← Chapters

အခန်း (၄၁၄)

Vol. 30 Ch. 414

အခန်း (၄၁၄)

Vol. 30 Ch. 414

ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်တွင်ရှိသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည် အမြီးကိုးချောင်မြေခွေးကို မခုခံနိုင်ပေ။

ကောင်းကင်မြေခွေးတင်မကဘဲ တစ်ချက်တိုက်ခိုက်ရုံဖြင့် တောင်တစ်လုံးပြိုကျသွားစေနိုင်သော ဧရာမသားရဲကြီးကိုလည်း တွေ့ခဲ့သည်။ ထို့အပြင် လူအသွင်ပြောင်း၍ ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများကို လွယ်ကူစွာ သတ်ဖြတ်နိုင်သော အားကောင်းသည့်မိစ္ဆာလည်း ရှိသည်။

ပျက်စီးခြင်းစကြဝဠာ၏ ထိုကျွမ်းကျင်သူများသည် ကောင်းကင်ဘုံအဆင့်ကို ကျော်လွန်နေသည်။

သို့သော် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ထိုကျွမ်းကျင်သူမျိုး ရှိနေသလား မသိနိုင်ပေ။

လျှို့ဝှက်နယ်မြေတွင် ထိုကျွမ်းကျင်သူမျိုးရှိနေလျှင် အပြင်လူများက မိစ္ဆာတစ်သောင်းတံဆိပ်ကို ရနိုင်မည်မဟုတ်ပေ။

ကောင်းကင်ဘုံအဆင့်အား ကျော်လွန်သွားသောလူများကို အနိုင်ယူနိုင်သောလူ မရှိပေ။

မြင်ကွင်းများ ပြောင်းလဲသွားသည်။ ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်သည်။

“ခွေသားရဲဦးချို ....”

ကောင်းကင်နှင့်မြေကြီးကိုထိုးဖောက်ပြီး မရေမတွက်နိုင်သောသားရဲများအား သတ်ဖြတ်ခဲ့သည့် ရှေးခေတ်နတ်ဘုရားသားရဲခွေ၏ ဦးချိုတစ်စုံမှ တစ်ချောင်းဖြစ်သည်။

ထိုသားရဲသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကျင့်ကြံသူများ၏လက်ချက်ဖြင့် တစ်ခါတည်းသေသွားခဲ့သည်။

အမွေအနှစ်မှတ်ဉာဏ်များထဲတွင် ခွေသားရဲဦးချိုနှင့်ပတ်သတ်၍ အချက်အလက်များ သိပ်မရှိပေ။

ဖုန်းလင်ဓားဂိုဏ်း၏ကျန်းချန်က လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ရန်အတွက် တောင်ပိုင်းကုန်းမြေကို တန်ဖိုးကြီးပေးခဲ့ရသည်ဟု ပြောသည်။

ခွေသားရဲ၏ဦးချိုကို တောင်ပိုင်းကုန်းမြေမှ ပျက်စီးခြင်းနွားသိုးကလန်၏ သွေးနှင့် မျှားခေါ်ခဲ့သည်။

ပျက်စီးခြင်းနွားသိုးကလန်က ကလန်ကြီးတစ်ခုမဟုတ်ပေ။ ဤတစ်ကြိမ်တွင် ပျက်စီးခြင်းနွားသိုးအချို့က လျှို့ဝှက်နယ်မြေထဲသို့ ဝင်လာခဲ့သည်။

သူက ခွေဦးချိုကို မျှားခေါ်နိုင်ရန်အတွက် ပျက်စီးခြင်းနွားသိုးများကို ရှာရလိမ့်မည်။

သို့သော် ခွေဦးချိုသည် အလွန်အားကောင်းပြီး ပြိုင်ဘက်ကင်းသောမိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုဦးချိုကို ရရှိရန်အတွက် ခက်ခဲလိမ့်မည်။

ဟန်မူယဲ့က ထိုမြင်ကွင်းများကို စစ်ဆေးနေသည့်အပြင် အမွေအနှစ်မှတ်ဉာဏ်များကိုလည်း ဂရုတစိုက် ပြောင်းလဲပေးနေသည်။

ကလန်အတွင်း၌ ဓားအလင်းများပေါ်ထွက်လာသည်။

ဓားအလင်းပေါ်ထွက်လာသောအခါတွင် ရှန့်လင်းရွှမ်းနှင့် အညံ့ခံထားသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများက စိတ်သက်သာရာရသွားသည်။

သွေးမျိုးဆက်စွမ်းအား ပေါင်းစပ်နေသောကြောင့် ပိုင်ဝူဟန်က ယဇ်ပလ္လင်၏အသိအမှတ်ပြုခြင်းကို ရရှိသွားသည်။

သို့သော ဟန်မူယဲ့ကြောင့် ထိုသို့ဖြစ်လာသည်ကို သူတို့ မသိကြပေ။ ပိုင်ဝူဟန်က ခန္ဓာကိုယ်ထဲသို့ သွေးမျိုးဆက်စွမ်းအားများ ဝင်ရောက်လာမည့်အချိန်ကို စောင့်နေရန်သာလိုအပ်သည်။

ဤအဆင့်သည် အလွန်လွယ်ကူသည်။

ကောင်းကင်ဘုံအဆင့်မိစ္ဆာငါးယောက်နှင့်တိုက်ပွဲကသာ အန္တရာယ်များသည်။

သူတို့က အသက်စွန့်၍တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများအပြင် ကလန်အတွင်း၌ရှိသော သွေးမျိုးဆက်စွမ်းအားကြောင့် ပိုင်ဝူဟန်လည်း အခြေအနေကောင်းမည်မဟုတ်ပေ။

“ဘုန်း”

မီးတောက်များ ပေါက်ကွဲသွားသည်။ စိမ်းရောင်နှင့်ခရမ်းရောင်ရောထားသော ဝတ်စုံအပြင် ဖီးနစ်သရဖူဆောင်းထားသော ပိုင်ဝူဟန်က ယဇ်ပလ္လင်ထဲမှ ထွက်လာသည်။

သူမ၏ နုပျိုသောမျက်နှာပေါ်တွင် ကျက်သရေတစ်မျိုးရှိနေသည်။

မတူညီသောပုံစံနှစ်မျိုးသည် ဆန့်ကျင်မှုမရှိဘဲ အတူတကွ ပေါင်းစပ်နေသည်။

သူမ ထွက်လာသောအချိန်တွင် အစိမ်းရောင်မြေခွေးကလန်အပြင် သူမနှင့်အတူပါလာသော ကျွမ်းကျင်သူများကလည်း ဦးညွှတ်လိုက်သည်။

အစိမ်းရောင်မြေခွေးနှင့် ကောင်းကင်မြေခွေးကလန်၏ သွေးမျိုးဆက်သည် ပေါင်းစပ်သွားခဲ့သည်။ ခန့်မှန်းနိုင်ရန်ခက်ခဲသော ထူးခြားသည့်စွမ်းအားတစ်မျိုးသည် ပိုင်ဝူဟန်၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။

ပိုင်ဝူဟန်၏နောက်တွင် အမြီးခုနစ်ချောင်း လှုပ်ရှားနေသည်။

အမြီးခုနစ်ချောင်း ကောင်းကင်မြေခွေး ....

ကောင်းကင်မြေခွေး၏သွေးမျိုးဆက်တွင် ခွန်အားဆယ်ဆတိုးလာသည်။

အမြီးခြောက်ချောင်းနှင့် အမြီးခုနစ်ချောင်းကြားတွင် ခွန်အားကွာခြားချက် ဆယ်ဆရှိသည်။

ချန်တောင်ကုန်းမြေခွေးကလန်က အမြီးခြောက်ချောင်းကောင်းကင်မြေခွေးနှင့် ရင်ဆိုင်ရလျှင် တိုက်ခိုက်လိုစိတ်အချို့ ရှိနေလိမ့်မည်။ သို့သော် အမြီးခုနစ်ချောင်းနှင့် ရင်ဆိုင်ရလျှင် သူတို့က အရှုံးပေးရုံသာ တတ်နိုင်သည်။

“အစ်မရှောင်ပိုင်က အရမ်းလှတာပဲ ....”

ယဇ်ပလ္လင်ထက်မှ ဆင်းသက်လာသောပိုင်ဝူဟန်ကို ကြည့်လိုက်ပြီး ဟွမ်ကျစ်ဟူက ရေရွတ်သည်။

ထို့နောက် သူမက သနားဖွယ်ကောင်းသောမျက်နှာထားဖြင့် ဗိုက်ကိုထိသည်။

“သမီးဗိုက်ဆာနေပြီ”

ဖြည်းဖြည်းချင်းလျှောက်လာသောပိုင်ဝူဟန်က တခစ်ခစ်ရယ်လိုက်သည်။

....

ဟန်မူယဲ့နှင့်ဟွမ်ကျစ်ဟူက ချန်တောင်ကုန်းမြေခွေးကလန်တွင် ကြာမြင့်စွာမနေခဲ့ပေ။

ပိုင်ဝူဟန်က ဤနေရာတွင်နေပြီး အစိမ်းရောင်မြေခွေးမျိုးနွယ်စုကို အုပ်ချုပ်လိမ့်မည်။

သူမ၏ခွန်အားက ပြောင်းလဲသွားပြီး ကျင့်ကြံဆင့်များ လျင်မြန်စွာတိုးတက်လာသည်။ သူမက ခွန်အားထိန်းညှိရန်အတွက် အချိန်တချို့လိုအပ်သည်။

အစိမ်းရောင်မြေခွေးကလန်သားများကလည်း သွေးမျိုးဆက်ထဲတွင်ရှိသော ဓားနည်းစနစ်များကို လေ့လာရန်အတွက် အချိန်လိုသည်။

ဟန်မူယဲ့နှင့်ဟွမ်ကျစ်ဟူက ချိုတစ်ချောင်းကြံ့ကိုစီးနင်းပြီး ကြောင်မြီးတိုကလန်သို့ ပြန်လာခဲ့သည်။

ရှန့်လင်းရွှမ်းက ဟန်မူယဲ့နှင့် လိုက်မလာသလို ချန်တောင်ကုန်းမြေခွေးကလန်တွင်လည်း မနေခဲ့ပေ။

သူက တစ်ယောက်တည်း ထွက်သွားခဲ့သည်။

သူက လွန်ခဲ့သောရက်အနည်းငယ်တွင် ပိုင်ဝူဟန်၏ ပြတ်သားမှုနှင့် သတ်ဖြတ်ခြင်းများကို မြင်ခဲ့ရပြိး ခံစားချက်များ ရှုပ်ထွေးလာသည်။

လျှို့ဝှက်နယ်မြေအတွင်းရှိ မိစ္ဆာများ၏တိုက်ပွဲကို သူက လက်မခံနိုင်ပေ။

သူက ဆင်ကလန်ကိုရှာပြီး သူတို့၏နေထိုင်ပုံကိုကြည့်ရှုရန်အတွက် ထွက်သွားခဲ့သည်။

ပိုင်ဝူဟန်က သူ့ကို မတားခဲ့ပေ။ အကူအညီလိုလျှင် သူမဆီပြန်လာရန် ပြောလိုက်သည်။

“ဆင်ဖြူလေးက အရမ်းသန်မာတယ်။ ကျွန်မက သူ့ရဲ့ လက်သီးနည်းစနစ်ကို မြင်ဖူးတယ်။ သူ့လေးနဲ့မြားကလည်း အားကောင်းတယ်။ သာမန်ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေက သူ့ကို ဘာမှမလုပ်နိုင်ဘူး”

ပိုင်ဝူဟန်က ရှန့်လင်းရွှမ်း၏နောက်ကျောကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“လက်မှာ သွေးမစွန်းချင်တဲ့ဆင်တစ်ကောင်က ဘယ်လောက်ဝေးဝေးအထိသွားနိုင်မယ်လို့ မင်းထင်လဲ” ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

ဟန်မူယဲ့က သွေးမျိုးဆက်မှတ်ဉာဏ်များမှတစ်ဆင့် ဆင်ကလန်၏အခြေအနေတချို့ကို နားလည်နိုင်ခဲ့သည်။

သန်မာပြီး အားကောင်းသော ဆင်ကလန်သားများကို တခြားကလန်များက ကျွန်ပြုပြီး မိုင်းတွင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုကြသည်။

ဆင်ကလန်သားများသည် အလုပ်ကြိုးစားသော်လည်း လေးစားမခံရပေ။

ခွန်အားကို လေးစားသောလောကတွင် သူတို့က လွှမ်းမိုးနိုင်သောခွန်အားကို ထုတ်မပြခဲ့လျှင် လေးစားခံရမည်မဟုတ်ပေ။ သူတို့က သတ်ဖြတ်ခြင်းတွင် ပြတ်သားရမည်။

လူတိုင်းတွင် ကိုယ်ပိုင်လမ်းစဉ်နှင့် အခွင့်အရေးများရှိသည်။

ရှန့်လင်းရွှမ်းက ထိုခရီးစဉ်မှ ဉာဏ်အလင်းအချို့ ရလာနိုင်သည်။

ပိုင်ဝူဟန်၏ သွေးမျိုးဆက်စွမ်းအားနှင့် ပေါင်းစပ်လိုက်သောကြောင့် အစိမ်းရောင်မြေခွေးကလန်၏ တိုက်ခိုက်နိုင်စွမ်းသည် အဆပေါင်းများစွာ တိုးတက်လာသည်။

သို့သော် သူတို့က ကောင်းမွန်သောဓားများ လိုအပ်နေသည်။

ကြောင်မြီးတိုကလန်တွင် ကလန်သားတိုင်းသည် ဓားတိုများ ကိုင်ဆောင်ထားသည်။ ထိုဓားတိုများသည် ကြောင်မြီးတိုကလန်သားများ၏ လက်သည်းမှတစ်ဆင့် ပြုလုပ်ထားသည်။ ဝိညာဉ်အဆင့်ဓားများနှင့်ယှဉ်လိုက်လျှင် ထိခိုက်နိုင်စွမ်း နိမ့်သည်။

“လျှို့ဝှက်နယ်မြေထဲမှာ အရောင်းအဝယ်နဲ့ ပန်းပဲပညာကျွမ်းကျင်တဲ့ကလန်တွေ ရှိတယ်လို့ ပြောကြတယ်။ တကယ်လို့ အစ်ကိုဟန်က အဲ့ဒီကလန်တွေကို ရှာတွေ့ခဲ့ရင် ကျွန်မတို့ အတူတူသွားလည်ကြတာပေါ့”

ပိုင်ဝူဟန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဝိညာဉ်သစ်သီးအိတ်တစ်လုံး သယ်ထားသော ဟွမ်ကျစ်ဟူကို ကြည့်သည်။

“အစ်ကိုဟန်၊ ဒီလျှို့ဝှက်နယ်မြေထဲမှာ ဆယ်နှစ်က အပြင်မှာ တစ်နှစ်နဲ့တူတယ်။ အစ်ကိုဟန်က ဒီမှာ ဆယ်နှစ်စောင့်ပြီး ကျစ်ဟူကို ခေါ်ထုတ်သွားတော့မှာလား”

သတ်ဖြတ်မှုများနှင့်ပြည့်နေသော လျှို့ဝှက်နယ်မြေသည် ကျစ်ဟူကြီးပြင်းလာရန်အတွက် နေရာကောင်းတစ်ခုမဟုတ်ပေ။

“ငါက သူတို့ကို ဆယ်နှစ်အချိန်ပေးရမှာလား” ဟန်မူယဲ့က ချိုတစ်ချောင်းကြံ့ကို လှုပ်ရှားရန်အချက်ပြလိုက်ပြီး ပြောသည်။

ပိုင်ဝူဟန်က ပြုံးသည်။

ဟန်မူယဲ့က လျှို့ဝှက်နယ်မြေအတွင်းသို့ဝင်လာသော ဂိုဏ်းအသီးသီးမှကျင့်ကြံသူများအတွက် တိုးတက်လာရန် အချိန်ပေးလိမ့်မည်မဟုတ်ပေ။

မိစ္ဆာတစ်သောင်း၏တိုက်ပွဲသည် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်လာသောအချိန်တွင် စတင်ခဲ့သည်။

“စိတ်ဝင်စားဖို့ကောင်းတယ်။ သူရွေးထားတဲ့ဆက်ခံသူက လူသားတစ်ယောက်ဖြစ်နေတယ်ဆိုရင် အကြီးအကဲသွမ်ကျိုးရှောင်က ဘယ်လိုတွေးမလဲမသိဘူး”

ပိုင်ဝူဟန်က တီးတိုးရေရွတ်သည်။

ကောင်းကင်မြေခွေး၏ အမွေအနှစ်မှတ်ဉာဏ်ထဲတွင် လျှို့ဝှက်ချက်တစ်ခုရှိနေသည်။

ယခင်က လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဖိနှိပ်နိုင်ခဲ့သော မိစ္ဆာတစ်သောင်းဘုရင်တွင် အစီအစဉ်တစ်ခုရှိခဲ့သည်။ သူ့အမွေဆက်ခံသူသည် သွေးမျိုးဆက်များအားလုံးကို ပေါင်းစပ်နိုင်ရမည်။

ထိုအစီအစဉ်ကို ကောင်းကင်မြေခွေးကပင် မယုံကြည်နိုင်ခဲ့ပေ။

သွေးမျိုးဆက်အားလုံး၏ စုပေါင်းစွမ်းအားကို တောင့်ခံနိုင်သောခန္ဓာကိုယ် မရှိပေ။

မိစ္ဆာအဖြစ်ပြောင်းလဲသွားလျှင်ပင် ထိုစွမ်းရည်မျိုး မရှိနိုင်ပေ။

ယခင်က အသန်မာဆုံးမိစ္ဆာခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ရန်အတွက် ကလန်အသီးသီး၏သွေးမျိုးဆက်များကို ဝါးမြိုခဲ့သော မဟာမိစ္ဆာတစ်ယောက် ရှိခဲ့သည်။

သို့သော် ခုနစ်ဆယ်မြောက်သွေးမျိုးဆက်ကို ဝါးမြိုလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်က ပျက်စီးသွားခဲ့သည်။

စွမ်းအားများ အလွန်အမင်းရောနှောနေလျှင် နောက်ဆုံးရလဒ်သည် ပျက်စီးခြင်းဖြစ်လိမ့်မည်။

သို့သော် ဟန်မူယဲ့က အမွေအနှစ်မှတ်ဉာဏ်များကိုပြောင်းလဲ၍ သွေးမျိုးဆက်ပေါင်းစပ်ခြင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု ပိုင်ဝူဟန်က တွေးမထားခဲ့ပေ။

သူမက အသင့်တော်ဆုံး အမွေအနှစ်စွမ်းအားများဖြင့် ပေါင်းစပ်နိုင်သည်။

အစိမ်းရောင်မြေခွေးသွေးမျိုးဆက်နှင့် ကောင်းကင်မြေခွေးသွေးမျိုးဆက်တို့က ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့သည်။ ထို့အပြင် ဓားနည်းစနစ်မှတ်ဉာဏ်များနှင့် အမြီးခုနစ်ချောင်းမြေခွေးဖြစ်နေသောကြောင့် ပိုင်ဝူဟန်က ကျင့်ကြံဆင့်မြင့်သောလူများကို တိုက်ခိုက်နိုင်ရန် ယုံကြည်ချက်ရှိသည်။

ပြီးပြည့်စုံစွာပေါင်းစပ်သွားသော သွေးမျိုးဆက်များကြောင့် ခွန်အားဆယ်ဆ တိုးလာနိုင်သည်။

သူမ၏ လေဓာတ်လိုက်ဖက်ညီမှုစွမ်းအားသည် ပြီးပြည့်စုံနေသည်။

သူမ၏ သွေးမျိုးဆက်စွမ်းအားသည် ဘိုးဘေးများ၏အဆင့်သို့ရောက်သွားပြီး ခွန်အားတိုးလာခဲ့လျှင် ဖြစ်ပေါ်လာမည့်ရလဒ်ကို မည်သူမှမသိနိုင်ပေ။

“အစ်ကိုဟန်က ဘယ်လိုသွေးမျိုးဆက်ကို ဖန်တီးမှာလဲ”

ပိုင်ဝူဟန်က ထွက်သွားသောဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

‘ဘိုးဘေးတွေက ဘယ်လိုလမ်းစဉ်ကို ရှာဖွေချင်ခဲ့တာလဲ’

‘ဟန်မူယဲ့က ကောင်းကင်ရဲ့ဆန္ဒကို လိုက်နာနေတာလား။ ဒါမှမဟုတ် ကောင်းကင်ဘုံကို ဖီဆန်နေတာလား’

သူမ မသိပေ။

ဉာဏ်ကောင်းသောမြေခွေးသည် မည်သည့်အရာကိုမှ မခန့်မှန်းနိုင်ပေ။

သူမက စောင့်နေရန်သာ တတ်နိုင်သည်။

ဟန်မူယဲ့လုပ်မည့်ကိစ္စကို စောင့်ကြည့်ရမည်။

,,,,

ဟန်မူယဲ့နှင့်ဟွမ်ကျစ်ဟူက ချိုတစ်ချောင်းကြံ့ကို စီးနင်းထားပြီး ကြောင်းမြီတိုကလန်သို့ နှစ်ရက်အတွင်း ရောက်လာခဲ့သည်။

သူတို့က ဖြည်းဖြည်းချင်း ခရီးသွားခဲ့ကြသည်။ ထိုမှသာ ဟွမ်ကျစ်ဟူက ချိုတစ်ချောင်းကြံ့ကို ထိန်းချုပ်ရာတွင် ပိုမိုကျွမ်းကျင်လာလိမ့်မည်။

သူတို့က ကြောင်မြီးတိုကလန်သို့ ပြန်ရောက်လာသောအခါတွင် ဧရာမကြံ့ကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ကြံ့၏ခန္ဓာကိုယ်သည် ဆယ်ပေခန့်ရှည်လျားပြီး ကျောက်စိမ်းရောင်ချီစွမ်းအင်အလင်းများ ထွက်ပေါ်နေသည်။ ထို့အပြင် ခန္ဓာကိုယ်ပေါ်တွင် အမျိုးမျိုးသောပန်းကုံးများ ရှိနေသည်။

ဟွမ်ကျစ်ဟူက တောပန်းများကိုခူးပြီး ပန်းကုံးလုပ်ပေးရန်အတွက် ယွင်တိကို တောင်းဆိုခဲ့သည်။

ဟန်မူယဲ့က ကြောင်မြီးတိုကလန်ထဲသို့ ခြေချလိုက်သောအခါတွင် မရေမတွက်နိုင်လောက်သောဓားအလင်းများ ပေါ်ထွက်လာသည်။

ယဇ်ပလ္လင်ထက်တွင်ရှိသောမီးတောက်သည် အားပေးနေသကဲ့သို့ ဆက်တိုက်လှုပ်ရှားနေသည်။

ဟန်မူယဲ့က မော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် ရွှေရောင်ချီစွမ်းအင်အလင်းများ ရှိနေပြီး ရွှေရောင်မီးလုံးတစ်လုံးက ယဇ်ပလ္လင်ပေါ်သို့ ရောက်သွားသည်။

“သခင်”

ကြောင်မြီးတိုတစ်ကောင်အဖြစ် အသွင်ပြောင်းထားသော ရှန်စန်းက ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်အလင်းများ ရှိနေသည်။

သူက အမွေအနှစ်စွမ်းအားကို လက်ခံနေသည်။

သူက အမွေအနှစ်စွမ်းအားကို လက်ခံပြီးသွားလျှင် ကလန်တစ်ခုလုံးသည် သွေးမျိုးဆက်မှတ်ဉာဏ်အသစ်များ ရလာလိမ့်မည်။

ဟန်မူယဲ့၏ရှေ့တွင်ရပ်နေသော ရှန်စန်း၏အရှိန်အဝါက သန်မာလိုက် အားနည်းလိုက်ဖြင့် ဆက်တိုက်ပြောင်းလဲနေသည်။

ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် မီးတောက်များ ဆက်တိုက်လှုပ်ရှားနေသည်။

ပိုးအိမ်တစ်ခုမှ အလွှာများကွာကျလာခြင်းနှင့် ဆင်တူသည်။

ကြောင်မြီးတိုကလန်၏ သွေးမျိုးဆက်သည် အဆင်အခြင်မဲ့စွာဖြင့် ကောင်းကင်မြေခွေးကလန်၏သွေးမျိုးဆက်နှင့် ပေါင်းစပ်သွားသည်။

ဟန်မူယဲ့က အစိမ်းရောင်မြေခွေးကလန်၏ သွက်လက်မှု၊ မြွေပါကလန်နှင့် တိမ်တိုက်ကျားသစ်ကလန်တို့၏ အမြန်နှုန်းကို ထုတ်ယူ၍ သွေးမျိုးဆက်အသစ်နှင့် ပေါင်းစပ်လိုက်သည်။

ပေါင်းစပ်ခြင်းသည် လွယ်ကူပုံပေါ်သော်လည်း ဟန်မူယဲ့က အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တွက်ချက်ခဲ့ရသည်။

သွေးမျိုးဆက်ပေါင်းစပ်ခြင်းတွင် အမှားအယွင်းရှိလာခဲ့လျှင် ကလန်တစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

All Chapters