← Chapters

ကြောက်စရာကောင်းတဲ့အစီအရင်

Vol. 60 Ch. 820

ကြောက်စရာကောင်းတဲ့အစီအရင်

Vol. 60 Ch. 820

"သွား‌တော့"

ကျူးဟိုင်ရုံကို တစ်ချက်တည်းနဲ့ ဒဏ်ရာမရစေနိုင်တာကို မြင်ပြီး ကျူးဟိုင်ရုံက အထွတ်အထိပ်အဆင့်ချပ်ဝတ်တစ်ခုဝတ်ဆင်ထားတာကို လီဖူချန်းက သိလိုက်တယ်။

အထွတ်အထိပ်အဆင့်လက်နက်တစ်ခုရှိတာက အထွတ်အထိပ်ခံစစ်သိုင်းပညာတစ်ခုအပိုရှိနေတာနဲ့ တူတယ်။ လီဖူချန်းရဲ့ခွန်အားအရ သူက ဒဏ်ရာရစေဖို့အသာထား၊ ရန်သူကို ချိုးဖျက်ဖို့ကတောင် မဖြစ်နိုင်ဘူး။

လီဖူချန်းက ထွက်သွားချင်တယ်၊ ဒါပေမယ့် ကျူးဟိုင်ရုံက အဲလိုခွင့်မပြုပါဘူး။

လက်ကို ဝှေ့ယမ်းပြီး အနီရောင်အဆောင်တစ်ခုက လီဖူချန်းဆီ ပျံသန်းလာတယ်။

လမ်းအလယ်မှာ အဆောင်က စတင်လောင်ကျွမ်းသွားတယ်၊ မီးငှက်တစ်ကောင်က ထွက်ပေါ်လာပြီး လီဖူချန်းကို နစ်မြုပ်သွားတယ်။

ဝုန်း........ဒုန်း.........

လီဖူချန်းရဲ့အပြင်ဘက်ရှိဓားစွမ်းအင်အကာအကွယ်က ပေါက်ကွဲသွားတယ်။ ပြီးနောက်ချက်ချင်းပဲ ဥပဒေသစက်ကွင်းကလည်း ကွဲထွက်သွားတယ်။ မီးက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို အကြမ်းပတမ်း တိုက်စားလာတယ်။

ကျူးဟိုင်ရုံရဲ့မျက်နှာက အေးစက်ခြင်းအပြည့်ဖြစ်နေတယ်။ မီးငှက်သူတော်စင်အဆောင်က  ရက်စက်နေပုတီးစေ့ထက် ပိုသန်မာပြီး အဆများစွာ ပိုမြန်တယ်။  မီးငှက်သူတော်စင်အဆောင်က အသုံးပြုရမယ့်အကြိမ်အရေအတွက်အကန့်အသတ်သာ မရှိရင် ပျံသန်းတိမ်ဓားမော့သူ‌တော်စင်နဲ့တိုက်ပွဲအတွင်း ကျူးဟိုင်ရုံက သေချာပေါက် အသုံးပြုပေလိမ့်မယ်။ ဒါပေမယ့် မီးငှက်သူတော်စင်အဆောင်က ပျံသန်းတိမ်ဓားမော့သူ‌တော်စင်ကို အနည်းငယ်သာထိခိုက်စေနိုင်တာကို ကျူးဟိုင်ရုံက သိတယ်။ ပျံသန်းတိမ်ဓားမော့သူ‌တော်စင်ကို အနိုင်ယူဖို့က ဖြစ်နိုင်ချေမရှိဘူး၊ ဒါကြောင့် သူက မသုံးခဲ့ပါဘူး။

"အခုလောက်ဆို သူက သေသွားပြီးထင်တယ်" ကျူးဟိုင်ရုံက မီးငှက်သူတော်စင်အဆောင်ကို ပြန်ရုတ်သိမ်းဖို့ ပြင်ဆင်လိုက်တယ်။

စွက်.........

ဓားအလင်းတစ်ခုက မီးလျှံများထဲမှ ပြေးထွက်လာပြီး မိုးကုတ်စက်ဝိုင်းဆီ ချက်ချင်း ရောက်ရှိသွားတယ်။

ဓားစွမ်းအင်အကာအကွယ်နဲ့ဥပဒေသစက်ကွင်းတို့ကြောင့် မီးငှက်သူတော်စင်အဆောင်ရဲ့စွမ်းအားတစ်ဝက်က ပျောက်ပြယ်သွားခဲ့တယ်။ ကျန်တစ်ဝက်လောက်က လီဖူချန်းကို ဒဏ်ရာ‌ရစေဖို့ မလုံလောက်ဘူးလေ။

ကျူးဟိုင်ရုံက အံ့ဩတုန်လှုပ်သွားတယ်။  လီဖူချန်းကို အဝေးကို ပျံသန်းသွားပြီဖြစ်တယ်၊ လီဖူချန်းရဲ့အရှိန်အရ ကျူးဟိုင်ရုံက လိုက်သွားရင်တောင် သူက မဖမ်းမိနိုင်ပါဘူး။

မီးငှက်သူတော်စင်အဆောင်က ပြန်ရောက်လာတယ်၊ ကျူးဟိုင်ရုံရဲ့အမူအရာက မည်းမှောင်နေတယ်။ ပြင်းထန်တဲ့သတ်ဖြတ်ခြင်းဆန္ဒက မြေပြင်ကိုတောင် ကွဲအက်သွားစေတယ်။

မိုင်ရာအနည်းငယ်မှာ လီဖူချန်းက သူ့ရာသူ ပြောလိုက်တယ်"ငါ ဒီအတိုင်းဆက်နေလို့မရဘူး။ ဒီနေရာမှာရှိတဲ့လူတိုင်းက သူတော်စင်အဆင့်ကျွမ်းကျင်သူတွေပဲ။ သာမန်သူတော်စင်တွေကို ထားလိုက်ပါ၊ ပြောင်မြောက်တဲ့ခွန်အားရှိတဲ့သူတွေ၊ အသုံးအ‌ဆောင်ပစ္စည်းများစွာကိုပိုင်ဆိုင်ထားတဲ့သူတွေက ငါ့အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ။ ငါ့ရဲ့ဓားတာအိုကျင့်ကြံခြင်းကို အကြိုသူတော်စင်အဆင့်ထိ တိုးမြင့်ရမယ်။ အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေက ငါ့ခွန်အားကို တိုးစေနိုင်တယ်ဆိုပေမယ့် ငါ့ဓားစွမ်းအင်ပမာဏအရ ငါက အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို အကြိမ်အနည်းငယ်သာ အသုံးပြုနိုင်တယ်"

အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို သုံးစွဲတာက အထွတ်အထိပ်အဆင့်လက်နက်တစ်ခုကို သုံးစွဲတာထက် ချီပိုလိုအပ်တယ်။ သူက အဆင့်သတ်မှတ်မထားတဲ့အသုံးအဆောင်ပစ္စည်းတစ်ခုကို အများဆုံး လက်တစ်ဆုပ်စာအချိန်လောက်သာ အသုံးပြုနိုင်မယ်လို့ လီဖူချန်းက ယူဆထားတယ်။

ရေဝဲနက်ကျွန်းက အရမ်းမကြီးသလို သေးလည်းမသေးပါဘူး၊ ဒါပေမယ့် သူတော်စင်နဲ့သားရဲအရှင်သခင်တွေရဲ့များပြားတဲ့အရေအတွက်ကြောင့် တိုက်ပွဲတွေက မကြာခဏ ဖြစ်နေလျက်ပါပဲ။တိုက်ပွဲအတွက် အကြောင်းပြချက်အများကြီး ရှိတယ်၊ အများစုက ရတနာတွေအတွက်ပါပဲ။

ရေဝဲနက်ကျွန်းပေါ်ရှိရတနာတွေက တန်ဖိုးကြီးလွန်းပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာခန့် အနည်းဆုံးတန်ဖိုးရှိတာတွေပါပဲ။ သူတော်စင်တစ်ယောက်မှာတောင် အဲဒီလောက်များတဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး။ ပြီးတော့ ကျင့်ကြံခြင်းအဆင့်တစ်ဆင့်တိုးမြင့်ဖို့ သူ‌တော်စင်တွေက အထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးများစွာကို လိုအပ်ကြတာလေ။

လီဖူချန်းမှာ အရိပ်သစ်သီးတစ်လုံးနဲ့တောက်ပသစ်သီးတစ်လုံးရှိတာကို သိရင် သူတို့က သူ့ကို အကမ္ဘာမြေအဆုံးထိ လိုက်ဖမ်းနေကြမှာ‌ပါ။

ဒီရတနာနှစ်ခုက စကြာဝဠာမှာတောင် ထိပ်တန်းအဆင့်ဝင်တဲ့ရတနာတွေပဲလေ။ သာမန်သူတော်စင်တွေ အသာထား၊ အထွတ်အထိပ်သူတော်စင်တွေတောင် အငမ်းမရလိုချင်ကြမှာပါ။

…

"မင်းက ကျူးကလန်ရဲ့ကျူးဟိုင်ရုံမလား" စကြာဝဠာကွင်းကို ပိုင်ဆိုင်ထားတဲ့ အစိမ်းဝတ်လူက ကျူးဟိုင်ရုံကို မြင်ပြီး အဝေးကနေ စကားတစ်ခွန်း ပို့လိုက်တယ်။

"မင်းက" ကျူးဟိုင်ရုံက အစိမ်းဝတ်လူကို မသိပါဘူး။

အစိမ်းဝတ်လူက ဖြေတယ်"ငါက ဗိန်းဝမ်းသူတော်စင်ပါ"

"မင်း ဘာလိုချင်တာလဲ" ကျူးဟိုင်ရုံက မေးလိုက်တယ်။

"မင်း ဒီလူကို တွေ့လိုက်လား" ဗိန်းဝမ်းသူတော်စင်က သူ့ရဲ့ချီကို သုံးပြီး လီဖူချန်းရဲ့ပုံကို ပြသလိုက်တယ်။

တောက်ပသစ်သီးကြောင့်သာ မဟုတ်ရင် သူက ကျူးဟိုင်ရုံကို ဘယ်တော့မှ မေးမှာမဟုတ်ဘူး။ ကျူးကလန်က မောက်မာတာကို လူတိုင်းက သိထားတယ်လေ။

"ငါက ဘာလို့ မင်းကို ပြောရမှာလဲ" ကျူးဟိုင်ရုံက လီဖူချန်းကို မှတ်မိပေမယ့် သူက ‌ပြန်မေးလိုက်တယ်။

ဗိန်းဝမ်းသူတော်စင်က ပြောလိုက်တယ်"သူက ထိပ်တန်းအဆင့်ရတနာတွေကို ပိုင်ဆိုင်ထားတယ်။ အကိုကျူးက ပူးပေါင်းဖို့ ဆန္ဒရှိရင် ငါတို့ ရတနာရတာနဲ့ သုံးပုံနဲ့ခုနှစ်ပုံ ခွဲမယ်။ ငါက သုံးပုံယူမယ်၊ အကိုကျူးက ခုနှစ်ပုံယူပေါ့"

ဗိန်းဝမ်းသူတော်စင်က အလုံးစုံပြောလိုက်တယ်။ တောက်သစ်သီးကို ရပြီးနောက် ကျူးဟိုင်ရုံက သူ့အပေါ် လှုပ်ရှားနိုင်တယ်၊ ဒါမှမဟုတ် သူ့ရဲ့စကားတွေကို ရုပ်သိမ်းနိုင်တာကို သူ သိတယ်။

ဒါပေမယ့် ဗိန်းဝမ်းသူတော်စင်မှာလည်း သူ့ရဲ့ကိုယ်ပိုင်ဝှက်ဖဲရှိတယ်။ သူ မနိုင်ရင်တောင် လွတ်မြောက်ဖို့ သူက ယုံကြည်ချက်ရှိတယ်။

"ဘာရတနာလဲ" ကျူးဟိုင်ရုံရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ နောင်တရတာလည်း ပါတာပေါ့။

အဲဒါက ထိပ်တန်းအဆင့်ရတနာတစ်ခုလို့ ဗိန်းဝမ်းသူတော်စင်က ပြောခဲ့တာဆိုတော့ အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်‌ခဲထက် မနိမ့်ကျနိုင်ပါဘူး။ လီဖူချန်းမှာ အဲလိုရတနာရှိမှန်း သူ သိရင် တန်ဖိုးအနည်းငယ်ပေးရရင်တောင် သူက လီဖူချန်းကို တားဆီးခဲ့မှာပါ။

ခဏစဉ်းစားပြီးနောက် ဗိန်းဝမ်းသူတော်စင်က ဖြေလိုက်တယ်"တောက်ပသစ်သီး"

သူတစ်ယောက်တည်းနဲ့ လီဖူချန်းကို မရင်ဆိုင်နိုင်ပါဘူး၊ ဒါကြောင့် သူက ကျူးဟိုင်ရုံကို မှီခိုဖို့လိုပါတယ်လေ။

အဖြေကို ကြားပြီး ကျူးဟိုင်ရုံရဲ့နှလုံးသားက ဒုန်းစိုင်းသွားတယ်။ တောက်ပသစ်သီးနဲ့နှိုင်းယှဉ်ရင် အထွတ်အထိပ်အဆင့်မီးစွမ်းအင်ပုံဆောင်‌ခဲက ပြောဖို့မထိုက်တန်ပါဘူး။

"ငါ ကတိဖျက်မှာကို မင်းမကြောက်ဘူးလား" ကျူးဟိုင်ရုံက ဗိန်းဝမ်းသူတော်စင်ကို ကြည့်လိုက်တယ်။

ဗိန်းဝမ်းသူတော်စင်က ရယ်ကာ ပြောလိုက်တယ်"ငါကြောက်တယ်၊ ဒါကြောင့် ငါက မင်းကို ကျမ်းကျိန်စေချင်တယ်"

ကျမ်းကျိန်တာက သူ‌တော်စင်တစ်ယောက်ကို မသေစေနိုင်ဘူး၊ ဒါပေမယ့် သူတော်စင်ရဲ့တာအိုနှလုံးသားကိုတော့ သက်ရောက်ပါလိမ့်မယ်။ သူ‌တော်စင်က နတ်ဆိုးတာအိုသူတော်စင်တစ်ယောက်သာ မဟုတ်ရင် သူတို့က အကြောင်းပြချက်မရှိဘဲ ကျမ်းကျိန်မှာ မဟုတ်ပါဘူး။

ကျူးဟိုင်ရုံက အတော်လေးချီတုံချတုံဖြစ်သွားတယ်၊ သူက မဆင်မခြင်မကျမ်းကျိန်ရဲဘူးဖြစ်နေတယ်။ အကျိုးဆက်က ဘာဖြစ်လာမှာကို ဘယ်သူက သိမှာလဲ။

"မင်းက ပူးပေါင်းချင်ရင် မင်းရဲ့စွမ်းရည်ကို ပြပါ" ဗိန်းဝမ်းသူတော်စင်က စွမ်းရည်မရှိရင် သူက ပူးပေါင်းမှာ မဟုတ်ဘူးလို့ ကျူးဟိုင်ရုံက ဆုံးဖြတ်ထားတယ်။

ဗိန်းဝမ်းသူတော်စင်က စကြာဝဠာကွင်းကို ထုတ်လိုက်တယ်၊ အဲဒါကို အသက်သွင်းပြီးနောက် ကြောက်စရာကောင်းတဲ့စုပ်အားတစ်ခုက ဖြစ်တည်လာတယ်"ဒါနဲ့ဆို လုံလောက်ပြီးလား"

"စကြာဝဠာစက်ဝိုင်းရဲ့အတုအပပစ္စည်း" စကြာဝဠာကွင်းရဲ့လုပ်ဆောင်ပုံကို ကျူးဟိုင်ရုံက ချက်ချင်း သိလိုက်တယ်။

စကြာဝဠာကွင်းနဲ့ဆိုရင် ဗိန်းဝမ်းသူတော်စင်က သူနဲ့ပူပေါင်းဖို့ အရည်အချင်းရှိတယ်။ ပြီးတော့ လီဖူချန်းကို ကိုင်တွယ်ရတာမလွယ်ဘူး၊ သူတို့က တစ်ချက်သတိမထားမိတာနဲ့ သူက လွတ်မြောက်သွားနိုင်တယ်။

တောက်ပသစ်သီးကို ရပြီးနောက် သူတို့က သုံးပုံခုနှစ်ပုံခွဲမယ်၊ သူက ဗိန်းဝမ်းသူတော်စင်အပေါ် မလှုပ်ရှားရဘူးလို့ ကျူးဟိုင်ရုံက ကျမ်းကျိန်လိုက်တယ်။ သူက ကျမ်းကျိန်ချက်ကို ဖောက်ဖျက်ခဲ့ရင် သူ့ရဲ့သိုင်းတာအိုက နောက်ထပ်တိုးတက်မှုတွေ ရှိလာနိုင်မှာ မဟုတ်ဘူး။

ကျူးဟိုင်ရုံက ကျမ်းကျိန်နေတာကို မြင်ပြီး ဗိန်းဝမ်းသူတော်စင်က စိတ်သက်ရာရသွားတယ်။ ဒါပေမယ့် ကျူးဟိုင်ရုံက ကျမ်းကျိန်ချက်ကို လိုက်နာမယ်လို့ လုံးဝယုံကြည်တဲ့အထိ သူက မနုံအပါဘူးလေ။

ရေဝဲနက်ကျွန်းရဲ့အတွင်းပိုင်းထဲမှာ ဗိန်းဝမ်းသူတော်စင်နဲ့ကျူးဟိုင်ရုံက ပူးပေါင်းနေမယ်လို့ လီဖူချန်းက မသိပါဘူး။

သူ သိရင်တောင် သူက ဂရုမစိုက်ပါဘူး။  ဘာပဲလာလာ သူက တုံ့ပြန်မှာပဲ။ သေခြင်းတိုက်ပွဲတစ်ခုဆိုရင်တောင် သူက ထိုနှစ်ယောက်ကို အရှုံးပေးမှာ မဟုတ်ပါဘူး။

မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက ရွာလေးတစ်ရွာရဲ့အပြင်ဘက်ကို ရောက်ရှိသွားတယ်။

ရွာထဲမှာ အလွန်ဖုံးကွယ်ထားတဲ့လှိုင်းတစ်ခု ရှိတယ်။

လီဖူချန်း ရွာထဲကို ခြေချတဲ့အခိုက်မှာ ဟင်းလင်းပြင်ဇုန်က ပြောင်းလဲသွားပြီး အမည်မသိကမ္ဘာတစ်ခုက လီဖူချန်းရဲ့ရှေ့မှာ ထွက်ပေါ်လာတယ်။

"ဒီအစီအရင်က ဘယ်အ‌ဆင့်ပါလိမ့်" လီဖူချန်းက ထိတ်လန့်သွားရတယ်။

ရွာထဲကို မဝင်ခင် လီဖူချိန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးခဲ့တယ်၊ ဒါပေမယ့် အစီအရင်ရဲ့အရိပ်အယောင်တစ်ခုမှ ရှာမတွေ့ခဲ့ဘူး။ အစီအရင်က သူ စိတ်ကူးထားတာရဲ့အလွန်မှာ ရှိနေတာ သိသာပါတယ်။ အဲဒါက အနည်းဆုံး အဆင့်၉အဆင့်မြင့်အစီအရင် ဖြစ်‌လောက်တယ်၊ အဆင့်၉အထွတ်အထိပ်အစီအရင်တစ်ခုတောင် ဖြစ်နိုင်တယ်။

ဒါက ပျက်စီးယိုယွင်းနေတဲ့ကမ္ဘာတစ်ခု ဖြစ်ပြီး ရှုံးနိမ့်ခြင်း၊ ပြာပုံဘဝ၊ သေခြင်းနဲ့ အထီးကျန်ခြင်းတို့ရဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။

"အမ်"

အဝေးမှ လီဖူချန်းက အလောင်းတစ်ခုကို မြင်လိုက်ရတယ်၊ ကျန်ရှိနေတဲ့ချီတည်ရှိမှုအရ အဲဒါက သူ‌တော်စင်အဆင့်အလောင်း ဖြစ်တယ်။

နီးကပ်စွာ လျှောက်လာတဲ့အခါ အလောင်းက ဆွေးမြေးနေပြီးကို လီဖူချန်းက သတိပြုမိတယ်၊ ဒါပေမယ့် သိုလှောင်အိတ်က ကျန်ရှိနေတုန်းပါပဲ။

သိုလှောင်အိတ်ထဲမှာ ကောင်းတာ တစ်ခုမှ မရှိလောက်ဘူးလို့ လီဖူချန်းက ထင်ခဲ့တယ်၊ ဒါပေမယ့် သူ ဖွင့်လိုက်တဲ့အခါ အရင်းအမြစ်တွေရဲ့ကြီးမားတဲ့ပမာဏကို သူ တွေ့လိုက်ရတယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးတောင် ရှိနေတယ်။

"အစီအရင်စွမ်းအားကြောင့် သေသွားတာလား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

ဒီသူတော်စင်က အသတ်ခံရရင် သိုလှောင်အိတ်ကို ယူသွားမှာ အသေအချာပဲ။ အခုထိရှိ‌နေသေးတာဆိုတော့ သူ‌တော်စင်ကို တစ်ယောက်ယောက်က သတ်တာမဟုတ်ဘူးလို့ ဆိုလိုတာပါပဲ။

လီဖူချန်းက ကျင့်ကြံဖို့ နေရာတစ်ခုကို တွေ့ခဲ့တယ်။

အစီအရင်က ထူးခြားဆန်းကြယ်လွန်းတယ်၊ လီဖူချန်းက စူးစမ်းချင်စိတ်အပြည့်ဖြစ်နေတယ်။ အခု သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက သူ့ခွန်အားကို တိုးတက်စေဖို့ပါပဲ။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးကို သုံးပြီးနောက် လီဖူချန်းရဲ့ချီကျင့်ကြံခြင်းက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ရဲ့အထွတ်အထိပ်မှာ သောင်တင်နေတုန်းပါပဲ။ သူက အကြိုသူတော်စင်တစ်ယောက်ဖြစ်လာဖို့ အနည်းငယ်သာ ကင်းမဲ့တော့တယ်။ သူ့မှာ နောက်ထပ်အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအနည်းငယ်ရှိရင် သူက ချိုးဖြတ်နိုင်မယ်လို့ လီဖူချန်းက တစ်ရာရာခိုင်နှုန်း သေချာတယ်။

***

All Chapters