← Chapters

ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်

Vol. 61 Ch. 829

ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်

Vol. 61 Ch. 829

ရေဝဲနက်ကျွန်းကို ဝင်ဖို့က လွယ်ကူတယ်၊ ဒါပေမယ့် ထွက်ဖို့က အတော်လေး ခက်ခဲတယ်။

ရေဝဲရဲ့စီးကြောင်းကို ဆန့်ကျင်ပျံသန်းဖို့ လိုအပ်တယ်။

လီဖူချန်းက ခွန်အားသိသိသာသာမတိုးတက်လာရင် သူက အောင်မြင်စွာ ထွက်သွားနိုင်မလားကို မသေချာပါဘူး။

ရေနက်တိုက်ကြီးဆီ ပြန်ရောက်ပြီးနောက် လီဖူချန်းက အကြာကြီး မစောင့်ဆိုင်းခဲ့ပါဘူး။ ရှန့်ကွမ်ယွီက သူမရဲ့အစီအစဉ်ကို လုပ်ဆောင်ပြီးတာနဲ့ လီဖူချန်းက သူမကို ခေါ်ဆောင်ကာ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ခရီးနှင်လိုက်တော့တယ်။

ကျယ်ပြန့်တဲ့ပင်လယ်ပြင်ပေါ်မှာ လေသင်္ဘောနီတစ်စင်းက အရှိန်အဟုန်အလွန်အမင်းတင်လျက် ခရီးနှင်လာနေတယ်။

ဒီလေသင်္ဘောက ကျူးဟိုင်ရုံဟာ ဖြစ်ပြီး ခရီးသွားဖို့အတွက်အထူးအသုံးပြုတဲ့အထွတ်အထိပ်အဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ကာ သာမန်သူတော်စင်တစ်ယောက်လို မြန်ဆန်ပါတယ်။

လေသင်္ဘောရှိ အမှတ်အသားကို ဖယ်ရှားပြီးနောက် လီဖူချန်းက ခရီးနှင်ဖို့အတွက် အသုံးပြုလိုက်တယ်။ ဒါက ကျယ်ပြောတဲ့ပင်လယ်ကြီးပါ၊ သူ့ကို ကျူးကလန်က တွေ့ရှိမှာ မဟုတ်လောက်ပါဘူး။

ဒါက ရှန့်ကွမ်ယွီရဲ့ပထမဆုံးအကြိမ်ပင်လယ်ပြင်ခရီးပါပဲ။ သူမက အတော်လေးစိုးရိမ်ကြောင့်ကြနေသလို စိတ်လည်း လှုပ်ရှားနေရတယ်။

ပင်လယ်က ဒီကမ္ဘာမှာ အန္တရာယ်အများဆုံးနေရာပါပဲ၊ နတ်ဆိုးသားရဲတွေရဲ့ကိုးဆယ်ရာခိုင်နှုန်းက ပင်လယ်ထဲမှာပဲ အခြေချကြတာလေ။ ကုန်းမြေပေါ်ရှိနတ်ဆိုးသားရဲတွေက အလွန်သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုပါပဲ။

"လီဖူချန်း၊ ပင်လယ်ပြင်ပေါ်ခရီးနှင်တဲ့အချိန်မှာ နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်နဲ့ ထိပ်တိုက်တွေ့ဆုံဖို့ဆိုတာ လွယ်ကူလား" ရှန့်ကွမ်ယွီက မေးလိုက်တယ်။

လီဖူချန်းက ခေါင်းခါလိုက်တယ်" မလွယ်လှဘူး။ နတ်ပြာပလိန်းမှာ သားရဲအရှင်သခင်တွေ များစွာ ရှိပေမယ့် ပျမ်းမျှအားဖြင့် သားရဲအရှင်သခင်တစ်ကောင်ကသာ ကြီးမားတဲ့ပင်လယ်ပိုင်နက်တစ်ခုကို အုပ်ချုပ်နိုင်လိမ့်မယ်။ ဒါ့အပြင်၊ အဲဒါက ပင်လယ်ပိုင်နက်အပေါ်မှာလည်း မူတည်တယ်"

အချက်အလက်အားဖြင့် ပင်လယ်တွေက တိုက်ကြီးတွေလိုမျိုးပါပဲ။ နက်ပြာပလိန်းရဲ့အလယ်ဗဟိုနဲ့နီးကပ်တဲ့နေရာတွေမှာ ကောင်းကင်မြေကြီးစွမ်းအင်စုစည်းမှုက ပိုများတယ်။ အရှေ့ယူနီကွန်တိုက်ကြီးပတ်ပတ်လည်ရှိပင်လယ်ပိုင်နက်တွေကတော့ အဆင့်နိမ့်တိုက်ကြီးတစ်ခုနဲ့နီးကပ်နေတာကြောင့် အလွန်ပါးလွှာတဲ့ကောင်းကင်မြေကြီးစွမ်းအင်သာ ရှိပေလိမ့်မယ်။ဒါကြောင့် သားရဲအရှင်သခင်တွေက ထိုနေရာမှာ‌ နေဖို့ဆန္ဒမရှိကြပါဘူး၊ သားရဲမင်းတွေကတောင် မနေချင်လှပါဘူး။

ဒါပေမယ့် အဆင့်မြင့်တိုက်ကြီးပတ်ပတ်လည်ရှိ ပင်လယ်ပိုင်နက်တွေမှာတော့ သားရဲအရှင်သခင်‌တွေက ပိုများပါတယ်။ ကြိးမားတဲ့ပင်လယ်ပိုင်နက်တစ်ခုမှာ အလွန်အမင်းအားကောင်းတဲ့သားရဲအရှင်သခင်တစ်ကောင်က အုပ်ချုပ်ပြီး ပိုအားနည်းတဲ့သားရဲအရှင်သခင်တွေများစွာက စောင့်ကြပ်နေပါလိမ့်မယ်။

ဒါပေမယ့် လီဖူချန်း ပြောပြီးပြီးချင်း သူ့မျက်နှာကို ပါးရိုက်လိုက်သလိုပါပဲ။ ညစ်ပတ်ရှုပ်ပွနေတဲ့အမွေးတွေရှိတဲ့လူတစ်ယောက်နဲ့တူတဲ့အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်က လေသင်္ဘောကို တားဆီးလိုက်တယ်လေ။

"မီးပျော်သူ‌‌တော်စင် အထဲမှာ ရှိတာလား"

မေးခွန်းကို ကြားပြီး လီဖူချန်းရဲ့အမူအရာက ပြောင်းသွားတယ်။ သူက လေသင်္ဘောရဲ့အရှိန်ကို တိုးပြီး မီးသက်တံတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဟင်းလင်းပြင်ကို ထိုးဖောက်လိုက်တယ်။

"မင်းက မင်းရဲ့အကြွေးကို ဘယ်လိုလုပ်ပြီး ပြန်ရုတ်သိမ်းခဲ့တာလဲ"

အမွေးရှုပ်လူက ဒေါသထွက်သွားတယ်။ သူ့ရဲ့အကိုကြီးက မီးပျော်သူတော်စင်ကို ယုံကြည်ခဲ့တယ်၊ ဒါပေမယ့် မီးပျော်သူတော်စင်က အကြွေးကို ငြင်းပယ်ချင်နေတယ်။ ဒါက တကယ်ကို မုန်းစရာပဲ။

လေသင်္ဘောက မြန်ရင်‌တောင် အဆင့်နိမ့်သူတော်စင်တစ်ယောက်လောက်ပဲ မြန်ပါတယ်။ အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်ရဲ့မြန်နှုန်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ အချိန်တိုအတွင်း အမွေးရှုပ်လူက မီသွားတယ်။

"ကောင်းကင်မြို့ရေမိုးကြိုး"

အမွေးရှုပ်လူက မွေးရာပါစွမ်းအားကို အသက်သွင်းလိုက်တယ်၊ ကြီးမားတဲ့ရေမိုးကြိုးတွေက လေသင်္ဘောကို ရိုက်ခတ်လာတယ်။

"တကယ် ကံမကောင်းတာပဲ"

လီဖူချန်းက လေသင်္ဘောကို သိမ်းလိုက်တယ်၊ သူက ချီအားတစ်ခုကို ထုတ်လွှတ်ပြီး ဓားဆန္ဒတစ်ခုက ရှန့်ကွမ်ယွီကို ကာကွယ်လိုက်တယ်။

"မင်းက မီးပျော်သူတော်စင်မဟုတ်ဘူးပဲ။ မင်း ဘယ်သူလဲ၊ မီးပျော်သူတော်စင်ကရော ဘယ်မှာလဲ" အမွေးရှုပ်လူက အော်လိုက်တယ်။

လီဖူချန်းက ခေါင်းခါလိုက်တယ်"မင်းမှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်၊ သေမလား ဒါမှမဟုတ် ရှင်မလား"

အလယ်ဆင့်သားရဲတစ်ကောင်မှာ ပြောင်မြောက်တဲ့အသက်စွမ်းရည်ရှိပေမယ့် လီဖူချန်းက ကျူးဟိုင်ရုံကို သတ်နိုင်တာကြောင့် သူက အလယ်ဆင့်သားရဲအရှင်သခင်သခင်တစ်ကောင်ကို သတ်နိုင်ဖို့ ယုံကြည်ချက် ရှိပါတယ်။

"သေချင်နေတာပဲ" အမွေးရှုပ်လူက ရေမိုးကြိုးတွေကို လီဖူချန်းထံ ထပ်မံထုတ်ဖော်လိုက်တယ်။

ဝုန်း.......ဝုန်း.......ဝုန်း......ဝုန်း......

လီဖူချန်းက လက်သီးတစ်ချက်ထုတ်ဖော်ပြီး ရေမိုးကြိုးတွေကို ဖောက်ခွဲလိုက်တယ်။ ဧရာမလက်သီးအားက အမွေးရှုပ်လူကို လွင့်ထွက်သွားစေတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့စဦးအဆင့်မှာသာ ရှိပေမယ့် နတ်ဘုရားလက်က အထွတ်အထိပ်ခန္ဓာကိုယ်အပြင်အားနည်းစနစ်တစ်ခု ဖြစ်တယ်။ အဆင့်သတ်မှတ်ရမယ်ဆိုရင် အဲဒါက အဆုံးစွန်းအဆင့်ခန္ဓာကိုယ်အပြင်အားနည်းစနစ်တစ်ခု ဖြစ်တယ်။ ၎င်းရဲ့ခွန်အားက သာမန်အလယ်ဆင့်သားရဲအရှင်သခင်တစ်ကောင်ရဲ့အထက်မှာ ရှိတယ်။

"ဘာလဲ။ သူက ဒီလောက်‌တောင် သန်မာတာလား" အမွေးရှုပ်လူက  တုန်လှုပ်ချောက်ချားသွားတယ်၊ သူက ထွက်သွားချင်နေခဲ့တယ်။

"ထွက်သွားဖို့ စဉ်းစားနေတာလား" စောစောက လီဖူချန်း အခွင့်အရေးပေးခဲ့တယ်၊ ဒါပေမယ့် အမွေးရှုပ်လူက ဘယ်လိုလက်ဝယ်ပိုက်ရမလဲကို မသိဘူးလေ။

ဝုန်း.......

လက်သီးအားက ကြယ်တံခွန်တစ်ခုပမာ ကျဆင်းလာတယ်။ အားကောင်းတဲ့ကမ္ဘာဆွဲအား ပါရှိပြီး အမွေးရှုပ်လူကို ထိမှန်သွားတယ်၊ သွေးမြူတစ်ခု ပေါက်ကွဲထွက်သွားတယ်။

"ဒီကောင်လေးက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ပဲ"

တူညီတဲ့ကျင့်ကြံခြင်းနယ်ပယ်အတွင်းမှာ ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်က ပြိုင်ဘက်ကင်းတယ်၊ ခံစစ်ဖြစ်စေ၊ တိုက်စစ်ဖြစ်စေ ထိပ်တန်းအဆင့်မှာပါပဲ။ အဲဒါက လူသားသူတော်စင်တစ်‌ယောက်နဲ့နတ်ဆိုးသူတော်စင်တစ်ယောက်ကို ပေါင်းစပ်ထားခြင်းနဲ့ ညီမျှတယ်။

ဒီတိုက်ပွဲက ကြည်ရှည်လာရင် သူက သေချာပေါက် သေသွားမှာကို အမွေးရှုပ်လူက သိတယ်။

"တစ္ဆေရေရွေ့လျားခြင်း"

နောက်ထပ်မွေးရာပါစွမ်းအားကို အသက်သွင်းလျက် အမွေးရှုပ်လူက တစ္ဆေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတယ်။

ဝုန်း......

လီဖူချန်းက လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်၊ တစ္ဆေက ရေပေါက်ထွက်ခြင်းတစ်ခုအလား ဖြစ်သွားတယ်။

"တကယ်ကို ‌မွေးရာပါရွေ့လျား‌ရေးနည်းလမ်းတစ်ခုပဲ........." လီဖူချန်းက မျက်မှောင်ကြုတ်ကာ မချိတင်ကဲ ပြုံးလိုက်တယ်။

သူတော်စင်တွေနဲ့ နှိုင်းယှဉ်ရင် သားရဲအရှင်သခင်တွေက အားမကောင်းဘူး၊ ဒါပေမယ့် အဲဒါကလည်း နိုးထလာတဲ့မွေးရာပါစွမ်းရည်အပေါ်မှာ မူတည်တယ်။ အံ့မခန်းမွေးရာပါစွမ်းရည်တွေကို နိုးထလာစေနိုင်တဲ့ သားရဲအရှင်သခင်အချို့က တိုင်ယန်သားရဲတွေမဟုတ်သော်ငြား ရင်ဆိုင်ရတာ အတော်လေးခက်ခဲတယ်။ မွေးရာပါရွေ့လျား‌ရေးနည်းလမ်းတစ်ခုကို နိုးထလာစေခဲ့တဲ့ သားရဲအရှင်သခင်တစ်ယောက်အတွက်ကတော့ ရုတ်ချည်းသတ်ဖြတ်ကွက်တစ်ခုမဟုတ်ရင် သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။

ဒါပေမယ့် အစစ်အမှန်ခန္ဓာကိုယ် ပိုအားကောင်းလေလေ၊ နိုးထလာတဲ့မွေးရာပါစွမ်းအားက ပိုအားကောင်းလာလေလေပါပဲ။ သာမန်သားရဲအရှင်သခင်တွေက ပြင်းထန်အားကောင်းတဲ့မွေးရာပါစွမ်းအားတစ်ခုကို နိုးထဖို့က ခက်ခဲပါလိမ့်မယ်။

"သွားတော့"

ငွေရောင်စက်ဝန်းတစ်ခုကို ထုတ်ဖော်လျက် လီဖူချန်းက ရှန့်ကွမ်ယွီကို သယ်‌ဆောင်ရင်း မိုးကုတ်စက်ဝိုင်းဆီ ပျံသန်းသွားတယ်။

…

ပင်လယ်နက်ထဲမှာ တစ္တေတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာပြီး လျင်မြန်တဲ့အရှိန်နဲ့ ပျံသန်းနေတယ်။

"မီးပျော်သူ‌‌တော်စင်ကို သူ သတ်ခဲ့တာပဲ ဖြစ်ရမယ်။ ငါ အကိုကြီးကို ချက်ချင်း အကြောင်းကြားရမယ်"

အချိန်တိုအတွင်းမှာ အမွေးရှုပ်လူက ရေအောက်သားရဲမြို့တစ်ခုကို ‌ရောက်ရှိလာတယ်။ ‌ဒီမြို့က အနည်းဆုံးသားရဲဘုရင်ဖြစ်တဲ့သားရဲ‌တွေနဲ့ပြည့်နေတယ်။ မြို့က အတော်လေးရှေးကျတယ်၊ ဒါပေမယ့် အဆောက်အဦးတွေများစွာ ရှိတယ်၊ ကြီးမားတဲ့သားရဲအရိုးတွေနဲ့ တည်ဆောက်ထားတာ သိသာတယ်။

မြို့ရဲ့အလယ်မှာ ယဇ်ပလ္လင်တစ်ခုရှိပြီး ရှေးအင်းကွက်တွေကိုဆွဲဖို့အသုံးပြုတဲ့အစီမ်းရောင်ပုံဆောင်ခဲတွေ တည်ရှိနေတယ်။

ရွှမ်း.........

အမွေးရှုပ်လူက ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာတယ်။ အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး လူက ပျောက်သွားတယ်။

လူသားတွေနဲ့အလားတူစွာ၊ နတ်ဆိုးသားရဲတွေမှာလည်း ဂိုဏ်းတွေများစွာ ရှိတယ်၊ အလွန်အမင်းအားကောင်းတဲ့ဂိုဏ်းက ဆယ်ဂိုဏ်းရှိတယ်။

ဆယ်ဂိုဏ်းထဲကတစ်ဂိုဏ်းကတော့ အရူးသားရဲနန်းတော်ပါပဲ။

အရူးသားရဲနန်းတော်သခင်က တိုက်ပွဲကောင်းကင်ဘုံမဟာတိုင်ယန်ဖြစ်ပြီး အထွတ်အထိပ်အဆင့်လူသားသူတော်စင်ထက် မနိမ့်ကျပါဘူး။ သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က အလယ်ဆင့်တိုင်ယန်သားရဲဖြစ်တယ်။

သူ့ရဲ့လက်အောက်မှာ သားရဲအရှင်သခင်ရှစ်ကောင် ရှိတယ်။

သားရဲအရှင်သခင်ရှစ်ကောင်ထဲမှတစ်ကောင်ဖြစ်တဲ့ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က ခရမ်းရောင်မိုးကြိုးမြို့မှာ တည်ရှိတယ်။ ရင်ပြင်ရဲ့ယဇ်ပလ္လင်ပေါ်မှာ အစိမ်းရောင်အလင်းတစ်ခု လက်သွားပြီး အမွေးရှုပ်လူက ထွက်ပေါ်လာတယ်။

မရပ်တန့်ဘဲ အမွေးရှုပ်လူက ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်ရဲ့နန်း‌တော်ဆီ တစ်ဟုန်ထိုးပြေးသွားတယ်။

သူက ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်ရဲ့ညီဖြစ်တယ်။ သူတို့မှာ တူညီတဲ့သွေးမျိုးဆက်တွေ ရှိတယ်၊ ဒါပေမယ့် သူက ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်လောက် အားမကောင်းပါဘူး။ ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က အဆင့်မြင့်သားရဲအရှင်သခင်မကဘူး၊ သူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က အဆင့်နိမ့်တိုင်ယန်သားရဲ ဖြစ်တယ်။ အမွေးရှုပ်လူရဲ့သွေးမျိုးဆက်ကတော့ အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ရဲ့အဆင့်မှာ မရှိပါဘူး။

"မိုးကြိုးနက်၊ မင်းဘာလို့ ပြေးလွှားနေရတာလဲ။ ဘာဖြစ်လာတာလဲ"

အမွှေးရှုပ်လူက နန်းတော်နဲ့ မနီးကပ်ခင် အသံတစ်ခုက သူ့ရဲ့နားထဲကို ကူးပြောင်းလာတယ်။

"အကို၊ မီးပျော်သူတော်စင်ရဲ့ကြက်သွေးရောင်မီး‌လေသင်္ဘောကို အပြင်မှာ မြင်ခဲ့တယ်။ မီးပျော်သူတော်စင်က အထဲမှာ ရှိမယ်လို့ ငါ ထင်ပြီး သူ့ကို ခရမ်းရောင်မိုးကြိုးမြို့ကို ‌ဖိတ်ခေါ်ချင်ခဲ့တယ်။ အဲအစား လေသင်္ဘောထဲမှာ ရှိနေတာက ခန္ဓာကိုယ်အပြင်အားသူတော်စင်တစ်ယောက်ဖြစ်နေမယ်လို့ ငါ မထင်ထားခဲ့ဘူး"

ဆံပင်ရှုပ်လူက အဖြစ်အပျက်တစ်ခုလုံးကို အသေးစိတ်ရှင်းပြလိုက်တယ်။

ဝုန်း.......

အရိပ်ပမာခရမ်းရောင်မိုးကြိုးတစ်ခု ဖြစ်တည်လာပြီး ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က အမွေးရှုပ်လူရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။

"သူက မီးပျော်သူတော်စင်ကို သတ်ခဲ့တယ်လို့ မင်း ပြောချင်တာလား" ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်မှာ ခရမ်းရောင်အမွေးတွေ ရှိပြီး သူ့မျက်လုံးကလည်း ခရမ်းရောင်သမ်းနေတယ်။

"အဲလိုပဲ ဖြစ်လောက်တယ်" အမွေးရှုပ်လူက ခေါင်းညိတ်လိုက်တယ်။

"တောက်" ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က ဒေါသထွက်သွားတယ်။

သူက မီးပျော်သူတော်စင်နဲ့ နှောင်ဖွဲ့ခြင်း သိပ်မရှိပါဘူး၊ မီးပျော်သူတော်စင်က သေ‌သေရှင်ရှင် ကိစ္စမရှိပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က သူက မီးပျော်သူတော်စင်နဲ့အပေးအယူတစ်ခု လုပ်ထားတယ်။ ဒါ့ပြင် သူ့မှာ မီးပျော်သူတော်စင်ရဲ့ရတနာအပိုင်းအစတစ်ခုတောင် ရှိတယ်။ မီးပျော်သူတော်စင်က အပေးအယူကို ချိူးဖောက်မှာကို သူ မကြောက်ပါဘူး။

ကျူးကလန်က အားကောင်းသလို အရူးသားရဲနန်းတော်ကလည်း အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့နေရာတစ်ခု မဟုတ်ပါဘူး။ မီးပျော်သူတော်စင်က အပေးအယူကို ချိုးဖောက်ခဲ့ရင် သေချာပါတယ်၊ သူက မီးပျော်သူ‌တော်စင်ကို လူမြင်ကွင်းမှာ မနေနိုင်အောင် လုပ်မှာပါ။ မီးပျော်သူတော်စင်က အသတ်ခံရမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။ ဆိုလိုတာက အခုတော့ ရတနာက ဆုံးရှုံးသွားပြီးပေါ့။

"မင်းပြောတဲ့တည်နေရာအရဆိုရင် သူက သူ‌တော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီ ခရီးနှင်နေတာပဲ။ အချိန်မီပါစေလို့ ငါ မျှော်လင့်တယ်"

ခရမ်းရောင်မိုးကြိုးသားရဲအရှင်သခင်က ခရမ်းရောင်မိုးကြိုးတစ်ခုအဖြစ် ပြောင်းသွားပြီး ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာတယ်။အစိမ်းရောင်အလင်းလျှပ်တစ်ပြက်နဲ့အတူ သူက ပျောက်သွား‌တော့တယ်။

***

All Chapters