ကျူးဟိုင်ရုံကို သတ်ဖြတ်ခြင်း
Vol. 60 Ch. 822
"ကျင့်ကြံတဲ့အခါ ငါက အခြားသူတွေထက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ပိုလိုအပ်ပုံပေါ်တယ်"
တစ်ခုခုမှားနေတာကို လီဖူချန်းက တဖြည်းဖြည်း သိလာတယ်။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်အဆင့်၉အထွတ်အထိပ်မှ အကြိုသူတော်စင်စဦးအဆင့်ကို ရောက်ရှိဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်တုံးပတ်လည်ကို လိုအပ်တယ်။ အကြိုသူတော်စင်အလယ်အဆင့်ကို ရောက်ရှိဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဒါဇင်ခန့် လိုအပ်တယ်။ အဲဒါက အကြိုသူတော်စင်နှောင်းပိုင်းအဆင့်ကို ရောက်ရှိဖို့ သူက နောက်ထပ်အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ဆယ် လိုအပ်တယ်လို့ ဆိုလိုတယ်။ ဒါက အရမ်းအကုန်အကျများလွန်းပါတယ်။
အဲဒါက မူလအဆုံးစွန်းဓားနည်းလမ်းကြောင့်လို့ လီဖူချန်းက ယူဆထားတယ်။
မူလအဆုံးစွန်းဓားနည်းလမ်းနဲ့မူလအဆုံးစွန်းဓားပညာတို့က တူညီတဲ့မူရင်းဇာစ်မြစ်တွေက ဖြစ်ပြီး အန္တိမအဆင့်ဓားတာအိုတစ်ခုဖြစ်ဖို့ အလားအလာ ရှိတယ်။ ဒါကြောင့် လီဖူချန်း ကျင့်ကြံတဲ့အခါ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေဆယ်ဆပိုလိုအပ်လာတာပေါ့။
"ငါ့ရဲ့လက်ရှိကျင့်ကြံမှုအရ ငါက အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုနိုင်လောက်တယ်"
တတိယအလောင်းရဲ့သိုလှောင်အိတ်ထဲမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်အပြင် အထွတ်အထိပ်အဆင့်အသုံးအဆောင်သုံးခုလည်း ရှိတယ်။ အပြာရောင်သံလက်ကောက်တစ်ကွင်း၊ အစိမ်းရောင်အတောင်တစ်ခုနဲ့ အဝါရောင်အဆောင်တစ်ခု ရှိတယ်။
သူတို့ကို သန့်စင်ပြီးနောက် လီဖူချန်းက အသုံးအဆောင်ပစ္စည်းသုံးခုရဲ့နာမည်ကို သိလိုက်တယ်။
အပြာရောင်သံလက်ကောက်က ရေအကာအကွယ်အာဒံဖြစ်ပြီး တတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်တယ်။ အဲဒါကို အသက်သွင်းပြီးနောက် ကာကွယ်ဖို့အတွက် ရေအတားအဆီးတစ်ခုကို ထုတ်လုပ်ပေးလိမ့်မယ်။
အစိမ်းရောင်အတောင်က လေပျံဝဲဖြစ်ပြီး တတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ အသက်သွင်းပြီးနောက် အဲဒါက အသုံးပြုသူရဲ့မြန်နှုန်းကို တိုးမြင့်စေတယ်။
အဝါရောင်အဆောင်ကတော့ ကမ္ဘာဆွဲအားအဆောင်လို့ခေါ်တဲ့ဒုတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ပြီး ကမ္ဘာဆွဲအားနယ်နိမိတ်တစ်ခုကို ထုတ်လုပ်ပေးနိုင်တယ်။
"ဒီသုံးခုနဲ့ဆိုရင် ငါ့ရဲ့အလုံးစုံခွန်အားက အဆအနည်းငယ်တိုးလာလောက်တယ်" လီဖူချန်းရဲ့အမူအရာက ပျော်ရွှင်နေတယ်။
သူ့ရဲ့ခဲစစ်က ကြမ်းတမ်းမာကျောပေမယ့် မဖျက်ဆီးနိုင်တာတော့ မဟုတ်ပါဘူး။ ရေအကာအကွယ်အာဒံက သူ့အတွက် နောက်ထပ်ခံစစ်အလွှာတစ်ခုကို ပေးပြီး သေရေးရှင်ရေးအခြေအနေတွေမှာ သူ့ရဲ့အသက်ကို ကယ်ဆယ်နိုင်တယ်။
လေပျံဝဲက မြန်နှုန်းကို အကြီးအကျယ်တိုးလာစေပြီး ရန်သူနောက်ကိုလိုက်တဲအခါမှာ ဒါမှမဟုတ် ထွက်ပြေးတဲ့အခါမှာ အသုံးဝင်တယ်။
ကမ္ဘာဆွဲအားအဆောင်ကိုတော့ ရန်သူရဲ့ခွန်အားနဲ့မြန်နှုန်းကို ကန့်သတ်ဖို့ အသုံးပြုနိုင်တယ်။
"လေပျံဝဲက မြန်နှုန်းဘယ်လောက် တိုးလာစေနိုင်သလဲကို ကြည့်ရအောင်"
လေပျံဝဲကို အသက်သွင်းပြီးနောက် လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ် ပြောင်းသွားပြီး လှစ်ခနဲပြေးထွက်သွားလေတယ်။
အရင်ကနဲ့နှိုင်းယှဉ်ရင် ဓားအလင်းကသိသိသာသာ ပိုပေါ့ပါးလာပြီး ပိုပြီးတော့အရိပ်အယောင်ဆန်လာတယ်။
"မြန်နှုန်းက သုံးဆတိုးလာတာပဲ" ဓားအလင်း ရပ်တန့်သွားတဲ့အခါ လီဖူချန်းရဲ့မျက်လုံးတွေက အလွန်တောက်ပသွားတယ်။
မြန်နှုန်းက ခွန်အားမဟုတ်ဘူး၊ ခွန်အားထက်တောင် တိုးမြင့်ဖို့ ပိုခက်ခဲတယ်။ မြန်နှုန်းသုံးဆတိုးဖို့က ခွန်အားဆယ်ဆတိုးဖို့လောက် ခက်ခဲတယ်။
***
လျှပ်တစ်ပြက်အတွင်း နောက်ထပ်သုံးရက်က ကုန်ဆုံးသွားခဲ့ချေပြီ။
လီဖူချန်းက စတုတ္ထအလောင်းကို တွေ့ခဲ့တယ်။
အလောင်းရဲ့သိုလှောင်အိတ်မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ၊ အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေ တစ်ခုမှ မရှိဘူး၊ ဒါပေမယ့် အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်ဓားတစ်လက်ဖြစ်တဲ့ဆောင်းဦးမိုးဓားတစ်ခု ရှိတယ်။
ဓားစွမ်းအင်ကို ဓားထဲ လောင်းထည့်လိုက်တာနဲ့ ဆောင်းဦးမိုးဓားချီက ပေါ်ထွက်လာတယ်။ ထိတ်လန့်တုန်လှုပ်စရာစွမ်းအားရှိပြီး လက်ရှိကောင်းကင်ဆက်ဓားထက်တောင် ပိုသန်မာတယ်။
အချိန်တွေ ကုန်ဆုံးနေတယ်၊ လီဖူချန်းက လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ အရှုံးမပေးသေးပါဘူး။
အစီအရင်ထဲမှာ ကံကြမ္မာအခွင့်အလမ်းတွေ များစွာ ရှိတယ်။လီဖူချန်းရဲ့စွမ်းရည်အရ သူက အထီးကျန်ခြင်းချီကို အချိန်အကြာကြီး ခုခံနိုင်တယ်။ ဒါပေမယ့် သူက ရေဝဲနက်သစ်သီးကို ရှာဖို့အစီအစဉ်ရှိတုန်းပါပဲ၊ သူက အစီအရင်ထဲမှာ အသက်ကြီးရင့်ပြီးသေဖို့ အစီအစဉ်မရှိပါဘူး။ ဒါကြောင့် သူ့အတွက်က လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ အရေးကြီးတယ်။
အဝေးမှ လီဖူချန်းက အတော်လေးပျက်စီးနေတဲ့နန်းတော်တစ်ခုကို မြင်လိုက်တယ်။ ရေဝဲနက်ကျွန်းကို ရောက်ကတည်းက အဆောက်အဦးတစ်ခုကို သူ့အနေနဲ့ ပထမဆုံးတွေ့တာပါပဲ။
နန်းတော်အပြင်ဘက်ရှိရင်ပြင်ကို ရောက်ရှိပြီးနောက် လီဖူချန်းက ရပ်တန့်ပြီး ညာဘက်ကို ကြည့်လိုက်တယ်။
မီးလျှံတစ်ခု လင်းလက်နေပြီး ရင်းနှီးတဲ့ပုံရိပ်တစ်ခုက လီဖူချန်းရဲ့မျက်လုံးထဲကို ဝင်ရောက်လာတယ်။
"မင်းပဲ။ ကောင်းတယ်၊ ဒီတစ်ခါကျရင်တော့ ငါ မင်းကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး" ကျူးဟိုင်ရုံရဲ့မျက်နှာက သတ်ဖြတ်ခြင်းဆန္ဒအပြည့် ဖြစ်နေတယ်။
အထီးကျန်ခြင်းချီရဲ့နှိပ်စက်မှုကြောင့် သူ့ရဲ့သူတော်စင်စိတ်ဝိညာဉ်က ပိုအားနည်းလာတယ်၊ သူ့ရဲ့စိတ်တွေကလည်း ပိုခက်ထန်လာတယ်။
ဒါကြောင့် သူ လီဖူချန်းနဲ့ ထပ်တွေ့တဲ့အခါ သူ့ရဲ့သတ်ဖြတ်ခြင်းဆန္ဒက ပေါက်ကွဲထွက်လာရတယ်။
"မစိုးရိမ်နဲ့၊ ငါ ထွက်ပြေးမှာ မဟုတ်ဘူး"
အကြိုသူတော်စင်အဆင့်နဲ့ ဆောင်းဦးမိုးဓားနဲ့ဆိုရင် လီဖူချန်းက ထွက်ပြေးစရာမလိုတော့ပါဘူး။
ဒါ့ပြင် ကျူးဟိုင်ရုံက အခြေအနေမကောင်းတာကို သူက မြင်နေရတယ်လေ။
"သေစမ်း" ကျူးဟိုင်ရုံက မီးငှက်သူတော်စင်အဆောင်ကို ချက်ချင်း သုံးလိုက်တယ်။
"ဂါး"
မီးငှက်သူတော်စင်အဆောင်က မီးငှက်တစ်ကောင်အဖြစ် ပြောင်းသွားပြီး လီဖူချန်းထံ အံ့အားသင့်စရာအရှိန်နဲ့အတူ ထိုးဆင်းလာတယ်။
ယခု လီဖူချန်းက အကြိုသူတော်စင်တစ်ယောက်ပါ၊ သူ့ရဲ့တုံ့ပြန်မှုမြန်နှုန်းဖြစ်စေ၊ သူတော်စင်စိတ်ဝိညာဉ်ဖြစ်စေ သူတို့က သိသိသာသာ တိုးတက်လာတယ်။ ဆောင်းဦးမိုးဓားကို ဓားအိမ်မှ ချွတ်ပြီးနောက် လီဖူချန်းက မီးငှက်ကို ထိုးသွင်းလိုက်တယ်။
မီးငှက်က ထိုးဖောက်သွားတယ်။ အဲဒါက မပျောက်သွားဘူး၊ ဒါပေမယ့် မီးလျှံတွေက ပိုအားနည်းလာတယ်။
"ကောင်းကင်လေနတ်ဘုရားမြန်နှုန်းခုတ်ပိုင်းချက်"
လေဓားတစ်ခုက တိုက်ခတ်လာတယ်၊ မီးငှက်က အပြည့်အဝ ငြိမ်းသတ်သွားတယ်။ အဲဒါက အဆောင်တစ်ခုအဖြစ် ပြောင်းသွားပြီး ကျူးဟိုင်ရုံရဲ့လက်ထဲကို ပျံသန်းလာတယ်။
"မဖြစ်နိုင်ဘူး" ကျူးဟိုင်ရုံက သူ့မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေတယ်။
အချိန်တစ်ခုပဲ ရှိသေးတယ်၊ လီဖူချန်းရဲ့ခွန်အားက ဒီလောက်တောင် တိုးတက်သွားတာ မဖြစ်နိုင်ဘူး။
"ရက်စက်နေပုတီးစေ့၊ သွားစမ်း"
ကျူးဟိုင်ရုံက ရက်စက်နေပုတီးစေ့ကို ပစ်လိုက်တယ်၊ အဲဒါက မိုင်အနည်းငယ်အထိ ကြီးမားလာတယ်။ အဲဒါက ဧရာမနေတစ်စင်းနဲ့ တူပြီး လီဖူချန်းကို တိုက်ခိုက်လာတယ်။
အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတွေရဲ့စွမ်းအားကို စမ်းသပ်ဖို့အတွက် လီဖူချန်းက ကမ္ဘာဆွဲအားအဆောင်ကို သုံးပြီး ကမ္ဘာဆွဲအားနယ်နိမိတ်ကို ထုတ်ဖော်လိုက်တယ်၊ ပြီးနောက် ရေအတားအဆီးတစ်ခုကို ထုတ်လုပ်ဖို့ ရေအကာအကွယ်အာဒံကို သုံးလိုက်တယ်။
ဂျုန်း.......
ရက်စက်နေပုတီးစေ့က ကမ္ဘာဆွဲအားနယ်နိမိတ်ထဲမှာ ပိုနှေးကွေးလာတယ်၊ ဒါပေမယ့် အဆုံးမှာတော့ ရေအတားအဆီးထံ ကျရောက်လာတုန်းပါပဲ။
အဖြူရောင်စီးကြောင်းတစ်ခု ထွက်လာပြီး ပုံရိပ်တစ်ခုက လွင့်ထွက်သွားတယ်။
"ဓားစွမ်းအင်က လုံလုံလောက်လောက် မကျွမ်းကျင်သေးပုံပဲ"
လွင့်ထွက်သွားတဲ့သူက လီဖူချန်းဖြစ်ပြီး သူက မချိတင်ကဲပြုံးလိုက်တယ်။
အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့စွမ်းအားက အသုံးပြုသူနဲ့ သက်ဆိုင်တယ်။ လီဖူချန်းရဲ့ဓားစွမ်းအင်က ဘယ်လောက်ပဲအားကောင်းကောင်း၊ သူတော်စင်တစ်ယောက်ရဲ့ချီနဲ့တော့ မနှိုင်းယှဉ်နိုင်သေးပါဘူး။ ဒါကြောင့် ကျူးဟိုင်ရုံရဲ့ဒုတိယအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းဖြစ်တဲ့ရက်စက်နေပုတီးစေ့က လီဖူချန်းရဲ့ကမ္ဘာဆွဲအားအဆောင်ကို ချိုးဖြတ်ပြီး ရေအကာအကွယ်အာဒံကို ဖျက်ဆီးနိုင်တုန်းပါပဲ။
"သေစမ်း"
ရက်စက်နေပုတီးစေ့က ပိုကြီးလာတယ်၊ တစ်ချိန်တည်းမှာပဲ ပိုလေးလံလာတယ်။ အစစ်အမှန်နေတစ်စင်းက လီဖူချန်းကို မရပ်တန့်နိုင်တဲ့ဖိအားတစ်ခုနဲ့ ဖိနှိပ်နေတာနဲ့ တူတယ်။
"အချိန်ကျပြီး၊ ကောင်းကင်မီးနေအက်ကွဲဓား"
နောက်ထပ်နေတစ်စင်းက မြင့်တက်လာပြီး ရက်စက်နေပုတီးစေ့ကပြုလုပ်ထားတဲ့နေနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။
နောက်အခိုက်အတန့်မှာ ပူပြင်းချီလှိုင်းတစ်ခုက ဖြစ်တည်လာပြီး ကမ္ဘာကိုဖျက်ဆီးနေတယ်လို့တောင် ခံစားရတယ်။ မြင်ကွင်းတစ်ခုလုံးက ချော်ရည်တွေပက်ဖျန်းနေတာပါပဲ။
ဒေါင်........
ရက်စက်နေပုတီးစေ့က ကျုံ့သွားပြီး ကျူးဟိုင်ရုံရဲ့လက်ထဲကို ပြန်ရောက်လာတယ်။
"ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်"
လီဖူချန်းရဲ့ခန္ဓာကိုယ်က လှုပ်ခတ်သွားတယ်၊ သူက မမြင်နိုင်တဲ့ဓားအလင်းတစ်ခုအဖြစ် မပြောင်းသွားပြီး ကျူးဟိုင်ရုံရဲ့နောက်မှာ ထွက်ပေါ်လာတယ်။
အား..........
သွေးတွေ ထွက်လာတယ်၊ ကျူးဟိုင်ရုံက ဒဏ်ရာရသွားခဲ့တယ်။
ကျူးဟိုင်ရုံရဲ့အထွတ်အထိပ်အဆင့်ချပ်ဝတ်က တတိယအဆင့်အထွတ်အထိပ်ချပ်ဝတ်သာ ဖြစ်တယ်။ အဲဒါက ကောင်းကင်မျဉ်းဓားပညာရဲ့ဆဌမဓားကွက်နဲ့ဆောင်းဦးမိုးဓားတို့ကို ရင်ဆိုင်ဖို့ မလုံလောက်ပါဘူး။
"ဟာကွာ"
ကျူးဟိုင်ရုံက ပါးစပ်ကို ဟကာ ထွေးထုတ်လိုက်တယ်၊ အဝါရောင်ဒိုင်းတစ်ခုက သူ့အရှေ့မှာ တားဆီးထားပေးတယ်။
ခံစစ်အလွှာနှစ်ထပ်နဲ့ဆိုရင် လီဖူချန်းက သူ့ကို ထပ်မံဒဏ်ရာရစေဖို့ ခက်ခဲပါလိမ့်မယ်။
လီဖူဖျန်းက ခေါင်းခါလိုက်တယ်၊ ကျူးဟိုင်ရုံရဲ့ဝှက်ဖဲတွေအပေါ် စိတ်ပျက်အားကျသွားရတယ်။
ခွန်အားသိသိသာသာတိုးတက်လာတာတောင် လီဖူချန်းက ကျူးဟိုင်ရုံကို မရှင်းပစ်နိုင်တုန်းပဲ။
စောစောက လီဖူချန်းက သူ့ကို ဒဏ်ရာရစေနိုင်တာက ကျူးကျူးဟိုင်ရုံက သတိမထားလို့ပါပဲ။ ဒါ့ပြင် ကျူးဟိုင်ရုံက အဝါရောင်ဒိုင်းကို အသုံးမပြုရသေးပါဘူး။
"ဒီလောက်များတဲ့အသုံးအဆောင်ပစ္စည်းတွေကို သုံးဖို့ ချီက အလွန်ကုန်ဆုံးရမယ်မလား"
မျှော်လင့်ထားသလိုပါပဲ........
တိုက်ပွဲကြာရှည်လာတာနဲ့အမျှ ကျူးဟိုင်ရုံက နောက်ထပ်မခံနိုင်တော့ပါဘူး။
သူ့ရဲ့ချီသာမက သူတော်စင်စိတ်ဝိညာဉ်ရောပါပဲ။
တိုက်ပွဲစတင်တာနဲ့ သူတော်စင်စိတ်ဝိညာဉ်အပေါ် အထီးကျန်ခြင်းချီရဲ့တိုက်စားမှုက မြန်ဆန်လာမှာကို သူ သိတယ်။
"ရပ်စမ်း" ကျူးဟိုင်ရုံက အပြင်းအထန် အော်လိုက်တယ်။
လီဖူချန်းက မကြားသလိုပါပဲ၊ သူက တိုက်ခိုက်မှုကို ဆက်လက်တိုးမြှင့်နေတယ်။
"မင်း မရပ်ရင် နောင်တရလိမ့်မယ်"
ကျူးဟိုင်ရုံက သွေးရောင်မြားတစ်ခုကို ထုတ်လိုက်တယ်၊ မြားပေါ်မှာ မထင်မရှားချီတည်ရှိမှုတစ်ခု ရှိနေတယ်။
"ဒီသွေးလမ်းညွှန်မြားက ကျူးကလန်ဆီ သတင်းပို့နိုင်တယ်။ မင်းက ငါ့ကို သတ်ခဲ့ရင် မင်းကို ကျူးကလန်က သေတဲ့အထိ လိုက်ဖမ်းလိမ့်မယ်" ကျူးဟိုင်ရုံက အေးစက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"ငါ မင်းကို မသတ်ရင်တောင် မင်းက ငါ့ကို အနာဂတ်မှာ ခွင့်လွှတ်မှာလား"
လီဖူချန်းက ကျူးဟိုင်ရုံကို မယုံကြည်ဘူး၊ ဒါ့အပြင် သွေးလမ်းညွှန်မြားက အစီအရင်ကို ချိုးဖြတ်ပြီး ကျူးကလန်ဆီ ပြန်သွားနိုင်မလားကို မသေချာပါဘူး။
ဒါကြောင့် ကျူးဟိုင်ရုံရဲ့လေသံက ပျော့ပျော့မာမာ ကိစ္စမရှိဘူး၊ လီဖူချန်းက ရပ်တန့်မှာ မဟုတ်ဘူး။
"မင်းက ငါ့ကို ဖိအားပေးနေတာပဲ"
ကျူးဟိုင်ရုံက နောက်ထပ်မတောင့်ခံနိုင်တော့ပါဘူး၊ သူက သွေးအဆီအနှစ်တစ်စက်ကို သွေးလမ်းညွှန်မြားအပေါ် ထွေးထုတ်လိုက်တယ်။
ဆွစ်.........
သွေးလမ်းညွှန်မြားက ခြေရာလက်ရာတစ်ခုမကျန်ဘဲ ပျောက်သွားတယ်။
"မင်း သေချာပါက် သေရမယ်" ကျူးဟိုင်ရုံရဲ့မျက်လုံးတွေမှာ မုန်းတီးမှုတွေ ပြည့်နှက်နေတယ်။
အား........
လီဖူချန်းက အဝါရောင်ဒိုင်းကို ဖယ်ရှားပြီး သူ့ရဲ့ဓားအလင်းက ကျူးဟိုင်ရုံရဲ့နဖူးကို ထိုးဖောက်သွားတယ်။
***