← Chapters

အလယ်အဆင့်အကြိုသူတော်စင်

Vol. 60 Ch. 821

အလယ်အဆင့်အကြိုသူတော်စင်

Vol. 60 Ch. 821

နေ့တစ်ဝက်ခန့်ကြာပြီးနောက် သူတော်စင်က ဘာကြောင့် သေသလဲကို လီဖူချန်းက နောက်ဆုံးတော့ တွေ့လိုက်ရတယ်။

ဒီနေရာရှိအစီအရင်မှာ အလွန်ကြောက်စရာကောင်းတဲ့အထီးကျန်ခြင်းချီ ပါရှိတယ်။ အဲဒါက အစစ်အမှန်စိတ်ဝိညာဉ်ကို တိုက်စားပြီး အလွန်လည်း သိမ်မွေ့တယ်။ ဒုက္ခရောက်မှန်းသိလိုက်တဲ့အချိန်မှာ အထီးကျန်ခြင်းချီက အထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး ဖြစ်တယ်။

လီဖူချန်းခန့်မှန်းတာ မမှားရင် သူတော်စင်ရဲ့အစစ်အမှန်စိတ်ဝိညာဉ်က ပျောက်ကွယ်ပြီး စိတ်ဝိညာဉ်က ပျံ့နှံ့သွားတာပဲ ဖြစ်ရမယ်။

အစစ်အမှန်စိတ်ဝိညာဉ်က စိတ်ဝိညာဉ်မှ လာတာ ကံကောင်းသွားတာပဲ။ စိတ်ဝိညာဉ်က အစ်အမှန်စိတ်ဝိညာဉ်ရဲ့အရင်းအမြစ် ဖြစ်တယ်လို့ ပြောနိုင်တယ်။ အစစ်အမှန်စိတ်ဝိညာဉ်က ထိခိုက်မှုတွေ ဖြစ်လာတဲ့အခါ လီဖူချန်းရဲ့စိတ်ဝိညာဉ်က ခရမ်းနီရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ပြီး ထိခိုက်မှုကို ကုစားနိုင်တယ်။

"အစီအရင်က အစစ်အမှန်စိတ်ဝိညာဉ်ကို ပစ်မှတ်ထားတာပဲ။ အထွတ်အထိပ်သူတော်စင်တစ်ယောက် ဝင်လာရင်တောင် သူတို့လည်း ခံစားရလိမ့်မယ်"

လီဖူချန်းရဲ့အစစ်အမှန်စိတ်ဝိညာဉ်က‌ သေချာပေါက်အားမနည်းဘူး၊ ဒါပေမယ့် စိတ်ဝိညာဉ်ရဲ့အထောက်အပံမရှိဘူးဆိုရင် သူ့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်က လဝက်သာ ခံနိုင်လိမ့်မယ်လို့ သူက ယူဆထားတယ်။

…

ရွာကလေးရဲ့အပြင်ဘက်မှာ အဆင့်နိမ့်သားရဲအရှင်သခင်က ထွက်ပေါ်လာတယ်။

နောက်တစ်နေ့မှာတော့ အဆင့်နိမ့်သားရဲအရှင်သခင်က အစီအရင်ထဲမှာ သေဆုံးသွားတယ်။

နောက်အပတ်မှာတော့ နောက်ထပ်အလယ်ဆင့်သားရဲအရှင်သခင်တစ်ယောက်နဲ့အဆင့်နိမ့်သူတော်စင်တစ်ယောက်က ရောက်ရှိလာတယ်။ သားရဲက ငါးရက်သာ ခံပြီး သူတော်စင်က လေးရက်သာ ကြာတယ်။

…

ဒီနေ့မှာ ဗန်းဝမ်းသူတော်စင်နဲ့ကျူးဟိုင်ရုံက ရွာအပြင်ဘက်ကို ရောက်ရှိလာတယ်။

သူတို့အရှေ့ကသူတွေနဲ့ အလားတူစွာပင် သူတို့နှစ်ယောက်က သံသယတစ်ခုမှ မရှိဘဲ ရွာထဲကို ချက်ချင်း ဝင်ရောက်ခဲ့တယ်။

"မကောင်းတော့ဘူး"

နေ့ဝက်ခန့်ကြာပြီးနောက် ဗန်းဝမ်းသူတော်စင်က တစ်ခုခုမှားနေတာကို ပထမဆုံး သတိပြုမိခဲ့တယ်။

"ဘာဖြစ်တာလဲ" ကျူးဟိုင်ရုံက ထိတ်လန့်သွားတယ်။

ဗန်းဝမ်းသူတော်စင်က ကြောက်စရာကောင်းတဲ့အမူအရာနဲ့ ပြောလိုက်တယ်"ဒီအစီအရင်မှာ အထီးကျန်ခြင်းချီ ပါရှိတယ်။ ငါတို့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်နှစ်ခုလုံးကို အဲဒါက ကျူးကျော်ဝင်ရောက်နေပြီးပြီ"

တုံ့ပြန်တဲ့အနေနဲ့ ကျူးဟိုင်ရုံက သူ့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်ကို ချက်ချင်း ကြည့်လိုက်တယ်။

မကြာခင်မှာ သူ့ရဲ့အမူအရာက မကောင်းတော့ပါဘူး။ မူလကချို့ယွင်းချက်မံဖြစ်နေတဲ့သူတော်စင်စိတ်ဝိညာဉ်က အခု အပြောက်အစက်အချို့ ရှိနေတယ်။ အရေးကြီးဆုံးကတော့ သူက ဘာတစ်ခုမှ မခံစားရပါဘူး။

သူတို့နှစ်ယောက်က အရာအားလုံးကို လုပ်ခဲ့တယ်၊ ဒါပေမယ့် အထီးကျန်ခြင်းချီကို မဖယ်ရှားနိုင်သေးပါဘူး။

နောက်သုံးရက်ကြာတော့ ဗန်းဝမ်းသူတော်စင်ရဲ့မျက်လုံးတွေက အရင်ကထက် အရမ်းမှုန်ဝါးလာတယ်။ ကျူးဟိုင်ရုံရဲ့မျက်လုံးတွေက ပိုပြီးတော့တောင် မှုန်ဝါးနေလေတယ်၊ အဲဒါက သူ့ကို ထူးဆန်းသလို ခံစားရစေတယ်။

ကျင့်ကြံခြင်းအရ သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၄ဖြစ်ပြီး ဗန်းဝမ်းသူတော်စင်က စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၃ဖြစ်တယ်။ ယုတ္တိရှိရှိဆိုရရင် ဗန်းဝမ်းသူတော်စင်က အရင်ဆုံး ကျဆုံးသင့်တာပေါ့။  ဗန်းဝမ်းသူတော်စင်မှာ အစစ်အမှန်စိတ်ဝိညာဥ်ကို ကာကွယ်ပေးတဲ့ အသုံးအဆောင်ပစ္စည်းအချို့ ရှိတာ ဖြစ်နေမလား။

သေမင်းနှုတ်ခမ်းဝကို ရောက်ရှိနေတာကြောင့် ကျူးဟိုင်ရုံက သတ်ဖြတ်ချင်စိတ်တွေ ဖြစ်လာတယ်။

သိုင်းတာအိုအနာဂတ်နဲ့ နှိုင်းယှဉ်ရင် အသက်က ပိုအရေးကြီးပါတယ်။

တစ်ယောက်ယောက်က အသက်မရှင်နိုင်ရင် သိုင်းတာအိုအနာဂတ်ရှိတာက ဘာအသုံးဝင်မှာလဲ။

ပြီးတော့ ကျမ်းကျိန်ချက်က သိုင်းတာအိုအနာဂတ်ကို သက်ရောက်မယ်ဆိုတာကလည်း မသေချာဘူး၊ ကောလဟာလလည်း ဖြစ်နိုင်တယ်လေ။

"သေစမ်း"

ကျူးဟိုင်ရုံက ရက်စက်နေပုတီးစေ့ကို ရုတ်တရက် ဆုပ်ကိုင်ပြီး ဗန်းဝမ်းသူတော်စင်ထံ ပစ်လွှတ်လိုက်တယ်။

ဒေါင်..........

ငွေရောင်ကွင်းတစ်ခုက ရက်စက်နေပုတီးစေ့ကို တားဆီးလိုက်တယ်။

"ကျူးဟိုင်ရုံ၊ မင်းက ယုံကြည်လို့မရဘူးဆိုတာ ငါ သိသားပဲ" ဗိန်းဝမ်းသူတော်စင်က ‌ဒေါသထွက်သွားတယ်။

"ကြည့်ရတာ မင်းက အစောကတည်းက သတိထားနေပုံကတယ်၊ ဒါပေမယ့်လည်း အသုံးမဝင်ပါဘူးကွာ"

ပထမတိုက်ခိုက်မှုက ဗိန်းဝမ်းသူ‌တော်စင်ကို မသတ်နိုင်တာကြောင့် ကျူးဟိုင်ရုံက ဒုတိယတိုက်ခိုက်မှုကို ဖော်ထုတ်လိုက်တယ်။ မီးငှက်သူတော်စင်အဆောင်က ပူပြင်းတဲ့မီးငှက်တစ်ကောင်အဖြစ် ပြောင်းသွားပြီး ဗိန်းဝမ်းသူတော်စင်ကို တစ်ဟုန်ထိုးပြေးသွားတယ်။

မီးငှက်က မြန်လွန်းပြီး ဗိန်းဝမ်းသူတော်စင်က အချိန်မီ မရှောင်တိမ်းနိုင်ပါဘူး။  သူက စကြာဝဠာကွင်းကို ရုတ်သိမ်းရုံသာ တတ်နိုင်ပြီး သူ့ကိုယ်သူ လွှမ်းခြုံထားလိုက်တယ်။

ဝုန်း........ဝုန်း........ဝုန်း.........

မီးငှက်က စကြာဝဠာကွင်းအပေါ် ထပ်ခါတလဲလဲ ရိုက်ခတ်နေတယ်။ စကြာဝဠာကွင်းရဲ့မျက်နှာပြင်ပေါ်မှာ အမှတ်အသားအက်ရာအချို့ ဖြစ်ပေါ်လာတယ်။

စကြာဝဠာကွင်းက တတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုသာ ဖြစ်ပြီး မီးငှက်သူတော်စင်အဆောင်ကို အသာထား၊ ဒုတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ရက်စက်နေပုတီးကို မယှဉ်နိုင်ပါဘူး။ ဒီအတိုင်းသာ ဆက်သွားနေရင် စကြာဝဠာကွင်းက သေချာပေါက် ပျက်စီးသွားရမှာပဲ။

"အမ်"

ဗိန်းဝမ်းသူတော်စင်က ကျူးဟိုင်ရုံအပေါ် လျော့တွက်မိထားတာပဲ၊ ကျူးဟိုင်ရုံက ဒုတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းနှစ်ခုကို ပိုင်ဆိုင်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။

ဘယ်လက်ကို ဝှေ့ယမ်းပြီးနောက် အဖြူရောင်ပုတီးစေ့တစ်ခုက ဗိန်းဝမ်းသူတော်စင်ရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။

ဗိန်းဝမ်းသူတော်စင်က အနည်းငယ်ခေါင်းကိုက်သလို ခံစားရတယ်၊ ဒီပုတီးစေ့ကို လျှို့ဝှက်နယ်မြေတစ်ခုရဲ့အကြွင်းအကျန်ထဲမှာ သူက ခက်ခက်ခဲခဲရှာတွေ့ခဲ့ထားတာပါ။ အဲဒါမှာ မီးခိုးဥပဒေသ ပါရှိပြီး ဘယ်လိုရှာဖွေမှုကိုမဆို ဖုံးကွယ်နိုင်ပါတယ်။ စိတ်မကောင်းစရာက အဲဒါကို တစ်ကြိမ်သာ အသုံးပြုနိုင်‌ပါတော့တယ်။ သူ အရင်က တစ်ကြိမ်သုံးခဲ့ပြီး ဒါက သူ့ရဲ့နောက်ဆုံးအကြိမ်ပါပဲ။

ဝုန်း........

အဖြူရောင်ပုတီးစေ့က ‌ပျံသန်းသွားပြီး လေထဲမှာ ပေါက်ကွဲသွားတယ်။

ထူထပ်တဲ့မီးခိုးတစ်ခုက မိုင်တစ်ရာအကွာအဝေးကို ချက်ချင်း ဖုံးအုပ်သွားပြီး အဲဒါက အဆက်မပြတ် ကြီးထွားလာနေတယ်။

မီးခိုးအတွင်းမှာ မိမိရဲ့လက်ကိုတောင် မြင်ဖို့က မဖြစ်နိုင်ပါဘူး။ လိပ်ပြာအသိစိတ်အာရုံရဲ့အကွာအဝေးကိုလည်း ဆယ်မီတာအထိမျှသာ ကန့်သတ်ထားတယ်။

"လောင်ကျွမ်းစမ်း"

ကျူးဟိုင်ရုံက မီးငှက်သူတော်စင်အဆောင်ကို သုံးပြီး မီးခိုးကို လောင်ကျွမ်းစေချင်ခဲ့တယ်။

ကံမကောင်းစွာနဲ့ သူ့ရဲ့အားထုတ်မှုက အချည်းနှီးဖြစ်ခဲ့ရတယ်။

အချိန်တစ်ခုကြာပြီးနောက် ပုံရိပ်တစ်ခုက မီးခိုးထဲမှ ပြေးထွက်သွားတယ်........အဲဒါက ဗိန်းဝမ်းသူတော်စင်ပါပဲ။

ဗိန်းဝမ်းသူတော်စင်က ကျူးဟိုင်ရုံကို ပြန်လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်"မင်းက ငါ့ထက် ပိုသန်မာတယ်၊ အသုံးအဆောင်ပစ္စည်းတွေ ပိုရှိတယ်ဆိုရင်တောင် အစစ်အမှန်စိတ်ဝိညာဉ်ကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုမရှိရင်တော့ မင်းက ငါ့ထက် စောစောသေမှာ အသေအချာပဲ"

မီးခိုး မ‌ပျောက်ကွယ်ခင် ဗိန်းဝမ်းသူတော်စင်ရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်ကာ ပျောက်သွားတော့တယ်။

…

ဒီအစီအရင်က အဆုံးမရှိသလို ထင်ရတယ်။ လဝက်ခန့်ပျံသန်းပြီးတောင်မှ လီဖူချန်းက အစီအရင်ထဲက မထွက်နိုင်သေးပါဘူး။

အစီအရင်ရဲ့အဆင့်က ပိုမြင့်လေလေ၊ ချိတ်ပိတ်သက်ရောက်မှုက ပိုကောင်းလေလေပဲ။ အဆင့်၉အထွတ်အထိပ်အစီအရင်တစ်ခုက ပြိုလဲစေပြီး ခြားနားတဲ့ကမ္ဘာတစ်ခုကို ဖြစ်စေနိုင်တယ်။ အစီအရင်ကို မချိုးဖျက်နိုင်သရွေ့ လီဖူချန်းက ဘယ်တော့မှ ထွက်ခွာနိုင်မှာ မဟုတ်ပါဘူး။

ကံကောင်းသွားတာက လီဖူချန်းက နောက်ထပ်အလောင်းတစ်ခုကို တွေ့လိုက်ရတာပဲ၊ သိုလှောင်အိတ်ထဲမှာ နောက်ထပ်အထွတ်အထိပ်ဝိညာဉ်‌ကျောက်တုံးက ရှိနေတယ်လေ။

လီဖူချန်းရဲ့အမြင်အရ ချီကျင့်ကြံခြင်းကို ချိုးဖျက်နိုင်ဖို့ သူက နောက်ထပ်အထွတ်အထိပ်ဝိညာဉ်ကျောက်တုံးသုံးတုံးကိုသာ လိုတော့တယ်။

"နောက်ထပ်အလောင်းတစ်ခုပဲ" အဝေးမှ လီဖူချန်းက တတိယမြောက်အလောင်းကို ရှာတွေ့ခဲ့တယ်။

ဒီအလောင်းက ထူးခြားပြီး မတ်တပ်ရပ်လျက်ရှိနေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်က မဆွေးမြေ့သေးပါဘူး၊ အရောင်စိုနေလျက်ပါပဲ။

"ဒါက အဆင့်မြင့်သူတော်စင်တစ်ယောက်ပဲ ဖြစ်မယ်"

အချက်အလက်အားဖြင့် အစီအရင်ထဲမှာ မရှိရင် သူတော်စင်တစ်‌‌ယောက်ရဲ့ခန္ဓာကိုယ်က ဘယ်တော့မှ ဆွေးမြေ့ခြင်းမရှိပါဘူး။ သူတော်စင်တစ်ယောက်က သေဆုံးသွားရင်တောင် သူတော်စင်အ‌လောင်းကို ကာကွယ်ပေးမယ့်အံ့အားသင့်စရာစွမ်းအားက အလောင်းမှာ တည်ရှိနေတယ်။

စုပ်အားကို သုံးလျက် နောက်ထပ်သိုလှောင်အိတ်တစ်ခုက လီဖူချန်းရဲ့လက်ထဲကို ရောက်ရှိလာတယ်။

ဖွင့်ကာ ကြည့်လိုက်တယ်၊ လီဖူချန်းရဲ့အသက်ရှုသံတွေက ထိန်းသိမ်းမရဖြစ်သွားတယ်။

အထဲမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ဆယ် တကယ်ရှိနေတာပဲ။

"ငါ အကြိုသူတော်စင်အဖြစ် သေချာပေါက် တိုးမြှင့်နိုင်လိ့မ်မယ်"

လီဖူချန်းက အလောင်းကို အရိုအသေပေးလိုက်တယ်၊ ပြီးနောက် သီးခြားနေရာတစ်ခုကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။

ဖုန်းကွယ်ထားတဲ့ကျောက်တုံးမြေတစ်ခုအထဲမှာ လီဖူချန်းက တင်ပျဉ်ခွေထိုင်တယ်၊ သူ့ရဲ့ချီတည်ရှိမှုက အံ့မခန်းဖြစ်လာနေတယ်။

ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အထွတ်အထိပ်အဆင့်နဲ့ အကြိုသူတော်စင်က တစ်ဆင့်သာ ခြားပေမယ့် အသက်စွမ်းအားအရ ကွာဟချက်က ကြီးမားလွန်းပါတယ်။

အလေးအနက်ပြောရရင် အကြိုသူတော်စင်တစ်ယောက်ရဲ့အသက်စွမ်းအားက သူ‌တော်စင်တစ်ယောက်နဲ့ ညီမျှပါတယ်။

အခြားတာအိုတွေကို မကျင့်ကြံဘဲနဲ့ ဥပဒေ‌သပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်ရဲ့သက်တမ်းက နှစ်နှစ်ထောင်ပတ်လည်မှာ ရှိတယ်။ ဒါပေမယ့် အကြိုသူတော်စင်တစ်ယောက်ရဲ့သက်တမ်းက နှစ်တစ်သောင်းထက် ပိုတယ်။ မယုံနိုင်စရာကောင်းလှတဲ့အကြိုသူတော်စင်တစ်ယောက်က နောက်ထပ်နှစ်အနည်းငယ်ကြာ ပို အသက်ရှင်နိုင်ပါတယ်။

အသက်စွမ်းအားခြားနားချက်က ကွဲပြားတဲ့ချီကို ထုတ်‌ဖော်ပေးတယ်။ ဒါကြောင့် ထုတ်ဖော်တဲ့ခွန်အားကလည်း လုံးဝကို ခြားနားနေတယ်။

တတိယမြောက်အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ဝက်‌ကျော်‌‌ကို စုပ်ယူပြီးတာနဲ့ လီဖူချန်းရဲ့ချီတည်ရှိမှုက ရုတ်တရက် ပေါက်ကွဲထွက်သွားတယ်။ အဆုံးမဲ့ဓားအလင်းတောက်ပမှုက ဦးတည်ဘက်တိုင်းမှာ ပြည့်လျှံသွားတယ်။

လီဖူချန်းက မျက်လုံးကို ဖွင့်တယ်၊ ပြီးနောက် သူ့ရာသူ ပြောလိုက်တယ်"ဒါက အကြိုသူတော်စင်အဆင့်လား"

သူ့ရဲ့ဓားစွမ်းအင်က အနည်းဆုံးဆယ်ဆပိုသန်မာလာတယ်လို့ လီဖူချန်းက ခံစားမိတယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်ထဲရှိဓားတာအိုသွေးမျိုးဆက်က ပိုသန့်စင်လာပြီး ဓားစွမ်းအင်ကို ဖြည့်စွက်ပေးတယ်၊ တစ်ခုနဲ့တစ်ခု(ဓားတာအိုသွေးမျိုးဆက်နဲ့ဓားစွမ်းအင်) အပြန်အလှန် ပြည့်စုံစေကြ‌တာပေါ့။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ့်ခုနှစ်တုံး ကျန်ရှိသေးတယ်၊ လီဖူချန်းက သူ့ရဲ့ဓားတာအိုသွေးမျိုးဆက်နဲ့ဓားစွမ်းအင်ကို တည်ငြိမ်စေပြီးနောက် ဆက်လက်ကာ ကျင့်ကြံနေခဲ့တယ်။

နောက်တစ်ရက်ကြာပြီးနောက် လီဖူချန်းမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးသာ ကျန်တော့တယ်။ ဒါပေမယ့် အခုဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းက အကြိုသူတော်စင်စဦးအဆင့်မှ အကြိုသူတော်စင်အလယ်အဆင့်ကို ခုန်တက်သွားခဲ့ပါပြီ။ သူ့ရဲ့ဓားစွမ်းအင်က မယုံနိုင်လောက်အောင် အားကောင်းနေတယ်။ ဓားစွမ်းအင်အမျှင်တစ်ခုရဲ့ကြုံသလိုဖော်ထုတ်မှုက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးအဆင့်ဝင်သူတွေကို ချက်ချင်း သတ်ဖြတ်နိုင်တယ်။

***

All Chapters