← Chapters

လော့ဟက်မာတင်စစ်ဆင်ရေး

Vol. 8 Ch. 16

လော့ဟက်မာတင်စစ်ဆင်ရေး

Vol. 8 Ch. 16

ကျောင်းပိတ်ရက်၊ တနင်္ဂနွေနေ့။

ကျောင်းဝင်းထဲကို ရင်းနှီးနေတဲ့ ဘန်ဒလေကားလေး

ဝင်လာပြီးတော့ ကားပါကင်မှာရပ်လိုက်တယ်။ ဖရာလီတာက ဝန်ထမ်းနားနေဆောင်ကို ညအိပ်ရသေးပုံမပေါ်တဲ့မျက်နှာနဲ့ ရောက်လာပါတယ်။ မက်ဒါနာက မစ်ရှင်မှာပါတဲ့ တခြားသူတွေနဲ့အတူ အေမီပြင်ပေးထားတဲ့ နေ့လယ်စာကိုစားနေတယ်။ မက်ဒါနာက ဖရာလီတာလက်မှာဝတ်ထားတဲ့ လက်ပတ်ကိုမျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ပါတယ်။

လက်ပတ်က အကြမ်းခံတဲ့ဇက်သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပြီး အလယ်မှာတော့ ပတ္တမြားလိုရဲရဲနီနေတဲ့ ကျောက်တစ်လုံးရှိနေတယ်။ မဟုတ်သေးဘူး၊ အဲဒါက ကျောက်တစ်လုံးလိုထင်ရပေမဲ့ သေချာကြည့်ပြန်တော့ သတ္တုတစ်မျိုးနဲ့ပိုပြီးဆင်တူနေပြန်တယ်။

"ဒါနင်ပြောထားတဲ့ဥစ္စာလား။" မက်ဒါနာက ဖရာလီတာကို မေးလိုက်တော့ ဖရာလီတာက အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ပြီး လပ်ပတ်ကိုနှိပ်ချလိုက်တယ်။ လက်ပတ်ကနေ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ဖရာလီတာရဲ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားတယ်။ ခနနေတော့ ဖရာလီတာရှိနေခဲ့တဲ့နေရာမှာ ရွှေရောင်အနားသပ်တွေကွပ်ပြီး အလှဆင်ထားတဲ့ အနက်ရောင်ဝါးဖရိန်ကြီး ပေါ်လာပါလေရောလား။

"ငါ့ဝတ်စုံကို အဆင့်မြှင့်လိုက်တာလေ၊ အခုနေရာတကာ သယ်သွားလို့ရပြီ။" ဝတ်စုံတွင်းကနေပြီး ဖရာလီတာက အင်တာကွန်းကနေတစ်ဆင့် စကားပြောလိုက်တယ်။ "ငါဒါကို Archmega: Prime လို့နာမည်ပေးထားတယ်။"

နောက်ထပ်တစ်ခါ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက်မှာတော့ ဖရာလီတာက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ပြီးတော့ စားပွဲဝိုင်းမှာဝင်ထိုင်တယ်။ ဒါပေါ့၊ ဆိုဖီယာနဲ့ဖလေရာက မက်ဒါနာနားကခုံတွေကို အပိုင်စီးထားလို့ မျက်နှာချင်းဆိုင်ခုံမှာပဲ ဝင်ထိုင်ရတာ။

"ဒီနေ့အတွက် နေ့လယ်စာကတော့ ဒတ်ချ်အသားမုန့်လုံးဖြစ်ပါတယ်ရှင့်။ ကောင်းကောင်းသုံးဆောင်ပါ။"

အိမ်စေဝတ်စုံလေးနဲ့ အေမီကတော့ ဖရာလီတာဖို့ ပန်းကန်လေးတစ်ခုထဲမှာ မုန့်လုံးညိုညိုတွေအပြည့် လာချပေးတယ်။ ဖရာလီတာက မုန့်လုံးတစ်ခုကို ခက်ရင်းနဲ့ထိုးပြီး စားလိုက်တော့ ညက်နေအောင်ထောင်းထားတဲ့ ကြက်သားကိုဌာပနာထားတာမှန်း သိလိုက်ရပြီး ခေါင်းညိတ်လိုက်တယ်။

"မဆိုးဘူးပဲ။"

"ချီးကျူးတဲ့အတွက် ကျေးဇူးပါရှင့်။" အေမီက ဖရာလီတာအတွက် အထူးလုပ်ဆော့စ်ပြင်ပေးရင်းနဲ့ပြုံးပြလိုက်တယ်။ ဒီလိုကျ သခင်မလေးကိုသဝန်တိုနေတဲ့ အိမ်စေမလေး မဟုတ်တော့ပြန်ဘူး။

ဖရာလီတာက စားသောက်နေရင်းနဲ့ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ သူတွေအားလုံးကို ကြည့်လိုက်ပါတယ်။

မက်ဒါနာက ဆိုဖီယာနဲ့ဖလေရာတို့ကြားမှာရှိနေပြီးတော့ စားသောက်နေရင်းကနေ မြေပုံကိုကြည့်နေတယ်။

မက်ဒါနာရဲ့ညာဘက် ဆိုဖီယာဘေးမှာတော့ ဓားနတ်ဆိုးက စားသောက်ပြီးပြီဖြစ်ပြီးတော့ ဓားကိုကျောပိုးကာ မတ်မတ်ထိုင်နေတယ်။ မသိရင် ဟိုးအရင်စူပါဟီးရိုးဇာတ်ကားဟောင်းတွေထဲက Bladeဆိုတဲ့ သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းနဲ့တောင်တူနေသေးတယ်။

မက်ဒါနာရဲ့ဘယ်ဘက် ဖလေရာဘေးမှာက လိပ်နက်ဖြစ်တဲ့ ဖရန့်ရှိနေပြီး သူ့ပေါင်ပေါ်မှာ ပန်းသီးလေးကိုတင်ထားတယ်။ လီနာကတော့ ဖရန့်ရဲ့ရှေ့မှာရှိနေပြီး

ဖရန့်လိုပဲ ဖုတ်ကောင်ကလေးမလေးကို ပေါင်ပေါ်တင်ထားတာ။ ဒရုန်းဇုန်နဲ့အယ်လိုဟင်တို့လည်း ရှိနေကြတယ်။

"ဒါ ငါတို့မစ်ရှင်လုပ်မယ့် အဖွဲ့ဝင်အားလုံးပဲလား။" ဖရာလီတာက မေးတော့ မက်ဒါနာက ခေါင်းညိတ်ပြပါတယ်။ "သေချာပြန်တွေးကြည့်တော့ လီဆာနဲ့ကြောင်နက်မရှိပေမဲ့ လော့ဟက်မာတင်ကို ငါတို့ပြောင်းဆန်အောင် လုပ်နိုင်မှာကျိန်းသေတယ်။" ဖရာလီတာက သူ့လက်က လက်ပတ်ကို ထိတွေ့လိုက်ရင်းနဲ့ ပြောပါတယ်။ အဆင့်မြှင့်ပြီးသွားတဲ့ သူ့ဝတ်စုံအပေါ် ယုံကြည်ချက်တွေအများကြီးရှိနေတယ်။

....

လော့ဟက်မာတင်ဌာနချုပ်။

ဥစာကီက ပလ္လင်ပေါ်မှာထိုင်နေပြီးတော့ ငယ်သားတစ်ယောက်ပြောတာတွေကို နာခံနေတယ်။ ငယ်သားက ဓားခုတ်ကောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ မက္ကဆီကိုတိုက်ပွဲကနေ လွတ်မြောက်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

"ဓားခုတ်ကောင်ဗိုလ်ချုပ်ရော အမြောက်ပုစွန်ဗိုလ်ချုပ်ရောကို ဖီးနစ်က သတ်သွားပါပြီ။ ပိုးတောင်မာပြာဗိုလ်ချုပ်ကတော့ ထွက်ပြေးသွားပြီး ဘယ်ကိုရောက်သွားမှန်းမသိပါဘူး။"

ဥစာကီရဲ့ပလ္လင်နဲ့တစ်ဆင့်ပဲနိမ့်တဲ့နေရာမှာ ရပ်နေတဲ့ ဘာရွန်ကတော့ အကြီးအကျယ်ဒေါသထွက်နေပြီး ဥစာကီဘာမှမပြောသေးခင်မှာပဲ အော်ဟစ်လိုက်ပါတော့တယ်။

"အသုံးကိုမကျဘူး။" သူ့အော်သံရပ်သွားပြီးတဲ့နောက်မှာတော့ ဓားခုတ်ကောင်ရဲ့ခေါင်းက အလိုလိုပေါက်ကွဲထွက်သွားပြီး ခန္ဓာကိုယ်က ကြမ်းပေါ်ကို ဘုန်းခနဲလဲကျသွားတယ်။ ကျန်တဲ့ငယ်သားတွေအပါအဝင် ပိုးကောင်ဗိုလ်ချုပ်တွေပါ ထိတ်လန့်ကုန်ပါတယ်။

"အရှင်မ၊ အဲဒီပိုးတောင်မာဗိုလ်ချုပ်ရေဂင်က သူ့သဘောနဲ့သူ လုပ်ချင်ရာလုပ်နေပြီး မျိုးစိတ်ဗိုလ်ချုပ်တော်တော်များများကို ဆုံးရှုံးစေခဲ့ပြီးပါပြီ။ သူ့ကို ခွင့်လွှတ်လို့မရတော့ဘူး။"

ဥစာကီက သက်ပြင်းချလိုက်တယ်။ သူတို့ပိုးကောင်အင်ပါယာက ပိုးကောင်ဗိုလ်ချုပ်တော်တော်များများကို ဆုံးရှုံးခဲ့ရပြီဖြစ်ပြီးတော့ အဲဒီထဲကတစ်ဝက်က ရေဂင်တစ်ယောက် သူ့သဘောနဲ့သူ မက်ဒါနာတို့အုပ်စုကို သွားတိုက်ရင်းသေကုန်တာပါ။

"အခုအဲဒီကောင်က တိုက်ပွဲပြီးတာတောင် ပြန်ရောက်မလာသေးဘူးဆိုတော့ ကျုပ်တို့နဲ့ရင်မဆိုင်ရဲတဲ့အတွက် ထွက်ပြေးနေတာ ကျိန်းသေပါတယ်။ အရှင်မ၊ ကျေးဇူးပြုပြီး အဆုံးအဖြတ်ပေးပါတော့။"

ဘာရွန်က ဒူးတစ်ဖက်ထောက်ချလိုက်ပြီး ခေါင်းကိုငုံထားလိုက်တယ်။ သူ့ပုံစံက ဘုရင်မကို သနားခံနေတဲ့ပုံစံမျိုးဖြစ်ပေမဲ့ ဖိအားပေးနေရုံသက်သက်ပါပဲ။ တခြားပိုးကောင်ဗိုလ်ချုပ်နှစ်ယောက်ဖြစ်တဲ့ ပိုးဖလံနဲ့ယင်ကောင်တို့လည်း ရပ်မနေရဲတော့ဘဲ ဒူးထောက်ချလိုက်ကြတယ်။ ဥစာကီလည်း သက်ပြင်းချလိုက်ပြီးတော့ မေးကိုထောက်ကာစဥ်းစားတယ်။

"ဟင်...." ရုတ်တရက် သူ့ခန္ဓာကိုယ်တောင့်တင်းသွားပြီး ထရပ်လိုက်မိတယ်။ အဲဒီနောက် အဝေးကိုလှမ်းမျှော်ကြည့်လိုက်ပြီး ပလ္လင်ပေါ်ကနေ ထလိုက်တယ်။ သူ့နှုတ်ခမ်းမှာတော့ ဟန်ဆောင်ပြုံးကို ဆင်မြန်းထားတယ်။

"ကောင်းပြီလေ၊ ပိုးတောင်မာပြာဗိုလ်ချုပ်ကို ငါအရှင်မကိုယ်တော်တိုင် လိုက်ဖမ်းပြီးတော့ မင်းတို့ရှေ့မှာ ပြစ်ဒဏ်စီရင်မယ်။ ဘာရွန်၊ မင်းငါနဲ့လိုက်ခဲ့ပါ။ ကျန်တဲ့နှစ်ယောက်က နန်းတော်မှာနေခဲ့ကြ။"

"အမိန့်တော်အတိုင်းပါ။" ပိုးဖလံနဲ့ယင်ကောင်က သူတို့လက်တွေကို ဘယ်ဖက်ရင်ပေါ်တင်ပြီး အမိန့်ကိုနာခံလိုက်တယ်။ ဘာရွန်က သံသယတချို့နဲ့ဘုရင်မကို ကြည့်လိုက်ပေမဲ့ ဘုရင်မရဲ့ပြတ်သားတဲ့အကြည့်တစ်ချက်ကြောင့် သူဆက်မငြင်းတော့ဘဲ လက်ခံလိုက်တယ်။ ဥစာကီရဲ့ကျောမှာ နကျယ်ကောင်အတောင်ပံထွက်လာပြီး ပျံတက်လိုက်တယ်။ ဘာရွန်လည်း နောက်ကနေလိုက်ရတော့တာပေါ့။ မကြာခင်မှာပဲ နှစ်ယောက်လုံး လော့ဟက်မာတင်ဌာနချုပ်နဲ့ဝေးရာကို ရောက်သွားကြပြီ။

"ဟေ့၊ ပိုးဖလံ။ မင်းက ဒီနေရာမှာ စီနီယာမဟုတ်လား။ ဘာလုပ်ရမလဲပြောစမ်းပါကွ။"

ကလေးအရွယ်ပဲရှိသေးတဲ့ ယင်ကောင်ရဲ့လောကကြီးအပေါ်မြင်ပုံက တော်တော်လေးရိုးရှင်းပါတယ်။

သူ့မျိုးနွယ်ကိုကာကွယ်မယ်၊ ဘုရင်မအပေါ်သစ္စာရှိမယ်၊ ဒါပါပဲ။ ပိုးဖလံက တစ်ချက်စဥ်းစားလိုက်ပြီးနောက် အခုလိုဖြေလိုက်တယ်။

"မြေအောက်ထပ်မှာ ငါတို့ဖမ်းထားတဲ့ လူတစ်ယောက်ရှိတယ်။ မင်းအဲဒီကိုသွားပြီး လုံခြုံရေးစောင့်ပေါ့။ ငါကတော့ ဒီမှာစောင့်မယ်။"

"ကောင်းပြီလေ။" ယင်ကောင်က ခေါင်းညိတ်လိုက်ပြီးတော့ ဓာတ်လှေကားကနေတစ်ဆင့် စမ်းသပ်ခန်းထဲကို ဆင်းသွားတယ်။ ကျန်တဲ့ ခေါင်းဆောင်ငယ်တွေလည်း သူတို့နေရာကိုသူတို့ ပြန်သွားကြပြီ။

ပိုးဖလံကတော့ ဘယ်သူမှမရှိတော့တဲ့ ပလ္လင်ခန်းထဲမှာ ကျန်နေရစ်ခဲ့ပြီးတော့ ပြုံးလိုက်တယ်။ အဲဒီနောက် နားကြပ်ကိုတပ်လိုက်ပြီး သီချင်းတစ်ပုဒ်ကိုစဖွင့်တယ်။ သူက စည်းချက်နဲ့အညီခေါင်းညိတ်နေပြီးတော့ ပြောလိုက်တယ်။

"လူသားတွေရဲ့ဂီတက စိတ်ဝင်စားဖို့ကောင်းသားပဲ။"

....

ညအချိန်။

"ရပ်၊ ငါတို့ဒီနေရာကနေစပြီးတော့ ကိုယ်ဖျောက်စွမ်းအားသုံးရမယ်။"

မက်ဒါနာတို့အုပ်စုက ကိုယ်ဖျောက်သင်္ဘောပျံပေါ်ကနေ ဆင်းပြီးတာနဲ့ လော့ဟက်မာတင်ရုံးရှိတဲ့ လမ်းဆုံတစ်နေရာမှာရပ်ပြီး အခြေအနေကြည့်ကြတယ်။ အစောင့်တွေရဲ့နေရာကို သူတို့လေ့လာပြီးတဲ့နောက်မှာတော့ မက်ဒါနာက ကိုယ်ဖျောက်စနစ်ကို ဖွင့်လိုက်ပါတယ်။ ကျန်တဲ့သူတွေအားလုံးလည်း သူတို့ကိုပေးထားတဲ့ ကိုယ်ဖျောက်နာရီတွေကိုသုံးပြီး ဖျောက်လိုက်ကြတယ်။ အဲဒီနောက်တော့ သူတို့အုပ်စုက ခြံဝန်းထဲကအစောင့်တွေ သတိမထားမိအောင်လို့ ဖြတ်လာနိုင်ကြတယ်။

ပလ္လင်ခန်းထဲကိုရောက်တော့ စားပွဲခုံတစ်ခုံပေါ်မှာ သီချင်းနားထောင်ရင်း အိပ်မောကျနေပြီဖြစ်တဲ့ ပိုးဖလံကိုမြင်လိုက်ရပြီး သူတို့စိတ်ထဲရယ်ချင်စိတ်ဖြစ်လာတယ်။ ရှန်ဟိုင်းကိုဖျက်ဆီးပစ်ခဲ့တဲ့သူဆိုပြီး သတင်းမှာပါလာတဲ့ ပိုးကောင်ဗိုလ်ချုပ်က အခုလိုမျိုး အပျင်းကြီးတဲ့လူငယ်တစ်ယောက်ဖြစ်နေမယ်လို့ထင်မထားဘူး။ ဒါပေမဲ့ သူတို့အနေနဲ့ အဓိကလုပ်ရမယ့်အလုပ်ကို သိနေတဲ့အတွက် ဆက်သွားကြရင်းကနေ ဓာတ်လှေကားဆီကိုရောက်လာတယ်။ ဓာတ်လှေကားကို နည်းပညာမြင့်လုံခြုံရေးစနစ်တွေနဲ့ကာကွယ်ထားတာဖြစ်ပေမဲ့ အေမီက ရှေ့ထွက်လာပြီး ဆားကစ်ဘုတ်ပေါ်ကို လက်တင်လိုက်တယ်။

တီ....

သတိပေးသံတစ်ချက်နဲ့အတူ ဓာတ်လှေကားတံခါးပွင့်သွားတယ်။ ပြီးတော့ တစ်ချိန်တည်းဆိုသလိုပဲ လုံခြုံရေးကင်မရာတွေအားလုံးပိတ်သွားတယ်။ ဒါပေမဲ့ CCTV စောင့်ကြည့်ရေးခန်းထဲက မော်နီတာတွေကတော့ ပုံရိပ်တွေကို ပြသနေဆဲပါ။ ဒါပေါ့ အကြိမ်ကြိမ်Loopဖြစ်နေတဲ့ ဗီဒီယိုအတုတွေကိုပြနေတာ။

"ပိုးတောင်မာပြာမျိုးနွယ်စုက နည်းပညာတွေနဲ့အားဖြည့်ထားပေမဲ့ ကျွန်မအတွက်တော့ အပျော့ပါမမလေး။"

ဓာတ်လှေကားထဲရောက်တော့ အေမီက ပြောလိုက်တယ်။ အကုန်လုံးရဲ့ကိုယ်ပျောက်နာရီတွေလည်း အားကုန်နေပြီဖြစ်လို့ ပြန်ပေါ်လာကြတယ်။ မက်ဒါနာကတော့ မြေပုံကိုကြည့်ပြီးပြောလိုက်ပါတယ်။ "ဓာတ်လှေကားက ခုနစ်လွှာအထိပဲ ရောက်တာမလား။"

ဆိုဖီယာက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ရှစ်လွှာနဲ့နောက်ဆုံးကိုးလွှာက အထူးလုံခြုံရေးဇုန်ထဲမှာရှိတယ်။ သာမန်ဓာတ်လှေကားနဲ့ ဆင်းသွားလို့မရဘူး။ လမ်းလျှောက်သွားရမှာ။"

သူတို့စကားပြောနေတုန်းမှာပဲ တံခါးက ပွင့်သွားတယ်။ တစ်ချိန်တည်းမှာပဲ ဓာတ်လှေကားစောင့်နေတဲ့ ပိုးတောင်မာပြာတချို့နဲ့တွေ့တယ်။ ပိုးတောင်မာက ဓာတ်လှေကားထဲကနေပြီး လက်နက်အပြည့်အစုံနဲ့ ရန်သူအုပ်ကိုတွေ့လိုက်ရလို့ ထိတ်လန့်သွားတဲ့ပုံပဲ။

ဒါပေမဲ့ သူဘာမှမလုပ်ရသေးခင် ဖရာလီတာက လက်ပတ်ကိုထိပုံပြောင်းလိုက်ပြီး ဧရာမသံလက်သီးကြီးနဲ့ ထိုးချလိုက်တယ်။

ဘုန်း....

ပိုးကောင်က စင်္ကြန်လမ်းကြီးအတိုင်း ပျံသန်းသွားပြီး အဆုံးကနံရံနဲ့ဝင်တိုက်မိကာ နစ်ဝင်သွားတယ်။

စမ်းသပ်ခန်းထဲက အလုပ်လုပ်နေတဲ့ ပိုးကောင်တွေလည်း ဓာတ်လှေကားအပြင်ကိုထွက်လာပြီဖြစ်တဲ့ ကျူးကျော်သူတွေကို ကြည့်လိုက်ကြတယ်။

"သွားစို့..." ငွေရောင်စစ်သည်တော်က အနက်ရောင်သေတ္တာကို ဆွဲဖွင့်လိုက်တယ်။ ခေါင်းသုံးလုံးပုံစံဖြစ်သွားပြီးတဲ့နောက် ဒဏ္ဍာရီလာဘုရင်အာသာရဲ့ဓားကြီးကို ဆွဲပြီးထွက်လာတယ်။ ဓားနတ်ဆိုးကလည်း

ကျောကဓားကြီးကို ထုတ်ယူလိုက်တယ်။ ပန်းသီးလေးကတော့ တောင်ဝှေးအဖြစ်ပြောင်းသွားပြီး ဖရန့်လက်ထဲရောက်လာတယ်။ အေမီကလည်း ဓားနှစ်လက်နဲ့ အသင့်ဖြစ်နေပြီ။

ပိုးကောင်ခေါင်းဆောင်တွေ၊ ရိုးရိုးပိုးကောင်တွေနဲ့ လုံခြုံရေးတပ်သားတွေအားလုံး သူတို့ဆီကိုပြေးဝင်လာကြတယ်။ လီနာက အရင်ဆုံးစလှုပ်ရှားပြီး ပိုးကောင်တစ်ဒါဇင်လောက်ကို သူ့ရဲ့ရေဓားချက်နဲ့ ခုတ်ပိုင်းချလိုက်တယ်။

"အချိန်မရဘူး။ ဆိုဖီယာ၊ မက်ဒါနာနဲ့ ဖရာလီတာ။ နင်တို့ရှေ့ကိုဆက်သွားကြ။ ငါတို့ဒီကောင်တွေကို ရှင်းလိုက်မယ်။" ဖလေရာက ပိုးကောင်တစ်ကောင်ကို တူနဲ့ရိုက်ခွဲလိုက်ရင်းပြောတယ်။ ဒီနေရာမှာ S rankနဲ့ သာမန်ပိုးကောင်တွေရာနဲ့ချီရှိနေပြီးတော့ အကုန်လုံးရှင်းပြီးဖို့ဆိုရင် မိနစ်အတော်ကြာနိုင်တယ်။ အဲဒီအချိန်လောက်ဆိုရင် ပိုးကောင်ဗိုလ်ချုပ်တွေ သူတို့ဆီရောက်လာနေလောက်ပြီ။

Archmegaက လက်ထဲမှာ အလင်းဒြပ်စင်တွေကို စုစည်းလိုက်ပြီး အလင်းဓားကြီးတစ်ခုကိုဖန်တီးလိုက်တယ်။ အဲဒီနောက် ပိုးကောင်အုပ်ထဲကို ခုတ်ချလိုက်တယ်။ ဝတ်စုံအဆင့်မြှင့်ပြီးတဲ့နောက် ရလာတဲ့တိုက်ကွက်သစ်ပါ။ မက်ဒါနာတို့အုပ်စုအတွက် လမ်းရှင်းသွားပြီးနောက် ဖရာလီတာက ပြောလိုက်တယ်။ "အပြေးပွဲလေးစရအောင်။"

ဖရာလီတာက ဦးဆောင်ပြီး မက်ဒါနာနဲ့ဖရန့်တို့ စပြေးကြတယ်။ ဆိုဖီယာက ဖုတ်ကောင်မလေးကို ချပေးလိုက်ပြီး ပြောလိုက်ပါတယ်။ "ဒီအပေါ်မှာနေခဲ့ပြီး အန္တရာယ်ရှိလာရင် သူတို့ကိုနေရာပြောင်းရွှေ့ပေးလိုက်၊ ဟုတ်ပြီလား။" ဖုတ်ကောင်မလေးက ခေါင်းညိတ်လိုက်တယ်။ ဆိုဖီယာလည်း မက်ဒါနာတို့နောက်ကိုပြေးလိုက်တယ်။

ပိုးကောင်တချို့က သူတို့နောက်ကိုပြေးလိုက်လာကြပေမဲ့ ဖရန့်က တောင်ဝှေးကို ဆောင့်ချလိုက်တယ်။ သစ်နွယ်တွေက ပိုးကောင်တွေကိုချုပ်နှောင်လိုက်ပြီး

ဆိုဖီယာက ချုပ်နှောင်ခံထားရတဲ့သူတွေကို လက်နဲ့ယမ်းလိုက်တယ်။ "ပေါက်ကွဲစမ်း။" သူ့နှုတ်ကနေ အမိန့်စကားထွက်လာပြီးတဲ့နောက် ပိုးကောင်တွေဟာ ပူပေါင်းလိုမျိုး ထပေါက်ကုန်တယ်။

"ငါလည်းဒီအထပ်မှာနေခဲ့မယ်၊ အပေါ်က ပိုးကောင်ဗိုလ်ချုပ်ကို ငါရင်ဆိုင်လိုက်မယ်။" ဖရန့်က ပြောလိုက်တယ်။ ဆိုဖီယာလည်း ခေါင်းညိတ်လိုက်တယ်။

ဒီလိုနဲ့ ဖလေရာဦးဆောင်တဲ့ အားပိုနည်းတဲ့အဖွဲ့က ခုနစ်ထပ်မြောက်မှာ ကျန်နေရစ်ခဲ့ပြီး မက်ဒါနာတို့အုပ်စုကတော့ အထပ်ရဲ့အဆုံးက လှေကားဆီကိုပြေးသွားလိုက်တယ်။ သူတို့က ရှစ်ထပ်မြောက်ရဲ့အဝင်ဝကို ရောက်နေပါပြီ။

....

တစ်ချိန်တည်းမှာပဲ စောင့်ကြည့်ခန်းထဲမှာရှိနေတဲ့ ပိုးကောင်တွေက ငယ်သားတွေဆီက တိုက်ခိုက်မှု အချက်ပြရတဲ့အတွက် CCTVကိုကြည့်လိုက်ပေမဲ့ ဘာမှမတွေ့ရဘူး။ သူတို့ထဲကတစ်ယောက်က တင်းမာနေတဲ့အမူအရာနဲ့ မန်မိုရီစတစ်တစ်ခုကို ကွန်ပျူတာထဲထိုးသွင်းလိုက်ပြီး စနစ်ကိုပြန်စလိုက်တော့မှ ခုနစ်ထပ်မြောက်က တိုက်ပွဲကိုမြင်သွားကြတယ်။ ပိုးကောင်တွေက ဒေါသတကြီးနဲ့အရေးပေါ်ခလုတ်ကို နှိပ်လိုက်တယ်။

ကျွီ... ကျွီ... ကျွီ...

အဆောက်အဦးတစ်ခုလုံးက အနီရောင်အရေးပေါ်မီးတွေလင်းလာတယ်။ မြေညီထပ်မှာ သီချင်းနားထောင်နေတဲ့ ပိုးဖလံလည်း ဆူညံ့သံတွေကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အရေးပေါ်မီးတွေလင်းနေတာကို တွေ့လိုက်ရပြီး ရေရွတ်လိုက်တယ်။

"သေစမ်း...." သူက ချက်ချင်းပဲ တောင်ပံတွေကိုဖွင့်ပြီးတော့ ကြမ်းပြင်ကို လက်သီးနဲ့ထိုးချလိုက်တယ်။

အဲဒီနောက် အပေါက်ထဲကို ခုန်ဆင်းသွားပြီး ပထမထပ်ကိုရောက်လာတယ်။ ပိုးဖလံက တခြားပိုးကောင်တွေရဲ့လန့်နေတဲ့ အမူအရာကိုဂရုမစိုက်ဘဲ နောက်တစ်ခါကြမ်းပြင်ကို လက်သီးနဲ့ထိုးခွဲပြီး နောက်တစ်ထပ်ကို ဆက်ဆင်းသွားပြန်တယ်။

....

မက်ဒါနာတို့လှေကားထစ်တွေကနေတစ်ဆင့် နောက်တစ်ထပ်ကို ဆင်းနေတဲ့အချိန်မှာပဲ အပေါ်ကိုစစ်ကူပေးဖို့တပ်လာတဲ့ မီးမှုတ်ပိုးကောင်ခေါင်းဆောင်နဲ့တပည့်တွေနဲ့ တည့်တည့်တိုးတယ်။

"လုပ်လိုက်ကြစို့။" မက်ဒါနာက ပြောလိုက်ရင်း ရန်သူအုပ်ထဲ ခုန်ဝင်သွားတယ်။ ဆိုဖီယာနဲ့ဖရာလီတာက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတယ်။ လင်ဒါအဲဒီကိစ္စဖြစ်ပြီးကတည်းက မက်ဒါနာကို အဲဒီလိုတက်တက်ကြွကြွမတွေ့ရတာကြာပြီလေ။

"အေး၊ လုပ်လိုက်ကြတာပေါ့။" ဆိုဖီယာရဲ့ခန္ဓာကိုယ်ကို အစိမ်းရောင်အားလှိုင်းတွေဖုံးလွှမ်းသွားပြီး လေပေါ်ကို မြောက်တက်လာတယ်။ ပိုးကောင်တစ်ကောင်က သူ့ကိုဦးတည်ပြီး မီးမှုတ်လိုက်ပေမဲ့ ဆိုဖီယာက လက်ကာပြလိုက်တာနဲ့ မီးကဆက်တိုးမလာတော့ဘူး။ ဆိုဖီယာက လက်ကိုအသာလေးလှုပ်လိုက်တာနဲ့ ပိုးကောင်တွေတစ်စစီဖြစ်ကုန်တယ်။ ဖရာလီတာကတော့ စွမ်းအင်ဓားနဲ့အတူ မက်ဒါနာနဲ့အတူ ပိုးကောင်အုပ်ထဲခုန်ဝင်သွားပြီး စက္ကန့်ပိုင်းအတွင်း အကုန်ကိစ္စဖြတ်ပစ်လိုက်တယ်။

....

သူတို့လှေကားကနေထွက်လာပြီး ရှစ်ထပ်မြောက်ကိုရောက်တော့ စစ်ပွဲပုံစံအသင့်ပြင်ထားပြီဖြစ်တဲ့ ပိုးကောင်တွေကို တွေ့လိုက်ရတယ်။ ဒီအုပ်စုက ရာဇဝတ်ဂိုဏ်းသားတွေလိုဝတ်ထားတဲ့ ပိုးကောင်အုပ်စုပါ။ သူတို့ရဲ့အလယ်မှာတော့ ဂိုဏ်းချုပ်တစ်ယောက်လိုမျိုးရပ်နေတဲ့ ယင်ကောင်ဗိုလ်ချုပ်ကို မြင်နေရတယ်။

"ငါတို့ထပ်တွေ့ကြပြန်ပြီနော်။" ယင်ကောင်ကောင်လေးက အေးစက်စက်မျက်နှာနဲ့ပဲ ပြောလိုက်တယ်။ ဆိုဖီယာက ယင်ကောင်ဗိုလ်ချုပ်ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်လေရဲ့။

"ကြည့်ရတာ တိုက်ပွဲက အတော်ပြင်းထန်မယ့်ပုံပဲ။"

"တိုက်ကြ။"

ယင်ကောင်ဗိုလ်ချုပ်ကတော့ သူတို့ကိုစောင့်မနေတော့ဘဲ အမိန့်ပေးလိုက်တယ်။ ယင်ကောင်တွေက အသံမြန်နှုန်းကိုချိုးဖောက်ပြီး မက်ဒါနာတို့သုံးယောက်ဆီကို ထိုးဝင်လာတယ်။ ရှေ့ဆုံးမှာတော့ ယင်ကောင်ကောင်လေးကိုယ်တိုင်ရှိနေတယ်။ ဆိုဖီယာက စိတ်စွမ်းအားတွေကို စုစည်းပြီး ကောင်လေးရဲ့လက်သီးချက်ကို စိတ်အားသက်သက်နဲ့တားလိုက်ပြီး ပြန်ထိုးချလိုက်တယ်။

ဘောင်း....

ယင်ကောင်ဗိုလ်ချုပ်နောက်ကို နှစ်လမ်းလောက်ဆုတ်လိုက်ရတယ်။ သူက ပြုံးလိုက်ပြီးတော့ လူသားပုံစံကနေ ယင်ကောင်တစ်ပိုင်းပုံစံကို ပြောင်းလိုက်ပါတယ်။

"မဆိုးဘူး၊ ဒါပေမဲ့ မင်းကဒီလောက်မစွမ်းမှန်း ငါသိသားပဲ။ မင်းငါ့ကို မနိုင်နိုင်ဘူး။" ယင်ကောင်ကို ဆိုဖီယာခွန်အားကုန်သုံးပြီး သတ်ဖို့ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဆိုဖီယာက မသတ်နိုင်ခဲ့ဘူးလေ။ ဒါကြောင့် သူ့မှာယုံကြည်ချက်အပြည့်ရှိနေပါတယ်။

"အေး၊ ဒါပေမဲ့ ဒီနေ့က နင့်ကိုငါသတ်မှာမဟုတ်ဘူး။ ငါက နင့်ကိုအချိန်ပဲဆွဲထားမှာ။" ဆိုဖီယာက ပြောလိုက်ပြီး လက်ခုပ်တီးလိုက်တယ်။ ရှစ်ထပ်မြောက်က နံရံတွေအက်ကွဲကုန်ပြီး အုတ်ကျိုးအုတ်ပဲ့တွေက ယင်ကောင်ကို လာရိုက်ခတ်တယ်။ ဖရာလီတာကလည်း အလင်းဒြပ်စင်ဓားနဲ့ ယင်ကောင်အကုန်လုံးကို ရှင်းထုတ်လိုက််နိုင်ပြီ။

"မက်ဒါနာ၊ ရှေ့ဆက်သွား။ ငါတို့ဒီကောင်ကို ကိုင်တွယ်မယ်။" ဖရာလီတာက ပြောလိုက်တဲ့အတွက် မက်ဒါနာလည်း ယင်ကောင်ဗိုလ်ချုပ်ကို လစ်လျူရှုပြီး ရှေ့ကိုဆက်ပြေးရတယ်။ ယင်ကောင်ဗိုလ်ချုပ်က သူ့ကိုတားချင်ပေမဲ့ ဆိုဖီယာနဲ့ဖရာလီတာတို့က သူ့ကိုဝင်တားလိုက်တယ်။

....

ခုနစ်ထပ်မြောက်မှာတော့ တိုက်ပွဲက ဆက်ဖြစ်နေဆဲပါ။ ဖလေရာနဲ့အုပ်စုက ပိုးကောင်တွေကို အသာစီးရနေပြီး ပိုးကောင်တွေက ဆုတ်ပြီးရင်းဆုတ်နေရတယ်။ ရုတ်တရက်....

ဘုန်း...

သူတို့အထပ်ရဲ့မျက်နှာကျက်က ပြိုကျသွားပြီး လှပတဲ့လိပ်ပြာတောင်ပံနဲ့ လူငယ်တစ်ယောက်က စတိုင်ကျကျ ကြမ်းပြင်ပေါ်ကို ဆင်းသက်လိုက်တယ်။

သူ့အတောင်တွေက လိပ်ပြာတွေနဲ့တူပေမဲ့ တကယ်က သူဟာပိုးဖလံတစ်ကောင်ပါ။

"ဒီတော့၊ ငါသီချင်းနားထောင်နေတာကို နှောင့်ယှက်တာ မင်းတို့လား။" ပိုးဖလံက ဖလေရာတို့အုပ်စုကို လူသတ်ချင်နေတဲ့ မျက်လုံးနဲ့မော့ကြည့်လိုက်တယ်။ ဖရန့်ကလည်း လိပ်နက်တစ်ပိုင်းပုံစံပြောင်းလိုက်ပြီး တည်ကြည်နဲ့မျက်နှာနဲ့ ပိုးဖလံကို ကြည့်လိုက်တယ်။ နှစ်ယောက် အကြည့်ချင်းဆုံသွားပြီ။

All Chapters