← Chapters

ရေဝဲနက်ကျွန်း

Vol. 60 Ch. 816

ရေဝဲနက်ကျွန်း

Vol. 60 Ch. 816

ရေနက်သူတော်စင်နန်းတော်က ထွက်လာပြီးနောက် လီဖူချန်းက ရှန့်ကွမ်ယွီကို ရှန့်ကွမ်ကလန်ဆီ အရင် ပြန်ပို့လိုက်တယ်။

ရေဝဲနက်ကျွန်းခရီးက ဘယ်လိုလာမလဲကို မသိဘူး။ ရှန့်ကွမ်ယွီရဲ့ခွန်အားက အားနည်းလွန်းပြီး သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုသာ ဖြစ်စေနိုင်တယ်။

မကြာမီမှာ လီဖူချန်းက ပင်လယ်မြေပုံမှာမှတ်သားထားတဲ့ ရေဝဲနက်ကျွန်းရဲ့တည်နေရာကို ရောက်ရှိလာတယ်။

လီဖူချန်းက မျက်စိမှိတ်ပြီး လျှို့ဝှက်နယ်မြေရဲ့တည်ရှိမှုကို ဂရုတစိုက် အာရုံခံလိုက်တယ်။

အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းက မျက်စိဖွင့်ကာ သူ့ကိုယ်သူ ပြောလိုက်တယ်"သီးသန့်ဟင်းလင်းပြင်လှိုင်းတစ်ခု ရှိနေပုံပဲ။ ဒါပေမယ့် အဲဒါက လျှို့ဝှက်နယ်မြေဆိုတာကို ငါ မသေချာဘူး။ ဒါ့ပြင် ငါက ဝင်ပေါက်ကို ရှာမတွေ့နိုင်ဘူး"

လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက သူ‌တော်စင်အဆင့်မှာ ရှိပြီးသားဖြစ်တယ်။ ပြီးတော့ သူတောင်မှ မထင်းမရှားသီးသန့်ဟင်းလင်းပြင်လှိုင်းတစ်ခုကိုသာ အာရုံခံနိုင်တယ်။ အခြားသူတော်စင်တစ်ယောက်သာဆိုရင် ရလဒ်က တူချင်တူမယ် ဒါမှမဟုတ် လီဖူချန်းထက်တောင် ဆိုးဝါးနိုင်လောက်တယ်။ ပြီးတော့ လီဖူချန်းမှာ သူ‌တော်စင်အဆင့်လိပ်ပြာအသိစိတ်အာရုံရှိရုံသာမက ဟင်းလင်းပြင်တာအိုနှလုံးသားလည်း ရှိတယ်။

"အဲဒါက တကယ်ပဲ လျှို့ဝှင်နက်မြေတစ်ခုဆိုရင် အဆင့်မြင့်လျှို့ဝှက်နယ်မြေတစ်ခုပဲ ဖြစ်ရမယ်"

အဆင့်မြင့်တိုက်ကြီးတစ်ခုအပြင်မှာ ရှိနေသရွေ့ လီဖူချန်းက ထိုသာမန်ကောင်းကင်အဆင့်လျှို့ဝှက်နယ်မြေတွေကို ချက်ချင်း ရှာဖွေနိုင်ပြီး ချက်ချင်းဝင်ရောက်နိုင်တယ်။ သူ့ရဲ့အမြင်အရ သူက လျှို့ဝှက်နယ်မြေတစ်ခုကို အာရုံမခံနိုင်ဘူးဆိုရင် အဲဒါက အထွတ်အထိပ်လျှို့ဝှက်နယ်မြေတစ်ခုပဲ ဖြစ်ရမယ်။

လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက လျှို့ဝှက်နယ်မြေကို မရှာတွေ့နိုင်ရင်တောင်မှ သူ့မှာ စိတ်ဝိညာဉ်စွမ်းအား ရှိနေသေးပါတယ်။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက သူတော်စင်အဆင့်မှာဆိုရင် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက သူတော်စင်အဆင့်အထက်မှာ ရှိတယ်။

ခရမ်းရောင်အရိပ်အငွေ့တစ်ခုရှိတဲ့ အနီရောင်စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ လီဖူချန်းက ကြီးမားတဲ့ဟင်းလင်းပြင်ဇုန်တစ်ခုကို တွေ့လိုက်ရတယ်။

ဟင်းလင်းပြင်ဇုန်က အလွန်ဖုံးကွယ်ထားပြီး နက်ပြာပလိန်းရဲ့ဟင်းလင်းပြင်ဇုန်နဲ့ အတူတကွစုပုံထားပုံရတယ်။ ဒါကြောင့် ဒီပင်လယ်ပိုင်နက်ရဲ့ဟင်းလင်းပြင်က ဆုတ်ဖြဲခံလိုက်ရရင်တောင် ဒီဟင်းလင်းပြင်ဇုန်ကို ရှာတွေ့ဖို့က မဖြစ်နိုင်ပါဘူး။

"ငါ တွေ့ပြီ"

စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ လီဖူချန်းက ဟင်းလင်းပြင်တံခါးတစ်ခုကို လျင်မြန်စွာ တွေ့လိုက်ရတယ်။

ဟင်းလင်းပြင်တံခါးပေါ်မှာ လက်နှစ်ဖက်ကို တင်လျက် လီဖူချန်းက အားအချို့ကို သုံးကာ ဖွင့်လိုက်တယ်။

ဂျိန်း........

ပင်လယ်ပိုင်နက်တစ်ခုလုံးရဲ့ဟင်းလင်းပြင်က မှန်ကွဲတစ်ခုပမာပါပဲ။ ကွဲကြေသွားတဲ့အခါ လုံးဝကိုခြားနားတဲ့ပင်လယ်ပိုင်နက်မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသလိုက်တယ်။

ပင်လယ်ရေက အနက်ရောင်ပဲ၊ ဒါပေမယ့် ဧရာမအနက်ရောင်ရေဝဲတစ်ခုက ပင်လယ်ပိုင်နက်ထဲမှာ ထွက်ပေါ်လာတယ်။

ရေဝဲက ကြီးမားလွန်းတယ်၊ ထုတ်လွှတ်နေတဲ့ချီတည်ရှိမှုက အလွန်ကျောချမ်းစရာပဲ။

!

ဝုန်း ဝုန်း ဝုန်း..........

ရေဝဲနက်ထွက်ပေါ်လာတဲ့အခါ မဟာတာအိုပဲ့တင်သံနဲ့ဥပဒေသတုန်ခါမှုလှိုင်းတစ်ခုက ဖြစ်တည်လာတယ်။မိုင်တစ်ရာအကွာအဝေးကတောင်မှ ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို အာရုံခံနိုင်တယ်။

****

ရေနက်တိုက်ကြီး၊ ရေနက်သူတော်စင်နန်းတော်.....

"သူက ရေဝဲနက်ကို တွေ့တာ အဲလောက်‌တောင် မြန်တာလား"

ရေဝဲနက်ကျွန်းက ရေနက်တိုက်ကြီးမှ ဝေးတယ်လို့ ပြောလို့မရပါဘူး။ ဒါ့ပြင် စစ်ဖူထျန်းချီကလည်း အကြိုသူတော်စင်တစ်ယောက်ဖြစ်တယ်၊ သူက ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို ချက်ချင်း အာရုံခံစားမိတယ်။

"မေ့လိုက်‌တော့။ အခု ရေဝဲနက်ကျွန်းက ထွက်ပေါ်လာမှတော့ သူတော်စင်စစ်ပွဲတစ်ခုက ဖြစ်လာလိမ့်မယ်။ အဲဒါက ငါ ပါဝင်နိုင်တဲ့အရာမျိုးမဟုတ်ဘူး" စစ်ထူထျန်းချီက ခေါင်းခါတယ်၊ သူက ထိုနေရာကို သွားဖို့ အစီအစဉ်မရှိပါဘူး။

…

ပင်လယ်နက်ထဲမှာ ကျွန်းတစ်ကျွန်းရှိတယ်။

ကျွန်းက ဧရာမ‌ဓားမော့တစ်လက်နဲ့တူပြီး ဓားမော့ရဲ့ထိပ်မှာ မီးခိုးရောင်ဝတ်လူတစ်ယောက်က တင်ပျဉ်ခွေလျက် ထိုင်နေတယ်။

သူ့ခန္ဓာကိုယ်က အံ့အားသင့်စရာဓားမော့ချီကို ရံဖန်ရံခါ ထုတ်လွှတ်နေတယ်။

"မဟာတာအိုပဲ့တင်သံ"

မီးခိုးရောင်ဝတ်လူက မျက်လုံးဖွင့်လိုက်တယ်၊ တောက်ပလင်းနှစ်ခုက ‌မိုင်ဒါဇင်ကျော်ကို ရောက်ရှိသွားတယ်။ တောက်ပအလင်းတွေက ဟင်းလင်းပြင်အနက်ပိုင်းထဲကို ထိုးဖောက်သွားတယ်။

ဆွစ်.......

မီးခိုရောင်ဝတ်လူက ‌ဓားမော့အလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး သူက ခြေရာလက်ရာတစ်ခုမှ မကျန်ဘဲ ပျောက်ကွယ်သွားတယ်။

…

"မဟာတာအိုပဲ့တင်သံ။ ကံကြမ္မာအခွင့်အလမ်းတစ်ခုက ထွက်ပေါ်လာတာပဲဖြစ်ရမယ်" မျက်နှာရှည်ရှည်လူတစ်ယောက်က အံ့အားသင့်တဲ့အမူအရာဖြစ်နေတယ်။ သူက အထူးမီးသင်္ကေတတစ်ခုပါတဲ့ဝတ်စုံကို ဝတ်ဆင်ထားတယ်။

…

"မဟာတာအိုပဲ့တင်သံ........ရေဝဲနက်ကျွန်းက ထွက်ပေါ်လာတာများလား"

အရင်ရေဝဲနက်ကျွန်းထွက်ပေါ်လာတုန်းက အဖြစ်အပျက်ကို သူတော်စင်များစွာက ခံစားမိခဲ့ကြတယ်။ နှစ်ပေါင်းများစွာကြာသည့်တိုင် သူတော်‌စင်တွေက ရေဝဲနက်ကျွန်းကို ရှာဖို့ လာခဲ့ကြတယ်၊ သူတို့အများစုက အဖြစ်အပျက်အတွင်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတော်စင်တွေ ဖြစ်ကြတယ်။

ထိုအခိုက်မှာ ကြီးမားများပြားတဲ့အလင်းအရေအတွက်တွေက ရေဝဲနက်ကျွန်းတည်ရှိရာကို ရွေ့လျားလာနေကြတယ်။

…

ရေဝဲနက်ကျွန်းပေါ်ထွက်လာမှုက မဟာတာအိုပဲ့တင်သံတစ်ခုကို ထွက်ပေါ်စေမယ်လို့ လီဖူချန်းက ဘယ်‌တော့မှ မထင်ထားခဲ့ဘူး။

ယေဘုယျအားဖြင့် မဟာတာအိုပဲ့တင်ခြင်းရှိတဲ့နေရာတွေမှာ ရှားပါးတဲ့ရတနာ‌တွေ ရှိတယ်။

နက်ပြာပလိန်းမှာ နေရာတစ်ခုရှိပြီး  အဲနေရာက ပလိန်းရဲ့မူလအစနဲ့ နီးကပ်တယ်လို့ ကောလဟာလတစ်ခု ရှိတယ်။ ထိုနေရာရှိမဟာတာအိုပဲ့တင်ခြင်းက အားလုံးကို ကောင်းကင်မြေကြီးဥပဒေသရဲ့ဆန်းကြယ်မှုတွေကို တိုက်ရိုက်ခံစားနိုင်စေတယ်။ ဥပဒေသနယ်ပယ်ဧကရာဇ်တစ်ယောက်က ထိုနေရာကို ဦးတည်ရုံနဲ့ သူ‌တော်စင်တစ်ယောက်အဖြစ်သို့ ချိုးဖျက်နိုင်တယ်။

ကောဟဟာလက ချဲ့ကားပြောတာလည်း ဖြစ်နိုင်တာပဲလေ။နက်ပြာပလိန်းမှာ သူတော်စင်တွေများစွာ ရှိတာကြောင့် သူတော်စင်ဖြစ်ဖို့အတွက်နဲ့ ထိုနေရာကို သွားဖို့ မလိုပါဘူး။

ဒါပေမယ့် သူတော်စင်မဖြစ်လာနိုင်တဲ့ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေက ထိုနေရာကို သွားခြင်းဖြင့် အခွင့်အရေးတစ်ခု ရှိလာနိုင်ပါတယ်။

မဟာတာအိုပဲ့တင်သံကြောင့် သူ့ရဲ့ပိတ်ဆို့နေတဲ့အရာက လျော့‌ပေါ့သွားတာကို လီဖူချန်းက ခံစားမိတယ်။

ဒါပေမယ့် လက်ရှိသူ့ရဲ့အဆင့်အရ အချိန်တို‌တောင်းတဲ့မဟာတာအိုပဲ့တင်သံက သူ့အတွက် ကြီးမားတဲ့အကူအညီတစ်ခု မဖြစ်လာပါဘူး။ အခုဆိုရင် အဆင့်နိမ့်ကောင်းကင်ဘုံကျောက်တုံးတစ်တုံးကလည်း မဟာတာအိုပဲ့တင်သံနှစ်ခုကို ထုတ်ဖော်နိုင်လိမ့််မယ်။ အလယ်ဆင့်ကောင်းကင်ဘုံကျောက်တုံးတစ်တုံးက မဟာတာအိုပဲ့တင်သံဆယ်ခုကို ထုတ်‌လုပ်နိုင်လိမ့်မယ်။

လက်ရှိအချိန်အထိ သူအရင်ကရရှိခဲ့တဲ့ကောင်းကင်ဘုံကျောက်တုံးအားလုံးကို လီဖူချန်းက အသုံးပြုခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် သူ့အတွက် ကြီးမားတဲ့တိုးတက်မှုတစ်ခုမှ မဖြစ်လာပါဘူး။ အဲဒါက သူ့ရဲ့အခြခံအုတ်မြစ်ကိုတော့ တိုးမြင့်စေခဲ့တယ်။

ဖြစ်နိုင်တာက အဆင့်မြင့်ကောင်းကင်ဘုံကျောက်တုံးအရေအတွက်များစွာနဲ့ ရှည်လျားတဲ့မဟာတာအိုပဲ့တင်သံတွေကသာ သူ့ကို အဆင့်မြန်မြန်ချိုးဖျက်စေနိုင်ပါလိမ့်မယ်။

ရေဝဲနက်လျှို့ဝှက်နယ်မြေတော့ ထွက်ပေါ်လာပြီး၊ ဒါပေမယ့် ရေဝဲနက်ကျွန်းကို ဘယ်နေရာမှ မတွေ့ရသေးပါဘူး။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို သုံးလိုက်တဲ့အခါ ရေဝဲနက်ရဲ့အနက်ပိုင်းထဲမှာ ပေါလောပေါနေတဲ့ကျွန်းကြီးတစ်ခုကို တွေ့လိုက်ရတယ်။ ကျွန်းမှာ မိုးနဲ့တူတဲ့စွမ်းအင်ရှိပြီး စိမ်းလန်းစိုပြေတဲ့သစ်ပင်ချုံပင်တွေ ရှိတယ်။

"ရေဝဲနက်ကျွန်းကို ဝင်ဖို့ဆိုရင် ငါက ရေဝဲနက်ကို ဖြတ်ကျော်သွားရမယ်" လက်ဝှေ့ယမ်းမှုတစ်ခုနဲ့အတူ ဓားချီတစ်ခုက ရေဝဲနက်ဆီ ပျံသန်းသွားတယ်။

ဒိုင်း.........

ဓားချီက တစ်ဝက်ထိ မြုပ်သွားတဲ့အခါ အဲဒါက ရေဝဲနက်ရဲ့စွမ်းအားကြောင့် ကြေမွသွားတယ်။

အနေအထားကို မြင်ပြီး လီဖူချန်းက စိတ်သက်သာရစွာ သက်ပြင်းချလိုက်တယ်။ ဒီရေဝဲနက်က သူ့ကို အများကြီး မခြိမ်းခြောက်နိုင်ပါဘူး။ ရေဝဲရဲ့ဦးတည်ဘက်အတိုင်း သူ လိုက်နေသရွေ့ သူခုခံဖို့လိုအပ်တဲ့ဖိအားက ဆယ်ဆဒါမှမဟုတ်အဆတစ်ရာ လျော့ကျသွားပါလိမ့်မယ်။

ချမ်းသာကြွယ်ဝခြင်းကို အန္တရာယ်ထဲမှာပဲ ရှာတွေ့နိုင်တာပါ။ လီဖူချန်းက တုံ့ဆိုင်းမနေဘဲ ရေဝဲနက်ထဲကို ဝင်ရောက်ခဲ့တယ်။

လီဖူချန်းက ရေဝဲနက်ထဲကို ဝင်ပြီးတာနဲ့ အဆုံးမဲ့စွမ်းအင်တစ်ခုက သူ့ကို လမ်းညွှန်နေတာကို သူက ခံစားမိတယ်။ သူက လမ်းညွှန်မှုနောက် မလိုက်မချင်း အကျိုးဆက်က စိတ်ကူးယဉ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

တစ်နာရီကြာပြီးနောက် လီဖူချန်းက ကျွန်းရဲ့နယ်နိမိတ်နားကို ရောက်ရှိသွားတယ်။

အနက်ရောင်အလင်းလွှာတစ်ခုက ကျွန်းတစ်ခုလုံးကို ဝန်းရံထားတယ်။

ဓားချက်တစ်ချက်နဲ့အတူ လီဖူချန်းက အနက်ရောင်အလင်းထဲမှာ ဝင်ပေါက်တစ်ခုကို ဖြစ်စေကာ ဝင်ရောက်ခဲ့တယ်။

အဟန့်.......... အဟန့်..........

ရေဝဲနက်ကျွန်းအတွင်းရှိစွမ်းအင်က စုစည်းပြင်းထန်လွန်းပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးထက် ဆယ်ဆပိုပြင်းထန်တယ်။ လီဖူချန်းကချက်ချင်း အလိုက်သင့်မဖြစ်နေဘဲ ချောင်းဆိုလိုက်ရတယ်။

"ဒီလိုပတ်ဝန်းကျင်မျိုးကသာ ရေဝဲနက်သစ်ပင်ကို ပြုစုပျိုးထောင်‌နိုင်မှာ" အချိန်တိုအတွင်း ရေဝဲနက်ကျွန်းရဲ့ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေပြီးနောက် လီဖူချန်းက ရေရွတ်လိုက်တယ်။

…

ရွှမ်း......ရွှမ်း.......

အလင်းရွေ့နှစ်ခုက ရေဝဲနက်ရဲ့အပြင်ဘက်ပိုင်နက်ကို တစ်ချိန်တည်းမှာ ရောက်ရှိလာတယ်။

"ဒါက ရေဝဲနက်ကျွန်းပဲ၊ ကောလဟာလတွေက တကယ်ကို မှန်တာပဲ။ ဟားဟား၊ ဒီသူတော်စင်က အရင် လှုပ်ရှားရမှာပေါ့"

အစိမ်းရောင်ချပ်ဝတ်နဲ့မျက်ခုံးထူထူလူတစ်ယောက်က သူ့ရဲ့ ရွှေ့ပြောင်းရေးနည်းလမ်းကို သုံးကာ ရေဝဲနက်ရဲ့အနက်ပိုင်းဆီ ရွေ့လျားသွားလိုက်တယ်။

"အရူးပဲ" သူ့ရဲ့နဖူးပေါ်မှာ ငါးအကြေးခွံတစ်ခုနဲ့ ခန့်ညားတဲ့လူတစ်ယောက်က နှာခေါင်းရှုံ့လိုက်တယ်။

အား..........

မျက်ခုံးထူလူက ဟင်းလင်းပြင်ကို ဝင်လိုက်တာနဲ့ သူက အပြင်ဘက်ကို တွန်းထုတ်ခံရပြီး သွေးတွေနဲ့ ရွှဲရွှဲစိုသွားတော့တယ်။

ရေဝဲနက်ရဲ့စွမ်းအားက ဟင်းလင်းပြင်ရဲ့အနက်ပိုင်းထိ ရောက်ရှိနေတာ သိသာတယ်။ လွတ်ပေါက်တစ်ခုမှ မရှိဘူး၊ အထဲမှာ တိုက်ရိုက်ရွေ့လျားတာက ကောင်းကင်ဘုံကို တက်တာနဲ့ တူတူပဲ။ အနည်းဆုံး မျက်ခုံးလူရဲ့ခွန်အားအရ မဖြစ်နိုင်လွန်းအားကြီးတယ်။

မျက်ခုံးထူထူလူကို လစ်လျူရှုလျက် သားရဲအရှင်သခင်တစ်ကောင်ဖြစ်ပုံပေါ်တဲ့ခန့်ညားတဲ့လူက ရေဝဲနက်ရဲ့ဦးတည်ဘက်အတိုင်း နောက်လိုက်သွားတယ်။

မျက်ခုံးထူထူလူကလည်း ရေဝဲနက်ထဲကို နောက်လိုက်ဝင်သွားတယ်။

ရက်အနည်းငယ်အတွင်း သူတော်စင်နဲ့သားရဲအရှင်သခင်တွေများစွာက တစ်ဟုန်ထိုးပြေးလာနေကြတယ်။ သားရဲအရှင်သခင်အရေအတွက်က ငါးဆယ်နီးပါးရှိတယ်။

‌ရေဝဲနက်ကျွန်းရဲ့ကောလဟာလက လူသားတွေထက် နတ်ဆိုးသားရဲတွေကြားမှာ ပိုမိုပျံ့နှံ့နေတာ။ နတ်ဆိုးသားရဲတွေက လူသားတွေလောက် ဉာဏ်မကောင်းဘူး။ ဒါကြောင့် သူတို့ရဲ့ထိုးထွင်းသိမြင်မှုကို တိုးမြင့်စေနိုင်တဲ့ဘယ်အရာမဆို အကြွင်းမဲ့တန်ဖိုးရှိတယ်။ အဲဒါကို အသုံးပြုပြီးနောက် သူတို့က မွေးရာပါစွမ်းရည်အသစ်ကိုတောင် နိုးထနိုင်လောက်တယ်။

***

All Chapters