← Chapters

ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း

Vol. 61 Ch. 834

ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း

Vol. 61 Ch. 834

အထွတ်အထိပ်ဓားနည်းလမ်းစာအုပ်တွေကို ဖတ်ရှုခြင်းက လီဖူချန်းအတွက် အလွန်အကျိုးရှိတယ်။ အနည်းဆုံး‌‌တော့ အထွတ်အထိပ်ဓားနည်းလမ်းတစ်ခုမှာ ဓားပုံကြမ်းတစ်ခုရှိတာကို သူက သိလိုက်ရတယ်။

အခြားစကားဖြင့်ပြောရရင် မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၈ကို ဖန်တီးဖို့ဆိုရင် ဓားပုံကြမ်းတစ်ခုကို ရေးဆွဲရပါမယ်။

ဓားပုံကြမ်းက နှစ်ဖက်မြင်မဟုတ်ပါဘူး၊ သုံးဖက်မြင်ဖြစ်ပြီး ခန္ဓာကိုယ်နဲ့ဓားတာအိုဥပဒေသတို့ရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်ခြင်းတစ်ခု ဖြစ်တယ်။

လီဖူချန်းရဲ့ကြောက်စရာကောင်းတဲ့အတွေးဖြစ်စဉ်နဲ့ဆိုရင် အဆင့်၈ရဲ့ဓားပုံကြမ်းကို အရင်ဆွဲရမယ်၊ ပြီးရင် အကြောင်းအရာတွေကို လျင်မြန်စွာ ဖြည့်ရမယ်။

အာရုံစူးစိုက်နေရတာကြောင့် လီဖူချန်းက အချိန်ကိုတောင် မေ့ပြီး သူ့မျက်လုံးတွေမှာ ဓားပုံကြမ်းကလွဲပြီး ဘာတစ်ခုမှ မရှိတော့ပါဘူး။

အချိန်တွေ ကျော်ဖြတ်လာတာနဲ့အမျှ သက်မဲ့အရာဖြစ်တဲ့ဓားပုံကြမ်းမှာ နှလုံးခုန်သံတစ်ခုရှိနေသလို ခံစားရတယ်။ မဖော်ပြနိုင်လောက်တဲ့အသက်စွမ်းအားတစ်ခုက ပျံ့နှံ့လာတယ်။

"ဓားပုံကြမ်းမှာ အသက်ရှိတယ်။ အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုမှာ အသက်ရှိတယ်လို့ ဆိုလိုတယ်" လီဖူချန်းက ဉာဏ်အလင်းရသွားတယ်။

ဒီဉာဏ်အလင်းမွေးဖွားလာမှုနဲ့အတူ လီဖူချန်းရဲ့ဓားပုံကြမ်းဖန်တီးခြင်းအရှိန်က ပိုမြန်လာတယ်။

လူသားခန္ဓာကိုယ်ဆန်းကြယ်မှုအရေအတွက်က  မူလရှစ်ခုမှ စတင်ကာ ၉၊၁၂.......၁၅.......စသဖြင့် တိုးပွားလာတယ်။

တစ်ချိန်တည်းမှာပဲ ဓားပုံကြမ်းအတွင်းရှိဓားဆန္ဒက တဖြည်းဖြည်း ပိုသန်မာလာနေတယ်။

၁၈.....၁၉....၂၀။

၂၁....

ဓားပုံကြမ်းက လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၂၁ခုကို လွှမ်းခြုံသွားတဲ့အခါ ဒါက အကန့်အသတ်ပဲလို့ လီဖူချန်းရဲ့အသိစိတ်က ပြောခဲ့တယ်။ နောက်ထပ်ပိုလာမယ်ဆိုရင် ဓားပုံကြမ်းရဲ့တည်ငြိမ်မှုကို ဖျက်ဆီးမိသွားပါလိမ့်မယ်။

ဓားပုံကြမ်းရဲ့နောက်ဆုံးအစက်သင်္ကေတနှစ်ခုက ချိတ်ဆက်သွားတဲ့အချိိန်မှာ ဓားပုံကြမ်းတစ်ခုလုံးက ရုတ်တရက်တောက်ပလာတယ်။ ကြောက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုက ဖြာထွက်လာတယ်။

ဓားဆန္ဒရဲ့ခွန်အားက အဆင့်သတ်မှတ်မထားတဲ့အခြေအနေကို ကျော်လွန်ပြီး တတိယအဆင့်အထွတ်အထိပ်ကို ရောက်ရှိသွားတယ်။

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားနည်းလမ်းက ကောင်းကင်မဲ့ဓားကျားနည်းလမ်းနဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ဆိုလိုတယ်။ အချက်အလက်အရ အဲဒါက ကောင်းကင်မဲ့ဓားကျားနည်းလမ်းကို ကျော်ဖြတ်ခဲ့ပါပြီ။ ပြီးတော့ ကောင်းကင်မဲ့ဓားကျားနည်းလမ်းမှာ လူသားခန္ဓာကိုယ်ဆန်းကြယ်မှု၂၀သာ ပါဝင်ပြီး မူလအဆုံးစွန်းဓားနည်းလမ်းထက် တစ်ခုပိုနည်းတယ်။

ဓားပုံကြမ်းပြီးသွားတဲ့အခါ လီဖူချန်းရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်မှဓားစွမ်းအင်တစ်ခုကို ဓားပုံကြမ်းထဲသို့ ထည့်သွင်းခဲ့တယ်။

ရောစပ်ခြင်း၊ ဖိနှိပ်ခြင်း၊ အသွင်ပြောင်းခြင်းတို့ကို တွေ့ကြုံပြီးနောက် ဓားပုံကြမ်းမှစီးထွက်လာတဲ့ဓားစွမ်းအင်က ဆယ်ဆဒါမှမဟုတ်အဆများစွာ ပိုသန်မာလာတယ်။ တစ်ဆက်တည်းမှာပဲ လီဖူချန်းရဲ့ကျင့်ကြံခြင်းအဆင့်က လျင်မြန်စွာ တိုးတက်လာနေတယ်။ မျက်စိနဲ့မြင်နိုင်မယ်ဆိုရင် လီဖူချန်းရဲ့လျှို့ဝှက်ခန်းအထက်ကောင်းကင်မှာ အတောမသတ်နိုင်တဲ့ကောင်းကင်နဲ့‌မြေကြီးစွမ်းအင်တွေ စုစည်းနေတယ်။ သူတို့က လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်ပြီးနောက် ဓားပုံကြမ်းထဲသို့ စီးမျောသွားကြတယ်။

"ဒီလိုအခြေအနေက....."

ဓားသမားအစည်းအရုံးဌာနချုပ်မှာ အံ့ဖွယ်သဘာဝဓားသူတော်စင်နဲ့ဆန်းကြယ်နက်နဲဓားသူ‌တော်စင်တို့က သတိပြုမိသွားတယ်။

"အကြီးအကဲလီက သူတော်စင်အဆင့်ကို တိုးမြှင့်နေတာလား" ဆန်းကြယ်နက်နဲဓားသူတော်စင်က ခန့်မှန်းလိုက်တယ်။

သူတော်စင်အဆင့်တိုးမြှင့်ခြင်းကသာ ဒီလိုကြီးမားတဲ့လှုပ်ခတ်မှုကို ဖြစ်ပေါ်စေနိုင်တာလေ။

အံ့ဖွယ်သဘာဝဓားသူတော်စင်က ခေါင်းခါလိုက်တယ်"မဟုတ်ဘူး၊ သူတော်စင်အဆင့် တက်တာမဟုတ်လောက်ဘူး၊ အဲဒါက .............."

"ကျင့်ကြံခြင်းနည်းလမ်း ချိုးဖြတ်တာလား" ဆန်းကြယ်နက်နဲဓားသူတော်စင်က တစ်ခုခုကို တွေးမိပြီး တုန်လှုပ်ချောက်ချားသွားတယ်။

လီဖူချန်းက သူတော်စင်အဖြစ် တိုးမြှင့်နေတာမဟုတ်တာကြောင့် သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို ချိူးဖြတ်နေတာလို့ ဆိုလိုတာပေါ့။

လီဖူချန်းရဲ့ကျင့်ကြံခြင်းနည်းလမ်းက အထွတ်အထိပ်နဲ့ နီးကပ်နေပြီး ချိုးဖြတ်သွားခဲ့ရင် ကြောက်စရာကောင်းတဲ့အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်လာမှာ အသေအချာပဲ။

ဆန်းကြယ်နက်နဲဓားသူတော်စင်က ဒုတိယအဆင့်အထွတ်အထိပ်ဓားပညာဖြစ်တဲ့ဆန်းကြယ်နက်နဲဓားပညာကို နားလည်နိုင်တယ်၊ သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကတော့ အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်အခြေအနေမှာသာ ရှိတယ်။ အံ့ဖွယ်သဘာဝဓားသူတော်စင်လည်း အတူတူပါပဲ။

အသက်ရဲ့ဆင့်ကဲဖြစ်စဉ်နဲ့သွေးမျိုးဆက်ရဲ့အရင်းအမြစ်တို့ ပါဝင်တာကြောင့် ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ချိုးဖျက်ဖို့က ခက်ခဲလွန်းတယ်။

သူတော်စင်တစ်ယောက်က အထွတ်အထိပ်သိုင်းပညာတစ်ခုဒါမှမဟုတ်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို နားမလည်ခဲ့ရင် သူတော်စင်ရဲ့သက်တမ်းက နှစ်တစ်သိန်းနဲ့နှစ်နှစ်သိန်းပတ်လည်မှာ ရှိပေလိမ့်မယ်။ အခြေခံအားဖြင့် ကျင့်ကြံခြင်းအဆင့်တစ်ခုက သက်တမ်းကို နှစ်တစ်သောင်းလောက် တိုးမြှင့်စေနိုင်တယ်။

ဒါပေမယ့် အထွတ်အထိပ်သိုင်းပညာတစ်ခုကို နားလည်ခဲ့ရင် သွေးမျိုးဆက်က အဆင့်ပိုမြင့်မားတဲ့ဥပဒေသရဲ့အာဟာရဓာတ်ပေးခြင်းကို ရရှိလိမ့်မယ်။ သက်တမ်းက ထပ်မံတိုးလာလိမ့်မယ်၊ ဒါပေမယ့် တိုးလာမှုက မများလွန်းပါဘူး။

ဒါပေမယ့် အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို နားလည်ခဲ့ရင် သွေးမျိုးဆက်က အမြစ်တွေ ဆင့်ကဲပြောင်းလဲပြီး သက်တမ်းက ကြီးမားစွာတိုးတက်လာလိမ့်မယ်။ ပြီးနောက် နှစ်မီလီယံအနည်းငယ်အထိ အသက်ရှင်သန်ဖို့ လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက ကျင့်ကြံခြင်းနည်းလမ်းရဲ့အဆင့်ပေါ်မှာ မူတည်တယ်။

ဒဏ္ဍာရီထဲမှာ အဆုံးစွန်းအဆင့်ကျင့်ကြံခြင်းနည်းလမ်းကို နားလည်ခဲ့တဲ့သူတော်စင်တစ်ယောက်က စကြာဝဠာနဲ့တစ်တန်းတည်းဖြစ်တဲ့သက်တမ်းကို ပိုင်ဆိုင်ရပါလိ့မ်မယ်။ စကြာဝဠာက မပျောက်ကွယ်မချင်း သူတော်စင်က သေဆုံးလိမ့်မှာ မဟုတ်ပါဘူး။

ကျင့်ကြံခြင်းနည်းလမ်းက အထွတ်အထိပ်အခြေအနေကို ရောက်ရှိသွားတာနဲ့ ကျင့်ကြံခြင်းမြန်နှုန်းက ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်ရှိလာပါလိမ့်မယ်။ ဓားအစည်းအရုံးမှာ မှတ်တမ်းရှိခဲ့တယ်၊ ဒုတိယအဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုရဲ့ကျင့်ကြံခြင်းမြန်နှုန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးမှချီကို စုပ်ယူတာနဲ့ အတူတူပါပဲ။

ဆင့်ကဲပြောင်းလဲခြင်း၈၁ခုပြီးနောက် လီဖူချန်းက ကောင်းကင်မြေကြီးစွမ်းအင်စုပ်ယူခြင်းကို ရပ်လိုက်တယ်။

ရေဝဲနက်သစ်သီးက သုံးရက်သာ သက်ရောက်မှုရှိတယ်၊ ကျင့ကြံခြင်းအပေါ်မှပဲ အချိန်ဖြုန်းတာက ဉာဏ်ရှိတာမဟုတ်ပါဘူး။

လီဖူချန်းက မျက်လုံးဖွင့်ပြီး ဘေးဘက်ရှိ အချိန်ပြကိရိယာကို ကြည့်လိုက်တယ်။

"နေ့တစ်ဝက်ပဲ ကုန်ဆုံးသေးတာလား"

မူလအဆုံးစွန်းဓားနည်းလမ်းရဲ့အဆင့်၇ကို ဖန်တီးခြင်းက လဝက်ခန့်ကြာတယ်၊ ဒါပေမယ့် အဆင့်၈ကို ဖန်တီးခြင်းက နေ့တစ်ဝက်ခန့်သာ ကြာတယ်။ ‌ဒီလိုတိုးတက်မှုက ဆယ်ဆသာပါတယ်။

"ကောင်းကင်ဆက်ဓားရဲ့ဓားအင်းကွက်တွေက နက်နဲသိမ်မွေ့လွန်းပြီး အားလုံးကို နှစ်ရက်နဲ့တစ်ပိုင်းအတွင်း နားလည်ဖို့က ခက်ခဲတယ်"

ကောင်းကင်ဆက်ဓားမှာရှိတဲ့ဓားအင်းကွက်တွေကို နားလည်ဖို့အတွက် ရွေးချယ်မှုကို လီဖူချန်းက ချက်ချင်း ဖယ်ထုတ်လိုက်တယ်။

ဓားစိတ်ဝိညာဉ်က ဓားအင်းကွက်တွေနဲ့ ချိတ်ဆက်နိုင်တဲ့အကြောင်းရင်းကတော့ ဓားစိတ်ဝိညာဉ်က ကောင်းကင်ဆက်ဓားနဲ့ ဖြစ်တည်မှုတူညီပြီး အခြေခံအားဖြင့် အတားအဆီးမရှိတာကြောင့်ပါပဲ။

ဓားအင်းကွက်တွေကို နားလည်ဖို့အတွက်က ထိပ်တန်းအဆင့်အထွတ်အထိပ်ဓားပညာကို နားလည်ခြင်းနဲ့ ခက်ခဲမှုတူညီတယ်။ အဲဒါက ခက်ခဲလွန်းပြီး လီဖူချန်းက သူတော်စင်တစ်ယောက်ဖြစ်ရင်တောင် မဖြစ်နိုင်ပါဘူး။

ရွေးချယ်မှုနှစ်ခုသာ ကျန်တော့တယ်။ နေလက်ကို နားလည်စေဖို့ ဒါမှမဟုတ် ကောင်းကင်မျဉ်းဓားပညာကို နားလည်စေဖို့။

နှိုင်းယှဉ်ပြီးနောက် လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာကို ရွေးချယ်လိုက်တယ်။

ပြီးတော့ လီဖူချန်းက ဓားသမားတစ်ယောက်ဖြစ်ပြီး ဓားပညာတွေအပေါ် အလေးပေးမှုတစ်ခု ရှိတယ်။

ထွန်းတောက်ဓားပညာနဲ့မူလအဆုံးစွန်းဓားနည်းလမ်းတို့အတွက်ကတော့ သူတို့က အကြမ်းထည်ဖြစ်နေတုန်းပါပဲ။သူတို့ကို ပြီးပြည့်စုံဖို့ အချိန်အမြောက်အများ လိုအပ်တယ်။ ကောင်းကင်မျဉ်းဓားပညာနဲ့တော့ မတူပါဘူး။ လီဖူချန်းက အကြိမ်တစ်ရာဖတ်ထားပြီးဖြစ်ကာ ဓားကွက်တွေက သူ့နှလုံးသားထဲမှာ စွဲမြဲနေတယ်။

သူ့စိတ်ထဲမှာ လီဖူချန်းက ကောင်းကင်မျဉ်းဓားပညာရဲ့ပထမဓားကွက်ဖြစ်တဲ့ကောင်းကင်မြေကြီးလည်ပတ်ခြင်းမှစတင်ကာ လေ့ကျင့်နေခဲ့တဲ့ ပုံရိပ်ယောင်တစ်ခု ရှိလာတယ်။

ပထမကွက်၊ ဒုတိယကွက်၊ တတိယကွက်......

ဆဌမကွက်။

လီဖူချန်းက ကောင်းကင်မျဉ်းဓားရဲ့ပထမခြောက်ကွက်ကို မလေ့လာခဲ့ဘူး၊ သူက သူတို့ကို ထပ်ခါတလဲလဲ လေ့ကျင့်နေခဲ့တယ်။

ကောင်းကင်မျဉ်းဓားဆန္ဒက အဆက်မပြတ် စုပုံလာနေတယ်။ နောက်ဆုံးမှာတော့ အရေအတွက်က မသိနိုင်တော့တဲ့အထိ ဖြစ်လာပြီးနောက် ကောင်းကင်မျဉ်းဓားဆန္ဒအသစ်တစ်ခုက ပေါက်ထွက်လာတယ်။

သတ္တမကွက်၊ ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်း။

စိတ်ထဲမှာ လီဖူချန်းက ဓားနဲ့ချိတ်ဆက်ထားပြီး ထွင်းဖောက်ကြည်လင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုက ဖြစ်တည်နေတယ်။ အဲဒါက အလွန်အမင်းမြန်ဆန်စွာ ပျံသန်းနေတယ်၊ ထိုးဖောက်နေတယ်။ တစ်ပြိုင်နက်ဖြစ်‌ပေါ်တဲ့မြန်နှုန်းနဲ့ပေါက်ကွဲစွမ်းအားက ပြိုင်ဘက်ကင်းတယ်။

"သတ္တမဓားကွက်က ပထမဓားကွက်ကောင်းကင်မြေကြီးလည်ပတ်ခြင်းနဲ့ဆဌမဓားကွက်ကောင်းကင်လူ့ဆန္ဒခုတ်ပိုင်းချက်တို့ကို ပေါင်းစပ်ထားတာ သိသာတယ်"

ထွင်းဖောက်ကြည်လင်နဂါးက ပျံ့နှံ့သွားပြီး လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။

ကောင်းကင်မျဉ်းဓားပညာမှာ ကိုးကွက်ရှိပြီး လီဖူချန်းက ခုနှစ်ကွက်ကို နားလည်ထားခဲ့ပါပြီ။ နောက်ထပ်နှစ်ကွက်နဲ့ဆိုရင် သူက အားလုံးကို နားလည်သွားပါလိမ့်မယ်။

ခုနှစ်ကွက်က အပြည့်အဝမကျွမ်းကျင်သေးပေမယ့် အဲလောက်ကျွမ်းကျင်မှုက လီဖူချန်းအနေနဲ့ ကမ္ဘာကို လှည့်လည်ဖို့ လုံလောက်တယ်။

နောက်မှာတော့ လီဖူချန်းက ဓားကွက်အသီးသီးကို စတင်လေ့လာခဲ့တယ်။

ကောင်းကင်မျဉ်းဓားပညာရဲ့ခုနှစ်ကွက်ထဲမှာ ပထမဓားကွက်၊ ဆဌမဓားကွက် နဲ့ အသစ်နားလည်ထားတဲ့သတ္တမဓားကွက်တို့က လွဲပြီး ကျန်ရှိတဲ့ဓားကွက်တွေက အကြမ်းဖျင်းအားဖြင့် တတိယအဆင့်အထွတ်အထိပ်မှာ ရှိတယ်။

လီဖူချန်းက ဓားကွက်အားလုံးကို ဒုတိယအဆင့်အထွတ်အထိပ်သို့၊ သတ္တမဓားကွက်ကောင်းကင်‌ပြောင်းလဲလှည့်လည်နဂါးထိုးဖောက်ခြင်းကို ပထမအဆင့်အထွတ်အထိပ်သို့ တွန်းပို့ချင်ခဲ့တယ်။

***

All Chapters