← Chapters

နားမဲ့လူ

Vol. 60 Ch. 827

နားမဲ့လူ

Vol. 60 Ch. 827

မြို့ရဲ့အနောက်တောင်ဘက်ပိုင်းရှိလမ်းကြားတစ်ခုထဲမှာ သတ္တုချင်းထိတွေ့သံတွေက အဆက်မပြတ် ထွက်မြည်နေတယ်။

ဈေးဝယ်သူတစ်ယောက်က ပန်းပဲဆရာဆီ ရောက်လာခဲ့တယ်။

"သံပေါက်ချွန်းတစ်ခုနဲ့ သံတူးရွင်းတစ်ခု"

စကားပြောနေတဲ့လူက သာမန်အသွင်အပြင်၊ အလယ်အလတ်ခန္ဓာကိုယ်နဲ့ ညာဘက်နားရွက်က ကင်းမဲ့နေတယ်။ သူ့မျက်လုံးတွေက အထီးကျန်ခြင်းတစ်ခုကို ထုတ်လွှတ်နေတယ်။

"မင်းရဲ့သံပေါက်ချွန်းနဲ့သံတူးရွင်း"

ပန်းပဲဆရာရဲ့ဝန်ထမ်းက သံပေါက်ချွန်းတစ်ခုနဲ့ သံတူးရွင်းတစ်ခုကို နားမဲ့လူထံ ကမ်းပေးလိုက်တယ်။

ပန်းပဲဖိုမှ ထွက်လာပြီးနောက် နားမဲ့လူက သူ့ရဲ့ကိုယ်ပိုင်နေထိုင်ရာအိမ်ဆီ ပြန်လာခဲ့တယ်။

"ဒီလူက တကယ်ကို ကြောက်စရာကောင်းတယ်"

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး တိတ်တဆိတ်လေ့လာကြည့်လိုက်တဲ့အခါ လီဖူချန်းက ထိတ်လန့်သွားရတယ်။ နားမဲ့လူက အနက်ရောင်သူတော်စင်ထက် ပိုကြောက်စရာကောင်းတယ်လို့ သူ့မှာ မ‌ရေမရာခံစားချက်တစ်ခု ရှိနေတယ်။ အချက်အလက်အရ နားမဲ့လူက ချောက်ကမ်းပါးသူတော်စင်အောက် မနိမ့်ကျနိုင်ပါဘူး။

ဒါပေမယ့် လီဖူချန်းက အမြင်မှားသွားတာလည်း ဖြစ်နိုင်တယ်လေ။

ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက မှားယွင်းလိမ့်မယ်လို့ လီဖူချန်းက မထင်ပါဘူး။

နားမဲ့လူရဲ့နေထိုင်ရာက ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ခြံဝင်းတစ်ခုနဲ့ တူတယ်။ လီဖူချန်းက မဆင်မခြင် မဝင်ခဲ့ပါဘူး၊ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး နားမဲ့လူရဲ့အပြုအမူတိုင်းကို လေ့လာစောင့်ကြည့်နေခဲ့တယ်။

လီဖူချန်းမှာ စိတ်ဝိညာဉ်စွမ်းအား ရှိနေတာ ကံကောင်းသွားတယ်၊ မဟုတ်ရင်၊ သူက နားမဲ့လူကို စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး။

ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေကို အသာထား၊ အပြင်ကမ္ဘာမှာ ဆိုရင်တောင် နားမဲ့လူကို စောင့်ကြည့်ဖို့က မဖြစ်နိုင်ဘူး။ မင်းက မစောင့်ကြည့်ခင် နားမဲ့လူက မင်းကို ရှာတွေ့သွားပါလိမ့်မယ်။

ခရမ်းနီရောင်စိတ်ဝိညာဥ်ရှိတဲ့လီဖူချန်းကသာ နားမဲ့လူကို စိုးရိမ်စရာမရှိဘဲ စောင့်ကြည့်နိုင်မှာပါ။

"အမ်" ခြံဝင်းရဲ့အခန်းတစ်ခုအတွင်းမှာ လီဖူချန်းက အတားအဆီး‌တစ်ခုကို တွေ့ဆုံလိုက်ရတယ်။

အတားအဆီးက စိတ်ဝိညာဉ်စွမ်းအားအတွက် ဖော်ပြဖို့ မထိုက်တန်လှပါဘူး၊ ဒါပေမယ့် လီဖူချန်းက ထိတ်လန့်တုန်လှုပ်နေတုန်းပဲ။

အတားအဆီးက နားမဲ့လူဆင်ထားတဲ့အကန့်အသတ်တစ်ခုလို့ လီဖူချန်းက ခံစားနိုင်တယ်။

ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေထဲမှာ နားမဲ့လူက အကန့်အသတ်တစ်ခုကို တကယ် ဆင်နိုင်ခဲ့တာပဲ၊ သူ့ထူးခြားစွမ်းအားရဲ့တစ်စိတ်တစ်ပိုင်းကို အသုံးပြုလို့ရပုံပဲ။

နားမဲ့လူက ချောက်ကမ်းပါးအရှင်ကို စောင့်ကြပ်နေတာလို့ လီဖူချန်းက ယူဆမိတယ်။ ပြီးတော့ ချောက်ကမ်းပါးအရှင်က ပထမအလွှာလေးလွှာကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ သူသာ ဆန္ဒရှိရင် မြို့ထဲမှာဖြစ်ပျက်နေတဲ့အရာအားလုံးကို ရှာတွေ့နိုင်တယ်။ ဒီအကန့်အသတ်က အမှန်တရားကို ဖုံးကွယ်ဖို့၊ ချောက်ကမ်းပါးအရှင်ကို လှည့်စားဖို့ ဖြစ်တယ်။ လီဖူချန်းမှာသာ ခရမ်းနီ‌ရောင်စိတ်ဝိညာဉ်စွမ်းအားမရှိရင် သူလည်းပဲ လှည့်စားခံလိုက်ရမှာပါ။

စိတ်ဝိညာဉ်စွမ်းအားက အကန့်အသတ်ကို ချိုးဖြတ်သွားပြီး မြေအောက်ခန်းဆီသို့သွားရာဝင်ပေါက်တစ်ခုကို ‌လီဖူချန်းက တွေ့လိုက်ရတယ်။ မြေအောက်ခန်းကို ရောက်ရှိတဲ့အခါ သူက လျှို့ဝှက်အပေါက်တစ်ခုကို မြင်လိုက်တယ်။

ဒီလျှို့ဝှက်အပေါက်ကို နားမဲ့လူက တူးထားတာ သိသာပါတယ်။

လျှို့ဝှက်အပေါက်ထဲကို ဝင်ပြီးနောက် လီဖူချန်းက အနက်ပိုင်းမှာတူးနေတဲ့နားမဲ့လူကို တွေ့လိုက်တယ်။

သံပေါက်ချွန်းကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြီးမားတဲ့ကျောက်တုံးက ပြိုကျဆင်းလာတယ်။ လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်တုံးက သိုလှောင်အိတ်ထဲကို ရောက်ရှိသွားတယ်။

"ဒီလျှို့ဝှက်အပေါက်က မြို့အပြင်ဘက်ကို ဦးတည်တာ ဖြစ်နိုင်မလား။ ဒါပေမယ့် မြို့ရဲ့အပြင်မှာက မြူတွေနဲ့ ပြည့်နေတာ‌လေ" နားမဲ့လူက ဘာစဉ်းစားနေတာကို လီဖူချန်းက နားမလည်နိုင်ဘူး။

"နားမဲ့လူက ဒီလိုလုပ်နေမှတော့ သူ့မှာ သူ့ရဲ့အကြောင်းပြချက် ရှိမှာပေါ့။ ဖြစ်နိုင်တာက ဒီအပေါက်က မြို့အပြင်ဘက်ကို ဦးတည်တာ မဟုတ်ဘူး။ ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့တတိယအလွှာကို ဦးတည်တာများလား"

လီဖူချန်းက ဖြစ်နိုင်ချေအများဆုံးကို ချက်ချင်းတွေးမိသွားတယ်။

"အဲဒါက ပုံရိပ်ယောင်နယ်မြေရဲ့တတိယအလွှာကို ဦးတည်နေတာပဲ ဖြစ်သင့်တယ်" လီဖူချန်းက ဆက်လက်ပိုင်းခြာစိတ်ဖြာနေတယ်။

ပထမကတော့ နားမဲ့လူက အကျိုးမရှိတဲ့အရာကို ပြုလုပ်မှာ မဟုတ်ဘူး။

ဒုတိယက‌တော့ နားမဲ့လူက အားကောင်းလွန်းပြီး ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေအတွင်းမှာ အကန့်အသတ်တစ်ခုကို ဆင်နိုင်ခဲ့တယ်။

တတိယက‌တော့ နားမဲ့လူရဲ့တူးဖော်ရေးကိရိယာတွေက ပန်းပဲသမားထံမှ ဝယ်လာတာ။ ပန်းပဲသမားက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေဥပဒေသရဲ့အစိတ်အပိုင်းဖြစ်တယ်။ ဒါကြောင့် သံပေါက်ချွန်းနဲ့တူးရွင်းတို့မှာ ရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေဥပဒေသရဲ့အရိပ်အယောင်တစ်ခု သေချာ‌ပေါက် ပါဝင်နေတယ်။

ဘုံး......

တစ်ညကျော်လွန်ပြီးနောက် သံတူးရွင်းနဲ့ပေါက်ချွန်းတို့က အပိုင်းပိုင်းအစအနဖြစ်သွားတယ်။

နောက်‌တစ်နေ့မနက်မှာ နားမဲ့လူက သံတူးရွင်းနဲ့ပေါက်ချွန်းအသစ်တစ်စုံကို ဝယ်ယူဖို့သွားခဲ့တယ်။

လီဖူချန်းက နားမဲ့လူကို သတိမပေးချင်ပါဘူး၊ ဒါကြောင့် သူက တိတ်တဆိတ်သာ လေ့လာစောင့်ကြည့်နေခဲ့တယ်။

စားသောက်ဆိုင်ထဲမှာ ချောက်ကမ်းပါးသူတော်စင်ကလည်း လီဖူချန်းကို စောင့်ကြည့်နေတယ်။

"ဒီလောက်ရက်များစွာကြာပြီးတာတောင် သူက သူ့ရဲ့အသိစိတ်အာရုံကို အခုထိ မဆုံးရှုံးသေးဘူးပဲ။ ကြည့်ရတာ သူ့မှာ သူ့ရဲ့အသိစိတ်အာရုံကို ထိန်းသိမ်းပေးတဲ့အသုံးအဆောင်ပစ္စည်းအချို့ဒါမှမဟုတ်ဆေးဝါးအချို့ ရှိရမယ်။ ငါ သူ့ကို လျော့တွက်မိတာပဲ။ ကိစ္စမရှိပါဘူး၊ သူက ဘာလှည့်ကွက်တွေ ထုတ်မလဲကို ကြည့်ရတာပေါ့"

ချောက်ကမ်းပါးသူ‌တော်စင်က လီဖူချန်းကို ပဉ္စမအလွှာထဲ မဆွဲခေါ်နိုင်ပါဘူး။ သူ့ရဲ့အာဏာက ပထမ‌လေးလွှာအထိသာ ကန့်သတ်ထားတာပါ။

မသိလိုက်မသိဘာသာနဲ့ လဝက်က ကုန်ဆုံးသွားခဲ့တယ်။ နောက်ဆုံးတော့ နားမဲ့လူက မြို့အပြင်ဘက်ကို ဦးတည်နေတဲ့ လျှို့ဝှက်အပေါက်တစ်ခုကို တူးနိုင်ခဲ့တယ်။

ဒီလျှို့ဝှက်အပေါက်ကို ဖြတ်ကာ လီဖူချန်းက မြို့အပြင်ဘက်ရှိမြူကို မြင်နိုင်ခဲ့တယ်။

"ဒီအချိန်ပဲ"

နားမဲ့လူ မြူထဲ ပျောက်သွားတာကို မြင်ပြီး လီဖူချန်းက ခြံဝင်းထဲရှိမြေအောက်ခန်းထဲကို ပြေးဝင်ကာ လျှို့ဝှက်အပေါက်ထဲ ဝင်ရောက်လိုက်တယ်။

မကြာမီမှာပဲ လီဖူချန်းက လျှို့ဝှက်ပေါက်အပြင်ဘက်ကို ရောက်ရှိသွားတယ်။

သိပ်သည်းထူထပ်နေတဲ့မြူကို ကြည့်ရင်း လီဖူချန်း သူ့ရာသူ  ပြောလိုက်တယ်"ငါ ခန့်မှန်းတာ မှန်ပါစေလို့ မျှော်လင့်တယ်"

စိတ်ထဲမှာ စဉ်းစားနေရင်း လီဖူချန်းက မြူထဲကို ဝင်ခဲ့တယ်။

နောက်တစ်ကြိမ် သူက မြို့ထဲမှာ ပြန်လည် ထွက်ပေါ်လာပြီး နားမဲ့လူခြံဝင်းရဲ့မြေအောက်ခန်းထဲမှာ ရောက်ရှိနေခဲ့တယ်။

နားမဲ့လူက ရှိမနေဘူး၊ လီဖူချန်းက သူ့ရဲ့မှန်းဆချက်ကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ သူက အနီးစပ်ဆုံးအနောက်ဘက်ဂိတ်ကို ပြေးသွားခဲ့တယ်။

"မကောင်းတော့ဘူး" စားသောက်ဆိုင်ထဲမှာ ‌ချောက်ကမ်းပါးအရှင်ရဲ့အမူအရာက မကျေမနပ်ဖြစ်သွားတယ်။သူ့ပုံရိပ်က ရုတ်တရက် ပျောက်သွားတယ်။

"ချောက်ကမ်းပါးအရှင်၊ မင်း ဘယ်‌သွားဖို့လဲ" ဟင်းလင်းပြင်ထဲမှာ ပုံရိပ်တစ်ခုက ချောက်ကမ်းပါးအရှင်ကို တားဆီးခဲ့တယ်။

"အနက်ရောင်သူတော်စင်၊ မင်း ဝင်မရှုပ်နဲ့" ချောက်ကမ်းပါးအရှင်ရဲ့မျက်လုံးတွေက ဒေါသကြောင့် အရောင်တလက်လက်ဖြစ်နေတယ်။

"ဒီတစ်ခါတော့ ငါ မင်းကို အောင်မြင်ခွင့်ပေးမှာ မဟုတ်တော့ဘူး"

လီဖူချန်းက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့တတိယအလွှာကို အမှန်တကယ် ပြန်ရောက်သွားလိမ့်မယ်လို့ သူ့ရဲ့အသိစိတ်အာရုံတစ်စိတ်တစ်ပိုင်းကိ ပြန်ရရှိလာတဲ့အနက်ရောင်သူတော်စင်က မယုံကြည့်နိုင််ခဲ့ဘူး။ လီဖူချန်း ဘယ်လိုလုပ်ခဲ့သလဲကို သူ မသိဘူး၊ ဒါပေမယ့် အဲဒါက အရေးမကြီးပါဘူး။ ပိုအရေးကြီးတာက ချောက်ကမ်းပါးသူတော်စင်ကို ရပ်တန့်ဖို့ပါပဲ။

အနောက်ဘက်ဂိတ်ရှိတောက်ပရှင်းလင်းနေတဲ့မြင်ကွင်းကို ကြည့်ရင်း သူက တတိယအလွှာကို ရောက်ရှိနေပြီးဆိုတာကို လီဖူချန်းက သိခဲ့တယ်။

"မင်းက အတော်လေးတော်တယ်၊ ငါ့နောက်ကနေ တတိယအလွှာကို ဝင်ရောက်လာနိုင်ခဲ့တာပဲ" နားမဲ့လူက လီဖူချန်းရဲ့အနောက်မှာ ထွက်ပေါ်လာတယ်။

လီဖူချန်းက သူ့ကို စောင့်ကြည့်နေခဲ့တာကို သူ မသိဘူး၊ ဒါပေမယ့် လီဖူချန်း သူ့ရဲ့ခြံဝင်းထဲမှာ ပေါ်လာတာကို‌တော့ သူ ချက်ချင်း သိခဲ့တယ်။

"စီနီယာ၊ လီဖူချန်းက ရိုင်းပျမိပါတယ်" လီဖူချန်းက တောင်းပန်လိုက်တယ်။

ဒါပေမယ့် လီဖူချန်းက စိုးရိမ်တဲ့ခံစားချက်တော့ မရှိဘူး။ အပြင်ကမ္ဘာမှာဆိုရင် သူက နားမဲ့လူအတွက် ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပေမယ့် ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေအထဲမှာတော့ လီဖူချန်းက ချောက်ကမ်းပါးသူတော်စင်အပြင် တစ်ယောက်ကိုမှ ကြောက်စရာမရှိပါဘူး။

"ကိစ္စမရှိဘူး၊ ငါကလည်း ဘာတစ်ခုမှ မဆုံးရှုံးခဲ့ဘူးလေ" မြို့ကို အကြည့်တစ်ချက် ဝှေ့ယမ်းလျက် နားမဲ့လူက ပြောလိုက်တယ်" ဒီပုံရိပ်ယောင်နယ်မြေရဲ့နဝမအလွှာကလွဲပြီး ငါ အားလုံးကို မြင်‌တွေ့ခဲ့ပြီးပြီ။ ပုံရိပ်ယောင်ကိုးခုကောင်းကင်အရှင်က တကယ်ကို ပြောင်မြောက်လှတယ်။ ငါက သူ့ထက်နိမ့်ကျပြီး ဒီနေရာမှာ ဆယ်နှစ်တောင် အချိန်ကုန်ဆုံးခဲ့ရတယ်။ အခု‌တော့ ငါ ထွက်သွားဖို့ အချိန်ကျရောက်လာပြီးပေါ့"

စကားပြောနေရင်း နားမဲ့လူက အနောက်ဘက်ဂိတ်မှ လမ်းလျှောက်ထွက်သွားတယ်။

"ဘာ။ သူက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေရဲ့အဠမအလွှာက ထွက်လာတာလား" လီဖူချန်းက မှင်တက်သွားရတယ်။

သူ့အတွက်က စတုတ္ထအလွှာမှ လွတ်မြောက်ဖို့တောင် ခက်ခဲလွန်းနေတယ်။ အရိုးသားဆုံးပြောရရင် နားမဲ့လူကြောင့်သာ သူ လွတ်မြောက်ခဲ့ရတာပါ။ ဒါပေမယ့် နားမဲ့လူက အဠမအလွှာမှစတုတ္ထအလွှာကို တစ်ယောက်တည်း ရောက်ရှိလာခဲ့တယ်။ ဒီလိုခွန်အားက ကြောက်မက်ဖွယ်ရာပါပဲ။

"မကောင်း‌တော့ဘူး"

နားမဲ့လူ ထွက်သွားတာကြောင့် အနောက်ဘက်ဂိတ်ရဲ့အပြင်ဘက်မှာ မြူတစ်ခု ထိုးတက်လာတာကို လီဖူချန်းက သဘောပေါက်ခဲ့တယ်။

အရှိန်ကို အစွမ်းကုန်တင်လိုက်တယ်၊ လီဖူချန်းက အနောက်ဘက်ဂိတ်မှ ပြေးထွက်ပြီး မြူကို ရှောင်ကွင်းကာ မမြင်နိုင်တဲ့အတားအဆီးအလွှာတစ်ခုကို ဖြတ်ကျော်ခဲ့တယ်။

"သူ ထွက်သွားပြီးလား" သူက ချောက်ကမ်းပါးအရှင်နဲ့တိုက်ခိုက်နေရင်း အနက်ရောင်သူတော်စင်ရဲ့အသိစိတ်အာရုံက ဖြည်းဖြည်းချင်း မှေးမှိန်လာနေတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ သူ့ရဲ့ခွန်အားက သိသိသာသာ တိုးတက်လာပြီး ချောက်ကမ်းပါးအရှင်ကို ချက်ချင်း ဖိနှိပ်နိုင်ခဲ့တယ်။

လီဖူချန်း ထပ်မံပေါ်ထွက်လာတဲ့အခါ သူက တောင်တစ်လုံးကို မြင်လိုက်ရတယ်၊ အဲဒါက အနက်ရောင်တောင်တစ်လုံးပါပဲ။

တောင်ထိပ်မှာ ကြီးမားတဲ့သစ်ပင်တစ်ပင် ရှိတယ်။ သစ်ကိုင်းတွေပေါ်မှာ သစ်သီးဆယ်လုံးရှိပြီး ရေဝဲတွေနဲ့ တူတယ်။

"ရေဝဲနက်သစ်သီး" စကားလုံးတွေက လီဖူချန်းရဲ့ပါးစပ်မှ ထွက်လာတယ်။

ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက လီဖူချန်းကို ရေဝဲနက်သစ်သီးရဲ့အနီးဝန်းကျင်ကို ပို့ဆောင်ခဲ့တာပဲ။ ဒါက တကယ်ကို အံ့အားသင့်စရာတစ်ခုပဲ။

လီဖူချန်းတစ်ယောက်တည်းကသာ အနက်ရောင်တောင်ရဲ့အနီးမှာ ရှိနေတာ မဟုတ်ဘူး။ နားမဲ့လူနဲ့ သူတော်စင်တွေ၊ သားရဲအရှင်သခင်တွေလည်း ရှိနေတယ်။ အလွန်အားကောင်းတဲ့ဓားမော့တာအိုသူတော်စင်တစ်ယောက်လည်း ရှိတယ်။ ဒါပေမယ့် သူက နားမဲ့လူနဲ့ မယှဉ်နိုင်သေးပါဘူး။

***

All Chapters