← Chapters

ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်

Vol. 61 Ch. 828

ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်

Vol. 61 Ch. 828

ရွှမ်း..........

အလင်းတစ်ချက်နဲ့အတူ နားမဲ့လူက ရေဝဲနက်သစ်ပင်ရဲ့အထက်ကို ရောက်ရှိလာတယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ရေဝဲနက်သစ်သီးဆယ်လုံးထဲက နှစ်လုံးသာ ကျန်ရှိတော့တယ်။ ကျန်တာတွေအားလုံးက သူ့ရဲ့သိုလှောင်အိတ်ထဲကို ရောက်သွားပါပြီ။

"ငါ လောဘသိပ်မကြီးပါဘူး။ မင်းတို့အားလုံးအတွက် ရေဝဲနက်သစ်သီးနှစ်လုံးကို ငါ ချန်ထားပေးမှာပါ" နားမဲ့လူက ဟိုဟိုသည်သည် ကြည့်လိုက်တယ်၊ သူက ပုံမှန်အတိုင်း ပြောလိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ အဆင့်မြင့်သားရဲအရှင်သခင်တစ်ကောင်က ဒေါသထွက်သွားတယ်။ သူတို့အတွက် ရေဝဲနက်သစ်သီးနှစ်လုံး ချန်ထားပေးတာလား။ သူတို့က သူတောင်းစားတွေလို့ နားမဲ့လူက  ထင်နေတာလား။

ရေဝဲနက်သစ်‌သီးတွေအားလုံးကို ချန်ထားခဲ့ မဟုတ်ရင် သေရမယ်"

အဆင့်မြင့်သားရဲအရှင်သခင်က သူ့ရဲ့မူလပုံစံကို ပြန်ပြောင်းလိုက်တယ်၊ တောင်ပံတစ်စုံနဲ့ ဧရာမကျွဲတစ်ကောင်ပါပဲ။

ဘွတ်အဲ.........

အသံတစ်ခု ပဲ့တင်ထွက်လာတယ်၊ အဆင့်မြင့်သားရဲအရှင်သခင်က သူ့ရဲ့မွေးရာပါစွမ်းအားကို အသက်သွင်းလိုက်တာပဲ၊ အနှိုင်းမဲ့အသံတစ်ခုက နားမဲ့လူထံ ကျဆင်းလာတယ်။

ဝုန်း......ဝုန်း.......ဝုန်း........

အသံက ဓားမော့တာအိုသူတော်စင်ကလွဲပြီး အခြားသူတော်စင်တွေနဲ့သားရဲအရှင်သခင်တွေကို လွင့်ထွက်ပြီး သွေးအန်သွားစေတယ်။ ဒါတောင် အသံလှိုင်းက သူတို့ကို ပစ်မှတ် မထားထားပါဘူး။

လက်ကို ဝှေ့ယမ်းလိုက်တယ်၊ နားမဲ့လူက အသံလှိုင်းကို ပိတ်ဆို့ဖို့ လက်ဝါးတစ်ချက် ဖြစ်‌တည်စေလိုက်တယ်။ လက်ဝါးက အသံလှိုင်းကို ရှေ့ကို တွန်းပို့သွားစေတယ်။

ဝုန်း........

မြေပြင်က တုန်လှုပ်ပြီး ဧရာမလက်ဝါးရာတစ်ခုက မြေပြင်ပေါ်မှာ တည်ရှိသွားတယ်။ လက်ဝါးရာရဲ့အလယ်မှာ သွေးကန်တစ်ခုကို မည်သူမဆို ရေးရေးလေး မြင်ရမှာပါ။

"တစ်ယောက်ယောက် ပြောချင်သေးတာများ ရှိလား" နားမဲ့လူက လူတိုင်းကို ကြည့်လိုက်တယ်။

"ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်၊ မင်း ဟာသလုပ်နေတာပဲ။ မင်းက ရေဝဲနက်သစ်သီးအားလုံးကို ယူသွားရင်တောင် ငါတို့က ဘာမှ ပြောစရာမရှိပါဘူး" ဓားမော့တာအိုသူ‌တော်စင်က ဦးညွှတ်ကာ ‌ပြောလိုက်တယ်။

"ကောင်းကင်ဘုံဖျက်စီးခြင်းအရှင်လား" လူတိုင်းက မှင်တက်သွားတယ်၊ ပြီးနောက် သူတို့‌တွေ ကြောက်ရွံ့တုန်လှုပ်သွားရတယ်။

နားမဲ့လူက သူ‌တော်စင်ယင်တိုက်ကြီးရဲ့ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်ဖြစ်နေတာပဲ။

အဆင့်နိမ့်သူတော်စင်၊ အလယ်ဆင့်သူတော်စင်နဲ့ အဆင့်မြင့်သူတော်စင်တွေလို့ ခေါ်တာက ကျင့်ကြံခြင်းအဆင့်ရဲ့ဖော်ပြချက်တွေပါပဲ။

အဆင့်နိမ့်သူတော်စင်တွေက စိတ်ဝိညာဉ်‌ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၁မှအဆင့်၃အထိ ရည်ညွှန်းတယ်။ အလယ်ဆင့်သူတော်စင်တွေက စိတ်ဝိညာဉ်‌ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၄မှအဆင့်၆အထိ ရည်ညွှန်းတယ်။ အဆင့်မြင့်သူတော်စင်တွေက စိတ်ဝိညာဉ်‌ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၇မှအဆင့်၉အထိ ရည်ညွှန်းတယ်။

အထွတ်အထိပ်သူတော်စင်၊ အရှင်၊ ကောင်းကင်အရှင်နဲ့ အကြိုနတ်ဘုရားတို့က ခွန်အားအဆင့်တွေကို ဖော်ပြခြင်းပါပဲ။

အရှင်တွေက အထွတ်အထိပ်သူတော်စင်တွေထက် ပိုမြင့်ပြီး ကောင်းကင်အရှင်ထက် နိမ့်ကျတယ်။

ကောင်းကင်အရှင်တွေကို ဘယ်နေရာမှ မမြင်နိုင်တဲ့ ဒီခေတ်မှာ‌တော့ အထွတ်အထိပ်သူတော်စင်တွေက အာဏာရှင်တွေဖြစ်ကြတယ်။ အရှင်တွေက သူတော်စင်တွေကြား အုပ်ချုပ်သူတွေ ဖြစ်ကြတယ်။

နက်ပြာပလိန်းမှာ အဆင့်မြင့်တိုက်ကြီးကိုးခုရှိတယ်၊ ဒါပေမယ့် အရှင်တွေရဲ့အရေအတွက်က လက်တစ်ဖက်နဲ့တောင် ရေတွက်နိုင်တယ်။ ပျှမ်းမျှအားဖြင့် တိုက်ကြီးတစ်ခုစီမှာ အရှင်တစ်ယောက်ထက် ပိုနည်းပါတယ်။

ဒါ့အပြင် ဒီအရှင်တွေက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေကြပါပြီ။ နှစ်ပေါင်းတစ်ထောင်အတွင်း အရှင်တစ်ယောက်ပေါ်ထွက်လာတယ်လို့ ဖော်ပြစရာ မရှိပါဘူး။ ရေဝဲနက်ကျွန်းပေါ်မှာ ဒဏ္ဍာရီလာကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်နဲ့ ဆုံတွေ့ရမယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားခဲ့ကြပါဘူး။

"ငါ့ခွန်အားက သိပ်အားမကောင်းတာ ‌ကံကောင်းသွားတယ်။ မဟုတ်ရင်၊ ငါလည်း သေနေလောက်ပြီ"

လူတိုင်းက ဝမ်းမြောက်ဝမ်းသာဖြစ်နေကြရှာတယ်။

ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်သတ်ခဲ့တဲ့အဆင့်မြင့်သားရဲကို မိုးကြိုးအသံသားရဲအရှင်သခင်လို့ ခေါ်ပါတယ်။

"မင်းက အတော်လေးဗဟုသုတရှိတာပဲ။ ငါ မင်းရဲ့နာမည်ကို သိချင်တယ်" ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်က ဓားမော့တာအိုသူတော်စင်ကို အကဲဖြတ်လိုက်တယ်။

"ငါက ပျံသန်းတိမ်ဓားမော့သူတော်စင်ဖှေးယွင်ပါ"

ထိုပုဂ္ဂိုလ်ကတော့ ကျူးဟိုင်ရုံနဲ့တိုက်ခိုက်ခဲ့တဲ့ပျံသန်းတိမ်ဓားမော့သူတော်စင်ပါပဲ။

"ငါ ထင်တာမမှားရင် မင်းက မြင့်မြတ်ဓားမော့ဂိုဏ်းကမလား။ ငါ တ‌စ္ဆေအိုကြီးအဆုံးစွန်းယင်ဓားမော့သူတော်စင်ကို မတွေ့တာ အတော်ကြာပြီးပဲ။ သူ့ကို ငါ သတိရတယ်လို့ ပြောပေးပါ" ပြောနေရင်း ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်က ပျောက်သွားတော့တယ်။

ဟူး........

ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်ထွက်သွားတာနဲ့ ပျံသန်းတိမ်ဓား‌မော့သူတော်စင်က သက်ပြင်းတစ်ချက် ချလိုက်တယ်။

ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်က ဖိအားအများကြီးပေးခဲ့တာပဲ။ ထိုပုဂ္ဂိုလ်က လူကောင်းလဲ မဟုတ်သလို လူဆိုးလဲ မဟုတ်ပါဘူး၊ ကိစ္စအားလုံးက သူ့ရဲ့ခံစားချက်အပေါ်မှာ မူတည်ပါတယ်။ သူကသာ ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်ကို ရန်စမိရင် သူ့ရဲ့ရလဒ်က မိုးကြိုးအသံသားရဲအရှင်သခင်နဲ့ အလားတူသွားပါလိမ့်မယ်။ ဂိုဏ်းခေါင်းဆောင်အဆုံးမဲ့ယင်ဓား‌မောသူတော်စင်ကတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ပါဘူး။

"ရေဝဲနက်သစ်သီးက ငါ့ဟာပဲ"

ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင် ထွက်သွားတာနဲ့ သားရဲအရှင်သခင်နဲ့သူ‌တော်စင်တွေအားလုံးက ရေဝဲနက်သစ်သီးအတွက် တစ်ဟုန်ထိုးပြေးဝင်လာနေကြတယ်။

"သေကြစမ်း"

ဓားမော့အလင်းတစ်ခု တောက်ပသွားတယ်၊ ပြေးဝင်လာနေတဲ့သားရဲအရှင်သခင်နဲ့သူ‌တော်စင်တွေအားလုံးကို ခုတ်ပိုင်းလိုက်တယ်။ သွေးတွေက နေရာအနှံ့ ပြန့်ကျဲသွား‌တော့တယ်။

ဒါပေမယ့် အဆင့်နိမ့်သားရဲအရှင်သခင်တစ်ကောင်နဲ့ အဆင့်နိမ့်သူတော်စင်တစ်‌ယောက်သာ သေသွားခဲ့တယ်။ ကျန်ရှိနေတဲ့သားရဲအရှင်သခင်‌တွေနဲ့သူတော်စင်တွေကတော့ ဒဏ်ရာအပြင်းအထန်ရသွားကြတယ်။

ပြီးတော့ သူတို့ရဲ့အဆင့်မှာ သွေးမျိုးဆက်တွေအားလုံးမှာ မသေခြင်းအရိပ်အငွေ့တစ်ခု ပါဝင်ပြီး သတ်ဖို့အလွန်ခက်တယ်။ ပျံသန်းတိမ်ဓားမော့သူတော်စင်က အဆင့်နိမ့်သားရဲအရှင်သခင်တစ်ကောင်နဲ့အဆင့်နိမ့်သူတော်စင်တစ်‌ယောက်တို့ကို သတ်နိုင်ခဲ့တာကတော့ သူက အားကောင်းလွန်းပြီး  အဆင့်မြင့်သူတော်စင်အများစုထက် သိသိသာသာ ပိုသန်မာလို့ပါပဲ။ ဒါပေမယ့် အဲဒါက အဓိကအားဖြင့် သူ့မှာ ပစ်မှတ်တွေများစွာ ရှိလို့ပဲ၊ မဟုတ်ရင် သူက အလယ်ဆင့်သူတော်စင်တစ်ယောက်ကိုတောင် ဓားမော့တစ်ချက်နဲ့ သတ်ဖြတ်ဖို့ ယုံကြည်ချက်ရှိတယ်။

ရေဝဲနက်သစ်သီးက တစ်လုံးသာ ရှိရင် သူက လုယူချင်ရင်တောင် လီဖူချန်းက စဉ်းစားဖို့လိုပါလိမ့်မယ်၊ ပြီးတော့ ပျံသန်းတိမ်ဓားမော့သူတော်စင်က အားကောင်းလွန်းတယ်လေ။

ဒါပေမယ့် နှစ်လုံးရှိတာကြောင့် ဘာကိစ္စပဲဖြစ်ဖြစ် လီဖူချန်းက တစ်လုံးယူရမှာပဲ။

ဓားအလင်းတစ်ချက်တောက်ပမှုနဲ့အတူ လီဖူချန်းက ရေဝဲနက်သစ်ပင်ဆီ ပြေးသွားတယ်။

"သေခြင်းတရားက ဘာလဲဆိုတာ မင်း မသိဘူးပဲ" ပျံသန်းတိမ်ဓားမော့သူတော်စင်ရဲ့အမူအရာက အေးစက်သွားတယ်။ ဓားမော့အလင်းတစ်ခုက ပေါက်ထွက်သွားပြီး သူက လီဖူချန်းကို ချက်ချင်း မီသွားတယ်။

"ဇွက်"

အဝတ်အစတစ်ခုပမာ ဟင်းလင်းပြင်ကို ထိုးဖောက်သွားသလို ခံစားရတယ်၊ လီဖူချန်းက လွင့်ထွက်သွားတယ်။

"အမ်"

ပျံသန်းတိမ်ဓားမော့သူတော်စင်က ထိတ်လန့်သွားတယ်။ သူ့ရဲ့ဓားမော့က လီဖူချန်းရဲ့ခန္ဓာကိုယ်ကို မခုတ်ပိုင်းနိုင်ခဲ့ဘူးပဲ။

"သွားတော့"

ရေဝဲနက်သစ်သီးတစ်လုံးကို ယူပြီးနောက် လီဖူချန်းက အလင်းမြန်နှုန်းနဲ့အတူ မိုးကုတ်စက်ဝိုင်းဆီ ထွက်ပြေးသွားလေတယ်။

"ဒီလိုဉာဏ်များတဲ့ကောင်လေး" ပျံသန်းတိမ်ဓားမော့သူတော်စင်က ‌မျက်မှောင်ကြုတ်လိုက်တယ်။

အပင်ပေါ်မှာ ရေဝဲနက်သစ်သီးတစ်လုံး ရှိပါသေးတယ်၊ လီဖူချန်းနောက်ကို လိုက်ဖို့အတွက်နဲ့ ပျံသန်းတိမ်ဓား‌မော့သူတော်စင်က ဒီရေဝဲနက်သစ်သီးကို လက်လျော့မှာ မဟုတ်ပါဘူး။

"ပျံသန်းတိမ်ဓားမော့သူတော်စင်က အားကောင်းလွန်းတယ်၊ အဲကောင်လေးနောက်ကို လိုက်ကြ"

သူတို့က ပျံသန်းတိမ်ဓား‌မော့သူတော်စင်ကို ရန်မစရဲပေမယ့် လီဖူချန်းကိုတော့ ရန်စရဲပါသေးတယ်။

"ဒါက ရေဝဲနက်သစ်သီးလား"

ရေဝဲနက်သစ်သီးကို ဆုပ်ကိုင်ထားစဉ် သူက ဝါဂွမ်းတစ်ထုပ်ကို ကိုင်ထားသလို လီဖူချန်းက ခံစားရတယ်။ အဲဒါက မည်သည့်ဖိအားတစ်ခုကိုမှ မရင်ဆိုင်နိုင်သလို ခံစားရပြီး ‌မှိန်‌ဖျော့ဖျော့ရနံ့တစ်ခုကို ထုတ်လွှတ်လျက် သူ့နှာခေါင်းထဲသို့ ဝင်လာစေတယ်။ အဲဒါက လီဖူချန်းရဲ့အတွေးဖြစ်စဉ်ကို လျင်မြန်စွာလှုပ်ရှားလာစေတယ်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ" လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

မှိန်ဖျော့ဖျော့ရနံလေးက သူ့ရဲ့အတွေးဖြစ်စဉ်ကို လျင်မြန်စွာလှုပ်ရှားစေတယ်။ အဲဒါကို သုံးစွဲလိုက်မယ်ဆိုရင် ဘယ်လိုတောင်စိတ်ကူးမယဉ်နိုင်လောက်တဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာပါလိမ့်။

ရေဝဲနက်သစ်သီးကို ထိန်းသိမ်းပြီးနောက် လီဖူချန်းက လှည့်ပတ်ကြည့်လိုက်ရာ သူ့နောက်လိုက်နေတဲ့ပုံရိပ်ငါးခုကို တွေ့လိုက်တယ်။ သားရဲအရှင်သခင်သုံးယောက်နဲ့သူတော်စင်နှစ်ယောက်တို့ပါပဲ။

လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်၊ သူ့ရဲ့အရှိန်ကို တိုးမြှင့်လိုက်တယ်။

လီဖူချန်းက သူတို့ငါးယောက်ကို မကြောက်ပါဘူး။

အရိုးသားဆုံးပြောရရင် သူ့ရဲ့လက်ရှိခွန်အားနဲ့ခံစစ်အရ သူတို့ငါးယောက်က သူ့ရဲ့ခံစစ်ကိုတောင် ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ ပျံသန်းတိမ်သူ‌တော်စင် လိုက်ဖမ်းမှာကိုသာ သူက စိုးရိမ်နေတာပါ။

စောစောပိုင်းက သူ့ကို ပျံသန်းတိမ်ဓား‌မော့သူတော်စင် ဒုက္ခမပေးနိုင်တဲ့အကြောင်းရင်းက သူ့ရဲ့ကြမ်းတမ်းတဲ့ခံစစ်ကြောင့်သာ မကပါဘူး၊ အားအများစုကိုဖယ်ရှားပေးတဲ့ သူဝတ်ဆင်ထားတဲ့ချပ်ဝတ်ကြောင့်လဲ ပါပါတယ်။

ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းရဲ့အရှိန်က မြန်လွန်းတယ်။ နှစ်နာရီကြာပြီးနောက် ပုံရိပ်ငါးခုက သူ့နောက်မိုင်ရာအနည်းငယ်မှာ ကျန်ရစ်ခဲ့တော့တယ်၊ သူတို့က သူတို့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့တောင် သူ့ကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ဘူး။

"အခုဆိုရင် ငါက ရေဝဲနက်သစ်သီးကို ရရှိပြီးပြီ။ အခုက ထွက်သွားဖို့ အချိန်ပဲ" တောင်တစ်လုံးအပေါ်မှာ ရပ်နေရင်း လီဖူချန်းက အသက်ပြင်းပြင်း ရှုထုတ်လိုက်ချေတယ်။

သူက အခု အားနည်းနေတုန်းပါပဲ။ သူက ကမ္ဘာအနှံ့‌ သွားလာနေပုံပေါက်ပေမယ့် အဲဒါက သာမန်လူတွေရဲ့မျက်လုံးထဲမှာပါ။ အစစ်အမှန်ကမ္ဘာက သူ စိတ်ကူးယဉ်ထားတာထက် ပိုပြီးကြမ်းတမ်းရက်စက်ပါတယ်။ သူက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေထဲကို ကျရောက်ပြီး ထိုနေရာမှာ အမြဲတမ်း ပိတ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါက သူ မဖြစ်ချင်တဲ့အရာပါပဲ။

"ရေဝဲနက်သစ်သီးနဲ့ဆိုရင် မူလအဆုံးစွန်းဓားနည်းလမ်းကို အထွတ်အထိပ်အဆင့်ကို တွန်းပို့ဖို့ ပြဿနာတစ်ခု မဟုတ်တော့ဘူး။ ပြဿနာတစ်ခုရှိရင်တောင် ငါက ဓားတာအိုစာအုပ်အချို့ကို ပြန်ဖတ်နိုင်တာပဲလေ"

လီဖူချန်းရဲ့ပုံရိပ်က ပျောက်ကွယ်သွားပြီး သူက ရေဝဲနက်ကျွန်းရဲ့အပြင်ဘက်နယ်နိမိတ်ကို ပျံသန်းသွားခဲ့တယ်။

***

All Chapters