← Chapters

ခန္ဓာကိုယ်အပြင်အားသူတော်စင်

Vol. 60 Ch. 823

ခန္ဓာကိုယ်အပြင်အားသူတော်စင်

Vol. 60 Ch. 823

"ငါ ဒါကို လက်မခံဘူး......" မသေဆုံးခင် ကျူးဟိုင်ရုံရဲ့နှလုံးသားက နောင်တတွေ၊ အငြိုးတရားတွေနဲ့ ပြည့်နေတော့တယ်။

ကျူးကလန်မှ သူတော်စင်တစ်ယောက်အနေနဲ့ သူ့ရဲ့သိုင်းတာအိုအနာဂတ်က အဆုံးမရှိတောက်ပနေလျက်ပါပဲ။ သူက ရေဝဲနက်ကျွန်းမှာ သေဆုံးသွားရလိမ့်မယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားခဲ့ဘူး။ ဒီအချိန်မှာတော့ သူက လီဖူချန်းကို ရန်စမိတဲ့အတွက် နောင်တရမိတယ်။ သူကသာ လီဖူချန်းကို ရန်မစမိရင် ဒီအစီအရင်ထဲမှာလည်း ပိတ်မိနေမှာမဟုတ်ဘူးလေ။

နောင်တထက်စာရင် အငြိုးတရားကတောင် ပိုကြီးနေသေးတယ်။

လီဖူချန်းက မရှုမလှသေဖို့ သူက ကျိန်စာတိုက်ခဲ့တယ်။

ကျိန်စာ.........

အလင်းတောက်မှုက ကျူးဟိုင်ရုံရဲ့မျက်လုံးထဲမှာ ကွယ်ပျောက်သွားပါပြီ၊ သူ့ခန္ဓာကိုယ်လည်း လဲကျသွားပါပြီ။

သိုလှောင်အိတ်ကို သိမ်းပြီးနောက် လီဖူချန်းမှာ နောင်တရတဲ့အရိပ်အယောင် လုံးဝမရှိပါဘူး။

သွေးလမ်းညွှန်မြားက ကျူးကလန်ကို ပြန်ရောက်နိုင်သလားကို မသိဘူး၊ ပြန်ရောက်လည်း ကိစွမရှိဘူး။ လီဖူချန်းရဲ့လက်ရှိခွန်အားအရ ပစ္စည်းအပြည့်အစုံရှိပြီးအလယ်ဆင့်သူတော်စင်ဖြစ်တဲ့ကျူးဟိုင်ရုံကိုတောင် ‌ကြောက်စရာမလို‌တော့တာ။ ကျူးကလန်တစ်ခုလုံးကို မကြောက်ဖို့က အချိန်ကာလတစ်ခုပါပဲ။

ကျူးဟိုင်ရုံရဲ့ကြွယ်ဝမှုက အံ့အားသင့်စရာပဲ။ သူက သူတော်စင်လေးယောက်ထံမှ သိုလှောင်အိတ်ကို ရထားတာကြောင့် သူ့ရဲ့ကြွယ်ဝမှုက ကုံလုံပြီးလို့ လီဖူချန်းက ယုံကြည်ထားခဲ့တာ။

ဒါပေမယ့် ကျူးဟိုင်ရုံနဲ့ နှိုင်းယှဥ်လိုက်တော့ လီဖူချန်းက သေးနုပ်သွားရတယ်၊ သူ့မှာ ကျုးဟိုင်ရုံချမ်းသာမှုရဲ့သုံးဆယ်ရာခိုင်နှုန်းလောက်တောင် မရှိဘူး။

"ကြယ်ကျောက်တုံးတစ်တုံး ရှိနေတာပဲ"

ကျူးဟိုင်ရုံရဲ့သိုလှောင်အိတ်ထဲမှာ တောက်ပတဲ့ကြယ်အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေတဲ့ကျောက်တုံးတစ်တုံးကို လီဖူချန်းက ချက်ချင်းသတိပြုမိသွားတယ်။

သည်ကျောက်တုံးကို ကြည့်ရင်း ကြယ်တစ်ပွင့်ကြွေကျပြီးပျောက်ကွယ်သွားနေသလို လီဖူချန်းက ခံစားရတယ်။

ကြယ်ကျောက်တုံးက ကြယ်တစ်ပွင့်ပျက်စီးပြီးပေါက်ကွဲထွက်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ကျောက်တုံးတစ်တုံးပါပဲ။ အဲဒါမှာ အလွန်အမင်းသန့်စင်တဲ့ကြယ်စွမ်းအင် ပါရှိတယ်။

ဒီကျောက်တုံးက အများစုအတွက် အသုံးမဝင်ပါဘူး၊ တိုက်ရိုက်အသုံးပြုစရာလည်း မရှိပါဘူး၊ ဒါပေမယ့် လီဖူချန်အနေနဲ့ ဒီကျောက်တုံးက သူ့အတွက် လုပ်ပေးထားသလိုပဲ။

ကြယ်ကျောက်တုံးကို နားလည်‌စေခြင်းဖြင့် လီဖူချန်းက သူ့ရဲ့နတ်ဘုရားလက်ကို နေလက်အဆင့်ကို ရောက်အောင် တွန်းတင်နိုင်လိမ့်မယ်။

ကြယ်ကျောက်တုံးကို ယူထုတ်ပြီး‌ လီဖူချန်းက ချီအားတစ်ခုကို ထည့်သွင်းလိုက်တယ်။

ချက်ချင်းပဲ လီဖူချန်းရဲ့အသိစိတ်အာရုံက ကြီးမားကျယ်ပြောတဲ့စကြာဝဠာထဲကို ရောက်ရှိလာတယ်။ သူ့ရဲ့အရှေ့မှာ အရိပ်ပမာမရေမရာအရောင်တွေကို ထုတ်လွှတ်နေတဲ့ ကြယ်တစ်လုံးရှိတယ်။ အဲဒါက သူ့ရဲ့အသိစိတ်အာရုံထဲမှာ ဖြစ်နိုင်ပေမယ့် အားကောင်းတဲ့ကြယ်စွမ်းအင်တစ်ခုက သူ့ကိုဝန်းရံနေတာကို လီဖူချန်းက ခံစားမိနေတုန်းပါပဲ။

"ဒါက စကြာဝဠာနဲ့ကြယ်ကောင်းကင်ထဲမှာ ရှိနေတာနဲ့ အတူတူပဲ။ ကြယ်တွေရဲ့လှည့်ပတ်မှုကို နီးနီးကပ်ကပ် လေ့လာပြီး ကြယ်ဥပဒေသကို ငါ နားလည်နိုင်မယ်" လီဖူချန်းက အံ့ဩတုန်လှုပ်သွားတယ်။

ကြယ်ဥပဒေသက နားလည်ဖို့ ခက်ခဲတယ်၊ အကြောင်းက နက်နဲသိမ့်မွေ့လို့ပါပဲ၊ပြီးတော့ ကြယ်တွေက နက်ပြာပလိန်းနဲ့ဝေးကွာလွန်းနေတာကြောင့်လည်း ပါတယ်။ အစစ်အမှန်ကြယ်တွေကို မမြင်နိုင်ရင် ကြယ်ဥပဒေသကို နားလည်ဖို့က မဖြစ်နိုင်ဘူး။

ပုံမှန်အနေအထားမှာ ကြယ်အရိုးတည်ဆောက်ပုံရှိတဲ့ပါရမီရှင်တွေသာ ကြယ်ဥပဒေသကို နားလည်နိုင်တယ်၊ အနည်းဆုံး သူတော်စင်အောက်ကလူတွေအတွက်ပေါ့။

ဒါပေမယ့် နေလက်ကို ရောက်ရှိဖို့က မလွယ်လှပါဘူး။

သူက လလက်ရဲ့အထွတ်အထိပ်ကိုတောင် မရောက်ရှိသေးတာကို လီဖူချန်းက သိတယ်။ အရင်က သူ့ရဲ့လလက်က အလယ်အဆင့်မှာသာ ရှိပြီး နှောင်းပိုင်းအဆင့်နဲ့အထွတ်အထိပ်အဆင့်တို့ ရှိပါသေးတယ်။

ကြယ်ဥပဒေသကို နားလည်စေရင်း လီဖူချန်းက ကြယ်ကျောက်တုံးအတွင်းမှာ ရှိတဲ့ ကြယ်စွမ်းအင်ကိုလည်း စုပ်ယူနေတယ်။

စွမ်းအင်က အလွန်အမင်း သန့်စင်ပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေမှာရှိတဲ့စိတ်ဝိညာဉ်ချီထက် အဆများစွာ ပိုသန်မာတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ လလက်အတွက် ချီစွမ်းအားအဖြစ်သို့ ပြောင်းလဲဖို့အတွက်သာ ကြယ်စွမ်းအင်ကို အသုံးပြုနိုင်တယ်။ အဲဒါကို ဓားစွမ်းအင်အဖြစ်သို့ မပြောင်းလဲနိုင်ပါဘူး၊ မဟုတ်ရင် ကြယ်ကျောက်တုံးက လီဖူချန်းရဲ့ချီကျင့်ကြံခြင်းကို စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်သို့ ချိုးဖျက်စေပြီး သူတော်စင်တစ်ယောက်ဖြစ်လာစေနိုင်တယ်။

ခန္ဓာကိုယ်အပြင်အားအကြို‌သူ‌တော်စင်ရဲ့စဦးအဆင့်အထွတ်အထိပ်..........

ခန္ဓာကိုယ်အပြင်အားအကြိုသူတော်စင်အလယ်အဆင့်.........

ခန္ဓာကိုယ်အပြင်အားအကြိုသူတော်စင်နှောင်းပိုင်းအဆင့်.........

ချီကျင့်ကြံခြင်းပဲ ဖြစ်စေ၊ ခန္ဓာကိုယ်အပြင်အားဖြစ်စေ၊ လီဖူချန်းမှာ တစ်ဆို့တာတွေ မရှိပါဘူး။ အရင်းအမြစ်လုံလုံလောက်ရှိသရွေ့ သူ တိုးတက်နိုင်ပါတယ်။ ဒါ့ပြင် ကြယ်ကျောက်တုံးမှာရှိတဲ့ကြယ်စွမ်းအင်က သန့်စင်လွန်းတယ်။ နှိုင်းယှဥ်ရရင် လလက်ရဲ့ချီစွမ်းအားကတောင် မသန့်စင်မှုတွေ ရှိတယ်။ ဒါ့အပြင် နတ်ဘုရားလက်ကို ကျင့်ကြီးပြီးကတည်းက လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားပါရမီက အကြိမ်များစွာ ပြောင်းလဲတိုးတက်ခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်အကန့်အသတ်က သူတော်စင်အဆင့်ကို ရောက်ရှိပြီးဖြစ်တယ်။

ခရက်..........

သူ့ခန္ဓာကိုယ်ထဲမှာ သိမ်မွေ့တဲ့အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက အကြိုသူတော်စင်အထွတ်အထိပ်ကို ရောက်ရှိသွားပါပြီ။ ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်လာဖို့ သူက ခြေတစ်လှမ်းသာ ကွာဝေးတော့တယ်။

မျက်စိနဲ့ မြင်နိုင်တာကတော့ မျက်စိတစ်မှိတ်အတွင်း လီဖူချန်းရဲ့အရေပြားက အကြိမ်ထောင်ပေါင်းများစွာ လှုပ်ယမ်းနေတာပါပဲ။ လှုပ်ယမ်းနေစဉ်အတွင်း လီဖူချန်းရဲ့အရေပြားက ပို၍ ကြောက်စရာကောင်းလာတယ်၊ ပို၍ လှပသိမ်မွေ့လာတယ်။ တောက်ပအလင်းလွှာတစ်ခုက သူ့ရဲ့အရေပြားမှာ အရောင်လက်နေတယ်။

ဒါက မျက်နှာပြင်သာ ရှိသေးတယ်၊ လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲမှာလည်း အသားနဲ့အရိုးတစ်လက်မတိုင်းက တောက်ပနေလျက်ရှိတယ်။ မူလအဆုံးစွန်းဓားစွမ်းအင်နဲ့အတူစီးဆင်းနေတဲ့သူ့ရဲ့သွေးကြော‌တွေက သူ့ရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်ဆီ ပြန်ရောက်သွားပြီဖြစ်တယ်။

"အမ်၊ ငါ မချိုးဖြတ်နိုင်‌ဘူးလား"

ကြယ်ကျောက်တုံးထဲမှာ ကြယ်စွမ်းအင်များစွာ သိသိသာသာ ကျန်ရှိနေသေးတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက အကြိုသူတော်စင်အထွတ်အထိပ်မှာ သောင်တင်နေတယ်။

"လလက်ကို လုံလုံလောက်လောက် မကျွမ်းကျင်သေးလို့လား"

လီဖူချန်းက ကြယ်စွမ်းအင်စုပ်ယူတာကို ရပ်ပြီး ကြယ်ဥပဒေသကို ဆက်လက်နားလည်စေလိုက်တယ်။

လလက်အလယ်အဆင့်အထွတ်အထိပ်.........လလက်နှောင်းပိုင်းအဆင့်။

ကြယ်ဥပဒေသနားလည်ဖို့က ခန္ဓာကိုယ်အပြင်အားအဆင့်တိုးမြင့်ဖို့ထက် ပိုခက်တယ်။ လီဖူချန်းမှာ မဟာထိုးထွင်းသိမြင်မှုရှိတာ ကံကောင်းသွားတယ်၊သူက အချိန်တိုအတွင်း လလက်ကို နှောင်းပိုင်းအဆင့်အထိ ဖိအားပေးနိုင်ခဲ့တယ်။

လလက်က နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားတာနဲ့ သောင်တင်နေတဲ့ခန္ဓာကိုယ်အပြင်အားက ရုတ်တရက် ချိုးဖြတ်သွားတယ်။

ဝုန်း........

မိုးကြိုးတစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတယ်။

ပြီးနောက် ဒုတိယမိုးကြိုးနဲ့တတိယမိုးကြိုး.........

မိုးကြိုးတွေက အဆုံးမရှိထွက်ပေါ်လာနေပြီး ရင်ပြင်ကို ပျက်စီးသွားစေခဲ့တယ်။

မိုးကြိုးတွေက သာမန်မိုးကြိုးတွေ မဟုတ်ပါဘူး၊ အသက်စက်ကွင်းက ကြောက်စရာကောင်းတဲ့အဆင့်တွေ ရှိပြီး မိုးကြိုးစက်ကွင်းတွေကို ထုတ်လုပ်ခဲ့တာပဲ။

မျက်လုံးကို ဖွင့်လိုက်တော့ မိုးကြိုးတစ်ခုက ပေါက်ကွဲထွက်လာတယ်။ ထိုအခိုက်မှာ ကြုံသလိုချီတည်ရှိမှုထုတ်လွှတ်ခြင်းက အဆုံးမဲ့မိုးကြိုးတွေကို ထုတ်လွှတ်ပါလိမ့်မယ်၊ လီဖူချန်းက သူ့ရဲ့ချီတည်ရှိမှုကို ချိတ်ပိတ်မထားရင်ပေါ့။

သေးငယ်တဲ့ငွေရောင်အလင်းစက်လေးတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ စုစည်းနေတယ်။

နောက်အချိန်တစ်ခဏမှာတော့ မိုးကြိုးတွေက ပျောက်သွားပြီး လီဖူချန်းကို ‌ငွေရောင်အလင်းက ဝန်းရံသွားတယ်။

တစ်ယောက်ယောက်သာ ဒီမှာရှိနေရင် ငွေရောင်လပြည့်ဝန်းတစ်ခုက ပုံရိပ်တစ်ခုကို ဝန်းရံထားတာကို မြင်နိုင်မှာပါ။

အတွေးတစ်ချက်နဲ့အတူ လီဖူချန်းက ကောင်းကင်ထဲကို ထိုးတက်သွားတယ်။

ဆွစ်.........

ငွေရောင်တစ်ခု လက်သွားပြီး လီဖူချန်းက ရုတ်တရက် ပျောက်သွားတယ်။ သူ ပြန်လည်ထွက်ပေါ်လာတဲ့အခါ သူက ဟင်းလင်းပြင်ဇုန်မှာ ရှိနေပြီး သူက ဟင်းလင်းပြင်ကို လွန်းပြန်သွားလာနေသည့်ပမာ သူ့အရှိန်က မြန်လွန်းနေတယ်။

တောင်တစ်လုံးရဲ့အရှေ့မှာ လီဖူချန်းက စုပ်အားတစ်ခုကို ထုတ်ဖော်လိုက်တယ်။ တောင်က မြေပြင်ပေါ်သို့ လျင်မြန်စွာ ပြိုကျလာပြီး အနက်ရောင်သတ္တုစက်လုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတယ်။

ဝုန်း.......

သတ္တုစက်လုံးက မြေပြင်ထဲကို နစ်မြုပ်သွားပြီး ကြောက်စရာကောင်းတဲ့ချီလှိုင်းတစ်ခုက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။

"ရေဝဲနက်ကျွန်းပေါ်မှာ ငါရဲ့ခန္ဓာကိုယ်အပြင်အားက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" လီဖူချန်းက ရေရွတ်လိုက်တယ်။

စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အကြိုပြီးပြည့်စုံခြင်းအဆင့်ရှိခန္ဓာကိုယ်အပြင်အားအရ သူက ယခု ခန္ဓာကိုယ်အပြင်အားသူ‌တော်စင်တစ်ယောက် အတည်ဖြစ်လာပါပြီ။ ခွန်အားအရ သူက ဘယ်အဆင့်မှာ ရှိနေတာကို‌တော့ လီဖူချန်းက မရှင်းလင်းဘူး။ ဒါပေမယ့် အလယ်ဆင့်သူတော်စင်တစ်ယောက်က သူ့ကို တိုက်ခိုက်ရင်တောင် သူက မတ်တပ်ရပ်နေနိုင်အုန်းမှာပဲ။

အချက်အလက်အရ သာမန်အလယ်ဆင့်သူတော်စင်တစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိဥပဒေသစက်ကွင်းကို ချိုးဖျက်နိုင်မလားကို လီဖူချန်းက သံသယရှိ‌တယ်။

***

All Chapters