ရှေးဟောင်းသစ်ပင်ပေါ်၌ နားသော ခေါင်းကိုးလုံးမီးငှက်
Vol. 43 Ch. 593
ထော့ကျိုး ဒေါသထွက်သွားပြီး အော်သည်။ “မူအာ၊ ဘိုးဘိုးထော့ကျိုး သင်ပေးထားတာတွေကို မင်း မေ့သွားပြီ... မင်းက သားသတ်သမားလို ဘယ်လိုရဲရင့်ရမလဲ၊ ကြမ်းတမ်းရမလဲပဲ သိတော့တယ်... သူ့အတိုင်း လုပ်ရင် မင်းလည်း အနှေးနဲ့အမြန် နှစ်ပိုင်းဖြတ်ခံရလိမ့်မယ်... သားသတ်သမား၊ မင်းမျက်နှာက ဘာဖြစ်သွားတာလဲ.... ဓားမကို ချထားစမ်း.... ငါတို့ ဒီမှာ အလေးအနက်ပြောရမယ်... ငါက မူအာ အကောင်းဆုံးဖြစ်ဖို့အတွက်ပဲ ပြောနေတာဟ”
သူက လည်ပင်းအနားမှ ဓားမကို ဂရုတစိုက် တွန်းထုတ်လိုက်သည်။
ချင်မူ သူ့ကို ပြုံးပြုလိုက်၏။ “ဘိုးဘိုးထော့ကျိုး စိတ်မပူပါနဲ့..... ကျွန်တော် ဘာလုပ်နေလဲ ကျွန်တော်သိပါတယ်… သူ ကျင့်ထားတဲ့ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်ဆိုတာ သူ့ရဲ့ဘိုးဘေးတွေ ဖန်တီးထားတာ.... သူကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ဘူး... ဒါ့ကြောင့် စွမ်းအား ဘယ်လောက်ထုတ်လွှတ်နိုင်မလဲက သူ့ရဲ့အတွေးအခေါ်အပေါ်ပဲ မူတည်တယ်... ဆိုလိုတာက သူ့ကိုယ်ပိုင်ကျင့်စဉ်မဟုတ်လို့ ကျင့်စဉ်က ဧကရာဇ်ပလ္လင်အဆင့်ကနေ တစ်ဆင့်ကျသွားပြီး နတ်ကောင်းကင်ခန်းမအဆင့် ကျင့်စဉ် ဖြစ်သွားလိမ့်မယ်
“ဒါ့အပြင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့် ကောင်းကင်နတ်ဘုံကတော့ အဲ့ဒီလိုပြောင်းလဲနေမှာမဟုတ်ဘူး.... ဒီတော့ ချီကျုံရီရဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်က နောက်တစ်ဆင့် နိမ့်သွားပြီး ကျောက်စိမ်းမြို့တော်အဆင့် ကျင့်စဉ်ပဲ ဖြစ်သွားပြီ”
သူက စကားနှစ်ခွန်းတည်းဖြင့် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို အဆင့်နှစ်ဆင့် ချနိုင်သွားသည်။
“ကျောက်စိမ်းမြို့တော်အဆင့် ကျင့်စဉ်ပဲ ဖြစ်နေတာတောင်မှ အဆင့်မြင့်နေတုန်းပဲ.... အစစ်အမှန်နတ်ဘုရား၊ နဂါးသွဲ့ရေကန်၊ နတ်ဘုရားစီရင်ရာစင်မြင့်ဆိုတဲ့ အဆင့်သုံးဆင့်ကို ကျော်ဖြတ်ပြီးတော့မှ ကျောက်စိမ်းမြို့တော်ကို ရောက်တာလေ” ထော့ကျိုးက အေးစက်စက် ပြောလိုက်သည်။
ချင်မူက ယုံကြည်ချက်ပြည့်၀နေ၏။ “ကျွန်တော့်အစစ်အမှန်နတ်ဘုရားကျင့်စဉ်က ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတာမလို့ စွမ်းအားအကုန် ထုတ်လွှတ်နိုင်ရင် အဆင့်တစ်ဆင့် မြင့်သွားပြီး ကျောက်စိမ်းရေကန်အဆင့် ကျင့်စဉ်နဲ့ ညီမျှသွားလိမ့်မယ်.... ဒါ့အပြင် ကျွန်တော်က လောကသခင်ခန္ဓာလည်း ဖြစ်နေတော့ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် ကျင့်စဉ်နဲ့ ယှဉ်နိုင်တယ်.... ဒါကြောင့် ကွာဟမှုက သိပ်မကြီးမားတော့ဘူး”
ထော့ကျိုးမှာ ဒေါသထွက်လွန်း၍ ပြောစရာစကား ရှာမရအောင် ဖြစ်နေသည်။
“ထော့ကျိုး၊ ဒါက နင် ကောင်းကင်တံတားကို ဖြတ်ပြီး ကောင်းကင်နတ်ဘုံဆီ မ၀င်ရောက်နိုင်သေးတဲ့ အကြောင်းရင်းပဲ..... နင်က ကြောက်လွန်းအားကြီးတယ်... ကြောက်လွန်းလို့ ကောင်းကင်တံတားကို မဖြတ်သန်းနိုင်တာ.... တကယ်တော့ နင့်ကျင့်စဉ်စွမ်းအင်က ဖြတ်သန်းဖို့ လုံလောက်နေပြီ.... ကံကောင်းလို့ မူအာ နင့်ဆီက မသင်ခဲ့လို့သာပေါ့.... နင့်ဆီကများ သင်ခဲ့ရင် သူ ဘာကိုမှ ပေါက်ပေါက်မြောက်မြောက် အောင်မြင်မှာမဟုတ်ဘူး” အဘွားစစ်က ပြောလိုက်သည်။
ထော့ကျိုးမှာ သူမစကားကြောင့် မီးပုံယမ်းကျ ပေါက်ကွဲသွားပြီး ဒေါသတကြီးပြောလိုက်၏။ “အေး နင်တို့ပဲ ဂရုစိုက်နေလိုက်.... ငါ ဂရုမစိုက်တော့ဘူး.... သူ အနှေးနဲ့အမြန် သေအောင်ရိုက်သတ်ခံရမှာကိုပဲ ကြည့်တော့မယ်”
ထိုသို့ ပြောနေပါသော်လည်း ထော့ကျိုးမှာ ချင်မူ့အတွက် အလွန်စိုးရိမ်နေသေး၏။ အဘွားစစ် ချင်မူ့ကို မြစ်ကမ်းဘေးမှ ကောက်လာခဲ့တုန်းက ဒုက္ခိတဘိုးဘွားကျေးရွာတွင် ချင်မူ့ကို ပထမဆုံးလက်ခံပေးခဲ့သူမှာ သူ ဖြစ်သည်။ ချင်မူ အိပ်ရာထဲ သေးပေါက်ချတတ်၍ အဘွားစစ် စိတ်တိုပြီး လွှတ်ပစ်တတ်သည့် အခါများတွင်လည်း ညည်းညူခြင်းမရှိဘဲ ပြန်ခေါ်လာတတ်သူမှာ ထော့ကျိုးပင် ဖြစ်သည်။
ချင်မူ နည်းနည်းကြီးလာသည့်အခါ ကစားရန် အဖော်မရှိသည့်အတွက် ဤအဘိုးကြီပင် သူနှင့် အတူတူ ကစားပေးခဲ့သည်။ မှန်သည်၊ ချင်မူ့ကို အနိုင်လည်းကျင့်တတ်သည်။ အဘွားစစ် ဝယ်ပေးသော သကြားတုတ်ထိုးများကို စားတတ်သည်၊ အဘိုးကြီးမာ လုပ်ပေးထားသော အရုပ်များကို ခိုးထားတတ်သည်။ ချင်မူ့ကို ငိုအောင် လုပ်သူမှာလည်း သူသာ ဖြစ်ပြီး အဘွားစစ် စိတ်မကျေနပ်မချင်း အထုအထောင်း အရိုက်အနှက်ခံခဲ့ရ၏။
ထိုနှစ်များအတောအတွင်း ရွာလူကြီးက ပြိုလဲနေခဲ့သည်။ မျက်ကန်း၏ တာအိုနှလုံးသားမှာ ရှင်းအန်းကြောင့် ပျက်စီးနေခဲ့သည်။ အဘွားစစ်မှာ တာအိုနှလုံးသားထဲ၌ ငုပ်လျှိုးနေသော လီထျန်းရှင်းအား စိုးထိတ်ခဲ့ရသည်။ ရွှေအက မည်သူနှင့်မျှ စကားမပြောဘဲ တိတ်ဆိတ်စွာ ပန်းပုထုတ်နေတတ်၏။ ဆေးဆရာတွင်လည်း အချစ်ကြွေးများ ပုံနေခဲ့သည်။ နားကန်းကလည်း မည်သူ့ကို ဂရုမစိုက်တတ်သလို၊ အဘိုးကြီးမာက ချင်မူ့ကို မြင်တိုင်း ဆုံးပါးသွားသော ဇနီးသည်နှင့် ကလေးများကို သတိရတတ်သည်။ သားသတ်သမားကမူ မကြာမကြာ စိတ်ရူးဖောက်သွားတတ်၏။
ထိုစဉ်တုန်းက သူတို့၏နှလုံးသားထဲရှိ အထုံးများအား မဖြေရသေးပေ။ ထော့ကျိုးတစ်ယောက်တည်းသာ ဧကရာဇ်အတိုင်ပင်ခံကြောင့် ထွက်ပြေးလာပြီး ရွာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူ့တွင် စိုးရိမ်ပူပန်စရာများ မရှိခဲ့၍ သူတစ်ယောက်တည်းသာ ချင်မူ့ကို အနွံတာ ခံနိုင်ခဲ့လေသည်။
ဖုရွေ့လော်မှာ ရန်ဖြစ်နေသော အုပ်စုကို မြင်လျှင် စိတ်ရှုပ်ထွေးသွားသည်။ နတ်ဘုရားများအကြား ဆက်ဆံရေးမှာ များသောအားဖြင့် ယဉ်ကျေးရိုသေမှု ရှိကြ၏။ ရန်သူဖြစ်လျှင်ပင် တစ်ယောက်ကိုတစ်ယောက် လေးစားကြသည်။ ဒုက္ခိတဘိုးဘွားကျေးရွာ၏ နတ်ဘုရားများလို နေ့စဉ်နေ့တိုင်း ရန်ဖြစ်နေသော နတ်ဘုရားမျိုး မရှိပေ။
“ကျဲ့ဟွလီ သခင်လေးချီနဲ့ တိုက်ခိုက်တဲ့အခါ ဂရုစိုက်ဖို့ လိုတယ်” ဖုရွေ့လော်က ကျဲ့ဟွလီကို မတားပေ။ “အခု မင်းက ပညာဆုံးခန်းတိုင်သွားပြီ.... ငါ မင်းကို သင်ပေးနိုင်တာလည်း မရှိတော့ဘူး... မင်းရဲ့ တခြားဆရာ လော့ဝူရွှမ်အတွက်လည်း အလားတူပဲ... ဒီနေ့ကစပြီး မင်း ကိုယ့်ဘာသာကိုယ် လမ်းထွင်ရလိမ့်မယ်... သခင်လေးချီနဲ့ တိုက်ခိုက်တာက မင်းသဘောပဲ... ငါ မင်းကို မတားဘူး... သွား တိုက်ခိုက်လိုက်”
ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဘုရင်ဖြစ်သည့်အလျောက် ဖုရွေ့လော်၏ စိတ်နေစိတ်ထားက တစ်ပါးသူနှင့်မတူပေ။ ရန်သူဖြစ်ပါသော်လည်း သူ၏အပြုအမူများက အလွန်လေးစားစရာကောင်းကြောင်း ဝန်ခံရမည်။
ကျဲ့ဟွလီက ကျေးဇူးတင်စကားဆိုကာ ချီကျုံရီဆီသို့ ကြည့်သည်။ သူ့မျက်လုံးထဲ၌ ဓားမရောင်တစ်ချက် လက်သွားသည့်အလား ထင်ရ၏။
သူ၏ဓားကွက်မှာ ယခုလေးတင် ပုံပေါ်လာခဲ့သဖြင့် ဓားကွက်၏စွမ်းအားကို စမ်းကြည့်ရန် တစ်စုံတစ်ယောက်အား လိုအပ်နေသည်။
“ဖုရွေ့လော်၊ မင်းရဲ့တပည့်က သခင်လေးချီအတွက် ပြိုင်ဘက်မဟုတ်ဘူး” လုလီက ခပ်တိုးတိုး ပြောသည်။ “သူ့အမွေက ဘယ်လောက် ကြောက်စရာကောင်းလဲ မင်းမသိဘူး.... သူ့ဆရာက ကောင်းကင်နတ်ဘုံရဲ့ ဘိုးဘေးတစ်ယောက်ဖြစ်သလို၊ သမိုင်းခေတ်ဦး ဖြစ်တည်မှုလည်း ဟုတ်တယ်.... မဟာမြို့ပျက်ကို သူ ဖန်ဆင်းခဲ့တာ”
ဖုရွေ့လော်၏ ဘယ်ဘက်မျက်နှာဆီမှ အေးတိအေးစက် အသံထွက်လာသည်။ “အဲဒီတော့ ? ... ရှေးခေတ်ကနေ ဒီနေ့ထက်ထိ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ နဲ့ ကောင်းကင်နတ်သိုင်းအားလုံး ပြောင်းလဲသွားခဲ့ပြီ.... သမိုင်းခေတ်ဦး ဖြစ်တည်မှုတွေလည်း ထင်ထားသလောက် အင်အားမကြီးတော့ဘူး.... မင်းက ကောင်းကင်နတ်ဘုံကို သိပ်မြှောက်စားလွန်းအားကြီးတယ်
“ကျဲ့ဟွလီက မိစ္ဆာနတ်ဆိုးမဟုတ်ပေမယ့် ငါတို့ရဲ့ စိတ်ဓာတ်ကို အမွေဆက်ခံထားတဲ့သူပဲ... သန်မာတဲ့သူနဲ့ တွေ့ရင် သူက ပိုသန်မာလာတယ်.... သူ့တိုက်ကွက်တွေလည်း ကြမ်းသထက် ကြမ်းလာတယ်... သူ့အတွေးအခေါ်တွေက မြင့်မားလွန်းလို့ ကောင်းကင်ဓားမ နေဧကရာဇ်ကို ဓားမတစ်ချက်တည်းနဲ့ ခုတ်ပိုင်းလိုက်တဲ့အချိန်မှာ သဘောတရားအနှစ်သာရကို ဖမ်းဆုပ်မိခဲ့တယ်... ဘယ်သူက အဲဒီလိုလုပ်နိုင်မှာလဲ... ကျဲ့ဟွလီ ဒီတိုက်ပွဲကို မရှုံးဘူး...”
လုလီက နှာခေါင်းရှုံ့ကာ မည်သည်ကိုမျှ မပြောတော့ပေ။
ထန်း
ဓားမရောင် ဖြာထွက်လာပြီး ကျဲ့ဟွလီ စတင်လှုပ်ရှားသည်။
သူက လော့ဝူရွှမ်၏ ဓားမသိုင်းကို သုံးလိုက်၍ ဓားမရောင်သည် တစ်ရောင်မှ နှစ်ရောင်၊ နှစ်ရောင်မှ လေးရောင်၊ လေးရောင်မှ ရှစ်ရောင် စသဖြင့် ကွဲထွက်လာ၏။ သူ့လက်ထဲရှိ မိစ္ဆာဓားမက စိတ်လှုပ်ရှားလာပြီး ချီကျုံရီဆီသို့ မမှိတ်မသုန် ကြည့်နေသည်။ ဓားမရောင်ကား ဆထက်တိုး ကွဲထွက်လျက်ပင်။
ချီကျုံရီက မလှုပ်မယှက် ရပ်နေသည်။ သို့သော် သူ့အနောက်၌ မီးလျှံများ ဖွဲ့တည်လာပြီး မီးငှက်တစ်ကောင် တောင်ပံခတ်နေသကဲ့သို့ လှုပ်ခတ်လာသည်။ တောင်ပံများမှ ဖြန့်ကျက်လိုက်သော လေအဟုန်က ငှက်မွှေးများကို ရှေ့သို့ ပို့လွှတ်လိုက်၏။ မီးလျှံငှက်မွှေးများက အလွန်လှပနေပြီး ဓားမရောင်များနှင့် ထိတွေ့သည့်အချိန်တွင်ပင် ပြတ်ထွက်မသွားပေ။
တခဏအတွင်း ကျဲ့ဟွလီ၏ ဆတိုးကွဲထွက်ဓားမသိုင်းသည် ဓားရောင်တစ်သောင်းအဖြစ် ကွဲထွက်သွားသည့်တိုင် မီးငှက်၏ ငှက်မွှေးတောင်များဖြင့် ထိတိုက်သွားသည့်အခါ ငှက်မွှေးများအား မထိုးဖောက်နိုင်ပေ။
မီးလျှံငှက်မွှေးများကမူ ဓားမရောင်များကို ထိုးဖောက်ကာ ကျဲ့ဟွလီဆီသို့ ပြေးဝင်လာသည်။
ကျဲ့ဟွလီက ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး နောက်တခဏတွင် ပြန်ပေါ်လာသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ၏ခန္ဓာကိုယ်က တခဏ ရပ်သွားတတ်ပြီး သူ့လက်ထဲရှိ မိစ္ဆာဓားမကို ခုတ်ချတတ်သည်။
ထိုးဓား၊ ကော်ဓား၊ လှုပ်ရမ်းဓား၊ ပိုင်းဓား၊ ခုတ်ဓား၊ ထိုးသွင်းဓား၊ ဆတ်ခနဲထိုးဓား၊ ပယ်ဓား၊ ဝိုက်ဆွဲဓား၊ ရစ်လှီးဓား၊ သိမ်းခုတ်ဓား၊ ပင့်ဓား၊ ဖြတ်ဓားနှင့် ရိပ်ဓားဟူသော အခြေခံဓားချက်များ ထွက်ပေါ်လာသည်။
ဓားချက်များသည် နေလုံးကြီးအသွင်၊ တောင်ကို ပိုင်းဖြတ်နေသော မိစ္ဆာနတ်ဘုရားတစ်ပါးအသွင်၊ ပန်းပွင့်သစ်ရွက်များ လွင့်မျောနေသော ကြာရေကန်အသွင်ဖြင့် ဖြာထွက်လာ၏။ ပုံရိပ်သွင်အားလုံး ဖွဲ့တည်လာပြီး ဓားရိပ်များသည် ကောင်းကင်အပြည့် နေရာယူကာ ချီကျုံရီဆီသို့ ခုတ်ချလိုက်၏။
ကျဲ့ဟွလီက လေအလျဉ်လို မြန်သည်။ အစစ်အမှန်နတ်ဘုရားငယ်အဆင့် ရုပ်ခန္ဓာ၏ အမြန်နှုန်းဖြင့် သူ့နောက်တွင် ပုံရိပ်များသာ ကျန်ခဲ့သည်။ သူ၏အလျင်ကား ချင်မူ့အောက် မလျော့ကျပေ။
ထိုမျှလျင်မြန်သော အမြန်နှုန်း၊ သန်မာသော ရုပ်ခန္ဓာကြောင့် ချီကျုံရီ၏ပတ်ပတ်လည် မိုင်တစ်ရာဧရိယာတွင် ကျဲ့ဟွလီ၏ ပုံရိပ်များသာ ပြည့်နေတော့သည်။ ပုံရိပ်တို့က ချီကျုံရီကို ဝိုင်း၍ တိုက်ခိုက်နေကြသည်။
ထိုမျှသာမကသေး၊ ကောင်းကင်ယံတွင်ပင် ကျဲ့ဟွလီ၏ ပုံရိပ်များ ပြည့်နေသည်။ အလျားလိုက် လှဲနေသော ပုံရိပ်၊ မှောက်နေသော ပုံရိပ်၊ ဒေါင်လိုက် ရပ်နေသော ပုံရိပ်နှင့် ဇောက်ထိုးဖြစ်နေသော ပုံရိပ်များပင် ရှိနေ၏။ သူတို့အားလုံး ထူးဆန်းသည့် ကိုယ်ဟန်အနေအထားများဖြင့် ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည်။
ချီကျုံရီက မလှုပ်မယှက် ရပ်နေဆဲပင်။ သို့သော် လောကတစ်ခွင် မြင်နိုင်သည့်အလား သူ၏မီးငှက်မွှေးများက တရှဲရှဲ တောက်လောင်လျက် တိုးပွားလာသည်။ မီးငှက်တောင်များက ပတ်ပတ်လည်တွင် ပြည့်နှက်လာကာ ကျဲ့ဟွလီ၏ မိစ္ဆာဓားမ အနားတိုးကပ်မလာအောင် ကာဆီးနေ၏။
ငှက်တောင်တချို့က ကျဲ့ဟွလီ အနောက်ပင် လိုက်သွားကြသည်။ ကျဲ့ဟွလီ၏ ပြေးနှုန်းက လျင်မြန်ပြီး သိုင်းစွမ်းအားလည်း ပြင်းထန်သော်လည်း မီးငှက်မွှေးများက ကျဲ့ဟွလီအတွက် အန္တရာယ်ရှိနေသေးကြောင်း ချင်မူတို့အားလုံး မြင်နေရသည်။
ကျဲ့ဟွလီက မြေပြင်ကို နင်း၍ တရှိန်ထိုး ရှပ်ပြေးနေသည်။ သူ တစ်ခါပြေးလိုက်တိုင်း လေခွင်းသွားသည့် မိုးခြိမ်းသံပမာ အသံထွက်လာတတ်၏။ သူ ရှပ်ပြေးလိုက်သည့် အကွာအဝေးတိုင်းအား တိုင်းကြည့်လျှင် အကွာအဝေးက အံ့အားသင့်ဖွယ်ကောင်းစွာနှင့် တူညီနေလိမ့်မည်။
သူ့ခြေထောက် မြေပြင်နှင့် ထိသွားသော နေရာတိုင်းအား ဆက်,လိုက်ပါက ပထမခြေရာနှစ်ခုသည် စက်ဝန်းတစ်ခု၏ အဝန်းပြတ်ပမာ ရှိ၏။ ခြေရာများလာလေလေ၊ လုံးဝန်းသော စက်ဝိုင်းတစ်ခု ပုံပေါ်လာလေလေ ဖြစ်သည်။
ချီကျုံရီကို ဗဟိုတွင် ထားလျက် ကျဲ့ဟွလီ လှည့်ပြေးနေသည်။ သို့သော် သူကား ပြင်ညီပေါ်တွင်သာ ပြေးနေခြင်းမဟုတ်၊ သုံးဖက်မြင်ဟင်းလင်းပြင်ထဲတွင် ပြတ်ပြေးနေခြင်းဖြစ်သည်။ တစ်ချက်တစ်ချက် နီးလာတတ်၏။ တစ်ချက်တစ်ချက် ဝေးသွားတတ်သည်။ တစ်ချက်တစ်ချက် အပေါ်၌ ရှိနေပြီး တစ်ချက်တစ်ချက် အောက်၌ ရှိနေသည်။ တစ်ချက်တစ်ချက် ညာသို့ ရောက်နေပြီး တစ်ချက်တစ်ချက် ဘယ်သို့ ရောက်နေတတ်သည်။ ပြေးလမ်းအားလုံးကို ဆက်လိုက်ပါက မြင်ကွင်းကား အတိုင်းထက်အလွန် ရင်သပ်ရှုမောဖွယ်ကောင်းလိမ့်မည်။
ဤသို့ဖြင့် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် ဓားကွက်များကား ခန့်မှန်းမရတော့ပေ။
သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုများမှာ ကောင်းကင်ဓားမ လော့ဝူရွှမ်ဆီမှ အမွေဆက်ခံထားရခြင်းဖြစ်၏။ လော့ဝူရွှမ်၏ ခြေလှမ်းခြေကွက်များနှင့် ဓားကွက်များက အလွန်တိကျသည်မဟုတ်ပါ၏လော။
သို့သော် ကျဲ့ဟွလီမှာ ရန်သူ့ဆီမှ တဖြည်းဖြည်း ဝေးကွာသွား၏။
ချီကျုံရီမှာမူ တစ်နေရာတွင် မလှုပ်မယှက်သာ ရပ်နေသေးသည်။ မီးငှက်မွှေးများ ယူထားသည့် နေရာက တစထက်တစ ကြီးမားလာရာ ကျဲ့ဟွလီ နောက်ဆုတ်နေရတော့သည်။
ငှက်မွှေးတောင်များသည် ချီကျုံရီ၏ ဝိညာဉ်လက်နက်မဟုတ်သေးပေ၊ ကောင်းကင်နတ်သိုင်း ဖြစ်၏။ ကောင်းကင်နတ်သိုင်းဖြင့် သူက ကျဲ့ဟွလီ အနားမကပ်နိုင်အောင် လုပ်နိုင်ပေသည်။
ထိုတင်မကသေး၊ မီးငှက်မွှေးများက ရုပ်သွင်တစ်ခုကို တဖြည်းဖြည်း ဖွဲ့တည်ပေးနေသည်။
ရုပ်သွင်သည် လင်းလက်တောက်ပနေသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ဖြစ်၏။
သစ်ပင်ကြီးက လူငယ်၏အနောက်၌ မားမတ်စွာ ရပ်တည်နေပြီး သစ်ပင်ထိပ်ဖျားက ကောင်းကင်ယံကို အုပ်မိုးထားသည်။ ရောင်စုံအလင်းတန်းများ ဖြာကျလျက်ရှိရာ ကျဲ့ဟွလီသည် သစ်ပင်အောက်၌ နတ်ဘုရားတစ်ပါးသဖွယ် တင့်တယ်နေ၏။
တိုက်ပွဲကို စောင့်ကြည့်နေသော လူများမှာ လေးနက်တည်ကြည်သွားကြတော့သည်။ အထူးသဖြင့် အဘွားစစ်ပင်။
အဘွားစစ်၏ မှော်အစီအရင်များသည် ဒုက္ခိတဘိုးဘွားကျေးရွာတွင် အားအကောင်းဆုံး ဖြစ်ပြီး ကောင်းကင်နတ်သိုင်းပညာအရာတွင် အဘွားစစ်သည် စိတ်ကူးဉာဏ်ကွန့်မြူးတတ်၏။ စိတ်နှလုံးမိစ္ဆာကို ချေဖျက်ပြီးနောက် သူမမှာ မှော်ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ ဝင်ရောက်လုဆဲဆဲ ဖြစ်သည့်အတွက် သူမ၏အနာဂတ်မှာ တောက်ပလေသည်။
သူမ၏ကောင်းကင်နတ်သိုင်းများက ဒုက္ခိတဘိုးဘွားကျေးရွာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးတွင် ပထမဟုပင် သတ်မှတ်နိုင်၏။
သို့တိုင်အောင် ချီကျုံရီ၏ ကောင်းကင်နတ်သိုင်းက ပို၍လှပပြီး နက်နဲသော ကောင်းကင်နတ်သိုင်းအဆင့်အား ပြသပေးခဲ့သည်။ ရှေးဟောင်းသစ်ပင်မှာ ချီကျုံရီကိုယ်တိုင် ဖန်တီးထားသော ကောင်းကင်နတ်သိုင်းမဟုတ်၊ သူ၏ကျင့်စဉ်မှ ဖွဲ့တည်လိုက်သော ကောင်းကင်နတ်သိုင်း ဖြစ်သည်။
ချီကျုံရီသည် သင်ထားသည့်အရာကို အသုံးချနေခြင်းသာ ဖြစ်သည့်တိုင် ကောင်းကင်နတ်သိုင်း၏ စွမ်းအားက အဆင့်တူအားလုံးထက် သာလွန်နေသည်။
ကောင်းကင်နတ်သိုင်း၏ လှပသေသပ်မှုနှင့်ပင် အဘွားစစ်မှာ သူ့အောက် နိမ့်ကျသည်ဟု ဝန်ခံလိုက်ရ၏။
ရှေးဟောင်းသစ်ပင်က မရေမတွက်နိုင်သော ငှက်မွှေးအတောင် ကောင်းကင်နတ်သိုင်းများအား စုဝေးထားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံက အလွန်အနုစိတ်လှသဖြင့် သူမ တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ထို့အပြင် ချီကျုံရီ၏စွမ်းအားက အသင့်ဖြစ်နေချေပြီ။
“မူအာ ထော့ကျိုးပြောတာ နားထောင်ပြီး အရှုံးပေးလိုက်” အဘွားစစ်က ချင်မူ့ကို ပြောသည်။ “သူက အခုထိ ဝိညာဉ်လက်နက်မသုံးရသေးပေမယ့် ဒီလောက်အထိ လုပ်နိုင်နေပြီ... သူ့ကျင့်စဉ်စွမ်းအင်က သိပ်သန်မာအားကောင်းတယ်.... မှော်ကောင်းကင်နတ်သိုင်းကလည်း တာအိုမှော်လို့ ခေါ်ရတဲ့အဆင့် ရောက်နေပြီ...မင်း အရှုံးပေးရင်တောင်မှ အထင်သေးခံရမှာမဟုတ်ပါဘူး”
ချင်မူက ရင်တထိတ်ထိတ်ဖြင့် တိုက်ပွဲကွင်းပြင်ဆီသို့ ကြည့်ကာ လက်သီးတင်းတင်း ဆုပ်ထားသည်။ သူမစကားကို သူ လက်မခံမိပေ။
ရှေးဟောင်းသစ်ပင်မှာ ပိုမိုအားပြည့်လာသည်နှင့်အမျှ ဆက်လက်ဖြာထွက်လာကာ ပို၍ပင် ပြီးပြည့်စုံလာသည်။
၎င်း၏သစ်ကိုင်းခက်များအပေါ်တွင် ငှက်မွှေးများဖြင့် တည်ဆောက်ထားသည့် မီးငှက်အသိုက်တစ်ခုပင် ရှိနေ၏။ ဤအခိုက်အတန့်တွင် ကျဲ့ဟွလီမှာ ချီကျုံရီဆီမှ ကိုက်ငါးဆယ် ကွာဝေးနေချေပြီ။ သူ့တိုက်ကွက်များက ပြင်းထန်အားကောင်းလျှင်ပင် ချီကျုံရီအား အန္တရာယ်ပြုနိုင်တော့မည်မဟုတ်ပေ။
မီးငှက်အသိုက် တည်ဆောက်ပြီးသည်နှင့် အသိုက်ထဲတွင် မီးငှက်တစ်ကောင် တစတစ ရုပ်လုံးပေါ်လာသည်။
မဖော်ပြနိုင်သော အားလှိုင်းများ ဖြာထွက်လာကာ မီးငှက်သည် ပြည့်စုံသထက် ပြည့်စုံလာ၏။ ၎င်းတွင် တင့်တယ်ကြော့ရှင်းသည့် လည်တိုင်ကိုးခုဖြင့် ခေါင်းကိုးခေါင်းရှိပြီး ခေါင်းတို့က ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။
ချီကျုံရီ၏ခန္ဓာကိုယ်မှ ကမ္ဘာဦးအစ သားရဲတစ်ကောင်၏အငွေ့အသက် ခံစားခဲ့ရသည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်လောက်သည်။
အားလှိုင်းတို့က ပြင်းထန်အားကောင်းလာသည်နှင့်အမျှ ခေါင်းကိုးလုံးမီးငှက်သည်လည်း ပိုမိုလှပလာပြီး အသက်ဝင်လာသည်။
ခေါင်းကိုးလုံးငှက်နှင့် ရှေးဟောင်းသစ်ပင်က ကျဲ့ဟွလီကို ဖိအားပေးနေခြင်းသာ မဟုတ်၊ ပတ်ဝန်းကျင်၌ စောင့်ကြည့်နေသော လူတိုင်းအတွက်လည်း ကြောက်စရာကောင်း၏။
“နောင်တော်ချင်၊ ကျွန်တော့်ကောင်းကင်နတ်သိုင်းကို ကြည့်ချင်လား”
ရှေးဟောင်းသစ်ပင်၏အောက်တွင် ချီကျုံရီ၏အမူအရာက မနှိုင်းသာအောင် ခံ့ညားတင့်တယ်နေသည်။ နောက်ဆုံးတွင် ကျဲ့ဟွလိသည် ဖိအားအောက်မှ ရုန်းကြွကာ ဓားမဖြင့် ခုတ်ချလိုက်၏။ ၎င်းက သူ လမ်းစဉ်သို့ ဝင်ရောက်ပြီးနောက်ပိုင်း ဖန်တီးခဲ့သော ပထမဓားကွက် ဖြစ်ချေသည်။
သူ့နောက်ကျော၌ ဧရာမမိစ္ဆာမျက်လုံးကြီးတစ်လုံး ဖွဲ့တည်လာပြီး ပွင့်လာသည်။ အလင်းတန်းတစ်တန်းက သူ ခုတ်ချလိုက်သော ဓားမပေါ်သို့ ကျရောက်လာ၍ ဓားမ၏စွမ်းအားက တမုဟုတ်ချင်း ကြောက်ခမန်းလိလိ မြင့်တက်သွား၏။ ဤဓားကွက်တွင် ချင်မူ၏ ကပ်ဘေးဖွင့်ဓားကဲ့သို့ မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်သော စွမ်းအားမျိုး ကိန်းဝပ်နေသည်။
‘သိပ်အားကောင်းတဲ့ ဓားမကွက်ပဲ... သူ့မှာ ငါ့ကို တိုက်ခိုက်နိုင်တဲ့ အစွမ်းအစရှိတယ်’
ချီကျုံရီ၏ ညာလက်မထိပ်နှင့် ညာလက်ခလယ်ထိပ်က ပူးကပ်သွားပြီး မီးငှက်ခေါင်းအသွင်သဏ္ဍာန် မုဒြာတစ်ခုသည် ရှေးဟောင်းသစ်ပင်ဆီသို့ ခုတ်ချလိုက်သည့် ဓားမရောင်ဆီ ပိုင်းဖြတ်လိုက်သည်။
ကြည်လင်ပြတ်သားသော မီးငှက်အော်သံနှင့်တူ ခေါင်းကိုးလုံး မီးငှက်က တောင်ပံများ ဖြန့်ကားလိုက်၏။ သို့သော် ကျဲ့ဟွလီထံ ပျံမသွားဘဲ ချင်မူ့ဆီ တရှိန်ထိုး ပြေးဝင်လာသည်။
ကျဲ့ဟွလီ၏ မိစ္ဆာဓားမက ချီကျုံရီ၏ မုဒြာကို ရင်ဆိုင်လိုက်သည်။ မုဒြာ ပျောက်ကွယ်သွားသည်နှင့် ရှေးဟောင်းသစ်ပင်ကြီးက မိစ္ဆာဓားမအပေါ် လဲပြိုကျလာလေသည်။ ချီကျုံရီကား သူ၏အားအကောင်းဆုံး တိုက်ကွက်ကို ချင်မူနှင့် ကျဲ့ဟွလီဆီသို့ တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
၎
င
၎
၎