ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေ
Vol. 60 Ch. 825
မြို့တော်ဝန်ရဲ့အိမ်တော်မှ ထွက်လာပြီးနောက် လီဖူချန်းက မြို့ရဲ့အရှေ့ဘက်ဂိတ်ကို ဦးတည်လိုက်တယ်။
သူက အရှေ့ဘက်ဂိတ်နဲ့ နီးလာတာနဲ့ လူသေအုပ်စုတစ်စုက သူ့ကို တားဆီးလိုက်တယ်။
"မြို့ကထွက်လာတဲ့ဘယ်သူမဆို သေရမယ်" လူသေတွေထဲကတစ်ယောက်က အေးစက်တဲ့အသံနဲ့ ပြောလိုက်တယ်။
"မြို့မှာ လူသေတွေပဲ ရှိတာလေ၊ ဘယ်လိုလုပ်ပြီး ဒုတိယတစ်ကြိမ်သေချင်နေရတာလဲ" လီဖူချန်းက တုံ့ပြန်လိုက်တယ်။
"မြို့ထဲကထွက်လာတဲ့ဘယ်သူမဆို သေရမယ်" ရန်သူက မရှင်းပြဘူး၊ စောစောကပြောခဲ့တဲ့စကားများကိုသာ ထပ်ခါတလဲလဲပြန်ပြောခဲ့တယ်။
လီဖူချန်းက စဉ်းစားသုံးသပ်လိုက်တယ်၊ ဒီလူသေတွေရဲ့အပြုအမူက ပုံမှန်မဟုတ်ဘူး၊ တစ်ယောက်ယောက်က သူတို့ကို နောက်ကွယ်မှ ထိန်းချုပ်နေသလိုပဲ။
"ငါ တောင်းပန်ပါတယ်" လီဖူချန်းက ဆောင်းဦးမိုးဓားကို ထုတ်တယ်၊ ရှေ့ကို တစ်ဟုန်ထိုးပြေးသွားလိုက်တယ်။
ဂျိန်း.......ဂျိန်း......ဒေါင်......ဒေါင်.......
ဒီလူသေတွေမှာလည်း လက်နက်ရှိတယ်။ သူတို့က သူတို့ရဲ့လက်နက်ကို ဆွဲထုတ်ပြီး လီဖူချန်းကို တိုက်ခိုက်လိုက်တယ်။
တစ်ခုခု ထူးဆန်းတာ ရှိတယ်။ လီဖူချန်းပဲဖြစ်ဖြစ်၊ ဒီလူသေတွေပဲဖြစ်ဖြစ်၊ သူတို့က သာမန်မဟုတ်ဘဲထူးခြားတဲ့စွမ်းအားတွေကို အသုံးမပြုနိုင်ဘူး၊ အခြေခံတိုက်ခိုက်ရေးကျွမ်းကျင်မှုကိုသာ အသုံးပြုနိုင်တယ်။
ဒါက ပုံရိပ်ယောင်နယ်မြေမြို့ရဲ့ဥပဒေသကြောင့်လို့ လီဖူချန်းက ယူဆထားတယ်။ ဒီနေရာရှိလူအားလုံးက သာမန်လူတွေသာ ဖြစ်တာကြောင့် ထူးခြားတဲ့စွမ်းအားတွေအသုံးပြုမှုကို တားမြစ်ထားတယ်။
လီဖူချန်းမှာ အားနည်းချက်တစ်ခုမှမရှိတာ ကံကောင်းသွားတယ်။ သူ့ရဲ့အခြေခံတိုက်ခိုက်ရေးကျွမ်းကျင်မှုတွေကတောင် မြင့်မားလွန်းတယ်။ တိုက်ကွက်ရှစ်ကွက်ခုနှစ်ကွက်ပြီးနောက် ဒီလူသေတွေအားလုံးက လဲကျပြီး သွေးတွေက မြေပြင်တစ်လျှောက် ရွှဲရွှဲစိုသွားတော့တယ်။
"သတ်"
လူသေအုပ်စုတွေက တစ်ဟုန်ထိုးပြေးလာနေကြတယ်။
"အရေအတွက်က များလွန်းတယ်၊ ငါ အမြန်ဆုံးချိုးဖြတ်ရမယ်"
ထူးခြားတဲ့စွမ်းအားမရှိရင် လီဖူချန်းက ပြောင်မြောက်တယ်ဆိုရင်တောင် သူက ဒီလောက်အများကြီးကို မနိုင်ဘူးလေ။ သူက တစ်ချက်ပဲ ခုတ်ပိုင်းခံရရင်တောင် ဒဏ်ရာရသွားမယ် ဒါမှမဟုတ် သေတောင်သေသွားနိုင်တယ်လို့ သူ့မှာ ခံစားချက်တစ်ခု ရှိနေတယ်။
ဒါက ပုံရိပ်ယောင်နယ်မြေရဲ့ဥပဒေသရဲ့ကြောက်မက်ဖွယ်ရာပါပဲ။
ငါးတစ်ကောင်ပမာ လီဖူချန်းက လူသေတွေကြားမှာ ကူးခတ်ပြီး သေစေနိုင်တဲ့တိုက်ခိုက်မှုတွေကို အမြဲရှောင်တိမ်းနိုင်ခဲ့တယ်။
ဒီမြင်ကွင်းကို တစ်ယောက်ယောက်က တွေ့သွားရင် ထိုလူက အလွန်အံ့အားသင့်သွားရမှာပါ။
လီဖူချန်းက အရှေ့ဘက်ဂိတ်ရဲ့အနီးကို ရောက်ရှိခါနီးမှာ လူတစ်ယောက်က လမ်းကို ပိတ်ဆို့ထားတယ်။
အရင်ကအရာအားလုံးက လှည့်စားထားသလိုပါပဲ"
ထိုလူက ချောက်ကမ်းပါးသူတော်စင်ကလွဲပြီး အခြားသူမဟုတ်ပါဘူး။
ချောက်ကမ်းပါးသူတော်စင်က သိချင်တဲ့လေသံနဲ့ မေးလိုက်တယ်"အလွန်ထူးဆန်းတယ်။ သာမန်လူတွေအတွက် ပြုလုပ်ထားတဲ့ မြို့တစ်ခုထဲမှာတောင် ဘာလို့ မင်းက ဒီလောက်တောင် ပြောင်မြောက်ရတာလဲ"
ဒီမြို့ထဲမှာ ဆယ်ယောက်ကို တိုက်ခိုက်နိုင်တာကတင် ချီးကျူးဖို့ ထိုက်တန်လှတယ်၊ ဒါပေမယ့် လီဖူချန်းက လူတစ်ရာကျော်ကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့တာလေ။
အရေကြီးဆုံးကတော့ လီဖူချန်းရဲ့စူးစမ်းလေ့လာနိုင်တဲ့ကျွမ်းကျင်မှုက အလွန့်အလွန်အားကောင်းတယ်။ ဒီမြို့က ထူးခြားတဲ့စွမ်းအားတွေတစ်ခုကိုမှ အသုံးပြုခွင့်မပြုဘူး၊ လိပ်ပြာအသိစိတ်အာရုံကိုလည်း ထူးခြားတဲ့စွမ်းအားတစ်ခုလို့ စဉ်းစားလို့ရတယ်။
လီဖူချန်းမှာ ကြောက်စရာကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအားရှိတာကို ချောက်ကမ်းပါးသူတော်စင်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။
ပါရမီအရ လီဖူချန်းရဲ့စိတ်ဝိညာဉ်က ကောင်းကင်အရှင်တွေထက်တောင် ပိုမြင့်တယ်၊ ဒါကြောင့် သူက အဲဒါကို ဒီသာမန်မြို့မှာတောင် အသုံးပြုနိုင်သေးတယ်လေ။
"ငါလည်း ထူးဆန်းလွန်းတယ်လို့ ခံစားရတယ်။ ဘာလို့ မင်းက ငါ့ကို လှည့်စားရတာလဲ"
သူက စားသောက်ဆိုင်မှ မထွက်ခွာနိုင်ဘူးလို့ ချောက်ကမ်းပါးသူတော်စင်က ပြောခဲ့တယ်၊ ဒါပေမယ့် သူက အခု အရှေ့ဘက်ဂိတ်မှာ ရှိနေတယ်။ စောစောကလီဖူချန်းကိုတားဆီးခဲ့တဲ့လူသေတွေကို ချောက်ကမ်းပါးသူတော်စင်က ထိန်းချုပ်ထားတာ သိသာပါတယ်။
ချောက်ကမ်းပါးသူတော်စင်က ပြောလိုက်တယ်"မင်းကို လှည့်စားတာလား။ ငါ မင်းကို မလှည့်စားခဲ့ဘူး။ မင်း မြို့တော်ဝန်ရဲ့အိမ်မှမှန်ကို ရရှိတာနဲ့ ငါတို့နှစ်ယောက်လုံးက လွတ်မြောက်နိုင်တယ်"
"ငါ့အနေနဲ့ လွတ်မြောက်ဖို့က ဒုက္ခသိပ်မရောက်ရဘူး ထင်တယ်" လီဖူချန်းက တုံ့ပြန်လိုက်တယ်။
"ကွာခြားတာတစ်ခုခု ရှိလို့လား" ချောက်ကမ်းပါးသူတော်စင်က ပြန်မေးလိုက်တယ်။
" ကွာခြားချက်တစ်ခု ရှိတယ်" လီဖူချန်းက ဖြေလိုက်တယ်။
"ဖြစ်နိုင်တာက......." ချောက်ကမ်းပါးသူတော်စင်က ခေါင်းခါလိုက်တယ်"မင်းက အစကတော့ အသုံးဝင်တယ်၊ ဒါပေမယ့် အခု အသုံးမဝင်တော့ဘူး"
"မင်း ငါ့ကို မရပ်တန့်နိုင်မှာကို ငါ ကြောက်တယ်" ခရမ်းနီရောင်စိတ်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် တစ်ယောက်ကမှ သူ့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့ လီဖူချန်းက ထင်တယ်။
ချောက်ကမ်းပါးသူတော်စင်က ပြောလိုက်တယ်"ငါ မင်းကို ရပ်တန့်စရာ မလိုဘူး။ မြို့ကထွက်သွားတာနဲ့ ဒီပုံရိပ်ယောင်နယ်မြေက ထွက်သွားနိုင်ပြိီးလို့ မင်း ထင်နေတာလား"
"မင်း ဘာကို ဆိုလိုတာလဲ" လီဖူချန်းက အရှေ့ဘက်ဂိတ်ကို ကြည့်လိုက်တယ်။
အစောပိုင်းတုန်းက အရှေ့ဘက်ဂိတ်အပြင်ဘက်မှာ မြူတစ်ခုတောင် မရှိဘူး၊ အခု တစ်ခု ရှိနေပြီးလေ။
"မင်းက အခု ပုံရိပ်ယောင်နယ်မြေရဲ့စတုတ္ထအလွှာမှာ ရှိနေတယ်" ချောက်ကမ်းပါးသူတော်စင်က လီဖူချန်းကို အမှန်ပြောပြလိုက်တယ်။
"ဘယ်တုန်းက အဲလို ဖြစ်သွားတာလဲ" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
"မင်း မြို့ထဲကို ဝင်တုန်းက ပထမအလွှာမှာပဲ ရှိသေးတယ်။ မင်း ဟိုလူသေနဲ့ ဆက်သွယ်တုန်းက မင်းကို ဒုတိယအလွှာကို ဆွဲချခဲ့တယ်။ မင်း ငါနဲ့ ဆက်သွယ်တုန်းက တတိယအလွှာကို ဝင်ရောက်ခဲ့တယ်။ အခု မင်းက ငါနဲ့ နောက်တစ်ကြိမ် ဆက်သွယ်တယ်ဆိုတော့ စတုတ္ထအလွှာကို ရောက်နေပြိးပေါ့။ ပထမသုံးလွှာအတွင်း မင်းက မြို့က ထွက်ပြီး ပုံရိပ်ယောင်နယ်မြေမှ လွတ်မြောက်နိုင်တယ်။ ဒါပေမယ့် စတုတ္ထအလွှာမှာဆိုရင် မြို့ကထွက်ဖို့က မလုံလောက်တော့ဘူး"
"အဲဒါ လိုအပ်လို့လား။ မင်းက အစကတည်းက ငါ့ကို စတုတ္ထအလွှာကို ဆွဲချနိုင်တာပဲလေ။ အဲဒါဆိုရင် ငါ့အနေနဲ့ အခြားရွေးချယ်စရာ မရှိတော့ဘဲ မင်းအတွက် မှန်ခိုးပေးရလိမ့်မယ်"
ချောက်ကမ်းပါးသူတော်စင်က ခေါင်းခါလိုက်တယ်"မှန်က ပထမသုံးလွှာမှာပဲ ရှိတာ။ စတုတ္ထအလွှာကနေစပြီးတော့ ........ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေမှထွက်သွားဖို့ ဘာနည်းလမ်းသုံးရမလဲကို ငါ မသိတော့ဘူး"
"ငါ့အနေနဲ့ လမ်းမှာ တစ်ခုခုဖြစ်ပြီး စတုတ္ထအလွှာထဲ ဆွဲချခံရမှာကို မင်း မကြောက်ဘူးလား။ အဲဒါဆိုရင် ငါ မင်းအတွက် မှန် မယူပေးနိုင်တော့ဘူးပေါ့" လီဖူချန်းက ထပ်မေးလိုက်တယ်။
"မစိုးရိမ်နဲ့၊ ဒီပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့တစ်ဝက်ကို ငါ ထိန်းချုပ်လို့ရတယ်"
"အတိအကျ မင်းက ဘယ်သူလဲ" လီဖူချန်းက မေးလိုက်တယ်။
ချောက်ကမ်းပါးသူတော်စင်က ပြောလိုက်တယ်"ငါ မင်းကို ပြောရင်တောင် ကိစ္စမရှိပါဘူး။ ဒီပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက ငါ့ကို ချိတ်ပိတ်ဖို့အတွက် တည်ရှိနေတာ။ ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်က တကယ်ကို ပြောင်မြောက်ပြီး ငါ့ကို ဒီပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေနဲ့အတူ နှစ်ပေါင်းများစွာ ချိတ်ပိတ်ခဲ့တယ်။ စိတ်မကောင်းစရာတစ်ခုကတော့ သူ ငါ့ကို တစ်သက်လုံး ချိတ်မပိတ်နိုင်ဘူး။ အခုဆိုရင် ငါက ပုံရိပ်ယောင်နယ်မြေရဲ့ပထမလေးလွှာကို ထိန်းချုပ်နိုင်နေပြိီ။ အနက်ရောင်သူတော်စင် ရုတ်တရက် ထွက်ပေါ်လာတာကြောင့်မဟုတ်ရင် ငါက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေမှ ဟိုးရှေးရှေးကတည်းက ထွက်သွားလောက်ပြီးပြီ"
ချောက်ကမ်းပါးသူတော်စင် ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်နဲ့ တိုက်ခိုက်ခဲ့တုန်းက သူ့ကို ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်ရဲ့အသန်မာဆုံးပညာရပ်ဖြစ်တဲ့ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေနဲ့အတူ ရေဝဲနက်ကျွန်းမှာ ချိတ်ပိတ်ခဲ့တယ်။ နှစ်ပေါင်းမရေမတွက်များစွာကြာတဲ့အထိ သူ့စွမ်းအားက ပုံရိပ်ယောင်နယ်မြေကို ဖြည်းဖြည်းချင်း တိုက်စားနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူက ပထမလေးလွှာကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ပုံရိပ်ယောင်နယ်မြေရဲ့နဝမအလွှာမှာ ရှိနေတာကြောင့် သူက မလွတ်မြောက်နိုင်သေးပါဘူး။ မှန်ကို ခိုးယူဖို့ အခြားသူတွေရဲ့အကူအညီကိုသာ သူက ချေးငှားနိုင်ခဲ့တယ်။
အကြိမ်ကြိမ်ကြိုးစားပြီးနောက် လွတ်မြောက်ဖို့အခွင့်အရေးက တဖြည်းဖြည်း တိုးလာခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အနက်ရောင်သူတော်စင်က ဝင်ရောက်လာခဲ့တယ်။ အနက်ရောင်သူတော်စင်က ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်နဲ့ချောက်ကမ်းပါးသူတော်စင်တို့လောက် မသန်မာပေမယ့် သူက ပြောင်မြောက်သူတစ်ယောက် ဖြစ်နေတုန်းပဲ။ အနက်ရောင်သူတော်စင်က ချောက်ကမ်းပါးသူတော်စင်ရဲ့အကြံအစည်ကို မြင်ခဲ့ပြီး မြို့က ထွက်နိုင်လုနီးပါး ဖြစ်ခဲ့တယ်။ ချောက်ကမ်းပါးသူတော်စင်က တန်ဖိုးအချို့ပေးကာ အနက်ရောင်သူတော်စင်ကို စတုတ္ထအလွှာထဲ ဆွဲခေါ်ပြီး ထိုနေရာမှာ ထောင်ချောက်ဆင်ပိတ်မိစေနိုင်ခဲ့တယ်။
ဒါပေမယ့် ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက တုံ့ပြန်ပြီး အနက်ရောင်သူတော်စင်ကို ဒီမြို့ရဲ့မြို့တော်ဝန်အသစ်ဖြစ်လာဖို့ လမ်းညွှန်လိမ့်မယ်လို့ ချောက်ကမ်းပါးသူတော်စင်က မမျှော်လင့်ထားခဲ့ဘူး။ ချောက်ကမ်းပါးသူတော်စင်ကို ကန့်သတ်ဖို့နဲ့ အခြားသူတွေကို မှန်အလွယ်တကူမယူနိုင်စေဖို့ အနက်ရောင်သူတော်စင်ကို အသုံးပြုခဲ့တယ်။ အစကတော့ လီဖူချန်းက မှန်ကို ခိုးယူနိုင်လိမ့်မယ်လို့ သူ ထင်ထားခဲ့တာ။ ဒါပေမယ့် လီဖူချန်းက စိတ်ပြောင်းပြီး မြို့ကနေထွက်ခွာမယ်လို့ သူ မထင်ထားခဲ့ဘူး။ ဒါကြောင့် အနက်ရောင်သူတော်စင်ကို သူပြုလုပ်ခဲ့တဲ့တူညီတဲ့လှည့်ကွက်ကိုပဲ ချောက်ကမ်းပါးသူတော်စင်က ပြုလုပ်ခဲ့ရတယ်။
ချောက်ကမ်းပါးသူတော်စင်က လီဖူချန်းကို ထွက်သွားခွင့် ဘယ်တော့မှ ပြုမှာ မဟုတ်ဘူး။ လီဖူချန်း ထွက်သွားတာနဲ့ ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက မမျှော်လင့်ထားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်လာလိမ့်မယ်။ ပြီးတော့ ပထမလေးလွှာက သူ့ရဲ့ထိန်းချုပ်မှုထဲမှာ နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး။ သူ အနက်ရောင်သူတော်စင်ကို စတုတ္ထအလွှာထဲကို ဆွဲခေါ်ချရခြင်းရဲ့အကြောင်းရင်းက ဒီအချက်ကြောင့်ပါပဲ။
မြို့ကို ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေနဲ့သူ့ရဲ့ယှဉ်ပြိုင်မှုရဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ သန့်စင်တဲ့ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက မြို့တစ်ခု မဟုတ်ပါဘူး။
"ငါ့ရဲ့အမြင်အရ စီနီယာအနက်ရောင်သူတော်စင်မရှိရင်တောင် မင်းက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေမှ မထွက်သွားနိုင်သေးပါဘူး။ စီနီယာသူတော်စင်မရောက်ခင် မင်းက ဒီနေရာမှာ ပိတ်မိနေသေးတာလား" လီဖူချန်းက ထွက်သွားဖို့နည်းလမ်းကို စဉ်းစားရင်း တစ်ချိန်တည်းမှာ သူက ပြောလိုက်တယ်။
ချောက်ကမ်းပါးသူတော်စင်က ခေါင်းခါလိုက်တယ်"ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေမှာ ဒီလောက်များတဲ့သူတော်စင်တွေ ရှိနေတာ ဘာကြောင့်လို့ မင်းထင်လဲ။ သူတို့အားလုံးကို ငါက ဒီနေရာကို ဆွဲခေါ်ခဲ့တာပဲ။ သူတို့ရဲ့တည်ရှိမှုက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့သဘာဝကို ပြောင်းလဲစေပြီး ချို့ယွင်းချက်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ထိုမှန်က ချို့ယွင်းချက်ပဲ"
"ငါ့ကို ဒါတွေအားလုံး ပြောပြပြီးနောက် ငါ လျှို့ဝှက်ချက်ပေါက်ကြားစေမှာကို မင်း မစိုးရိမ်ဘူးလား"
"မင်းမှာ အခွင့်အရေးတစ်ခုတောင် ရှိလိမ့်မှာ မဟုတ်ဘူး။ အနက်ရောင်သူတော်စင် စတုတ္ထအလွှာကို မဝင်ခင် သူက သူ့ရဲ့အသိစိတ်အာရုံကို မင်းလိုပဲ ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ရက်အနည်းငယ်ကြာပြီးနောက် သူက ဂယောင်ချောက်ချားဖြစ်လာပြီး သေနေတဲ့သူတွေနဲ့ ဘာမှ မခြားနားတော့ပါဘူး။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က သူ့ထက် အများကြီးပိုအားနည်းတယ်။ ရက်အနည်းငယ်ကြာပြီးနောက် မင်းလည်းပဲ မင်းရဲ့အသိစိတ်အာရုံကို ဆုံးရှုံးသွားလိမ့်မယ်လို့ ငါ ယူဆတယ်"
နှစ်ပေါင်းမရေမတွက်များစွာ ချိတ်ပိတ်ခံထားရပြီးနောက် ချောက်ကမ်းပါးသူတော်စင်က မတိုင်းတာနိုင်တော့တဲ့အကြံအစည်တွေကို အကွက်ချနိုင်ခဲ့ပြီး ဖြစ်တယ်။
အမှန်အတိုင်းပြောရရင် ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေနဲ့ယှဉ်ပြိုင်ရတာကို သူက အတော်လေး စွဲလမ်းနေတယ်။ အနက်ရောင်သူတော်စင်ဖြစ်စေ၊ လီဖူချန်းဖြစ်စေ၊ သူတို့အားလုံးက စစ်တုရင်ရုပ်လေးတွေပါပဲ။ သူနဲ့ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေတို့က စစ်တုရင်ကစားသမားတွေပေါ့။
သူက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေကို အနိုင်ရမယ့်တစ်နေ့ ရှိလာပါလိမ့်မယ်၊ သူက ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်ထက်တောင် သာလွန်သွားမယ်လို့ ဆိုလိုတာပေါ့လေ။
***