အလျော့ပေးမှာမဟုတ်ဘူး
Vol. 60 Ch. 819
နှိုင်းယှဉ်ရရင် လီဖူချန်းက အစိမ်းဝတ်လူနဲ့ရုပ်ဆိုးလူထက် ပိုမြန်တယ်။ တစ်နာရီကြာပြီးနောက် သူတို့ကြားအကွာအဝေးက မိုင်ရာအနည်းငယ်အထိ ရောက်ရှိလာတယ်။ ဒီအကွာအဝေးက လိပ်ပြာအသိစိတ်အာရုံရဲ့အကွာအဝေးအတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်တယ်။
"အရိပ်သစ်သီးတစ်လုံးနဲ့တောက်ပသစ်သီးတစ်လုံး။ ဒီတစ်ကြိမ်တော့ ငါက လုံးဝအကျိုးအမြတ်ရသွားတာပဲ" လီဖူချန်းရဲ့မျက်နှာမှာ အပြုံးပန်းတွေ ဖူးပွင့်နေလေတယ်။
လီဖူချန်းအတွက်တော့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတ်တစ်သောင်းခန့်တန်တဲ့ထိပ်တန်းအဆင့်ရတနာတွေ အသာထား၊ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်အနည်းငယ်ခန့်တန်တဲ့ရတနာတွေကပင် သူ့ကို စိတ်ကျေနပ်စေဖို့ လုံလောက်ပါပြီးလေ။
ဒါပေမယ့် သူက ဒီရတနာကိုလည်း လိုအပ်တယ်၊ သူက လုံးဝမလိုအပ်ရင်တောင် ရောင်းလိမ့်မှာမဟုတ်ပါဘူး။
တစ်ချိန်တည်းမှာ ရေဝဲနက်ကျွန်းပေါ်ရှိ အပူချီတည်ရှိမှုကို ထုတ်လွှတ်နေတဲ့ နစ်မြုပ်မြေတစ်ခုပေါ်မှာ တိုက်ပွဲတစ်ခုက ဖြစ်ပွားနေတယ်။
တိုက်ပွဲက ဓားမော့တာအိုသူတော်စင်တစ်ယောက်နဲ့မီးတာအိုသူတော်စင်တစ်ယောက်အကြားပေါ့။
ဓားမော့တာအိုသူတော်စင်က အလယ်ဆင့်သူတော်စင်တစ်ယောက်ဖြစ်ပြီး အလွန်အမင်းအားကောင်းတယ်၊ တစ္တေဓားသူတော်စင်အောက် မနိမ့်ကျပါဘူး။ ဒါပေမယ့် မီးတာအိုသူတော်စင်က ဓားမော့တာအိုသူတော်စင်လောက် မပြောင်မြောက်ပါဘူး။ သို့သော် သူ့မှာ အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရှိပြီး အချိန်တိုအတွင်းမှာ သူက ဓားမော့တာအိုသူတော်စင်ကို ဖိနှိပ်နိုင်လာတယ်။
"ပျံသန်းတိမ်ဓားမော့သူတော်စင်၊ ငါ့ကျူးကလန်ကို မျက်နှာသာပေးပါ။ ငါ၊ ကျူးဟိုင်ရုံက ဒီအထွတ်အထိပ်ဆင့်မီးစွမ်းအင်ကျောက်တုံးကို မဖြစ်မနေယူရမယ်" မီးတာအိုသူတော်စင်က ပြောလိုက်တယ်။ သူက မီးသင်္ကေတတစ်ခုကိုပန်းထိုးထားတဲ့ဝတ်ရုံကို ဝတ်ဆင်ထားတယ်။
အခြားတစ်ယောက်သာဆိုရင် ကျူးဟိုင်ရုံက ဒီလောက်ကောင်းကောင်းမွန်မွန် ပြောနေမှာမဟုတ်ဘူး၊ ဒါပေမယ့် ပျံသန်းတိမ်ဓားမော့သူတော်စင်က မြင့်မြတ်ဓားမော့ဂိုဏ်းရဲ့အထက်အကြီးအကဲဖြစ်တယ်။ မြင့်မြတ်ဓားမော့ဂိုဏ်းက ကျူးကလန်အောက် မနိမ့်ကျပါဘူး၊ အခြေခံအုတ်မြစ်ကသာ ကင်းမဲ့နေတာပါ။
"ကျူးဟိုင်ရုံ၊ မင်းတို့ကျူးကလန်က အရင်ကအကြိုနတ်ဘုရားကလန်လို့ ထင်နေတာလား" မီးခိုးရောင်ဝတ်ပျံသန်းတိမ်ဓားမော့သူတော်စင်က နှာခေါင်းရှုံ့လိုက်ချေတယ်။
မီးစွမ်းအင်ပုံဆောင်ခဲက သာမန်ပစ္စည်းတစ်ခုမဟုတ်ပါဘူး။ အဆင့်နိမ့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံး ထိုက်တန်တယ်။ အလယ်ဆင့်မီးစွမ်းအင်ပုံဆောင်ခဲက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်တုံး ထိုက်တန်တယ်။ အဆင့်မြင့်မီးစွမ်းအင်ပုံဆောင်ခဲက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာ ထိုက်တန်တယ်။ အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်ခဲက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ထောင် ထိုက်တန်တယ်။ ပျံသန်းတိမ်ဓားမော့သူတော်စင်က အရူးမှသာ သူက မီးစွမ်းအင်ပုံဆောင်ခဲကို ကျူးဟိုင်ရုံကို ပေးမှာပါ။
"ပျံသန်းတိမ်ဓားမော့သူတော်စင်၊ မင်းက ငါ့ကို မျက်နှာသာမပေးချင်မှတော့ ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့တော့"
ကျူးဟိုင်ရုံရဲ့လက်မှာ သတ္တုစက်လုံးတစ်လုံး ရှိတယ်၊ ပစ်လိုက်တဲ့အခါ အဲဒါက ချက်ချင်း ကြီးမားလာတယ်။ မီးလျှံနေတစ်ခုက ထွက်ပေါ်လာပြီး နေအသေးတစ်စင်းက ပျံသန်းတိမ်ဓားမော့သူတော်စင်ထံ တိုက်ခိုက်လာတယ်။
ပျံသန်းတိမ်ဓားမော့သူတော်စင်က မျက်မှောင်ကြုတ်လိုက်တယ်။ ကျူးကလန်က အကြိုနတ်ဘုရားကလန်တစ်ခုဖြစ်ပြီး မတိုင်းတာနိုင်တဲ့အခြေခံအုတ်မြစ်ရှိတယ်။ ကျူးကလန်ရဲ့အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ရက်စက်နေပုတီးစေ့က လူသိများတယ်။
ဒါပေမယ့် ရက်စက်နေပုတီးစေ့မှာလည်း အဆင့်သတ်မှတ်ချက် ရှိပါတယ်။ ကျူးဟိုင်ရုံအသုံးပြုတဲ့ရက်စက်နေပုတီးစေ့က ဒုတိယအဆင့်အထွတ်အထိပ်ပစ္စည်းတစ်ခု ဖြစ်ပြီး အလွန်အမင်းအားကောင်းတယ်။ အဲဒါက ချိူ့ယွင်းချက်မဲ့ဒုတိယအဆင့်အထွတ်အထိပ်သိုင်းပညာတစ်ခုကို ထုတ်ဖော်နေတဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်။
"ပျံသန်းတိမ်ခုတ်ပိုင်းချက်"
သူက ရက်စက်နေပုတီးစေ့ကို မရှောင်တိမ်းနိုင်တာကို ပျံသန်းတိမ်ဓားမော့သူတော်စင်က သိတယ်၊ ဒါကြောင့် သူက ဓားမော့ကို လက်နှစ်ဖက်မှာ ဆုပ်ကိုင်လျက် ဒေါင်လိုက်ခုတ်ပိုင်းချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။
တိမ်နဲ့နဂါးနဲ့တူတဲ့ဓားမော့အလင်းတစ်ခုက ရက်စက်နေပုတီးစေ့ကို ခုတ်ပိုင်းလိုက်တယ်။
ဂျိန်း........
ဓားမော့အလင်းနဲ့ရက်စက်နေပုတီးစေ့က ထိပ်တိုက်တွေ့တယ်၊ ပြင်းထန်တဲ့ချီလှိုင်းတစ်ခုက ပေါက်ကွဲထွက်လာတယ်။
ဖြောက်........
နောက်အခိုက်မှာတော့ ရက်စက်နေပုတီးစေ့က ဓားမော့အလင်းကို ဖျက်ဆီးပြီး ပျံသန်းတိမ်ဓားမော့သူတော်စင်ထံ ဆက်လက်ပျံသန်းလာတယ်။
"တိမ်ပင်လယ်ခုတ်ချက်"
ပျံသန်းတိမ်ဓားမော့သူတော်စင်က ဓားမော့တစ်သောင်းကို ထုတ်ဖော်လိုက်တယ်။ ဓားမော့အလင်းလွှာတွေက တိမ်ပင်လယ်တစ်ခုနဲ့တောင် တူတယ်။ ရက်စက်နေပုတီးစေ့ကို ခုတ်ချက်က တွန်းလှန်လိုက်တယ်။
ရက်စက်နေပုတီးစေ့က ကျူးဟိုင်ရုံရဲ့လက်ထဲကို ပြန်ရောက်လာတယ်။ ဓားမော့အလင်းတစ်ခုက သူ့ထံဝင်လာတာကို မြင်တာကြောင့် ကျူးဟိုင်ရုံက ပါးစပ်ကို ဟပြီး အဝါရောင်ဒိုင်းတစ်ခုကို ထွေးထုတ်လိုက်တယ်။ ဒိုင်းက ပိုကြီးလာပြီး အရှေ့မှာ ကာကွယ်ထားပေးတယ်။
ဂျိုင်း......ဂျိုင်း......ဂျိုင်း.....
မီးပွားတွေ ပန်းထွက်လာတယ်၊ ဒါပေမယ့် အဝါရောင်ဒိုင်းက မရွေ့ဘူး၊ ဓားမော့အလင်းကို အပြည့်အဝတားဆီးထားတယ်။
"လှည့်လည်နဂါးခုတ်ချက်"
ဓားမော့နဲ့လူပေါင်းစပ်ခြင်းကို သုံးကာ ပျံသန်းတိမ်ဓားမော့သူတော်စင်က ငွေရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီး ကျုးဟိုင်ရုံကို ဝိုင်းလိုက်တယ်။
"ဒီလိုအံ့မခန်းဓားမော့ပညာ"
ကျူးဟိုင်ရုံက ထိတ်လန့်တုန်လှုပ်နေတယ်။ စောစောက သူက ပျံသန်းတိမ်ဓားမော့သူတော်စင်ကို ယာယီဖိနှိပ်နိုင်တယ်၊ အကြောင်းက ပြိုင်ဘက်ကို သူ့က လျော့တွက်ထားမိလို့ပဲ။ ယခု ပျံသန်းတိမ်ဓားမော့သူတော်စင်က ခွန်အားအပြည့်နဲ့ တိုက်ခိုက်လာတော့ ကျူးဟိုင်လုံက ကြီးမားတဲ့ဖိအားအောက်ကို ကျရောက်နေရတာပေါ့။
အဝါရောင်ဒိုင်းကလည်း အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ၊ ဒါပေမယ့် အဲဒါက တတိယအဆင့်အထွတ်အထိပ်သာ ဖြစ်တယ်။ ကြမ်းတမ်းတဲ့ခံစစ်က လွဲပြီး အဝါရောင်ဒိုင်းက ပျံသန်းတိမ်ဓားမော့သူတော်စင်ရဲ့တိုက်ခိုက်မှုကို တကယ်မခုခံနိုင်ပါဘူး။ အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် အက်ကွဲသံတစ်ခုက ထွက်ပေါ်သွားပြီး အဝါရောင်ဒိုင်းက ပျက်စီးသွားတယ်။
ညည်းသံတစ်ခုနဲ့အတူ ကျူးဟိုင်ရုံက လွင့်ထွက်သွားတယ်၊ မိုင်ဒါဇင်အနည်းငယ်ရောက်မှသာ သူက ရပ်တန့်နိုင်ခဲ့တယ်။ သူ့ရဲ့ချီတည်ရှိမှုအရ သူက ဒဏ်ရာမရတာ သိသာပါတယ်။
"အထွတ်အထိပ်အဆင့်ချပ်ဝတ်" ပျံသန်းတိမ်ဓားမော့သူတော်စင်က မျက်မှောင်ကြုတ်လိုက်တယ်။
ကျူးကလန်ရဲ့အခြေခံအုတ်မြစ်က နက်လွန်းပါတယ်။ ကျူးဟိုင်ရုံက သာမန်အလယ်ဆင့်သူတော်စင်တစ်ယောက်သာ ဖြစ်ပေမယ့် အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေက အဆင့်မြင့်သူတော်စင်တစ်ယောက်ထက်တောင် ပိုများတယ်။ အထွတ်အထိပ်အဆင့်သူတော်စင်တွေမှာတောင် အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေက အရေအတွက်နည်းပါးလွန်းပါတယ်။
ဒါပေမယ့် ပြင်ပခွန်အားက နောက်ဆုံးတော့ ပြင်ပခွန်အားပါပဲလေ။ အထွတ်အထိပ်အဆင့်ပစ္စည်းတွေကို သုံးရတာက ချီကို အလွန်ကုန်ဆုံးစေတယ်၊ အနည်းဆုံးတော့ သိုင်းပညာတစ်ခုကို ထုတ်ဖော်တာထက် ပိုမြန်တယ်။ သိုင်းပညာတစ်ခုကို ထုတ်ဖော်တာထက် အံ့မခန်းအထွတ်အထိပ်ပစ္စည်းတွေက ချီကို ဆယ်ဆဒါမှမဟုတ်အဆတစ်ရာ ပိုလိုအပ်တာ အမှန်ပါပဲလေ။
ငွေနဂါးက အလွန်မြန်တယ်၊ ကျူးဟိုင်ရုံကိုချက်ချင်း တိုက်ခိုက်လိုက်တယ်။
"ဟမ့်" ကျူးဟိုင်ရုံရဲ့အမူအရာက မကျေမနပ်ဖြစ်သွားတယ်။
အထွတ်အထိပ်အဆင့်ပစ္စည်းတွေ ဒီလောက်ရှိနေတာတောင် သူက ပျံသန်းတိမ်ဓားမော့သူတော်စင်ကို မကျော်ဖြတ်နိုင်ဘူးလို့ ကျူးဟိုင်ရုံက ခံစားနေရတယ်၊ သူက ညီမျှရုံသာ အနည်းဆုံးရှိပေလိမ့်မယ်။ ဒါပေမယ့် ပျံသန်းတိမ်ဓားမော့သူတော်စင်က ဒီလောက်ကိုင်တွယ်ရခက်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။ သူက ပျံသန်းတိမ်ဓားမော့သူတော်စင်ကို လျော့တွက်မိတာပဲ။
ချီက တဖြည်းဖြည်း လျော့ပါးလာတာကြောင့် သူက ပြန်ဆုတ်ရပါတော့မယ်။
ကျူးဟိုင်ရုံမှာ ချီဖြည့်တင်းဆေးတွေနဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအချို့ ရှိနိုင်တယ်၊ ဒါပေမယ့် ဒီလိုရန်သူတစ်ယောက်မျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ချီဖြည့်တင်းဆေးအရေအတွက်က လုံလောက်မှာ မဟုတ်ဘူး။
"ပျံသန်းတိမ်ဓားမော့သူတော်စင်၊ ငါ ဒါကို မှတ်ထားတယ်" ကျူးဟိုင်ရုံက ထွက်သွားတယ်။
ပျံသန်းတိမ်ဓားမော့သူတော်စင်က မလိုက်သွားပါဘူး၊ သူက နစ်မြုပ်မြေကို ခုတ်ပိုင်းလိုက်တယ်။ မြေအောက်မှ သူက အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုကို ရရှိသွားတယ်။
…
အဝေးကို ပျံသန်းပြီးတောင်မှ ကျူးဟိုင်ရုံရဲ့နှလုံးသားထဲရှိဒေါသက မပျောက်သေးပါဘူး။
အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်ခဲက သူ့အတွက် အများကြီးအကျိုးရှိတယ်၊ အဲဒါက ရေဝဲနက်သစ်သီးထက်တောင် ပိုကောင်းတယ်။
ရေဝဲနက်သစ်သီးက သူ့ရဲ့ထိုးထွင်းသိမြင်မှုကို တိုးစေပြီး သူ့ရဲ့မီးတာအိုသိုင်းပညာတွေကို ပိုမြင့်မားတဲ့ကျွမ်းကျင်မှုအဆင့်တစ်ခုအထိ ရောက်စေနိုင်တယ်။
ရေဝဲနက်သစ်သီးက သူ့ရဲ့ခွန်အားကို အများကြီးမတိုးစေပါဘူး။ ဒါပေမယ့် အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်ခဲတစ်ခုက သူ့ရဲ့ကျင့်ကြံခြင်းကို အဆင့်အနည်းငယ် တိုးစေနိုင်တယ်။
သူက အခုဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၄မှာ ရှိတယ်၊ သူ့မှာ အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်ခဲရှိရင် အဆင့်မြင့်သူတော်စင်တစ်ယောက်ဖြစ်ဖို့က အချိန်တစ်ခုသာ လိုပါတယ်။
စိတ်မကောင်းစရာတစ်ခုက အရာအားလုံးကို ပျံသန်းတိမ်ဓားမော့သူတော်စင်က ဖျက်ဆီးခဲ့တာပဲ။
ပျံသန်းတိမ်ဓားမော့သူတော်စင်၊ ကိစ္စက ဒီလိုနဲ့ပြီးသွားမယ်လို့ ထင်မနေနဲ့" ကျူးဟိုင်ရုံက ပျံသန်းတိမ်ဓားမော့သူတော်စင်ကို သတ်ဖြတ်ချင်စိတ် ပြင်းပြနေတယ်။
အဝေးမှ ဓားအလင်းတစ်ခုကို ကျူးဟိုင်ရုံက မြင်လိုက်တယ်။
"သေစမ်း" ဒေါသကို ဖြေဖျောက်ဖို့ ကျူးဟိုင်ရုံက ဓားအလင်းထံ လက်ဝါးတစ်ချက် ထုတ်ဖော်လိုက်တယ်။
"ဘာဖြစ်တာလဲ"
လီဖူချန်းက ကျူးဟိုင်ရုံကို မြင်တဲ့အခါ ဖြစ်နိုင်သမျှ မြန်မြန်ထွက်ခွာဖို့ သူက စီစဉ်ထားတယ်။ ဒါပေမယ့် ဘာသတိမှမပေးဘဲ ကျူးဟိုင်ရုံက လက်ဝါးတစ်ချက် ထုတ်ဖော်လိမ့်မယ်လို့ သူ မမျှော်မှန်းထားခဲ့ဘူး။
အပူလက်ဝါးက ဟင်းလင်းပြင်ကို ပုံသွင်းထားသလို ခံစားရပြီး လီဖူချန်းတည်ရှိရာနေရာတစ်ခုလုံးကို ချိတ်ပိတ်လိုက်တယ်။
"ကောင်းကင်မြေကြီးလည်ပတ်ခြင်း"
လီဖူချန်းက ဟင်းလင်းပြင်ကို ထိုးဖောက်တယ်၊ လက်ဝါးတိုက်ကွက်ရဲ့အကွာအဝေးမှ ထွက်လာခဲ့တယ်။
အမ်၊ ရက်စက်နေပုတီးစေ့၊ သွားစမ်း"
လက်ဝါးတိုက်ကွက်က လီဖူချန်းကို မသတ်နိုင်တာကို မြင်ပြီး ကျူးဟိုင်ရုံက ရက်စက်နေပုတီးစေ့ကို ပစ်လွှတ်လိုက်တယ်။
"ဒါက ကျူးကလန်ရဲ့နိုင်လိုမင်းထက်ပြုမူတဲ့ပုံစံပဲ'
ဒါက လီဖူချန်းအနေနဲ့ ကျူးကလန်ကတစ်စုံတစ်ယောက်နဲ့ တွေ့ဆုံတာ တတိယအကြိမ်မြောက်ပါပဲ။ ပထမအကြိမ်က အရိုင်းလျှို့ဝှက်နယ်မြေ၊ ဒုတိယအကြိမ်က မီးနဂါးကျွန်းပေါ်မှာပေါ့။ အကြိမ်တိုင်းမှာ ကျူးကလန်က နိုင်လိုမင်းထက်ပြုတဲ့၊ အထက်စီးဆန်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။ လူတိုင်းက သူတို့ထက် နိမ့်ကျနေသယောင်ယောင်ပါပဲ။
လီဖူချန်းက သူတို့ကို အလျှော့ပေးမှာ မဟုတ်ဘူး။ အကြိုနတ်ဘုရားကလန်မကလို့ နတ်ဘုရားကလန်တောင် ဖြစ်နေပါစေ၊ သူ့ကို လာရန်စရင်တော့ သူက ဂရုစိုက်နေမှာ မဟုတ်ဘူး။
"ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်"
သူ ကောင်းကင်မျဉ်းဓားပညာရဲ့ဆဌမဓားကွက်ဖြစ်တဲ့ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်ကို ကျွမ်းကျင်ပြီးကတည်းက လီဖူချန်းက အခုထိ အသုံးမပြုရသေးပါဘူး။ ဒါက သူ ပထမဆုံးအကြိမ်ထုတ်ဖော်ခြင်းပါပဲ။
ဓားအလင်းက မြူပမာ ရုတ်တရက်ပျံ့နှံ့သွားတယ်။ စိတ်ဆန္ဒက ရက်စက်နေပုတီးစေ့ကို ကွေ့ပတ်သွားတယ်၊ အဲဒါက ကျူးဟိုင်ရုံရဲ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်တယ်။
ဒေါင်...........
မီးပွားတစ်ခု ထွက်လာတယ်၊ ကျူးဟိုင်ရုံရဲ့ရင်ဘတ်က လေးပင်သွားပြီး သူက လွင့်ထွက်သွားတယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" ကျူးဟိုင်ရုံရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ သူက ဘာဖြစ်ခဲ့တာကို မယုံကြည်နိုင်ပါဘူး။
ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်က ဘယ်လောက်အားကောင်းသလဲကို သူ မသိနိုင်ပါဘူး၊ ဓားကွက်ရဲ့နက်နဲသိမ်မွေ့မှုက အရေးကြီးဆုံးအချက် ဖြစ်တယ်။ ရက်စက်နေပုတီးစေ့က အားကောင်းရုံသာပဲရှိတယ်၊ ဒါပေမယ့် တိုက်ရိုက်ချဉ်းကပ်လာတာအရ အဲဒါက ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်ကို မရင်ဆိုင်နိုင်ပါဘူး။
ဓားပညာကျွမ်းကျင်မှုအရ လီဖူချန်းက ဘယ်အလယ်ဆင့်သူတော်စင်ထက်မဆို မနိမ့်ကျပါဘူး၊ အလယ်ဆင့်သူတော်စင်တွေရဲ့အထွတ်အထိပ်မှာရှိတယ်လို့ယူဆရတဲ့ဆန်းကြယ်နက်နဲဓားသူတော်စင်ထက်တောင်မှပေါ့။
***