ပုံရိပ်ယောင်နယ်မြေမြို့
Vol. 60 Ch. 824
ဒါပေမယ့် အလယ်ဆင့်သူတော်စင်မှာ အထွတ်အထိပ်အဆင့်သိုင်းပညာတွေ၊ အထွတ်အထိပ်အဆင့်လက်နက်တွေ၊ အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတွေ တစ်ခုမှ မရှိရဘူး၊ မဟုတ်ရင်၊ လီဖူချန်းရဲ့ဥပဒေသစက်ကွင်းက ခုခံနိုင်မှာ မဟုတ်ဘူး။ နတ်ဘုရားလက်က ပြောင်မြောက်တယ်ဆိုရင်တောင် အဲဒါက ပိုမြင့်မားတဲ့အဆင့်တစ်ခုကို အရင်ဆုံး ရောက်ဖို့လိုတယ်။ လီဖူချန်းက နေလက်ပဉ္စမအဆင့်ကို အောင်မြင်နိုင်မယ်ဆိုရင် သာမန်အထွတ်အထိပ်အဆင့်သိုင်းပညာတွေနဲ့လက်နက်တွေရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ပါမယ်။
လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ကြယ်ကျောက်တုံးက လီဖူချန်းရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်၊ ဒါပေမယ့် အဲဒါက အရင်ကထက် ပိုပြီးမှေးမိန်နေတယ်။
"ဒီကျူးဟိုင်ရုံက တကယ်ကံကောင်းတယ်၊ ကြယ်ကျောက်တုံးကိုတောင် သူ ရှာတွေ့ခဲ့တာပဲ"
ကြယ်ကျောက်တုံးတွေက စကြာဝဠာမှာ ပျံ့နှံ့နေပြီး အနည်းငယ်ကသာ နက်ပြာပလိန်းပေါ်ကို ကျဆင်းလာတာ။ ဒါကြောင့် တစ်ခုကိုရဖို့ တစ်ယောက်ယောက်က ကောင်းကင်ဆန့်ကျင်ကံကောင်းခြင်းမျိုးကို လိုအပ်တယ်။
ကြယ်ကျောက်တုံးကို ထိန်းသိမ်းပြီးနောက် လီဖူချန်းက နန်းတော်ရဲ့အရှေ့ကို ပြန်ရောက်လာတယ်။ သူအဆင့်ချိုးဖြတ်ခဲ့စဉ်က ဒီနေရာကို အပျက်အစီးအဖြစ်ပြောင်းလဲသွားစေခဲ့တယ်။ အခုကျန်ရှိနေတဲ့တစ်ခုတည်းသောအရာက ပျက်စီးယိုယွင်းနေတဲ့နန်းတော်ပါပဲ။
ဒီနေရာက မရိုးရှင်းဘူးလို့ လီဖူချန်းရဲ့ဗီဇအသိစိတ်က သူ့ကို ပြောခဲ့တယ်။
အသက်တစ်ချက်ပြင်းပြင်းရှုပြီးနောက် လီဖူချန်းက နန်းတော်ဝင်ပေါက်တွေကို ဖွင့်လိုက်တယ်။
ဆွစ်.........
ဂိတ်တွေရဲ့အက်ကြောင်းတွေထဲမှာ အလင်းတောက်ပလာပြီး လီဖူချန်းကို စုပ်ယူသွားတယ်။
သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာတော့ သူက သာမန်မြို့လေးတစ်ခုအထဲမှာ ရှိနေတယ်။ဒီမြို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိမြို့တွေလောက်တောင် မကြီးဘူး။ အဲဒါက အရှေ့ယူနီကွန်တိုက်ကြီးရှိသာမန်မြို့တွေနဲ့ ပိုတူတယ်။
မြို့က အလွန်စည်းကားပြီး လူတိုင်းက အလုပ်များနေကြတယ်။ ထူးဆန်းတဲ့အရာကတော့ မြို့မှာ ကလေးတစ်ယောက်မှ မရှိတာပဲ။ အရွယ်ရောက်သူတွေနဲ့အသက်ကြီးပိုင်းတွေသာ ရှိတယ်။
အဆုံးမသတ်နိုင်တဲ့လူအုပ်ကြိီးတွေနဲ့ လမ်းပေါ်မှာတော့ လီဖူချန်းက သေချာပေါက် မျက်စိစိုက်စရာဖြစ်နေတယ်။
ဒီနေရာရှိလူတွေက အလုက်များလွန်းပြီး သူကပဲ ချွင်းချက်ဖြစ်နေတာလေ။
"ပုံရိပ်ယောင်နယ်မြေလား" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
"ဟေး အကို၊ ဒါ ဘယ်နေရာလဲကို သိခွင့်ရှိမလား" လီဖူချန်းက လူတစ်ယောက်ကို မေးလိုက်တယ်။
ထိူလူက လီဖူချန်းနဲ့စကားပြောချင်တဲ့ရည်ရွယ်ချက် မရှိဘူး၊ သူက ခေါင်းငုံလျက် ရုပ်တုတစ်ခုပမာ ရပ်နေသေးတယ်။
ပြီးနောက်ချက်ချင်းပဲ ဒီမြို့က တစ်ခုခုထူးဆန်းနေတာကို လီဖူချန်းက သတိပြုမိသွားတယ်။
ဒီမြို့ရှိလူတိုင်းက လမ်းလျှောက်နေတဲ့အလောင်းတွေနဲ့ တူတယ်။ သူတို့က စကားပြောရင်တောင် သူတို့ရဲ့အမူအရာက ခံစားချက်မဲ့နေတုန်းပါပဲ။
ရုတ်တရက် လီဖူချန်းရဲ့မျက်လေးတွေက ကျုံ့သွားတယ်။
လူအုပ်ကြားမှာ သေဆုံးခဲ့ပြီးဖြစ်တဲ့သူတော်စင်လေးယောက်ကို သူ မြင်ခဲ့တယ်။ သူတို့က ခြေကျင်လမ်းလျှောက်နေသူတွေ၊ ဆိုင်ပိုင်ရှင်တွေ၊ ဒါမှမဟုတ် အနုပညာရှင်တွေ ဖြစ်နေတယ်။
"ဒီနေရာရှိလူတိုင်းက သေသွားတာလား ဒါမှမဟုတ် သေပြီးနောက် ကျန်ရစ်ခဲ့တဲ့ဝိညာဉ်တွေများလား"
လီဖူချန်းက မကြောက်ပေမယ့် သူ့ရဲ့ဦးရေပြားက ထုံသွားသလို ခံစားရတယ်။
ဒီနေရာရှိအရာအားလုံးက စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။
"မင်းက အသက်ရှင်နေတဲ့လူလား" စောစောက လီဖူချန်းမေးခဲ့တဲ့လူက ခေါင်းမော့လိုက်တယ်။ သူ့ရဲ့အသက်မဲ့မျက်လုံးတွေမှာ ဘာအမူအရာမှ ရှိမနေပါဘူး။
"မင်း ဘယ်သူလဲ" လီဖူချန်းက မဖြေဘူး၊ ပြန်မေးလိုက်တယ်။
"မင်းက အသက်ရှင်နေတဲ့လူလား" ထိုလူက ဆက်မေးနေတယ်။
"........." တစ်ခုခုတော့ မဟုတ်ဘူးလို့ လီဖူချန်းက ခံစားရတယ်။
"မင်းက အသက်ရှင်နေတဲ့လူလား" ထိုလူက ဆက်မေးနေတုန်းပဲ။
"ဒီလူသေတွေနဲ့ စကားမပြောနဲ့၊ မဟုတ်ရင်၊ မင်းက ပုံရိပ်ယောင်နယ်မြေထဲကို ကျရောက်သွားလိမ့်မယ်" အသံတစ်ခုက လီဖူချန်းရဲ့နားထဲသို့ ကူးပြောင်းလာတယ်။
လီဖူချန်းက လှည့်ကြည့်ပြီး မျက်နှာရှည်ရှည်လူတစ်ယောက်ကို မြင်လိုက်ရတယ်။ သူက အနီးနားရှိစားသောက်ဆိုင်တစ်ခုထဲက ဆိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့နှုတ်ခမ်းက လှုပ်ရှားနေတယ်။
"ခင်ဗျားက" လီဖူချန်းက ပြန်မေးလိုက်တယ်။
"မင်းလိုပဲ ငါက ဒီနေရာမှာ ပိတ်မိနေတဲ့အသက်ရှင်နေတဲ့လူတစ်ယောက်ပဲ" တစ်ဘက်လူက ပြန်ဖြေတယ်။
"ဒီနေရာက အတိအကျ ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။
"ငါ မင်းကို စောစောက ပြောခဲ့ပြီးပြီပဲ၊ ဒီနေရာက ပုံရိပ်ယောင်နယ်မြေပဲ။ ဒါပေမယ့် ငါတို့က ပုံရိပ်ယောင်နယ်မြေရဲ့ပထမအလွှာမှာပဲ ရှိသေးတယ်။ ငါတို့က ပုံရိပ်ယောင်နယ်မြေရဲ့ဒုတိယအလွှာကို ကျသွားရင် ငါတို့ရဲ့အသိစိတ်အာရုံကို ထိန်းသိမ်းနိုင်မလားကို မသိဘူး" မျက်နှာရှည်ရှည်လူက ရှင်းပြလိုက်တယ်။
"ဘယ်သူက ဒီပုံရိပ်ယောင်နယ်မြေကို ဆင်ခဲ့တာလဲ"
"အဲဒါက အလွန်မယုံနိုင်စရာကောင်းလှတဲ့တည်ရှိမှုတစ််ခုပဲ။ မင်းက ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်ဆိုတဲ့နာမည်ကို ကြားဖူးသလား"
(မြန်မာဘာသာပြန်သူ၏မှတ်စု: ကောင်းကင်ဘုရားသခင်အစား ကောင်းကင်အရှင်လို့ ပြောင်းသုံးသွားပါ့မယ်)
"ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်လား" လီဖူချန်းက အံ့အားသင့်သွားတယ်။
ဒါက ကောင်းကင်အရှင်သခင်တစ်ယောက်က ဆင်ခဲ့တဲ့ ပုံရိပ်ယောင်နယ်မြေတစ်ခုပဲပေါ့။ နာမည်အရ ဒီကောင်းကင်အရှင်က ပုံရိပ်ယောင်တာအိုကောင်းကင်အရှင် ဖြစ်လောက်တယ်။
ပုံရိပ်ယောင်တာအိုကောင်းကင်အရှင်တစ်ယောက် ဆင်ခဲ့တဲ့ ပုံရိပ်ယောင်နယ်မြေက ကောင်းကင်အရှင်တစ်ယောက်ကတောင် လွတ်မြောက်ရန် ခက်ခဲတယ်။
ဒီပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်က ဘယ်ခေတ်ကလဲကို မသိပါဘူး။
နက်ပြာပလိန်းမှာ ကောင်းကင်အရှင်တွေ အရေအတွက်တစ်ခုအထိ ရှိခဲ့တယ်။ ဒါပေမယ့် သူတို့အားလုံးက ဒဏ္ဍာရီလာတည်ရှိမှုတွေပါပဲ။ ကျိန်စာကောင်းကင်အရှင်၊ အင်မော်တယ်ကောင်းကင်အရှင်၊ လီကလန်ရဲ့ဘိုးဘေးဖြစ်တဲ့ဓားအရှင်တို့လိုပေါ့။
သူတို့အားလုံးက စကြာဝဠာရဲ့အမြင့်ဆုံးအုပ်ချုပ်သူတွေပါပဲ၊ ဒါပေမယ့် ဒီခေတ်မှာ ကောင်းကင်အရှင်သခင်တစ်ယောက်ရှိသလားကို ပြောဖို့တော့ ခက်တယ်။
ဒါပေမယ့် ကောင်းကင်အရှင်တစ်ယောက်ရှိရင်တောင် လီဖူချန်းလိုလူတွေက မသိတာ သာမန်ပါပဲ။
ပြီးတော့ ကောင်းကင်အရှင်တစ်ယောက်က သူတော်စင်တွေရဲ့အထွတ်အထိပ်ကို ရောက်ရှိပြီး ဖြစ်တယ်။ သူတို့က နတ်ဘုရားနယ်ပယ်နောက်ကို လိုက်နေကြတာလေ၊ဒီလိုတည်ရှိမှုတွေက မော်တယ်ကမ္ဘာမှာ အချိန်ဖြုန်းကာ ထွက်ပေါ်လာလေ့မရှိပါဘူး။
"လျှို့ဝှက်နယ်မြေက လူသေတွေနဲ့ ပြည့်နေတာလား။ အသက်ရှင်သူတဲ့သူတွေက ငါတို့နှစ်ယောက်ပဲလား"
"ဒီနေရာမှာ အသက်ရှင်တဲ့သူတွေ ဘယ်လောက်ရှိတာ ငါ မသေချာဘူး။ ပုံရိပ်ယောင်နယ်မြေရဲ့ပထမအလွှာရှိအသက်ရှင်တဲ့သူတွေကတော့ ငါတို့နှစ်ယောက်ပဲ ရှိတယ်"
"ပုံရိပ်ယောင်နယ်မြေမှာ အလွှာဘယ်လောက်ရှိလဲ"
ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်ရဲ့အသန်မာဆုံးပုံရိပ်ယောင်နယ်မြေမှာ အလွှာကိုးလွှာ ရှိတယ်။ ဒါပေမယ့် ဒီလျှို့ဝှက်နယ်မြေမှာတော့ အလွှာကိုးလွှာ မရှိနိုင်ဘူး။ အနည်းဆုံး ငါးလွှာလောက်တော့ ရှိမယ်။ ဒါပေမယ့် ငါ မင်းကို စောစောက သတိမပေးရင် ထိုလူသေကြောင့် မင်းက ဒုတိယအလွှာကို ကျသွားလောက်ပြီ"
"ဘာလို့ ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်က ဒီပုံရိပ်ယောင်နယ်မြေကို ဆင်ခဲ့တာလဲ။ပုံရိပ်ယောင်နယ်မြေအပြင်ဘက်ရှိအစီအရင်နဲ့ရေဝဲနက်ကျွန်းတစ်ခုလုံးကို ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်က ဖန်တီးထားတာလား"
ပုံရိပ်ယောင်နယ်မြေအပြင်ဘက်ရှိအစီအရင်ကို စိတ်ဝိညာဉ်ယဇ်ကောင်အစီအရင်လို့ ခေါ်တယ်။ အစီအရင်ထဲကိုဝင်လာတဲ့ဘယ်သူမဆို သူတို့ရဲ့အစ်အမှန်စိတ်ဝိညာဉ်က ယဇ်ပူဇော်ခံရလိမ့်မယ်။ အထီးကျန်ခြင်းချီကြောင့် အစ်အမှန်စိတ်ဝိညာဉ်က ပျောက်ကွယ်သွားသလို မရိုးရှင်းဘူး"
"ရေဝဲနက်ကျွန်းကတော့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်ဖို့အတွက် ငါးစာပဲ။ ဒီပုံရိပ်ယောင်နယ်မြေထဲမှာရှိတဲ့လူသေတွေက တစ်ချိန်က သူတော်စင်တွေပဲ။ ဒါပေမယ့် အခု သူတို့အားလုံး သေသွားရပြီ။ သူတို့ကို သေတယ်လို့ ပြောတာက သိပ်မတိကျဘူး၊ ဘာလို့ဆို သူတို့မှာ ခန္ဓာကိုယ်တွေ၊ အတွေးတွေ ကျန်ရှိနေသေးတယ်လေ"
"ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်ရဲ့ပုံရိပ်ယောင်နယ်မြေက အလွန်ကြောက်စရာကောင်းတယ်။ မင်းက သေသွားရင်တောင် မင်းရဲ့အတွေးတွေက ပုံရိပ်ယောင်နယ်မြေထဲမှာ ရှိနေအုန်းမှာပဲ။ မင်းက မထိန်းချုပ်နိုင်သလို မင်းက မလွတ်မြောက်နိုင်ဘူး"
"မင်းမှာ ဒီနေရာက ထွက်ခွာဖို့ နည်းလမ်းတစ်ခု ရှိလား"
မျက်နှာရှည်လူရဲ့ရှင်းပြချက်ကို ကြားပြီးနောက် အပြင်ဘက်မှာသေသွားခဲ့တဲ့သူတော်စင်လေးယောက်က ဒီနေရာမှာ သူတို့ရဲ့အတွေးတွေကိုသာ ချန်ထားခဲ့တာကို လီဖူချန်းက သိလိုက်တယ်။
"ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်ရဲ့ပုံရိပ်ယောင်နယ်မြေက ထွက်ခွာဖို့ နည်းလမ်းတစ်ခု ရှိတယ်လို့ ဘယ်သူကမှ မပြောရဲကြဘူး။ ကံကောင်းတာက ငါတို့က ပုံရိပ်ယောင်နယ်မြေရဲ့ပထမအလွှာမှာ ရှိနေတာပဲ။ ပထမအလွှာမှာဆိုရင် မျှော်လင့်ချက်ရှိသေးတယ်။ လျှို့ဝှက်ခန်းထဲမှာ သွားဆွေးနွေးကြရအောင်။ ကိစ္စတွေ ကြာရှည်လာရင် ငါတို့က ဒီလူသေတွေရဲ့အာရုံကို စွဲဆောင်မိသွားကြလိမ့်မယ်"
"ကောင်းပြီလေ" လီဖူချန်းက စားသောက်ဆိုင်သို့ သွားခဲ့တယ်။
စားသောက်ဆိုင်ရဲ့တတိယအထပ်မှာ လျှို့ဝှက်အခန်းတစ်ခန်း ရှိတယ်။ မျက်နှာရှည်လူက လီဖူချန်းအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးတယ်။
လီဖူချန်းက မသောက်ပါဘူး။
"မစိုးရိမ်ပါနဲ့၊ ဒီဝိုင်းက ငါ့ရဲ့သိုလှောင်အိတ်ထဲကပဲ" မျက်နှာရှည်လူက စတင်သောက်လိုက်တယ်။
မင်းရဲ့နာမည်က ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။
"ငါ့ကို ချောက်ကမ်းပါးလို့ ခေါ်ပါ" မျက်နှာရှည်လူက သက်ပြင်းတစ်ချက် ချလိုက်တယ်။
"ချောက်ကမ်းပါးသူတော်စင်၊ မင်းက ဘာလို့ ဒိီစားသောက်ဆိုင်ရဲ့ဆိုင်ရှင် ဖြစ်နေရတာလဲ" လီဖူချန်းက အတော်လေးသိချင်နေတယ်။
ချောက်ကမ်းပါးသူတော်စင်က ပြောလိုက်တယ်"အချိန်တစ်ခုကြာပြီးနောက် မင်းက ဒီမြို့ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမယ်။ မင်းရဲ့အဆင့်အတန်းအတွက်ကတော့ အဲဒါက ပုံရိပ်ယောင်နယ်မြေစိတ်တန်ခိုးစွမ်းအားရဲ့စီစဉ်ပေးမှုအတိုင်း ဖြစ်လာလိမ့်မယ်။ အတိုချုပ်အားဖြင့် မင်းက ဒီပုံရိပ်ယောင်နယ်မြေက ထွက်ချင်ရင် မင်းကိုယ်မင်းသာ အားကိုးရမယ်။ ငါ့ကိုတော့ ဒီစားသောက်ဆိုင်နဲ့ ကန့်သတ်ထားပြီး ငါက ရွေ့လို့မရဘူး"
"ကျေးဇူးပြုပြီး ဆက်ပြောပါ"
"မြို့တော်ဝန်အိမ်တော်ကို သွားပါ။ မြို့တော်ဝန်ရဲ့အခန်းထဲမှာ မှန်တစ်ချပ်ရှိတယ်၊ မင်းကို မှန်က အလင်းရောင်ပေးတာနဲ့ မင်းက ဒီပုံရိပ်ယောင်နယ်မြေက ထွက်ခွာနိုင်တယ်။ ဒါပေမယ့် အဲ့မှန်ကို ဖျက်ဆီးလိုက်ပါ၊ ကျန်တဲ့ဟာတွေကို ငါ ဆက်လုပ်ထားမယ်။ မင်း မှန်ကို ယူလာတာနဲ့ ငါတို့တွေ ဒီလျှို့ဝှက်နယ်မြေက ထွက်ခွာနိုင်လိမ့်မယ်"
"အဲလောက် ရိုးရှင်းတာလား" လီဖူချန်းက မေးလိုက်တယ်။
"မြို့တော်ဝန်ရဲ့အိမ်တော်ကို ခိုးကြောင်ခိုးဝှက်သွားဖို့က မလွယ်ဘူး။ လမ်းတစ်လျှောက်မှာ မင်းကို ရှာတွေ့သွားလို့ မရဘူး။ မင်းကို ရှာတွေ့တာနဲ့ မင်းကို ထောင်ထဲမှာ အကျဉ်းချထားလိမ့်မယ်။ ထောင်က အနည်းဆုံးပုံရိပ်ယောင်နယ်မြေရဲ့တတိယအလွှာ ဖြစ်လောက်တယ်"
"ငါ့ကို ဖမ်းမိမသွားအောင် ဘာလုပ်ရမလဲ*
"လူရှင်တစ်ယောက်က လူသေတွေကို အနိုင်မယူနိုင်ဘူး။ သူတို့တွေက ပုံရိပ်ယောင်နယ်မြေနဲ့ ပေါင်းစပ်ပြီးထားဖြစ်တယ်၊ သူတို့တွေက ပုံရိပ်ယောင်နယ်မြေဥပဒေသရဲ့သရုပ်သကန်ပဲ"
…
လီဖူချန်းက စားသောက်ဆိုင်မှ ထွက်လာတယ်၊ သူက မြို့လယ်မှာရှိတဲ့မြို့တော်ဝန်ရဲ့အိမ်တော်ကို ဦးတည်လိုက်တယ်။
မြို့တော်ဝန်ရဲ့အိမ်တော်ကို တင်းကျပ်စွာ စောင့်ကြပ်ထားတယ်၊ ခြေလှမ်းဆယ်လှမ်းအတွင်းမှာ အစောင့်တစ်ယောက် ရှိတယ်။
ဒါပေမယ့် တင်းကျပ်စွာစောင့်ကြပ်ပုံသာ ပေါ်နေတာပါ။ အစောင့်အားလုံးက အသိစိတ်မရှိဘူး၊ သစ်သားရုပ်သေးတွေပမာ ကင်းလှည့်နေကြတယ်။
အမှားအယွင်းမရှိဘဲ လီဖူချန်းက မြို့တော်ဝန်နေထိုင်ရာခြံဝင်းထဲကို ရောက်ရှိလာတယ်။
ခြံဝင်းထဲမှာ အနက်ရောင်ဝတ်လူလတ်ပိုင်းတစ်ယောက်က ရပ်နေတယ်။
သူပဲ အမြင်မှားသလားတော့ မသိဘူး၊ အနက်ရောင်ဝတ်လူက ရှန့်ကွမ်ယွီ၊ အနက်ရောင်ဧကရာဇ်တို့နဲ့ ရုပ်ဆင်တူတယ်လို့ လီဖူချန်းက ခံစားမိတယ်။ အသွင်အပြင်သာ မကဘူး၊ အော်ရာလည်း ပါတယ်။
"မင်းမှာ ရင်းနှီးတဲ့ချီတည်ရှိမှုတစ်ခု ရှိတယ်" အနက်ဝတ်လူက ရုတ်တရက် ပြောလိုက်တယ်။
လီဖူချန်းက အံ့အားသင့်သွားတယ်"ခင်ဗျားက လူသေတစ်ယောက် မဟုတ်ဘူးလား"
"လူသေလား"
အနက်ဝတ်လူက ရယ်လိုက်တယ်"ဟုတ်တယ်၊ ငါက သေသလားကို ငါ မသိဘူး။ ငါက နေ့တိုင်း ဒီလိုယောင်ချာချာနဲ့ အသက်ရှင်နေတာပဲ"
"မင်းရဲ့နာမည်က ဘာလဲ" လီဖူချန်းက မသိစိတ်အရ မေးလိုက်တယ်။
"ငါ့နာမည်လား........။ အနက်ရောင်သူတော်စင်လို့ ခေါ်ပုံပဲ" အနက်ဝတ်လူက တစ်ခဏတွေးပြီးနောက် အဖြေပေးလိုက်တယ်။
"စီနီယာအနက်ရောင်သူတော်စင်၊ မင်း ဘာသိလဲကို ငါ့ကို ပြောနိုင်မလား"
လီဖူချန်းထင်တာ မမှားရင် ဒီအနက်ရောင်သူတော်စင်က ရှန့်ကွမ်ကလန်ရဲ့ဘိုးဘေးပဲ။ ဒါပေမယ့် အခု သူက ဒီပုံရိပ်ယောင်နယ်မြေရဲ့မြို့တော်ဝန်ဖြစ်ပြီး သူ သေသွားသလားကိုတောင် သူ မသိဘူး။
"ငါ အများကြီး မသိဘူး။ ငါ သိတာကတော့ မှန်ကိုခိုးဖို့နောက်ဆုံးအကြိမ်လာတဲ့သူကို ငါ ထောင်ချခဲ့တာပဲ။ မင်းလည်း မှန်ကို ခိုးချင်တယ်ဆိုရင် မလုပ်ဖို့ ငါ အကြံပေးတယ်" အနက်ရောင်သူတော်စင်က ခေါင်းခါလိုက်တယ်။
လီဖူချန်းက ပြုံးလိုက်တယ်။ ရှန့်ကွမ်ကလန်ရဲ့ချီတည်ရှိမှုက သူ့အပေါ်မှာ တွယ်ကပ်မနေရင် အနက်ရောင်သူတော်စင်က သူ့ကို ရှာတွေ့ဖို့ မဖြစ်နိုင်ဘူး။ စိတ်မကောင်းစရာတစ်ခုကတော့ အရာအားလုံးက ကံစီမံရာပါပဲလေ။
"စီနီယာအနက်ရောင်သူတော်စင်၊ ငါ ဒီနေရာကနေ ဘယ်လို ထွက်သွားရမလဲ" လီဖူချန်းက သူ့ရဲ့ကံကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
"အဲဒါက အရမ်းရိုးရှင်းတယ်၊ မင်း ဒီမြို့ကနေ လမ်းလျှောက်ထွက်သွားရုံပဲ"
"ဒါဆိုရင် ဘာလို့ စီနီယာအနက်ရောင်သူတော်စင်က မထွက်သွားတာလဲ"
"ငါက ဒီမြို့ရဲ့မြို့တော်ဝန်လေ၊ ငါ ဘယ်လိုလုပ် ထွက်သွားရမလဲ"
"ဒီလိုဆိုတော့လည်း ငါ စီနီယာအနက်ရောင်သူတော်စင်ကို နှုတ်ဆက်ခဲ့ပါတယ်"
လီဖူချန်းက ဆက်မမေးတော့ဘူး။ အရာအားလုံးက ဆန်းကြယ်တယ်လို့ သူက ခံစားချက်တစ်ခု ရှိတယ်။ သူက မြို့ကနေထွက်သွားဖို့ ကြိုးစားချင်ခဲ့တယ်။ သူ လုပ်နိုင်ရင် သူက ဘာကိုမှအရေးစိုက်စရာ မလိုပါဘူး။ ပြီးတော့ ဒီနေရာရှိအရာအားလုံးက သူ့စွမ်းရည်ရဲ့အလွန်မှာပဲလေ။
***