← Chapters

အရိပ်သစ်သီး

Vol. 60 Ch. 817

အရိပ်သစ်သီး

Vol. 60 Ch. 817

ရေဝဲနက်ကျွန်းပေါ်မှာ လိပ်ပြာအသိစိတ်အာရုံက အကြီးအကျယ်ကန့်သတ်ထားခံရတယ်။ လီဖူချန်းရဲ့သူ‌တော်စင်အဆင့်လိပ်ပြာအသိစိတ်အာရုံနဲ့တောင် သူက မိုင်တစ်ရာထိသာ ဆန့်ထုတ်နိုင်တယ်။ ကျွန်းရဲ့အရွယ်အစားက အနည်းဆုံး မိုင်တစ်သိန်းခန့် ရှိတယ်။

"ကျွန်းတစ်ခုလုံးက ဆေးပင်တွေနဲ့ ပြည့်နေတာပဲ"

လမ်းတစ်လျှောက်မှာ လီဖူချန်းက မြက်ပင်ရဲ့ရိုးတံတစ်ခုကိုတောင်မှ မမြင်ရပါဘူး။ ပိုတိတိကျကျပြောရရင် ဒီနေရာမှာရှိတဲ့မြက်ပင်တွေက အဝါ‌ရောင်အဆင့်ဆေးပင်တွေပါပဲ။

အဝေးကနေ လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဆေးပင်ဖြစ်တဲ့ကောင်းကင်ဘုံမီးပေါင်းစပ်စိတ်ဝိညာဉ်ဆေးပင်ကို တွေ့လိုက်ရတယ်။

သူက အဲဒါကို ရိတ်သိမ်းခါနီးမှာ။

ဝိန်း..........

မီးတာအိုစွမ်းအင်တစ်ခုက တိုးဝင်လာတယ်။ မီးတာအိုစွမ်းအင်နဲ့ပြုလုပ်ထားတဲ့ကြက်သွေးရောင်ဧရာမသားရဲတစ်ကောင်က လီဖူချန်းရဲ့မြင်ကွင်းမှာ ထွက်ပေါ်လာတယ်။

"မီးစိတ်ဝိညာဉ်လား" လီဖူချန်းက အတော်လေး အံ့အားသင့်သွားတယ်။

ဒီကမ္ဘာရဲ့သက်ရှိက အသွေးနဲ့အသားရှိသူတွေသာ မကပါဘူး၊ သဘာဝသက်ရှိတွေလည်း ရှိတယ်။

မီးစိတ်ဝိညာဉ်တွေက သဘာဝသက်ရှိတစ်မျိုးဖြစ်ပြီး သူတို့က မီးတာအိုဥပဒေသကို အလိုအ‌လျောက် ထိန်းချုပ်နိုင်တယ်။

သူ့ပါးစပ်ကို ဟလျက် ကြက်သွေးရောင်ဧရာမသားရဲက သွေးနီရောင်မီးစက်လုံးတစ်ခုကို မှုတ်ထုတ်လိုက်တယ်။

ဝုန်း............

လီဖူချန်းရဲ့လက်တောက်တစ်ချက်နဲ့အတူ မီးစက်လုံးက ပေါက်ကွဲသွားတယ်။ မီးလျှံစီးကြောင်းက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားပြီး  မြေပြင်တစ်လျှောက် တွင်းချိုင့်တွေ ဖြစ်လာရတယ်။ လက်အားက ခွန်အားကို မလျာ့ပေါ့ဘဲ မီးစက်လုံးကို ထိုးဖောက်ပြီးနောက် မီးစိတ်ဝိညာဉ်ရဲ့ခန္ဓာကိုယ်ကို ဆက်လက်ထိုးဖောက်သွားတယ်။ နောက်အခိုက်မှာတော့ မီးစိတ်ဝိညာဉ်ရဲ့ခန္ဓာကိုယ်က ပြန့်ကျဲသွားတယ်။

"အမ်"

မီးစိတ်ဝိညာဉ်က မသေတဲ့အတွက် လီဖူချန်းက အံ့အားသင့်သွားတယ်။ မီးတာအိုစွမ်းအင်က ထိုးတက်လာပြီး နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ဖြစ်တည်စေခဲ့တယ်။

မီးစိတ်ဝိညာဉ် အပြည့်အဝပျက်စီးဖို့ လီဖူချန်းက မီးစိတ်ဝိညာဉ်ရဲ့ခန္ဓာကိုယ်ကို လေးကြိမ်တိတိ ဖျက်ဆီးခဲ့ရတယ်။

"သူတော်စင်အဆင့်သဘာဝသက်ရှိကို တွေ့တဲ့အခါကျရင် ငါ သတိထားဖို့လိုမယ်" လီဖူချန်းက သတိရှိလာတယ်။

ဒီမီးစိတ်ဝိညာဉ်က အကြိုသူတော်စင်တစ်ယောက်ရဲ့ခွန်အားသာ ရှိတယ်။ မီးစိတ်ဝိညာဉ်မှာ အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ခွန်အားသာ ရှိရင် အကြိမ်၄၀ဒါမှမဟုတ်အကြိမ်၄၀၀တောင် မီးစိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်မှာမဟုတ်ပါဘူး။

နောက်ပိုင်းတွေမှာတော့ ကောင်းကင်အဆင့်မြင့်ဆေးပင်တစ်ပင်ရှိရင် အကြိုသူတော်စင်အဆင့်သဘာဝသက်ရှိတစ်ကောင်ရှိတာကို လီဖူချန်းက သတိထားမိလာတယ်။ မီးစိတ်ဝိညာဉ်၊ ရေစိတ်ဝိညာဉ်၊ မြေကြီးစိတ်ဝိညာဉ်၊ လေစိတ်ဝိညာဉ်၊သဘာဝသက်ရှိမျိုးစုံပေါ့။

ကံကောင်းတာက သူက သူတော်စင်အဆင့်သဘာသက်ရှိတစ်ကောင်ကိုမှ မတွေ့ရသေးတာပါပဲ။

သူတော်စင်အဆင့်သဘာဝသက်ရှိတွေက အထွတ်အထိပ်ဆေးပင်တွေကို စောင့်ကြပ်လိမ့်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။

"ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်ကများ ရေဝဲနက်ကျွန်းကို လာရဲတယ်ပေါ့‌လေ"

ကြီးမားတဲ့လက်သည်းကုတ်ချက်တစ်ခုက လီဖူချန်းဆီ ဝှေ့ယမ်းလာတယ်။

လီဖူချန်းက ကြည့်လိုက်တယ်၊ မိုင်ဒါဇင်အဝေးမှာ လူလတ်ပိုင်းတစ်ယောက်က ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။ လီဖူချန်းက ပြောင်မြောက်လိမ့်မယ်လို့ ရန်သူက မထင်ထားတာ သိသာပါတယ်။ လက်သည်းတိုက်ကွက်ကို ထုတ်ဖော်ပြီးနောက် သက်လတ်ပိုင်းလူက နောက်ထပ်မတိုက်ခိုက်တော့ပါဘူး။

သူ့အမြင်အရ လီဖူချန်းက လက်သည်းကုတ်ချက်တစ်ခုကိုတောင် မတားဆီးနိုင်‌လောက်ဘူးပေါ့။

လီဖူချန်းက သူ့ရဲ့ညာလက်ညှိုးနဲ့လက်ခလယ်ကို ‌မြှောက်လိုက်တယ်၊ ဓားတောက်ပအလင်းက ပေါက်ကွဲထွက်သွားတယ်။ လက်သည်းတိုက်ကွက်ကို ဖြေရှင်းဖို့ လီဖူချန်းက ဓားတစ်ကွက်ပဲ အသုံးပြုခဲ့တယ်။

"သူတော်စင်လား"

.

သတ်လတ်ပိုင်းလူက အတော်လေးအံ့အားသင့်သွားတယ်။ လီဖူချန်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်ဖြစ်လိမ့်မယ်လို့ သူ အစက တွေးထားခဲ့တာ၊ သူတော်စင်တစ်ယောက်ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး။ သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်နိုင်တဲ့ လီဖူချန်းရဲ့စွမ်းရည်က တော်တော်လေးကောင်းတယ်လို့ သူက ယူဆလိုက်တယ်။

"မင်းက သူတော်စင်တစ်ယောက်ဆိုမှတော့ ဘာလို့ မင်းရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ထားတာလဲ" သက်လတ်ပိုင်းလူက သူ့ရဲ့လက်သည်းကို ဆတ်နဲလှုပ်လိုက်တယ်။

"ငါ သူတော်စင်ဖြစ်တော့ရော မင်းနဲ့ ဘာဆိုင်လဲ။ ငါက မင်းရဲ့လက်သည်းတိုက်ကွက်တစ်ကွက်ကို ခံယူထားရသလို အခု ငါ့ရဲ့ဓားတစ်ကွက်ကို လက်ခံဖို့ မင်းရဲ့အလှည့်ပဲ"

လီဖူချန်းက ကောင်းကင်ဆက်ဓားကို ထုတ်ကာ ခုတ်ပိုင်းလိုက်တယ်။

အချိန်ကို ရပ်တန့်စေတဲ့ ဓားအလင်းတစ်ခုက ဖြစ်တည်လာတယ်။

ဂျိန်း.........ဂျိန်း.........

မီးပွားတွေ ထွက်လာတယ်၊ သက်လတ်ပိုင်းလူရဲ့လက်တွေက ထက်ရှတဲ့လက်သည်းတွေအလား ဓားအလင်းနဲ့ ရင်ဆိုင်လိုက်တယ်။

ဒါပေမယ့် အလယ်ဆင့်သားရဲတစ်ကောင်ဖြစ်နေတာတောင်မှ သူက လီဖူချန်းအတွက် ပြိုင်ဘက်မဖြစ်တဲ့အတွက် သတ်လတ်ပိုင်းလူက ထိတ်လန့်သွားတယ်။ သူ့ရဲ့လက်နှစ်ဖက်လုံးက သွေးသံရဲရဲဖြစ်နေပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ ဓားချီကြောင့် သွေးဒဏ်ရာစီးကြောင်းတွေ ပြည့်နှက်နေတယ်။

"အမ်၊ ဒီကောင်လေးက အလယ်ဆင့်သူတော်စင်တစ်ယောက်ပဲ" သက်လတ်ပိုင်းလူက ခွေးအတစ်ကောင်အဖြစ်သို့ ပြောင်းကာ ထွက်ပြေးသွားလေတယ်။

လီဖူချန်းက မလိုက်သွားဘူး၊ သူ့ရဲ့လက်ရှိခွန်အားက အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်ကို တိုက်ခိုက်ဖို့ မလုံလောက်ဘူးလေ။

ဒါ့ပြင် တိုက်ခိုက်ပြီး အချိန်ဖြုန်းဖို့လည်း မလိုပါဘူး။

***

ရေဝဲနက်ကျွန်းမှာလည်း နေနဲ့ည ရှိတယ်။ ညရောက်လာရင် အမှောင်ဥပဒေသက ကောင်းကင်ကို လွှမ်းခြုံသွားပြီး စိတ်ဝိညာဉ်ရဲ့အတွင်းပိုင်းမှ ကြောက်ရွံမှု‌တွေ ယိုစိမ့်လာတယ်။

"အထွတ်အထိပ်လျှို့ဝှက်နယ်မြေက တကယ်ကို မယုံနိုင်စရာပဲ"

အရွယ်အစားက အချက်တစ်ခုမဟုတ်ရင် အထွတ်အထိပ်လျှို့ဝှက်နယ်မြေက အဆင့်မြင့်တိုက်ကြီးထက် သေချာပေါက် ပိုမြင့်တယ်။ အထွတ်အထိပ်အဆင့်တိုက်ကြီးတစ်ခုလို့‌ ခေါ်တာ မလွန်ပါဘူး။

ဒါပေမယ့် နက်ပြာပလိန်းမှာ အထွတ်အထိပ်အဆင့်တိုက်ကြီးတစ်ခုမှ မရှိဘူး၊ ဒါ့ပြင် အထွတ်အထိပ်လျှို့ဝှက်နယ်မြေက သေးငယ်လွန်းတယ်။

ညရောက်လာတော့ ရေဝဲနက်ကျွန်းက သဘာဝသက်ရှိဖြစ်တဲ့အမှောင်သက်ရှိနဲ့အတူ ပေါ်ထွက်လာတယ်။

အခြားသက်ရှိတွေနဲ့မတူတာက အမှောင်သက်ရှိက အလွန်အားကောင်းတဲ့တိုက်ခိုက်မှုရှိတယ်။ သူတို့က ရန်သူကို တစ်ကြိမ် တွေ့တာနဲ့ ရန်သူသေဆုံးတဲ့အထိ ရပ်တန့်မှာ မဟုတ်ဘူး။

ဒါ့ပြင် အမှောင်သက်ရှိက အခြားသဘာဝသက်ရှိတွေထက် သတ်ဖို့ပိုခက်တယ်။ အပြည့်အဝပျက်စီးဖို့အတွက် လီဖူချန်းက အကြိုသူတော်စင်အဆင့်သဘာဝသက်ရှိတစ်ကောင်ကို အနည်းဆုံးခြောက်ကြိမ်ဖျက်ဆီးဖို့လိုအပ်တယ်။

သိပ်သည်းတဲ့အမှောင်ထုထဲမှာ အရိပ်တစ်ခုက အဆက်မပြတ်ရှည်လျားလာနေတယ်။ လီဖူချန်းထံ နီးကပ်လာတာနဲ့အမျှ သန့်စင်တဲ့အမှောင်ချီကို ထုတ်လွှတ်နေတဲ့ အရိပ်သစ်ပင်တစ်ပင်ဆိုတာကို သူ သတိပြုမိသွားတယ်။ ကြည့်ရတာ အဲဒါက ခန္ဓာကိုယ်မရှိပုံပေါ်တယ်။

သစ်ပင်ကို ကြည့်ရတာ အုန်းသီးပင်နဲ့ တူတယ်။ သစ်ပင်ရဲ့ပင်စည်က ဖြောင့်တန်းပြီး ထိပ်ပိုင်းမှာ အကိုင်အခက်တွေ စုပြုံနေတယ်။ အကိုင်းအခက်တွေအပေါ်မှာ အနက်ရောင်အင်းကွက်တွေနဲ့ သစ်သီးတစ်လုံး ရှိတယ်။ ကြည့်ရတာ အရိပ်အယောင်တစ်ခုပမာပါပဲ။

"အရိပ်သစ်သီး" လီဖူချန်းက လှုပ်ရှားလိုက်တယ်။

အရိပ်သစ်သီးက ထိပ်တန်းအဆင့်ရတနာတွေထဲက တစ်ခုဖြစ်ပြီး ရေဝဲနက်သစ်သီးအောက် မနိမ့်ကျပါဘူး။

အရိပ်သစ်သီးက အမှောင်ဥပဒေသကို ကျင့်ကြံသူတွေအတွက် အကြီးမားဆုံးအကျိုးကျေးဇူးကို ပေးတယ်၊ ဒါပေမယ့် အဲဒါက အခြားသူတွေအတွက်လည်း အတော်လေးအကျိုးရှိပါတယ်။

ဥပမာအားဖြင့် အရိပ်သစ်သီးက လူတစ်ယောက်ကို အစစ်အမှန်မှ အရိပ်အယောင်အဖြစ်သို့ ပြောင်းလဲ‌စေနိုင်ပြီး ထိခိုက်မှုတစ်ခုကိုမှ မခံစားရစေပါဘူး။ အရိပ်သစ်သီးရဲ့ဆေးဘက်ဆိုင်ရာသက်ရောက်မှုတွေ ကုန်ဆုံးတဲ့ထိတိုင်အောင်ပေါ့။

ဒါ့အပြင် အရိပ်သစ်သီးက စိတ်ဝိညာဉ်ဒဏ်ရာကို ကုသပေးနိုင်ပြီး အရိပ်အယောင်သိုင်းပညာတွေအပေါ် သုံးစွဲသူရဲ့ခုခံမှုကို တိုးမြင့်စေတယ်။

လီဖူချန်းသိထားတာအရ အရိပ်သစ်သီးတစ်လုံးက အထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးထောင်အနည်းငယ် ရှိတယ်။ အဲဒါက သူတော်စင်တွေကြား စစ်ပွဲတစ်ခုဖြစ်ဖို့တောင် လုံလောက်ပါတယ်။

လီဖူချန်းက အရိပ်သစ်သီးကို ရိတ်သိမ်းဖို့ အလျင်မလိုပါဘူး။ သူ့မျက်လုံးတွေက သစ်ပင်ပင်စည်ပေါ်ရှိ အရိပ်မြွေကြီးအပေါ်မှာသာ ကျရောက်နေတယ်။

အရိပ်မြွေက အရိပ်သစ်သီးနဲ့ ပေါင်းစပ်လုနီးပါးပါပဲ။ လီဖူချန်းကသာ အရိပ်သစ်သီးကို မဆင်မခြင်ခူးယူမိရင် အရိပ်မြွေရဲ့‌သေစေနိုင်တဲ့တိုက်ခိုက်မှုကို သေချာပေါက် ခံရပါလိမ့်မယ်။

"သူတော်စင်အဆင့်အမှောင်သက်ရှိ"

တိုက်ကွက်တွေ မဖလှယ်ဘဲနဲ့တောင် အရိပ်မြွေက သူ‌တော်စင်အဆင့်သက်ရှိတစ်ကောင်ဆိုတာကို လီဖူချန်းက အလွန်သေချာတယ်။

လလက်ကို သုံးပြီး လီဖူချန်းက သူ့ရဲ့ညာလက်နဲ့ အရိပ်သစ်သီးကို အဝေးကနေ ချိန်လိုက်တယ်။ သူက ကမ္ဘာ့ဆွဲအားကို သုံးပြီး အရိပ်သစ်သီးကို ဆွဲချင်တာပါ။

ဒါပေမယ့် အရိပ်သစ်သီးနဲ့အရိပ်သစ်ပင်တို့က အစစ်အမှန်ခန္ဓာကိုယ်မရှိသလိုမျိုးပဲလေ၊ အဲတော့ ကမ္ဘာဆွဲအားက သက်ရောက်မှုမရှိနိုင်ဘူးပေါ့။

"ခုတ်ပိုင်းချက်" လီဖူချန်းက ဓားချီတစ်ခုကို ထုတ်လွှတ်ပြီး အရိပ်သစ်သီးကို ခုတ်ပိုင်းလိုက်တယ်။

ထိုအခိုက်မှာ အရိပ်မြွေက လှုပ်ရှားလာတယ်၊ အမြီးကို ဝှေ့ယမ်းလျက် ဓားချီကို ပြိုကွဲစေလိုက်တယ်။

"တိုက်ခိုက်မှုကို ရှောင်လွဲလို့မရပုံပဲ"

လီဖူချန်းအနေနဲ့ အရိပ်သစ်သီးကို လက်လျော့ပေးဖို့က မဖြစ်နိုင်ပါဘူး၊ သူက အရင်းအမြစ်တွေအားလုံးကို အသည်းအသန်လိုနေတာလေ။

လီဖူချန်းက အရိပ်‌မြွေဆီ တစ်ဟုန်ထိုးပြေးသွား‌တယ်။

ရှူး......ရှဲ.......

အရိပ်မြွေက ပါးပျဉ်ထောင်ကာ သူ့ရဲ့အနက်ရောင်ပါးစပ်ကို ဟလိုက်တယ်။

နောက်အခိုက်အတန့်မှာ မြွေဦးခေါင်းအရိပ်အယောင်တစ်ခုက လီဖူချန်းရဲ့ရှေ့မှာ ထွက်ပေါ်လာတယ်၊ အဲဒါက အမှောင်ချီကို ထုတ်လွှတ်နေတယ်။ မြွေမျက်လုံးက ပွင့်နေလျက် အနီရောင်အကြည့်က လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို ဆွဲခေါ်နေသလို ခံစားရတယ်။

အဲဒါက တကယ်လည်း လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို ဆွဲခေါ်နေတာပဲ။ အခြားသူတော်စင်တစ်ယောက်သာဆိုရင် ထောင်ချောက်ထဲကို ‌ကျရောက်သွားလောက်ပါပြီ။

စိတ်မကောင်းလေးကတော့ စိတ်ဝိညာဉ်က လီဖူချန်းရဲ့အသန်မာဆုံးအရာဖြစ်နေတာပဲ။ မြွေအကြည့်က လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို မတုန်လှုပ်စေနိုင်ပါဘူး။

"သေစမ်း"

လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ဧရာမနေတစ်စင်းနဲ့တူတဲ့ဓားအလင်းတစ်ခုက ဖြစ်တည်လာတယ်။

အသံတစ်စက်မှမထွက်ဘဲ အရိပ်‌မြွေကို အလင်းက ဝါးမျိုသွားပြီး ခွဲခြမ်းပစ်လိုက်တယ်။ အစစ်အမှန်ခန္ဓာကိုယ်မရှိတဲ့အရိပ်သစ်ပင်ကတောင် တစ်ချက်တွန့်လိမ်သွားတယ်။

သစ်ကိုင်းရှိရာကို လာတယ်၊ လီဖူချန်းက လက်ကို ဆန့်လိုက်တယ်၊ အလေးချိန်မဲ့သစ်သီးတစ်လုံးက သူ့လက်ထဲကို ကျရောက်လာတယ်။

ထိုအခိုက်မှာ လှံနဲ့တူတဲ့အရိပ်တစ်ခုက ဟင်းလင်းပြင်မှ ထိုးဖောက်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ဖို့ ကြိုးစားလိုက်တယ်။

"ငါ မင်းကို သတိထားနေပြီးသားပဲ" လီဖူချန်းက ပြန်လှည့်ကာ အရိပ်ကို ခုတ်ပိုင်းလိုက်တယ်၊ ပြီးနောက် လျင်မြန်စွာ ဆုတ်ခွာခဲ့တယ်။

သူ့ရဲ့အမြင်အရ အရိပ်မြွေက ပြန်‌လည်ဖြစ်တည်လာတာပဲ။

အရိပ်မြွေက လီဖူချန်းထင်ထားတာထက် ပိုမြန်တယ်၊ လီဖူချန်း ဘယ်နေရာကိုပြေးပြေး ကိစွမရှိဘူး၊ သူက အရိပ်မြွေရဲ့လိုက်လံမှု‌အောက်မှ မလွတ်မြောက်နိုင်ပါဘူး။ လီဖူချန်းက အရိပ်မြွေကို သတ်ဖြတ်ဖို့ လက်လျော့ထားတယ်။ သူက အရိပ်မြွေကို  အနည်းဆုံးအကြိမ်တစ်ရာ‌လောက် ဖျက်ဆီးဖို့လိုတယ်၊ အဲဒါတောင် မသတ်နိုင်သေးပါဘူး။

ကံကောင်းသွားတာက မိုးသောက်အာရုဏ်ဦးက ရောက်ရှိလာတယ်၊ အရိပ်မြွေက သူ့ရာသူ လစ်ထွက်သွားတယ်။ မဟုတ်ရင် ဘယ်လောက်ပဲခက်ခဲ၊ လီဖူချန်းက သူ့ကို သတ်ဖြတ်ရပါတော့မယ်။ ပြီးတော့ မည်သူကမှ သူတို့ကို အမြဲအလိုက်ခံရဖို့ ဆန္ဒမရှိကြဘူးလေ။

***

All Chapters