစားမိတယ်။ လီဖူချန်းက သာမန်အကြိုသူတော်စင်တစ်ယောက်သာဆိုရင် သူက လက်တစ်ချောင်းတောင် လှုပ်လို့ရတော့မှာ မဟုတ်ပါဘူး။
"သေစမ်း"
လီဖူချန်းကို ချိတ်ပိတ်ပြီးနောက် စစ်ထူထျန်းချီက သူ့ကိုယ်သူ အော်ရာစွမ်းအားနဲ့ လွှမ်းခြုံပြီး လီဖူချန်းထံ လက်သီးတစ်ချက်ကို ထပ်မံထုတ်ဖော်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ အားက ရှန့်ကွမ်ကဲရဲ့လက်သီးထက် အဆအနည်းငယ်သာ ပိုသန်မာတာ မဟုတ်ပါဘူး။ အဆတစ်ရာလောက် ပိုသန်မာလာတယ်။
ဒီတိုက်ခိုက်မှုက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကိုတောင် ရင်ဆိုင်နိုင်မယ်လို့ စစ်ထူထျန်းချီက ယုံကြည်တယ်။
ဒီတစ်ခါမှာတော့ လီဖူချန်းက ဓားစွမ်းအင်အကာအကွယ်နဲ့ မတားဆီးပါဘူး။ ပြီးတော့ ဒါက အဆင့်၉အစီအရင်တစ်ခုဖြစ်ပြီး ဓားစွမ်းအင်လောက်နဲ့ မကာကွယ်နိုင်ပါဘူး။ လီဖူချန်းက သူ့ရဲ့ညာလက်ညှိုးနဲ့လက်ခလယ်ကို မြှောက်လိုက်တယ်။ ထိုးချက်တစ်ခုနဲ့အတူ သူက ကြီးမားတဲ့လက်သီးအားကို ထိုးဖောက်ရုံတင်မကပါဘူး၊ စစ်ထူထျန်းချီရဲ့ခန္ဓာကိုယ်ကိုပါ ထိုးဖောက်သွားခဲ့တယ်။
"စစ်ထူထျန်းချီ၊ ငါတို့ အေးအေးဆေးဆေးထိုင်ဆွေးနွေးတာက ပိုကောင်းမယ်လို့ ငါ ထင်တယ်" လီဖူချန်းက ပုံမှန်အတိုင်း ပြောလိုက်တယ်။
အောက်ဘက်ရှိလူတိုင်းက ထိတ်လန့်သွားရတယ်။
တစ်ယောက်တည်းခွန်အားနဲ့ လီဖူချန်းက ရေနက်နန်းတော်ရဲ့ကျွမ်းကျင်သူများစွာကို ဖိနှိပ်နိုင်တယ်၊ ဧကရာဇ်စစ်ထူထျန်းချီကိုပါ အနိုင်ယူခဲ့တယ်။ ဆိုလိုတာက သူသာ ဆန္ဒရှိရင် လီဖူချန်းက ရေနက်သူတော်စင်နိုင်ငံကို ထိန်းချုပ်ပြီး ဧကရာဇ်အသစ်တစ်ယောက်ဖြစ်လာနိုင်တယ်။
"ဒီလိုအကြွင်းမဲ့ခွန်အားနဲ့မှသာ မိမိရဲ့ကိုယ်ပိုင်ကံကြမ္မာကို ထိန်းချုပ်နိုင်မှာ" ရှန့်ကွမ်ယွီရဲ့မျက်လုံးတွေက ယုံကြည်ချက်ပြတ်သားမှုတွေ တိုးလာတယ်။
လီဖူချန်းသာ ရေနက်တိုက်ကြီးကို မရောက်လာရင် သူမရဲ့ဘဝက ဘယ်လိုတောင် ဖြစ်နေမလဲကို သူမက စိတ်ကူးကြည့်နိုင်တယ်။ အခု တွေးကြည့်ရုံနဲ့တောင် ကြောက်ရွံ့မှုက သူမရင်ထဲ တဝဲဝဲဖြစ်နေတုန်းပဲ။
ရှန့်ကွမ်ယွီက ဘေးကို လှည့်ကာ လီဖူချန်းကို ကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်၊ ဒါပေမယ့် ဟိုလိုလိုသည်လိုလိုခံစားချက်အရိပ်အယောင်တစ်ခုလည်း ရှိတယ်။
သူမက လီဖူချန်းနဲ့အတူ သူတော်စင်စိတ်ဝိညာဥ်တိုက်ကြီးကို လိုက်သွားသရွေ့ သူမရဲ့ဘဝက အတော်လေးစိတ်လှုပ်ရှားဖွယ်ရှိလာမှာပါ။
စစ်ထူထျန်းချီက စွမ်းဆောင်ရည်ရှိတဲ့ လူတစ်ယောက်ပါ၊ အနေအထားအရ ဘယ်အချိန်မှာ အညံ့ခံရမလဲကို သူ သိတယ်။
သူ့ရဲ့စကားတွေက ရေနက်တိုက်ကြီးတည်ရှိရာကမ္ဘာမှာ အဓိပ္ပါယ်ရှိနိုင်ပေမယ့် အပြင်ကမ္ဘာမှာတော့ သူက နိုင်ငံတစ်ခုရဲ့ဧကရာဇ်ဒါမှမဟုတ်အကြိုသူတော်စင်တစ်ယောက်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အခု လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှလာသလားကို သူက သံသယဖြစ်နေတယ်။
လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကသူတော်စင်တစ်ယောက်ဆိုရင် စစ်ထူထျန်းချီက အကြောင်းပြချက်မရှိတော့ပါဘူး။
"တစ်ခုခုတော့ မဟုတ်သေးဘူး" စစ်ထူထျန်းချီက ပြဿနာတစ်ခုကို ရုတ်တရက် တွေးလိုက်မိတယ်။
သူတော်စင်တစ်ယောက်က အလယ်ဆင့်တိုက်ကြီးတစ်ခုထဲကို လွတ်လွတ်လပ်လပ် မဝင်နိုင်ပါဘူး။
သူတော်စင်တစ်ယောက်က အလယ်ဆင့်တိုက်ကြီးတစ်ခုအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုပါ။ သူတော်စင်တစ်ယောက်က အလယ်ဆင့်တိုက်ကြီးကို ဝင်ရောက်တာနဲ့ သူက တိုက်ကြီးစိတ်တန်ခိုးစွမ်းအားရဲ့ဖိနှိပ်မှုကို ချက်ချင်း ခံစားရမှာပါ။ ခွန်အားကို တစ်ရာရာခိုင်နှုန်းအပြည့် အသုံးမချနိုင်ပါဘူး။
ဒါပေမယ့် သူတော်စင်တစ်ယောက်ရဲ့ခွန်အားက ဖိနှိပ်ခံထားရရင်တောင် သူတော်စင်ကို အနိုင်ယူဖို့က အလွန်အမင်းခက်ခဲနေတုန်းပဲ။ အဆင့်၉အစီအရင်ကို မှီခိုခြင်းဖြင့်သာ အကောင်းဆုံးရလဒ်က သူတော်စင်ကို ဖိနှိပ်နိုင်ခြင်းပါပဲ။ သူတော်စင်ကို သတ်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းဖော်ပြခဲ့တဲ့ခွန်အားအရ သူတော်စင်အဆင့်ဆိုတာ သိသာတယ်။
"ဖြစ်နိုင်မလား" စစ်ထူထျန်းချီရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။
လီဖူချန်းက အထွတ်အထိပ်သူတော်စင်တစ်ယောက် မဟုတ်လောက်ဘူးမလား။
အထွတ်အထိပ်သူတော်စင်တစ်ယောက်ဆိုရင် အလယ်ဆင့်တိုက်ကြီးက ဖိနှိပ်ဖို့ တကယ်ခက်ခဲပါတယ်။
အထွတ်အထိပ်သူတော်စင်တစ်ယောက်က ဒေါသထွက်ရင် အလယ်ဆင့်တိုက်ကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်ပါတယ်။
အတွေးထောင်ပေါင်းများစွာက စိတ်ထဲမှာ ဝဲလည်နေတယ်၊ စစ်ထူထျန်းချီရဲ့ဂုဏ်ယူဝင့်ကြွားတဲ့အမူအရာက လုံးဝပျောက်သွားတယ်။ အခု လေးစားမှု၊နှိပ့်ချမှုတို့နဲ့ အစားထိုးလာတယ်။
"ငါ့အရှင်၊ သည်လမ်းအတိုင်း ကြွပါ" စစ်ထူထျန်းချီက ရိုသေစွာ ကြိုဆိုလိုက်တယ်။
"ကောင်းပြီ" လီဖူချန်းက ရေနက်သူတော်စင်ခန်းမကို ရှန့်ကွမ်ယွီနဲ့အတူ ဝင်သွားတယ်။
"အရှင်၊ ရေနက်သူတော်စင်နန်းတော်ကို ဘာကိစ္စနဲ့ လာသလဲဆိုတာကို သိခွင့်ရမလား" စစ်ထူထျန်းချီက ယဉ်းကျေးစွာ မေးလိုက်တယ်။
လီဖူချန်းက တည့်တည့်ပဲ ပြောလိုက်တယ်"ငါလာတာ ကောလဟလထွက်နေတဲ့ရေဝဲနက်ကျွန်းကို ရှာဖွေဖို့။ မင်းတို့မှာ သတင်းအချက်အလက်တစ်ချို့ ရှိတယ်လို့ ငါ ကြားတယ်၊ အဲဒါကြောင့် ငါ ဒီကို လာတာ"
"ဒီကိစ္စလား" စစ်ထူထျန်းချီက ခေါင်းညိတ်ကာ ပြောတယ်"ရေဝဲနက်ကျွန်းက တကယ်ရှိတယ်၊ ဒါ့ပြင်၊ ငါတို့ရေနက်နန်းတော်မှာလည်း တိကျတဲ့ပင်လယ်မြေပုံတစ်ခု ရှိတယ်။ ဒါပေမယ့် ပင်လယ်ပိုင်နက်က လျှို့ဝှက်နယ်မြေတစ်ခုလို့ ငါ သံသယရှိတယ်။ ရေဝဲနက်ကျွန်းကို မတွေ့ရတဲ့အကြောင်းရင်းက အဲဒါက လျှို့ဝှက်နယ်မြေအတွင်းမှာ ရှိလို့ပဲ"
စစ်ထူထျန်းချီက အချက်အလက်တွေကို မဖုံးကွယ်ခဲ့ပါဘူး၊ သူက သူသိသမျှအားလုံးကို ဖွင့်ပြောလိုက်တယ်။
"လျှို့ဝှက်နယ်မြေတစ်ခုအတွင်းမှာလား" ဒီယူဆချက်က ကျိုးကြောင်းသင့်တယ်လို့ လီဖူချန်းက ခံစားမိတယ်။
အပြင်ကမ္ဘာမှာဆိုရင် တစ်ယောက်မှ ရှာမတွေ့အောင် လုပ်ဖို့က မဖြစ်နိုင်ပါဘူး။
စစ်ထူထျန်းချီက ပင်လယ်မြေပုံကို သူတော်စင်နန်းတော်ရဲ့လျှို့ဝှက်ခန်းထဲမှ အစေခံတစ်ယောက်အား သွားယူစေပြီး လီဖူချန်းကို ကမ်းပေးလိုက်တယ်။
လီဖူချန်းက ဖွင့်လိုက်တယ်၊ ရေဝဲနက်ကျွန်းရဲ့တည်နေရာက ရေနက်တိုက်ကြီးနဲ့ သိပ်မဝေးဘူးကို သတိပြုမိတယ်။ အဲဒါက မိုင်တစ်ရာမီလီယံအကွာမှာ ရှိတယ်။
"ဒါက ကောင်းကင်အဆင့်မြင့်လက်နက်တစ်ခုနဲ့ ကောင်းကင်အဆင့်မြင့်ချပ်ဝတ်တစ်ခုပဲ။ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
လက်နက်နှစ်ခုကို ချန်ထားပြီးနောက် လီဖူချန်းက ရှန့်ကွမ်ယွီနဲ့ ထွက်သွားတယ်။
"သူက ကောင်းကင်အဆင့်မြင့်လက်နက်နှစ်ခုကို ဒီလိုကြုံသလို ယူထုတ်လိုက်တာလား။ တကယ်ကို မယုံနိုင်စရာပဲ" စစ်ထူထျန်းချီရဲ့မျက်လုံးတွေက တောက်ပသွားတယ်။
ရေနက်သူတော်စင်နိုင်ငံမှာလည်း ကောင်းကင်အဆင့်မြင့်လက်နက်ရှိတယ်၊ ဒါပေမယ့် အရေအတွက်က ကန့်သတ်ထားတယ်။ ဒါ့ပြင်၊ ကောင်းကင်အဆင့်မြင့်လက်နက်အချို့က နှစ်ပေါင်းများစွာ ကိုင်ဆောင်ပြီးနောက် အခြေအနေဆိုးရွားလာတယ်။ လီဖူချန်းရဲ့ကောင်းကင်အဆင့်မြင့်လက်နက်နှစ်ခုနဲ့ နှိုင်းယှဉ်ရင် အလွန်နိမ့်ကျတယ်။
***