: ဆယ်ဆထိုးထွင်းသိမြင်မှုရဲ့ထိတ်လန့်ဖွယ်ရာ
Vol. 61 Ch. 833
"ဟားဟား၊ ငါ ကြိုးစားကြည့်ရတာပေါ့လေ။ ဆန်းကြယ်နက်နဲဓားသူတော်စင်က နံပါတ်၁အလယ်ဆင့်သူတော်စင်လို့ ပြောကြတယ်၊ ငါ၊ ကျူးနန်ကတော့ အဲဒါကို မယုံဘူး" ကျူးနန်ရှန်က အားရပါးရ ရယ်လိုက်တယ်၊ သူ့ရဲ့တိုက်ခိုက်ရေးဆန္ဒက ထိုးတက်လာတယ်။
အလယ်ဆင့်သူတော်စင်တွေကြားမှာ ခွန်အားအဆင့်များစွာ ရှိတယ်။
အထွတ်အအထိပ်အဆင့်သိုင်းပညာတွေကို နားမလည်တဲ့အလယ်ဆင့်သူတော်စင်တွေက အားအနည်းဆုံးဖြစ်ပြီး ဖော်ပြဖို့မထိုက်တန်လှပါဘူး။
နောက်ထပ်ကတော့ အဆင့်သတ်မှတ်မထားတဲ့၊ ပထမအဆင့်၊ ဒုတိယအဆင့် အထွတ်အထိပ်အဆင့်သိုင်းပညာတွေနဲ့အလယ်ဆင့်သူတော်စင်တွေပဲ ဖြစ်ပါတယ်။
အရှေ့နှစ်ခုက အတော်လေးအားကောင်းတယ်၊ အနောက်ကိုတော့ ပြိုင်ဘက်ကင်းလို့ ရည်ညွှန်းနိုင်တယ်။ ကျူးနန်ရှန်နဲ့ဆန်းကြယ်နက်နဲဓားသူတော်စင်တို့နှစ်ယောက်လုံးက ဒုတိယအဆင့်အထွတ်အထိပ်သိုင်းပညာတွေကို နားလည်ထားကြသူတွေပဲ။
ပထမအဆင့်အထွတ်အထိပ်သိုင်းပညာတွေကို နားလည်ခဲ့တဲ့အလယ်ဆင့်သူတော်စင်တွေကတော့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့သမိုင်းမှာ မထွက်ပေါ်လာပါဘူ၊ နက်ပြာပလိန်းတစ်ခုလုံးပေါ်မှာတောင်မှပေါ့။
ဒါပေမယ့် ကျူးကလန်ရဲ့မှတ်တမ်းထဲမှာတော့ ပထမအဆင့်အထွတ်အထိပ်သိုင်းပညာတစ်ခုကို နားလည်ခဲ့တဲ့အလယ်ဆင့်သူတော်စင်တစ်ယောက် ရှိခဲ့တယ်၊ ဒါပေမယ့် ထိုအလယ်ဆင့်သူတော်စင်က နက်ပြာပလိန်းကတော့ မဟုတ်ပါဘူး။
"အစိမ်းရောင်မီးလျှံသူတော်စင်က ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့ တိုက်ခိုက်နေတာပဲ"
"ဘယ်သူက ပိုမြင့်လောက်မလဲ"
"အဲဒါက ပြောဖို့ခက်တယ်။ အစိမ်းရောင်မီးလျှံသူတော်စင်ရဲ့အစိမ်းရောင်မီးလျှံဓားပညာက အလွန်ကြောက်စရာကောင်းပြီး ဓားတစ်ကွက်တည်းနဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်ကို ပြာပုံဖြစ်စေခဲ့တယ်။ ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့ဆန်းကြယ်နက်နဲဓားပညာကတော့ အရာအားလုံးကို အေးခဲရပ်တန့်စေနိုင်တယ်။ မီးလျှံတစ်ခုနဲ့ရေခဲတစ်ခုကြား တိုက်ပွဲပဲ"
မိုးကြိုးသားရဲဆင့်ကဲပြောင်းလဲတဲ့အခါ ကြီးမားတဲ့ရုတ်ရင်းဆန်ခတ်မှုကို ဖြစ်စေပြီး လေတိမ်မြို့ထဲရှိ သူတော်စင်များစွာကို ဆွဲဆောင်ခဲ့တယ်။
"ငါလည်းပဲ ကျူးကလန်ရဲ့ပါရမီရှင်သူတော်စင်တစ်ယောက်ရဲ့ခွန်အားကို တွေ့ကြုံချင်တယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့မျက်လုံးတွေက တင်းမာခက်ထန်သွားတယ်။ ဆန်းကြယ်နက်နဲဓားစက်ကွင်းက ပျံ့နှံ့ပြီး ဟင်းလင်းပြင်က အေးခဲသွားရတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်ရဲ့ဓားစက်ကွင်းကြောင့် အားနည်းတဲ့သူတွေက ချက်ချင်း အေးခဲသွားပြီး မလှုပ်မရှားနိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျူးနန်ရှန်က ချွင်းချက်တစ်ခုပေါ့လေ။ သူ့ရဲ့အစိမ်းရောင်မီးလျှံတွေက ကြီးမားလာပြီး ဟင်းလင်းပြင်က အစိမ်းရောင်မီးလျှံတွေ တောက်လောင်နေတယ်။ အဲဒါက ဆန်းကြယ်နက်နဲဓားစက်ကွင်းကို ထပ်မံတိုးတက်ခွင့်မပြုဘူး။
ဂျိုင်း........
ကျူးနန်ရှန်နဲ့ဆန်းကြယ်နက်နဲဓားသူတော်စင်တို့က ထိပ်တိုက်ရင်ဆိုင်လိုက်ကြတယ်။
ဓားနှစ်လက်က ထိတွေ့ပြီး အစိမ်းရောင်မီးလျှံနဲ့ရေခဲအပိုင်းအစတွေက ပေါက်ကွဲထွက်လာတယ်။
နောက်တစ်နာရီကြာပြီးနောက်.........
ဝုန်း.........
အစိမ်းရောင်မီးပွားတွေက နေရာတိုင်းကို လွင့်စင်သွားပြီး ကျူးနန်ရှန်က လွင့်ထွက်သွားတယ်။
ဓားပညာအရ ဆန်းကြယ်နက်နဲဓားသူတော်စင်က ပိုမြင့်တယ်။ ဒါပေမယ့် ဒါက ဓားပညာတိုက်ပွဲတစ်ခုသာ ဖြစ်တယ်၊ ခွန်အားအလုံးစုံယှဉ်တဲ့တိုက်ပွဲတစ်ခုသာ ဆိုရင် အလယ်ဆင့်သူတော်စင်တွေကြားမှာ ကျူးနန်ရှန်အတွက် ပြိုင်ဘက်တစ်ယောက်မှ ရှိလိမ့်မှာ မဟုတ်ဘူး။ ကျူးနန်ရှန်က အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားပြီး အဲဒါကို အသုံးပြုတာနဲ့ အဆင့်မြင့်သူတော်စင်တစ်ယောက်ကတောင် ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ကျူးနန်ရှန်က အရှက်မရချင်ပါဘူး။ သူက ပြင်ပစွမ်းအားမှခွန်အားကို ချေးငှားခဲ့ရင် သူက ဆန်းကြယ်နက်နဲဓားသူတော်စင်ထက် နိမ့်ကျတယ်လို့ သူက ယူဆထားသလိုဖြစ်သွားပါလိမ့်မယ်။
"ကြည့်ရတာ ဆန်းကြယ်နက်နဲဓားသူတော်စင်က ပိုသန်မာပုံပဲ၊ သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့နံပါတ်တစ်အလယ်ဆင့်သူတော်စင်ဆိုတာ အံ့ဩစရာမရှိပါဘူး"
"သိုင်းပညာကျွမ်းကျင်မှုအားဖြင့်ဆိုရင် အဆင့်မြင့်သူတော်စင်အနည်းငယ်ကသာ ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့ ယှဥ်နိုင်လိမ့်မယ်"
အနီးဝန်းကျင်မှာ ပုန်းကွယ်နေတဲ့ သူတော်စင်တွေက အပူတပြင်းဆွေးနွေးနေကြတယ်။
"ဆန်းကြယ်နက်နဲဓားသူတော်စင်၊ မင်းရဲ့ဓားပညာက ငါထက် နည်းနည်းပဲ ပိုသန်မာတယ်လို့ ငါ ယူဆထားတယ်၊ ဒါပေမယ့် အဲ့တော့ရော ဘာဖြစ်လဲ"
ရှေးကျတဲ့မီးအင်းကွက်တွေနဲ့ပြည့်နေတဲ့စူးတစ်ခုက ကျူးနန်ရှန်က ထုတ်လိုက်တယ်။ သူ့ရဲ့လက်ကို ဝှေ့ယမ်းမှုနဲ့အတူ အဆုံးမဲ့စူးပုံသဏ္ဍာန်မီးတောက်တွေက ဆန်းကြယ်နက်နဲဓားသူတော်စင်ထံ ပြေးဝင်လာကြတယ်။
ဝုန်း......ဝုန်း......ဝုန်း.......ဝုန်း........
ရေခဲအပိုင်းအစတွေက ကွဲထွက်နေပြီး ဆန်းကြယ်နက်နဲဓားသူတော်စင်က အဆက်မပြတ် နောက်ဆုတ်နေရတယ်။
ပထမအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့စွမ်းအားက အားကောင်းလွန်းတယ်။ ကျူးနန်ရှန်က အပြည့်အဝအသုံးမချနိုင်တာတောင် ဆန်းကြယ်နက်နဲဓားသူတော်စင် ရင်ဆိုင်နိုင်တာထက် ပိုပါတယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင် ရှုံးနိမ့်ပြီး ဒဏ်ရာရခါနီးမှာ ဓားချီတစ်ခုက စူးသဏ္ဍာန်မီးလျှံအားလုံးကို ပျံ့နှံ့သွားစေခဲ့တယ်။
"ကျူးနန်ရှန်၊ ဒီနေရာက မင်းတို့ကျူးကလန်အတွက် ကစားဖို့နေရာတစ်ခုမဟုတ်ဘူး၊ ထွက်သွားစမ်း" ဟင်းလင်းပြင်မှ အံ့ဖွယ်သဘာဝဓားသူတော်စင်က ထွက်လာတယ်။
အံ့ဖွယ်သဘာဝဓားသူတော်စင်ထွက်လာတဲ့အခိုက်မှာ ပုန်းကွယ်နေတဲ့သူတော်စင်တွေအားလုံးက ပင့်သက်ရှိုက်လိုက်တယ်။ ကျူးကလန်ရဲ့နံပါတ်၁ဘိုးဘေးက ဒီနေရာမှာ မရှိရင် ဘယ်သူကမှ အံ့ဖွယ်သဘာဝဓားသူတော်စင်အတွက် ပြိုင်ဘက်မဖြစ်နိုင်ပါဘူး။
"တောင်တွေက မပြောင်းလဲနိုင်ပေမယ့် လမ်းတွေက ပြောင်းလဲနိုင်တယ်။ အံ့ဖွယ်သဘာဝဓားသူတော်စင်၊ ငါက မင်းကို မျက်နှာသာပေးလိုက်မယ်"
ကျူးနန်ရှန်ရဲ့အမူအရာက အလွန်ရုပ်ဆိုးနေတော့တယ်။ အမှန်အတိုင်းပြောရရင် သူက သူ့အသက်ကို စွန့်စားရဲရင် သူက အံ့ဖွယ်သဘာဝဓားသူတော်စင်ကို မရှုံးနိုင်ပါဘူး၊ ဒါပေမယ့် သူက ဆန်းကြယ်နက်နဲဓားသူတော်စင်နဲ့အံ့ဖွယ်သဘာဝဓားသူတော်စင်တို့နှစ်ယောက်လုံးကို တစ်ချိန်တည်းမှာ တိုက်ခိုက်ဖို့ယုံကြည်ချက် မရှိပါဘူး။
အစိမ်းရောင်မီးလျှံတစ်ခုက ပေါက်ကွဲထွက်သွားပြီး ကျူးနန်ရှန်က ပျောက်ကွယ်သွားတော့တယ်။
"ဒီကျူးနန်ရှန်က ရင်ဆိုင်ရတာ မလွယ်ဘူး" အံ့ဖွယ်သဘာဝဓားသူတော်စင်က ရေရွတ်လိုက်တယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်"ကျူးကလန်ရဲ့အခြေခံအုတ်မြစ်က နက်နဲပြီးခိုင်ခံတယ်။ လက်ရှိအချိန်အထိ ကျူးကလန်သူတော်စင်တွေရဲ့အစစ်အမှန်ဝှက်ဖဲက ဘာလဲကို တစ်ယောက်မှ မသိဘူး"
ခွန်အားအရဆိုရင် ကျူးကလန်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ထိပ်ဆုံးသုံးဖွဲ့ထဲကို မဝင်နိုင်ဘူး။ ဓားသမားအစည်းအရုံးဖြစ်စေ၊ မြင့်မြတ်ဓားမော့ဂိုဏ်းဖြစ်စေ၊ သူတို့နှစ်ဖွဲ့လုံးက ကျူးကလန်ထက် ပိုမြင့်တယ်။
ဒါပေမယ့် ကျူးကလန်ရဲ့အခြေခံအုတ်မြစ်က ဘယ်သူမဆိုရဲ့အမူအရာကို ပြောင်းလဲပေးနိုင်တယ်။ ကျုးကလန်ရဲ့ဌာနချုပ်ဖြစ်တဲ့မီးနတ်ဘုရားတောင်တန်းက မထိုးဖောက်နိုင်ဘူးလို့ လူသိများတယ်။ တစ်ချိန်က ကျူးကလန်က သူတော်စင်တစ်ယောက်ကို ရန်စခဲ့တယ်၊ ဒါပေမယ့် တစ်လကြာတဲ့အထိ သူတော်စင်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ပြီးတောင်မှ ကျူးကလန်ရဲ့အစီအရင်က မကျိုးပျက်ခဲ့ဘူး။ သူတောင်စင်က ရွေးချယ်စရာမရှိဘဲ ဒေါသနဲ့ ဆုတ်ခွာသွားရတယ်။
"အကြီးအကဲလီက ဒုက္ခတွေကို ဖိတ်ခေါ်ရာမှာ တော်လွန်းတယ်။ ကျူးကလန်ကတောင် သူ့ကိုပစ်မှတ်ထားနေတယ်။ ဘယ်လိုတောင် ခေါင်းကိုက်စရာတစ်ခုပါလိမ့်" အံ့ဖွယ်သဘာဝဓားသူတော်စင်က သူ့နဖူးကို ရိုက်လိုက်တယ်။
ဆန်းကြယ်နက်နဲဓားသူတော်စင်က ပြောလိုက်တယ်"ဘာကိစ္စပဲဖြစ်ဖြစ်၊ အကြီးအကဲလီက ငါတို့ဓားအစည်းအရုံးရဲ့ပင်မအကြီးအကဲပဲ။ ကျူးကလန်က မလွန်ကျူးဖို့တော့ မျှော်လင့်တယ်"
"သူတို့က ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းတော့ လုပ်ရဲမှာ မဟုတ်ဘူး။ နောက်နှစ်အနည်းငယ်ကြာတဲ့အထိ အကြီးအကဲလီနဲ့သူ့မိတ်ဆွေတွေက လေတိမ်မြို့ထဲမှာပဲ ရှိနေသင့်တယ်"
အံ့ဖွယ်သဘာဝဓားသူတော်စင်က လေတိမ်မြို့ထဲမှာ အမြဲတမ်းရှိနေနိုင်တာမဟုတ်ဘူး။ ဒါကြောင့် သူက လီဖူချန်းကို အချိန်တိုင်း မကာကွယ်နိုင်ဘူးလေ။
"ငါ နားလည်ပါတယ်" ဆန်းကြယ်နက်နဲဓားသူတော်စင်က ခေါင်းညိတ်လိုက်တယ်။
အခင်းဖြစ်ပွားပြီးပြီဆိုတော့ ပုန်းကွယ်နေတဲ့သူတော်စင်တွေက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့တယ်။
"ကြည့်ရတာ ငါက ခွန်အားကို ဖြစ်နိုင်သမျှ မြန်မြန်တိုးတက်အောင်လုပ်ဖို့ လိုပုံပဲ"
လီဖူချန်းက သီးသန့်နေရာမှာ ရှိပေမယ့် မိုးကြိုးသားရဲဆင့်ကဲပြောင်းလဲခြင်းက ထင်ရှားလွန်းတယ်။ လီဖူချန်း မသိဖို့က မဖြစ်နိုင်ဘူး။ သူက သူ့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ပြီး လျှို့ဝှက်စွာ လိုက်သွားတယ်။
စောစောတုန်းက သူက ကိုယ်တိုင်လှုပ်ရှားဖို့ ပြင်ဆင်ထားခဲ့ပြိီးဖြစ်တယ်။
သက်ပြင်းတစ်ချက်ချပြီးနောက် လီဖူချန်းက လေတိမ်မြို့ထဲကို ပြန်သွားခဲ့တယ်။
…
အချိန်တွေ ကုန်ဆုံးနေတယ်၊ မိုးကြိုးသားရဲရဲ့ဆင့်ကဲပြောင်းလဲခြင်းပြီးကတည်းက လဝက်ကျော်ကြာပါပြီ။
မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၇"
ဒီနေ့မှာတော့ လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၇ကို ဖန်တီးနိုင်ခဲ့ပါတယ်။
လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းအဟောင်းကို ရိုးရှင်းလွယ်ကူစေခဲ့ပါပြီ။ အဆင့်ခြောက်ဆင့်တိုင်းကို အဆင့်တစ်ဆင့်အဖြစ် ရိုးရှင်းလွယ်ကူစေခဲ့တယ်၊ အဆင့်လေးဆယ့်နှစ်ဆင့်ဆိုတော့ အဆင့်ခုနှစ်ဆင့်အဖြစ် ပြုလုပ်ခဲ့တာပေါ့။
လီဖူချန်း စီစဉ်ထားတဲ့အတိုင်းပါပဲ၊ မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၇မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုနှစ်ခု ပါဝင်တယ်။ စုစုပေါင်းအရ မူလအဆုံးစွန်းဓားခုနှစ်ဆင့်မှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုရှစ်ခု ပါရှိပြီး ကောင်းကင်မဲ့ဓားကျားနည်းလမ်းထက် နှစ်ခုပိုတယ်။
"နောက်တစ်လှည့်ကတော့ အဆင့်၈ပေါ့"
မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၇က အထွတ်အထိပ်နဲ့ အကန့်အသတ်မဲ့နီးကပ်တယ်။ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုရှစ်ခု ပါဝင်တာကြောင့် ကျင့်ကြံခဲ့တဲ့ဓားစွမ်းအင်က မူလအဆုံးစွန်းဓားနည်းလမ်းအဟောင်းရဲ့အဆင့်၄၂ထက် အဆများစွာ ပိုသန်မာတယ်။ လီဖူချန်းရဲ့အစီအစဥ်အရ အဆင့်၈က အထွတ်အထိပ်ဖြစ်ပါလိ့မ်မယ်။ လူသားခန္ဓာကိုယ်ဆန်းကြယ်မှုအားလုံးကို ဒီအဆင့်ထဲ လွှမ်းခြုံဖို့ သူက မျှော်လင့်ထားတယ်။
"ငါ့ကိုယ်ငါ အားကိုးနေရင် မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၈ကို ဖန်တီးဖို့ အနည်းဆုံး လအနည်းငယ်လိုမယ်။ ဒါပေမယ့် ရေဝဲနက်သစ်သီးနဲ့ဆိုရင်တော့ အဲဒါက ပိုမြန်လာလိမ့်မယ်"
လျှို့ဝှက်ခန်းထဲမှာ ရေဝဲနက်သစ်သီးတစ်လုံးက လီဖူချန်းရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။
ဒါက စစ်မှန်တဲ့ရေဝဲနက်သစ်သီးဖြစ်ပြီး ထိုးထွင်းသိမြင်မှုကို ဆယ်ဆတိုးမြင့်စေနိုင်တယ်။
တုံ့ဆိုင်းမှုမရှိဘဲ လီဖူချန်းက ရေဝဲနက်သစ်သီးတစ်ခုလုံးကို အသုံးပြုလိုက်တယ်။
ရေဝဲနက်သစ်သီးက အရည်ပျော်သွားခဲ့ပြီး အနက်ရောင်ပုံရိပ်ယောင်စီးကြောင်းတစ်ခုက စိတ်ထဲကို ပြေးဝင်လာတယ်။ ပြီးနောက်ချက်ချင်းပဲ ရေဝဲနက်တစ်ခုက သူ့ရဲ့စိတ်ထဲမှာ ဖြစ်တည်သွားတယ်။
ရေဝဲနက်က စကြာဝဠာရှိ ကြယ်မြစ်တစ်စင်းနဲ့ တူတယ်။ အဲဒါမှာ ဝိုးတိုးဝါးတားအရောင်တွေ ပြည့်နှက်နေပြီး တဖြည်းဖြည်း ပုံသဏ္ဍာန်ဖြစ်တည်လာနေတယ်။ သူ့ရဲ့အတွေးတွေက မြန်ဆန်လာသလို လီဖူချန်းက ခံစားရပြီး အရှိန်အဟုန်က တိုးလာနေတယ်။
နှစ်ဆ၊ သုံးဆ........
အချိန်တိုအတွင်း လီဖူချန်းရဲ့အတွေးတွေက အရင်ကထက် ငါးဆပိုမြန်လာတယ်။
သူက မေးခွန်းတစ်ခုကို တွေးဆမယ်ဆိုရင် အရင်လိုအပ်တဲ့အချိန်ရဲ့နှစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုဖို့လိုအပ်တယ်လို့ ဆိုလိုတယ်။
ရှစ်ဆ.......
ဆယ်ဆ။
အတွေးဖြစ်စဉ်က ဆယ်ဆမြန်လာတဲ့အချိန်မှာ ရေဝဲနက်က အပြည့်အဝ ဖြစ်တည်သွားပါပြီ။
အချိန်မဖြုန်းဘဲ လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၈ကို ချက်ချင်းစတင်ဖန်တီးလိုက်တယ်။
မြန်လွန်းတယ်"
လီဖူချန်းက စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပေမယ့် ဖန်တီးခြင်းအရှိန်က မြန်လွန်းတာကြောင့် လေအေးလေးကိုသာ ပင့်သက်ရှိုက်လိုက်ရတယ်။
အတွေးဖြစ်စဉ်မြန်နှုန်းဆယ်ဆက အကျိုးဖြစ်ထွန်းမှုကို ဆယ်ဆမကပါဘူး၊ မတိုင်းတာနိုင်လောက်တဲ့အထိ တိုးတက်စေနိုင်တာပဲ။
***