← Chapters

လူသားခန္ဓာကိုယ်ဆန်းကြယ်မှုများ

Vol. 61 Ch. 831

လူသားခန္ဓာကိုယ်ဆန်းကြယ်မှုများ

Vol. 61 Ch. 831

ဓားသမားအစည်းအရုံးဌာနချုပ်.........

လီဖူချန်းက မစ်ရှင်ကို အပ်နှံနေတယ်။သူက မစ်ရှင်အတွက် အရာအားလုံးကို ပြီးပြည့်စုံခဲ့ပြီဖြစ်တယ်။

သူက ရေဝဲနက်ကျွန်းကို ရှာတွေ့ရုံသာမက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေထဲမှာ ပျောက်ဆုံးနေတဲ့ဓားတာအိုသူတော်စင်ကိုတောင် တွေ့ခဲ့ရတယ်။

"ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေက ဒီလောက်များတဲ့သူ‌တော်စင်တွေကို ထောင်ချောက်ဆင်ဖမ်းထားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ကောင်းကင်ဘုံဖျက်ဆီးခြင်းအရှင်ကတောင် ဆယ်နှစ်ထိ  ဖမ်းခံထားရတာပဲ" ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့အမူအရာက လေးနက်သွားတယ်။

သူက ပုံရိပ်ယောင်ကိုးခုလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ခဲ့ရင် သူက ‌ထိုနေရာမှာ သောင်‌တင်နေလောက်တယ်။

ဒီအချက်ကို စဉ်းစားမိပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က လီဖူချန်းကို လေးနက်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

လီဖူချန်းကို ဆန်းကြယ်နက်နဲဓားသူတော်စင်ကတောင် မတိုင်းတာနိုင်ဘူး။ ခွန်အားသာမက လီဖူချန်းရဲ့နည်းလမ်းတွေအတွက်ရောပေါ့။

လီဖူချန်းက ကြီးမားတဲ့ကံကြမ္မာအခွင့်အလမ်းတစ်ခု ရှိပုံရတယ်။

ဒါပေမယ့် ဆန်းကြယ်နက်နဲဓားသူတော်စင်က လောဘကြီးပြီးဝန်တိုတဲ့လူတစ်ယောက်မဟုတ်ဘူး။ သူက လီဖူချန်းရဲ့ကံကြမ္မာအခွင့်အလမ်းကို မတပ်မက်ပါဘူး။ ဒီလိုကောင်းကင်ဆန့်ကျင်ကံကြမ္မာအခွင့်အလမ်းတွေရှိတဲ့လူတွေကို သူက မရင်ဆိုင်နိုင်ပါဘူး။ သူက လောဘကြောင့် မျက်စိကန်းသွားရင် သူက အန္တရာယ်များတဲ့အခြေအနေမှာ ကျရောက်ပေလိမ့်မယ်။ လီဖူချန်းရဲ့တိုးတက်မှုအရှိန်အရ သူက လီဖူချန်းကို ဒီအချိန်မှာ အပြီးမသတ်နိုင်ခဲ့ရင် သူက ကြောက်စရာကောင်းတဲ့လက်စားချေခြင်းကိုသာ စောင့်မျှော်နေရပါလိမ့်မယ်။

သူမ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ရှိသွားတဲ့အချိန်မှာ ရှန့်ကွမ်ယွီက ကျင့်ကြံခြင်းပတ်ဝန်းကျင်ကြောင့် မှင်တက်သွားရတယ်။

ဆယ်နှစ်အတွင်း သူမက ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်မြင့်အဆင့်ကို တိုးတက်နိုင်မယ်လို့ သူမက ယုံကြည်ချက်ရှိတယ်။ သူမသာ ရေနက်တိုက်ကြီးမှာ ရှိနေရင် ဒီလိုအောင်မြင်မှုမျိုးကို ရရှိဖို့က နှစ်တစ်ရာအတွင်းတောင် မဖြစ်နိုင်ပါဘူး။

ပြီးတော့ သူမက ကျွမ်းကျင်သူတစ်‌ယောက်ဖြစ်လာဖို့ အိမ်မက်တစ်ခု ရှိတယ်။ ဥပဒေသပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက်က နှစ်ပေါင်းနှစ်ထောင်သာ အသက်ရှင်နိုင်ပေမယ့် ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်သူတော်စင်တစ်ယောက်က အနည်းဆုံးနှစ်ပေါင်းတစ်သောင်း အသက်ရှင်နိုင်တယ်။ ဒီလိုသက်တမ်းမျိုးနဲ့ဆိုရင် သူမလိုချင်သမျှအရာအားလုံးကို လုပ်နိုင်မယ်၊ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ပါလိမ့်မယ်။

ရှန့်ကွမ်ယွီအတွက် စီစဉ်ပေးပြီးနောက် လီဖူချန်းက အစည်းအရုံးရဲ့စာကြည့်တိုက်ကို သွားရောက်လိုက်တယ်။

မစ်ရှင်ကို ပြီးမြောက်သွားတာကြောင့် ယခု လီဖူချန်းမှာ အစည်းအရုံးမှတ်တစ်ရာ့နှစ်ဆယ်မီလီယံ ရှိလာပါပြီ။

ဒီတစ်ကြိမ်မှာ‌တော့ လီဖူချန်းက ဓားပညာစာအုပ်တစ်ခုကိုမှ မလှန်ခဲ့‌တော့ပါဘူး၊ သူက ဓားတာအိုနည်းလမ်းစာအုပ်တွေကိုသာ လှန်ဖို့ ရွေးချယ်လိုက်တယ်။

ဓားပညာတစ်ခုနဲ့ဓားတာအိုနည်းလမ်းတစ်ခုတို့ကြား ရည်ရွယ်ချက်နဲ့လုပ်ဆောင်မှုတွေက ခြားနားတယ်။

ဓားပညာက သေစေနိုင်တဲ့စွမ်းအားကို ထုတ်လွှတ်ဖို့ ဓားတာအိုဥပဒေသအား အသုံးပြုခြင်းကို ဆိုလိုတယ်။ ဓားတာအိုနည်းလမ်းက ဓားတာအိုဥပဒေသနဲ့ ကိုယ်တိုင်ပေါင်းစပ်ပြီး ဆင့်ကဲပြောင်းလဲနိုင်တယ်။

ဓားပညာစာအုပ်တွေနဲ့နှိုင်းယှဉ်ရင် ဓားတာအိုနည်းလမ်းစာအုပ်တွေက ပိုနည်းတယ်။ ဓားပညာစာအုပ်စု‌စုပေါင်းရဲ့တစ်ဆယ်ရာခိုင်နှုန်းသာ ရှိတယ်။

"ခွဲဖြာခြင်းကောင်းကင်ဓားနည်းလမ်း။ တစ်ခါဖတ်ရင် အစည်းအရုံးမှတ်၁မီလီယံ ကျသင့်တယ်၊ တစ်နှစ်ငှားရင် အစည်းအရုံးအမှတ်၅၀၀မီလီယံ လိုတယ်"

"ပင်လယ်ဘုရင်ဓားနည်းလမ်း။ တစ်ခါဖတ်ရင် အစည်းအရုံးမှတ်၁.၂မီလီယံ ကျသင့်တယ်။ တစ်နှစ်ငှားဖို့အတွက် အစည်းအရုံးမှတ်၆၀၀မီလီယံ လိုအပ်တယ်"

"သုံးပိုင်းဓားနည်းလမ်း။ တစ်ခါဖတ်ရင် အစည်းအရုံးအမှတ်၁.၅မီလီယံ ကျသင့်တယ်။ တစ်နှစ်ငှားဖို့အတွက် အစည်းအရုံးအမှတ်၇၅၀မီလီယံ လိုအပ်တယ်"

"ကောင်းကင်မဲ့ဓားကျားနည်းလမ်း။ တစ်ခါဖတ်ရင် အစည်းအရုံးအမှတ်၅မီလီယံ လိုအပ်တယ်၊ တစ်နှစ်ငှားဖို့အတွက် အစည်းအရုံးအမှတ်၂.၅မီလီယံ လိုအပ်တယ်"

ဓားပညာစာအုပ်တွေနဲ့ နှိုင်းယှဉ်ရင် ဓားနည်းလမ်းစာအုပ်တွေက အဆများစွာ ပိုသက်သာတယ်။ ကောင်းကင်မဲ့ဓားကျားနည်းလမ်းက ဓားပညာစာအုပ်တွေထဲက ကောင်းကင်မဲ့ဓားကျားပညာနဲ့ အမည်တူတယ်။ သူတို့နှစ်ခုက တစ်စုံဆိုတာ လီဖူချန်းက သိလိုက်တယ်၊ သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းနဲ့မူလအဆုံးစွန်းဓားပညာလိုမျိုးပေါ့။

"အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်ဓားနည်းလမ်းက စကြတာပေါ့"

ခွဲဖြာခြင်းကောင်းကင်ဓားနည်းလမ်းရှေ့ကို လာရင်း လီဖူချန်းက သူ့ရဲ့အကြီးအကဲတိုကင်ကို ထိုနေရာမှာ ထားလိုက်တယ်။ ပြီးနောက် ချက်ချင်းပဲ အကြီးအကဲတိုကင်မှာ အစည်းအရုံးအမှတ်၁မီလီယံ လျော့ကျသွားတယ်။

နောက်ပိုင်းတွင်တော့ လီဖူချန်းက ဟင်းလင်းပြင်ထဲရှိ နေရာလပ်ဇုန်ကို ရောက်ရှိသွားတယ်။ သူ့ရှေ့မှာ ပုံရိပ်စုစုပေါင်းဆယ်ခု ရှိတယ်။

ပုံရိပ်အသီးသီးက အဆင့်တစ်ခုစီ ရှိတယ်။

ခွဲဖြာခြင်းကောင်းကင်ဓားနည်းလမ်းက စုစုပေါင်းအဆင့်၁၀ဆင့်ရှိတယ်လို့ ဆိုလိုတာပေါ့၊ လီဖူချန်းရဲ့မူလအဆုံးစွန်းနည်းလမ်းက အဆင့်၄၂ဆင့် ရှိပြီး အထွတ်အထိပ်ကို မရောက်ရှိသေးပါဘူး။

လီဖူချန်းက ပထမအဆင့်မှ ဂရုတစိုက်လေ့လာလိုက်တယ်။

ဒုတိယအဆင့်၊ တတိယအဆင့်........

မကြာမီမှာပဲ လီဖူချန်းက ခွဲဖြာကောင်းကင်ဓားနည်းလမ်းရဲ့ပထမကိုးဆင့်ကို လေ့လာခဲ့ပြီဖြစ်တယ်။

"ပထမကိုးဆင့်က အထွတ်အထိပ်မှာ မရှိဘူး။ အဆင့်၁၀ကသာ အထွတ်အထိပ်မှာ ရှိတယ်လို့ ဆိုလိုတယ်"

လီဖူချန်းက ဆယ်ခုမြောက်ပုံရိပ်ကို ကြည့်လိုက်တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဆယ်ခုမြောက်ပုံရိပ်အတွင်းရှိအမှတ်တွေ၊မျဉ်းတွေက ပိုရှုပ်ထွေးပြီး ပိုဆန်းကြယ်တယ်။ အမှတ်တွေ၊ မျဉ်းတွေက စနစ်တကျ ချိတ်ဆက်နေပြီး ဓားပုံကြမ်းတစ်ခုကို ဖြစ်ပေါ်လာစေတယ်။ အားကောင်းတဲ့ဓားတာအိုဥပဒေသတစ်ခုက တောက်ပနေတယ်။

"ခွဲဖြာကောင်းကင်ဓားနည်းလမ်းနဲ့ နှိုင်းယှဉ်ရင် မူလအဆုံးစွန်းဓားနည်းလမ်းက စိတ်ရှုပ်စရာကောင်းလွန်းတယ်" ခွဲဖြာကောင်းကင်ဓားနည်းလမ်းကို တစ်ကြိမ်ဖတ်ပြီးနောက် လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

တစ်ကြိမ်ဖတ်ပြီးနောက် လီဖူချန်းက ဒုတိယအကြိမ် ဖတ်လိုက်တယ်။

ခွဲဖြာကောင်းကင်ဓားနည်းလမ်းက မူလအဆုံးစွန်းဓားနည်းလမ်းနဲ့ မဆက်စပ်ပါဘူး၊ ဒါပေမယ့် ဓားနည်းလမ်းအသီးသီးမှာ သူ့ရဲ့ကိုယ်ပိုင်အနှစ်သာရရှိပြီး လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေ ပါဝင်တယ်။ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုကို နှလုံးသားနဲ့ အာရုံခံစားနိုင်ပြီး မျက်လုံးတွေနဲ့ မမြင်နိုင်ပါဘူး။

နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်...........

လီဖူချန်းက ခွဲဖြာကောင်းကင်ဓားနည်းလမ်းကို ဆယ့်ငါးကြိမ် ဖတ်ခဲ့ပြီး နောက်ဆုံးမှာတော့ အတွင်းရှိ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေအားလုံးကို တွေ့ရှိခဲ့ရတယ်။

"တကယ်ကို အထွတ်အထိပ်ဓားနည်းလမ်းတစ်ခုပဲ။ ပထမကိုးဆင့်မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုသုံးခုသာ ပါဝင်တယ်။ အဆင့်၁၀ရောက်တော့ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုခုနှစ်ခု ချက်ချင်း ပါဝင်လာတယ်"

ခွဲဖြာ‌ကောင်းကင်ဓားနည်းလမ်းကို အပြည့်အဝနားလည်ဖို့ လီဖူချန်းက မစီစဉ်ထားပါဘူး၊ သူ့ရဲ့ရည်ရွယ်ချက်က လူသားခန္ဓာကိုယ်ဆန်းကြယ်မှုကို ပိုနားလည်ရန်သာ ဖြစ်တယ်။

သူ့ရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက အဆင့်၄၂ဆင့် ရှိတယ်၊ ဒါပေမယ့် လူသားခန္ဓာကိုယ်ဆန်းကြယ်မှုငါးခုသာ ပါရှိတယ်။

နောက်မှာတော့ လီဖူချန်းက ပင်လယ်ဘုရင်ဓားနည်းလမ်းကို စတင်ဖတ်လိုက်တယ်။

အဲဒါကလည်း အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်ဓားနည်းလမ်းတစ်ခု ဖြစ်တယ်၊ ဒါပေမယ့် လူသားခန္ဓာကိုယ်ဆန်းကြယ်မှုရှစ်ခု ပါရှိတယ်။ ဒါကြောင့် ထုတ်လွှတ်တဲ့ဓားတာအိုဥပဒေသက ခွဲဖြာကောင်းကင်ဓားနည်းလမ်းထက် ပိုသန်မာတယ်။

ဒါပေမယ့် ဓားနည်းလမ်းနှစ်ခုလုံးမှာ ဘုံလူသားခန္ဓာကိုယ်ဆန်းကြယ်မှုသုံးခု ရှိပါတယ်။

ဘုံလူသားခန္ဓာကိုယ်ဆန်းကြယ်မှုသုံးခုကြောင့် လူသားခန္ဓာကိုယ်ဆန်းကြယ်မှုအားလုံးကို ရှာတွေ့ဖို့ လီဖူချန်းက ဆယ်ခါဖတ်ဖို့သာ လိုခဲ့ပါတယ်။

လီဖူချန်းက အစည်းအရုံးအမှတ်၄၀မီလီယံကို အသုံးချပြီးတဲ့အချိန်မှာ သူက အဆင့်သတ်မှတ်မထားတဲ့ဓားနည်းလမ်းစာအုပ်လေးအုပ်ကို ဖတ်ပြီးပြီဖြစ်တယ်။

သူတို့က ခွဲဖြာကောင်းကင်ဓားနည်းလမ်း၊ ပင်လယ်ဘုရင်ဓားနည်းလမ်း၊ သုံးပိုင်းဓားနည်းလမ်းတို့နဲ့ ပြောင်းလဲပေါင်းစပ်ခြင်းကိုးခုနှလုံးသားဓားတာအိုတို့ပါပဲ။

ခွဲဖြာကောင်းကင်ဓားနည်းလမ်းမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုခုနှစ်ခု ရှိတယ်၊ ပင်လယ်ဘုရင်ဓားနည်းလမ်းမှာ ရှစ်ခုရှိတယ်၊ သုံးပိုင်းဓားနည်းလမ်းမှာ ကိုးခုရှိတယ်၊ ပြောင်းလဲပေါင်းစပ်ခြင်းကိုးခုနှလုံးသားဓားမှာလည်း ကိုးခုရှိတယ်။

ထပ်ခါတလဲလဲမဖြစ်တဲ့လူသားခန္ဓာကိုယ်ဆန်းကြယ်မှုစုစုပေါင်းဆယ့်ငါးခု ရှိခဲ့တယ်။

"ကောင်းကင်မဲ့ဓားကျားနည်းလမ်းကို တစ်ချက်ကြည့်ရတာပေါ့"

အစည်းအရုံးအမှတ်၈၀မီလီယံကျန်တဲ့အချိန်မှာ တတိယအဆင့်အထွတ်အထိပ်ဓားနည်းလမ်းတစ်ခုမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုဘယ်လောက်ပါသလဲကို လီဖူချန်းက သိချင်ခဲ့တယ်။

အစည်းအရုံးအမှတ်၅မီလီယံပျောက်သွားတာနဲ့ ပုံရိပ်ဆယ့်နှစ်ခုက ထွက်ပေါ်လာတယ်။

ကောင်းကင်မဲ့ဓားကျားနည်းလမ်းမှာ အဆင့်၁၂ဆင့် ရှိတယ်။ အဆင့်၁၁ရဲ့ရှေ့ကနေ အထွတ်အထိပ်မှာ ရှိနေပါပြီ။

တစ်ကြိမ်၊ နှစ်ကြိမ်........

ဆယ်ကြိမ်ဖတ်ပြီးနောက် လီဖူချန်းက အသက်ပြင်းပြင်းရှုလိုက်တယ်။ ကောင်းကင်မဲ့ဓားကျားမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၂၀ ရှိတယ်။ အဲဒါက သုံးပိုင်းဓားနည်းလမ်း၊ ပြောင်းလဲပေါင်းစပ်ခြင်းကိုးခုနှလုံးသားဓားတို့နဲ့ နှိုင်းယှဉ်ရင် နှစ်ဆပိုပါတယ်။

တိုက်ခိုက်မှုတစ်ခု ဖြစ်လာရင် ကောင်းကင်မဲ့ဓားကျမ်းနည်းလမ်းကို ကျင့်ကြံထားတဲ့ဓား‌တာအိုသူတော်စင်တစ်ယောက်က အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်ဓားနည်းလမ်းတစ်ခုကို ကျင့်ကြံထားတဲ့ဓားတာအိုသူတော်စင်တစ်ယောက်ကို ရိုက်နှက်နိုင်မယ်ဆိုတာ စဉ်းစားစရာမလိုပါဘူး။

"ကြည့်ရတာ ငါက မူလအဆုံးစွန်းဓားနည်းလမ်းကို ရိုးရှင်းစေဖို့လိုပုံပဲ။ သူ့ရဲ့လက်ရှိရှုပ်ထွေးတဲ့အခြေအနေနဲ့ဆိုရင် ငါက အထွတ်အထိပ်ကို တွန်းပို့နိုင်ရင်တောင် စွမ်းရည်အများကြီးရှိလာမှာမဟုတ်ဘူး"

လီဖူချန်းက နှလုံးသားထဲမှာ အစီအစဉ်ချထားခဲ့တယ်။

လက်ရှိအနေအထားအရ သူ့ရဲ့ရည်ရွယ်ချက်က မူလအဆုံးစွန်းဓားနည်းလမ်းကို အထွတ်အထိပ်အထိ မတွန်းပို့သင့်ပါဘူး။ အဲ့အစား၊ သူက ရိုးရှင်းအောင်လုပ်မယ်၊ ပြိီးတော့ တစ်ချိန်တည်းမှာပဲ တိုးတက်အောင်လုပ်ရမယ်။

အထွတ်အထိပ်မတိုင်ခင်က ခွဲဖြာကောင်းကင်ဓားနည်းလမ်းနဲ့ပင်လယ်ဘုရင်ဓားနည်းလမ်းတို့မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုသုံးခုသာ ပါဝင်တယ်။ သုံးပိုင်းဓားနည်းလမ်းနဲ့ပြောင်းလဲပေါင်းစပ်ခြင်းကိုးခုနှလုံးသားဓားတို့မှာ လေးခု ပါဝင်တယ်၊ ကောင်းကင်မဲ့ဓားကျားနည်းလမ်းမှာတော့ ခြောက်ခု ပါဝင်တယ်။

ဒါကြောင့် လီဖူချန်းရဲ့ပစ်မှတ်ကတော့ အထွတ်အထိပ်အဆင့်မတိုင်ခင် မူလအဆုံးစွန်းဓားနည်းလမ်းမှာ အနည်းဆုံးလူသားခန္ဓာကိုယ်ဆန်းကြယ်မှုရှစ်ခု ပါဝင်ဖို့ပါပဲ။

စာကြည့်တိုက်မှ ထွက်လာပြီးနောက် လီဖူချန်းက အိမ်တော်ကို ပြန်လာပြီး စတင်သီးသန့်ကျင့်ကြံလိုက်တယ်။

***

All Chapters