← Chapters

အခန်း (၄၁၀)

Vol. 30 Ch. 410

အခန်း (၄၁၀)

Vol. 30 Ch. 410

ဟန်မူယဲ့က သူမ၏အတွေးများကို ဂရုမစိုက်ပေ။ သူ့မျက်လုံးများက တောက်ပလာပြီး ပြောလိုက်သည်။

“မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ချန်တောင်ကုန်းမြေခွေးကလန်ကို သွားနိုင်ပြီမဟုတ်လား”

တိုက်ခိုက်နိုင်စွမ်းတိုးတက်လာရန်အတွက် သွေးမျိုးဆက်စွမ်းအားကို ပြောင်းလဲခြင်းဖြစ်သည်။ တိုက်ခိုက်နိုင်စွမ်းတိုးမလာလျှင် သွေးမျိုးဆက်ပြောင်းလဲခြင်းသည် အသုံးမဝင်ပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ပိုင်ဝူဟန်က တခစ်ခစ်ရယ်ပြီး ပျောက်ကွယ်သွားသည်။

“ဝှစ် ....”

ဟန်မူယဲ့၏နောက် သုံးပေအကွာတွင် ဓားအလင်းတစ်ခုပေါ်လာသည်။

ဓားအလင်းကို ကောင်းမွန်စွာဖုံးကွယ်ထားသည်။

ထိုဓားချက်ဖြင့် ကမ္ဘာမြေသွေးကြောဖွင့်အဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သည်။

ထိုဓားနည်းစနစ်အပြင် ဝိညာဉ်လိပ်ပြာဓားသုံးချောင်း ရှိနေသောကြောင့် ပိုင်ဝူဟန်က ချန်တောင်ကုန်းမြေခွေးကလန်တွင် စိတ်ကြိုက်လှုပ်ရှားနိုင်သည်။

သူမ၏သွေးမျိုးဆက်နှင့် ဓားနည်းစနစ်များကြောင့် ဝိညာဉ်လိပ်ပြာဓားဖြင့် အစွမ်းကုန်တိုက်ခိုက်လိုက်လျှင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကိုပင် ယှဉ်ပြိုင်နိုင်သည်။

ဓားချက်၏စွမ်းအားနှင့် အမြန်နှုန်းအပြင် ထူးဆန်းသောလှုပ်ရှားမှုကိုကြည့်၍ ဟန်မူယဲ့က အကဲဖြတ်လိုက်သည်။

အစိမ်းရောင်မြေခွေးသွေးမျိုးဆက်သည် ဓားကျင့်ကြံသူများဖြစ်လာရန် အလွန်သင့်တော်သည်။

ပုန်းကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများတွင် အထူးကျွမ်းကျင်သော ကြောင်မြီးတိုကလန်နှင့် ယှဉ်လိုက်လျှင် အစိမ်းရောင်မြေခွေးကလန်သည် ပိုမိုသွက်လက်ပြီး အထိန်းအကွပ်မဲ့သည်။ သူတို့က ဓားနည်းစနစ်ကို ပိုမိုကျွမ်းကျင်သည်။

စိတ်နယ်ပယ်ထဲတွင်ရှိသော အစိမ်းရောင်မြေခွေးကလန်၏သွေးမျိုးဆက်ကို ကြောင်မြီးတိုကလန်၏သွေးမျိုးဆက်ထဲသို့ ပေါင်းထည့်၍ အနည်းငယ်သန့်စင်လိုက်ခြင်းသည် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပုံရသည်။

ဟန်မူယဲ့က ကြောင်မြီးတိုကလန်၏ တိုက်ခိုက်နိုင်စွမ်းတိုးလာစေရန်အတွက် နည်းလမ်းအမျိုးမျိုးကို ချက်ချင်းတွေးခဲ့သည်။

သူ့နောက်ကျော၌ တစ်ပေအကွာတွင် ဓားချက်ရောက်လာသည်။

ပိုင်ဝူဟန်၏မျက်လုံးများက ထူးဆန်းနေသည်။

‘ဓားတာအိုရဲ့အင်မော်တယ်က နားလည်သဘောပေါက်နိုင်စွမ်းပဲရှိပြီး တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားတယ်ဆိုတာ တကယ်ပဲလား’

‘မဟုတ်ဘူး’

ပိုင်ဝူဟန်က ရပ်တန့်လိုက်ပြီး ပေသုံးဆယ်အကွာသို့ နောက်ဆုတ်သည်။

သူမ၏လည်ပင်းတွင် သွေးစွန်းဒဏ်ရာတစ်ခု ပေါ်လာသည်။

သူမက အစမှအဆုံးအထိ ဟန်မူယဲ့၏တိုက်ခိုက်ပုံကို မမြင်ခဲ့ရပေ။

“ရိုးရိုးသားသားပြောရရင် မင်းက ငါနဲ့တစ်ပေအကွာအထိ ဓားချက်ထုတ်နိုင်တဲ့ ပထမဆုံးလူပဲ”

ဟန်မူယဲ့က လှည့်မကြည့်ဘဲ တည်ငြိမ်စွာပြောသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ငါနဲ့ တစ်ပေအကွာအထိ တိုက်ခိုက်နိုင်တဲ့ ဓားကျင့်ကြံသူမျိုး မရှိသေးဘူး”

ထိုသို့ဖြင့် သူက အောက်သို့ဆင်းလာပြီး ကျောက်တုံးအိမ်ထဲသို့ ဖြည်းဖြည်းချင်းဝင်သွားသည်။

ကျောက်တုံးအိမ်ထဲတွင် ဟွမ်ကျစ်ဟူက စာအုပ်တစ်ဝက်ခန့် ကူးရေးထားခဲ့သည်။

ယနေ့အတွက် စာရွက်ရှစ်ရွက် ထပ်ရေးရဦးမည်။

“ထိပ်တန်းဓားကျင့်ကြံသူ၊ ပြိုင်ဘက်ကင်းကွန်ဖြူးရှပ်ပညာရှင် .... လောကမှာ ဒီလိုလူမျိုး ရှိနေသေးတာလား”

ပိုင်ဝူဟန်က ကျောက်တုံးအိမ်ကိုကြည့်လိုက်ပြီး ရေရွတ်သည်။

သူမက လည်ပင်းကိုပွတ်သပ်လိုက်ပြီး ဝမ်မော့ရှန်နှင့် ဓားဘုရင်ယွမ်ထျန်းတို့ တာအိုဆွေးနွေးခဲ့သောအချိန်ကို ပြန်တွေးမိသည်။

ဓားကျင့်ကြံခြင်းသည် လောက၏ထက်မြိမှုများကို စုစည်းခြင်းဖြစ်သည်။

ထောင်ချီသော သတ်ဖြတ်ခြင်းနည်းလမ်းများသည် ဓားချက်၏စွမ်းအားဖြင့် မယှဉ်နိုင်ပေ။

“အစ်မဝူဟန်၊ အဲ့ဒီဓားချက်က တကယ်အားကောင်းတာပဲ”

ရှန့်လင်းရွှမ်းက မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့်အတူ တီးတိုးပြောသည်။

သူက လက်မြှောက်ပြီး ဓားအလင်းများအားထိန်းချုပ်ခဲ့သော ဟန်မူယဲ့ကို မြင်ခဲ့ရသည်။

ဓားသည် ဟန်မူယဲ့၏ဆန္ဒအတိုင်း လှုပ်ရှားနေသည်။

သူက ထူးဆန်းသောမျက်နှာထားဖြင့် ကျောက်တုံးအိမ်ကိုကြည့်သည်။

“အဲ့ဒီလိုဓားချက်မျိုးကို ကျွန်တော်လည်းသင်လို့ရလား”

“နင်က ဓားနည်းစနစ်ကို သင်ချင်တာလား”

ပိုင်ဝူဟန်က တစ်ဖက်သို့လှည့်ပြီး ခန္ဓာကိုယ်တောင့်တင်းသောရှန့်လင်းရွှမ်းကို ကြည့်သည်။

“နင်က လေးကိုင်ရတာကိုပဲ ကြိုက်တာမဟုတ်ဘူးလား”

ရှန့်လင်းရွှမ်းက တောက်ပနေသောမျက်လုံးများဖြင့် ပြုံးသည်။

“ကျွန်တော်က လက်မှာ သွေးမစွန်းအောင်လို့ လေးကိုင်ခဲ့တာ”

“အခု အစ်ကိုဟန်ရဲ့ဓားကို ကြည့်လိုက်ပါအုံး။ သူ့ဓားအလင်းနဲ့ဆိုရင် လက်ကို သွေးပေမှာမဟုတ်ဘူး”

ဓားအလင်းသည် အရိပ်အယောင်ပေါ်မလာဘဲ လူများကို သတ်ဖြတ်နိုင်သည်။

ထိုဓားနည်းစနစ်မျိုးသည် သွေးမစွန်းပေ။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ပိုင်ဝူဟန်က ခေါင်းခါသည်။

“လောကမှာ သွေးမစွန်းတဲ့ သတ်ဖြတ်ခြင်းနည်းစနစ်မျိုး မရှိပါဘူး”

“နင်က ကိုယ့်ကိုယ်ကိုယ် မကျော်လွှားနိုင်ရင် ဓားပညာကျွမ်းကျင်နေလည်း အလကားပဲ”

သူမက စကားပြောပြီးသွားသောအခါတွင် တခစ်ခစ်ရယ်၍ ပြောသည်။ “ငါက မိုင်တစ်ရာအကွာမှာရှိတဲ့ မြွေပါကလန်ကိုသွားမလို့။ နင်လိုက်မှာလား”

‘မြွေပါကလန်ကို သွားမှာလား’

‘ဘာလုပ်ဖို့လဲ’

ရှန့်လင်းရွှမ်က ပြုံးနေသောပိုင်ဝူဟန်ကို ကြည့်သည်။

“သွေးမျိုးဆက်စွမ်းအားကို သွားလုမလို့ပေါ့”

ရှန့်လင်းရွှမ်း၏မျက်နှာထား ပြောင်းလဲသွားသည်။

ပိုင်ဝူဟန်က လှည့်ထွက်သွားသည်။ သူမ၏အသံ ပေါ်ထွက်လာသည်။ “ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် နောက်သုံးရက်အတွင်းမှာ ချန်တောင်ကုန်းမြေခွေးကလန်ကို မသွားနိုင်ဘူး”

သူမက တခြားမျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအားများကို ထုတ်ယူပြီး ခွန်အားတိုးလာစေရန်အတွက် သူမနှင့် ပေါင်းစပ်ရမည်။

ကလန်များသည် သွေးမျိုးဆက်စွမ်းအားကို အကြောင်းပြချက်မရှိဘဲ ထုတ်ပေးမည်မဟုတ်ပေ။

ပိုင်ဝူဟန်က သတ်ဖြတ်ပြီး လုယူလိမ့်မည်။

ရှန့်လင်းရွှမ်း၏မျက်နှာထားက ပြောင်းလဲသွားပြီး တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားသော အစိမ်းရောင်မြေခွေးမိစ္ဆာများကို ကြည့်သည်။ သူက အံတင်းတင်းကြိတ်ထားပြီး သူတို့နောက်သို့ လိုက်သွားသည်။

ကျောက်တုံးအိမ်ထဲတွင် ဟန်မူယဲ့က အဝေးသို့လှမ်းကြည့်ပြီး အစိမ်းရောင်မြေခွေးကလန်၏ ယဇ်ပလ္လင်ကို ပြန်ကြည့်သည်။

ယဇ်ပလ္လင်ထက်တွင် မီးတောက်တစ်ခုရှိနေသည်။

ထိုမီးတောက်သည် ပိုင်ဝူဟန်၏လုံခြုံမှုနှင့် ခွန်အားကို ပြသနိုင်သည်။

ပိုင်ဝူဟန်က အန္တရာယ်နှင့်ရင်ဆိုင်ရလျှင် မီးတောက်သည် အားနည်းသွားပြီး မှိန်ဖျော့လာလိမ့်မည်။

ပိုင်ဝူဟန်က အစွမ်းကုန်ထုတ်သုံးလျှင် မီးတောက်များမြင့်တက်လာပြီး အလင်းပေးလိမ့်မည်။

အရေးကြီးသောအချိန်တွင် ယဇ်ပလ္လင်သည် ကလန်သားများ၏စွမ်းအားကို စတေးပြီး ပိုင်ဝူဟန်ကို တိုက်ခိုက်နိုင်စွမ်းတိုးလာအောင် ကူညီနိုင်သည်။

ဟန်မူယဲ့က မီးတောက်ကို စိုက်ကြည့်နေသည်။ သူ့စိတ်နယ်ပယ်ထဲတွင် မီးတောက်တစ်ခု လှုပ်ရှားသွားသည်။

ကောင်းကင်မြေခွေးများ၏ ဝိညာဉ်စွမ်းအားနှင့် အစိမ်းရောင်မြေခွေးများ၏ အမြန်နှုန်း ....

ဟန်မူယဲ့က အစိမ်းရောင်မြေခွေးကလန်၏ သွေးမျိုးဆက်စွမ်းအားကို ကြောင်မြီးတိုကလန်သို့ ပြန်ယူသွားရန် စီစဉ်ထားသည်။

ကြောင်မြီးတိုများ အမြန်နှုန်းတိုးလာလျှင် တိုက်ခိုက်နိုင်စွမ်း သန်မာလာလိမ့်မည်။

ဟန်မူယဲ့က ကျောက်တုံးအိမ်၏ရှေ့တွင်ရှိသော ချိုတစ်ချောင်းကြံ့ကို လှည့်ကြည့်သည်။

“ဝီ”

ဝိညာဉ်စွမ်းအားတချို့ စိမ့်ထွက်လာသည်။

ချိုတစ်ချောင်းကြံ့၏မျက်လုံးများသည် နားမလည်နိုင်မှုများနှင့်ပြည့်နေသည်။ ထို့နောက် ကြံ့က ချက်ချင်းထရပ်ပြီး တစ်ဖက်သို့လှည့်၍ ဟန်မူယဲ့၏ရှေ့တွင် ဒူးထောက်သည်။

အသိစိတ်ပျောက်ဆုံးသွားခဲ့သော ချိုတစ်ချောင်းကြံ့၏ဝိညာဉ်သည် အမှတ်အသားပြုခံလိုက်ရသည်။

အနာဂတ်တွင် ချိုတစ်ချောင်းကြံ့က ခွန်အားတိုးလာပြီး အသိစိတ်ဖြစ်တည်လာလျှင်ပင် ဟန်မူယဲ့ကို သစ္စာဖောက်လိမ့်မည်မဟုတ်ပေ။

ကောင်းကင်မြေခွေးကလန်က တိုက်ခိုက်နိုင်စွမ်းအားနည်းသော်လည်း မိစ္ဆာများ၏ တော်ဝင်ကလန်တစ်ခု ဖြစ်လာနိုင်ခဲ့သည်။ သူတို့၏ ဝိညာဉ်ထိန်းချုပ်နိုင်စွမ်းကြောင့် ဖြစ်သည်။

သို့သော် ပိုင်ဝူဟန်တွင် အမြီးသုံးချောင်သာရှိသေးသည်။ သူမက အမြီးကိုးချောင်းအဖြစ် ပြောင်းမသွားနိုင်သေးပေ။ သူမ၏သွေးမျိုးဆက်ထဲတွင် နိုးထမလာသေးသော အမွေအနှစ်မှတ်ဉာဏ်များ ရှိနေနိုင်သည်။

သို့သော် အရေးမပါတော့ပေ။

ဟန်မူယဲ့၏မျက်လုံးထဲတွင် မီးတောက်များပျောက်ဆုံးသွားသည်။

သူ့စိတ်နယ်ပယ်ထဲတွင်ရှိသောမီးတောက်သည် ယဇ်ပလ္လင်ထက်တွင်ရှိသောမီးတောက်၊ ပိုင်ဝူဟန်၏ သွေးမျိုးဆက်စွမ်းအားနှင့် ဆက်သွယ်နေသည်။

ပိုင်ဝူဟန်၏ သွေးမျိုးဆက်စွမ်းအား တိုးတက်လာလျှင် သူက အာရုံခံနိုင်လိမ့်မည်။

ထိုအရာသည် ပိုင်ဝူဟန်ပေးဆပ်လိုက်ရသော တန်ဖိုးဖြစ်သည်။

ထိုသို့မဟုတ်လျှင် သွေးမျိုးဆက်ပြောင်းလဲပြီး အလွန်သန်မာသောဓားနည်းစနစ်များကို လက်ဆင့်ကမ်းပေးလိုက်ရသည့်အတွက် ဟန်မူယဲ့က ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။

သူက တင်ပျဉ်ခွေထိုင်လိုက်သောအခါတွင် ခန္ဓာကိုယ်ပေါ်၌ ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများ သွယ်ယှက်လာသည်။

သူက လျှို့ဝှက်နယ်မြေအတွင်းသို့ရောက်လာပြီး သွေးမျိုးဆက်များထဲတွင် ဓားနည်းစနစ်ကို ပေါင်းစပ်ပေးခဲ့သောကြောင့် ဓားနှင့်ပတ်သတ်၍ နက်ရှိုင်းစွာနားလည်လာသည်။

ယခုအချိန်တွင် ဓားအလင်းများက ပိုးအိမ်တစ်ခုအဖြစ် ဖွဲ့စည်းသွားမည့်ပုံပေါ်သည်။

သူ့စိတ်နယ်ပယ်နှင့် ချီပင်လယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားနှင့် ဓားဆန္ဒသည် အလင်းပိုးအိမ်များ ဖြစ်လာသည်။

ထိုအရာသည် ဝိညာဉ်နှင့် ဓားဆန္ဒများ ပြောင်းလဲသွားခြင်းဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့သည် ကိုယ်ပိုင်ကျင့်ကြံဆင့်ကို ကျင့်ကြံခြင်းလောက၏စည်းမျဉ်းများနှင့် မတိုင်းတာနိုင်တော့ပေ။

သူ့ဒန်ထျန်အတွင်း၌ရှိသော ချီစွမ်းအင်ကျင့်ကြံခြင်းသည် ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်တွင် ရှိနေသည်။ သို့သော် သူ့ဝိညာဉ်စွမ်းအားသည် အလွန်သန်မာပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်ထက် ကျော်လွန်နေသည်။

သူက လျှို့ဝှက်နယ်မြေထဲတွင် ရုပ်ခန္ဓာတိုးတက်လာအောင် ပြုလုပ်နိုင်ခဲ့လျှင် ဝိညာဉ်စွမ်းအားမသုံးဘဲ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်နိုင်လိမ့်မည်။

“ဘန်း”

ယဇ်ပလ္လင်ထက်တွင် ချီစွမ်းအင်အလင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။

ယဇ်ပလ္လင်ပေါ်တွင်ရှိသောမီးတောက်သည် အရောင်ငါးမျိုး ထုတ်လွှတ်ပေးနေသည်။

ကလန်အတွင်း၌ အစိမ်းရောင်မြေခွေးများတွင် သွေးချီစွမ်းအားများ မြင့်တက်လာသည်။

သူတို့၏သွေးမျိုးဆက်စွမ်းအား တိုးတက်လာခဲ့သည်။

ပိုင်ဝူဟန်က နှစ်နာရီအတွင်း၌ မိုင်တစ်ရာအကွာသို့သွားပြီး ကလန်တစ်ခု၏သွေးမျိုးဆက်စွမ်းအားကို သိမ်းယူခဲ့သည်။

သူမ၏တိုက်ခိုက်နိုင်စွမ်းသည် မဆိုးပေ။

ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ချီစွမ်းအားများ ပေါ်လာသည်။

ထိုအရာသည် ဝိညာည်မြွေပါကလန်၏ သွေးမျိုးဆက်စွမ်းအားဖြစ်သည်။

ဝိညာဉ်မြွေပါများသည် ဝိညာဉ်ဆေးပင်များကိုရှာဖွေရာတွင် ကျွမ်းကျင်ပြီး ကမ္ဘာကြောသဘာဝချီကို အာရုံခံနိုင်သည်။

ထိုစွမ်းအားကို သွေးမျိုးဆက်ထဲတွင်ပေါင်းစပ်၍ သန့်စင်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိသော သဘာဝချီများကို ပိုမိုကောင်းမွန်စွာ အာရုံခံနိုင်လိမ့်မည်။

သူက ထိုစွမ်းအားကို ဓားနည်းစနစ်ဖြင့် ပေါင်းစပ်လိုက်လျှင် ဓားပညာရပ်နှင့်ပတ်သတ်၍ ပိုမိုနားလည်လာလိမ့်မည်။

ဝိညာဉ်လိပ်ပြာဓားကို ရစ်ပတ်သွားသော မီးတောက်အမျှင်များအားကြည့်လိုက်ပြီး ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာသည်။

“လောကမှာရှိတဲ့ အရာရာတိုင်းက ဓားဖြစ်လာနိုင်တယ်”

“ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်မှာ ဓားတစ်လက်က ဓားတစ်သောင်းအဖြစ်ပြောင်းသွားပြီး အရာအားလုံးက ဓားဖြစ်လာတယ်။ ဓားကလည်း အရာအားလုံးဖြစ်လာတယ်”

သူစကားပြောလိုက်သောအခါ ပတ်ဝန်းကျင်တွင်ရှိသော သဘာဝစွမ်းအင်များအားလုံး ပျောက်ကွယ်သွားသည်။

သူ့ချီပင်လယ်တွင် ခရမ်းရောင်လူသားဆန္ဒစွမ်းအားများက ဓားဆန္ဒကိုရစ်ပတ်ထားပြီး အလင်းပိုးအိမ်တစ်ခု ဖြစ်လာသည်။

ဓားတာအိုကို အဆုံးစွန်အထိ ကျင့်ကြံလိုက်သောအခါတွင် ဝိညာဉ်အဖြစ်အသွင်ပြောင်းပြီး နူးညံ့သောစွမ်းအားတစ်မျိုး ဖြစ်လာသည်။

ဟန်မူယဲ့က အလင်းပိုးအိမ်ကို အာရုံခံကြည့်လိုက်ပြီး ပိုမိုနက်ရှိုင်းစွာပြုံးသည်။

ဓားတာအိုကိုသုံးသပ်ရန်အတွက် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ခြင်းသည် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။

သူက အရှေ့ပင်လယ်သို့သွားပြီးမှ ဓားတာအိုတွင် အဆင့်သစ်ကို နားလည်နိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။

သို့သော် သူက ယခုအချိန်တွင် နားလည်သွားခဲ့သည်။

အဝေးတစ်နေရာတွင် ဓားအလင်းတစ်ခုပျံသန်းလာပြီး ယဇ်ပလ္လင်ပေါ်တွင် ဆင်းသက်လိုက်သည်။

ယဇ်ပလ္လင်၏မီးတောက်များက ပေသောင်းချီမြင့်တက်သွားပြီး ကောင်းကင်ကို အလင်းပေးလိုက်သည်။

အစိမ်းရောင်မြေခွေးကလန်၏ကျွမ်းကျင်သူများ ပြန်လာကြသည်။

သို့သော် ရှန့်လင်းရွှမ်းက မည်းမှောင်နေသောမျက်နှာဖြင့် ခြေလှမ်းကျဲကြီးများနှင့်အတူ လျှောက်လာသည်။

သတ်ဖြတ်မှုကိုမနှစ်သက်သော ဆင်ကလန်အတွက် စစ်ပွဲသည် သက်တောင့်သက်သာမရှိပေ။

ထိုအရာသည် ကျင့်ကြံခြင်းလောက၏ အစစ်အမှန်အခြေအနေဖြစ်သည်။

မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် ကလန်များကြားရှိ စစ်မြေပြင်တစ်ခုထက် မပိုပေ။

ပျက်စီးခြင်းစကြဝဠာ၏ကျွမ်းကျင်သူများက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့သောအချိန်တွင် သတ်ဖြတ်ခြင်းနည်းလမ်းကိုအသုံးပြု၍ သွေးမျိုးဆက်အမွေအနှစ်ကို လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ခဲ့သည်။

ယှဉ်ပြိုင်မှုများ ထာဝရရှိနေလိမ့်မည်။

လွယ်ကူသောဘဝသည် အဆုံးသတ်သွားရမည်။

ပိုင်ဝူဟန်က နှစ်ရက်အတွင်း၌ သွေးမျိုးဆက်စွမ်းအားများကို ငါးကြိမ်တိတိ လုယက်ခဲ့သည်။

သူမက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်ခဲ့သေးသည်။

All Chapters