← Chapters

မိုးကြိုးသားရဲဆင့်ကဲပြောင်းလဲခြင်း

Vol. 61 Ch. 832

မိုးကြိုးသားရဲဆင့်ကဲပြောင်းလဲခြင်း

Vol. 61 Ch. 832

ဓားနည်းလမ်းတွေက လီဖူချန်းအား လူသားခန္ဓာကိုယ်များစွာကို နားလည်စေခဲ့တယ်။ မူလအဆုံးစွန်းဓားတာအိုရဲ့အထူးလက္ခဏာနဲ့အတူ လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းရဲ့ပထမအဆင့်ကို လျင်မြန်စွာ ဖန်တီးနိုင်ခဲ့တယ်။

မူလအဆုံးစွန်းဓားနည်းလမ်းအသစ်ရဲ့ပထမအဆင့်က မူလအဆုံးစွန်းဓားနည်းလမ်းအဟောင်းရဲ့ပထမခြောက်‌ဆင့်ကို လွယ်ကူရှင်းလင်းအောင်ပြုပြင်ထားခြင်းပါပဲ။ ဒါပေမယ့် သန့်စင်မှုအရဒါမှမဟုတ်စွမ်းအားအရဖြစ်စေ အဲဒါက ပိုအဆင့်မြင့်တယ်။ စွမ်းအားအရ အဲဒါက မူလအဆုံးစွန်းဓားအဟောင်းရဲ့အဆင့်၈လောက်မှာ ရှိပြီးလို့ လီဖူချန်းက ယူဆထားတယ်။

ဒုတိယအဆင့်၊ တတိယအဆင့်.........

လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းအသစ်ရဲ့ပထမခြောက်ဆင့်ကို ဖန်တီးခဲ့တယ်။

မူလအဆုံးစွန်းဓားနည်းလမ်းအသစ်ရဲ့ဒီခြောက်ဆင့်က မူလအဆုံးစွန်းဓားနည်းလမ်းအဟောင်းရဲ့သုံးဆယ့်ခြောက်ဆင့်နဲ့ ညီမျှနေပါပြီ။ ဒါပေမယ့် မူလအဆုံးစွန်းဓားနည်းလမ်းအသစ်ရဲ့ပထမခြောက်ဆင့်မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုခြောက်ခု ပါဝင်ပြီး ခွန်အားက မူလအဆုံးစွန်းဓားနည်းလမ်းအဟောင်းရဲ့အဆင့်၄၁နဲ့ ယှဉ်နိုင်ပါတယ်။

ဒါပေမယ့် လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေပိုမိုပါဝင်ခြင်းက ပိုကြီးမားတဲ့ခွန်အားကို ပေးလိမ့်မယ်လို့ မဆိုလိုပါဘူး။

အမှန်တကယ်တော့ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတွေပိုမိုပါဝင်ခြင်းက ပိုကြီးကျယ်တဲ့အလားအလာစွမ်းရည် ရှိပါလိမ့်မယ်။ ခွန်အားက အပိုဆုတစ်ခုသာပါပဲ။

မူလအဆုံးစွန်းဓားနည်းလမ်းအသစ်မှာ အဆင့်၆မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုခြောက်ခု ပါဝင်ပေမယ့် မူလအဆုံးစွန်းဓားနည်းလမ်းအသစ်မှာတော့ အဆင့်၄၂မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုငါးခု ပါဝင်တယ်။ အနောက်က အရှေ့ထက် ခွန်အားပိုကြီးမားသလို အဆုံးစွန်းနဲ့ နီးကပ်ပြီးဖြစ်တယ်။

"ပထမခြောက်ဆင့်အတွက် အဆင့်အသီးသီးမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုတစ်ခု ပါဝင်တယ်။ အဆင့်၇က လူသားခန္ဓာကိုယ်ဆန်းကြယ်မှုနှစ်ခု ပါဝင်တယ်"

ဓားနည်းလမ်းငါးခုမှတစ်ဆင့် လီဖူချန်းက လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၂၁ခုကို ရှာတွေ့ခဲ့တယ်။ အရင်သူရှာတွေ့ခဲ့တဲ့လူသားခန္ဓာကိုယ်ဆန်းကြယ်မှုငါးခုနဲ့အတူ ထပ်ခါတလဲလဲဖြစ်တာတွေကို ဖယ်ထုတ်ပြီးနောက် လီဖူချန်းမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုစုစုပေါင်း၂၃ခု ရှိလာတယ်။

လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၂၃ခုလုံးကို မူလအဆုံးစွန်းဓားနည်းလမ်းထဲသို့ မပေါင်းစပ်နိုင်ပါဘူး။ ပထမခြောက်ဆင့်ကသာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၆ခုကို လွှမ်းခြုံနိုင်တယ်၊ သူက ထပ်မံထပ်သွင်းဖို့ကြိုးစားရင် သူတို့က သုံးမရဖြစ်လာလိမ့်မယ်၊ နည်းလမ်းရဲ့ဆက်လက်လုပ်ဆောင်ခြင်းကို သက်ရောက်ပါလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းရဲ့အစီအစဉ်ထဲမှာ မူလအဆုံးစွန်းဓားနည်းလမ်းက အဆုံးစွန်းအဆင့်ဓားနည်းလမ်းတစ်ခုဖြစ်လာမယ့်တစ်နေ့ ရှိလာပါလိမ့်မယ်။ ပြီးတော့ အဲဒါက လူသားခန္ဓာကိုယ်ဆန်းကြယ်မှုအားလုံးကို လွှမ်းခြုံပါလိမ့်မယ်၊ ဒါပေမယ့် တိကျတဲ့အရေအတွက်ကိုတော့ လီဖူချန်းက မသိပါဘူး။

လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၇ကို ဖန်တီးနေစဉ်မှာ မိုးကြိုးသားရဲက သူ့ရဲ့အရေးကြီးဆုံးဆင့်ကဲပြောင်းလဲခြင်းကို ကျော်ဖြတ်နေပြီး သူ့ရဲ့သက်တမ်းကို နိုးထနေတယ်။

လေတိမ်မြို့အတွင်းရှိကြီးမားတဲ့အိမ်တော်တစ်ခုအထဲမှာ မိုးကြိုးသားရဲက ဟိန်းဟောက်နေတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ခရမ်းနက်ရောင်မိုးကြိုးတွေကို ထုတ်လွှတ်နေတယ်။

"မိုးကြိုးသားရဲက သားရဲအရှင်သခင်အဆင့်ကို ချိုးဖြတ်တော့မှာလား" အိမ်‌တော်အနီးမှာ နေထိုင်နေတဲ့လူများစွာ ရှိတယ်၊ သူတို့က မြင်ကွင်းကို ကြည့်ဖို့ အပြေးလာနေကြတယ်။

ဝုန်း.......

မိုးကြိုးတွေက အရေအတွက်တိုးလာနေသလို ကြောက်မက်ဖွယ်ရာလည်း ပို‌ကောင်းလာနေတယ်။ သူတို့က ဖြည်းဖြည်းချင်း မီးခိုးရောင်ဖြစ်လာတယ်။

မိုးကြိုးသားရဲရဲ့သွေးမျိုးဆက်က ဆင့်ကဲပြောင်းလဲနေတာကို လူတိုင်းက သိတယ်။

လူသားတွေနဲ့မတူတာက နတ်ဆိုးသားရဲတွေ ဆင့်ကဲပြောင်းလဲတဲ့အခါ သူတို့ရဲ့သွေးမျိုးဆက်က အရင်ပြောင်းလဲတယ်၊ ပြီးမှ သူတို့ရဲ့ခန္ဓာကိုယ်က တိုးမြှင့်လာတယ်။ ဒါပေမယ့် လူသားတွေ ကျင့်ကြံခြင်းအဆင့်ချိးဖျက်တဲ့အခါ သူတို့ရဲ့သွေးမျိးဆက်က တိုးမြှင့်လာလိမ့်မယ်။

မိးခိုးရောင်မိုးကြိုးတွေရဲ့ပြုပြင်ပေးမှုကြောင့် မိုးကြိုးသားရဲရဲ့အကြေးခွံနဲ့အရေပြားက အဆက်မပြတ်အက်ကွဲကာ ကြွေကျလာနေတယ်။ သွေးတွေက နေရာတိုင်းကို ပက်ဖျန်းနေတယ်၊ ဒါပေမယ့် သွေးတွေက အဝေးကို မရောက်ခင် မိုးကြိုးတွေကြောင့် တစ်စစီဖြစ်သွားတယ်။

အချိန်ကြာလာတာနဲ့အမျှ မိုးကြိုးသားရဲပတ်ပတ်လည်ရှိ မိုးကြိုးတွေက အားနည်းလာတယ်၊ မိုးကြိုးသားရဲရဲ့ချီတည်ရှိမှုက သားရဲအရှင်သခင်တစ်ကောင်ရဲ့အဆင့်ကို မရောက်ရှိသေးပါဘူး။

"ငါတို့က အစီအရင်ထဲမှာ ရှိနေလို့များလား" ရန်ချင်းဟူက မျက်မှောင်ကြုတ်လိုက်တယ်။

နတ်ဆိုးသားရဲတစ်ကောင်က သားရဲအရှင်သခင်အဖြစ် ဆင့်ကဲပြောင်းလဲတဲ့အခါ ကပ်ဘေးတစ်ခုက ဖြစ်‌လာရတယ်။ ဒါပေမယ့် ဒါက အဓိကမြို့ဖြစ်တဲ့‌လေတိမ်မြို့ဖြစ်တာကြောင့် အစီအရင်တစ်ခုက ဝန်းရံထားတယ်။ ကပ်ဘေးက အစီအရင်အတွင်းမှာရှိတဲ့  အနေအထားကို အာရုံမခံနိုင်ပါဘူး။

လေတိမ်မြို့အတွင်းမှာဆိုရင် သူက သားရဲအရှင်သခင်တစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲမနိုင်တာကို မိုးကြိုးသားရဲက သိတယ်၊ ဒါကြောင့် သူက မြိုအပြင်ဘက်ကို ချက်ချင်း ပြေးထွက်သွားတယ်။

သူ မြို့ထဲက ထွက်လာတာနဲ့ ကောင်းကင်က ရုတ်တရက် မှောင်မဲလာပြီး မရေမတွက်နိုင်တဲ့အနက်ရောင်မိုးကြိုးတွေက အဖျက်‌အဆီးအရှိန်အဝါကို ထုတ်လွှတ်လျက် စီးဆင်းလာတယ်။

အပြစ်မဲ့လူသားတွေ ထိခိုက်မှာကို ရှောင်ရှားဖို့အတွက် မိုးကြိုးသားရဲနဲ့ရန်ချင်းဟူတို့က မြို့မှအဝေးမိုင်တစ်သောင်းအကွာအ‌ဝေးကို ပျံသန်းသွားတယ်။

ဂျိန်း........

အနက်ရောင်မိုးကြိုးတစ်ခုက မိုးကြိုးသားရဲကို ရိုက်ခတ်လာတယ်။

ဒီကောင်းကင်ဘုံမိုးကြိုးက ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးဖြစ်ပြီး ဖျက်ဆီးခြင်းဥပ‌ဒေသပါရှိတာကို ရန်ချင်းဟူက အလိုအလျောက် မြင်နိုင်တယ်။

ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးက မိုးကြိုးသားရဲရဲ့ခန္ဓာကိုယ်ထဲကို ဝင်လာတာနဲ့ ခန္ဓာကိုယ်က ကြီးမားလာပြီး အကြေးခွံတွေက ချက်ချင်း အက်ကွဲလာတယ်။

"သွေးမျိုးဆက်က နောက်ထပ် ပြောင်းလဲနေတာပဲ"

ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးက သွေးမျိုးဆက်နဲ့ ပေါင်းစပ်သွားတဲ့အချိန်မှာ သွေးမျိုးဆက်က ပွက်ပွက်ဆူနေပြီး ထ‌ကြွနေသလို ခံစားရတယ်။

ဂျိန်း........ဂျိန်း.........

ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးတွေက ထပ်မံရိုက်ခတ်လာတယ်။

သာမန်နတ်ဆိုးသားရဲတစ်ကောင်သာဆိုရင် ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးကြောင့် သွေးမြူအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။  ဒါပေမယ့် မိုးကြိုးသားရဲက အဆင့်နိမ်တိုင်ယန်သားရဲတစ်ကောင်ရဲ့သွေးမျိုးဆက် ရှိတယ်၊ ဒါကြောင့် မိုးကြိုးတာအိုသွေးမျိုးဆက်က အားကောင်းတယ်။ ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးကညခန္ဓာကိုယ်ထဲကို ဝင်လာတာနဲ့ ၉၀ရာခိုင်နှုန်းကို စုပ်ယူပြီး ၁၀ရာခိုင်နှုန်းက လွင့်စင်ကာ ခန္ဓာကိုယ်ကို ပြုပြင်ဖို့ အသုံးပြုလိုက်တယ်။

"စိတ်ဝင်စားစရာပဲ။ အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ကို ဖမ်းဆီးပြီး ကျူးကလန်ထဲမှာ ထိန်းသိမ်းထားရင် ကောင်းမလား"

ဟင်းလင်းပြင်ထဲမှာ မမြင်သာ၊မသိသာတဲ့အစိမ်းရောင်မီးလျှံတစ်ခု ရှိတယ်။ အစိမ်းရောင်မီးလျှံထဲမှာ ကျူးနန်ရှန်က မိုးကြိုးသားရဲကို အတော်လေးစိတ်ဝင်စားတဲ့အမူအရာနဲ့ ကြည့်နေတယ်။

"ဒါပေမယ့် အဆင့်နိမ့်တိုင်ယန်သားရဲထက်စာရင် ငါက ဟိုအမျိုးသမီးကို ပိုစိတ်ဝင်စားတယ်" ကျူးနန်ရှန်ရဲ့မျက်လုံးများက ရန်ချင်းဟူအပေါ် ပြောင်းရွှေ့သွားတယ်။

သူရဲ့ကျင့်ကြံခြင်းအဆင့်မျိုးမှာ သူက အမျိုးသမီးတစ်ယောက်ရဲ့အသွင်အပြင်နဲ့အရှိန်အဝါကို ကြည့်ရှုရုံသာမက သူတို့ရဲ့အလားအလာကိုလည်း စောင့်ကြည့်လေ့ရှိတယ်။

ရန်ချင်းဟူက မဟာအလားအလာရှိတဲ့အမျိုးသမီးတစ်ယောက်ပါ။ ဒါ့ပြင် သူမရဲ့အသွင်အပြင်နဲ့အရှိန်အဝါက ကျူးနန်ရှန်တွေ့ဆုံဖူးတဲ့အမျိုး‌သမီးတွေကြားထဲမှာ ထိပ်တန်းဝင်တယ်။

"လီဖူချန်း၊ မင်းက ငါ့ကျူးကလန်ရဲ့သူတော်စင်ကို သတ်ခဲ့မှတော့ ငါက မင်းရဲ့အမျိုးသမီးနဲ့သားရဲကို အရင် သိမ်းပိုက်ရ‌တာပေါ့" ကျူးနန်ရှန်က ပြုံးလိုက်တယ်။

ဖျက်ဆီးခြင်းကောင်းကင်ဘုံမိုးကြိုးကို စုပ်ယူပြီးနောက် မိုးကြိုးသားရဲရဲ့မိုးကြိုးတာအိုသွေးမျိုးဆက်က အပြည့်အဝနိုးထလာတယ်။ မိုးကြိုးတာအိုရဲ့ဆန်းကြယ်မှုတွေက သူ့ရဲ့ခန္ဓာကိုယ်ထဲကို စီးဆင်းနေပြီး သူ့ရဲ့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာနေတယ်။ အရင်က မိုးကြိုးသားရဲက ကြမ်းကြုတ်ရက်စက်ပြီးအာဏာရှင်ဆန်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။ အခုတော့ မြင့်မြတ်တဲ့ခံစားချက်တစ်ခုက ပေါင်းစပ်ပါဝင်လာတယ်။ အဆင့်နိမ့်တိုင်ယန်သားရဲအများစုက ဒီလိုအရှိန်အဝါကို မပိုင်ဆိုင်နိုင်ဘူး၊ ဒါပေမယ့် မိုးကြိုးသားရဲက ပိုင်ဆိုင်ထားတယ်။

"ငါက နောက်ဆုံးတော့ သားရဲအရှင်သခင်တစ်ကောင် ဖြစ်လာပြီ" မိုးကြိုးသားရဲက အပျော်လွန်နေတယ်။ သူက ရန်ချင်းဟူနောက်ကို မလိုက်ရင် မိုးကြိုးသားရဲက ရာစုနှစ်တစ်ခုနှစ်ခုကြာမှာသာ သားရဲအရှင်သခင်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်။

သားရဲအရှင်သခင်တစ်ယောက်ဖြစ်လာခြင်းက သူ့ရဲ့စွမ်းရည်ကို အပြည့်အဝအသုံးချလာနိုင်စေပါတယ်။

"မင်းက အခု သားရဲအရှင်သခင်တစ်ယောက်ဖြစ်လာပြီးဆိုတော့ ငါ့နောက်ကို လိုက်ခဲ့ပေတော့" အစိမ်းရောင်မီးလျှံတစ်ခုက လျင်မြန်စွာ ကြီးမားလာပြီး ကြောက်စရာကောင်းတဲ့ချီတည်ရှိမှုနဲ့အတူလူတစ်ယောက်က ထွက်လာတယ်။

.

"မင်း ဘယ်သူလဲ" မိုးကြိုးသားရဲက ဟိန်းဟောက်လိုက်ပြီး မိုးကြိုးစက်လုံးတစ်ခုကို ရန်သူထံ ပစ်လွှတ်လိုက်တယ်။

ထိုလူထံမှ အစိမ်းရောင်မီးလျှံတစ်ခုက လင်းလက်သွားတယ်၊ မိုးကြိုးစက်လုံးက ဖယောင်းတိုင်မီးလျှံလေးတစ်ခုပမာ ပြီးဆုံးသွားတော့တယ်။

"မိုးကြိုးသားရဲရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်။

သူက အဆင့်နိမ့်တိုင်ယန်သားရဲတစ်ကောင်ပါ။ သားရဲအရှင်သခင်ဖြစ်လာပြီးနောက် သူ့ရဲ့ခွန်အားက အဆင့်နိမ့်သူတော်စင်တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်တယ်။ စောစောကမိုးကြိုးစက်လုံးက အဆင့်နိမ့်သူတော်စင်တစ်ယောက်ကို ဒဏ်ရာရစေလိမ့်မယ်။ ဒါပေမယ့် ရန်သူက မိုးကြိုးစက်လုံးကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးခဲ့တယ်။ ဒီလိုခွန်အားက အဆင့်နိမ့်သူတော်စင်တစ်ယောက်ရဲ့ဟိုးအထက်မှာ ရှိတယ်။

"မိုးကြိုးကန်"

သာမန်တိုက်ခိုက်မှုတွေက မထိရောက်မှတော့ မိုးကြိုးသားရဲက မွေးရာပါစွမ်းရည်ကို စတင်အသက်သွင်းလိုက်တယ်။

သားရဲအရှင်သခင်အဖြစ်ဆင့်ကဲပြောင်းလဲခြင်းအတွင်း သူက မွေးရာပါစွမ်းရည်အသစ်ကို နိုးထစေခဲ့တယ်။ ထိုမွေးရာပါစွမ်းရည်အသစ်က သူ့ရဲ့အရင်မွေးရာပါစွမ်းရည်တွေထက် ပိုမြင့်တယ်။ သူက မွေးရာပါစွမ်းရည်အသစ်နဲ့ မရင်းနှီးသေးတာကြောင့် အသက်သွင်းဖို့ အချိန်တစ်ချို့တော့ လိုအပ်တယ်။

ဇစ်........ဇစ်.......ဇစ်.........ဇစ်

လျှပ်စစ်စီးကြောင်းတွေက နေရာတိုင်းမှာ ဖြစ်ပေါ်လာတယ်။

"စိတ်ဝင်စားစရာလေးပဲ၊ ဒါပေမယ့် ငါ့မှာ မင်းနဲ့အချိန်ဖြန်းစရာမရှိတာ ခက်တယ်"

ကျူးနန်ရှန်က သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အစိမ်းရောင်မီးလျှံတစ်ခုက ကျာပွတ်အဖြစ်သို့ ပြောင်းသွားတယ်။ အဲဒါက မိုးကြိုးသားရဲကို လွှမ်းခြုံသွားပြီး လျှပ်စစ်စီးကြောင်းတွေက ပြန့်သွားတော့တယ်။

"မင်းလည်း ငါ့နောက်ကို လိုက်ရမယ်" ကျူးနန်ရှန်က သူ့ရဲ့လက်ကို ထပ်မံဝှေ့ယမ်းလိုက်တယ်၊ ရန်ချင်းဟူကို အစိမ်းရောင်မီးလျှံကျားပွတ်က ရစ်ပတ်သွား‌တော့တယ်။

"ကျူးနန်ရှန်၊ မင်းက  ဘယ်သူ့ကိုမဆို ထိလို့ရတယ်၊ ဒါပေမယ့် သူတိူ့နှစ်ယောက်တော့ မဟုတ်ဘူး" အေးစက်တဲ့ဓားချီတစ်ခုက အစိမ်းရောင်မီးလျှံကျားပွတ်တွေကို ဖျက်ဆီးလိုက်တယ်။

"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းက ငါ့ကို ခက်ခဲအောင် ပြုလုပ်ချင်နေတာ သေချာရဲ့လား" ကျူးနန်ရှန်က မနီးမဝေးမှာရှိနေတဲ့ ဆန်းကြယ်နက်နဲဓားသူတော်စင်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။

"သူတို့က အကြီးအကဲလီရဲ့သူငယ်ချင်းတွေပဲ၊ မင်း သူတို့ကို ထိလို့မရဘူး" ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်။

"ငါ ထိတော့ရော ဘာဖြစ်လဲ"

အံ့ဖွယ်သဘာဝဓားသူတော်စင်ဆိုရင်တော့ ကျူးနန်ရှန်က နောက်ဆုတ်မှာပါ။ ဒါပေမယ့် သူက ဆန်းကြယ်နက်နဲဓားသူတော်စင်ကို မကြောက်ပါဘူး။

"မင်း ကြိုးစားကြည့်လို့ရတယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့အေးစက်တဲ့ဓားချီက ပို၍ပြင်းထန်လာပြီး ဟင်းလင်းပြင်ကတောင် အေးခဲသွားတယ်။

***

All Chapters