အခန်း (၄၀၇)
Vol. 30 Ch. 407
အမြီးကိုးချောင်း ကောင်းကင်မြေခွေးများ၏သွေးမျိုးဆက်တွင် အမြီးသုံးချောင်းရှိနေလျှင်ပင် စိတ်ကူးမယဉ်နိုင်လောက်သောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်သည်။
ကောင်းကင်မြေခွေးများသည် စိတ်ထိန်းချုပ်မှုတွင် အလွန်ပါရမီကောင်းသည်။
ပိုင်ဝူဟန်က ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသည်။ ဟန်မူယဲ့က မျက်လုံးနှင့်မြင်နေရသောကြောင့် သူမ၏တည်ရှိမှုကို အာရုံခံနိုင်ခြင်းဖြစ်သည်။
ယခုအချိန်တွင် ရှန့်လင်းရွှမ်းနှင့် ဟန်မူယဲ့တို့မှလွဲ၍ ဆယ်မိုင်ပတ်လည်တွင်ရှိသော မိစ္ဆာများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
“ပိုင်ဝူဟန်၊ နာမည်ကောင်းပဲ”
ဟန်မူယဲ့က ကောင်းကင်မြေခွေးအဖြစ်မှ အသွင်ပြောင်းလာသောမိန်းကလေးကိုကြည့်ပြီး ညင်သာစွာခေါင်းညိတ်သည်။
သူ့စကားကို ကြားလိုက်ရသောအခါ ပိုင်ဝူဟန်၏မျက်လုံးထဲတွင် အတိတ်ကိုလွမ်းဆွတ်မှုများ ဖြတ်ပြေးသွားသည်။ သူမက တီးတိုးပြောသည်။
“အမှန်အတိုင်းပြောရရင် ကျွန်မက ဓားစံအိမ်မှာပဲနေပြီး ဝိညာဉ်ကျောက်တုံးတွေခိုးယူနေတဲ့ မြေခွေးလေးတစ်ကောင်ပဲဖြစ်ချင်တယ်”
သူမ၏မျက်နှာထားက ပိုမိုရှုပ်ထွေးလာသည်။
“ကျွန်မက ရှောင်ရွှမ်းကို ပြန်မြင်နိုင်ပါအုံးမလား သိချင်မိတယ်”
ကောင်းရှောင်ရွှမ် ....
လူသားတစ်ယောက်ဖြစ်ချင်သော်လည်း ဓားတစ်လက်ဖြစ်သွားသော လူငယ်လေးတစ်ယောက် ....
သူက ဟွမ်လောင်လျှိုနှင့်အတူ ပြင်ပဘုံသို့ လိုက်သွားသည်။
သူက ထွက်မသွားခင် မြေခွေးဖြူလေးကို စောင့်ရှောက်ပေးရန်အတွက် ဟန်မူယဲ့ကို တောင်းဆိုခဲ့သည်။
“တစ်နေ့မှာ ငါက ပြင်ပဘုံကိုသွားပြီး ဟွမ်လောင်လျှိုကို သွားရှာမယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“သမီးလည်းသွားမယ်”
ဟွမ်ကျစ်ဟူက လက်သီးဆုပ်များကို ဝှေ့ယမ်းလိုက်သည်။
“အဲဒါဆိုရင် ငါလည်း ....”
သူတို့၏နောက်တွင် ရှန့်လင်းရွှမ်းက ခေါင်းကုတ်လိုက်ပြီး လမ်းပျောက်နေသည်။
ပိုင်ဝူဟန်က ရှန့်လင်းရွှမ်းကို လှည့်ကြည့်သည်။ “ဆင်ဖြူလေး၊ ပြင်ပဘုံက ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် အဆပေါင်းများစွာအန္တရာယ်များတယ်။ နင်က ပြင်ပဘုံကိုသွားချင်တယ်ဆိုရင် လက်ရှိစိတ်ထားနဲ့ မဖြစ်နိုင်ဘူး”
ရှန့်လင်းရွှမ်းက ခါးသီးသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
သူတို့မျိုးနွယ်က သိမ်မွေ့ပြီး တိုက်ခိုက်လိုစိတ်မရှိပေ။ သူက အန္တရာယ်များသောနေရာတွင် တိုက်ခိုက်ရမည်ဆိုလျှင် မသက်မသာဖြစ်နေလိမ့်မည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စကားမပြောပေ။
ကျင့်ကြံခြင်းလောကတွင် ကိုယ်ပိုင်အလိုဆန္ဒအလျောက် ဖြစ်လာနိုင်သောအရာများ သိပ်မရှိပေ။
သူက မသတ်ဖြတ်ချင်သော်လည်း သတ်ဖြတ်မှုကို ပြုလုပ်ရလိမ့်မည်။
ပိုင်ဝူဟန်က အစိမ်းရောင်မြေခွေးကလန်၏ သွေးမျိုးဆက်နှင့်ပေါင်းစပ်ပြီး ကလန်အတွင်း၌ရှိသော သောင်းချီသည့်မြေခွေးများ၏အသက်ကို ထိန်းချုပ်ထားသည်။
သွေးမျိုးဆက်အားလုယူရန် ရောက်ရှိလာသော မိစ္ဆာနှင့်လူသားများအားလုံးသည် အညံ့ခံလိုက်ပြီး ကလန်တွင် နေထိုင်ခဲ့သည်။
ထို့ကြောင့် ကလန်အတွင်း၌ မိစ္ဆာအမြုတေဖွဲ့စည်းထားသော မိစ္ဆာနှစ်ဆယ်ခန့်ရှိလာသည်။ သူတို့ထဲမှငါးယောက်သည် အစိမ်းရောင်မြေခွေးကလန်မှဖြစ်ပြီး နှစ်ယောက်သည် ရွှေအမြုတေအဌမအဆင့်သို့ရောက်နေသော လေဝံပုလွေကလန်မှဖြစ်သည်။
ကောင်းကင်ဝံပုလွေကလန်၏ ဝိညာဉ်အမှတ်အသားရှိနေသောကြောင့် မိစ္ဆာကျွမ်းကျင်သူများသည် သစ္စာဖောက်ရန် မတွေးနိုင်ပေ။
သွေးမျိုးဆက်အမွေအနှစ်ဖြင့် ဖိနှိပ်ထားသောနည်းလမ်းများသည် အမှန်တကယ်အကျိုးအကြောင်းမသင့်ပေ။
ပိုင်ဝူဟန်နှင့်ရှန့်လင်းရွှမ်းက ကလန်ကိုထိန်းချုပ်ပြီး အခြေအနေကိုနားလည်နိုင်ရန် ကြိုးစားနေသည်။ ဟန်မူယဲ့နှင့်ဟွမ်ကျစ်ဟူက ယဇ်ပလ္လင်နှင့် သိပ်မဝေးသော ကျောက်တုံးအိမ်ထဲတွင် အနားယူနေသည်။
ကျောက်တုံးအိမ်၏အပြင်ဘက်တွင် ပေဒါဇင်ချီရှည်လျားသော ချိုတစ်ချောင်းကြံ့တစ်ကောင်သည် မြေပြင်ပေါ်တွင် နေပူဆာလှုံနေသည်။
ကြံ့မိစ္ဆာ၏ မိစ္ဆာဝိညာဉ်ကို ဖျက်ဆီးလိုက်သောကြောင့် ကြံ့ခိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် သာမန်မိစ္ဆာသားရဲတစ်ကောင် ဖြစ်သွားသည်။
သို့သော် အမြုတေဖွဲ့စည်းထားသော မိစ္ဆာတစ်ကောင်ဖြစ်နေသည်။ ကြံ့မိစ္ဆာ၏ခန္ဓာကိုယ်သည် ခုခံနိုင်စွမ်းကောင်းပြီး ခရီးသွားရန် စီးတော်ယာဉ်အဖြစ်လည်း အသုံးချနိုင်သည်။
ဟွမ်ကျစ်ဟူက ခရီးပန်းနေသည်။ ကြံ့မိစ္ဆာ၏ ကျယ်ပြန့်ပြီးတည်ငြိမ်သောကျောပြင်သည် ခရီးတစ်လျှောက် အိပ်စက်ရန် သင့်တော်သည်။
အစိမ်းရောင်မြေခွေးကလန်သည် ကြောင်မြီးတိုကလန်ထက် ပိုမိုသန်မာပြီး ကြွယ်ဝသည်။ သူတို့ပို့လိုက်သော ဝိညာဉ်သစ်သီးများသည် အရသာရှိရုံသာမက အားဖြည့်ပေးနိုင်သည်။
ဟွမ်ကျစ်ဟူက စားပွဲရှည်ပေါ်တွင်လဲလျောင်းနေပြီး သစ်သီးများကို တစ်လုံးပြီးတစ်လုံး ယူစားနေသည်။
ယွင်တိက စုတ်တံနှင့်မင်တုံးကိုကိုင်ထားပြီး ဟွမ်ကျစ်ဟူ၏ဘေးတွင် ဖျတ်ခနဲပေါ်လာသည်။
ဟွမ်ကျစ်ဟူက အသီးတစ်ဝက်ကို ပါးစပ်ထဲတွင်ကိုက်ထားပြီး ဝမ်းနည်းပက်လက်ဖြစ်သွားသည်။
ယွင်တိက လက်ကိုဝှေ့ယမ်းလိုက်သောအခါ စားပွဲပေါ်တွင်ရှိသော သစ်သီးများအားလုံး ပျောက်ကွယ်သွားသည်။ သူမက စားပွဲရှည်ပေါ်တွင် စုတ်တံနှင့်မင်တုံးကို နေရာချသည်။
ဟွမ်ကျစ်ဟူက မျက်နှာသေဖြင့် စုတ်တံကိုကောက်ယူပြီး စာအုပ်ဖွင့်၍ စာလုံးများကို ကူးရေးလိုက်သည်။
ဟွမ်ကျစ်ဟူက စာရေးလိုက်သောအခါတွင် တည်ငြိမ်သွားပြီး မျက်လုံးများတောက်ပလာသည်။
သူမက လေးနက်စွာဖြင့် စာကူးရေးနေကြောင်း မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က လက်မြှောက်ပြီး ၁၈ပေရှည်သော ဆူးတင်းပုတ်ကို ထုတ်ကြည့်သည်။
ဆူးတင်းပုတ်သည် အလွန်လေးလံပြီး သန့်စင်ထားသောနည်းလမ်းကလည်း ရှုပ်ထွေးသည်။ သို့သော် ထည့်သွင်းထားသော ဝိညာဉ်သတ္တုများသည် အတော်လေးအဆင့်မြင့်သည်။
ဆူးတင်းပုတ်ကို အရည်ဖျော်လိုက်လျှင် ဝိညာဉ်ကျောက်တုံးအများအပြားနှင့် လဲလှယ်နိုင်သည်။
ဟန်မူယဲ့က ဝံပုလွေသွားစွယ်တင်းပုတ်ကို ကိုင်ထားပြီး ဓားချီနှင့် ချီစွမ်းအင်များကို ထည့်သွင်းလိုက်သည်။
ဆူးတင်းပုတ်က တုန်ခါသွားပြီး မလိုလားစွာ အသံပြုသည်။
ပုံစံပေါ်တော့မည်ဖြစ်သော ဝိညာဉ်စွမ်းအားသည် ပျက်စီးသွားခဲ့သည်။
ဝိညာဉ်လက်နက်၏စွမ်းအားသည် ပြိုကျသွားပြီး ဆူးတင်းပုတ်ထဲသို့ ပြန်ဝင်လာသည်။
ဆူးတင်ပုတ်သည် ပိုင်ရှင်မရှိတော့ပေ။
ထိုသို့ဆိုလျှင် ရောင်ဝယ်နိုင်ရန် ပိုမိုလွယ်ကူသည်။
ပိုင်ရှင်ရှိသောပစ္စည်းများကို ရောင်းဝယ်ခြင်းသည် မကောင်းပေ။
ဆူးတင်းပုတ်ထဲသို့ ဓားချီများတိုးဝင်သွားပြီး ဟန်မူယဲ့၏စိတ်ထဲတွင် အေးစက်မြေအောက်ကမ္ဘာ၏ ပုံရိပ်များပေါ်လာသည်။
ဆူးတင်းပုတ်ပိုင်ရှင်ဖြစ်သော ရွှေဆည်းဆာသည် ကျင့်ကြံဆင့်မြင့်မားပြီး မြို့သခင်လေးတစ်ယောက်ဖြစ်သည်။ သူက အေးစက်မြေအောက်ကမ္ဘာ၏ လျှို့ဝှက်ပုံပြင်များအပြင် အချက်အလက်အများအပြားကို သိထားသည်။
“ဒီအေးစက်မြေအောက်ကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ သိပ်မဝေးဘူးပဲ”
မျှော်လင့်မထားသော အံ့အားသင့်ဖွယ်တစ်ခုဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မဟာတာအိုက ဖုံးကွယ်ထားသောကြောင့် အပြင်လူများရှာတွေ့ရန် ခက်ခဲသည်။
သို့သော် ဟန်မူယဲ့သိထားသောအချက်အလက်များအရ အလယ်ပိုင်းကုန်းမြေသည် တခြားကမ္ဘာများကို ဆက်တိုက်ကျူးကျော်နေခဲ့သည်။
အေးစက်မြေအောက်ကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် အားနည်းပြီး မိစ္ဆာများကြီးစိုးနေသည်။ ထိုကမ္ဘာကို သိမ်းပိုက်ရန် သင့်တော်သည်။
သူက အေးစက်မြေအောက်ကမ္ဘာ၏အချက်အလက်များကို တော်ဝင်ရုံးတော်သို့ ပေးပို့လိုက်လျှင် အကျိုးအမြတ်အချို့ ရနိုင်မည်လား သိချင်မိသည်။
ဆူးတင်းပုတ်၏ ချီနှင့်သွေးများသည် ရောနှောနေပြီး ဟန်မူယဲ့က ထိုစွမ်းအားများကို ကြယ်နှလုံးသားထဲသို့ ပို့လိုက်သည်။
သူက ဆူးတင်ပုတ်ကိုသိမ်းပြီး ဆေဘာဓားတစ်လက်ကို ထုတ်ကြည့်သည်။
ဆေဘာဓားသည် မည်းနက်နေပြီး ဓားသွားပေါ်တွင် မိစ္ဆာအလင်းများ တောက်ပနေသည်။
သူက ဓားသွားပေါ်သို့ လက်တင်ကြည့်လိုက်သောအခါတွင် အေးစက်မှုများကို ခံစားမိသည်။
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။
ဤဆေဘာဓားကို ကြေးခွံနက်မိစ္ဆာတစ်ယောက်ဆီမှ ရခဲ့သည်။
သူက ပိုင်ဝူဟန်သိမ်းသွင်းလိုက်သော ကြေးခွံနက်ငါးမိစ္ဆာကို မေးမြန်းနိုင်သော်လည်း ကိုယ်တိုင်စစ်ဆေးခြင်းကို ပိုသဘောကျသည်။
သူကိုယ်တိုင်မြင်ရသောအရာများသည် စစ်မှန်မှုရှိသည်။
ဆေဘာဓားထဲသို့ ဓားချီများတိုးဝင်သွားသောအခါတွင် သွေးအငွေ့အသက်များ ပျောက်ကွယ်သွားသည်။
ဆေဘာဓားသည် အများအပြားသတ်ဖြတ်ခဲ့သည်။
“ဘုန်း”
ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် မီးတောက်များပေါ်ထွက်လာသည်။
ဟန်မူယဲ့က နှာမှုတ်လိုက်ပြီး ဝိညာဉ်လိပ်ပြာဓားဖြင့် ခုတ်ချလိုက်သည့်အတွက် မီးတောက်များ ပျောက်ကွယ်သွားသည်။
လက်နက်များ၏တန်ပြန်တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းမဟုတ်ပေ။ သို့သော် ဝိညာဉ်သံချပ်ကာမျိုးနွယ်၏ ရွှေအမြုတေအဆင့်မိစ္ဆာတစ်ယောက်တွင် ထိုနည်းလမ်းမျိုးရှိနေသောကြောင့် အံ့အားသင့်ဖွယ်ကောင်းသည်။
ဝိညာဉ်သံချပ်ကာမျိုးနွယ်၏နောက်ကွယ်တွင် အင်အားစုကြီးတစ်ခု ရှိနေလိမ့်မည်။
မီးတောက်များကို ဖျက်ဆီးပြီးသောအခါ ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
ပုံရိပ်များက ထူးဆန်းပြီး အရောင်စုံသည်။
ဝိညာဉ်သံချပ်ကာမျိုးနွယ်တွင် ကြေးခွံနက်ငါးမိစ္ဆာများသာ ရှိနေခြင်းမဟုတ်ပေ။
နှင်းကြေးခွံကလန်သည် အေးစက်ပြီး အထက်စီးဆန်သည်။ ရွှေချပ်ဝန်ကလန်သည် အလွန်အားကောင်းသည်။ သူတို့က များပြားသော ကြေးခွံနက်ငါးမိစ္ဆာများကို တစ်ဦးတည်းအနိုင်ယူနိုင်သည်။
ရေခဲပြာချပ်ဝတ်နှင့် ကျောက်စိမ်းချပ်ဝတ်ကလန်များလည်း ရှိသေးသည်။ အတွေ့ရအနည်းဆုံးဖြစ်သော အရောင်ငါးမျိုးဝိညာဉ်သံချပ်ကာမိစ္ဆာများလည်း ရှိသည်။ သူတို့က ဝိညာဉ်စွမ်းအားထိန်းချုပ်မှုတွင် ကျွမ်းကျင်သည်။
“ကောင်းကင်မိစ္ဆာလား”
ဟန်မူယဲ့က ကြောင်အသွားသည်။
အရောင်ငါးမျိုးချပ်ဝတ်မိစ္ဆာသည် ကျိုးပဲ့ဝိညာဉ်စွန့်ပစ်မြေတွင် ဟန်မူယဲ့သတ်ဖြတ်ခဲ့သော ကောင်းကင်မိစ္ဆာနှင့် ဆင်တူသည်။
သူတို့က ကလန်တစ်ခုတည်းမဟုတ်လျှင်ပင် ဆက်သွယ်နေနိုင်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ကျူးကျော်နေသော ဝိညာဉ်သံချပ်ကာကလန်၏ ခြိမ်းခြောက်မှုသည် မြင်ရသည်ထက် ပိုမိုပြင်းထန်ပုံရသည်။
ဝိညာဉ်စွမ်းအားထိန်းချုပ်မှုကောင်းသော အရောင်ငါးမျိုးဝိညာဉ်ချပ်ဝတ်ကလန်သည် အသိဉာဏ်နိမ့်ပါးသော ကြေးခွံနက်ငါးမိစ္ဆာများထက် အဆပေါင်းများစွာသန်မာသည်။
ဟန်မူယဲ့က စိတ်ထဲတွင် အဆုံးမရှိသောကလန်ကို မြင်နေရသည်။
ဝိညာဉ်ချပ်ဝတ်ကလန်၏ မျိုးပွားနိုင်စွမ်းကြောင့် ဟန်မူယဲ့က နှလုံးသားထဲတွင် အေးစက်မှုကို ခံစားရသည်။
ထို့အပြင် ဝိညာဉ်ချပ်ဝတ်ကလန်က အစားမရွေးပေ။ သူတို့က သဘာဝစွမ်းအင်ကို ပြတ်လပ်သွားသည်အထိ ဝါးမြိုလိမ့်မည်။
ဆေဘာဓား၏ပိုင်ရှင်သည် အဆုံးမရှိသောစစ်တပ်နှင့်အတူ ကြယ်တစ်စင်းကို သိမ်းပိုက်ခဲ့ဖူးသည်။
ဝိညာဉ်သံချပ်ကာကလန် ရောက်လာသောအခါ ကြယ်ပေါ်တွင်ရှိသော အသက်စွမ်းအားများ ရပ်တန့်သွားခဲ့သည်။
ထိုနည်းလမ်းမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
အရှေ့ပင်လယ်ရေနဂါးကလန်နှင့် ဓားကျင့်ကြံသူများက ပူးပေါင်းပြီး ဝိညာဉ်ချပ်ဝတ်ကလန်ကို တိုက်ခိုက်ခဲ့သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
လျှို့ဝှက်နယ်မြေမှထွက်လာပြီး အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်ရောက်ခဲ့လျှင် အစွမ်းကုန်ကြိုးစား၍ ကြေးခွံနက်ငါးမိစ္ဆာများ၏ကျူးကျော်မှုကို ခုခံမည်ဟု ဟန်မူယဲ့က ဆုံးဖြတ်လိုက်သည်။
ထိုကြေးခွံနက်ငါးမိစ္ဆာများက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ မတော်တဆရောက်လာခဲ့ကြသည်။
ထို့နောက် ဟန်မူယဲ့က တခြားလက်နက်များကို စစ်ဆေးကြည့်လိုက်သည်။
သူက ဝိညာဉ်လက်နက်များကို သန့်စင်ပြီး အထဲတွင်ရှိသော လက်နက်ဝိညာဉ်ကို ဖျက်ဆီးလိုက်သောကြောင့် လက်နက်များသည် ပိုင်ရှင်မဲ့ဖြစ်လာခဲ့သည်။
“ကျွီ ....”
အဝေးတစ်နေရာတွင် စူးရှသောအသံ ပေါ်ထွက်လာသည်။
ဟန်မူယဲ့က ကျောက်တုံးအိမ်ထဲမှ ပျံထွက်သွားပြီး ခေါင်မိုးပေါ်တွင်ရပ်သည်။
အဝေးတစ်နေရာတွင် အစိမ်းရောင်မိစ္ဆာတိမ်တိုက်များ စုဝေးလာသည်။
အစိမ်းရောင်မြေခွေးကလန် ....
ပိုင်ဝူဟန်က သွေးမျိုးဆက်ကိုပေါင်းစပ်ပြီး လောကကို တုန်ခါစေခဲ့သည်။ အစိမ်းရောင်မြေခွေးမျိုးနွယ်စု၏ တခြားကလန်များက အလိုလျောက် သတိထားမိသွားသည်။
အစိမ်းရောင်မြေခွေးမျိုးနွယ်စုတွင် အားကောင်းသောကျွမ်းကျင်သူများ ရှိနေသည်ဟု ကလန်အကြီးအကဲများက ပြောခဲ့သည်။
“ငါတို့ အစိမ်းရောင်မြေခွေးကလန်ရဲ့သွေးမျိုးဆက်နဲ့ ပေါင်းစပ်ခဲ့တဲ့ ကောင်းကင်လမ်းလျှောက်သူက ဒီကလန်မှာမနေရင် ငါ့ရဲ့ ချန်တောင်တန်းမြေခွေးကလန်ကိုလာပြီး စောင့်ကြပ်ရမယ်”
အဝေးတစ်နေရာတွင် ကျယ်လောင်သောအော်သံ ပေါ်ထွက်လာပြီး မိုင်တစ်ရာအတွင်းရှိ တောင်နှင့်မြစ်များကို တုန်ခါသွားစေသည်။ ကောင်းကင်ထက်တွင် တိမ်တိုက်များထိတွေ့သွားပြီး ချီစွမ်းအင်အလင်းများကို မြင်နိုင်သည်။
ကောင်းကင်ဘုံတစ်ဝက်အဆင့် ....
အစိမ်းရောင်မြေခွေးမျိုးနွယ်စု၏ ထိုမိစ္ဆာသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ ရောက်နေသည်။
မြေခွေးကလန်သည် အမှန်တကယ်သန်မာသည်။
ယဇ်ပလ္လင်ထက်တွင် ပိုင်ဝူဟန်က ပျံသန်းလာသည်။
သူမ၏နောက်တွင် ပုံရိပ်ယောင်အမြီးသုံးချောင်းရှိနေသည်။
“ကောင်းကင်မြေခွေးလား”
အဝေးတစ်နေရာတွင် ပျံသန်းလာသော အစိမ်းရောင်ဝတ်စုံနှင့်မိစ္ဆာသည် ပိုင်ဝူဟန်၏နောက်တွင်ရှိသော အမြီးသုံးချောင်းကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။
ထိုမိစ္ဆာသည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့်တူပြီး တစ်ကိုယ်လုံးတွင် မြေခွေးတစ်ကောင်၏အရိပ်အယောင်ကို ရှာမတွေ့နိုင်ပေ။
“ကောင်းကင်မြေခွေးကလန်က အစိမ်းရောင်မြေခွေးကလန်ရဲ့သွေးမျိုးဆက်နဲ့ ပေါင်းစပ်ချင်တယ်ဆိုရင် ချန်တောင်ကုန်းမြေခွေးကလန်က ငြင်းပယ်မှာမဟုတ်ဘူး”