သူဌေးကြီးလျို
Vol. 60 Ch. 826
ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့စတုတ္ထအလွှာကို ရောက်ရှိပြီးနောက် မြို့ထဲကထွက်ဖို့ မဖြစ်နိုင်ဘူးလို့ ချောက်ကမ်းပါးသူတော်စင်က ပြောခဲ့ပေမယ့် လီဖူချန်းက ကြိုးစားချင်နေသေးတယ်။
ဒီတစ်ကြိမ်မှာတော့ ချောက်ကမ်းပါးသူတော်စင်က လီဖူချန်းကို မတားဆီးခဲ့ပါဘူး။
အရှေ့ဘက်ဂိတ်မှ ထွက်ပြီးနောက် လီဖူချန်းက မြူထဲကို ဝင်သွားလိုက်တယ်၊ အချိန်တိုအတွင်း သူက အရင်နေရာကို ပြန်ရောက်သွားခဲ့တယ်။
"မျှော်လင့်ထားသလိုပဲ၊ ချောက်ကမ်းပါးသူတော်စင်က ငါ့ကို မလိမ်ဘူးပဲ"
လီဖူချန်းရဲ့နှလုံးသားက နစ်မြုပ်သွားတယ်။ ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေကို ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်က ဆင်ခဲ့တာပါ၊ ချောက်ကမ်းပါးသူတော်စင်လို့ အကြွင်းမဲ့ကျွမ်းကျင်သူတောင် မလွတ်မြောက်နိုင်ဘူး။ ဒါကြောင့် လီဖူချန်းအနေနဲ့ မထွက်သွားနိုင်ဖို့က မဖြစ်နိုင်လုနီးပါးပါပဲ။
"အစကတော့ မင်းက ငါ့အတွက် မှန်ကို ခိုးယူပေးရင် မင်းက လွတ်မြောက်ဖို့ အခွင့်အရေး ရှိနိုင်မှာပါ။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ........" ချောက်ကမ်းပါးသူတော်စင်ရဲ့ပုံရိပ်က ပျောက်သွားတော့တယ်။
မှတ်ချက်သံကို ကြားပေမယ့် လီဖူချန်းမှာ နောင်တရတဲ့အမူအရာတစ်ခုမှ မရှိပါဘူး။
ပထမတစ်ခုကတော့ အနက်ရောင်သူတော်စင်ရဲ့တားဆီးမှုနဲ့ဆိုရင် လီဖူချန်းအနေနဲ့ မှန်ကို ရရှိဖို့က မဖြစ်နိုင်ပါဘူး။
ဒုတိယကတော့ ဒိချောက်ကမ်းပါးသူတော်စင်က လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ သူက လွတ်မြောက်သွားရင် နက်ပြာပလိန်းအတွက် ကောင်းတဲ့အရာတစ်ခုဖြစ်လာလိမ့်မှာ မဟုတ်ဘူး။
တတိယကတော့ လီဖူချန်း တစ်ခုခုကို ပြုလုပ်တဲ့အချိန်တိုင်း သူက ရှင်းလင်းပြတ်သားတဲ့အသိစိတ်အာရုံနဲ့ ပြုလုပ်တယ်၊ ဒါကြောင့် သူက နောင်တရမှာမဟုတ်ဘူး။
ချောက်ကမ်းပါးသူတော်စင်က ထွက်ခွာသွားတယ်၊ အကြောင်းရင်းကတော့ ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့စတုတ္ထအလွှာမှာ လီဖူချန်းရဲ့ အသိစိတ်က ကြာရှည်ခံလိမ့်မှာမဟုတ်ဘူးလို့ ယုံကြည်ထားတဲ့အတွက်ပါပဲ။ ကံမကောင်းတာက လီဖူချန်းကို သူ လျော့တွက်ခဲ့တာပဲ။
ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့စတုတ္ထအလွှာကို အသာထား၊ နဝမအလွှာဆိုရင်တောင် လီဖူချန်းရဲ့အသိစိတ်အာရုံကို ဖမ်းဆီးချုပ်ကိုင်ဖို့က မဖြစ်နိုင်ပါဘူး။
ဒါက လီဖူချန်း ယုံကြည်ရဆုံးအရာပဲလေ။
"ဘာလို့ ငါက စီနီယာအနက်ရောင်သူတော်စင်နဲ့ စကားထပ်မပြောရမှာလဲ" တစ်ခဏစဉ်းစားပြီးနောက် လီဖူချန်းက မြို့ တော်ဝန်အိမ်တော်ကို ဦးတည်လိုက်တယ်။
***
"မြို့တော်ဝန်ရဲ့အိမ်တော်၊ မြို့တာ်ဝန်ရဲ့ခြံဝင်း........
အနက်ရောင်သူတော်စင်က ထိုနေရာမှာ ရပ်နေတယ်၊ ကြည့်ရတာ သူက ဘယ်တော့မှ မရွေ့လျားတော့မယ်ပုံပဲ။
"ကြည့်ရတာ မင်းလည်း ငါ့နဲ့ အတူတူပဲမလား၊ ငါတို့နှစ်ယောက်လုံးက မြို့ထဲက မထွက်နိုင်ဘူးလေ" အနက်ရောင်သူတော်စင်က ပြောလိုက်တယ်။
လီဖူချန်းက မေးလိုက်တယ်"စီနီယာအနက်ရောင်သူတော်စင်၊ အတိတ်ကို သတိရသေးလား"
"ငါ အရင်က ဘာတစ်ခုမှ သတိမရခဲ့ဘူး၊ ဒါပေမယ့် မင်းကို တွေ့ပြီးနောက် ငါ့မှာ ခံစားမှုအချို့ ရုတ်တရက် ရှိလာတယ်"
အဖြေကို ကြားပြီး လီဖူချန်းက အတွေးနက်သွားတယ်။
ကြည့်ရတာ သူ့ရဲ့ချီတည်ရှိမှုက အနက်ရောင်သူတော်စင်ကို အသိစိတ်အာရုံအချို့ ပြန်ရအောင် လုပ်ပေးနိုင်ပုံပဲ။
"ဒီနေရာမှာ ချိတ်ပိတ်ထားတဲ့ကျွမ်းကျင်သူကို ချောက်ကမ်းပါးအရှင်လို့ ခေါ်တယ်။ ပြီးတော့ ငါ့ကို သူပဲ ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့စတုတ္ထအလွှာကို ဆွဲခေါ်ခဲ့တာပဲ။ ငါ သိထားတာအရ ချောက်ကမ်းပါးအရှင်က နက်ပြာပလိန်းရဲ့ကျွမ်းကျင်သူတစ်ယောက်မဟုတ်ဘူး၊ သူက အခြားပလိန်းကပဲ"
"သူ လွတ်မြောက်သွားတာနဲ့ နက်ပြာပလိန်းအတွက် ဘေးကပ်ဆိုးတစ်ခုသာ ဖြစ်စေလိမ့်မယ်။ ဒါကြောင့် ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့လမ်းညွှန်မှုနဲ့အတူ ငါက ဒီသာမန်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ထမ်းဆောင်နေခဲ့တာပဲ။ ဒါပေမယ့် အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ချောက်ကမ်းပါးအရှင်ရဲ့ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေအပေါ်တိုက်စားမှုက တိုးတိုးလာနေတယ်။ သူကပဉ္စမအလွှာကို ထိန်းချုပ်နိုင်ပြီး ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့ဒုတိယချို့ယွင်းချက်ကို ရှာတွေ့သွားမှာကို ငါ စိုးရိမ်တယ်"
(အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: အရှင်က ကောင်းကင်အရှင်ထက် တစ်ဆင့်နိမ့်ရုံမျှသာပါပဲ)
ဒီတစ်ကြိမ်မှာတော့ အနက်ရောင်သူတော်စင်က အရင်ကထက်စာရင် သူ့ရဲ့အသိစိတ်အာရုံကို ပိုမိုရရှိလာပြီး ရှင်းပြချက်တစ်ခုကို ပေးလိုက်တယ်။
ပထမချိူ့ယွင်းချက်က မှန်ဖြစ်ပြီး ဒုတိယချို့ယွင်းချက် ထွက်ပေါ်လာတာနဲ့ ချောက်ကမ်းပါးအရှင်က လွတ်မြောက်ဖို့အခွင့်အရေးတစ်ခု စေချာပေါက် ရှိလာလိမ့်မယ်။ လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဒါဆိုရင် သူ့ကို ရပ်တန့်ဖို့ ငါတို့ ဘာလုပ်ရမလဲ"
အနက်ရောင်သူတော်စင်က ပြောလိုက်တယ်"မင်း တတိယအလွှာမှာ ရှိနေတုန်းက မြို့ကနေ တိုက်ရိုက်ထွက်သွားရင် ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေကို ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်စေလိမ့်မယ်။ အခု မင်းက ငါ့လို စတုတ္ထအလွှာမှာ ရှိနေပြီး ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ နီးကပ်နေတယ်။ လက်ရှိအချိန်မှာ မင်းအနေနဲ့ ထွက်သွားဖို့ နည်းလမ်းမရှိဘူး"
ဒါက နည်းလမ်းတစ်ခုဆိုရင် အနက်ရောင်သူတော်းင်က ထွက်သွားခဲ့တာ အချိန်တော်တော်ကြာပြီးပေါ့။
"ကောင်းပြီလေ။ ညွှန်ပြမှုတွေအတွက် စိီနီယာအနက်ရောင်သူတော်စင်ကို အများကြီးကျေးဇူးတင်ပါတယ်"
နည်းလမ်းတစ်ခုကို သူကိုယ်တိုင် ရှာဖွေဖို့ လီဖူချန်းက အစီအစဉ်ချထားတယ်။
ခရမ်းနီရောင်စိတ်ဝိညာဉ်နဲ့ဆိုရင် သူက လွတ်မြောက်ဖို့အခွင့်အရေး သေချာပေါက်ရှိမယ်လို့ လီဖူချန်းက ခံစားမိတယ်။
မြို့တော်ဝန်ရဲ့အိမ်တော်မှ ထွက်လာပြီးနောက် လီဖူချန်းကမြို့ပတ်ပတ်လည်ကို စတင်လျှောက်လှမ်းလိုက်တယ်။
မြို့က အသိစိတ်အာရုံနဲ့ခံစားချက်အမူအရာတွေတစ်ခုမှမရှိတဲ့သူတွေနဲ့ ပြည့်နေတယ်၊ ဒါပေမယ့် ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက သူတို့ကို အထူးအမူအကျင့်လက္ခဏာတွေ ပေးအပ်ထားတယ်၊ ပင်ကိုယ်ဗီဇအလေ့အထတွေလည်း ပေးထားတယ်။ အဲဒါက သူတို့ကို တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောစေပြီး လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်နေရာတွေ၊ဝါသနာတွေ ရှိလာစေတယ်။
အတိုချုပ်အားဖြင့် ကလေးမရှိဘူး၊ ထူးဆန်းတဲ့ပတ်ဝန်းကျင်တစ်ခု ရှိတာကလွဲပြီး ဒီမြို့က အပြင်ကမ္ဘာရဲ့မြို့တွေနဲ့ ခြားနားမှုမရှိပါဘူး။
"မင်း ကြားပြီးပြီလား။ ပညာရှင်ဝမ်က သူဌေးကြီးလျိုရဲ့မယားငယ်နဲ့ လျှို့ဝှက်တွေ့ဆုံခဲ့ပြီး သူတို့ကို မနေ့ညက ဖမ်းမိသွားခဲ့တယ်တဲ့"
"ပညာရှင်ဝမ်က သူဌေးကြီးလျိုရဲ့အမျိုးသမီးကို တကယ်ထိတွေ့ဆက်ဆံခဲ့တယ်ပေါ့လေ"
"ပြီးတော့ ပညာရှင်ဝမ်ရဲ့သိုင်းပညာက အတော်လေးပြောင်မြောက်ပြီး သူဌေးကြီးလျိုရဲ့အစောင့်တော်တော်များများကို ဒဏ်ရာရစေခဲ့တယ်"
လူသေအနည်းငယ်ကို ဖြတ်ကျော်လာရင်း လီဖူချန်းက သူတို့ရဲ့စကားသံကို ကြားလိုက်ရတယ်။
အချက်အလက်အားဖြင့် လီဖူချန်းက ဆန္ဒရှိရင် သူက သူ့ရဲ့စိတ်ဝိညာဉ်ကို သုံးပြီး စကားပြောနေတာကို ကြားဖြတ်ကာခိုးနားထောင်နိုင်ပါတယ်။
"ပညာရှင်ဝမ်က ဆက်ဆံရေးကြောင့် လျှို့ဝှက်တွေ့ဆုံခဲ့တာမဟုတ်ဘူးလို့ ပြောတာ ငါ ကြားတယ်။ သူဌေးကြီးဝမ်ရဲ့လျှို့ဝှက်ခန်းထဲမှာရှိတဲ့ရတနာတစ်ခုကြောင့်ပဲ။ ရတနာက မယုံနိုင်လောက်အောင်အကျိုးသက်ရောက်မှုရှိပြီး လူတစ်ယောက်ကို ထူးကဲစွာဉာဏ်ကောင်းအောင် ပြုလုပ်ပေးနိုင်တယ်။ သူဌေးကြီးလျိုက ရတနာကြောင့်ပဲ ချမ်းသာလာတာ" လူသေတွေထဲကတစ်ယောက်က အေးစက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
"တစ်ယောက်ယောက်ကို ဉာဏ်ကောင်းအောင်ပြုလုပ်ပေးနိုင်တဲ့ရတနာလား" လီဖူချန်းရဲ့မျက်လုံးတွေက အလင်းဖြာထွက်သွားတယ်။
ဒီနေရာရှိလူတွေအားလုံးကို လူသေတွေလို့ ဆိုကြတယ်၊ အကြောင်းက သူတို့က သူတို့ရဲ့အသိစိတ်အာရုံနဲ့ဉာဏ်ရည်ကို ဆုံးရှုံးထားရလို့ပဲ၊ အဲဒါက သူတို့ကို လူသေတွေနဲ့ မခြားမနား ဖြစ်စေတယ်။
"ဒီရတနာက လူတစ်ယောက်ရဲ့အသိစိတ်အာရုံ ဒါမှမဟုတ် သူတို့အသိစိတ်အာရုံရဲ့တစ်စိတ်တစ်ပိုင်းကို သိုလှောင်ပေးနိုင်တာလား"
သဲလွန်စတစ်ခုမှ မရှိတာကြောင့် လီဖူချန်းက သူဌေးကြီးလျိုရဲ့နေအိမ်ကို သွားလည်ရတော့မှာပေါ့။
***
ညနက်မှာ ပုံရိပ်တစ်ခုက တံတိုင်းကို ကျော်ပြီး သူဌေးကြီးလျိုရဲ့ခြံဝင်းထဲကို ဝင်ရောက်ခဲ့တယ်။
စိတ်ဝိညာဉ်စွမ်းအားကို ဆန့်ထုတ်လျက် လီဖူချန်းက သူဌေးကြီးလျိုရဲ့လျှို့ဝှက်ခန်းကို အလွယ်တတကူ ရှာတွေခဲ့တယ်။
အစောင့်တွေကို ကွေ့ပတ်သွားပြီးနောက် လီဖူချန်းက ရတနာအခန်းရဲ့တံခါးအပြင်ဘက်ကို ရောက်ရှိလာတယ်။
ဒီတံခါးကို ကျောက်တုံးတွေနဲ့ ပြုလုပ်ထားပြီး သာမန်လူတစ်ယောက်က လက်နက်တစ်ခုကို အသုံးပြုရင်တောင် မချိုးဖျက်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းက မတူဘူးလေ။ သူက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်တာကြောင့် သူ့ခွန်အားက ဒီနေရာရှိလူသေအများစုထက် ပိုသန်မာတယ်။ စိတ်ဝိညာဉ်စွမ်းအားပေါင်းထည့်မှုနဲ့အတူ သူက ရတနာအခန်းတံခါးရဲ့အားအနည်းဆုံးနေရာကို သိလိုက်တယ်။
ဒိုင်း..........
ဆောင်းဦးမိုးဓားကို ဆွဲထုတ်လျက် လီဖူချန်းက သေချာတဲ့အမှတ်တစ်ခုကို ခုတ်ပိုင်းပြီး ကြီးမားတဲ့အပေါက်တစ်ခုကို ပြုလုပ်လိုက်တယ်။
နှစ်ချက်သုံးချက်ခုတ်ပြီးနောက် တံခါးက ကျိုးပျက်သွားတယ်၊ ဒါပေမယ့် လူတစ်ယောက်ဝင်ဖို့အတွက်တော့ အနည်းငယ် ကင်းမဲ့နေတုန်းပါပဲ။
"အဲ့မှာ ဘယ်သူ ရှိနေတာလဲ" အစောင့်နှစ်ယောက်က ကင်းလှည့်နေရာမှ လီဖူချန်းကို ချက်ချင်း ရှာတွေ့သွားပြီး အပြေးလာကြတယ်။
အစောင့်နှစ်ယောက်ကို ရိုက်နှက်ပြီးနောက် လီဖူချန်းက လျှို့ဝှက်ခန်းတံခါးကို ဆက်ကာ ခုတ်နေတယ်။
နောက်ဆုံးမှာတော့ တစ်မီတာကျော်အပေါက်တစ်ခု ဖြစ်လာပြီး လီဖူချန်းဝင်ဖို့အတွက်လည်း လုံလောက်နေပါတယ်။
လျှို့ဝှက်ခန်းက ပုလဲ၊ မဟူရာ၊ ရွှေတို့လို သမားရိုးကျပစ္စည်းတွေနဲ့ ပြည့်နေတယ်။ အချို့သော ပန်းချီကားတွေ၊ လက်ရေးမူတွေလည်း ရှိတယ်။ဒါပေမယ့် စားပွဲတစ်ခုပေါ်မှာတာ့ လူသားပုံသဏ္ဍာန်ကျမ်းစားတစ်ခုကို မြင်လိုက်ရတယ်၊ အဲဒါက တကယ်ကို အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။
လီဖူချန်းက လူသားပုံသဏ္ဍာန်ကျမ်းစာကို ကောက်ယူလိုက်တယ်၊ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းရွေ့လျားသွားတဲအရှိန်အဝါတစ်ခုကို ချက်ချင်း ခံစားမိသွားတယ်။ အဲဒါက ထွေပြားနေတဲ့အတွေးများစွာကို ပယ်ဖျက်ပြီး သူ့ရဲ့အတွေးကို ရှင်းလင်းသွားစေတယ်။
"ငါ သိပြီ" လီဖူချန်းက ပျော်ရွှင်သွားတယ်။ ဒါက စိတ်ကိုသန့်စင်တဲ့အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ သိသာပါတယ်။
ဒီအသုံးအဆောင်ပစ္စည်းမှာ ပုံရိပ်ယောင်ပညာရပ်တွေကို ကန့်သတ်နိုင်တဲ့သက်ရောက်မှုတစ်ခု ရှိတယ်။ အဲဒါက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေမဟုတ်ဘဲ သာမန်လျှို့ဝှက်နယ်မြေတစ်ခုဆိုရင် ဒီအသုံးအဆောင်ပစ္စည်းပိုင်ရှင်ကို ထောင်ချောက်ဆင်ဖမ်းဖို့က မဖြစ်နိုင်ပါဘူး။
ကံမကောင်းတာကတော့ ဒီအသုံးအဆောင်ပစ္စည်းက လီဖူချန်း လွတ်မြောက်ဖို့အတွက် အသုံးမဝင်ပါဘူး။
လီဖူချန်းရဲ့စိတ်က အဆက်မပြတ် ရှင်းလင်းနေတာ၊ သူက ပြင်ပအကူအညီကို မလိုအပ်ပါဘူး။
"တစ်ယောက်ယောက် ငါ့ရဲ့လျှို့ဝှက်ခန်းထဲကို ဝင်နေတာပဲ" လူဝကြီးတစ်ယောက်က အစောင့်တစ်ဖွဲ့နဲ့အတူ ဝင်ရောက်လာပြီး လီဖူချန်းရဲ့ထွက်ပေါက်ကို ပိတ်ဆို့ထားတယ်။
"သူဌေးကြီးလျို၊ ကြည့်ရတာ မင်းက မင်းရဲ့အသိစိတ်အာရုံကို ထိန်းသိမ်းထားနိုင်ပုံပဲ" လီဖူချန်းက သူဌေးကြီးလျိုကို ကြည့်လိုက်တယ်။
"အသိစိတ်အာရုံကို ထိန်းသိမ်းနိုင်တာ ငါ တစ်ယောက်တည်းမဟုတ်ဘူးပဲ။ မင်းလည်း တူတူပဲလား။ ဒါပေမယ့် မင်းက ဒီနေရာကို ရောက်လာမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့" သူဌေးကြီးလျိုက လက်ကို ဝှေ့ယမ်းပြီး လီဖူချန်းကို တိုက်ခိုက်ဖို့ အစောင့်တွေကို အမိန့်ပေးလိုက်တယ်။
အခြားတစ်ယောက်သာဆိုရင် သူက ဒိီလောက်များတဲ့လူတွေအတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်အတွက်ကတော့ ............
လီဖူချန်းက အစောင့်တွေကို အားထုတ်စရာမလိုဘဲ ရိုက်နက်လိုက်တယ်။
"သေစမ်း" သူဌေးကြီးလျိုက လှုပ်ရှားလိုက်တယ်။
သူဌေးကြီးလျိုက တကယ်ပြောင်မြောက်ပါတယ်။ သူ ဘယ်အချိန်တုန်းက ဓားမော့တစ်လက် ကိုင်ထားတာကို တစ်ယောက်မှ မသိဘူး၊ သူက လီဖူချန်းထံ ဓားမော့အလင်းတစ်ခု ပစ်လွှတ်လိုက်တယ်။
ဂျိန်း.........
လီဖူချန်းက ဓားမော့အလင်းကို သူ့ဓားနဲ့ တားဆီးလိုက်တယ်။
ဒိန်း.....ဂျိန်း.......ဒိန်း.......ဂျိန်း.........
သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့အရှိန်က အလွန်အမင်း မြန်တယ်။ တစ်တင်္ဂအတွင်း ဓားမော့နဲ့ဓားအလင်းတွေက လျှို့ဝှက်ခန်းကို ပြည့်သွားတယ်။
အား........
အဆုံးမှာတော့ လီဖူချန်းက သာလွန်ပြီး သူဌေးကြီးလျိုရဲ့လက်မောင်းကို ဒဏ်ရာရသွားစေတယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" လီဖူချန်းက ဒီလောက်အားကောင်းလိမ့်မယ်လို့ သူဌေးကြီးလျိုက မယုံကြည်နိုင်ဘူး။
"မင်းက အတော်လေး ပြောင်မြောက်ပါတယ်။ ငါ ခန့်မှန်းတာ မမှားရင် ဒီနေရာမှာရှိတဲလူတွေကို ဆွဲဆောင်ဖို့ မင်းက ဒီအထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းရဲ့သတင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေတာပဲ။ အဲဒါက မင်းအနေနဲ့ သူတိူ့ရဲ့အရင်းမြစ်တွေကို လုယူနိုင်စေမယ်"
မြို့ကနေထွက်ခွာဖို့အခွင့်အရေးက အလွန်သေးနုပ်တယ်၊ ဒါပေမယ့် အခွင့်အရေးတစ်ခု ရှိသရွေ့ တစ်ယောက်ကမှ အရှုံးပေးမှာ မဟုတ်ဘူး။ သူဌေးကြီးလျိုက အရင်းအမြစ်တွေရဲ့ကြီးမားတဲ့ပမာဏကို စုဆောင်းပြီး ပိုမြင့်မားတဲ့အဆင့်ကို ချိုးဖျက်ဖို့ အစီအစဉ်ချထားတယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့် ပိုမြင့်မားလာတာနဲ့ သူက မြို့ကနေ ထွက်သွားနိုင်မလားပေါ့။
သူဌေးကြီးလျိုက ပြန်မဖြေဘူး၊ သူ့ရဲ့အမူအရာက မည်းမှောင်နေတော့တယ်။
"ပညာရှင်ဝမ်က ဘယ်မှာလဲ" လီဖူချန်းက မေးလိုက်တယ်။
"ငါ သူ့ကို မသတ်ခဲ့ဘူး။ သူက သူ့ရဲ့အသိစိတ်အာရုံကို ထိန်းသိမ်းနိုင်ခဲ့တဲ့အကြောင်းရင်းက သူ့မှာ ဆေးတစ်မျိုးရှိလို့ပဲ။ ဆေးကို လုယူပြီးနောက် သူက သူ့ရဲ့အသိစိတ်အာရုံကို ဆုံးရှုံးသွားပြီး မြို့ရဲ့လူသေတစ်ယောက်ဖြစ်လာတယ်" သူဌေးကြီးလျိုက ဖြေလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"မင်းရဲ့ဘယ်အရာကိုမှ မယူဖို့ ငါ ရွေးချယ်လို့ရတယ်၊ ဒါပေမယ့် မင်းက ငါ့ကို အသုံးဝင်တဲ့သတင်းအချက်အလက်တစ်ခုခု ပြောပြရမယ်။ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့၊ ငါ ဘယ်အချိန်မဆို ပြန်လာနိုင်တယ်"
သူဌေးကြီးလျိုက တစ်ချက်စဉ်းစားပြီးမှ သူက ပြောလိုက်တယ်"ပညာရှင်ဝမ်နဲ့မင်းအပြင် အသိစိတ်အာရုံကို ထိန်းသိမ်းနိုင်တဲ့အခြားတစ်ယောက်ကို ငါ သိတယ်။ ဒါပေမယ့် အဲလူက ကြောက်စရာကောင်းတယ်၊ ငါက သူ့ကို ရန်မစရဲဘူး"
တည်နေရာနဲ့ထိုလူရဲ့အသွင်အပြင်ကို သိရှိပြီးနောက် လီဖူချန်းက ပြန်လှည့်ကာ ထွက်ခွာလိုက်တယ်"ကောင်းပြီ၊ မင်း ငါ့ကို မလိမ်ဖို့ ငါ မျှော်လင့်တယ်"
ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက တကယ်ကို ကြောက်မက်ဖွယ်ပဲ။ အံအားသင့်စရာပါရမီရှိရင်တောင် အထဲကို ထောင်ချောက်မိသွားတာနဲ့ ပြန်လွတ်ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။ အသိစိတ်အာရုံကို ထိန်းသိမ်းနိုင်တဲ့သူတွေက ကောင်းကင်ဆန့်ကျင်ကံကြမ္မာရှိကြတဲ့သူတွေပါပဲ။ ပြီးတော့ ဒီနေရာရဲ့လူသေတွေအားလုံးက သူတော်စင်တွေဖြစ်ပြီး အချို့က အဆင့်မြင့်သူတော်စင်တွေ ဖြစ်ကြတယ်။
***